← Chapters

ကမ္ဘာဦးမီးပြင်းဖို၊ အကုန် လုကြမယ်

Vol. 5 Ch. 67

ကမ္ဘာဦးမီးပြင်းဖို၊ အကုန် လုကြမယ်

Vol. 5 Ch. 67

ဟွမ်သွမ့် အလင်းရောင်များဖြင့် လွှမ်းခြုံထားသော စုရွှမ်သည် ခေါင်းမော့ကာ အပေါ်ဘက် ဟင်းလင်းပြင်ကို ကြည့်လိုက်သည်။

စောစောက ကမ္ဘာဦးမီးပြင်းဖို စွမ်းအင်များက ထိုနေရာမှ ထွက်ပေါ်လာကာ လူများကို ဖိချပစ်ခဲ့သည်။

ဒါဆိုရင်... အဲဒီမှာ တစ်ခုခု ရှိနေလိမ့်မလား...

ရုတ်တရက် စုရွှမ်၏ မျက်လုံးများသည် တောက်ပသွားသည်။

ဟင်းလင်းပြင်တွင် သုံးချောင်းထောက်အိုး ကြီး တစ်လုံးက တလူလူ ပျံဝဲနေသည် ။

“ကမ္ဘာဦးမီးပြင်းဖို...”

လမ့်ရိုလီ မျက်လုံးအိမ်များသည် ကျဉ်းမြောင်းသွားပြီး အံ့သြစွာဖြင့် ပြောလိုက်သည်။

သူမ၏ မှတ်ဉာဏ်ထဲတွင် ထိုပုဂ္ဂိုလ်၏ အမွေအနှစ်မှာ အမှန်တကယ်ပင် ကမ္ဘာဦးမီးပြင်းဖို ဖြစ်သည်။

မဟုတ်မှလွဲရော... ဒီအိုးလား...

တကယ်သာ ဆိုရင် ဒါက အမတနယ်မြေ က အဘိုးကြီးတွေကိုတောင် လုယူချင်စိတ် ဖြစ်လာအောင် လုပ်နိုင်တဲ့ ရတနာ စစ်စစ်ကြီးလေ...

“ဒါက... ဧကရာဇ် အရှိန်အဝါ ပဲ... ဒီမီးပြင်းဖိုအိုးကြီးက... ဧကရာဇ်လက်နက် လား...”

လုံအောင့်ထျန်း တစ်ကိုယ်လုံး တုန်ယင်သွားပြီး၊ ရင်ထဲတွင် မုန်တိုင်းများ တိုက်ခတ်သွားသည်။

“ဧကရာဇ် အရှိန်အဝါ... ဟုတ်တယ်... ဧကရာဇ်လက်နက် ပဲ...”

ရွှေတောင်ပံဌက်မျိုးနွယ် ဘုရင်လေး လည်း ရူးသွပ်လုမတတ် ဖြစ်သွားပြီး မျက်လုံးများ နီရဲလာသည်။

ဧကရာဇ်လက်နက် ပါလား...

အဲဒါက အထွတ်အထိပ် မဟာဧကရာဇ် တွေပဲ လုပ်နိုင်တဲ့ ပစ္စည်းလေ...

မဟာဧကရာဇ် ရဲ့ အဖိုးတန်ဆုံး ရတနာပဲ...

တာအိုနယ်မြေ တစ်ခုလုံး ရှာရင်တောင် တစ်ခု ရှာတွေ့ဖို့ဆိုတာ ခက်ခဲတယ်...

ဧကရာဇ်လက်နက် ရဲ့ အစွမ်းကတော့ ပြောစရာ မလိုတော့ဘူး...

နာမည်ကြားလိုက်ရုံနဲ့တင် တောမီးလို ပျံ့နှံ့သွားနိုင်ပြီး အဖွဲ့အစည်း တစ်ခုကို နှစ်သောင်းချီ တည်တံ့ခိုင်မြဲအောင် လုပ်ပေးနိုင်တယ်...

“ဒါက အမတ ကံကြမ္မာ လား... ဒီ ဧကရာဇ်လက်နက် ထဲမှာ အမတ ဖြစ်နိုင်မယ့် လျှို့ဝှက်ချက်တွေ ပါနေတာလား...”

ဝူတိ ၏ မျက်လုံးများလည်း တောက်လောင်လာသည်။

ဧကရာဇ်လက်နက် ရဲ့ ဆွဲဆောင်မှုက ယုံမှားသံသယ ဖြစ်စရာ မလိုဘူးလေ...

ပြိုင်ဘက်ကင်း အလှပဂေးလေး တစ်ယောက်ထက်တောင် ပိုပြီး ဆွဲဆောင်မှု ရှိသေးတယ်...

“ဧကရာဇ်လက်နက် ကို ရလိုက်ရင်... ခေတ်ပြိုင် ကောင်းကင်ပါရမီရှင် တွေ မပြောနဲ့... လူကြီးပိုင်းတွေကိုတောင် ဘာကြောက်စရာ လိုတော့မလဲ...”

လုံအောင့်ထျန်း၏စိတ်ထဲတွင် ထိုသို့အော်ဟစ်ရင်း အတော်လေး စိတ်လှုပ်ရှားနေသည်။

ဒီ ဧကရာဇ်လက်နက် ကို သူ မရရအောင် ယူရမယ်...

ဒီ ဧကရာဇ်လက်နက် သာ ရရင် စုရွှမ် မပြောနဲ့...

အဲဒီအချိန်ကျရင် ဗဟိုလွင်ပြင် တစ်ခုလုံး... တာအိုနယ်မြေ တစ်ခုလုံး... လောကသုံးထောင် က ကောင်းကင်ပါရမီရှင် တွေ အကုန်လုံး သူ့ရဲ့ ဖိနှိပ်မှုကို ခံရတော့မှာ...

ဒီခေတ်ရဲ့ ကံတရားက သူ လုံအောင့်ထျန်း ပိုင်တာ ဖြစ်ရမယ်...

“ဒီ ဧကရာဇ်လက်နက် က ငါ့ရဲ့ ရွှေတောင်ပံဌက်မျိုးနွယ်စု ကို နှစ်သောင်းချီ တောက်ပစေနိုင်တယ်... မဖြစ်မနေ ရယူရမယ်...”

“အထွတ်အထိပ်သို့ တက်လှမ်းခြင်း လမ်းစက ဧကရာဇ်လက်နက် ကနေ စတင်ရမယ်...”

ဝူတိ က တီးတိုး ရေရွတ်လိုက်သည်။

သိသာထင်ရှားသည်မှာ သူတို့အားလုံးသည် ဤ ဧကရာဇ်လက်နက် ကို လိုချင်နေကြပြီး အရာအားလုံး ပေးဆပ်ရန် ဝန်မလေးကြပေ။

အကြီးမားဆုံး အကျိုးစီးပွားရှေ့တွင် အရာအားလုံးက အတုအယောင်များသာ ဖြစ်ပြီး ဘာမှ တန်ဖိုးမရှိတော့ပေ။

“ဒီ ဧကရာဇ်လက်နက် က တကယ့် ရတနာ ဆိုတာ ဟုတ်ပေမယ့်... ငါ့အတွက်တော့ သိပ်အသုံးမဝင်ဘူး... ငါ့မှာ ကိုယ်ပိုင်လမ်း ရှိတယ်... သူများပစ္စည်းကို အားကိုးစရာ မလိုဘူး...”

လမ့်ရိုလီ၏ စိတ်ထဲတွင် ကိုယ့်ကိုယ်ကိုယ် ပြောလိုက်သည်။

အမှန်အားဖြင့် ဤ ဧကရာဇ်လက်နက်သည် သူမ၏ စွမ်းရည်ကို တိုးတက်စေရန် အထောက်အကူ ဖြစ်ပေလိမ့်မည်။

လမ့်ရိုလီ အနေဖြင့် ဤဧကရာဇ်လက်နက် ကို လက်လျှော့လိုက်သည့် အကြောင်းရင်းမှာ..

စုရွှမ် ကြောင့်ပင် ဖြစ်သည်။

လမ့်ရိုလီသည် သူမ၏ အရင်ဘဝက လူမှုဆက်ဆံရေး အတွေ့အကြုံများစွာကို ကြုံ‌တွေ့ခဲ့ဖူးသည်။

အကျိုးစီးပွား ပြဿနာများကြောင့် ဆွေမျိုးမိတ်ဆွေရင်းများ မျက်နှာချင်းဆိုင် တိုက်ခိုက်ကြသည့်မြင်ကွင်းကို သူမ အများကြီး မြင်ခဲ့ဖူးသည်။

လမ့်ရိုလီ သည် စုရွှမ် အပေါ်တွင် မကျေနပ်ချက် အနည်းငယ်ရှိသော်လည်း ၊

ထိုမကျေနပ်ချက်သည် စုရွှမ် ကို ဖိနှိပ်ချင်ရုံမျှသာ ဖြစ်သည်။

စုရွှမ် နှင့် သေခန်းရှင်ခန်း ရန်သူ ဖြစ်လိုသော စိတ်ဆန္ဒမရှိ‌ပေ။

ပို၍ နက်ရှိုင်းသော အကြောင်းပြချက်အနေဖြင့် လမ့်ရိုလီ တစ်ယောက်တည်းသာ သိပေလိမ့်မည်...

“ဧကရာဇ်လက်နက် ဟုတ်လား... အဲ့တာ ငါ့အပိုင်ပဲ...”

စုရွှမ်သည် အေးဆေးစွာ ပြောလိုက်သည်။

“မင်းတို့ ကန့်ကွက်စရာ ရှိလား...”

စုရွှမ်၏ အကြည့်များက အေးစက်နေပြီး လူတိုင်းကို လှည့်ကြည့်လိုက်သည်။

ချက်ချင်းပင် မြင်ရသော ဖိအားတစ်ခုက ဟင်းလင်းပြင် တစ်ခုလုံး လွှမ်းခြုံသွားပြီး လူတိုင်းကို အသက်ရှူကျပ်သွားစေသည်။

တစ်ခဏချင်းပင် ဟင်းလင်းပြင် တစ်ခုလုံး အေးခဲသွားသကဲ့သို့ ဖြစ်သွားသည်။

သေမင်းတမန် တိတ်ဆိတ်ခြင်းကဲ့သို့ပင်။

စုရွှမ်၏ စကားကို မည်သူမျှ ပြန်လည် မပြောဝံ့ကြပေ။

မတတ်နိုင်ဘူးလေ... စုရွှမ်ရဲ့ စွမ်းရည်ကို လူတိုင်း မြင်တွေ့ခဲ့ပြီးပြီပဲ... ဒီနေရာမှာရှိတဲ့ ကောင်းကင်ပါရမီရှင်တွေထဲမှာ စုရွှမ်ကို နိုင်အောင် တိုက်နိုင်မယ့်သူ တစ်ယောက်မှ မရှိဘူး....

“ဧကရာဇ်လက်နက် ကို ဒီအတိုင်း လက်လွှတ်ပေးရမှာလား...”

လုံအောင့်ထျန်း သည် စုရွှမ်ကို စိုက်ကြည့်နေပြီး သူ၏မျက်လုံးထဲတွင် မကျေနပ်ချက်များဖြင့် ပြည့်နှက်နေသည်။

“ဒီ ဧကရာဇ်လက်နက် က ငါ့မျိုးနွယ်စု ပြန်လည် ရှင်သန်ဖို့ မျှော်လင့်ချက်ပဲ... ဒီအတိုင်း စွန့်လွှတ်လိုက်ရရင် ငါ မကျေနပ်ဘူး... ငါ တကယ် မကျေနပ်ဘူး...”

ရွှေတောင်ပံဌက်မျိုးနွယ် ဘုရင်လေးက စိတ်ထဲတွင် အော်ဟစ်လိုက်သည်။

“နတ်ဘုရားရင်းမြစ် ထဲမှာ နှစ်ပေါင်း တစ်သောင်း ကိုယ့်ကိုယ်ကိုယ် ပိတ်လှောင်ထားခဲ့တာ... မဟာရွှေခေတ် ကို စောင့်ဆိုင်းဖို့အတွက်ပဲ... အခု မဟာရွှေခေတ် ရောက်လာပြီ... အမတ နန်းတော် ပြန်ပေါ်လာပြီ... အမတ ဖြစ်ဖို့ မျှော်လင့်ချက်လေး ပေါ်လာတာ... ငါ လက်မခံရင် ငါ မဟုတ်တော့ဘူး...”

ဝူတိလည်း မကျေနပ်ဘဲ သူ့စိတ်ထဲတွင် သူ့ကိုယ်သူ ရေရွတ်နေမိသည်။

“ရွှေတောင်ပံ ဌက်မျိုးနွယ် ဘုရင်လေး... ဝူတိ... စုရွှမ် ဆိုတဲ့ကောင်က သိပ်ပြီး လွှမ်းမိုးလွန်းတယ်... ငါတို့ ပူးပေါင်းမှ ဧကရာဇ်လက်နက် ကို လုလို့ရနိုင်မှာ... စုရွှမ် သေမှ ငါတို့အတွက် အခွင့်အရေး ရှိမှာ...”

လုံအောင့်ထျန်း က ရွှေတောင်ပံ ဌက်မျိုးနွယ် ဘုရင်လေး နှင့် ဝူတိ တို့ကို လျှို့ဝှက် အသံပေးလိုက်သည်။

ချက်ချင်းပင် ရွှေတောင်ပံ ဌက်မျိုးနွယ် ဘုရင်လေး နှင့် ဝူတိ တို့၏ မျက်နှာထားများသည် ထူးဆန်းသွားသည်။

သုံးယောက်သား အကြည့်ချင်း ဖလှယ်လိုက်ကြပြီး ဆုံးဖြတ်ချက် တစ်ခုခုကို ချမှတ်လိုက်ပုံရသည်။

နောက်တစ်စက္ကန့်တွင် သုံးယောက်စလုံး၏ အရှိန်အဝါများသည် တပြိုင်နက်ထဲ အထွတ်အထိပ်သို့ မြင့်တက်လာပြီး ဟင်းလင်းပြင် တစ်ခုလုံးကို လွှမ်းခြုံသွားသည်။

စုရွှမ်၏ မျက်လုံးများသည် ကျဉ်းမြောင်းသွားပြီး သုံးယောက်စလုံးကို တစ်ချက် ကြည့်လိုက်သည်။

“မင်းတို့က ငါနဲ့ ဧကရာဇ်လက်နက် ကို လုချင်တာ သေချာပြီလား...”

စုရွှမ်၏ မျက်နှာသည် တည်ငြိမ်နေပြီး လေသံကလည်း ပုံမှန်အတိုင်း ဖြစ်ကာ ကြီးကြီးမားမား လှုပ်ရှားမှု မရှိချေ။

ဒီကောင်တွေ ဒီအတိုင်း လက်လျှော့လိုက်မှာ မဟုတ်ဘူး ဆိုတာ သူ တွက်ထားပြီးသားလေ..

ဒါပေမဲ့ အချင်းချင်း ပူးပေါင်းပြီး သူ့ကို အရင် ရှင်းထုတ်လိမ့်မယ်လို့တော့ မထင်ထားခဲ့ဘူး..

ဒါပေမဲ့...

စုရွှမ်၏ နှုတ်ခမ်းထောင့်စွန်းများသည် ကွေးညွှတ်သွားပြီး သူ၏မျက်နှာပေါ်တွင် လှောင်ပြုံးအပြုံးတစ်ခု ပေါ်ထွက်လာခဲ့သည်။

မင်းတို့က ငါ့ကို တိုက်ခိုက်ဖို့ ရွေးချယ်လိုက်မှတော့... ရှုံးနိမ့်ခြင်း ဆိုတဲ့ ရလဒ်ကို လက်ခံဖို့ ပြင်ထားလိုက်တော့...

“ဟုတ်တယ်... စုရွှမ်... မင်းက ငါ့ညီမလေးကို အနိုင်ကျင့်တယ်... လူတွေရှေ့မှာ ငါ့ကို စော်ကားတယ်... ငါ့ကို အရှက်ကွဲစေတယ်... ဒီနေ့ မင်းကို မဖြစ်မနေ သတ်ရမယ်...”

လုံအောင့်ထျန်း က စုရွှမ်ကို စိုက်ကြည့်ပြီး အော်ဟစ်လိုက်သည်။သူ၏ မျက်လုံးများထဲတွင် မီးတောက်များက တဟုန်းဟုန်း တောက်လောင်နေ၏။

“စုရွှမ်... မင်း သန်မာတာ ငါ လက်ခံတယ်... ဒါပေမဲ့ ဒီ ဧကရာဇ်လက်နက် က ငါ့မျိုးနွယ်စုကို နှစ်ပေါင်း တစ်သောင်း တည်တံ့ခိုင်မြဲစေမယ့် အရာပဲ... ငါ လက်လွှတ်လို့ မဖြစ်ဘူး...”

ရွှေတောင်ပံ ဌက်မျိုးနွယ် ဘုရင်လေး က ပြောလိုက်သည်။ သူ၏လေသံမှာ အကြောင်းကိစ္စကြောင့် မလွှဲသာ မရှောင်သာ လုပ်ရသကဲ့သို့ပင်။

အမှန်အားဖြင့် ရွှေတောင်ပံဌက်မျိုးနွယ် ဘုရင်လေး သည် စုရွှမ် ကို အရင်ကတည်းက ဖယ်ရှားလိုခဲ့သည်။

အဘယ့်ကြောင့်‌ဆိုသော် စုရွှမ် သေမှသာ

၊ ဤ တောက်ပသော ခေတ်ကြီးထဲတွင် သူ့အတွက် မျှော်လင့်ချက် ရှိလာနိုင်သည်။

“အစ်ကိုစုရွှမ်... ခင်ဗျားက သန်မာပါတယ်... ဘယ်ခေတ်မှာပဲ ဖြစ်ဖြစ် အသန်မာဆုံး ကောင်းကင်ပါရမီရှင် ပါပဲ... ဒီ ဧကရာဇ်လက်နက် သာ မရှိရင် ကျွန်တော်တို့ မိတ်ဆွေတွေ ဖြစ်သွားနိုင်ကောင်းပါရဲ့...”

“ဒါပေမဲ့ ကျွန်တော်က နတ်ဘုရားရင်းမြစ် ထဲမှာ နှစ်ပေါင်း တစ်သောင်း ပိတ်လှောင်ပြီး လက်ရှိ မဟာရွှေခေတ် ကို စောင့်နေခဲ့တာ...”

“အခု အမတ နန်းတော် ပြန်ပေါ်လာပြီး... အမတ ကံကြမ္မာ ပြန်ရောက်လာပြီ... ကျွန်တော် မကြိုးစားရင် ကျွန်တော် စောင့်ခဲ့တဲ့ နှစ်တစ်သောင်းက အလကား ဖြစ်သွားမှာပေါ့...”

ဝူတိ၏ နောက်ကျောဘက်တွင် ရွှေရောင် ပုံရိပ်ယောင် တစ်ခုက တောက်ပသော အလင်းရောင်များ ထုတ်လွှတ်နေသည်။ ဤသည်မှာ ရှေးဟောင်းမြင့်မြတ်ခန္ဓာ၏ ပုံရိပ်ယောင်ပင် ဖြစ်သည်။

ယခုအချိန်တွင် သူ၏ ကြောက်မက်ဖွယ် အရှိန်အဝါများသည် အပြည့်အဝ ပွင့်ထွက်လာပြီး ဟင်းလင်းပြင်ကို တုန်လှုပ်သွားစေသည်။ ထိုသွေးစွမ်းအင်များက ရှေးဟောင်း သားရဲကြီး တစ်ကောင်နှင့်ပင် ယှဉ်နိုင်လောက်သည် ။

“စုရွှမ်... ကျွန်မ ရှင့်ဘက်ကနေ ပါမယ်...”

….

All Chapters