← Chapters

လုံအောင့်ထျန်းကို ဖိနှိပ်ခြင်း

Vol. 5 Ch. 57

လုံအောင့်ထျန်းကို ဖိနှိပ်ခြင်း

Vol. 5 Ch. 57

ကောင်းကင်ပါရမီရှင် နှစ်ဦး ပေါ်ထွက်လာသည်ကို မြင်လိုက်ရသဖြင့် ရွှေတောင်ပံဌက်မျိုးနွယ် ဘုရင်လေး မှာ တစ်ချက် ကြောင်သွားသည်။

ထိုနှစ်ယောက်၏ ခွန်အားမှာ သူ့အောက် မနိမ့်ကြောင်း သူ ခံစားမိလိုက်သည်။

အထူးသဖြင့် ထိုလူငယ်၏ ခန္ဓာကိုယ်အတွင်းရှိ ကြောက်မက်ဖွယ် ကောင်းသော သွေးစွမ်းအင်များမှာ ပူပြင်းတောက်ပနေသော နေမင်းကြီး တစ်စင်းကဲ့သို့ အရှိန်အဝါ ပြင်းထန်လွန်းလှသည်။

သူက ဘယ်လို ခန္ဓာကိုယ်မျိုးကို ပိုင်ဆိုင်ထားတာလဲ...

“လုံအောင်ထျန်း... ငါ့ရဲ့ အလင်း ပေးတာကို ခံယူချင်လား...”

ရုတ်တရက် ထွက်ပေါ်လာသော အသံတစ်ခုကြောင့် ကောင်းကင်နှင့် မြေကြီးအကြားရှိ လေထုသည်ပင် ရပ်တန့်သွားသကဲ့သို့ ဖြစ်သွားသည်။

စကားပြောလိုက်သူကို လှမ်းကြည့်လိုက်သောအခါ ဖာဟိုင် ပင် ဖြစ်နေ၏။

ယခုအချိန်တွင် ဖာဟိုင်၏ မျက်လုံးများထဲ၌ ရွှေရောင်အလင်းများ တောက်ပနေသည်။

ယခင်က ရွှေတောင်ပံဌက်မျိုးနွယ် ဘုရင်လေး မှာ ခေါင်းမာလွန်းသဖြင့် သူ၏ အလင်းပေးခြင်းကို လက်မခံခဲ့ချေ။

သို့သော် လုံအောင်ထျန်းကမူ ၊ အစစ်အမှန်နဂါး‌သွေးမျိုးဆက် တစ်စက် ပါဝင်နေသဖြင့် သူ၏ စီးတော်ယာဉ် ဖြစ်လာရန် အရည်အချင်း ပြည့်မီပေသည်။

“ဟမ်... သေချင်နေတာလား...”

ထိုအချိန်တွင် လုံအောင့်ထျန်း မှာ ကြောင်အမ်းအမ်း ဖြစ်သွား၏။

အခြေအနေကို သဘောပေါက်သွားသည်နှင့် တစ်ပြိုင်နက် အေးစက်စက် အော်ဟစ်လိုက်သည်။

သူသည် ဘိုးဘေးနဂါးသိုက်၏ အထူးချွန်ဆုံး ကောင်းကင်ပါရမီရှင် ဖြစ်ပါလျက်နှင့် ၊ဤဘုန်းကြီးကတုံးက သူ့ကို စီးတော်ယာဉ် လုပ်ချင်‌သတဲ့လား။

ဒါက သက်သက်မဲ့ စော်ကားတာ မဟုတ်ဘူးလား...

သူ့ညီမလေးကို အနိုင်ကျင့်ခဲ့သည့် ကောင်စုတ်လေးနှင့် တစ်လေသံတည်း ထွက်နေသည်မှာ မုန်းစရာ ကောင်းလွန်းလှ၏။

“ငါ့ရဲ့ ဖိနှိပ်မှုကို ခံလိုက်စမ်း...”

ဖာဟိုင်သည် စိတ်လှုပ်ရှားစွာဖြင့် ထပ်မံ တိုက်ခိုက်လိုက်သည်။

မိုးကောင်းကင် တစ်ခွင်လုံး ဖုံးလွှမ်းသွားမတတ် ကြီးမားသော ရွှေရောင် လက်ဝါးကြီး တစ်ခုက လေထဲတွင် ချက်ချင်း ဖြစ်တည်လာပြီး တစ်ဖက်လူ၏ ခေါင်းပေါ်သို့ ဘုန်းခနဲ ရိုက်ချလိုက်၏။

လုံအောင့်ထျန်းကလည်း ငြိမ်ခံမည့်သူ မဟုတ်သဖြင့် လက်ကို ဆန့်ထုတ်လိုက်သည်။

တစ်ခဏချင်းပင် မည်းနက်နေသော လက်ဝါးရာကြီး တစ်ခုက ဖာဟိုင် ထံသို့ ပြန်လည် တိုးဝင်သွား၏။

ကောင်းကင်နှင့် မြေကြီးအကြားတွင် စွမ်းအင်များ လှိုင်းထသွားသည်။

ဘုန်း...

ကြယ်တာရာများ ပျက်စီးသွားသကဲ့သို့ ပြင်းထန်သော တိုက်ခိုက်မှုကြောင့် နားကွဲမတတ် ပေါက်ကွဲသံကြီးတစ်ခု ထွက်ပေါ်လာ၏။

ပြင်းထန်သော ရိုက်ခတ်မှုကြောင့် ဟာရီကိန်း မုန်တိုင်းသဖွယ် လေပြင်းများ တိုက်ခတ်သွားသည်။

ဖုန်မှုန့်များ စဲသွားသောအခါ လုံအောင့်ထျန်း နှင့် ဖာဟိုင် တို့မှာ နောက်သို့ ခြေတစ်လှမ်းစီ ဆုတ်သွားကြသည်။

လေထုမှာ ခဲသွားသကဲ့သို့ လေးလံသွားပြီး ဖိနှိပ်ထားသော အငွေ့အသက်များ ထွက်ပေါ်လာသည်။

“မင်းက လုံအောင်ထျန်း ဆိုတော့လည်း ခွန်အား နည်းနည်း ရှိသားပဲ... ထားလိုက်တော့... အရင်ဆုံး မင်းကို သေချာ ဆုံးမရဦးမယ်...”

တစ်ကြိမ် တိုက်ခိုက်ပြီးနောက် တစ်ဖက်လူမှာ ပျော့ညံ့သည့် မန်ကျည်းသီး မဟုတ်ကြောင်း ဖာဟိုင် သဘောပေါက်သွားသည်။ ထို့ကြောင့် သူသည် တဖက်လူကို လွယ်လွယ်နှင့် ဖမ်းဆီး၍ မရနိုင်သဖြင့် ခေတ္တ လက်လျှော့လိုက်ရ၏။

“ရယ်ရတယ်... ဘုန်းကြီးကတုံးကများ လေကြီးလေကျယ်နဲ့...”

လုံအောင့်ထျန်း မှာ အရိုးထဲထိ မာနကြီးသူ ဖြစ်သည့် အားလျော်စွာ စကားပြောရာတွင်လည်း ရန်လိုသော လေသံ ပေါက်နေသည်။

ဖာဟိုင်သည် သူ၏ စိတ်ကို လျှော့ချလိုက်ပြီး ငြိမ်သက်စွာ နေလိုက်၏။

“အော်မိထော်ဖော်... ဒကာကြီး မလောပါနဲ့... ကျုပ် မင်းကို မကြာခင် တရားချပေးမှာပါ...”

“မတွေ့တာ ကြာပြီပဲ...”

ရုတ်တရက် တည်ငြိမ်သော အသံတစ်ခု ကောင်းကင်ယံ၌ ထွက်ပေါ်လာသည်။

ထို့နောက် လေထုသည် ကွဲအက်သွား၏။

အဖြူရောင် ဝတ်စုံနှင့် လူရိပ်တစ်ခု ပေါ်လာပြီး ပတ်ဝန်းကျင် တစ်ခုလုံးကို တိတ်ဆိတ်သွားစေသည်။

ကောင်းကင်ယံရှိ ထိုလူရိပ်၏ နောက်ကွယ်တွင်...

ဟွမ်သွမ့်ကြာပန်းစိမ်း၊ ခမ်းနားထည်ဝါသော တောင်နှင့် မြစ်ရေများ၊ ပင်လယ်ပြင်ထက် လမင်းထွက်ပေါ်ခြင်းနှင့် အမတဘုရင် ကောင်းကင်ဘုံကိုးခုမှ အမတဘုရင် ဆင်းသက်ခြင်း စသည့် ပုံရိပ်များ ပေါ်ထွန်းနေ၏။

မဟာဧကရာဇ်ဖြစ်စဥ် အမျိုးမျိုးမှ ထွက်ပေါ်လာသော မှိန်ဖျဖျ အမတ အလင်းရောင်များက ထိုလူ၏ ခန္ဓာကိုယ်ကို လွှမ်းခြုံထားပြီး နတ်ဘုရားစစ်စစ် တစ်ပါးကဲ့သို့ ထင်မှတ်ရသည်။

ထိုသူမှာ စုရွှမ် ပင် ဖြစ်၏။

“ဟာ... ဒါ ဘယ်သူလဲဟ... ရှေ့ပိုင်းစွန့်ပစ်နယ်မြေ က ပြိုင်ဘက်ကင်း ကောင်းကင်ပါရမီရှင် လား...”

ရွှေတောင်ပံဌက်မျိုးနွယ် ဘုရင်လေး နှင့် လုံအောင့်ထျန်း တို့၏ မျက်နှာတွင် အံ့အားသင့်ရိပ်များ ပေါ်လာပြီး ပါးစပ်အဟောင်းသား ဖြစ်သွားကြသည်။

“ကျွတ်... ဒီဘုန်းကြီး ဘဝတစ်လျှောက်လုံး ဒီလိုလူမျိုး တခါမှ မမြင်ဖူးဘူး... သူ့ကိုသာ တရားချပေးပြီး ငါ့ရဲ့ နောက်လိုက် ဖြစ်လာအောင် လုပ်နိုင်ရင်...”

ဖာဟိုင်၏ မျက်လုံးများ အရောင်တောက်လာပြီး ရဲတင်းသော အတွေးတစ်ခု ခေါင်းထဲသို့ ဝင်လာသည်။

“ဟွမ်သွမ့်ကြာပန်းစိမ်း... ကောင်းကင်ဘုံကိုးခုမှ အမတဘုရင် ဆင်းသက်ခြင်း... ပင်လယ်ပြင်ထက် လမင်းထွက်ပေါ်ခြင်း... မဟာဧကရာဇ် ပုံရိပ်ယောင် သုံးခုတောင်ပါလား...”

“ရှေ့ပိုင်းစွန့်ပစ်နယ်မြေ မှာ ဒီလိုလူမျိုး ရှိနေတာလား...”

“ကြည့်ရတာ ဒီခေတ်ကြီးက သိပ်ပြီး ပျင်းစရာ မကောင်းတော့ဘူးနဲ့ တူတယ်...”

စောစောက ရောက်နေသော လူငယ်၏ မျက်လုံးများထဲတွင် ရွှေရောင်များ တောက်ပလာပြီး တီးတိုး ရေရွတ်လိုက်သည်။

ဤကဲ့သို့ လူမျိုးမှာ လက်ရှိခေတ်တွင် မဆိုထားနှင့် ကျင့်ကြံခြင်း သမိုင်းကြောင်း တစ်လျှောက်လုံးတွင်ပင် ဒုတိယတစ်ယောက် ရှာတွေ့ရန် ခက်ခဲပေလိမ့်မည်။

“အမ်... တာယန် မြင့်မြတ်သားတော်... သူ ရောက်လာပြီ...”

စုရွှမ်၏ ပုံရိပ်ကို မြင်လိုက်ရသည်နှင့် ရှေ့ပိုင်းစွန့်ပစ်နယ်မြေ မှ ကောင်းကင်ပါရမီရှင် များမှာ ပွက်လောရိုက်သွားကြပြီး အာမေဋိတ်သံများ ထွက်ပေါ်လာ၏။

ရှေ့ပိုင်းစွန့်ပစ်နယ်မြေ တွင် စုရွှမ်၏ ဖိအားပေးနိုင်စွမ်းမှာ ပြိုင်ဘက်ကင်း ဖြစ်သည်။

ဤနာမည်သည် မှော်အစွမ်း တစ်ခုကဲ့သို့ ဖြစ်ပြီး ပြိုင်ဘက်ကင်းခြင်း၏ သင်္ကေတ တစ်ခုဟု ဆိုရပေမည်။

“မင်းက ဘယ်သူလဲ... ဘယ်က လာတာလဲ...”

မြေကြီးပေါ်သို့ ခြေချလိုက်သည်နှင့် အသံတစ်သံက စုရွှမ်၏ နားထဲသို့ ရောက်လာသည်။

စုရွှမ် ကြောင်သွားပြီး လှမ်းကြည့်လိုက်ရာ အနက်နှင့် ရွှေရောင် စပ်ထားသော ဝတ်စုံရှည် ဝတ်ဆင်ထားသည့် ခံ့ညားထည်ဝါသော လူငယ်တစ်ဦးကို တွေ့လိုက်ရသည်။ ရွှေရောင် ဆံနွယ်များ ပခုံးထက်တွင် ဝဲကျနေပြီး စုရွှမ်ကို စိုက်ကြည့်နေ၏။

ထိုလူငယ်၏ အရှိန်အဝါမှာ တည်ငြိမ် လေးနက်လှပြီး နောက်ခံ အသိုင်းအဝိုင်း မသေးကြောင်း တစ်ချက်ကြည့်ရုံနှင့် သိနိုင်သည်။

ရင်ကို တုန်လှုပ်စေဆုံး အရာမှာ သူ၏ ခန္ဓာကိုယ်မှ ထွက်ပေါ်နေသော သွေးစွမ်းအင်များ ဖြစ်ပြီး ပင်လယ်သမုဒ္ဒရာသဖွယ် နက်ရှိုင်းလှသည်။

ဤလူငယ်ကို စုရွှမ် တခါမှ မမြင်ဖူးချေ။

သို့သော် တစ်ချက်ကြည့်လိုက်ရုံဖြင့် ထိုသူ၏ ဇာစ်မြစ်မှာ သာမန်မဟုတ်ကြောင်း စုရွှမ် သိလိုက်သည်။

“မင်းကရော ဘယ်သူလဲ...”

စုရွှမ်က လေသံအေးအေးဖြင့် ပြန်မေးလိုက်၏။

“ငါ့နာမည်က ဝူတိ... ဘယ်ကလာလဲ ဆိုတာတော့ ထည့်ပြောဖို့ မလိုပါဘူး...”

ထိုလူငယ်သည် စုရွှမ်၏ မေးခွန်းကို ဖြေကြားလိုက်ပြီး ညာလက်ကို ကမ်းပေးကာ စုရွှမ်နှင့် လက်ဆွဲနှုတ်ဆက်ရန် လေးလေးစားစား ပြုမူလိုက်သည်။

အမ်...

ဘေးပတ်ဝန်းကျင်ရှိ ကျင့်ကြံသူများမှာ ထိုလူငယ်၏ နာမည်ကို ကြားလိုက်ရသောအခါ လေအေးများကို ရှူရှိုက်လိုက်မိကြသည်။

ဝူတိ...

ဒီလို နာမည်မျိုး ပေးရဲတဲ့သူ ရှိတာလား...

သိုင်းပညာဖြင့် ဧကရာဇ် ဖြစ်အောင် လုပ်မယ် ဆိုတဲ့ သဘောလား...

တော်တော် မာနကြီးပါလား...

စုရွှမ် အနည်းငယ် ကြောင်သွားသည်။

ဤလူမှာ မာနကြီးသော်လည်း အခြား ကောင်းကင်ပါရမီရှင် များနှင့် မတူဘဲ ကွဲပြားနေ၏။

စုရွှမ်သည် ထိုလူကို စိုက်ကြည့်လိုက်ပြီး သူ၏ မျက်လုံးထဲရှိ အရောင်များကို မြင်လိုက်ရသဖြင့် ပြုံးလိုက်ကာ လက်ကမ်းပေးလိုက်သည်။

“တာယန်မြင့်မြတ်နယ်မြေ က စုရွှမ် ပါ...”

စုရွှမ်က တည်ငြိမ်စွာ ပြောလိုက်၏။

“တာယန် မြင့်မြတ်သားတော် လား... သူက ဟို တာယန် မြင့်မြတ်သားတော် ဆိုတဲ့ကောင်လား...”

တစ်ခဏချင်းပင် လုံအောင့်ထျန်း ဒေါသထွက်သွားသည်။

ဒီကောင်က သူ့ညီမလေးကို အနိုင်ကျင့်ခဲ့တဲ့ကောင် ဖြစ်နေတာကိုး...

သူ့ရဲ့ ချစ်စရာ ကောင်းလှတဲ့ ညီမလေးကိုတောင် ဒီကောင်က ရက်ရက်စက်စက် လုပ်ရက်တယ်...

ဒီကောင်က တိရစ္ဆာန် တစ်ကောင်လိုပါလား...

မဖြစ်ဘူး... ဒီနေ့တော့ ဒီကောင့်ကို ကောင်းကောင်း ပညာပေးမှ ဖြစ်မယ်...

ထိုသို့ တွေးလိုက်မိသည်နှင့် လုံအောင့်ထျန်း ၏ မျက်နှာမှာ မည်းမှောင်သွားပြီး ချက်ချင်း ခုန်ထွက်လာသည်။

“စုရွှမ်... ငါ မင်းနဲ့ တိုက်ခိုက်ချင်တယ်...”

ထိုအချိန်တွင် စုရွှမ်နှင့် ဝူတိ တို့၏ လက်နှစ်ဖက်က လေထဲတွင် ထိတွေ့ နှုတ်ဆက်နေကြဆဲ ဖြစ်သည်။

ရုတ်တရက် ဒေါသတကြီး အော်ဟစ်သံကြောင့် စုရွှမ်မှာ ကြောင်အမ်းသွားပြီး လုံအောင့်ထျန်း ဘက်သို့ လှည့်ကြည့်လိုက်၏။

ဒါ ဘာဖြစ်တာလဲ...

ငါ ဒီကောင့်ကို မသိပါဘူး...

ဒီကောင်က ဘာလို့ ငါနဲ့ တိုက်ခိုက်ချင်ရတာလဲ...

သို့သော်...

စုရွှမ်သည် ထိုသူကို မျက်လုံးပင့် ကြည့်လိုက်ပြီး ၊ သူ၏နှုတ်ခမ်းထောင့်စွန်းများသည် ကွေးညွှတ်သွားသည်။

ဒီကောင်က သူ့ဘာသာ အနာခံချင်နေမှတော့လည်း ဖြည့်ဆည်းပေးရတာပေါ့...

“ကောင်းပြီလေ... မင်းက ငါနဲ့ တိုက်ခိုက်ချင်မှတော့လည်း... ငါ မင်းနဲ့ တိုက်ပေးတာပေါ့...”

“ဒါပေမဲ့ လောင်းကြေး ဘာရှိလဲ...”

စုရွှမ်သည် ဝူတိ၏ လက်ကို လွှတ်လိုက်ပြီး အေးဆေးစွာ ပြောလိုက်၏။

လောင်းကြေးမပါရင် ဘာမှ စိတ်ဝင်စားစရာ မကောင်းဘူးလေ။

“မင်း ဘာလောင်းကြေး လိုချင်တာလဲ...”

လုံအောင့်ထျန်း က အေးစက်စက် မေးလိုက်သည်။

သူ့ညီမလေးကို အနိုင်ကျင့်ခဲ့သော ဤသကောင့်သားကို သူ မြေလှန်ပစ်ချင်နေပြီ ဖြစ်သည်။

“မင်းဆီမှာ သူတော်စင်လက်နက် တွေ၊ သူတော်စင်ဆေး တွေ ဘာတွေ ပါသလား...”

စုရွှမ်က အပြုံးမပျက် မေးလိုက်၏။

“ရှိတယ်... သေချာပေါက် ရှိတာပေါ့... မင်း မယူနိုင်မှာပဲ စိုးရိမ်တယ်...”

လုံအောင့်ထျန်း က နှာခေါင်းရှုံ့လိုက်ပြီး ချက်ချင်း တိုက်ခိုက်လာခဲ့သည်။သူ၏ ကြီးမားသော လက်ဝါးကြီး တစ်ခုဖြင့် လှမ်းဖမ်းလိုက်၏။

ရုတ်တရက် ရွှေရောင် လက်ဝါးကြီး တစ်ခု ပေါ်ထွက်လာပြီး ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါဖြင့် စုရွှမ်ထံသို့ ပြေးဝင်သွားသည်။

“ကောင်းပြီ... အဲဒါဆိုရင် မင်းရှုံးသွားရင် မင်းဆီမှာရှိတဲ့ သူတော်စင်လက်နက် တွေ၊ သူတော်စင်ဆေး တွေ အကုန်လုံး ငါ့ကို ပေးရမယ်...”

စကားဆုံးသည်နှင့် စုရွှမ်သည် သူ့ လက်ကို မြှောက်လိုက်သည်။ နတ်ဆင်အကျဉ်းထောင်ဖိနှိပ်နတ်ဘုရားစွမ်းအားကို ထုတ်ဖော်လိုက်ရာ ဘီလီယံပေါင်းများစွာသော စွမ်းအင်များသည် ဟုန်းခနဲ ထွက်ပေါ်လာ၏။

ကောင်းကင်ယံ တစ်ခုလုံး တုန်ခါသွားသည်။

တိုက်ခိုက်လိုက်သည်နှင့် စုရွှမ်မှာ ကမ္ဘာမြေသို့ ဆင်းသက်လာသော နတ်ဘုရား တစ်ပါးကဲ့သို့ ဖြစ်သွား၏။

ထိုအရှိန်အဝါကြောင့် ဘေးနားရှိ ကောင်းကင်ပါရမီရှင်များ အားလုံးမှာ ဝိညာဉ်တွင်းနက်ထဲမှ ကြောက်ရွံ့မှုကို ခံစားလိုက်ရပြီး အသက်ရှူကျပ်သကဲ့သို့ ဖြစ်သွားကြသည်။

“ဒါ ဘာနည်းလမ်းလဲ... တော်တော် ကြောက်ဖို့ကောင်းတာပဲ...”

ကျင့်ကြံသူ အချို့၏ အာမေဋိတ်သံများ ထွက်ပေါ်လာခဲ့သည်။

ဘုန်း...

ပေါက်ကွဲသံကြီး တစ်ခု ပေါ်ထွက်လာ၏။

လေထုသည် ကွဲအက်သွားပြီး လေပြင်းများ တိုက်ခတ်သွားသည်။

နောက်တစ်စက္ကန့်တွင် လူရိပ်တစ်ခုမှာ အဝေးသို့ လွင့်ထွက်သွားတော့သည်။

ဝုန်း...

ထိုလူရိပ်မှာ မြေကြီးပေါ်သို့ အရှိန်ပြင်းစွာ ကျရောက်သွားပြီး ဖုန်မှုန့်များ တထောင်းထောင်း ထသွား၏။

ထိုသူမှာ လုံအောင့်ထျန်း ပင် ဖြစ်တော့သည်။

ရှူး...

……

All Chapters