← Chapters

မိုးမြေဖန်တီးခြင်းကားချပ်

Vol. 216 Ch. 3273

မိုးမြေဖန်တီးခြင်းကားချပ်

Vol. 216 Ch. 3273

မြွေနဂါးကျွန်းရှင်၏ မျက်လုံးထဲမှာ ဆူဇီမိုသည် အမည်မဲ့ရတနာကားချပ်၏ ဝါးမျိုခြင်းခံခဲ့ရ၏။

သို့သော်လည်း ထိုစဉ်တုန်းက ဖြစ်ပျက်ခဲ့သည့်အခြေအနေကို ဆူဇီမိုတစ်ယောက်တည်းသာ သိရှိထားလေသည်။

အမည်မဲ့ရတနာကားချပ်သည် တမလွန်ဓား၏ တိုက်ခိုက်မှုကို ခုခံပြီးနောက် ၎င်းသည် ရင်းနှီးနေကျအော်ရာတစ်ခုနှင့်အတူ တလိပ်လိပ်ထိုးတက်လာ၏။

ထိုအော်ရာသည် သူ၏ ဖန်တီးခြင်းလောကနှင့် အမှန်တကယ်ပေါင်းစည်းသွားသည်ဟု ထင်ရသည်။

ဒါ့အပြင် ထိုရတနာကားချပ်သည် သူနှင့်ပတ်သက်ဆက်စပ်နေပုံရသည်ဟု ဆူဇီမိုက ရုတ်တရက်ခံစားနေရ၏။

တမလွန်ဓားကို အမည်မဲ့ကားချပ်က ဝါးမျိုနေသည်ကိုတွေ့မြင်ချိန်မှာ ဆူဇီမိုသည် သူ၏လက်ကိုရုပ်သိမ်းဖို့ လုံလောက်သည့်အချိန်ရရှိခဲ့၏။ သို့သော်လည်း ထိုအခိုက်အတန့်မှာ ဆူဇီမိုသည် စုံစမ်းစစ်ဆေးဖို့အတွက် တမလွန်ဓားနှင့်အတူ ရတနာကားချပ်ထဲကို ဝင်ရောက်ဖို့ ဆုံးဖြတ်ချက်ချခဲ့၏။

ထိုသို့ဆုံးဖြတ်ချက်ချခဲ့သည်မှာ နောက်ထပ်အကြောင်းအရင်းတစ်ခုရှိနေ၏။ ကားချပ်သည် သူ့ဘေးမှာ တိတ်တဆိတ်ပေါ်ထွက်လာစဉ် သူ၏ အာရုံခံသတိစိတ်က မည်သည့်သတိပေးချက်ကိုမှ မပေးခဲ့ပေ။

တစ်နည်းအားဖြင့်ဆိုသော် ကားချပ်သည် သူ့အပေါ်မှာ ရန်လိုစိတ်မရှိဟု ဆိုလိုလေသည်။

ဆူဇီမိုသည် ဓားနှင့်အတူလိုက်ပါပြီး ကားချပ်ထဲသို့ ဝင်ရောက်သွား၏။

ကျယ်ပြန့်သော မြူခိုးတစ်လွှာကို ဖြတ်ကျော်ပြီးနောက် သူ၏မြင်ကွင်းက ရှင်းလင်းသွားလေသည်။ သူက အခြားသောလောကတစ်ခုသို့ ရောက်ရှိလာ၏။

လှမ်းမျှော်ကြည့်ရှုရင်း လောကသည် ပေါကြွယ်ဝသော အသက်ဓာတ်အားနှင့်အတူ တောင်တန်းများ၊ စိမ်းစိုသော ဒေသပေါက်ပင်များဖြင့် ပြည့်နှက်နေ၏။

ဤကားချပ်အတွင်းမှာ အခြားသော စကြဝဠာတစ်ခုရှိနေသည်။ ဒါ့အပြင် ဤလောကမှာ စိတ်ဝိညာဉ်ချီ၊ အမြုတေချီနှင့် ရင်းမြစ်ချီတို့ပင် ရှိနေသည်ကို ဆူဇီမိုက အာရုံခံမိနိုင်၏။

ရုတ်တရက်ဆိုသလို…

ဤလောကမှာ စွမ်းအားကြီးမားသော အော်ရာများကို ဆူဇီမိုက အာရုံခံမိသွား၏။ တချို့သည် သူ့ထက်မနိမ့်ကျဘဲ တချို့က သူ့ထပ်ပို၍သာလွန်နေ၏။

“ဟမ်…”

ဆူဇီမို၏ စိတ်ဝိညာဉ်အသိစိတ်က လှုပ်ရှားသွား၏။

အဝေးကနေ ပုံရိပ်များက ပျံသန်းလာ၏။ သူတို့အားလုံးသည် တာအိုပြယုဂ်နယ်ပယ်မှာရှိပြီး အရေအတွက်သောင်းချီရှိနေ၏။

ဒါ့အပြင် ဤသာလွန်သူများသည် အပင်မျိုးနွယ်သက်ရှိများဖြစ်သည်ကို ဆူဇီမိုက ရှင်းရှင်းလင်းလင်း အာရုံခံမိနိုင်၏။

ထို့နောက် ချက်ချင်းပင် ပို၍ပင်သန်မာသောသူများက တစ်ယောက်ပြီးတစ်ယောက်ပေါ်ထွက်လာကြ၏။ သူတို့က အရေအတွက်ရာချီရှိပြီး သူတို့အားလုံးက တာအိုသုံးသပ်မှုနယ်ပယ်ပညာရှင်များဖြစ်ကြသည်။

ကောင်းကင်ဘုံသာလွန်သူများ၊ မဟာကောင်းကင်ဘုံသာလွန်သူများနှင့် အန္တိမကောင်းကင်ဘုံသာလွန်သူများပင် ပေါ်ထွက်လာကြသည်။

သူတို့အားလုံးသည် အပင်မျိုးနွယ်မှဖြစ်ကြ၏။

“ထူးဆန်းတယ်…”

ဆူဇီမိုက တိတ်တဆိတ်မျက်မှောင်ကြုတ်လိုက်၏။

“ဟားဟား… နောက်ထပ်တစ်ယောက်ရောက်လာပြန်ပြီ”

“ဒါက ကံမကောင်းတဲ့ ဘယ်ရောင်းရင်းလဲမသိဘူး… သူက အခုကစပြီး ဒီနေရာမှာ ပိတ်မိနေတော့မှာပဲ”

“ဒါနဲ့ ဒီနေရာက သိပ်တော့မဆိုးပါဘူး… ဒီမှာ သူ့ကိုယ်ပိုင်လောကတစ်ခုရှိတယ်… အဲဒါက အနှောက်အယှက်တွေနဲ့လည်း ကင်းဝေးတယ်”

ရုတ်ရုတ်သဲသဲအသံတချို့က လူအုပ်ကြားထဲကနေ ထွက်ပေါ်လာ၏။

ဤကမ္ဘာမှာရှိသောပညာရှင်များသည် ဆူဇီမိုကြားသွားမည်ကို ဂရုမစိုက်သည့်အလား သူတို့၏အသံများကို ဖုံးကွယ်မထားပေ။

“တာအိုရောင်းရင်းတို့ ဒါကဘယ်နေရာပါလဲ”

ဆူဇီမိုက ဘေးပတ်ဝန်းကျင်ကို အကဲခတ်ပြီး လက်နှစ်ဖက်ကိုယှက်ကာမေးလိုက်၏။

“တစ်မူထူးခြားသောသွင်ပြင်ဟန်ပန်နှင့် အန္တိမကောင်းကင်ဘုံသာလွန်သူတစ်ဦးက ရှေ့သို့ထွက်ပြီး မှင်သေသေဖြင့်ပြောလိုက်၏။

“ဒါက မိုးမြေဖန်တီးခြင်းကားချပ်ရဲ့ အဆင့်နိမ့်သုံးဘုံလောကပဲ… မင်းက ဒီနေရာကို ဝင်ရောက်လာပြီဆိုမှတော့ ပြန်ထွက်လို့ရမှာမဟုတ်တော့ဘူး”

မိုးမြေဖန်တီးခြင်းကားချပ်လား…

အဆင့်နိမ့်သုံးဘုံလောကလား….။

“မိုးမြေဖန်တီးခြင်း…”

ဆူဇီမိုက အတွေးနက်စွာဖြင့် တီးတိုးရေရွတ်လိုက်၏။

အန္တိမကောင်းကင်ဘုံသာလွန်သူက ပြုံး၍ပြောလိုက်၏။

“မင်း ငါ့စကားကို သံသယမရှိနဲ့… မင်းက ဘယ်လောက်ပဲ ပါရမီအရည်အချင်းရှိရှိ မင်းက တာအိုကြီးစိုးမှုနယ်ပယ်ထိ ကျင့်ကြံနိုင်ခဲ့မယ်ဆိုရင်တောင် ဒီနေရာကနေ ထွက်နိုင်မှာမဟုတ်ဘူး”

တာအိုကြီးစိုးမှုနယ်ပယ်မှာတောင် ထွက်ခွာနိုင်မည် မဟုတ်ဘူးတဲ့လား။

ဆူဇီမိုက ရင်တစ်ချက်ထိတ်သွားပြီးမေးလိုက်၏။

“သူတော်စင်နယ်ပယ်ကိုဝင်ရောက်ပြီးမှ ဒီနေရာကနေ ထွက်ခွာနိုင်မှာလား”

ဘေးပတ်ဝန်းကျင်မှာရှိသောပညာရှင်များက ထိုစကားကိုကြားသောအခါ ကျယ်လောင်စွာရယ်မောလိုက်ကြ၏။

အန္တိမကောင်းကင်ဘုံသာလွန်သူက ပြောလိုက်၏။

“မိုးမြေဖန်တီးခြင်းကားချပ်ထဲမှာ ဘယ်သူကမှ သူတော်စင်ဖြစ်မလာနိုင်ဘူး”

တာအိုကြီးစိုးမှုနယ်ပယ်မှာပင်လျှင် သူကထွက်ခွာနိုင်မည်မဟုတ်ပေ။

ဤနေရာမှာ မည်သူကမှ သူတော်စင်ဖြစ်မလာနိုင်ပေ။

ဆူဇီမိုက မျက်မှောင်ကြုတ်ပြီးပြောလိုက်၏။

“ပြောရမယ်ဆိုရင် ဒီနေရာကနေ ထွက်ခွာနိုင်မယ့်နည်းလမ်းမရှိဘူးပေါ့”

“ဟုတ်တယ်”

အန္တိမကောင်းကင်ဘုံသာလွန်သူက မှင်သေသေဖြင့်ပြောလိုက်၏။

“တကယ်တော့ နောက်ထပ်ထွက်ပေါက်တစ်ခုတော့ရှိတယ်”

လူအုပ်ကြားထဲမှလူတစ်ယောက်က တီးတိုးရေရွတ်လိုက်၏။

“နှစ်ပေါင်းခြောက်ဘီလီယံကျော်သွားပြီ.. ဘယ်သူကမှ မိုးမြေဖန်တီးခြင်းကားချပ်ကို မသန့်စင်နိုင်ခဲ့ဘူး... ဒီသာလွန်သူက ဒီကားချပ်ကို သန့်စင်နိုင်ဖို့ မင်းမျှော်လင့်နေတယ်လို့ ငါ့ကိုမပြောစမ်းနဲ့”

နောက်ထပ်လူတစ်ယောက်က နှုတ်ခမ်းမဲ့ကာပြောလိုက်၏။

ဆူဇီမို၏စိတ်ထဲ အတွေးတစ်ခု ဖျတ်ခနဲပေါ်ထွက်လာသည်။

နှစ်ပေါင်းခြောက်ဘီလီယံကျော်…။

လွန်ခဲ့သည့်နှစ်ပေါင်းခြောက်ဘီလီယံကျော်က မဟာကမ္ဘာတစ်ထောင်လောကမှာ ကြီးမားသောဝရုန်းသုန်းကားအခြေအနေတစ်ရပ်ဖြစ်ပွားပြီး ကစဉ့်ကလျားအထွတ်အမြတ်ခိုလှုံရာက ဖျက်ဆီးခံခဲ့ရသည်ဟု ရှုလွေနှင့်အခြားသူများထံမှ သူကြားဖူးထားသည်။

မိုးမြေဖန်တီးခြင်းကားချပ်ဟု ခေါ်ဆိုသောအရာသည် ထိုစဉ်တုန်းက ဝရုန်းသုန်းကားအခြေအနေနှင့် ပတ်သက်ဆက်စပ်နေမလား။

‘ဖန်တီးခြင်း’ ဟူသောစကားပါဝင်နေပြီး ဤနေရာသည် အပင်သက်ရှိများဖြင့် ပြည့်နှက်နေ၏။ ဤနေရာသည် အရင်တုန်းက ကစဉ့်ကလျားအထွတ်အမြတ်ခိုလှုံရာနှင့် ပတ်သက်ဆက်စပ်နေဖို့များလေသည်။

ဒါ့အပြင် သူရောက်ရှိလာသည့်ခဏမှာပင် ဆူဇီမိုသည် မိုးမြေဖန်တီးခြင်းကားချပ်နှင့် ဆက်သွယ်မှုတစ်ခုကို တဖြည်းဖြည်းရရှိလာ၏။

သူ၏ မျိုးဆက်သွေးကပင် လှုပ်ခတ်လာလေသည်။

“မင်း… ဒီနေရာမှာ ကြိုက်တဲ့လိုဏ်ဂူခန်းဝါတစ်ခုကို ရွေးချယ်ပြီး ကျင့်ကြံနိုင်တယ်”

အန္တိမကောင်းကင်ဘုံသာလွန်သူက ပြောလိုက်၏။

“မင်းက အပြင်ဘက်မှာဘယ်လိုအဆင့်အတန်းပဲရှိရှိ ငါဂရုမစိုက်ဘူး… အခုမင်းက မိုးမြေဖန်တီးခြင်းကားချပ်ထဲကို ရောက်လာပြီဆိုမှတော့ ဒီနေရာမှာအသားကျအောင်နေ… တခြားပြဿနာမရှာနဲ့”

အန္တိမကောင်းကင်ဘုံသာလွန်သူ၏ လေသံက အတော်လေးယဉ်ကျေးမှုမရှိပေ။

သို့သော်လည် အခြားသောအပင်မျိုးနွယ်သက်ရှိများက သူ့ကို ကြည့်ရှုပုံမှာ မည်သည့်ရန်လိုစိတ်မှ မပါရှိပေ။

ဆူဇီမို၏ စိတ်ထဲမှာ မေးခွန်းများစွာရှိနေဆဲဖြစ်၏။

သို့သော်လည်း ယခုအချိန်မှာ အရေးကြီးဆုံးအရာသည် ဤနေရာကနေ တတ်နိုင်သမျှမြန်မြန်ထွက်ခွာဖို့ပင်ဖြစ်သည်။

သူထင်တာမမှားလျှင် မြွေနဂါးကျွန်းသည် ကစဉ့်ကလျားနန်းတော်ကို သေချာပေါက်အလွတ်ပေးမည် မဟုတ်ပေ။

ကစဉ့်ကလျားနန်းတော်မှာ တင်းခြောက်ပါးနှင့်ကျားခြောက်ပါးနတ်ဘုရားများနှင့် ကန့်သတ်အစီအရင်ဝင်္ကပါရှိသော်လည်း ၎င်းက သိပ်ကြာကြာတောင့်ခံနိုင်မည် မဟုတ်ပေ။

သူသည် တတ်နိုင်သမျှမြန်မြန်ပြန်သွားရပေမည်။

ဤနေရာကနေ ထွက်ခွာဖို့ အဓိကအချက်သည် မိုးမြေဖန်တီးခြင်းကားချပ်ကို သန့်စင်ခြင်းဖြစ်ရပေမည်။

ဆူဇီမိုသည် အခြားလူများထွက်ခွာသွားသည်ကို တွေ့မြင်သောအခါ သူက လှိုဏ်ဂူခန်းဝါတစ်ခုကို ရှာဖွေဖို့အရေးလုပ်မနေပေ။ သူက နေရာမှာတင် ခြေချိတ်ထိုင်ပြီး မိုးမြေဖန်တီးခြင်းကားချပ်နှင့် ဆက်သွယ်မှုတစ်ခုကို ချက်ချင်းပင်တည်ဆောက်ဖို့ကြိုးစားလိုက်၏။

သူသည် သူ၏လောကကို ထုတ်ဖော်လိုက်သောအခါ ကစဉ့်ကလျားလောကသည် မိုးမြေဖန်တီးခြင်းကားချပ်နှင့် ရုတ်တရက် အပြန်အလှန်တုံ့ပြန်လာ၏။

ချက်ချင်းပင် ဂါထာမန္တန်ရွတ်ဖတ်သံများ လောကမှာ ထွက်ပေါ်လာသည်။

ဆူဇီမို၏ ကစဉ့်ကလျားလောကထဲမှာ ရတနာကားချပ်၏ အမှတ်အသားတစ်ခုက ခပ်ရေးရေးပေါ်ထွက်လာ၏။

ယခုတင် လူစုခွဲထွက်ခွာသွားသောလူတိုင်းသည် လောကမှ ဂါထာမန္တန်ရွတ်ဖတ်သံထွက်ပေါ်လာသည်ကို ကြားရသောအခါ သူတို့က ဆတ်ခနဲတုန်ယင်သွားပြီး သူတို့၏ မျက်လုံးထဲရှိ မယုံကြည်နိုင်မှုနှင့်အတူ လှည့်ကြည့်လိုက်ကြ၏။

“ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ”

“ဒီလူက မိုးမြေဖန်တီးခြင်းကားချပ်ကို တကယ်ပဲ သန့်စင်နေတာလား”

တာအိုသုံးသပ်မှုနယ်ပယ်ပညာရှင်များပင် ကြက်သေသေနေကြ၏။

စောစောက အန္တိမကောင်းကင်ဘုံသာလွန်သူပင်လျှင် ကြက်သေသေနေလေသည်။

နှစ်ပေါင်းခြောက်ဘီလီယံကျော်ကြာအောင် ဤနေရာမှာနေထိုင်ခဲ့သည့် မရေမတွက်နိုင်သော ပညာရှင်များသည် မိုးမြေဖန်တီးခြင်းကားချပ်ကို သန့်စင်ဖို့ကြိုးစားခဲ့သော်လည်း မည်သူကမှ မအောင်မြင်ခဲ့ပေ။ ဤလူရောက်ရှိလာသည့်ခဏမှာပင် သူက မိုးမြေဖန်တီးခြင်းကားချပ်နှင့် အပြန်အလှန်တုံ့ပြန်လာသည်။

ဤနေရာမှာဖြစ်ပွားသော ရုတ်ရုတ်သဲသဲအခြေအနေကို အာရုံခံမိသည့် ပညာရှင်များ ပို၍ပို၍ များပြားလာပြီး စုဝေးရောက်ရှိလာကြ၏။

ဝုန်း… ဝုန်း… ဝုန်း…

အဝေးကနေ အနှိုင်းမဲ့ကြောက်စရာကောင်းသောအော်ရာများက ပဲ့တင်ထပ်ထွက်ပေါ်လာပြီး သူတို့သည် အန္တိမကောင်းကင်ဘုံသာလွန်သူများထက်ပင် များစွာပို၍ သာလွန်နေ၏။

မိုးမြေဖန်တီးခြင်းကားချပ်ကို သန့်စင်မွမ်းမံနေသည့် ဆူဇီမိုပင်လျှင် တုန်လှုပ်သွားရ၏။

တာအိုကြီးစိုးမှုနယ်ပယ်ပညာရှင်များသာ ဤကဲ့သို့သောဖိအားကို ထုတ်ဖော်နိုင်ပေလိမ့်မည်။

ဤမိုးမြေဖန်တီးခြင်းကားချပ်ထဲမှာ တာအိုကြီးစိုးမှုနယ်ပယ်ပညာရှင်များ ရှိနေလေသည်။

ဒါ့အပြင် သူတို့က အရေအတွက် အတော်အတန်ရှိနေ၏။

“သူကျင့်ကြံထားတဲ့ ကစဉ့်ကလျားလောကကြောင့်များ ဖြစ်နိုင်မလား”

အန္တိမကောင်းကင်ဘုံသာလွန်သူက တည်တံ့သောအမူအရာဖြင့် အလိုလိုပြောလိုက်၏။

“အဲဒါတင် ဘယ်ကမလဲ”

ထိုစဉ်မှာပင် တာအိုသာလွန်သူပညာရှင်တစ်ဦးက အန္တိမကောင်းကင်ဘုံသာလွန်သူ၏ နောက်ဘက်မှာ ပေါ်ထွက်လာပြီး‌ လေးနက်သောအသံဖြင့်ပြောလိုက်၏။

“စီနီယာအစ်ကိုရှန်းကလည်း ကစဉ့်ကလျားလောကကို ကျင့်ကြံထားတာပဲ… ဒါပေမဲ့ သူက မိုးမြေဖန်တီးခြင်းကားချပ်ကို မသန့်စင်နိုင်ခဲ့ဘူး”

“သူ့ရဲ့မျိုးဆက်သွေးက မိုးမြေဖန်တီးခြင်းကားချပ်ကို သန့်စင်နိုင်တဲ့ အကြောင်းအရင်းတစ်စိတ်တစ်ပိုင်းပဲ ဖြစ်လိမ့်မယ်”

အန္တိမကောင်းကင်ဘုံသာလွန်သူက ပါးစပ်အဟောင်းသားဖြစ်သွား၏။ အတန်ကြာပြီးနောက် သူက မေးလိုက်၏။

“အရင်တုန်းက ဒဏ္ဍာရီတွေက တကယ်ပဲအမှန်လား”

တာအိုသာလွန်သူက ခေါင်းညိတ်ပြလိုက်၏။

ထိုအချိန်တိုအတွင်းမှာ တာအိုကြီးစိုးမှုနယ်ပယ်ပညာရှင်များစွာက ဤနေရာကို ဆင်းသက်ရောက်ရှိလာကြ၏။ လှမ်းမျှော်ကြည့်ရှုမည်ဆိုလျှင် သူတို့က အရေအတွက်ရာချီရှိနေ၏။

တာအိုသာလွန်သူများသာမက မဟာသာလွန်သူများနှင့် အဓိပတိသာလွန်သူများလည်းရောက်ရှိလာကြ၏။

တာအိုကြီးစိုးမှုနယ်ပယ်မှာ စဦးကျွမ်းကျင်မှုရရှိသည့်အခါ သူတို့ကို တာအိုသာလွန်သူတစ်ဦးဟု ခေါ်ဆိုနိုင်လေသည်။

သူတို့သည် တာအိုကြီးစိုးမှုနယ်ပယ်မှာ အဆင့်မြင့်ကျွမ်းကျင်မှုရရှိလာသည်နှင့် သူတို့ကို မဟာတာအိုသာလွန်သူများဟု ခေါ်ဆိုနိုင်ပြီး အလွယ်တကူ မဟာသာလွန်သူများဟုလည်း ခေါ်ဆိုကြလေသည်။

ပကတိတာအိုကြီးစိုးမှုနယ်ပယ်ကို ရောက်ရှိလာပြီးနောက် သူတို့သည် အဓိပတိတာအိုသာလွန်သူများဟု ကျော်ကြားပြီး သူတို့ကို အလွယ်တကူ အဓိပတိသာလွန်သူများဟု ခေါ်ဆိုကြလေသည်။

“ကြည့်ရတာတော့ အထုံရေစက်ပါတဲ့ လူတစ်ယောက် ပေါ်ထွက်လာပြီပဲ”

အသက်ကြီးကြီး အဓိပတိသာလွန်သူတစ်ဦးက ခြေချိတ်ထိုင်နေသော ဆူဇီမိုကိုကြည့်ပြီး အပြုံးနှင့်အတူ ညင်သာစွာခေါင်းညိတ်လိုက်လေသည်။

All Chapters