← Chapters

အခန်း (၁၉၅၄)

Vol. 136 Ch. 1954

အခန်း (၁၉၅၄)

Vol. 136 Ch. 1954

“သခင်လေး ကျွန်မ တောင်းပန်ပါတယ်.. သခင်လေးပါ ကျွန်မတို့နဲ့ အတူတူရောပြီး အနိုင်ကျင့်ခံလိုက်ရပြီ”

လုချင်းလင်းက ကျန်းချန်ကို တောင်းပန်သော လေသံဖြင့် ပြောလိုက်သည်။

“ရပါတယ်”

ကျန်းချန်က လက်ကို ဝှေ့ယမ်းလိုက်ပြီး ပြန်ဖြေလိုက်သည်။

ခရမ်းရောင်ကျားမျိုးနွယ်စုသည် အလယ်အလတ်အဆင့်နယ်မြေနတ်ဘုရား အင်အားစု ဖြစ်၍ ကျန်းချန်သည် ခရမ်းရောင် ကျားမျိုးနွယ်စုနှင့် ပြဿနာ မတက်ချင်ခဲ့ပေ။

ခရမ်းရောင်ကျားမျိုးနွယ်စု၏ အကြီးအကဲက လုချင်းလင်းတို့လူစုကို လာရောက် တွေ့ဆုံသောအခါတွင် သူက ထိုအကြီးအကဲထံမှ ထာဝရဟင်းလင်းပြင်၏ မြေပုံကို တောင်းရန် ဆုံးဖြတ်ထားခဲ့သည်။

ကျန်းချန်က အခန်းတစ်ခန်းကို ကျပန်းရွေးချယ်ကာ နေထိုင်ခဲ့ပြီး ခရမ်းရောင် ကျားမျိုးနွယ်စု၏ အကြီးအကဲ ရောက်ရှိလာသည့်အချိန်အထိ စောင့်ဆိုင်းကာ ကျင့်ကြံနေခဲ့သည်။

ကျန်းဝူကောင်းကင်နယ်မြေရှိ ကောင်းကင်နှင့် မြေကြီး၏ စွမ်းအင်များသည် မဟာမြေရိုင်းနယ်မြေထက်ပင် ပိုမို၍ ကြွယ်ဝသည်။

ကျန်းချန်က ပြင်ပအကူအညီ မပါဘဲ စနစ်၏ အဆ ၁၀၀ အတွေ့အကြုံ ရမှတ်များကို အားကိုး၍ ကျင့်ကြံခဲ့သည်။

သူ၏ ခန္ဓာကိုယ်မှ ကမ္ဘာ့စွမ်းအား ၈မျိုးသည် အလွန်လျင်မြန်စွာပင် တိုးတက်လာခဲ့၏။

“ဒင်.. သင်က ၁မိနစ် ကျင့်ကြံပြီး ဓားကမ္ဘာစွမ်းအားအတွေ့အကြုံ ရမှတ် ၆၀၀၀ကို အဆ ၁၀၀ ရရှိပါတယ်”

“ဒင်.. သင်က ၁မိနစ် ကျင့်ကြံပြီး မီးကမ္ဘာစွမ်းအားအတွေ့အကြုံ ရမှတ် ၆၀၀၀ကို အဆ ၁၀၀ ရရှိပါတယ်”

“...........”

ကျန်းချန်က တံခါးပိတ်ကာ ကျင့်ကြံခြင်းဖြင့် ၁လဟူသော အချိန်သည် မျက်စိတစ်မှိတ်အတွင်း ကုန်သွားခဲ့သည်။

သို့သော်လည်း အပြာရောင် ကျားမျိုးနွယ်စုမှ လူများကို ခရမ်းရောင် ကျားမျိုးနွယ်စုမှ အကြီးအကဲ ကျီထျန်းဟဲသည် တစ်ခါမှ လာရောက် မတွေ့ဆုံခဲ့ပေ။

ယနေ့တွင်လည်း ကျန်းချန်သည် ယခင်နေ့များကလိုပင် သူ၏ အခန်းထဲတွင် တင်ပျဥ်ခွေ၍ ထိုင်ကာ ကျင့်ကြံနေခဲ့သော်လည်း အပြင်ဘက်မှ ကျယ်လောင်သော ဆူညံသံကြောင့် သူ၏ မျက်လုံးများကို ဖွင့်လိုက်သည်။

ထိုအခါ ခြံဝန်းထဲတွင် ခရမ်းရောင် ကျားမျိုးနွယ်စု၏ ဝတ်စုံကို ဝတ်ဆင်ထားသော ခရမ်းရောင်မျက်လုံးနှင့် လူငယ်တစ်ဦးသည် ခရမ်းရောင် ကျားမျိုးနွယ်စုမှ တပည့် ဒါဇင်ပေါင်းများစွာနှင့် အတူ လုချင်းလင်းတို့ လူစုနှင့် ပြဿနာတက်နေသည်ကို တွေ့ခဲ့ရသည်။

“သခင်လေးကျီ.. သခင်လေးက ကျွန်တော်တို့ကို ခရမ်းရောင် ကျားမျိုးနွယ်စုကနေ မောင်းထုတ်ချင်နေတာလား”

“ဒါက သခင်လေးရဲ့ သဘောထားလား ဒါမှမဟုတ် အကြီးအကဲ ကျီထျန်းဟဲရဲ့ သဘောထားလား ဆိုတာ သိပါရစေ”

ခရမ်းရောင်မျက်လုံးနှင့် လူငယ်ကို ကြည့်နေသည့် အရှင်ချင်းဖုန်း၏ မျက်နှာထက်တွင် ဒေါသ အရိပ်အယောင်များ ဖြစ်ပေါ်နေခဲ့သည်။

သူတို့က ခရမ်းရောင် ကျားမျိုးနွယ်စုတွင် ၁လလုံးလုံး စောင့်ဆိုင်းခဲ့ကြပြီးနောက် ကျီထျန်းဟဲ၏ မြေးဟု သူ့ကိုယ်သူ ပြောဆိုခဲ့သည့် ခရမ်းရောင်မျက်လုံးနှင့် လူသည် အဆုံးသတ်တွင် သူတို့ဆီသို့ ရောက်ရှိလာခဲ့သည်။

ထိုလူငယ်က အကြီးအကဲ ကျီထျန်းဟဲနှင့် တွေ့ဆုံရန် သူတို့ကို လာရောက် ခေါ်‌ဆောင်သည်ဟု အရှင်ချင်းဖုန်း ထင်ခဲ့သော်လည်း တကယ်တမ်းတွင် သူတို့ကို မောင်းထုတ်ရန် ရောက်လာမည်ဟု မည်သူက ကြိုသိနိုင်ပါအံ့နည်း။

“ငါ့ရဲ့သဘောထားက ငါ့အဘိုးရဲ့ သဘောထားပဲ”

ခရမ်းရောင်မျက်လုံးနှင့်လူက မထီမဲ့မြင်ပြုံးကာ ပြောလိုက်သည်။

“ငါ့ရဲ့အဘိုးက မင်းတို့ကို မောင်းထုတ်ဖို့ အားနာနေတာကြောင့် ငါက သူ့ကိုယ်စား မင်းတို့ကို မောင်းထုတ်နေတာပဲ.. မင်းတို့ကို ခရမ်းရောင် ကျားမျိုးနွယ်စုမှာ ၁လလောက်လည်း ခိုလှုံခွင့်ပေးခဲ့ပြီးပြီ.. ဘာလဲ မင်းတို့က ခရမ်းရောင် ကျားမျိုးနွယ်စုကို မှီခိုပြီး ငါတို့ရဲ့ အရင်းအမြစ်တွေကို လုယူချင်နေတာလား”

“မင်း..”

အရှင်ချင်းဖုန်း၏ မျက်နှာထက်တွင် ရှက်ရွံ့သော အမူအရာများဖြင့် ပြည့်နှက်သွားခဲ့သည်။

သူက လက်သီးကို တင်းကျပ်စွာ ဆုပ်ထားခဲ့၏။

သူ၏ မျက်ဝန်းကနေ မီးထွက်မတတ် ဖြစ်နေခဲ့သည်။

သို့သော်လည်း အရှင်ချင်းဖုန်းသည် အဆုံးသတ်တွင် သူ၏ ရင်ထဲမှ ဒေါသကို ထိန်းချုပ်ထားလိုက်သည်။

ဤသည်မှာ ခရမ်းရောင် ကျားမျိုးနွယ်စု၏ နေရာ ဖြစ်သည်။

သူ့ရှေ့မှ ကောင်လေးသည် ကောင်းကင်နတ်ဘုရား ပဉ္စမအဆင့်သာ ရှိသော်လည်း ခရမ်းရောင် ကျားမျိုးနွယ်စု၏ အကြီးအကဲကျီထျန်းဟဲ၏ မြေး ဖြစ်နေခဲ့သည်။

သူသာ ခရမ်းရောင်မျက်လုံးနှင့် လူငယ်ကို တိုက်ခိုက်လိုက်လျှင် ခရမ်းရောင် ကျားမျိုးနွယ်စုတွင် အပြာရောင် ကျားမျိုးနွယ်စု အတွက် နေရာ ရှိတော့မည် မဟုတ်ပေ။

“သခင်လေးကျီ.. ကျွန်မက မျိုးနွယ်စု ခေါင်းဆောင်ရဲ့အမိန့်နဲ့ အကြီးအကဲကျီကို လာရောက် တွေ့ဆုံတာပါ.. သခင်လေးက ကျွန်မ တို့ကို တွေ့ဆုံပေးမယ်လို့ မျှော်လင့်ပါတယ်.. သခင်လေးသာ အကူအညီပေးမယ် ဆိုရင် ချင်းလင်းက သခင်လေးကို အရမ်း ကျေးဇူးတင်မိမှာပါ”

ထိုအချိန်တွင် လုချင်းလင်းသည် နှုတ်ခမ်းကို တိတ်တဆိတ်ကိုက်လိုက်ပြီး ရှေ့သို့ တက်လှမ်းလာခဲ့သည်။

“ဟ မင်းကအလှလေးပါလား.. မင်းသာ ငါ့ကို ခစားဖို့ ဆန္ဒရှိရင် ငါသခင်လေးက ငါ့အဘိုးကို တောင်းပန်ပေးပြီး မင်းတို့ ခရမ်းရောင် ကျားမျိုးနွယ်စုမှာ နေထိုင်ခွင့်ပေးမယ်”

ထိုစကားကိုပြောရင်း ခရမ်းရောင်မျက်လုံးနှင့် လူငယ်သည် လုချင်းလင်း၏ ခန္ဓာကိုယ်ကို မဆင်မခြင် ကြည့်ရှုခဲ့သည်။

“သခင်လေးကျီ မင်းဒီလောက်အထိ အနိုင်မကျင့်သင့်ဘူး”

အရှင်ချင်းဖုန်းက အလွန်အမင်း ဒေါသထွက်နေခဲ့ပြီး သူ၏ ခန္ဓာကိုယ်ကနေ ပြင်းထန်သော နယ်မြေနတ်ဘုရား အရှိန်အဝါများပင် ထွက်ပေါ်လာခဲ့သည်။

လုချင်းလင်းသည် သူတို့ အပြာရောင် ကျားမျိုးနွယ်စု၏ သခင်မလေးဖြစ်ပြီး ပြိုင်ဘက်ကင်းပါရမီရှင် တစ်ဦးလည်း ဖြစ်သည်။

အပြာရောင်ကျားမျိုးနွယ်စု ပြန်လည်‌ ခေါင်းထောင်ရန် မျှော်လင့်ချက်သည် လုချင်းလင်း အပေါ်တွင် မူတည်နေခဲ့၏။

ကျီထျန်းဟဲ၏ မြေး ဖြစ်နေလျှင်ပင် လုချင်းလင်းကို အနိုင်ကျင့်လိုပါက သူ့အနေဖြင့် လုံးဝ ခွင့်ပြုမည်မဟုတ်ပေ။

“ဘာလဲ.. မင်းက ငါ့ကို တိုက်ခိုက်ရဲလို့လား”

ခရမ်းရောင်မျက်လုံးနှင့် လူငယ်က သူ၏ ရင်ဘတ်ကို ကော့ကာ ဝင့်ကြွားစွာ ပြောလိုက်သည်။

သူက အရှင်ချင်းဖုန်း၏ နယ်မြေနတ်ဘုရား အရှိန်အဝါကို လုံးဝ မကြောက်ရွံ့သည့် အပြင် သူ၏ မျက်ဝန်းထဲတွင် မထီမဲ့မြင် အမူအရာများ ရှိနေခဲ့သည်။

အရှင်ချင်းဖုန်းက သူ၏ လက်သီးများကို တင်းကျပ်စွာ ဆုပ်ထားသော်လည်း အဆုံးသတ်တွင် သူ၏ အရှိန်အဝါကို ရုတ်သိမ်းလိုက်သည်။

အဘယ်ကြောင့်ဆိုသော် သူသာ ခရမ်းရောင်မျက်လုံးနှင့်လူငယ်ကို တကယ်တမ်း တိုက်ခိုက်လိုက်လျှင် အပြာရောင်ကျားမျိုးနွယ်စုမှ လူအားလုံးသည် ခရမ်းရောင် ကျားမျိုးနွယ်စုကနေ အသက်ရှင်လျက် ထွက်ခွာနိုင်တော့မည် မဟုတ်မှန်း ကောင်းစွာ သိရှိထားသောကြောင့်ပေ။

ဤအချိန်တွင် အရှင်ချင်းဖုန်းသည် ခရမ်းရောင် ကျားမျိုးနွယ်စု၏ အကြီးအကဲ ကျီထျန်းဟဲက အပြာရောင် ကျားမျိုးနွယ်စု ခေါင်းဆောင်နှင့် ခင်မင်ရင်းနှီးမှုကို မျက်ကွယ်ပြုလိုက်ပြီဖြစ်ကြောင်း နားလည်သွားခဲ့သည်။

ယခုအခါတွင် ကျီထျန်းဟဲသည် သူတို့ကို ခိုလှုံခွင့် မပေးရုံသာမက သူတို့ကို ပြဿနာရှာရန် အတွက် သူ၏ မြေးကိုပါ တမင်တကာ စေလွှတ်ခဲ့သည်။

ကျီထျန်းဟဲက ဤအကြောင်းကို သိသည်ဖြစ်စေ၊ မသိသည်ဖြစ်စေ ခရမ်းရောင် ကျားမျိုးနွယ်စုတွင် သူတို့အနေဖြင့် နေထိုင်နိုင်တော့မည် မဟုတ်ပေ။

“တောင်းပန်ပါတယ်.. ငါတို့ အပြာရောင်ကျားမျိုးနွယ်စုက အနှောင့်အယှက်ပေးမိပြီ”

အရှင်ချင်းဖုန်းက အသက်ကို ခပ်ပြင်းပြင်းရှူရှိုက်လိုက်ပြီးနောက်တွင် လုချင်းလင်း ဘက်သို့ လှည့်ကာ ပြောလိုက်သည်။

“သခင်မလေး.. ငါတို့သွားကြစို့”

သူတို့အတွက် ခရမ်းရောင် ကျားမျိုးနွယ်စုက မှန်ကန်သော နေရာ မဟုတ်ဟု ခံစားမိ၍ အရှင်ချင်းဖုန်းသည် ခရမ်းရောင်ကျားမျိုးနွယ်စုတွင် အချိန်မဖြုန်းလိုတော့ပေ။

ထိုမြင်ကွင်းကိုမြင်လျှင် ခရမ်းရောင်မျက်လုံးနှင့် လူငယ်သည် မဲ့ပြုံးပြုံးကာ ပြောလိုက်သည်။

“ငါတို့ ခရမ်းရောင် ကျားမျိုးနွယ်စုက မင်းတို့ လာချင်တိုင်းလာ သွားချင်းတိုင်းသွားလို့ ရတဲ့နေရာများ ထင်နေလား”

“သခင်လေးကျီ.. မင်းစကားက ဘာကို ဆိုလိုတာလဲ”

ခရမ်းရောင်မျက်လုံးနှင့် လူငယ်က ပြုံး၍ ပြောလိုက်သည်။

“မင်းတို့တွေ ငါတို့ ခရမ်းရောင်ကျားမျိုးနွယ်စုမှာ ၁လလုံးနေထိုင်ခဲ့ကြတယ်.. ငါတို့ ခရမ်းရောင်ကျားမျိုးနွယ်စုမှာ အလကား နေထိုင်ခွင့်မရှိဘူး.. အဆင့်နိမ့် နတ်ခရစ္စတယ် ၁ဘီလီယံ ပေးမယ်ဆိုရင် မင်းတို့ကို ထွက်သွားခွင့်ပေးမယ်”

ခရမ်းရောင်မျက်လုံးနှင့် လူငယ်က သူတို့ကို အလွှတ်ပေးရန် ရည်ရွယ်ချက် မရှိသည်ကိုမြင်လျှင် အရှင်ချင်းဖုန်း၏ မျက်နှာထက်တွင် ဒေါသ အရိပ်အယောင်များ ဖြစ်ပေါ်လာခဲ့သည်။

“သခင်လေးကျီ မင်းက အရမ်းလွန်လာပြီ”

အရှင်ချင်းဖုန်းက ခရမ်းရောင်မျက်လုံးနှင့် လူငယ်ကို စိုက်ကြည့်လိုက်သည်။

သူ၏ အကြည့်သည် မီးထွက်လုမတတ်ပင် ဖြစ်နေခဲ့၏။

သူက ဤတစ်ကြိမ်တွင် အပြာရောင် ကျားမျိုးနွယ်စု၏ အရင်းအမြစ် အများစုကို ယူ‌ဆောင်လာခဲ့၍ သူတို့တွင် နတ်ခရစ္စတယ် အများအပြား ရှိသည်။

သို့သော်လည်း အဆင့်နိမ့်နတ်ခရစ္စတယ် ၁ဘီလီယံ ဟူသော ပမာဏသည် သူတို့ မိသားစု တစ်စုလုံး၏ ကြွယ်ဝမှု နီးပါးပင်။

အဆင့်နိမ့် နတ်ခရစ္စတယ် တစ်ဘီလီယံကို နေထိုင်ခ အဖြစ် တောင်းဆိုခြင်းသည် သူ့ကို တမင်တကာ အခက်တွေ့အောင် လုပ်နေခြင်းပင် မဟုတ်ပါလော။

“ငါက မင်းတို့ကို အနိုင်ကျင့်တော့ရော ဘာဖြစ်လဲ.. မင်းက ဘာလုပ်နိုင်မှာမို့လဲ”

ခရမ်းရောင်မျက်လုံးနှင့် လူက အေးစက်စက် ပြုံးလိုက်ပြီး လုချင်းလင်းကို စိုက်ကြည့်လိုက်သည်။

“ဒီကောင်မလေးက ငါသခင်လေးရဲ့ အစေခံ ဖြစ်ဖို့ ဆန္ဒရှိသရွေ့ ငါက မင်းတို့ရဲ့နေထိုင်ခ ဖြစ်တဲ့ အဆင့်နိမ့် နတ်ခရစ္စတယ် ၁ဘီလီယံကို လျှော်ပေးလိုက်ပါမယ်”

“သခင်မလေး သွားကြစို့”

အရှင်ချင်းဖုန်းက နှာခေါင်းရှုံ့ကာ အေးစက်စက် ရေရွတ်လိုက်ပြီး အခန်းထဲရှိ ကျန်းချန်ထံ စကားတစ်ခွန်းကို စိတ်ချင်းဆက်သွယ်၍ ပြောလိုက်ကာ အပြာရောင် ကျားမျိုးနွယ်စုမှ လူများကို ဦးဆောင်၍ ထွက်သွားရန် ရည်ရွယ်ခဲ့သည်။

ခရမ်းရောင်မျက်လုံးနှင့် လူငယ်သည် သူတို့ကို လွှတ်ပေးရန် အစီအစဥ် မရှိသည်မှာထင်ရှား၏။

သူတို့က အဆင့်နိမ့် နတ်ခရစ္စတယ် ၁ဘီလီယံ ပေးခဲ့လျှင်ပင် ခရမ်းရောင်မျက်လုံးနှင့် လူငယ်၏ အနိုင်ကျင့်ခြင်းကို ဆက်လက် ခံရဦးမည်သာ။

ဤအချိန်တွင် ခရမ်းရောင် ကျားမျိုးနွယ်စုကနေ လုချင်းလင်းတို့ကို ခေါ်၍ အလျင်အမြန် ထွက်ခွာသည်ကသာ အကောင်းဆုံး ဖြစ်သည် မဟုတ်ပါလား။

“သွားချင်တယ်လား.. ဘယ်လိုလုပ်ပြီး ဒီလောက်လွယ်ကူမှာလဲ”

ခရမ်းရောင်မျက်လုံးနှင့် လူငယ်က လှောင်ပြုံးပြုံးလိုက်ပြီး ကမ္ဘာ့စွမ်းအားကို ထုတ်ဖော်ကာ ဧရာမ ခရမ်းရောင်ကျားလက်သည်း အဖြစ် ပြောင်းလဲလိုက်ပြီး အရှင်ချင်းဖုန်းကို ဖမ်းဆုပ်လိုက်သည်။

အရှင်ချင်းဖုန်းလို နယ်မြေနတ်ဘုရားနှင့် ရင်ဆိုင်နေရသော်လည်း ခရမ်းရောင်မျက်လုံးနှင့် လူငယ်သည် လုံးဝ မကြောက်ရွံ့ခဲ့ပေ။

အဘယ်ကြောင့်ဆိုသော အရှင်ချင်းဖုန်းသာ သူ၏ ဆံချည်တစ်မျှင်ကို ထိရဲလျှင် အပြာရောင် ကျားမျိုးနွယ်စုမှ လူတိုင်းသည် ခရမ်းရောင် ကျားမျိုးနွယ်စုမှ အသက်ရှင်လျက် ထွက်သွားနိုင်မည် မဟုတ်ကြောင်း သူကောင်းစွာ သိရှိထားသောကြောင့်ပင်။

အရှင်ချင်းဖုန်းသည် သူ့အနေဖြင့် ခရမ်းရောင်မျက်လုံးနှင့် လူငယ်ကို ထိခိုက်အောင် မလုပ်နိုင်ကြောင်း ကောင်းစွာ သိရှိထားခဲ့သည်။

သူက လက်တစ်ဖက်ကို ဝှေ့ယမ်းကာ ခရမ်းရောင်မျက်လုံးနှင့်လူငယ်၏ ဧရာမ ကျားလက်သည်းကို ဖျက်ဆီးလိုက်ပြီး လုချင်းလင်းတို့ လူစုကို ချက်ချင်းဆိုသလိုပင် ခရမ်းရောင်ကျားမျိုးနွယ်စု၏ ဂိတ်တံခါး ဆီသို့ ဦးဆောင်သွားခဲ့သည်။

“ငါတို့ ခရမ်းရောင် ကျားမျိုးနွယ်စုမှာ ဘယ်သူ ရမ်းကားနေတာလဲ”

ထိုအချိန်မှာပင် ကျယ်လောင်သော အသံနှင့်အတူ နယ်မြေနတ်ဘုရား အရှိန်အဝါ တစ်ခုသည် ခရမ်းရောင် ကျားမျိုးနွယ်စု၏ အထက်တွင် ချက်ချင်းဆိုသလို ထွက်ပေါ်လာခဲ့သည်။

နောက်ထပ် တစ်စက္ကန့်မှာပင် ခရမ်းရောင်အလင်းများ လွှမ်းခြုံနေသော ပုံရိပ်တစ်ခုသည် လေထဲတွင် ထွက်ပေါ်လာခဲ့သည်။

ထိုပုံရိပ်က နယ်မြေနတ်ဘုရား စွမ်းအားကို အသုံးပြု၍ ခရမ်း‌ရောင် ဓားအလင်း တစ်စင်းကို အရှင်ချင်းဖုန်း ဆီသို့ ပစ်လွှတ်လိုက်သည်။

အရှင်ချင်းဖုန်း၏ အမူအရာက ပြောင်းလဲသွားခဲ့ပြီး အပြာရောင် အကာအကွယ် တစ်ခုကို အလျင်အမြန် စုစည်းကာ လုချင်းလင်းတို့ လူစုကို ကာကွယ်ပေးထားလိုက်သည်။

“ဝုန်း..”

ခရမ်းရောင်ဓားအလင်းက အပြာရောင် အကာအကွယ် ပေါ်သို့ ကျရောက်လာပြီးနောက်တွင် ရုတ်တရက် ကျယ်‌လောင်သော ပေါက်ကွဲသံက ထွက်ပေါ်လာခဲ့သည်။

အရှင်ချင်းဖုန်း၏ ခန္ဓာကိုယ်က အနည်းငယ် တုန်ယင်သွားခဲ့ပြီး လုချင်းလင်းတို့ လူစုသည်လည်း ပေဆယ်ဂဏန်းခန့် နောက်သို့ ဆုတ်လိုက်ရသည်။

အရှင်ချင်းဖုန်းက ခေါင်းမော့၍ လေထုထဲမှ ပုံရိပ်ကို ကြည့်လိုက်ရာ အရှင်ချင်းဖုန်း၏ အမူအရာသည် ချက်ချင်းဆိုသလိုပင် အလွန်တရာ လေးနက်သွားခဲ့သည်။

ခရမ်းရောင် ကျားမျိုးနွယ်စုမှ နယ်မြေနတ်ဘုရား၏ အင်အားသည် သူနှင့် ကျင့်ကြံခြင်းအဆင့် အတူတူပင် ဖြစ်သော်လည်း ထိုလူ၏ တိုက်ခိုက်ရေးစွမ်းအားသည် သူ့ထက် အဆင့်တစ်ဆင့် ပိုမြင့်နေခဲ့သည်။

ဤအတိုင်းဆိုလျှင် လုချင်းလင်းတို့ လူစုကို ခရမ်းရောင်ကျားမျိုးနွယ်စုမှ ခေါ်ထုတ်သွားရန်မှာ အနည်းငယ် ပြဿနာရှိလာတော့မည် ဖြစ်၏။

“အရှင်အာဏာ အချိန်မီရောက်လာလို့ တော်သေးတယ်.. ကျွန်‌တော့်အဘိုးက ဒီအပြာရောင် ကျားမျိုးနွယ်စုက လူတွေကို စေတနာနဲ့ ခိုလှုံခွင့်ပေးထားခဲ့ပေမဲ့ သူတို့က ကျွန်တော့်ကို တိုက်ခိုက် ရန်ပြုလိမ့်မယ်လို့ မမျှော်လင့်ခဲ့ဘူး”

ခရမ်းရောင်မျက်လုံးနှင့် လူငယ်သည် ခရမ်းရောင် ကျားမျိုးနွယ်စုမှ နယ်မြေနတ်ဘုရားကို တိုင်တန်းလိုက်သည်။

“ဟမ့်.. ဒါက ငါတို့ ခရမ်းရောင် ကျားမျိုးနွယ်စု နယ်မြေပဲ.. မင်းတို့တွေ ရမ်းကားနိုင်တဲ့နေရာ မဟုတ်ဘူး.. သွားသေလိုက်တော့”

စကားဆုံးသည်နှင့် အရှင်အာဏာထံကနေ အဆများစွာ ပိုမိုအားကောင်းသော ခရမ်းရောင် ဓားအလင်းသည် ကောင်းကင်ကနေ ဆင်းသက်လာခဲ့သည်။

ထိုမြင်ကွင်းကိုမြင်လျှင် အရှင်ချင်းဖုန်းက မျက်မှောင်ကြုတ်သွားခဲ့သည်။

သူက ထိုဓားအလင်းကို အစွမ်းကုန် ခုခံရန် ပြင်လိုက်စဥ်မှာပင် အနက်ရောင် ပုံရိပ်တစ်ခုသည် သူ၏ ရှေ့တွင် ပေါ်လာခဲ့၏။

“ဝုန်း..”

ထိုအနက်ရောင်ပုံရိပ်ကို ဗဟိုပြုကာ ကြောက်မက်ဖွယ် အစွမ်းထက် အရှိန်အဝါ တစ်ခုသည် ပတ်ဝန်းကျင်တွင် ရုတ်တရက် ပျံ့နှံ့သွားခဲ့သည်။

ခြံဝန်းထဲရှိ လူအားလုံးသည် ဧရာမ တောင်တစ်လုံးက သူတို့ခန္ဓာကိုယ်ကို ဖိထားသကဲ့သို့ ခံစားခဲ့ရပြီး ခန္ဓာကိုယ် တစ်ခုလုံး မလှုပ်ရှားနိုင်တော့ဘဲ အေးခဲသွားလုနီးပါး ဖြစ်သွားခဲ့၏။

အရှင်အာဏာက ထိုအရှိန်အဝါ၏ ရိုက်ခတ်မှုကို ခံလိုက်ရပြီး ပေထောင်ချီ အကွာအဝေးသို့ လွင့်စင်သွားခဲ့သည်။

“ဖူး..”

အရှင်အာဏာက သွေးတစ်ပွက်ကို အန်ထုတ်လိုက်၏။

ထို့နောက်တွင် သူက အရှင်ချင်းဖုန်း၏ ရှေ့တွင် ပေါ်လာသော အနက်ရောင်ဝတ်စုံဝတ် လူငယ်ကို မျက်မှောင်ကြုတ်၍ ကြည့်လိုက်သည်။

သူ၏ မျက်ဝန်းထဲတွင် မယုံကြည်နိုင်လောက်အောင် အံ့အားသင့်သော အမူအရာများ ဖြစ်ပေါ်လာခဲ့သည်။

“မင်း.. မင်းဘယ်သူလဲ”

အရှင်အာဏာက သူ၏ ခန္ဓာကိုယ်အတွင်းမှ မတည်မငြိမ် ဖြစ်နေသော အရှိန်အဝါများကို အတင်းအကျပ် ဖိနှိပ်လိုက်ပြီး မေးခွန်းထုတ်လိုက်သည်။

တစ်ဖက်လူ၏ အရှိန်အဝါကပင် သူ့ကို အလွယ်တကူ ထိခိုက်စေခဲ့သည်။

ခရမ်းရောင် ကျားမျိုးနွယ်စု တစ်ခုလုံးတွင် ထိုကဲ့သို့ လုပ်‌ဆောင်နိုင်သူမှာ ခရမ်းရောင် ကျားမျိုးနွယ်စု၏ ခေါင်း‌ဆောင်သာလျှင် ဖြစ်သည်။

သူ့ရှေ့မှ အနက်ရောင်ဝတ်စုံဝတ် လူငယ်သည် သူတို့ခေါင်းဆောင်နှင့်ပင် ယှဥ်နိုင်သော ကျင့်ကြံသူ တစ်ဦး ဖြစ်နေပါသလော။

“ငါ ဘယ်သူလဲဆိုတာ သိဖို့ မင်းမှာ အရည်အချင်းမရှိဘူး”

ကျန်းချန်က တည်ငြိမ်သော အမူအရာဖြင့် အရှင်အာဏာကို စူးစိုက်ကြည့်ကာ ပြောလိုက်သည်။

“မင်းတို့ ခရမ်းရောင် ကျားမျိုးနွယ်စုရဲ့ ခေါင်းဆောင်ကို ငါနဲ့ထွက်တွေ့ခိုင်းလိုက်”

အခန်း(၁၉၅၄)ပြီး၏။

All Chapters