← Chapters

ကောင်းကင်ကံကြမ္မာ အတွက် ယှဉ်ပြိုင်ခြင်း

Vol. 30 Ch. 362

ကောင်းကင်ကံကြမ္မာ အတွက် ယှဉ်ပြိုင်ခြင်း

Vol. 30 Ch. 362

"မင်း..."

မင်းသားရှန်လင်းက သူ၏ပါးစပ်ထောင့်မှ သွေးများကို သုတ်လိုက်ပြီး ရက်စက်ကြမ်းကြုတ်မှုများ ပြည့်နှက်နေသော မျက်လုံးများဖြင့် မိုးကောင်းကင်ယံရှိ ခုန်းရှီကို လက်ညှိုးထိုးကာ ပြောဆိုလိုက်သည်။

"ငါ့မှာ ကံကြမ္မာပါလား မပါဘူးလားဆိုတာ မင်းပြောဖို့မလိုဘူး.....ကျိုးကျီလည်း ပြောဖို့မလိုဘူး.... ငါ ကိုယ်တိုင်ပဲ ပြောပိုင်ခွင့်ရှိတယ်"

ဘုန်း...

ပေါက်ကွဲသံနှင့်အတူ မင်းသားရှန်လင်း၏ နံဘေးပတ်ဝန်းကျင်ရှိ ရင်းမြစ်စွမ်းအင်များသည် လေဆင်နှာမောင်းတစ်ခုကဲ့သို့ ချက်ချင်း ဝဲပျံတက်လာပြီး နောက်ထပ်အချိန်တခဏတွင် ဆည်ကျိုးသကဲ့သို့ ပြိုကျလာသည်။

ရင်းမြစ်စွမ်းအင်များ တဝုန်းဝုန်းလည်ပတ်နေသဖြင့် ပတ်ဝန်းကျင်တွင်ရှိနေသော လူများအားလုံးမျက်နှာများ ဖြူဖျော့သွားကာ အလျင်အမြန် နောက်ဆုတ်လိုက်ကြ၏။

ရင်းမြစ်စွမ်းအင်များကို စုပ်ယူရုံဖြင့် လူများကို နောက်ဆုတ်သွားစေနိုင်ခြင်း...တိုက်ကွက်တစ်ခုပင် မထုတ်ရသေးဘဲ ဤမျှ ဖြစ်စေနိုင်ခြင်း...

သူတို့၏ရှေ့မှ ပုံရိပ်သည် အလွန်ကြောက်မက်ဖွယ်ကောင်းနေသည်။

"ဒါက... ရင်းမြစ်စွမ်းအင် လေဟာနယ်ပဲ"

"ဒီလိုလေဟာနယ်တစ်ခု ဖြစ်ပေါ်စေဖို့ ရင်းမြစ်စွမ်းအင်တွေ ဘယ်လောက်တောင် စုပ်ယူရမလဲ"

လူများအားလုံး ထိတ်လန့်တကြား အော်ဟစ်လိုက်ကြသည်။

ကျန်းရွှမ်က မော့ကြည့်လိုက်ရာ ပတ်ဝန်းကျင်ရှိ ရင်းမြစ်စွမ်းအင်များသည် အလွန်အမင်း စုပ်ယူခံရမှုကြောင့် လေဟာနယ်တစ်ခု ဖြစ်ပေါ်နေသည်ကို တွေ့လိုက်ရသည်။ ဤအခြေအနေသည် တခြားသူများအတွက် နှစ်ပေါင်းတစ်သောင်းလျှင်တစ်ကြိမ် ကြုံတွေ့ရခဲသော်လည်း သူကမူ မကြာခဏ မြင်တွေ့နေကျပင်။။

အကြောင်းအရင်းမှာ သူ ကျင့်ကြံသောအချိန်တိုင်း ဤသို့ ထပ်တူထပ်မျှ ဖြစ်ပေါ်လေ့ရှိသောကြောင့်ပင်။

ဘုန်း...

လူအုပ်ကြီး ထိတ်လန့်နေစဉ်တွင် မင်းသားရှန်လင်း၏စွမ်းအားသည် ဆက်လက်၍တိုးပွားလာပြီး မျက်စိတစ်မှိတ်အတွင်း ကြယ်စင်မြစ်နယ်ပယ် ဆဋ္ဌမအဆင့်၏အကန့်အသတ်ကို ကျော်ဖြတ်ကာ သတ္တမအဆင့်သို့ ရောက်ရှိသွားသည်။ သို့ရာတွင် ထိုဖြစ်စဥ်သည် ရပ်တန့်မည့် အရိပ်အယောင်မပြဘဲ လျင်မြန်စွာ ဆက်လက်၍တိုးတက်နေဆဲပင်။

"ဒါက ဘယ်လို စွမ်းအားမျိုးလဲ"

"မင်းသားရှန်လင်းက ကြယ်စင်မြစ်နယ်ပယ် သတ္တမအဆင့်ထက် ပိုပြီးအဆင့်မြင့်နေတာများလား"

တစ်စုံတစ်ခု မှားယွင်းနေကြောင်း လူများအားလုံး နားလည်သဘောပေါက်သွားပေ၏။

အကယ်၍ မင်းသားရှန်လင်းသည် စိတ်လှုပ်ရှားမှုကြောင့် ဆဋ္ဌမအဆင့် အကန့်အသတ်ကို ကျော်ဖြတ်သွားခြင်းသာ ဖြစ်ပါက သတ္တမအဆင့်တွင် ရပ်တန့်သွားသင့်သည်။ သို့ရာတွင် သူ၏ ရင်းမြစ်စွမ်းအင် စုပ်ယူမှုနှုန်းသည် လုံးလုံးလျားလျား လျော့ကျသွားခြင်း မရှိသဖြင့် သတ္တမအဆင့်သည် သူ၏အကန့်အသတ်နှင့် အလွန်အလှမ်းကွာဟနေကြောင်း ပြသနေသည်။

"တစ်ခုခုတော့ မှားနေပြီ"

ကျန်းရွှမ်က မျက်မှောင်ကြုတ်ပြီး တစ်စုံတစ်ခုပြောဆိုရန် ဟန်ပြင်လိုက်စဉ်တွင် ခုန်းရှီ၏ အသံသတင်းစကားက သူ၏နားထဲသို့ ဝင်ရောက်လာသည်။

"သူက ရှန်လင်း မဟုတ်ဘူး... တခြားတစ်ယောက်က ရုပ်ဖျက်ထားတာ ဖြစ်လောက်တယ်"

"ရုပ်ဖျက်ထားတာလား"

ကျန်းရွှမ်၏မျက်လုံးများ ကျဉ်းမြောင်းသွားသည်။

ဤသည်မှာ အမှန်ပင်။ သူကိုယ်တိုင် တခြားလူတစ်ယောက်အဖြစ် ရုပ်ဖျက်နိုင်လျှင် တခြားသူများလည်း သူ့အဖြစ် ရုပ်ဖျက်နိုင်ပေမည်။

သူ ကြားဖူးသလောက် မင်းသားရှန်လင်း အစစ်အမှန်သည် လွန်ခဲ့သော နှစ်နှစ်ဆယ်ခန့်က နာမည်ကျော်ကြားလာသည့် ထိပ်သီးပါရမီရှင်တစ်ဦးဖြစ်ပြီး ယန်ဆန်းရှစ်ဆန်းလောက် အရည်အချင်းမမြင့်မားသော်လည်း အလွန်ကွာခြားခြင်းမရှိပေ။

မည်သို့ပင်ဆိုစေကာမူ နှစ်နှစ်ဆယ်ကြာပြီးနောက် ကြယ်စင်မြစ်နယ်ပယ် ဆဋ္ဌမအဆင့် အထွတ်အထိပ်သို့ ရောက်ရှိခြင်းသည် သူ၏အကန့်အသတ်ပင်။ သူသည် မတော်တဆ သတ္တမအဆင့်သို့ ရောက်ရှိသွားလျှင်ပင် ဤမျှထိ ကျော်လွန်မသွားသင့်ချေ။

သို့ရာတွင် ယခုအချိန်၌ သူ၏ရှေ့မှလူသည် ကြယ်စင်မြစ်နယ်ပယ် သတ္တမအဆင့်သို့ ရောက်ရှိနေသည့်တိုင် စွမ်းအားမြင့်နက်လာမှုသည် လုံးလုံးလျားလျား ရပ်တန့်သွားခြင်း မရှိချေ။

"သူ စွမ်းအားအပြည့် ပြန်ရသွားရင် ငါတို့အားလုံး အသတ်ခံရလိမ့်မယ်..."

ခုန်းရှီသည်လည်း အစောပိုင်းက တည်ငြိမ်မှု များပျောက်ဆုံးသွားပြီး ဓားတစ်ချောင်းကို ဝှေ့ယမ်းသည့် လက်ဟန်သင်္ကေတမျိုး ပြုလုပ်ကာ သူ၏လက်ချောင်းများဖြင့် ညင်သာစွာ ညွှန်ပြလိုက်သည်။ ပုံထွင်းဓားငယ်လေးတစ်ချောင်းသည် ရုတ်တရက် လေဟာနယ်ထဲမှ ထွက်ပေါ်လာပြီး လေထုကို ထိုးခွင်းကာ ပျံသန်းသွားသည်။

သူသည် စုတ်တံဖြင့် စာရေးနိုင်သော်လည်း ဓားငယ်လေးဖြင့် ထွင်းထုခြင်းကို ပို၍ကျွမ်းကျင်သည်။ ဤကောင်းကင်ရတနာသည် သူ ရင်းမြစ်ကမ္ဘာသို့ ရောက်ရှိပြီးနောက် သွန်းလုပ်ခဲ့ခြင်းဖြစ်ပြီး အလွန်အစွမ်းထက်ပေ၏။ ထိုဓားငယ်လေး ရုတ်တရက် ထွက်ပေါ်လာပြီးနောက် အနက်ရောင်အလင်းတန်းအဖြစ် ပြောင်းလဲသွားကာ မျက်စိတစ်မှိတ်အတွင်းတွင် သေစေနိုင်သော တိုက်ကွက်တစ်ခု ဖြစ်ပေါ်လာသည်။

"ကောင်းကင်ဘုံသောက ဓားနည်းစနစ်"

ခုန်းရှီ၏စကား မှန်ကန်ကြောင်း သိသဖြင့် ကျန်းရွှမ်သည် တွန့်ဆုတ်မနေတော့ချေ။ အေးစက်ငရဲသည် လေထုကိုထိုးခွင်း၍ ထွက်ပေါ်လာပြီး ကောင်းကင်ဘုံသောကဓားနည်းစနစ်ကို မျက်စိတစ်မှိတ်အတွင်း အသက်သွင်းလိုက်ကာ အမြင့်ဆုံးအဆင့်ထိ တွန်းပို့လိုက်သည်။

အစောပိုင်းက အရင်းအမြစ်များ တောင်းခံခဲ့ခြင်းသည် သူသည် ရှန်လင်းကို လုံးလုံးလျားလျား ရန်စစော်ကားလိုက်ခြင်းပင်။ ဤလူသည် စွမ်းအားများပြန်လည်ရရှိပြီး ခုန်းရှီကို သတ်ဖြတ်ကာ ကောင်းကင်ကံကြမ္မာကို လုယူပြီးပါက ကျန်းရွှမ်ကိုလည်း သေချာပေါက် သတ်ဖြတ်ပေလိမ့်မည်။

သူတို့ အသက်ရှင်သန်ရန် တစ်ခုတည်းသော နည်းလမ်းမှာ လက်ဦးမှုယူ၍တိုက်ခိုက်ခြင်းပင်။ ဤသည်မှာ မြစ်ကို ဖြတ်ကူးနေစဉ် တိုက်ခိုက်ခြင်းနှင့် စမ်းချောင်း၏ရေစီးသန်သောနေရာတွင် တိုက်ခိုက်ခြင်းမျိုးတို့ဖြစ်သည်။

"မင်းတို့ တုံ့ပြန်ဖို့ နောက်ကျသွားပြီ"

ရှန်လင်းက သူ၏လက်ချောင်းများကို လှုပ်ခတ်လိုက်ရာ ကောင်းကင်ကံကြမ္မာ လော့ကျမ်းစာ တစ်ခုပေါ်လာပြီး မျက်စိတစ်မှိတ်အတွင်း ပေါက်ကွဲသွားကာ ကြီးမားသော အလင်းလွှာတစ်လွှာ ဖြစ်ပေါ်လာသည်။

ဒေါင်....ဒေါင်...

ဓားချီစွမ်းအင်နှင့် ပုံထွင်းဓားငယ်လေးတို့သည် ထိုအလင်းလွှားသို့ ကျရောက်သွားရာ သတ္တုချင်းရိုက်ခတ်သံများ ထွက်ပေါ်လာသည်။ ထိုအလင်းအကာအကွယ်သည် ကြေးနီနံရံများ သံမဏိတံတိုင်းများဖြင့် ပြုလုပ်ထားသည့်အလား ထွင်းဖောက်၍ မရနိုင်ပေ။

"ဒီလော့ကျမ်းစာရဲ့မီးတောက်က ငြိမ်းသေလုနီးပါး ဖြစ်နေပြီ....မီးတောက်ငြိမ်းသွားတာနဲ့ ငါ့ရဲ့စွမ်းအားတွေ ပြန်ပြည့်လာလိမ့်မယ်... အဲ့ဒီအချိန်ကျရင် မင်းတို့ရဲ့သေနေ့ ရောက်ပြီပဲ..."

မင်းသားရှန်လင်း၏မျက်လုံးများအတွင်းတွင် ရက်စက်ကြမ်းကြုတ်မှု အရိပ်အယောင်များ ထင်ဟပ်နေသည်။

တစ်ဖက်လူသည် အမှန်အတိုင်း ပြောနေကြောင်း သိထားသဖြင့် ကျန်းရွှမ်၏မျက်နှာ ဖြူဖျော့သွားသည်။ သူသည် ထပ်မံ၍ ထိန်ချန်ထားခြင်း ဖုံးကွယ်ထားခြင်း မပြုတော့ဘဲ သူ၏လက်ထဲမှဓားဖြင့် ဆက်တိုက် ထိုးစိုက်လိုက်ရာ မရေမတွက်နိုင်သော ဓားချီစွမ်းအင်များသည် ကြီးမားသော ဓားမိုးရေစက်များအဖြစ်သို့ ပြောင်းလဲသွားပေ၏။

ကမ္ဘာသစ်တွင် ကုန်းမြေအမြောက်အများ လောင်ကျွမ်းနေပြီး ဓားချီစွမ်းအင်များ ပို၍ပို၍ ထက်ရှလာသည်။ သို့ရာတွင် ထိုအရာများသည် အလင်းအကာအကွယ်ပေါ်သို့ ကျရောက်သွားချိန်၌ ရေပြင်ပေါ်သို့ မိုးစက်များ ကျသွားသည့်အလား ဂယက်ထရုံမျှသာ ရှိသည်။

အသုံးမဝင်ဘူး... အသုံးမဝင်သေးဘူး...

ကျန်းရွှမ်သည် ဆက်တိုက်တိုက်ခိုက်မှုများကို ဆယ်ကြိမ်ကျော်ပြုလုပ်ခဲ့ရာ ကြယ်စင်မြစ်နယ်ပယ် အဋ္ဌမအဆင့် ကျင့်ကြံသူတစ်ဦးပင် တောင့်ခံနိုင်မည် မဟုတ်သော်လည်း သူ၏ရှေ့မှ အလင်းအကာအကွယ်သည် ပျက်စီးမည့် အရိပ်အယောင် တစိုးတစိမျှ မရှိပေ။

ကျန်းရွှမ်သာမက ခုန်းရှီ၏ပုံထွင်းဓားငယ်လေးသည် အလင်းအကာအကွယ်ပေါ်သို့ ဆက်တိုက် ကျရောက်နေသော်လည်း အချိန်တဏအကြာတွင် သူ၏မျက်နှာအမူအယာ ပျက်ယွင်းစပြုလာသည်။

သူသည် ဒုတိယတန်းစား ကောင်းကင်ကံကြမ္မာကို ဆက်ခံရရှိထားလျှင်ပင် အပြည့်အဝသန့်စင်နိုင်ရန် အချိန်လိုအပ်ပြီး မအောင်မြင်မီတွင် သူ၏စွမ်းအားသည် များစွာတိုးတက်လာမည် မဟုတ်ပေ။

သူတို့သည် ဤကိစ္စကို တားဆီး၍ မရပါက တစ်ဖက်လူသည် စွမ်းအားအပြည့် ပြန်လည်ရရှိသည်နှင့် တပြိုင်နက်တည်း ခုန်းရှီသည် ကျိုးကျီ၏အသိအမှတ်ပြုမှုနှင့် ကောင်းကင်ကံကြမ္မာကို ရရှိထားလျှင်ပင် မအောင်မြင်မီ အသတ်ခံရပေလိမ့်မည်။

"သူက အသက်ပင်လယ်နယ်ပယ်က အစွမ်းထက်ပုဂ္ဂိုလ်တစ်ယောက် ဖြစ်နိုင်ခြေများတယ်"

ခုန်းရှီ၏အသံသတင်းစကားက ဆက်လက်၍ထွက်ပေါ်လာသည်။

"အသက်ပင်လယ်နယ်ပယ် ဟုတ်လား...."

ကျန်းရွှမ်က နားမလည်စွာဖြင့် ခုန်းရှီကို ကြည့်လိုက်သည်။

ခုန်းရှီက ခေါင်းညိတ်လိုက်၏။

"ရင်းမြစ်ရေအိုင်နယ်ပယ် ကြယ်စင်မြစ်နယ်ပယ် အသက်ပင်လယ်နယ်ပယ် ... ဒါတွေက ရင်းမြစ်ကမ္ဘာရဲ့ အဓိက ကျင့်ကြံဆင့်နယ်ပယ်ကြီးသုံးခုပဲ....အသက်ပင်လယ်နယ်ပယ်ကို ရောက်နေတဲ့သူ ဘယ်သူမဆို ကြယ်စင်မြစ်နယ်ပယ် နဝမအဆင့်ကို ကျော်ဖြတ်ပြီးသားပဲ..."

ကျန်းရွှမ်၏အမြင်အာရုံ မှောင်မည်းသွားသည်။

ဤမျှထိ အစွမ်းထက်သော ရန်သူနှင့် ရင်ဆိုင်ရလျှင် သူသည် ရွှမ်ကမ္ဘာတစ်ခုလုံးနှင့် ကမ္ဘာသစ်ကို မီးရှို့လိုက်လျှင်တောင် သူ အနိုင်ရရန် အခွင့်အရေး ရှိမည်မဟုတ်ပေ။

"ဒုတိယတန်းစား ကောင်းကင်ကံကြမ္မာက အရမ်း အစွမ်းထက်တယ်.... အဲဒါကို ရဖို့ဆိုရင် ကပ်ဘေးတွေကို ဖြတ်ကျော်ရလိမ့်မယ်... အသက်အန္တရာယ်ရှိတဲ့ စိန်ခေါ်မှုအမျိုးမျိုးနဲ့ ကြုံတွေ့ရမှာ သေချာတယ်... ဒါကို လူသားကပ်ဘေးလို့ ခေါ်လေ့ရှိတယ်...တစ်နည်းပြောရရင် ဒါက ကောင်းကင်ကံကြမ္မာအတွက် တိုက်ပွဲပဲ... ကောင်းကင်ကံကြမ္မာ အားကောင်းလေလေ တိုက်ပွဲက ပိုပြီးပြင်းထန်လေလေပဲ... ဒါက ငါ မဖြစ်မနေ ကြုံတွေ့ရမယ့် စမ်းသပ်မှုတစ်ခုပဲ"

ခုန်းရှီက ခေါင်းခါယမ်းလိုက်သည်။

ကျန်းရွှမ်သည် တိတ်ဆိတ်ငြိမ်သက်နေပေ၏။

သူသည် ထိုကဲ့သို့ကိစ္စမျိုးပါဝင်သည့် စာအုပ်များကို ဖတ်ခဲ့ဖူးသည်။ ဤသည်မှာ ကောင်းကင်ကံကြမ္မာ ပို၍အစွမ်းထက်လေလေ ပြိုင်ဘက် ပို၍များပြားလေလေပင်။ ထိုကံကြကို အပြည့်အဝသန့်စင်ပြီး အောင်မြင်စွာ ကျင့်ကြံနိုင်ရန် ပို၍ကြီးမားသော အခွင့်အရေးနှင့်ကံတရားလိုအပ်သည်။

ထို့ကြောင့် စစ်မှန်သော အစွမ်းထက်ပုဂ္ဂိုလ် ဖြစ်လာရန် ကံကြမ္မာသည် အလွန်အရေးပါပေ၏။

လူတစ်ယောက်၏ကံကြမ္မာတွင် အခွင့်အလမ်း မရှိပါက မည်မျှပင် ကြိုးစားလုပ်ကိုင်ပါစေ အချည်းနှီးသာ ဖြစ်ပေမည်။

လူတစ်ယောက်ထံတွင် အခွင့်အလမ်းရှိပြီး ကြိုးစားအားထုတ်မှုနှင့် ပေါင်းစပ်လိုက်ပါက အောင်မြင်မှုသည် အလိုအလျောက် ရောက်ရှိလာပေမည်။

ယခုချိန်၌ ရှန်လင်း ထွက်ပေါ်လာခြင်းသည် ကောင်းကင်ကံကြမ္မာအတွက် တိုက်ပွဲနှင့် ဆက်နွှယ်နေသဖြင့် သူ၏စွမ်းအားသည် ရိုးရှင်းသော ကြယ်စင်မြစ်နယ်ပယ်အဆင့်မျှသာ ဖြစ်မည်မဟုတ်ချေ။ အမှန်တကယ်ကိုပင် သူသည် အသက်ပင်လယ်နယ်ပယ် ကျင့်ကြံသူတစ်ယောက် ဖြစ်နိုင်ခြေရှိသည်။

ဤအရာသည် ခုန်းရှီ ဆုံးဖြတ်နိုင်သော အရာမဟုတ်ဘဲ ကောင်းကင်ကံကြမ္မာ ဆက်ခံခြင်း အတွင်းရှိ စမ်းသပ်မှုတစ်ခု ဖြစ်သဖြင့် ရှောင်လွှဲ၍ မရနိုင်ပေ။

"သူက တကယ်ပဲ အသက်ပင်လယ်နယ်ပယ် ကျင့်ကြံဆင့်ရှိတဲ့ အစွမ်းထက်ပုဂ္ဂိုလ်တစ်ယောက်ဖြစ်ပြီးတော့....သူ့ကို စွမ်းအားအပြည့်အဝ ရရှိနိုင်ခွင့်ကို ပေးလိုက်မယ်ဆိုရင် ငါတို့မှာ အနိုင်ရမယ့် အခွင့်အရေး ရှိမှာ မဟုတ်ဘူး... သူ ပြန်ကောင်းမလာခင် ကောင်းကင်ကံကြမ္မာ လော့ကျမ်းစာကို ဖျက်ဆီးပြီး သူ့ကို သတ်မှ ရမယ်"

ခုန်းရှီက ပြောဆိုသည်။

"ဒါပေမဲ့... ဒီကောင်းကင်ကံကြမ္မာ လော့ကျမ်းစာက အရမ်းခိုင်ခံမာကျောတယ်...ငါတို့ရဲ့ လက်ရှိစွမ်းအားနဲ့ဆိုရင် ဘယ်လိုမှရဖျက်ဆီးလို့ မရနိုင်ဘူး....ငါတို့ရဲ့စွမ်းအားကလည်း ကြယ်စင်မြစ်နယ်ပယ်ကို မကျော်ဖြတ်နိုင်သရွေ့ ဒါက မဖြစ်နိုင်ဘူး..."

ကျန်းရွှမ်က ခါးသည်းစွာ ပြုံးလိုက်၏။

သူသည် အလွန်လျင်မြန်စွာ တိုးတက်နေသော်လည်း ကြယ်စင်မြစ်နယ်ပယ် သတ္တမအဆင့်ကို ချိုးဖျက်ဝင်ရောက်ရန် မလွယ်ကူသဖြင့် နဝမအဆင့်ဆိုပါက ဆိုဖွယ်ရာပင် မရှိတော့ချေ။

ဆိုလိုသည်မှာ အချိန်တိုအတွင်းတွင် သူသည် အသက်ပင်လယ်နယ်ပယ်သို့ တက်လှမ်းရန်မှာ မဖြစ်နိုင်သလောက်ပင်။ ထို့ကြောင့် အလင်းလွှာကို ဖောက်ထွင်းပြီး တစ်ဖက်လူကို သတ်ဖြတ်ရန်သည် သူ့အတွက် စိတ်ကူးယဉ်အိပ်မက်တစ်ခုနှင့် တူညီနေသည်။

"အမှန်ပဲ... ဒီ ကောင်းကင်ကံကြမ္မာကို ဆက်ခံဖို့ ငါ့အတွက်လည်း ခက်ခဲပုံရတယ်..."

ခုန်းရှီက ခေါင်းခါယမ်းလိုက်သည်။

သူ ဤနေရာသို့ ဝင်ရောက်လာသည်မှာ နှစ်လရှိနေလေပြီ။ သူသည် စည်းမျဉ်းများကို နားလည်သဘောပေါက်ပြီး ထုံးတမ်းစဥ်လာကောင်းကင်ကံကြမ္မာကို ဆုပ်ကိုင်နိုင်ကာ ကျိုးကျီအသိအမှတ်ပြုမှုကို ရရှိခဲ့ပေ၏။ အကယ်၍ နောက်ဆုံးအခိုက်အတန့်တွင် သူ မအောင်မြင်ပါက သူ၏စိတ်နှလုံးသားအပေါ် ကြီးမားသော ထိုးနှက်ချက်တစ်ခု ဖြစ်စေပေလိမ့်မည်။

သို့ရာတွင် ဤသည်မှာ ဤကံကြမ္မာကိုဆက်ခံရန် မဖြစ်မနေပြုလုပ်ရမည့် လိုအပ်ချက်တစ်ခုပင်။ သူတို့၏အခြေခံအုတ်မြစ်များသည် အလွန်အားနည်းနေသဖြင့် အစစ်အမှန်အစွမ်းထက်ပုဂ္ဂိုလ်နှင့် ရင်ဆိုင်ရချိန်၌ ခုခံရန် နည်းလမ်းမရှိပေ။

"ခဏလေး... ငါတို့ရဲ့ရည်မှန်းချက်က သူ့ကို သတ်ဖို့ပဲ....ငါတို့ရဲ့ကျင့်ကြံဆင့်တွေကို ချိုးဖျက်လို့ မရရင် သူ့ရဲ့စွမ်းအားတွေ ပြန်မကောင်းလာအောင် တားဆီးနိုင်မယ့် နည်းလမ်းကို ရှာရုံပဲ မဟုတ်လား"

ကျန်းရွှမ်က ရုတ်တရက် တစ်စုံတစ်ခုကို တွေးတောမိသွားပြီး ပြောဆိုလိုက်သည်။

All Chapters