← Chapters

ပျော်ရွှင်မှု ရောက်ရှိလာခြင်း

Vol. 30 Ch. 357

ပျော်ရွှင်မှု ရောက်ရှိလာခြင်း

Vol. 30 Ch. 357

"ခုန်းရှီ... မင်း ဘာတွေလုပ်နေတာလဲ"

လူအများကြားတွင် သဘောတူညီချက် တဖြည်းဖြည်း ရရှိလာသည်နှင့်အမျှ ကျန်းရွှမ်၏မျက်မှောင်ကြုတ်ထားမှု ပို၍တင်းကြပ်လာသည်။

ကြေးနီမီးပြင်းဖိုကြီးလေးခုသည် လူတစ်ယောက်တည်းထံသို့ စုစည်း၍ ရောက်ရှိသွားပါက ထိုလူသည် အမွေအနှစ်ကို လက်ခံရရှိနိုင်မည်ဖြစ်ကြောင်း ကျိုးကျီချန်ထားခဲ့သော စကားများအရ သိခဲ့ရသည်။ သူသည် ထုံးတမ်းစဥ်လာကောင်းကင်ကံကြမ္မာကို ဖန်တီးခဲ့သူဖြစ်သဖြင့် ထုံးတမ်းစဥ်လာများကို လိုက်နာမည်ဖြစ်ရာ ကတိဖျက်မည် မဟုတ်ပေ။

ဆိုလိုသည်မှာ ကြေးနီမီးပြင်းဖိုကြီးများအားလုံး စုစည်းသွားသည်နှင့် ခုန်းရှီထံ၌ ယခင်က အားသာချက်များ ရှိခဲ့လျှင်ပင် ယခုချိန်၌ ထိုအရာများအားလုံး ပျက်ပြယ်သွားပေလိမ့်မည်။

သို့ရာတွင် မည်သည်ကြောင့် ယခုခုချိန်ထိ သူ ထွက်ပေါ်မလာသေးသနည်း...

မည်သည်ကြောင့် သူ့ကို ဆက်သွယ်၍ပင် မရသနည်း...

ဤသည်မှာ ခုန်းရှီသည် လေထဲတွင် ပျောက်ကွယ်သွားသလိုမျိုး ဖြစ်နေပေ၏။

သူ စဉ်းစားလေလေ ပို၍ထူးဆန်းလေလေ ဖြစ်နေသဖြင့် အထက်သို့ မော့ကြည့်လိုက်သည်။

ထိုအချိန်မှာပင် လူများအားလုံး၏စိတ်များ စတင်၍ယိမ်းယိုင်နေကြပြီး အချိန်ကိုက် ဖြစ်သည်ကို မြင်တွေ့သဖြင့် ရှန်လင်းက ရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်သည်။

"အားလုံးပဲ...ငါက အရည်အချင်း မရှိပေမယ့် ဒီကံကြမ္မာကို ဆက်ခံတဲ့သူ ဖြစ်ချင်ပါတယ်...အခုအချိန်ထိ ငါက ကြေးနီမီးပြင်းဖိုကြီးနှစ်ခုကို ရရှိထားပြီးပြီ...တကယ်လို့ မင်းတို့ကသာ ကျန်တဲ့ ကြေးနီမီးပြင်းဖိုကြီးနှစ်ခုကို ငါ့ဆီ ပေးမယ်ဆိုရင်....ငါ ရှန်လင်း ဒီနေရာက ကံကြမ္မာကို တိုင်တည်ပြီး ကျိန်ဆိုပါတယ်"

"ပထမအချက်က လျော်ကြေးအနေနဲ့ မင်းတို့အားလုံးကို လုံလောက်တဲ့ အရင်းအမြစ်တွေ ပေးပါ့မယ်...အခု မလုံလောက်ရင်တောင် ကျိုးယီမြို့ကို ပြန်ရောက်တာနဲ့ ဘယ်သူမှ မနစ်နာစေရအောင် ငါက အစားပြန်ပေးပါမယ်"

"ဒုတိယအချက်ကတော့ ငါက ထုံးတမ်းစဥ်လာကောင်းကင်ကံကြမ္မာကို အပြည့်အဝ နားလည်သဘောပေါက်သွားတာနဲ့ တပည့်ရင်းတွေကို လက်ခံပါမယ်...မင်းတို့ထဲက ဆန္ဒရှိတဲ့သူ ဘယ်သူမဆို ငါ့ရဲ့တပည့် ဖြစ်လာဖို့ အခွင့်အရေး ရှိတယ်..."

"မင်းတို့က ငါ့ရဲ့အကျင့်စာရိတ္တကို ယုံကြည်ကြမယ်လို့ ငါ ထင်တယ်...မင်းတို့ ဘယ်လို ဆုံးဖြတ်မလဲဆိုတာ စဉ်းစားဖို့အတွက် ငါ အချိန်ပေးပါ့မယ်"

"ဒါက..."

သူ၏ အာမခံချက်နှင့်စကားများကို ကြားပြီးနောက် လူများအားလုံး၏စိတ်နှလုံးသားများ တုန်ရီသွားသည်။

သုံးရက်တာကာလအတွင်း၌ ဤနေရာရှိ လူများအားလုံးသည် ကြေးနီမီးပြင်းဖိုကြီးများကို စေ့စပ်သေချာစွာ စစ်ဆေးခဲ့ကြပြီး ထုံးတမ်းစဥ်လာကောင်းကင်ကံကြမ္မာကို လေ့လာဆင်ခြင်ခဲ့ကြ၏။ ကံမကောင်းစွာဖြင့် သူတို့သည် မည်သည့်အရာကိုမျှ နားလည်သဘောပေါက်နိုင်ခြင်း မရှိချေ။ ဆိုလိုသည်မှာ သူတို့သည် မူလကတည်းက ဤဒုတိယတန်းစား ကောင်းကင်ကံကြမ္မာကိုရရှိရန် ကံပါမလာခြင်းပင်။

ထိုကဲ့သို့ ကိစ္စမျိုးရှိနေသဖြင့် မင်းသားရှန်လင်း၏တောင်းဆိုမှုကို လိုက်လျောလိုက်သည်က အကျိုးကျေးဇူး ပိုများသည်မှာ သိသာထင်ရှားသည်။

အမှန်အားဖြင့် လူများအားလုံး မနစ်နာစေရဟု သူ အာမခံနိုင်သည်မှာ အမှန်ပင်။ ထို့ပြင် သူသည် သူတို့ကို တပည့်ရင်းများအဖြစ် လက်ခံပြီးနောက် သူတို့သည် ဒုတိယတန်းစား ကောင်းကင်ကံကြမ္မာ၏တစ်စိတ်တစ်ပိုင်းကို မျှဝေခံစားခွင့် ရရှိနိုင်သည်မှာလည်း အမှန်ဖြစ်ပေ၏။

ဤကဲ့သို့ကံကြမ္မာမျိုးကို ထိန်းချုပ်သူ၏တပည့်ရင်းများဖြစ်လာပါက သူတို့၏အနာဂတ် အောင်မြင်မှုများ ပို၍အားကောင်းလာပြီး လက်ရှိအခြေအနေထက် များစွာပို၍သာလွန်သွားမည်ကို ထည့်ပြောနေရန်ပင် မလိုတော့ချေ။

"ဒါက ဖြစ်နိုင်မယ်လို့ ငါထင်တယ်.."

"ငါလည်း မင်းသားရှန်လင်းကို ယုံတယ်"

လူအုပ်အကြားမှနေ၍ ထောက်ခံသောအသံများ စတင်၍ထွက်ပေါ်လာပြီး အချိန်ကြာလာသည်နှင့်အမျှ ဤစိတ်ယိမ်းယိုင်မှုသည် ကပ်ရောဂါပိုးကဲ့သို့ ပျံ့နှံ့သွားတော့သည်။

"ငါ သဘောမတူဘူး..."

ထိုအချိန်မှာပင် ကန့်ကွက်သံတစ်သံ ထွက်ပေါ်လာသဖြင့် လူများအားလုံးက လှည့်ကြည့်လိုက်ကြရာ မိုပိုင်ယဲ့ ရှေ့ထွက်လာသည်ကို မြင်တွေ့လိုက်ရသည်။

"ဂိုဏ်းချုပ်မိုက ဘာပြောချင်လို့လဲ"

ရှန်လင်းက အံ့အားသင့်ပုံမရဘဲ အပြုံးနှင့် မိုပိုင်ယဲ့ကို ကြည့်လိုက်၏။

"ဒါက ရိုးရှင်းပါတယ်...ငါက မင်းရဲ့လျော်ကြေးကို မလိုချင်ဘူး..မင်းရဲ့ တပည့်လည်း မဖြစ်ချင်ဘူး...ငါ့မှာ တောင်းဆိုချက်တစ်ခုပဲ ရှိတယ်... ဒါက တရားမျှတတဲ့ ယှဉ်ပြိုင်မှုတစ်ခုပဲ...မင်းဘက်က တစ်ယောက်ယောက်က ငါတို့ဘက်က ရွေးချယ်ထားတဲ့လူကို အနိုင်ယူနိုင်ရင် ငါ့ရဲ့ကြေးနီမီးပြင်းဖို မင်းကို ပေးမယ်... ငါတို့ဘက်က နိုင်ရင် မင်းရဲ့ကြေးနီမီးပြင်းဖိုနှစ်ခုကို ငါ ယူမယ်...မင်း သဘောတူလား"

မိုပိုင်ယဲ့က လက်ဝှေ့ယမ်းလိုက်သည်။

"မင်းက သိုင်းပညာယှဉ်ပြိုင်ချင်တာလို့ ပြောတာလား"

ရှန်လင်းက ပေါ့ပေါ့ပါးပါး အော်ဟစ်ရယ်မောလိုက်သည်။

"ဟမ့်...သေချာတာပေါ့"

မိုပိုင်ယဲ့က ရှန်လင်းကို ကြည့်ပြီး အေးစက်စက် နှာမှုတ်လိုက်၏။

"မင်း ယှဥ်ရဲလား...မယှဥ်ရဲဘူးလား"

ရှန်လင်းက သူ၏ရန်စမှုကို လက်မခံဘဲ အပြုံးနှင့် စူးစိုက်ကြည့်နေသည်။

"ငါတို့အားလုံးက ကျင့်ကြံသူတွေပဲ...ငါတို့ရဲ့စွမ်းအားကို အားကိုးပြီးတော့ သက်သေပြတာက ဘာမှ မမှားပါဘူး.....ဒါပေမဲ့ ငါ တစ်ခုလောက် မေးချင်တယ်...သိုင်းပညာ ယှဉ်ပြိုင်မယ်ဆိုတာ မင်းနဲ့ငါ တိုက်ခိုက်တာကို ပြောတာလား.....ဒါမှမဟုတ် မင်းက တုရှင်းယွီကို လွှတ်ပြီး တိုက်ခိုက်ဖို့ကို အကြံပြုတာလား"

မိုပိုင်ယဲ့က မျက်မှောင်ကြုတ်လိုက်သည်။

"ဘာကွာခြားလို့လဲ"

ရှန်လင်းက တုံ့ပြန်ပြောဆိုသည်။

"ဒါက အများကြီး ကွာခြားတာပေါ့...မင်းက တုရှင်းယွီကို လွှတ်မယ်ဆိုရင် ငါတို့က ကြယ်စင်မြစ်နယ်ပယ် ဆဋ္ဌမအဆင့် ကျင့်ကြံသူဆယ်ယောက်ကို လွှတ်ပြီးတော့ သူ့ကို သေတဲ့အထိ တိုက်ခိုက်ခိုင်းမယ်... ဒါပေမဲ့ မင်းကိုယ်တိုင် ထွက်လာမယ်ဆိုရင်တော့ မင်းနဲ့ယှဉ်ပြိုင်ဖို့ ငါတကယ်ကို ဆန္ဒရှိပါတယ်"

"ဘာလို့ အစ်ကိုတုနဲ့ ယှဉ်ပြိုင်ရမယ်ဆိုရင် လူဆယ်ယောက်ကို စေလွှတ်မှာလဲ"

မိုပိုင်ယဲ့၏မျက်နှာ ဖြူဖျော့သွားသည်။

သူသာမက တုရှင်းယွီသည်လည်း ပြောစရာစကားမဲ့သွားသည်။ ဤသည်မှာ ဗြောင်ကျကျ အနိုင်ကျင့်ခြင်း မဟုတ်လော...။

လူတစ်ယောက်ကို အုပ်စုလိုက် ဝိုင်း၍တိုက်ခိုက်သည်မှာ သိုင်းပညာယှဉ်ပြိုင်ခြင်း မဟုတ်တော့ဘဲ လူအင်အားနှင့် အနိုင်ကျင့်သကဲ့သို့ ဖြစ်သွားလေပြီ။

ရှန်လင်းက ခပ်ဖျော့ဖျော့အပြုံးဖြင့် တုံ့ပြန်အဖြေပေးသည်။

"ဘာလို့လဲဆိုတော့ ငါက အဲ့ဒီလိုလုပ်ဖို့ဆန္ဒရှိလို့လေ"

"မင်း သဘောတူတူ မတူတူ..ငါတို့က အတင်းအကြပ် လုယူလိုက်ရုံပဲ...မင်းရဲ့အစ်ကိုတုက သန်မာအားကောင်းပေမယ့် ငါတို့ဘက်က လူတွေအများကြီးကို ရင်ဆိုင်ရရင် တောင့်ခံနိုင်ပါ့မလားဆိုတာ ငါ စိုးရိမ်မိတယ်....ပြီးတော့ နောက်တစ်ချက်က..."

ဤအချိန်တွင် ရှန်လင်းက လူအုပ်ကြီးကို ဝေ့ဝိုက်၍ ကြည့်လိုက်၏။

"မင်းတို့ထဲက ဘယ်သူကများ ငါ့အစား မိုပိုင်ယဲ့တို့အဖွဲ့ကို တိုက်ခိုက်ချင်လဲ...ငါက အမွေအနှစ်ကို ရရှိပြီးတာနဲ့ အဲ့ဒီလူကို တပည့်အဖြစ် ဦးစားပေးသတ်မှတ်ပြီးတော့ အမွေအနှစ်ရဲ့ အရေးကြီးဆုံး အစိတ်အပိုင်းတွေကို လက်ဆင့်ကမ်းသင်ကြားပေးမယ်"

"ငါ သဘောတူတယ်..."

"ငါလည်း အတူတူပဲ..."

"ငါ အဲ့ဒီအရူးကောင်ကို ကြည့်မရတာ ကြာပြီ.... သူ့မှာ သာမန်စွမ်းအားလောက်ပဲ ရှိပြီးတော့ သူက အမြဲတမ်း ပြဿနာရှာနေတယ်..."

"အထူးသဖြင့် ဟိုတုရှင်းယွီဆိုတဲ့ကောင်ပဲ...ဓားတစ်သောင်းမဟာမိတ်အဖွဲ့ကဆိုပြီးတော့ အရမ်းကိုမြောက်ကြွကြွဖြစ်နေတာ..."

ရုတ်ချည်းဆိုသလိုပင် လူအုပ်အကြားမှ လူနှစ်ဆယ် သုံးဆယ်ခန့်က အော်ဟစ်လိုက်ကြသည်။ ဤလူများအနက် ယခင်က မိုပိုင်ယဲ့ကို ငွေချေးထားခဲ့သူများလည်း ပါဝင်ပေ၏။

"မင်းတို့..."

ဤကဲ့သို့ အလှည့်အပြောင်းမျိုး ဖြစ်လာမည်ဟု တွေးထင်မထားခဲ့သော မိုပိုင်ယဲ့၏မျက်နှာ ဖြူဖျော့သွားသည်။

"မင်းသားရှန်က မဆိုးဘူးပဲ...သူ့နဲ့ယှဉ်ရင် မိုပိုင်ယဲ့က ဘာမှမဟုတ်ဘူး..."

ကျန်းရွှမ်က ကူကယ်ရာမဲ့စွာဖြင့် ခေါင်းခါယမ်းလိုက်သည်။

ဤရှန်လင်းသည် အလွန်ကောက်ကျစ်ရုံသာမက သူ၏နည်းလမ်းများသည် အလွန်ပြင်းထန်ပုံမရသော်လည်း စကားလုံးအနည်းငယ်ဖြင့် သူ၏ပြိုင်ဘက်ဖြစ်သော မိုပိုင်ယဲ့ကို အကြပ်ရိုက်အောင် လုပ်နိုင်ခဲ့သည်။

တုရှင်းယွီ၏အကူအညီသာ မရှိပါက ရှန်လင်းကို ယှဉ်ပြိုင်ရန် မိုပိုင်ယဲ့ထံတွင် မည်သည့်အားသာချက်မျှ မရှိချေ။

အမှန်အားဖြင့် ရွေးချယ်မှုသည် မိုပိုင်ယဲ့ကိုယ်တိုင် ပြုလုပ်ရမည့် ကိစ္စပင်။ သို့ရာတွင် မည်သို့ပင်ဆိုစေကာမူ ဤကိစ္စတွင် တစ်ဖက်လူအတွက် အားသာချက် ဖြစ်လာရန် ကံကြမ္မာပါလာသည့်အလားပင်။ ဤရှန်လင်းသည် မိုပိုင်ယဲ့ကို ကောင်းကောင်းကြီး ကစားသွားခဲ့လေပြီ။

ဝှစ်.....

သူ စဉ်းစားနေစဉ်မှာပင် ကျင့်ကြံသူအမြောက်အများသည် မိုပိုင်ယဲ့ကို အလယ်တွင်ထား၍ ဝိုင်းရံထားကြပြီးဖြစ်သည်။ သူတို့တစ်ယောက်ချင်းစီ၏ စွမ်းအားများ မြင့်တက်လာပြီး သူတို့၏အရှိန်အဝါများသည် နဂါးများကဲ့သို့ ကြီးကျယ်ခမ်းနားနေသည်။

"မင်းတို့က ဘာလုပ်ကြမလို့လဲ"

မိုပိုင်ယဲ့ ဟန်လုပ်၍တင်းခံနေသော်လည်း အမှန်အားဖြင့် သူ ထိတ်လန့်ကြောက်ရွံ့နေပေ၏။

"ငါက မိုတောက်ဂိုဏ်းရဲ့ဂိုဏ်းချုပ်...ဓားတစ်သောင်းမဟာမိတ်အဖွဲ့ရဲ့ အဖွဲ့ဝင်တစ်ယောက်ပဲ... မင်းတို့က ငါ့ကို လက်ဖျားနဲ့ထိရဲရင် မင်းတို့ သေရမှာကို မကြောက်ကြဘူးလား"

"သေမှာကို ကြောက်ရမှာလား.... ဓားတစ်သောင်းမဟာမိတ်အဖွဲ့က ဘယ်လောက်ပဲ သန်မာအားကောင်းနေပါစေ တတိယတန်းစား ကံကြမ္မာကိုပိုင်ဆိုင်တဲ့ အင်အားစုပဲ...ထုံးတမ်းစဥ်လာ ကောင်းကင်ကံကြမ္မာကတော့ ဒုတိယတန်းစားအဆင့်မှာ ရှိနေတယ်"

"အမှန်ပဲ....မင်းလို အရေးမပါတဲ့ ကောင်တစ်ယောက်အတွက်နဲ့ ဓားတစ်သောင်းမဟာမိတ်အဖွဲ့က ကြောက်စရာကောင်းတဲ့ ဒုတိယတန်းစားကံကြမ္မာပိုင်ရှင်ကို ရန်စစော်ကားမယ်လို့ မင်း တကယ်ကြီး တွေးထင်ထားတာလား"

လူအများက အေးစက်စက်အသံများဖြင့် လှောင်ပြောင်သရော်လိုက်ကြသည်။

မိုပိုင်ယဲ့သည် သူ၏လက်သီးကို တင်းတင်းကြပ်ကြပ်ဆုပ်လိုက်၏။

အမှန်တကယ်ကိုပင် သူသည် ဓားတစ်သောင်းမဟာမိတ်အဖွဲ့၏အဖွဲ့ဝင်တစ်ဦးသာဖြစ်ပြီး မဟာမိတ်ခေါင်းဆောင်၏တပည့်ရင်း မဟုတ်ချေ။ မဟာမိတ်အဖွဲ့အနေဖြင့် သူ့ကဲ့သို့လူတစ်ယောက်အတွက် သူတို့ထက် ပို၍သန်မာသော ကံကြမ္မာတစ်ခုကို မည်သည်ကြောင့် ရန်စစော်ကားရဲမည်နည်း။

ကံကြမ္မာများအကြားတွင် တင်းကျပ်သော အဆင့်အတန်းခွဲခြားမှု ရှိသည်။ အဆင့်နိမ့်သူများသည် အဆင့်မြင့်သူများ ဖြစ်လာရန် အခွင့်အရေး ရှိသော်လည်း အဆင့်မြင့်သူများကို မည်သည့်နည်းနှင့်မျှ မစော်ကားရဲချေ။ ဤသည်မှာ သံမဏိကဲ့သို့ ခိုင်မာသော စည်းမျဉ်းပင်။

"မင်းတို့အားလုံးက အခွင့်အရေးရဖို့အတွက် ရှန်လင်းရဲ့ရှေ့မှာ မျက်နှာလိုမျက်နှာရ လုပ်ချင်နေကြတယ်ဆိုတာ ငါ သိတယ်...ဒါပေမဲ့ ငါ မိုပိုင်ယဲ့ကတော့ ဘယ်သူ့ရဲ့ နင်းချေမှုကိုမှ လက်ခံမှာ မဟုတ်ဘူး"

လူများ တဖြည်းဖြည်း နီးကပ်လာပြီး အချိန်မရွေး တိုက်ခိုက်တော့မည်ကို မြင်တွေ့ချိန်၌ မိုပိုင်ယဲ့က တစ်စုံတစ်ခုကို သူ ပြောဆိုမှရတော့မည်အား သိရှိသွားသည်။ ထို့ကြောင့် သူသည် အံ့တင်းတင်းကြိတ်ပြီး အော်ဟစ်လိုက်၏။

"ငါ့မှာ ကြယ်စင်မြစ်နယ်ပယ် ဆဋ္ဌမအဆင့် အထွတ်အထိပ်စွမ်းအားပဲ ရှိပေမယ့်..ငါ အစွမ်းကုန်သုံးပြီးတော့ တန်ပြန်တိုက်ခိုက်ရင် လူနည်းနည်းလောက်ကို အလွယ်လေး သတ်ပစ်နိုင်တယ်... ဒါကြောင့် ဘယ်သူမဆို သေချင်ရင် ငါ့ဆီကို ဝင်လာခဲ့ကြစမ်း"

"ဒါက..."

သူ၏စကားကို ကြားချိန်တွင် လူများအားလုံး တိတ်ဆိတ်ငြိမ်သက်သွားကြသည်။

မိုတောက်ဂိုဏ်းသည် သတ်ဖြတ်ခြင်း၌ ထူးချွန်ပြီး တစ်ဦးချင်းတိုက်ခိုက်သော ကံကြမ္မာများကြားတွင်ပင် အဆင့်မြင့်မားသည်။ အကယ်၍ သူတို့သည် သူ့ကို အမှန်တကယ်တိုက်ခိုက်လျှင် သူ့ကို သတ်နိုင်မည် ဖြစ်သော်လည်း သူတို့အဖွဲ့ထဲမှ လူတချို့သည်လည်း သေဆုံးသွားနိုင်ခြေ အလွန်များသည်။

တခြားသူ၏အကျိုးအတွက် ကိုယ့်အသက်ကို ပေးရမည့် အလုပ်မျိုးကို မည်သူမျှ မလုပ်လိုကြချေ။

"ငါ အခု လူတစ်ယောက်ကိုပဲ သတ်ချင်တယ်... မင်းတို့ ငါ့ကို သူ့ကို သတ်ခွင့်ပြုရင် ဒီကြေးနီမီးပြင်းဖိုကြီး မင်းတို့ကို ပေးမယ်... ဘယ်လိုသဘောရလဲ"

လူအများ တွန့်ဆုတ်သွားသည်ကို မြင်လိုက်ရသဖြင့် မိုပိုင်ယဲ့က သက်ပြင်းချလိုက်ပြီး ပတ်ဝန်းကျင်ကိုကြည့်ကာ အော်ဟစ်လိုက်သည်၊။

“ကျန်းရွှမ်... ဒီလောက် လူတွေအများကြီးရဲ့ရှေ့မှာ မင်း ငါနဲ့ ယှဉ်ပြိုင်ရဲလား"

"...."

ကျန်းရွှမ် ကြက်သေသေသွားသည်။

ပျော်ရွှင်မှုသည် အမှန်တကယ်ကို ဤမျှထိ လွယ်လင့်တကူ ရောက်ရှိလာနိုင်သလော...

All Chapters