← Chapters

ဘာကိုမှ မရရှိခြင်း

Vol. 216 Ch. 3272

ဘာကိုမှ မရရှိခြင်း

Vol. 216 Ch. 3272

မြွေနဂါးကျွန်းအရှင်က ထိုသို့ပြောလိုက်သည့် ခဏမှာပင် သူ၏ မျက်နှာပေါ်ရှိ အူမြူးအားရမှု မပျောက်ကွယ်နိုင်ခင် ဆူဇီမိုက သူ၏ ဘယ်ဘက်လက်ထဲရှိ အဝီစိဓားကို ဝှေ့ယမ်းပြီး သူ၏ လှံပုဆိန်ကို ခုတ်ပိုင်းချလိုက်၏။

“မင်းကိုယ်မင်း အထင်ကြီးလွန်းနေတာပဲ”

မြွေနဂါးကျွန်းအရှင်က လှောင်ရယ်ပြီး သူ့လက်ထဲရှိ လှံပုဆိန်ကို လွှဲယမ်းလိုက်၏။ သူ၏ခွန်အားက သိပ်သည်းစုဖွဲ့လာပြီး ဆူဇီမို၏ အဝီစိဓား ရှိရာသို့ ပစ်ထိုးလိုက်၏။

ချွင်…

လှံပုဆိန်နှင့် ဓားသည် စူးရှသော အသံဖြင့် ထိတွေ့ရိုက်ခတ်သွား၏။

လှံပုဆိန်ထိပ်ဖျားနှင့် ဓားသွားက သံမှိုများကဲ့သို့ ထိတွေ့ရိုက်ခတ်သွား၏။

ထို့နောက် ချက်ချင်းပင် လူတိုင်းရှေ့မှောက်မှာ အဝီစိဓားသည် လှံပုဆိန်အဖျားကို ထိုးခွဲချလိုက်၏။

၎င်းသည် ဝါးပင်တစ်ပင်ကို ထိုးခွဲလိုက်သည့်အလားပင်။

လှံဖျားသည် လှံပုဆိန်၏ ကိုယ်ထည်ထက်ပင် များစွာပိုမိုမာကျောလေသည်။

ဆူဇီမို၏ မျက်လုံးထဲတွင် နားလည်သဘောပေါက်မှုအကြည့်တစ်ခု ပေါ်ထွက်လာ၏။

သူသည် အဝီစိဓားနှင့် တမလွန်ဓားကို ရရှိခဲ့ပြီးကတည်းက သူသည် တစ်ခါသာ အသုံးပြုခဲ့ဖူးပြီး ထိုလက်နက်များအကြောင်း များစွာမသိရှိပေ။

အဝီစိဓားက အထက်ရှဆုံးဖြစ်သည်ဟူသော ဖော်ပြချက်က ဤအခိုက်အတန့်မှာ ပေါ်လွင်လာခဲ့၏။

တမလွန်ဓား၏ သတ်ဖြတ်ခြင်းစိတ်ဆန္ဒက ပိုမိုသန်မာသော်လည်း ထက်ရှမှုမှာ ၎င်းက အနည်းငယ်နိမ့်ကျလေသည်။

ထို့ကြောင့် တမလွန်ဓားသည် ခုတ်ချက်တစ်ချက်နှင့်အတူ မြွေနဂါးကျွန်းအရှင်၏ လှံပုဆိန်ကို မချိုးဖျက်နိုင်ခဲ့ပေ။ အဝီစိဓားကသာ ထိုသို့ပြုလုပ်ဖို့တတ်နိုင်သည်။

မြွေနဂါးကျွန်းအရှင်က ထိတ်လန့်သွားပြီး သူ၏ လက်ကို အလောတကြီး ရုတ်သိမ်းလိုက်၏။

သူသည် အနည်းငယ် နှေးကွေးသွားမည်ဆိုလျှင် သူ၏ နဂါးလက်သည်းက အဝီစိဓားဖြင့် ဖြတ်တောက်ခြင်း ခံရပေလိမ့်မည်။

ထိုသို့ဆိုလေ မြွေနဂါးကျွန်းအရှင်သည် ရတနာဓားနှစ်လက်အပေါ် ပို၍ လိုချင်တပ်မက်လာလေပင်။

သူ ထပ်မံ၍ မစဉ်းစားရသေးခင် ဆူဇီမိုက သူ၏ ဓားနှစ်လက်ကို ကိုင်စွဲပြီး သူ့ထံသို့ ပြေးဝင်လာ၏။

မြွေနဂါးကျွန်းအရှင်သည် အဝီစိဓားနှင့် တမလွန်ဓား၏ ထက်ရှမှုကို စိုးရိမ်ပူပန်နေပြီး သူတို့နှင့် ထိပ်တိုက်ရင်ဆိုင် တိုက်ခိုက်ရဲခြင်း မရှိတော့ဘဲ အဆက်မပြတ် နောက်သို့ဆုတ်ပေးရ၏။

ခွန်အားအရာမှာ သူသည် ဆူဇီမိုထက် သာလွန်လေသည်။

သို့သော်လည်း ဆူဇီမိုသည် အဝီစိဓားနှင့် တမလွန်ဓားကို ကိုင်စွဲထားပြီး သူ၏ ဓားနည်းစနစ်က ရှင်သပ်ရှုမောဖွယ်ရာကောင်းနေ၏။ သူ၏ တိုက်ခိုက်မှုများက အတောမသတ်နိုင် ထိုးဖောက်၍ မရနိုင်ဖြစ်ပြီး မြွေနဂါးကျွန်းအရှင်သည် တန်ပြန်တိုက်ခိုက်ဖို့ အခွင့်အရေးမရပေ။

ကံကောင်းထောက်မစွာဖြင့် ဘေးပတ်ဝန်းကျင်မှာရှိသော ကောင်းကင်ဘုံသာလွန်သူများနှင့် မဟာကောင်းကင်ဘုံသာလွန်သူများသည် သူ့ကို အထောက်အကူပေးရန် တစ်ယောက်ပြီးတစ်ယောက် ရှေ့သို့ထွက်လာကြ၏။ မဟုတ်ပါက သူသည် ပို၍ပင် အန္တရာယ်များသော အခြေအနေမှာ ကျရောက်သွားပေလိမ့်မည်။

“ဒီတိုင်းဆက်သွားလို့ မဖြစ်ဘူး”

မြွေနဂါးကျွန်းအရှင်က မျက်မှောင်ကြုတ်ပြီး စိတ်ထဲကနေ စဉ်းစားတွေးတောနေ၏။

“ကြည့်ရတာတော့ ငါ ဟိုရတနာကားချပ်ကို ဆင့်ခေါ်မှ ရတော့မယ်”

သူသည် အမည်မဲ့ရတနာကားချပ်ကို ရရှိခဲ့ပြီးကတည်းက သူသည် အထဲမှာရှိသော လျှို့ဝှက်ဆန်းကြယ်မှုများကို နားလည်ဆင်ခြင်နိုင်ခဲ့ခြင်း မရှိပေ။ သူ၏ မျိုးဆက်သွေးဖြင့်ဖြစ်စေ၊ စိတ်ဝိညာဉ်အသိစိတ်ဖြင့်ဖြစ်စေ၊ ဓမ္မတာအိုဖြင့်ဖြစ်စေ သူက ၎င်းကို အသက်သွင်းကြည့်သည့်အခါ မည်သည့် တုံ့ပြန်မှုမှ ရှိမလာခဲ့ပေ။

သို့သော်လည်း အမည်မဲ့ရတနာကားချပ်မှာ အားသာချက်တစ်ခု ရှိနေ၏။

၎င်းသည် အရာရာတိုင်းကို ဝါးမျိုနိုင်လေသည်။

သက်ရှိဖြစ်စေ၊ သက်မဲ့ဖြစ်စေ၊ မည်သည့်အရာမဆို အမည်မဲ့ကားချပ်ထဲသို့ ဆင်းသက်သွားသည်နှင့် ၎င်း၏ ဝါးမျိုခြင်းခံရပြီး ပျောက်ကွယ်သွားပေလိမ့်မည်။

အရင်တုန်းက သူသည် အမည်မဲ့ကားချပ်ကိုသုံးပြီး အန္တိမကောင်းကင်ဘုံသာလွန်သူတစ်ဦးကိုပင် ဝါးမျိုနိုင်ခဲ့သည်။

သို့သော်လည်း ဤအစွမ်းအစမှာ အားနည်းချက်မရှိခြင်း မဟုတ်ပေ။

ပထမအချက်၊ သူသည် အမည်မဲ့ရတနာကားချပ်ကို မထိန်းချုပ်နိုင်ပေ။

တစ်နည်းအားဖြင့်ဆိုသော် သူသည် အခြားသူများ သို့မဟုတ် အခြားသော ရတနာများကို စတင်ဝါးမျိုရန် အမည်မဲ့ရတနာကားချပ်ကို မထိန်းချုပ်နိုင်ပေ။ သူ၏ ပြိုင်ဘက်က ထိုအထဲသို့ ကျဆင်းသွားဖို့ သူက ထောင်ချောက်တချို့ကိုသာ ဆင်နိုင်လေသည်။

ဒုတိယအချက်.. သက်ရှိများဖြစ်စေ၊ ရတနာများဖြစ်စေ သူတို့သည် အမည်မဲ့ရတနာကားချပ်ထဲသို့ ဝင်ရောက်သွားသည်နှင့် ထိုအရာများသည် ထိုအရာများသည် သူနှင့် သက်ဆိုင်မှု မရှိတော့ပေ။

သူသည် အထဲသို့ ဝင်ရောက်သွားသော မည်သည့်အရာကိုမှ ပြန်လည်မထုတ်ယူနိုင်ပေ။

ထို့ကြောင့်ပင် မြွေနဂါးကျွန်းအရှင်က ၎င်းကို ချက်ချင်းအသုံးမပြုခဲ့ခြင်းဖြစ်၏။

အမည်မဲ့ရတနာကားချပ်၏ အစွမ်းအစနှင့်အတူ သူသည် အဝီစိဓားနှင့် တမလွန်ဓားကို သေချာပေါက် ဝါးမျိုနိုင်မည်ကို ယုံကြည်သည်။

သို့သော်လည်း သူသည် အန္တိမဓားနှစ်လက်ကို ဝါးမျိုမည်ဆိုလျှင် သူသည် ဆူဇီမိုကို အလွယ်တကူ သတ်ဖြတ်နိုင်မည်ဆိုသော်လည်း သူက မည်သည့်အရာကိုမှ ရရှိတော့မည် မဟုတ်ပေ။

မြွေနဂါးကျွန်းအရှင်က ဆုတ်ခွာရင်း သူက ထောင်ချောက်ဆင်ဖို့ နည်းလမ်းများကို ကြံဆနေ၏။

သူသည် ဆူဇီမိုကို ဝါးမျိုနိုင်ပြီး အန္တိမရတနာဓားနှစ်လက်ကို ထိန်းထားနိုင်မည်ဆိုလျှင် အကောင်းဆုံး ဖြစ်ပေလိမ့်မည်။

ရုတ်တရက်ဆိုသလို…

မြွေနဂါးကျွန်းအရှင်သည် သူ၏ မဟာတာအိုနယ်မြေဖြစ်စဉ်နှင့် မျိုးဆက်သွေးနယ်မြေဖြစ်စဉ်နှင့်အတူ တန်ပြန်တိုက်ခိုက်မှုတစ်ရပ်ကို တရစပ်ထုတ်ဖော်လိုက်၏။ နတ်ဘုရားလက်နက်များစွာကို သူ၏ သိုလှောင်အိတ်ထဲကနေ ဆင့်ခေါ်ပြီး ဆူဇီမိုရှိရာသို့ ပစ်ပေါက်လိုက်၏။

ဆူဇီမို၏ လောကက ပျက်ပြယ်နေခဲ့ပြီသားဖြစ်၏။

သူသည် အဝီစိဓားနှင့် တမလွန်ဓားကို ကိုင်စွဲထားသော်လည်း သူသည် မြွေနဂါးကျွန်းအရှင်၏ ကြမ်းကြုတ်ခက်ထန်သော တိုက်ခိုက်မှုများကို မခုခံနိုင်ပေ။

သူသည် ဝင်ရောက်လာသော နတ်ဘုရားလက်နက်များနှင့် စိတ်ဝိညာဉ်ရတနာများကို ဓားနှစ်လက်ဖြင့် ခုခံနိုင်ခဲ့၏။

သို့သော်လည်း ထိုနတ်ဘုရားလက်နက်များနှင့် စိတ်ဝိညာဉ်ရတနာများမှာ ပါဝင်သည့် သိပ်သည်းပြင်းထန်သော စွမ်းအားကို သူ့အနေဖြင့် ချေဖျက်ဖို့ ခက်ခဲနေ၏။

မဟာတာအိုနယ်မြေဖြစ်စဉ်နှင့် မျိုးဆက်သွေးနယ်မြေဖြစ်စဉ်၏ တိုက်ခိုက်မှုများနှင့်အတူ ဆူဇီမိုသည် ပြင်းထန်ကြမ်းတမ်းသော ရိုက်ခတ်မှုတစ်ခုကို တွေ့ကြုံခံစားလိုက်ရပြီး သူ၏ နှုတ်ခမ်းထောင့်ကနေ သွေးများ စီးကျကာ သူက အဆက်မပြတ် နောက်ဆုတ်ပေးလိုက်ရ၏။

တကယ်တော့ ထိုထိခိုက်ဒဏ်ရာများသည် အစိမ်းရောင်ကြာပန်းအစစ်အမှန်ခန္ဓာကို လုံးဝမထိခိုက်စေပေ။

ထိုစဉ်မှာပင် ဆူဇီမိုက ရင်တစ်ချက်ထိတ်သွား၏။

သူ၏နှုတ်ခမ်းထောင့်ကနေ သူ၏ နောက်ဘက်မှာ ဧရာမပန်းချီကားချပ်တစ်ခု ပေါ်ထွက်လာသည်ကို ရုတ်တရက်တွေ့မြင်လိုက်ရ၏။ ၎င်းက မီးခိုးရောင်ဖြစ်ပြီး မည်သည့်အရာကိုမှ ရှင်းရှင်းလင်းလင်း မတွေ့မြင်နိုင်ပေ။

“ဒီကားချပ်က ဘယ်ကနေ ရောက်လာတာလဲ”

ဆူဇီမိုက ၎င်းနှင့်ပတ်သက်၍ စဉ်းစားတွေးတောနေဖို့ များစွာအချိန်မရဘဲ လက်ပြန်ခုတ်ပိုင်းချလိုက်၏။

တမလွန်ဓားသည် ပန်းချီကားကို ခုတ်ပိုင်းချပြီး ၎င်းကို တုန်ခါသွားစေ၏။

တမလွန်ဓားက အမည်မဲ့ရတနာကားချပ်ကို ခုတ်ပိုင်းချလိုက်နိုင်မည်ကို စိုးရိမ်ပြီး မြွေနဂါးကျွန်းအရှင်ကလည်း ရင်တစ်ချက်ထိတ်သွား၏။

ကံကောင်းထောက်မစွာဖြင့် အမည်မဲ့ရတနာကားချပ်သည် တုန်ခါသွားပြီးနောက် ပုံမှန်အခြေအနေသို့ လျင်မြန်စွာ ပြန်လည်ရောက်ရှိကာ ၎င်းအပေါ်တွင် မည်သည့်ဒဏ်ရာဒဏ်ချက်မှ မကျန်ရစ်ခဲ့ပေ။

ထိုမျှသာမက အမည်မဲ့ရတနာကားချပ်သည် တမလွန်ဓားကို ဝါးမျိုချင်နေသည့် သိပ်သည်းပြင်းထန်သော စုပ်ယူအားတစ်ခုကို ထုတ်ဖော်လိုက်၏။

ဆူဇီမိုကတော့ တမလွန်ဓားကို တင်းကျပ်စွာ ဆုပ်ကိုင်ထားလေသည်။ သူသည် တမလွန်ဓားကို လွှတ်ပေးဖို့ အချိန်မရတာလား၊ သို့မဟုတ် ထိုရတနာကို မလွှတ်ရက်နိုင်တာလား မပြောတတ်ပေ။ သူက တမလွန်ဓားနှင့်အတူ အမည်မဲ့ရတနာကားချပ်၏ ဝါးမျိုခြင်းခံလိုက်ရ၏။

တစ်ခဏချင်းမှာပင် သူက ပျောက်ကွယ်သွားသည်။

“မဟုတ်ဘူးလေ..”

မြွေနဂါးကျွန်းအရှင်က အံ့အားတသင့် ရေရွတ်လိုက်၏။ အဝီစိဓားနှင့် တမလွန်ဓားက ဆူဇီမိုနှင့်အတူ အမည်မဲ့ရတနာကားချပ်၏ ဝါးမျိုခြင်းခံလိုက်ရသည်ကို တွေ့မြင်သောအခါ သူက ချက်ချင်းပင် မချင့်မရဲခံစားသွားရ၏။

ယနေ့ မွေးနေ့ဂုဏ်ပြုစားသောက်ပွဲမှာ ဆူဇီမိုသည် ထင်တိုင်းကြဲ သတ်ဖြတ်ပြီး ခန်းမတစ်ခုလုံးက သွေးများဖြင့် နီစွေးသွား၏။ သူ၏ စတုတ္ထသားပင်လျှင် သေခဲ့ရပြီး သူ၏ ကောင်းကင်ဘုံသာလွန်သူ စိတ်ဝိညာဉ်ရတနာကလည်း ပျက်စီးသွားခဲ့၏။ နောက်ဆုံးမှာတော့ သူသည် မည်သည့်အရာကိုမှ မရရှိလိုက်ပေ။

မြွေနဂါးကျွန်းအရှင်သည် မလှမ်းမကမ်းရှိ အမည်မဲ့ရတနာကားချပ်ကို ချစ်ခင်မှုနှင့် မုန်းတီးမှုတို့နှင့်အတူ စိုက်ကြည့်နေ၏။

မြွေနဂါးခန်းမထဲမှာ အမျိုးမျိုးသော အဖွဲ့အစည်းများမှ ခေါင်းဆောင်များက စိတ်သက်သာစွာ သက်ပြင်းချလိုက်ကြ၏။

စောစောက ဓားနှစ်လက် ကိုင်စွဲထားသော နန်းတော်အရှင်ကစဉ့်ကလျားနှင့် ရင်ဆိုင်ခဲ့ရသည့် လူတိုင်းအနေဖြင့် သတ်ဖြတ်ခံရလုနီးပါး ဖြစ်ခဲ့လေသည်။

သူတို့သည် ဤကဲ့သို့ ကြောက်စရာကောင်းသော ဓားများကို အရင်ဘယ်တုန်းကမှ မတွေ့မြင်ဖူးခဲ့ပေ။

ကောင်းကင်ဘုံသာလွန်သူများနှင့် မဟာကောင်းကင်ဘုံသာလွန်သူများသည် ထိုရတနာဓားနှစ်လက်အောက်မှာ စက္ကူရွက်များကဲ့သို့ အားနည်းနေခဲ့ကြ၏။

တိုတောင်းသော ထိုအချိန်အတွင်းမှာ ကောင်းကင်ဘုံသာလွန်သူနှင့် မဟာကောင်းကင်ဘုံသာလွန်သူ ၃၀ကျော်က ခန်းမထဲမှာ သတ်ဖြတ်ခံခဲ့ရ၏။

“ကျွန်းအရှင်... ခင်ဗျားက တကယ်ကို အစွမ်းထက်တာပဲ”

မထင်မရှား အဖွဲ့အစည်းတစ်ခုမှ ခေါင်းဆောင်တစ်ဦးက မျက်နှာလိုမျက်နှာရ အပြုံးနှင့်အတူ ရှေ့သို့ထွက်ပြီး ချီးကျူးလိုက်၏။

“အဲ့ဒီငနဲက စောစောတုန်းက မောက်မာဝင့်ကြွားနေခဲ့တာ… ကျွန်းအရှင်... ခင်ဗျားက ခင်ဗျားရဲ့ စွမ်းပကားကို ထုတ်ဖော်ပြီး သူ့ကို အချိန်မီ တိုက်ခိုက်ဖိနှိမ်ပေးတာ ကျုပ်တို့ ကံကောင်းသွားတယ်”

မြွေနဂါးကျွန်းအရှင်က အန္တိမရတနာဓားနှစ်လက်ကို ဆုံးရှုံးလိုက်ရသည့်အတွက် အတော်လေး စိတ်တိုဒေါသထွက်နေ၏။

ထိုမြှောက်လုံးပင့်လုံးကို ကြားရသောအခါ သူက ပို၍ပင် စိတ်တိုဒေါသထွက်လာ၏။ ရုတ်တရက် သူက သူ၏ ဧရာမနဂါးလက်သည်းကို ဆန့်ထုတ်ပြီး ထိုကောင်းကင်ဘုံသာလွန်သူ၏ ဦးခေါင်းကို ခြေမွှဖျက်ဆီးပစ်လိုက်၏။

“မင်းကိုလည်း ငါ့ရဲ့အစွမ်းအစ ပြရမှာပေါ့”

အခြားသော ပညာရှင်များက ထိုသည်ကို တွေ့မြင်သောအခါ နောက်သို့အလိုလိုဆုတ်ပြီး ထိတ်လန့်တကြား အမူအရာများနှင့်အတူ စကားပြောရဲခြင်း မရှိတော့ပေ။

စောစောက သေဆုံးသွားသော ကောင်းကင်ဘုံသာလွန်သူသည် သူ၏ အမျက်ဒေါသကို ဖွင့်ထုတ်စရာ နေရာမရှိ ဖြစ်နေသော မြွေနဂါးကျွန်းအရှင်၏ ကံဆိုးသော သားကောင်ဖြစ်သွားခဲ့သည်မှာ သိသာလေသည်။

မဟာကောင်းကင်ဘုံသာလွန်သူ လုံယွီက ရှေ့သို့ ခြေတစ်လှမ်းတိုးပြီး လေးနက်သောအသံဖြင့် ပြောလိုက်၏။

“အဖေ... အစ်ကို-၄ က သေသွားပြီ… ကျုပ်လည်း စိတ်မကောင်းပါဘူး… ခင်ဗျားကိုယ်ခင်ဗျား ဂရုစိုက်ဦး… ကျုပ် လူတွေကို ခေါ်သွားပြီး ကစဉ့်ကလျားနန်းတော်ကို ဖျက်ဆီးပစ်မယ်… အစ်ကို-၄ အတွက် လက်စားချေမယ်”

“သွားတော့...”

မြွေနဂါးကျွန်းအရှင်က သုန်မှုန်နေသော အမူအရာဖြင့် လက်ကာပြလိုက်၏။

ဧရာမစိတ်ဝိညာဉ်တောင်ကြား၊ ဆန်းကြယ်ငှက်တောအုပ်နှင့် အေးခဲဆီးနှင်းလွင်ပြင်မှ ခေါင်းဆောင်သုံးဦးကလည်း အခွင့်အလမ်းကို ချိန်ဆကာ ဝင်ရောက်ပြောဆိုလိုက်၏။

“ကျုပ်တို့ကလည်း မဟာကောင်းကင်ဘုံသာလွန်သူ လုံယွီနဲ့ လိုက်ပါပြီး ကစဉ့်ကလျားနန်းတော်ကို ဖျက်ဆီးပေးချင်တယ်”

သူတို့သည် ကစဉ့်ကလျားနန်းတော်နှင့် ရန်ငြိုးရန်စ ရှိထားပြီးသားဖြစ်ပြီး အခြေအနေအပေါ် အမြတ်ထုတ်နိုင်မည့် ဤအခွင့်အရေးကို လက်မလွှတ်လိုကြပေ။

မဟာကောင်းကင်ဘုံသာလွန်သူ လုံယွီက သူ၏ ဘေးပတ်လည်ကို ထောက်လှမ်းကြည့်ရှုပြီး ထုတ်ဖော်ကြေညာလိုက်၏။

“ဒီနေ့ မွေးနေ့ဂုဏ်ပြုစားသောက်ပွဲက မပြီးဆုံးသေးဘူး… တာအိုရောင်းရင်းတို့... ကျေးဇူးပြုပြီး ဒီကနေ စောင့်နေကြဦး… ကျုပ် အဖေ့အတွက် ကစဉ့်ကလျားနန်းတော်က သက်ရှိတွေအားလုံးရဲ့ ခေါင်းကို ဖြတ်ယူပြီး သူတို့ကို ဝိုင်နဲ့မြည်းခိုင်းမယ်… အဲ့ဒါမှ ဒီမွေးနေ့ဂုဏ်ပြုပွဲမှာ ဝမ်းသာပျော်ရွှင်စရာ ထပ်တိုးလာလိမ့်မယ်”

“တာအိုရောင်းရင်း လုံယွီ... ခင်ဗျား အောင်ပွဲခံပြီး ပြန်လာတာကို ကျုပ်တို့ စောင့်မျှော်နေမယ်”

အမျိုးမျိုးသော အဖွဲ့အစည်းများမှ ခေါင်းဆောင်များက တစ်ပြိုင်နက်တည်း အော်ပြောလိုက်ကြ၏။

All Chapters