← Chapters

မထင်မှတ်ထားသောဖြစ်ရပ်

Vol. 216 Ch. 3280

မထင်မှတ်ထားသောဖြစ်ရပ်

Vol. 216 Ch. 3280

ဆူဇီမိုသည် မိုးမြေဖန်တီးခြင်းကားချပ်ထဲကနေ ထွက်ခွာပြီး တံခါးပိတ်ကျက့်ကြံဖို့အတွက် သူ၏ လိုဏ်ဂူခန်းဝါထဲသို့ ပြန်လည်ရောက်ရှိလာ၏။

အလယ်အလတ်ကမ္ဘာတစ်ထောင်လောကမှာ ကြမ္မာမီးအနီရောင်ကြာပန်းနှင့်ပေါင်းစည်းပြီးနောက် သူ၏ ကိုယ်ကာယနှင့် မျိုးဆက်သွေးက နောက်တစ်ဖန်အသွင်ပြောင်းလဲသွားခြင်းအပြင် သူသည် ကြမ္မာမီးကြာခုံနှင့် ပြီးပြည့်စုံသော မျိုးဆက်မှတ်ဉာဏ်တချို့ကိုလည်း ရရှိခဲ့၏။

ဤမျိုးဆက်မှတ်ဉာဏ်များသည် ကစဉ့်ကလျားမဟာတာအိုကို ပို၍ကောင်းကောင်းနားလည်ဆင်ခြင်နိုင်ရန် သူ့ကို ကူညီပေးပေလိမ့်မည်။

အချိန်က ကျင့်ကြံသူများအတွက် အကန့်အသတ်မဲ့ပြီး တစ်ခဏချင်းမှာပင် နှစ်တစ်သောင်းကုန်ဆုံးသွားခဲ့သည်။

. . . . .

တစ်ချိန်တည်းမှာပင် သွေးပင်လယ်၊ သူတော်စင်အပျက်အစီးနယ်မြေမှာ။

ဤနေရာက သေလောက်အောင် တိတ်ဆိတ်ငြိမ်သက်နေ၏။

ဤနေရာမှာ သတ်ဖြတ်ခြင်း သို့မဟုတ် တိုက်ခိုက်ခြင်းများမရှိဘဲ ကျင့်ကြံဖို့အတွက် အသင့်လျော်ဆုံးနေရာတစ်ခုလိုဖြစ်နေ၏။ တကယ်ဆို သိုင်းတာအိုပင်မခန္ဓာအနေဖြင့် စကားပြောစရာ လူတစ်ယောက်ပင် မရှိပေ။

အနက်ရောင်ဝတ်အမျိုးသားသည် တစ်နှစ်ပတ်လုံး သွေးပင်လယ်ဘေးမှာထိုင်ပြီး တစ်ခုခုကို စဉ်းစားတွေးတောနေပုံရ၏။ သူက အဲဒါနှင့် နေသားကျနေပြီဖြစ်သည့်အလားပင်။

သို့သော်လည်း ရံဖန်ရံခါမှာ အနက်ရောင်ဝတ်အမျိုးသားသည် သူ့ကို ထူးဆန်း၍ ဖော်မပြတတ်သောအကြည့်ဖြင့် ငေးကြည့်နေတတ်၏။

သိုင်းတာအိုပင်မခန္ဓာသည် အနက်ရောင်ဝတ်အမျိုးသား၏ ထိုအကြည့်ကို တစ်ကြိမ်မက တွေ့မြင်ခဲ့ဖူးလေသည်။

ထိုအကြည့်မှာ သတ်ဖြတ်လိုစိတ်မပြောနှင့် မည်သည့်ရန်လိုစိတ်မှပင် မရှိပေ။

သူ့ကိုအတန်ကြာအောင် ငေးကြည့်နေပြီးနောက် အနက်ရောင်ဝတ်အမျိုးသား၏ မျက်နှာပေါ်တွင် နွေးထွေးပုံရသော အပြုံးတစ်ခုပေါ်ထွက်လာတတ်၏။

သို့သော်လည်း သူ၏ နွေးထွေးပုံရသော အပြုံးနှင့် သူ၏ ဖြူဖပ်ဖြူရော်မျက်နှာက ဆန့်ကျင်ကွဲလွဲစွာဖြင့် ထူးဆန်းသည့်ပုံပေါ်နေ၏။

သိုင်းတာအိုပင်မခန္ဓာသည် ထိုအကြည့်မှာ ကြက်သီးမွေးညင်းထလာသည့် အကြိမ်ရေတချို့ရှိခဲ့ပြီး သူက မနေနိုင်ဘဲ မေးခွန်းတချို့မေးဖိုကြိုးစားခဲ့၏။

ထိုအချိန်မှာ အနက်ရောင်ဝတ်အမျိုးသားသည် သူ၏ ငေးငိုင်နေရာကနေ နိုးထလာပုံရပြီး သူ့မျက်နှာပေါ်ရှိအပြုံးကလည်း ပျောက်ကွယ်သွား၏။ သူက သိုင်းတာအိုပင်မခန္ဓာကို နောက်တစ်ဖန်လျစ်လျူရှုပြီး တစ်ဘက်သို့ အမူအရာကင်းမဲ့စွာဖြင့် လှည့်သွားပေလိမ့်မည်။

ထိုပျင်းရိစရာကောင်းသောအချိန်များမှာ သိုင်းတာအိုပင်မခန္ဓာ၏ ကျင့်ကြံမှုနယ်ပယ်က အဆက်မပြတ် မြင့်တက်လာနေ၏။

ယခု သူသည် ပကတိတာအိုသုံးသပ်မှုနယ်ပယ်ကို ရောက်ရှိနေပြီဖြစ်၏။

ထိုအလျင်အဟုန်သည် အခြားသောသက်ရှိများထက် သာလွန်ရုံသာမက ၎င်းသည် အစိမ်းရောင်ကြာပန်းအစစ်အမှန်ခန္ဓာထက်လည်း များစွာသာလွန်နေ၏။

အဓိကအကြောင်းအရင်းမှာ သူသည် သိုင်းတာအိုကို တည်ထောင်ခဲ့သောသူဖြစ်သောကြောင့်ပင်။

သိုင်းတာအိုအကြောင်း ဘယ်သူကမှ သူ့ထက်ပို၍ ကောင်းကောင်းမသိပေ။

သူ့အနေဖြင့် သိုင်းတာအိုကို နားလည်ဆင်ခြင်ဖို့ အားထုတ်မှုများစွာ သက်သာလေသည်။

သူသည် နောက်ပိုင်း တာအိုကြီးစိုးမှုနယ်ပယ်ကို ဝင်ရောက်မည်ဆိုလျှင်ပင် သူ၏ ကျင့်ကြံမှုနယ်ပယ်က လျင်မြန်စွာ မြင့်တက်လာပေဦးမည်။

သိုင်းတာအို၏ ကျွမ်းကျင်တတ်မြောက်မှုနှင့်ပတ်သက်၍ သူ့ထက်ပိုပြီး မည်သူကမှ ရင်းနှီးမှုမရှိသောကြောင့်ပင်။

အမြုတေသိုင်းလောက၏ နယ်ပယ်ကလည်း တစ်ချိန်တည်းမှာပင် မြင့်တက်လာနေပြီး ပကတိတာအိုသုံးသပ်မှုနယ်ပယ်ကို ရောက်ရှိနေပြီဖြစ်၏။

သိုင်းစကြဝဠာထဲရှိ ဒေါသူပုန်ထနေသော မီးတောက်များနှင့်ယှဉ်လျှင် အမြုတေသိုင်းလောကက တိတ်ဆိတ်ငြိမ်သက်ကာ ဗလာကျင်းနေ၏။ သိုင်းတာအို၏ အငွေ့အသက်တချို့ကသာ လောကတစ်ခုလုံးမှာ ပျံ့နှံ့နေ၏။

အစစ်အမှန်ခန္ဓာနှစ်ခု၏ ချိတ်ဆက်မှုသည် အစိမ်းရောင်ကြာပန်းအစစ်အမှန်ခန္ဓာ တက်လှမ်းသွားပြီးနောက် ပြတ်တောက်မသွားခဲ့ပေ။

သို့သော်လည်း သိုင်းတာအိုပင်မခန္ဓာသည် သွေးပင်လယ်ထဲကနေ မထွက်ခွာနိုင်သေးပေ။

သူက မည်သည့်ကျင့်ကြံမှုနယ်ပယ်ထိ ရောက်ရှိသည်ဖြစ်စေ သူသည် အစိမ်းရောင်ကြာပန်းအစစ်အမှန်ခန္ဓာကို ကူညီပေးဖို့အတွက် မဟာကမ္ဘာတစ်ထောင်လောကသို့ မသွားရောက်နိုင်ဟုလည်း ဆိုလိုလေသည်။

ဒါ့အပြင် သိုင်းတာအိုပင်မခန္ဓာ၏ ကျင့်ကြံရေးလမ်းကြောင်းမှာ ကြီးမားသည့် အုံ့ပုန်းပြဿနာတစ်ခုရှိလာခဲ့ပြီဖြစ်သည်။

သူသည် သိုင်းတာအိုလောကနှစ်ခုကို ကျင့်ကြံထားသည်။

ထိုနှစ်ခုထဲမှာ သိုင်းစကြဝဠာသည် သုံးဘုံလောကမှာ ပုံမှန်အတိုင်းကျင့်ကြံမှုကနေ ဆင့်ကဲပြောင်းလဲလာခြင်းဖြစ်သည်။

အမြုတေသိုင်းလောကကတော့ သူ၏ တာအိုခန္ဓာအသွင်ပြောင်းလဲပြီးနောက် အလှည့်အပြောင်း မူကွဲများစွာကနေ ဆင်းသက်လာသော မူမမှန်မှုတစ်ခုဖြစ်လေသည်။

လောကနှစ်ခုက ပို၍ပို၍ သန်မာလာစဉ် သူတို့နှစ်ခုကြား တွန်းကန်မှုကလည်း ပို၍ တိုးလာ၏။၊

သူသည် ဧကရာဇ်နယ်ပယ်သို့ ပထမဆုံးဝင်ရောက်စဉ်က လောကနှစ်ခုကို ပေါင်းစည်းနိုင်ခဲ့ဆဲဖြစ်၏။

သူသည် တာအိုသုံးသပ်မှုနယ်ပယ်ထိ ကျင့်ကြံသောအခါ ဆူဇီမိုသည် သူ၏ လောကနှစ်ခုကို ပေါင်းစည်းဖို့ ကြိုးစားကြည့်ခဲ့၏။ သို့သော်လည်း သိပ်မကြာခင် သူတို့က အတင်းအကျပ် ပြန်ခွဲထုတ်ခံလိုက်ရ၏။

သူက တာအိုကြီးစိုးမှုနယ်ပယ်ကို တက်လှမ်းပြီးနောက် ဤတွန်းကန်မှုက ပို၍ တိုးလာဖို့သာ ရှိပေလိမ့်မည်။

တာအိုကြီးစိုးမှုနယ်ပယ်အပြီးမှာ သူတော်စင်နယ်ပယ်လာလေသည်။

သူတော်စင်တစ်ပါးဖြစ်လာဖို့ တစ်ခုတည်းသောနည်းလမ်းမှာ တာအိုကိုပေါင်းစည်းရန်ဖြစ်သည်။

အခြားသော သာမန်သက်ရှိများအနေဖြင့် ဤအဆင့်မှာ သူတို့သည် သူတို့၏ ခန္ဓာကိုယ်၊ အမြုတေစိတ်ဝိညာဉ်နှင့် မဟာတာအိုတို့ကို ပေါင်းစည်းကြပေလိမ့်မည်။

သို့သော်လည်း သိုင်းတာအိုပင်မခန္ဓာ၏ ခန္ဓာကိုယ်က အမြုတေသိုင်းလောကပင်ဖြစ်သည်။

သူ့အတွက်တော့ တာအိုကို ပေါင်းစည်းခြင်းသည် သူ၏ လောကနှစ်ခုကို ပေါင်းစည်းရခြင်းဖြစ်သည်။

သို့သော်လည်း သူ၏ လောကနှစ်ခုသည် ယခုအချိန်မှာ ပေါင်းစည်းဖို့ အင်မတန်ခဲယဉ်းနေပြီဖြစ်၏။

ပကတိတာအိုကြီးစိုးမှုနယ်ပယ်ထိ ကျင့်ကြံပြီးနောက် သူသည် ၎င်းကို အတင်းအကျပ်ပေါင်းစည်းဖို့ကြိုးစားမည်ဆိုလျှင် သူသည် ပို၍ပင် ပြင်းထန်ကြမ်းတမ်းသော တန်ပြန်ရိုက်ခတ်မှုတစ်ခုကို တွေ့ကြုံရလိမ့်မည်ဖြစ်ပြီး ထိုရိုက်ခတ်မှုကနေ သူက သေပင်သေရနိုင်သည်။

ဤပြဿနာကို မဖြေရှင်းနိုင်လျှင် သိုင်းတာအိုပင်မခန္ဓာသည် ဘယ်တော့မှ သူတော်စင်တစ်ပါးဖြစ်လာတော့မည် မဟုတ်ပေ။

သူ၏ တည်ရှိမှုသည် အစကတည်းက မူကွဲတစ်ခုဖြစ်၏။

ကျင့်ကြံမှုမှာ မည်သူကမှ သူ့ကိုလမ်းညွှန်မပေးနိုင်ဘဲ နောက်ထပ် အဆင့်ကို ကောက်ချက်ချဖို့အတွက် သူ့အနေဖြင့် ကိုယ့်အားကိုယ်ကိုးဖို့သာရှိလေသည်။

. . .

အသင်္ချေတောကောင်တောင်ကြောရိုးမှာ။

ဆူဇီမိုသည် ကျင့်ကြံရာကနေ နိုးထာလာ၏။

နှစ်တစ်သောင်းမှာ သူသည် တာအိုသုံးသပ်မှုနယ်ပယ်၏ စဦးကျွမ်းကျင်မှုအထွတ်အထိပ်ထိ ကျင့်ကြံထားခဲ့ပြီဖြစ်၏။

သို့သော်လည်း သူသည် အဟန့်အတားကို မချိုးဖျက်နိုင်သေးပေ။

ဒါ့အပြင် ဤသည်မှာ ဖန်တီးခြင်းအစိမ်းရောင်ကြာပန်းနှင့် ကြမ္မာမီးအနီရောင်ကြာပန်း၏ မျိုးဆက်မှတ်ဉာဏ်များကို သူရရှိထားသည့် အခြေအနေအောက်မှာဖြစ်၏။ ထိုမျိုးဆက်မှတ်ဉာဏ်များမရှိလျှင် သူ့အနေဖြင့် နှစ်ပေါင်းတစ်သိန်း သို့မဟုတ် နှစ်တစ်သန်းမှာပင် ဤအဆင့်ထိ ကျင့်ကြံနိုင်ဖို့ ခက်ခဲပေလိမ့်မည်။

ထိုစဉ်မှာပင် လိုဏ်ဂူခန်းဝါ၏ အပြင်ဘက်ကနေ လမ်းလျှောက်လာသောအသံများကို ကြားလိုက်ရ၏။

ဆူဇီမို၏ စိတ်ဝိညာဉ်အသိစိတ်က လှုပ်ရှားသွားပြီး ရှုလွေ၊ ချန်ချင်းဟယ်နှင့်မုံ့ရှစ်တို့က ပျာပျာသလဲအမူအရာဖြင့် အပြေးလာနေသည်ကို သူတွေ့မြင်လိုက်ရ၏။ ကြီးကြီးမားမားကိစ္စတစ်ခုဖြစ်ပျက်နေသည့်အလားပင်။

နှစ်တစ်သောင်းကြာပြီးလျှင်တောင် ရှုလွေနှင့်အခြားနှစ်ယောက်၏ ကျင့်ကြံမှုနယ်ပယ်များက များစွာပြောင်းလဲမသွားပေ။

မည်သို့ပင်ဆိုစေ ဘဝသက်တမ်းနှစ်သန်းတစ်ရာရှိသော သာလွန်သူများအတွက် နှစ်တစ်သောင်းက တိုတောင်းသောအချိန်တစ်ခုသာဖြစ်၏။

“ဘာဖြစ်လို့လဲ”

ဆူဇီမိုက လိုဏ်ဂူခန်းဝါထဲကနေထွက်ခွာပြီး သူတို့ကို လက်ခံတွေ့ဆုံလိုက်၏။

“နန်းတော်အရှင်…”

ရှုလွေ၏ တည်ငြိမ်သော စိတ်နေစရိုက်နှင့်ပင် သူက ဆူဇီမိုကို တွေ့မြင်သောအခါ သူ့မျက်နှာပေါ်ရှိ ကြောက်ရွံ့မှုကို ဖုံးကွယ်မထားနိုင်ပေ။

သူက အသံနှိမ့်ကာပြောလိုက်၏။

“ကိစ္စတစ်ခုဖြစ်နေပြီ”

“မကြောက်နဲ့ ဖြည်းဖြည်းချင်းပြော”

ဆူဇီမိုက တည်တံ့စွာပြောလိုက်၏။

“အဆိပ်ငါးမျိုးနန်းတော်ပဲ…”

ထိုစကားသည် ရှုလွေပထမဆုံးအကြိမ်ပြောသည့်စကားဖြစ်သည်။

ဆူဇီမိုက မျက်ခုံးပင့်လိုက်၏။

ကစဉ့်ကလျားနန်းတော်သည် သူ၏ စီမံခန့်ခွဲမှုအောက်မှာ ငြိမ်သက်၍ နှိမ့်ချနေခဲ့ကြမည်ဆိုလျှင် သူတို့သည် ဤမျှမြန်မြန်ဆန်ဆန် အဆိပ်ငါးမျိုးနန်းတော်၏ သတိထားမိခြင်းခံရမည်မဟုတ်ပေ။

“ငါတို့က အဆိပ်ငါးမျိုးနန်းတော်ကို ဘယ်လိုရန်စမိတာလဲ”

ဆူဇီမိုက မေးလိုက်၏။

ရှုလွေက ပြောချင်သော်လည်း တွေဝေတုံ့ဆိုင်းနေ၏။

ဘေးတစ်ဘက်မှာ မုံ့ရှစ်က မနေနိုင်ဘဲ အပြစ်တင်ပြောဆိုလိုက်၏။

“အဲဒါတွေအားလုံးက ယန်မိုနဲ့ သူ့လူတွေကြောင့်ပဲ”

ချန်ချင်းဟယ်က ညင်သာစွာသက်ပြင်းချလိုက်၏။

“အာ… အဆိပ်ငါးမျိုးနန်းတော်က အရမ်းကိုလွန်လာလို့သာ တာအိုသာလွန်သူယန်မိုက တုံ့ပြန်ခဲ့တာပါ”

“ဟမ့်…”

မုံ့ရှစ်က ဒေါသတကြီးပြောလိုက်၏။

“သူတို့သာ ပင့်ကူတစ်ထောင်တောအုပ်နဲ့ အဆိပ်ကင်းမြီးကောက်တောင်ကြောရိုးကို သူတို့သဘောနဲ့သူတို့ သွားပြီးမတိုက်ခိုက်ခဲ့ရင် သူတို့က အဆိပ်ငါးမျိုးနန်းတော်ကို ရန်စခဲ့မိမှာမဟုတ်ဘူး”

ထိုစကားကိုကြားသောအခါ ဆူဇီမို၏ အမူအရာက အနည်းငယ်ပြောင်းလဲသွားပြီး ဖြတ်မေးလိုက်၏။

“တာအိုသာလွန်သူယန်မိုလား”

ရှုလွေက ပြောလိုက်၏။

“နန်းတော်အရှင်.. ခင်ဗျားက တစ်နှစ်ပတ်လုံး တံခါးပိတ်ကျင့်ကဲ့နေတာဆိုတော့ သိမှာမဟုတ်သေးဘူး… လွန်ခဲ့တဲ့ နှစ်တစ်ရာကျော်တုန်းက အန္တိမကောင်းကင်ဘုံသာလွန်သူယန်မိုက တာအိုကြီးစိုးမိုးမှုနယ်ပယ်ကို ချိုးဖျက်တက်လှမ်းပြီး သူက တာအိုသာလွန်သူတစ်ဦးဖြစ်လာခဲ့ပြီ”

မုံ့ရှစ်က လှောင်ရယ်လိုက်၏။

“သူက တာအိုသာလွန်သူတစ်ဦးဖြစ်လာလို့ စောင်းကြွနေခဲ့တာပဲ… အဲဒါကြောင့် သူက အဆိပ်ငါးမျိုးနန်းတော်ကို ယှဉ်ပြိုင်တုပချင်ခဲ့တာ”

“အဆိပ်ငါးမျိုးနန်းတော်က နှစ်ပေါင်းများစွာကြာအောင် ပေါင်းမိုးပြည်နယ်ကို စိုးမိုးခြယ်လှယ်လာခဲ့တာ… သူတို့ရဲ့အခြေခံအုတ်မြစ်က ဘယ်လောက်တောင့်တင်းခိုင်မာလဲ… အဲဒါက သူ့လိုမျိုး တာအိုသာလွန်သူတစ်ဦး ယှဉ်ပြိုင်နိုင်တဲ့အရာ မဟုတ်ဘူး”

“နင်အဲဒါကို မပြောနိုင်ဘူးလား”

ချန်ချင်းဟယ်က ပြောလိုက်၏။

“တာအိုသာလွန်သူယန်မိုက ဒီလိုအခြေအနေကို ရောက်သွားတယ်ဆိုတာ သူက ငါတို့ကစဉ့်ကလျားနန်းတော်အတွက် ရပ်တည်ပေးခဲ့လို့ပဲ”

ထိုနေရာအရောက်မှာ ဆူဇီမိုက ဖြစ်ပျက်နေသည့်အရာကို အကြမ်းဖျင်းနားလည်သဘောပေါက်သွား၏။

“ရှုလွေ… ဒီဖြစ်စဉ်ကို အစကနေ ငါ့ကို သေချာပြောပြ”

ဆူဇီမိုပြောလိုက်စဉ် သူက ကစဉ့်ကလျားခန်းမရှိရာသို့‌ လျှောက်လှမ်းသွား၏။

ရှုလွေက ခေါင်းညိတ်ပြီး လိုက်ပါလာရင်း ပြောလိုက်၏။

“တကယ်တော့ အဆိပ်ငါးမျိုးနန်းတော်က သံတမန်တွေက ဒီနှစ်တွေထဲ ရင်းမြစ်ကျောက်တုံးတွေကို ကောက်ခံဖို့ရောက်လာတိုင်း… နန်းတော်အရှင် အရင်က ခင်ဗျားခေါ်ယူလာခဲ့တဲ့ အဲဒီလူတွေကြားမှာ မကျေနပ်တဲ့သူတချို့ တကယ်ပဲရှိခဲ့တယ်”

“အချိန်ကြာလာတာနဲ့ သူတို့ရဲ့မကျေနပ်မှုက စုစည်းပြီး အားကောင်းလာခဲ့တယ်”

“လွန်ခဲ့တဲ့နှစ်တစ်ရာကျော်က အန္တိမကောင်းကင်ဘုံသာလွန်သူယန်မိုက တာအိုသာလွန်သူတစ်ဦးဖြစ်လာခဲ့တယ်… အစတုန်းကတော့ အဲဒါက ကောင်းတဲ့အချက်ပဲ၊ ဒါပေမဲ့ တာအိုရောင်းရင်းနီဟန်နဲ့ အခြားသူတွေက အဲဒီအခွင့်အရေးကို ချိန်ဆပြီး ပင့်ကူတစ်ထောင်တောအုပ်နဲ့ အဆိပ်ကင်းမြီးကောက်တောင်ကြောရိုးကို တိုက်ခိုက်ခဲကြတယ်။”

“ပင့်ကူတစ်ထောင်တောအုပ်နဲ့ အဆိပ်ကင်းမြီးကောက်တောင်ကြောရိုး နှစ်ခုစလုံးက အဆိပ်ငါးမျိုးနန်းတော်နဲ့ ပတ်သက်ဆက်စပ်နေတာပဲ… အဲဒါကြောင့်ပဲ သူတို့တွေက အဆိပ်ငါးမျိုးနန်းတော်ရဲ့ စိတ်အာရုံကို ဆွဲဆောင်မိသွားတာ”

“လွန်ခဲ့တဲ့ရက်အနည်းငယ်တုန်းက အဆိပ်ငါးမျိုးနန်းတော်က သံတမန်တစ်ဦးကို စေလွှတ်ပြီး ပြဿနာရှာဖို့ အခွင့်အလမ်းကို ဖန်တီးလာတယ်… အဆိပ်ငါးမျိုးနန်းတော်က ကျုပ်တို့ရဲ့ ရင်းမြစ်ကျောက်တုံးကိုးဆယ်ရာခိုင်နှုန်းကို ပေးဆောင်ရမည်လို့ သူတို့က ရုတ်တရက်ပြောလာခဲ့တယ်”

ထိုစကားကိုကြားသောအခါ ဆူဇီမိုက သူ၏ ခြေလှမ်းကို ရပ်တန့်ပြီး မျက်မှောင်ကြုတ်ကာမေးလိုက်၏။

“ကိုးဆယ်ရာခိုင်နှုန်းလား…။”

All Chapters