လျှို့ဝှက်ဆန်းကြယ် အဘိုးအို၊ ဒီမှာပဲ ရပ်တော့မလား
Vol. 5 Ch. 63
“နောက်ဆုံးတော့ ရောက်ပြီ... ကြေးဝါအမတနန်းတော် ရဲ့ အတွင်းပိုင်း...”
ထိုအချိန်တွင်ပင် အသံတစ်သံ ရုတ်တရက် ထွက်ပေါ်လာသည်။
၎င်းတို့မှာ ဖာဟိုင် နှင့် သူ၏အပေါင်းအပါများပင်။
သူတို့လည်း ဤနေရာသို့ ရောက်ရှိလာကြသည်။
လမ်းတစ်လျှောက်လုံး ဖာဟိုင် ၏ စိတ်ထဲတွင် လုံအောင့်ထျန်း နှင့် ရွှေတောင်ပံဌက်မျိုးနွယ် ဘုရင်လေး တို့ကို စီးတော်ယာဉ် အဖြစ် သိမ်းသွင်းမည့် အကြံအစည်ကို လက်မလျှော့ခဲ့ပေ။
သို့သော် လုံအောင့်ထျန်း နှင့် ရွှေတောင်ပံဌက်မျိုးနွယ် ဘုရင်လေး တို့ကို လုံးဝ အနိုင်မယူနိုင်သေးသဖြင့် သူ၏စိတ်ကူးကို ခေတ္တ သိမ်းဆည်းထားလိုက်ရ၏။
ဤနေရာသို့ ဝင်လိုက်သည်နှင့် သူတို့သည် စုရွှမ် နှင့် အဖွဲ့ကို တွေ့လိုက်ရသဖြင့် မျက်မှောင်ကြုတ်သွားကြသည်။
မူလက မိမိတို့ အမြန်နှုန်းသည် တော်တော်လေး မြန်သည်ဟု ထင်မှတ်ခဲ့ကြသည်။
သို့သော် စုရွှမ်တို့ အဖွဲ့က သူတို့ထက်ပင် ပိုမြန်နေလိမ့်မည်ဟု မထင်ထားခဲ့ပေ။
“ကောင်းကင်ကို မေးမယ်၊ အမတ ဆိုတာ ရှိလား...အိုင်း... တော်တော် တုန်လှုပ်စရာ ကောင်းတဲ့ စာလုံးရှစ်လုံးပဲ...”
ဤမျှ ပြင်းထန်သော စာလုံးရှစ်လုံးကို သူတို့လည်း ချက်ချင်း သတိပြုမိလိုက်ကြပြီး လေအေးများ ရှူရှိုက်မိကာ ခေါင်းနပန်းကြီးသွားကြသည်။
“ဒါ ဘယ်သူ ရေးထားခဲ့တာလဲ... မဟာဧကရာဇ် တစ်ပါးလား...”
ရွှေတောင်ပံဌက်မျိုးနွယ် ဘုရင်လေး ၏ မျက်လုံးထဲတွင် ရွှေရောင်အလင်းများ တောက်ပနေသည်။
“ဟုတ်တယ်... ဖြစ်နိုင်တယ်... ထူးချွန်ပြောင်မြောက်တဲ့ မဟာဧကရာဇ် တစ်ပါးကပဲ ဒီလို မေးခွန်းမျိုး မေးနိုင်မှာ...”
ဖာဟိုင် ၏ နောက်ကျောတွင် ရှေးဟောင်းဗုဒ္ဓ ပုံရိပ်တစ်ခုက မှိန်ဖျဖျ ဗုဒ္ဓအလင်းရောင်များ ထုတ်လွှတ်နေပြီး ဖြည်းညင်းစွာ ပြောလိုက်၏။
“မဟာဧကရာဇ် ဆိုတာ အမတ ဖြစ်ဖို့ အနီးစပ်ဆုံး ပုဂ္ဂိုလ်တွေပဲ... ဒါကြောင့်လည်း သူတို့အတွက် အမတ ဖြစ်ခြင်း ဆိုတာ စွဲလမ်းမှု တစ်ခု ဖြစ်နေပြီး ရူးသွပ်သွားစေနိုင်လောက်တယ်...”
“ဟို အရိုးစုက မဟာဧကရာဇ် ချန်ထားခဲ့တဲ့ အကြွင်းအကျန် ဖြစ်လောက်တယ်... နှစ်ကာလတွေ ကြာလို့ ဆွေးမြေ့နေပြီ...”
လုံအောင့်ထျန်း က အရိုးစုကို ကြည့်ပြီး သက်ပြင်းချလိုက်သည်။
အရိုးစုကို ကြည့်နေစဉ် သူသည် လုံးဝ မတွေ့ချင်ဆုံး ပုံရိပ်တစ်ခုက ထိုနေရာတွင် ရပ်နေသည်ကို တွေ့လိုက်ရ၏။
ထိုပုံရိပ်ကို ဟွမ်သွမ့်ချီ များ လွှမ်းခြုံထားပြီး အလွန် လျှို့ဝှက်ဆန်းကြယ်နေသည်။
စုရွှမ် ပင် ဖြစ်၏။
စုရွှမ်ကို မြင်လိုက်ရသည်နှင့် လုံအောင့်ထျန်း ၏ မျက်လုံးထဲတွင် ရက်စက်သော အငွေ့အသက်များ ဖြတ်ပြေးသွားသည်။
ထိုအငွေ့အသက်မှာ မျက်စိတစ်မှိတ်အတွင်း ပျောက်ကွယ်သွားပြီး သတိထားမိရန် ခက်ခဲသော်လည်း စုရွှမ်က အာရုံခံမိလိုက်၏။
စုရွှမ်သည် လုံအောင့်ထျန်းကို တစ်ချက်ကြည့်လိုက်ပြီး စိတ်ထဲ မထားတော့ပေ။
ပုရွက်ဆိတ် တစ်ကောင်ပဲလေ... လက်တစ်ဖက်တည်းနဲ့ ဖိနှိပ်လိုက်လို့ ရတယ်...
စုရွှမ်၏ အကြည့်ကို ခံစားလိုက်ရသဖြင့် လုံအောင့်ထျန်း ၏ အတွေးများက ကြေးနီအမတနန်းတော် အပြင်ဘက်တွင် ဖိနှိပ်ခံလိုက်ရသော သူ၏အဖြစ်ကို ပြန်မြင်ယောင်သွားသည်။
တောင်ကြီးတစ်လုံးကို ရင်ဆိုင်နေရသလို အားမတန် ခံစားချက်နှင့် အသက်ရှူကျပ်မှုများက လုံအောင့်ထျန်း ၏ ရင်ကို တင်းကျပ်သွားစေပြီး ကျောပြင်တွင် ချွေးစေးများ ချက်ချင်း ပြန်လာစေသည် ။
“အား... နောက်ဆုံးတော့ ကြေးဝါအမတနန်းတော် ရဲ့ အတွင်းပိုင်းကို ရောက်ပြီဟေ့... သေတော့မှာပဲ...”
ထိုအချိန်တွင် ရှေ့ပိုင်းစွန့်ပစ်နယ်မြေ မှ ကောင်းကင်ပါရမီရှင် များသည်လည်း တဖွဲဖွဲ ရောက်ရှိလာကြသည်။
ယခုအချိန်တွင် ရှေ့ပိုင်းစွန့်ပစ်နယ်မြေ မှ ကောင်းကင်ပါရမီရှင် များ၏ မျက်နှာများမှာ လေးနက်နေပြီး မျက်ဝန်းများ မှေးမှိန်ကာ အတော်လေး ပုံပျက်ပန်းပျက် ဖြစ်နေကြသည်။သူတို့သည် ဟွမ်သွမ့် မြူခိုး များကြောင့် ဒုက္ခရောက်ခဲ့ရပုံ ပေါ်၏။
ထိုလူများ ရောက်လာသည်ကို မြင်သောအခါ စုရွှမ်သည် အနည်းငယ် အံ့သြသွားသည်။
ဤဟွမ်သွမ့် မြူခိုး များသည် သာမန် ချမ်းသွမ့်အဆင့် ကို ချေမှုန်းနိုင်စွမ်း ရှိသည်။ သို့သော် သူတို့သည် နတ်နဂါးအသွင်ပြောင်းခြင်းအဆင့် သာ ရှိသေးသော်လည်း ကိုယ်ခန္ဓာနှင့် နတ်ဘုရားစွမ်းရည်များကို အားပြု၍ ဤနေရာအထိ အရောက် လာနိုင်ခဲ့ကြသည်မှာ မလွယ်ကူလှပေ။
“မင်းတို့လို အမှိုက်တွေတောင် ဒီထိ ရောက်လာနိုင်တာလား... တကယ် မထင်ထားဘူး...”
လှောင်ပြောင်သံ တစ်သံ ထွက်ပေါ်လာသည်။ ရွှေတောင်ပံဌက်မျိုးနွယ် ဘုရင်လေး၏ ပြောဆိုမှုပင်ဖြစ်သည်။
ရွှေတောင်ပံဌကိမျိုးနွယ် ဘုရင်လေး က ထိုလူများကို အေးစက်စွာ ကြည့်လိုက်သည်။ သူ၏မျက်နှာပေါ်တွင် လှောင်ပြောင်မှု၊ အထင်သေးမှုများ ပေါ်နေ၏။
ရွှေတောင်ပံဌက်မျိုးနွယ် ဘုရင်လေး ၏ စကားက တဲ့တိုးဆန်လွန်းသဖြင့် ရှေ့ပိုင်းစွန့်ပစ်နယ်မြေ မှ ကောင်းကင်ပါရမီရှင် များ၏ မျက်နှာများမှာ ချက်ချင်း မည်းမှောင်သွားကြသည်။
သို့သော် သူတို့အနေဖြင့် ပြန်လည် မချေပနိုင်ကြပေ။
အဘယ်ကြောင့်ဆိုသော် ရွှေတောင်ပံဌကိမျိုးနွယ် ဘုရင်လေး ရှေ့တွင် သူတို့သည် အမှန်တကယ်ပင် အမှိုက်များ ဖြစ်နေသောကြောင့်ပင်။
သို့သော် ပြန်လည် မချေပနိုင်သော်လည်း ကျီဖူ မြင့်မြတ်သားတော် ၊ ဓားခန်းမ ဆက်ခံသူ စသော ကောင်းကင်ပါရမီရှင် အချို့က လက်သီးများကို ကျစ်ကျစ်ပါအောင် ဆုပ်ထားကြ၏။
ဒီလို အရှက်ခွဲခံရတာ တကယ် မခံစားနိုင်ဘူး...
သူတို့စိတ်ထဲတွင် အာဃာတတွေဖြင့် ပြည့်နှက်နေပြီး အခြေအနေကို ပြောင်းပြန်လှန်ရန် အခွင့်အရေး တစ်ခုကို ရှာချင်နေကြသည်...
ထိုအချိန်တွင်ပင် ဟိန်းဟောက်သံ တစ်ခုက ဟင်းလင်းပြင် တစ်ခုလုံးတွင် ပေါက်ကွဲထွက်လာသည်...
နောက်တစ်စက္ကန့်တွင် ဟင်းလင်းပြင်၌ ရှေးဟောင်း အရိပ်တစ်ခု ရုတ်တရက် ပေါ်ထွက်လာ၏။
ထိုအရှိန်အဝါသည် ကောင်းကင်နှင့် မြေကြီးကို လွှမ်းမိုးထားပြီး အထွတ်အထိပ်သို့ ရောက်ရှိနေသည်။
သူပေါ်လာသည်နှင့် ကြေးနီအမတနန်းတော် ပင် တုန်ခါသွားသကဲ့သို့ ဖြစ်သွား၏။
“ဒါ ဘာဖြစ်တာလဲ... ဒီအဘိုးကြီးက ဘယ်သူလဲ...”
ကောင်းကင်ပါရမီရှင် တစ်ဦး လန့်သွားသည်။
“ဝိညာဉ် အပိုင်းအစ တစ်ခုပါပဲ... ဒါပေမဲ့ ဒီအရှိန်အဝါက... ဘုရင်အဆင့် နှောင်းပိုင်း လောက် ရှိတယ်...”
ဝူတိ ၏ မျက်လုံးထဲတွင် ရွှေရောင်များ တောက်ပနေပြီး ရွှေရောင် မီးတောက်ကဲ့သို့ ဆံနွယ်များက လေမတိုက်ဘဲ လှုပ်ရှားနေကာ အံ့သြစွာ ပြောလိုက်သည်။
“ဘာ... ဘုရင်အဆင့် နှောင်းပိုင်း ဟုတ်လား... ဘယ်သူက သူ့ကို ယှဉ်နိုင်မှာလဲ...”
ဝူတိ၏ စကားကြောင့် ထိုနေရာရှိ ကောင်းကင်ပါရမီရှင် များ အားလုံး ကြီးမားသော စိတ်ပျက်အားငယ်မှုကို ခံစားလိုက်ရသည်။
ဘုရင်အဆင့် ဆိုတာ ချမ်းသွမ့်အဆင့် အထက်က အဆင့်လေ... အစောပိုင်း အဆင့် ဆိုရင်တောင် ချမ်းသွမ့်အဆင့် ကျင့်ကြံသူ များစွာကို အလွယ်တကူ ချေမှုန်းနိုင်တယ်... နှောင်းပိုင်း အဆင့် ဆိုရင်တော့ ပြောမနေနဲ့တော့...
ဒီလို ပုဂ္ဂိုလ်မျိုးကို သူတို့ ဘယ်လိုလုပ် ယှဉ်နိုင်မှာလဲ...
“တကယ်ပဲ ဒီမှာတင် သေရတော့မှာလား...”
လူတစ်ယောက်က သက်ပြင်းချလိုက်သည်။
ထိုအချိန်တွင် ရှေးဟောင်း အရိပ်က စကားပြောလာခဲ့သည်။
“နောက်မျိုးဆက်တွေ... မင်းတို့လည်း အမတ ကံကြမ္မာ လာရှာတာလား...”
အဘိုးအို၏ လေသံသည် နူးညံ့ပြီး နွေဦးလေညင်း တိုက်ခတ်သကဲ့သို့ ခံစားရစေသဖြင့် ထိုနေရာရှိ လူများ၏ စိုးရိမ်စိတ်များကို အနည်းငယ် လျော့ကျသွားသည်။
ဒီအဘိုးကြီးက သူတို့ကို သတ်ချင်တာ မဟုတ်ဘူးလား...
“စီနီယာ က အရင်ခေတ်တွေတုန်းက ဒီ ကြေးနီအမတနန်းတော် ထဲဝင်ပြီး အမတ ကံကြမ္မာ ရှာခဲ့တဲ့ ကျင့်ကြံသူလား...”
စုရွှမ်၏ မျက်လုံးထဲတွင် ဟွမ်သွမ့် အလင်းရောင်များ တောက်ပနေပြီး လောကသုံးထောင် ကို ပုံဖော်ကာ အဘိုးအိုကို စိုက်ကြည့်လျက် တည်ငြိမ်စွာ မေးလိုက်သည်။
ဒီအဘိုးကြီးက သာမန် မဟုတ်ဘူး... သတိထားမှ ဖြစ်မယ်...
လူတိုင်း က အဘိုးအိုကို ကြည့်လိုက်ကြပြီး မျှော်လင့်ချက် အရိပ်အယောင်များ တောက်ပလာသည်။
တကယ်သာဆို ဒီအဘိုးကြီးက သူတို့ကို တိုက်ခိုက်မှာ မဟုတ်လောက်ဘူး... လမ်းညွှန်တောင် ပေးရင် ပေးလိမ့်ဦးမယ်...
“ဟုတ်တယ်... ငါက အရင်ခေတ်တွေတုန်းက ဒီထဲ ဝင်လာခဲ့တဲ့ ကျင့်ကြံသူပဲ... မင်းတို့လိုပဲ... အဲဒီ အမတ ကံကြမ္မာ တစ်မျှင်ကို လုယူချင်ခဲ့တာ...”
“စီနီယာ... ဒါဆို အခု ကိုယ်ထင်ပြတာ ဘာရည်ရွယ်ချက် ရှိလို့လဲ... ငါတို့ကို တားချင်တာလား... ဒါမှမဟုတ်...”
ယောင်ကွမ်းမြင့်မြတ်သမီးတော် က သံသယဖြင့် မေးလိုက်သည်။
ထိုမေးခွန်း ထွက်လာချိန်တွင် ဟင်းလင်းပြင် တစ်ခုလုံး ချက်ချင်း အေးခဲသွားသကဲ့သို့ပင်..
လူတိုင်း အဘိုးအိုကို စိုက်ကြည့်ပြီး အဖြေကို သိချင်နေကြသည်။
“ငါ ဒီနေရာမှာ ကျဆုံးခဲ့ပြီး... မင်းတို့အတွက် စမ်းသပ်မှု တစ်ခု ဖြစ်လာတယ်... ငါ့ကို သတ်နိုင်မှ မင်းတို့ နန်းတော်ရဲ့ ပိုနက်ရှိုင်းတဲ့ နေရာကို ဝင်လို့ရမယ်...”
အဘိုးအိုက အေးဆေးစွာ ပြောလိုက်သည်။
ကောင်းကင်ပါရမီရှင် များကို ဝေ့ကြည့်လိုက်ရာ သူ၏မျက်လုံးထဲတွင် အေးစက်သော အရောင်တစ်ချက် ဝင်းလက်သွား၏။
“မင်းတို့ တစ်ယောက်ချင်းစီရဲ့ ပါရမီက မဆိုးဘူး... ဒါပေမဲ့ ငါနဲ့ တွေ့တော့... မင်းတို့ခရီးက ဒီမှာတင် ရပ်တန့်သွားလောက်ပြီ...”
“နောင်နှစ်ကာလတွေမှာ ဒီမှာပဲ နေရစ်ပြီး ငါ့အဖော် လုပ်ပေးကြပေတော့...”
ဘုန်း...
အဘိုးအို၏ စကားသည် မိုးကြိုးပစ်ချလိုက်သကဲ့သို့ လူတိုင်း၏ ရင်ထဲကို ပြင်းပြင်းထန်ထန် ရိုက်ခတ်သွားသည်။
အဘိုးကြီးက တကယ်ပဲ သူတို့ကို တားဆီးချင်နေတာပါလား...
တိုက်ပွဲကြီး တစ်ပွဲကတော့ ရှောင်လွှဲလို့ မရတော့ဘူး...
ချက်ချင်းပင် လူတိုင်း အသင့်ပြင်လိုက်ကြပြီး လာမည့် တိုက်ပွဲကြီးကို ရင်ဆိုင်ရန် ပြင်ဆင်လိုက်ကြသည်။
လူတိုင်း၏ အလေးအနက် ထားပုံကို မြင်လိုက်ရသောအခါ အဘိုးအိုသည် ပြုံးလိုက်ပြီး လက်တစ်ဖက်ကို ရှေ့သို့ ဆန့်ထုတ်လိုက်သည်။
နောက်တစ်စက္ကန့်တွင် အလင်းတန်းတစ်ခုသည် ကောင်းကင်သို့ ထိုးတက်သွားပြီး ကြီးမားသော တံဆိပ်တုံးကြီး တစ်ခုအဖြစ် ချက်ချင်း ဖွဲ့စည်းသွားကာ ကောင်းကင်ကို ဖုံးလွှမ်းပြီး ဘုန်းခနဲ ဖိချလာ၏။
ဒါက ဘုရင်အဆင့် နှောင်းပိုင်း ရဲ့ တိုက်ခိုက်မှုလေ... အရှိန်အဝါက ကြောက်မက်ဖွယ် ကောင်းလွန်းပြီး ကောင်းကင်နဲ့ မြေကြီးကိုတောင် လက်ဝါးနဲ့ ရိုက်ချေပစ်တော့မယ့် အတိုင်းပဲ...
“မဖြစ်ဘူး... ဒီတစ်ချက်နဲ့ဆို ငါတို့ တွေ အရည်ဖျော်ချခံရပြီး သေသွားမှာ သေချာတယ်...”
“ ဝူးး... ငါ မသေချင်သေးဘူး...”
“သိရင် မဝင်လာပါဘူး... ပျင်းစရာ ကောင်းလိုက်တာ... အမတ ကံကြမ္မာ မပြောနဲ့... ဘာမှ မတွေ့ရသေးဘဲ သေရတော့မယ်...”
လက်လျှော့ အရှုံးပေးသံများသည် ဟင်းလင်းပြင်ထဲတွင် ပဲ့တင်ထပ်သွားသည်။