← Chapters

ရှစ်ယွမ်ကျင်းကို သတ်ဖြတ်ခြင်း

Vol. 30 Ch. 359

ရှစ်ယွမ်ကျင်းကို သတ်ဖြတ်ခြင်း

Vol. 30 Ch. 359

"စိတ်ဝင်စားစရာပဲ"

ကျန်းရွှမ်က ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။

တခြားလူများအတွက်မူ ကြယ်စင်မြစ်နယ်ပယ် သတ္တမအဆင့်သည် ကြောက်မက်ဖွယ်ကောင်းပုံ ပေါက်နေသော်လည်း သူ၏မျက်လုံးထဲတွင်မူ သာမန်မျှသာဖြစ်သည်။

မိုပိုင်ယဲ့ တိုက်ခိုက်ရဲသည်ဆိုလျှင် နောက်ကွယ်တွင် ပို၍အားကောင်းသော စွမ်းအားတစ်ရပ် ရှိနေရမည်ဟု သူ တွေးထင်ထားခဲ့သည်။ မိုပိုင်ယဲ့သည် ဤမျှထိ ရှုပ်ထွေးအောင် ပြုလုပ်ပြီးနောက် သူ၏နောက်ကွယ်ရှိ စွမ်းအားသည် ဤမျှသာ ဖြစ်နေသလော။

ရုတ်ချည်းဆိုသလိုပင် ကျန်းရွှမ်၏စိတ်ဝင်စားမှုများ ပျောက်ဆုံးသွားသည်။ သူသည် သူ၏လက်ကို ပြင်းပြင်းထန်ထန် ဝှေ့ယမ်းလိုက်ရာ ဓားချီတစ်လှိုင်း ချက်ချင်းပျံ့လွင့်လာသည်။ ထိုဓားချီသည် ကြယ်ပျံတစ်စင်းအလား လေထုကို ထွင်းဖောက်သွားကာ မိုပိုင်ယဲ့ ထုတ်လွှတ်လိုက်သော ဓားချီကို မျက်တောင်တစ်ခတ်စာ အချိန်အတွင်း၌ ဖြတ်တောက်လိုက်၏။

ဘုန်း....ဘုန်း....ဘုန်း....

မိုပိုင်ယဲ့၏မျက်နှာ နီမြန်းသွားပြီး နောက်သို့ဆုတ်ခွာလိုက်ရသည်။ ကျန်းရွှမ်သည် စကားမပြောဘဲ ခြေလှမ်းကျဲကြီးများဖြင့် ရှေ့သို့တက်ကာ သူ၏ဓားဖြင့် နောက်တစ်ကြိမ် ထိုးစိုက်လေသည်။

ဝှစ်....

ထိုဓားချီသည် မိုပိုင်ယဲ့၏လက်ကို ထိုးဖောက်သွားပြီး အစောပိုင်းကမှ ပြန်ကောင်းလာသော သူ၏လက်ကို ဖြတ်တောက်လိုက်သည်။

"ဒါက ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ"

မိုပိုင်ယဲ့၏ခန္ဓာကိုယ်တွင် ချွေးများဖြင့် ရွှဲနစ်သွားသည်။

ယခင်က ဤလူသည် အစ်ကိုတုနှင့်တခြားလူများ၏ တိုက်ခိုက်မှုများကို ပိတ်ဆို့ဟန့်တားနိုင်ခဲ့ခြင်းမှာ သူတို့အားလုံးသည် စည်းမျဉ်းများ၏အပြစ်ပေးမှုကို ခံထားရပြီး သူတို့စွမ်းအား၏ငါးပုံတစ်ပုံကိုပင် ထုတ်မသုံးနိုင်ခဲ့ကြသောကြောင့်ဖြစ်သည်။

ယခုအချိန်၌ သူ၏ကျင့်ကြံဆင့် အပြည့်အဝ ပြန်လည်ကောင်းမွန်လာပြီး တုရှင်းယွီ၏စွမ်းအားကိုပင် ချေးငှားထားလေရာ ပုံမှန် ကြယ်စင်မြစ်နယ်ပယ် သတ္တမအဆင့် အလယ်အလတ်တွင်ရှိသော ကျင့်ကြံသူတစ်ယောက်ကို လွယ်လင့်တကူ တိုက်ခိုက်နိုင်စွမ်း ရှိသည်။ သို့ရာတွင် တစ်ဖက်လူသည် မိုတောက်ဓားကို မသုံးသည့်တိုင် သူ၏တိုက်ခိုက်မှုများကို လွယ်လင့်တကူ ပိတ်ဆို့ဟန့်တားနိုင်ပြီး သူ၏လက်ကိုပင် ထပ်မံ၍ဖြတ်တောက်လိုက်၏။

သူ မည်သို့ ပြုလုပ်လိုက်သနည်း။

"မင်းက ငါ့ကို စိန်ခေါ်ချင်မှတော့ ငါကလည်း မင်းဆန္ဒကို ဖြည့်ဆည်းပေးရတာပေါ့"

ကျန်းရွှမ်က ခပ်ဖျော့ဖျော့ပြုံးကာ နောက်ထပ်ဓားတစ်ချက်ကို ထိုးစိုက်လိုက်သည်။ ထိုဓားချီသည် မိုတောက်ဓားချီစွမ်းအင်၏ ပိတ်ဆို့ကာကွယ်မှုကို ထပ်မံ၍ဖြတ်ကျော်ပြီး မိုပိုင်ယဲ့၏ ရင်ဘတ်ပေါ်သို့ ကျရောက်သွားကာ နက်ရှိုင်းသော ပြတ်ရှရာတစ်ခုကို ကြွင်းကျန်စေခဲ့သည်။

မိုပိုင်ယဲ့သည် လက်ပြတ်သွားပြီး ပြင်းထန်စွာ ဒဏ်ရာရထားသဖြင့် ယှဉ်ပြိုင်နိုင်စွမ်း မရှိတော့လေရာ ထွက်ပြေးရန်အတွက် နောက်သို့လှည့်လိုက်ပြီး တစ်ချိန်တည်းမှာပင် အော်ဟစ်လိုက်သည်။

"မင်းသားရှန်လင်း.... ကြေးနီမီးပြင်းဖိုကြီးကို ငါ အခုပဲ ပေးပါ့မယ်....ကျေးဇူးပြုပြီးတော့ ငါ့ရဲ့အသက်ကို ချမ်းသာပေးပါ"

"ကြေးနီမီးပြင်းဖိုကြီးက မင်း သေသေရှင်ရှင် ငါ့ရဲ့အပိုင်ပဲ"

မင်းသားရှန်လင်းက ဂရုမစိုက်သည့် အမူအယာဖြင့် ပြောဆိုသည်။

ယခင်သဘောတူညီချက်အရ မိုပိုင်ယဲ့သည် ရှုံးနိမ့်သွားလျှင်ပင် ကြေးနီမီးပြင်းဖိုကြီးကို မင်းသားရှန်လင်းအား ပေးရမည်ဖြစ်ရာ သူ၏သေခြင်းရှင်ခြင်းသည် အရေးမပါတော့ချေ။

"မင်း..ခန်းမသခင်ရှစ်...မိတ်ဆွေတို့...ငါ သေသွားရင် မင်းတို့ရဲ့ငွေတွေကို ပြန်ဆပ်မယ့်သူ ရှိမှာ မဟုတ်တော့ဘူး..."

သူ့ကို ကယ်ဆယ်မည့်သူ မရှိသည်အား မြင်တွေ့ချိန်၌ မိုပိုင်ယဲ့၏မျက်နှာ ဖြူဖျော့သွားပြီး ပြေးလွှားရင်း အော်ဟစ်လိုက်သည်။

"အမှန်ပဲ...ငါတို့က သူ အသတ်ခံရအောင် လွှတ်ထားလို့ မဖြစ်ဘူး"

"သူ တကယ်ကြီးသေသွားရင် ငါတို့ရဲ့ငွေတွေကို ဘယ်သူ့ဆီကနေ တောင်းရမှာလဲ"

ထိုစကားကို ကြားလိုက်ရချိန်၌ ကောင်းကင်ကံကြမ္မာခန်းမမှ လူများအားလုံး အမှန်တကယ်ကို ရုတ်ရုတ်သဲသဲ ဖြစ်သွားကြသည်။ မကြာမီမှာပင် ကြယ်စင်မြစ်နယ်ပယ် ဆဋ္ဌမအဆင့် အထွတ်အထိပ် ကျင့်ကြံသူအမြောက်အများ ပြေးထွက်လာပြီး မိုပိုင်ယဲ့၏ရှေ့တွင် ကာကွယ်လိုက်ကြတယ်။

"ဒီလို လုပ်လို့ရတာလား"

ကျန်းရွှမ် ဆွံ့အသွားသည်။

ရန်သူကို ချောငိပိတ်မိအောင် သူ တမင်သက်သက် ဖန်တီးထားသော ထောင်ချောက်သည် ယခုချိန်၌ ဤကောင်စုတ်၏ အကြီးမားဆုံးအားကိုးရာ ဖြစ်လာလိမ့်မည်ဟု သူ တွေးထင်မထားခဲ့ချေ။

"ကျန်းရွှမ်....မင်း နိုင်သွားပြီဆိုတော့ ဒီနေရာမှာတင် ရပ်လိုက်တာ ပိုကောင်းမယ်လို့ ငါ ထင်တယ်... မိုပိုင်ယဲ့နဲ့ ငါတို့ကြားမှာ ဖြေရှင်းစရာကိစ္စတွေ ရှိနေတယ်...သူ ဒီနေရာမှာ သေသွားလို့ မဖြစ်သေးဘူး..."

ရှစ်ယွမ်ကျင်းကလည်း ရှေ့သို့ထွက်လာပြီး ပြောဆိုလေ၏။

"စိတ်မကောင်းပါဘူး.... သူနဲ့ငါ ကြားမှာလည်း ရန်ငြိုးရန်စတွေ ရှိတယ်... သူက ကျွန်တော့်ကို အကြိမ်ကြိမ် အကွက်ချကြံစည်ပြီးတော့ ငါ့တပည့်ကိုတောင် ဖမ်းသွားခဲ့တယ်.. ငါ သူ့ကို မသတ်ရင် ငါ့ကိုယ်ငါ ဖြေရှင်းချက်ပေးနိုင်မှာ မဟုတ်ဘူး"

ကျန်းရွှမ်က ခေါင်းခါယမ်းပြပြီးနောက် ရှေ့သို့ဆက်တိုးလိုက်သည်။

ယခုချိန်၌ သူသည် မိုပိုင်ယဲ့ကို သတ်ဖြတ်ရန် အကောင်းဆုံး အခွင့်အရေး ဖြစ်သဖြင့် မည်သည့်နည်းနှင့်မျှ အလွတ်မပေးနိုင်ချေ။

"ကောင်းကင်ကံကြမ္မာခန်းမရဲ့ ခန်းမသခင်အနေနဲ့ ငါက မင်းကိုရပ်ဖို့ အမိန့်ပေးတယ်...."

ရှစ်ယွမ်ကျင်း၏မျက်နှာ သုန်မှုန်သွားသည်။

အလုံးစုံသိမြင်ဂိုဏ်း၌ ရှိခဲ့စဥ်က သူ၏မှတ်ဉာဏ်များကို ဖျက်ဆီးခြင်းခံလိုက်ရသောကြောင့် ဤလူ မည်မျှထိ အစွမ်းထက်သည်ကို သူ မသိရှိတော့ချေ။

"ဘေးဖယ်စမ်း...."

ရှစ်ယွင်ကျင်းနှင့် စကားပြောဆိုပြီး အချိန်မဖြုန်းလိုတာကြောင့် ကျန်းရွှမ်က ရှေ့သို့ဆက်တိုးပြီး ထွက်ပြေးနေသော မိုပိုင်ယဲ့ထံဦးတည်၍ နောက်ထပ်ဓားချက်တစ်ချက် ခုတ်ပိုင်းလိုက်သည်။

"အတင့်ရဲလိုက်တာ...."

ရှစ်ယွင်းကျင်းသည် ကျန်းရွှမ်က သူ့အား အမှန်တကယ်ကို လျစ်လျူရှုထားသည်အား မြင်လိုက်ရချိန်၌ အလွန်ဒေါသထွက်နေသဖြင့် သူ၏ရင်ဘတ်ပေါက်ကွဲတော့လုမတတ် ခံစားလိုက်ရသည်။

ကျိုးယီမြို့၏ကောင်းကင်ကံကြမ္မာခန်းမမှ ခန်းမသခင်အနေဖြင့် လူများအားလုံးသည် သူ၏မြင့်မြတ်သောအဆင့်အတန်းကို ရိုသေလေးစားကြ၏။ တော်ဝင်မိသားစုမှ ချင်းထျန်ဧကရာဇ်ပင်လျှင် သူ၏စကားကို လွယ်လင့်တကူ မငြင်းဆန်ဝံ့ချေ။ သို့ရာတွင် ကြယ်စင်မြစ်နယ်ပယ်သို့ ရောက်ရှိသည်မှာ မကြာသေးသော လူငယ်လေးတစ်ယောက်သည် သူ့ကို ဤမျှထိ မလေးမစား လုပ်ဝံ့သည်မှာ သေလမ်းလာရှာခြင်းပင်။

ရှစ်ယွမ်ကျင်းသည် သူ၏လက်နှစ်ဖက်ကို ဖြန့်ကားပြီးနောက် တဖန်ပြန်၍ပူးလိုက်ကာ ကျန်းရွှမ်ထံသို့ဦးတည်ပြီး တိုက်ခိုက်လိုက်သည်။

ကျန်းရွှမ်သည် သူ၏ဓားချက်ကို မရပ်တန့်ဘဲ သူ၏လက်ဝဲဘက်လက်ကို မြှောက်ကာ ထိုတိုက်ခိုက်မှုကို ခုခံလိုက်၏။

ဘုန်း....

လက်ဝါးချင်း ထိမိသွားချိန်၌ ရှစ်ယွမ်ကျင်း၏မျက်နှာ ဖြူဖျော့သွားပြီး သူ ဟန်ချက်ပျက်ကာ နောက်သို့ခြေလှမ်း ခုနစ်လှမ်း ရှစ်လှမ်းခန့် ဆုတ်ခွာလိုက်ရသည်။ ထို့ပြင် သူ၏ရင်ဘတ် နိမ့်ချည်မြင့်ချည်ဖြစ်ကာ အသက်ကို အမောတကော ရှူရှိုက်နေရ၏။

"ဘယ်လို... ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ"

သူ၏မျက်လုံးများ ပြူးကျယ်သွားပြီး သူ့ထံတွင် မယုံကြည်နိုင်မှုများဖြင့် ပြည့်နှက်နေသည်။

ဤတစ်ကြိမ်ကျီးလန်တောင်ကြားခရီးစဉ်၌ သူသည် ကြီးမားသောအောင်မြင်မှုကို ရရှိခဲ့ပြီး ကြယ်စင်မြစ်နယ်ပယ် သတ္တမအဆင့်ကို ချိုးဖျက်ဝင်ရောက်နိုင်ခဲ့ရုံသာမက "ကောင်းကင် ကံကြမ္မာ"အပေါ် သူ၏ထိန်းချုပ်နိုင်စွမ်းလည်း သိသိသာသာ တိုးတက်လာခဲ့သည်။ လူငယ်တစ်ယောက်နှင့်တိုက်ပွဲတွင် သူသည် လွယ်လင့်တကူ အသာစီးရမည်ဟု ထင်မှတ်ထားသော်လည်း အံ့အားသင့်ဖွယ်ကောင်းလောက်အောင် ပြင်းထန်သည့် ခုခံမှုနှင့် ရင်ဆိုင်လိုက်ရသည်။

"မင်းတို့အားလုံး...အတူပူးပေါင်းတိုက်ခိုက်ပြီးတော့ မိုပိုင်ယဲ့ကို ကယ်တင်ကြစမ်း..."

ရှစ်ယွင်ကျင်းသည် သူ၏မျက်နှာကို တစ်စုံတစ်ယောက်မှ ပါးဖြတ်ရိုက်လိုက်သကဲ့သို့ စပ်ဖျဥ်းဖျဥ်းနာကျင်မှုကို ခံစားမိသည်။ ထိုကြောင့် သူသည် စိတ်မထိန်းနိုင်တော့ဘဲ အသံကုန် အော်ဟစ်လိုက်၏။

သူသည် ယခုကဲ့သို့ လူသိရှင်ကြား ထုတ်ဖော်ပြောပြောပြီးမှ မိုပိုင်ယဲ့ အသတ်ခံရလျှင် သူ့အတွက် အလွန်အမင်း အရှက်ရဖွယ် ကိစ္စတစ်ရပ် ဖြစ်သွားပေမည်။

သူ အော်ဟစ်လိုက်သည်နှင့် တပြိုင်နက်တည်း ဒုခန်းမသခင်အမြောက်အများ ပြေးထွက်လာကြပြီး လက်နက်ကိုယ်စီထုတ်ကာ မိုပိုင်ယဲ့ကိုကာကွယ်ရန် ဟန်ပြင်လိုက်ကြသည်။

ကျန်းရွှမ်သည် လျင်မြန်ပြတ်သားစွာ လုပ်ဆောင်ရန် လိုအပ်ကြောင်း သိထားသဖြင့် သူ၏စွမ်းအားကို ဖုံးကွယ်မထားတော့ဘဲ အေးစက်ငရဲဓားကို ဆက်တိုက်ဝှေ့ယမ်းလိုက်သည်။

ဝှစ်...ဝှစ်...ဝှစ်...

သူ၏ရှေ့ရှိ ကြယ်စင်မြစ်နယ်ပယ် ဆဋ္ဌမအဆင့် အထွတ်အထိပ် ကျင့်ကြံသူများဖြစ်သည့် ဒုခန်းမသခင်သုံးယောက်၏ရင်ဘတ်များ ဓားချီဖြင့် ထွင်းဖောက်ခံလိုက်ရပြီး သူတို့၏ခန္ဓာကိုယ်များ နောက်သို့လွင့်စင်သွားပေ၏။ နောက်ထပ်အချိန်တခဏတွင် ကျန်းရွှမ်က သူ၏ဓားကို ထပ်မံ၍ဝှေ့ယမ်းလိုက်ရာ ထွက်ပြေးရန် ကြိုးစားနေသော မိုပိုင်ယဲ့၏ပေါင် ပြတ်တောက်သွားသည်။

"မင်း..."

မိုပိုင်ယဲ့၏မျက်လုံးများထဲတွင် ကြောက်ရွံ့မှုများဖြင့် ပြည့်နှက်နေပြီး သေမင်း၏ အငွေ့အသက်ကို သူ ပထမဆုံးအကြိမ် ခံစားလိုက်ရသည်။

လူတစ်ယောက်နှင့်ဓားတစ်လက်တည်းဖြစ်သည့်တိုင် သူသည် ရှုံးနိမ့်သွားရုံသာမက တုရှင်းယွီ၏စွမ်းအားကိုပင် ချေးငှားခဲ့သည့်တိုင်မခုခံနိုင်ခဲ့ချေ။ ကျန်းရွှမ်သည် ဤမျှထိ အစွမ်းထက်ကြောင်း သူ ကြိုသိခဲ့လျှင် မည်သည်ကြောင့် သူ သွားရောက်၍ ရန်စမိမည်နည်း။ ဤသည်မှာ သူသည် သေလမ်းရှာခြင်းဖြစ်နေမည် မဟုတ်လော။

"ရပ်လိုက်လို့ ငါ ပြောတယ်လေ...မင်း မကြားဘူးလား..."

ထိုအချိန်မှာပင် ရှစ်ယွမ်ကျင်းသည် တဟုန်ထိုး ပြေးဝင်လာခဲ့သော်လည်း သူ၏စကားမဆုံးခင်မှာပင် သူ၏လည်ပင်း၌ အေးစက်သော ခံစားမှုတစ်ခု ရရှိလိုက်သည်။ ကျန်းရွှမ်၏ဓားသည် သူ၏လည်ပင်းပေါ်သို့ ရောက်ရှိနေလေပြီ။

"မင်း... မင်း..."

ရှစ်ယွင်ကျင်း၏မျက်လုံးသူငယ်အိမ်များ ရုတ်တရက် ကျဉ်းမြောင်းသွားပြီး သူ၏ခန္ဓာကိုယ်သည် အထိန်းအကွပ်မဲ့စွာ တုန်ခါသွားလေ၏။

သူသည် ကြယ်စင်မြစ်နယ်ပယ် သတ္တမအဆင့် အစောပိုင်းအဆင့်ကို ရောက်ရှိသည်အထိ ကျင့်ကြံဆင့် ချိုးဖျက်ဝင်ရောက်ထားနိုင်ခဲ့သည်။ သို့ရာတွင် ဤဓားသည် မည်သည့်အချိန်တွင် ထွက်ပေါ်လာပြီး မည်သည့်နည်းဖြင့် သူ၏လည်ပင်းပေါ်သို့ ရောက်လာသည်ကို သူ လုံးလုံးလျားလျား မသိလိုက်သဖြင့် အံ့အားသင့်နေမိသည်။

"မသေချင်ရင် မင်းရဲ့အသက်တစ်ချောင်းအတွက် ငွေပေးစမ်း....မပေးရင်တော့ မင်းက ခန်းမသခင် ဖြစ်နေပါစေ ဒီနေရာမှာ မင်း သေသွားရင်တောင် ဘယ်သူမှ ဘာမှပြောမှာ မဟုတ်ဘူး..."

ကျန်းရွှမ်က ဂရုမစိုက်သောအမူအယာဖြင့် ပြောဆိုသည်။

ယခုအချိန်၌ သူ ဟန်ဆောင်နေရန် အကြောင်းမရှိတော့ချေ။ တစ်ဖက်လူသည် အရှက်မဲ့နေသောကြောင့် သူသည်လည်း လေးစားမှုကို ပြသရန် မလိုတော့ချေ။

ကောင်းကင်ကံကြမ္မာနယ်မြေတွင် လူများအားလုံးသည် ကိုယ်ပိုင်အရည်အချင်းအပေါ်တွင်သာ အားကိုးကြရစမြဲပင်။

တစ်စုံတစ်ယောက်၏လက်ချက်ဖြင့် အသတ်ခံရခြင်းသည် ကံဆိုးခြင်းသာဖြစ်ပြီး ကောင်းကင်ကံကြမ္မာခန်းမကပင် လက်စားချေ၍ မရနိုင်ချေ။ ဤသည်မှာ လူအများ နားလည်ထားသော စည်းမျဥ်းတစ်ခုပင်။

"ငါ... ငါ..."

ရှစ်ယွမ်ကျင်းက သူ၏လက်သီးကို တင်းတင်းကြပ်ကြပ် ဆုပ်လိုက်၏။

"ဘာလဲ မပေးချင်ဘူးလား... ဒါက ငါနဲ့မိုပိုင်ယဲ့ကြားက ရန်ငြိုးပဲ... ဒီကိစ္စထဲကို ဝင်ပါချင်တဲ့သူ ဘယ်သူမဆို ပေးဆပ်ရလိမ့်မယ်... ပြီးတော့ မင်းကို ဝင်မပါနဲ့လို့ ငါ သတိပေးပြီးသား....ဒါကြောင့် ငါ့ကို ရိုင်းတယ်လို့ အပြစ်မတင်နဲ့... မင်း ပေးမှာလား မပေးဘူးလား"

ကျန်းရွှမ်၏ဓားပေါ်တွင် ဓားချီများ ဆက်တိုက် တုန်ခါနေပြီး အချိန်မရွေး ပွင့်အံ့ထွက်လာရန် အသင့်ဖြစ်နေသည်။

ပတ်ဝန်းကျင်ကို ကြည့်လိုက်ရာ လူများအားလုံးထံ၌ သူ၏ဆုံးဖြတ်ချက်ကို စောင့်မျှော်နေသည့်အလား စူးစမ်းလိုစိတ်ပြင်းပြသော မျက်နှာများရှိနေသည်ကို မြင်တွေ့လိုက်ရသည်။ ထိုကြောင့် ရှစ်ယွမ်ကျင်းသည် အံ့တင်းတင်းကြိတ်ပြီး အော်ဟစ်လိုက်၏။

"ငါက ကျိုးယီမြို့ရဲ့ ကောင်းကင်ကံကြမ္မာခန်းမ သခင်ပဲ... မင်း ငါ့ကို သတ်ရဲမယ်လို့ ငါ မယုံကြည်ဘူး... ငါ မင်းကို ငွေမပေးရင် မင်း ငါ့ကို ဘာလုပ်နိုင်မှာမလို့လဲ... ပြီးတော့ ငါ ခုဏက ပြောခဲ့သလိုပဲ အကြီးအကဲမိုပိုင်ယဲ့အတွက် ငါ အာမခံတယ်... မင်း သူ့ကို သတ်ရဲရင် ဒါက ကျိုးယီအင်ပါယာရဲ့ ကောင်းကင်ကံကြမ္မာခန်းမကို ဆန့်ကျင်တာနဲ့ အတူတူပဲ..."

ဝှစ်....

သူ၏စကားမဆုံးခင်မှာပင် သူ၏လည်ပင်း၌ နာကျင်မှုကို ခံစားလိုက်ရပြီး သူ၏ခေါင်း ပြတ်ထွက်သွားကာ သူ၏တင်ပါးကို သူ ပြန်မြင်လိုက်ရတော့သည်။

"မင်းမှာ အခွင့်အရေး ရှိခဲ့တယ်... အဲ့ဒါကို မင်းက ဖြုန်းတီးပစ်လိုက်တာပဲ"

ရှစ်ယွင်ကျွင်း၏ခေါင်းကို ဖြတ်ပြီးနောက် ကျန်းရွှမ်သည် လက်ဆန့်တန်းလိုက်ပြီး သူ၏အလောင်းမှ သိုလှောင်လက်စွပ်ကို ယူလိုက်လေ၏။

All Chapters