← Chapters

ကောင်းကင်ပါရမီရှင် သုံးဦးကို ဖိနှိပ်ခြင်း

Vol. 5 Ch. 68

ကောင်းကင်ပါရမီရှင် သုံးဦးကို ဖိနှိပ်ခြင်း

Vol. 5 Ch. 68

“စုရွှမ်... ကျွန်မ ရှင့်ဘက်ကနေ ပါမယ်...”

ထိုအချိန်တွင် နူးညံ့သော အသံတစ်ခုက ဟင်းလင်းပြင်ထဲ၌ ရုတ်တရက် ထွက်ပေါ်လာသည်။

ထိုအသံကြောင့် စုရွှမ်သည် အံ့အားသင့်သွားပြီး ဘေးနားရှိ လှပသော ပုံရိပ်ကို ကြည့်ကာ သူ၏မျက်နှာပေါ်တွင် ကြည်နူးသော အပြုံးတစ်ခု ပေါ်ထွက်လာသည်။

“မိန်းမ... မင်း ငါ့ကို တကယ် ချစ်တာပဲ...”

လမ့်ရိုလီ သည် စုရွှမ်ကို မျက်စောင်းထိုးလိုက်သော်လည်း ပြန်လည် ရန်မတွေ့ဘဲ ကိုယ်ပိုင် အရှိန်အဝါကို အပြည့်အဝ ထုတ်လွှတ်ကာ ဝူတိတို့ သုံးဦးကို ဖိနှိပ်လိုက်သည်။

လမ့်ရိုလီတစ်ယောက် ဘာကြောင့် ဒီလိုလုပ်မိမှန်း သူမကိုယ်တိုင်လည်း မသိ။

သို့သော် စုရွှမ်သည် သူများအနိုင်ကျင့်ခံရမည်ကိုတော့ သူမ မမြင်လိုပေ။

စုရွှမ် ကို သူမတစ်ယောက်တည်းသာ ဖိနှိပ်လို့ ရမယ်...

“မိန်းမ... တကယ်တော့ ဒီလို ငယ်မွေးခြံပေါက်လေးတွေ ကို ဖြေရှင်းဖို့ မင်း ပါစရာတောင် မလိုပါဘူးကွာ...”

စုရွှမ်၏ တည်ငြိမ်သော အသံက ဟင်းလင်းပြင်ထဲတွင် ပဲ့တင်ထပ်သွားသည်။

ထိုအသံကြောင့် ဝူတိ၊ လုံအောင့်ထျန်း နှင့် ရွှေတောင်ပံဌက်မျိုးနွယ် ဘုရင်လေး တို့ သုံးဦး၏ မျက်နှာများသည် ချက်ချင်း မည်းမှောင်သွားကြပြီး မကျေနပ်မှုများ အထင်းသား ပေါ်လာသည်။

သုံးဦးစလုံးက ထိပ်တန်း ကောင်းကင်ပါရမီရှင် တွေလေ... မတောက်ပတဲ့ ခေတ်တစ်ခုမှာ ဆိုရင် အသန်မာဆုံးလို့ ပြောလို့ရလောက်တဲ့ အထိပဲ...

ဒါပေမဲ့ ဒီကောင် စုရွှမ်က သူတို့ကို ငယ်မွေးခြံပေါက်လေးတွေ တဲ့လား...

ဒါကို ဘယ်လိုလုပ် သည်းခံနိုင်မှာလဲ...

“မိုင်သောင်းချီ နဂါးပျံဟိန်းသံ...!”

“ရွှေတောင်ပံဌက်မျိုးနွယ် တောင်ပံဖြန့်ကျက်ခြင်း...!”

“ကောင်းကင်မြေကြီးကို တုန်လှုပ်စေသောသိုင်း...!”

ထိပ်တန်း ကောင်းကင်ပါရမီရှင် သုံးဦးသည် တပြိုင်နက်ထဲ စုရွှမ်ကို တိုက်ခိုက်လာကြသည်။

တစ်ခဏချင်းပင် ဟင်းလင်းပြင် တစ်ခုလုံး ကြောက်မက်ဖွယ် စွမ်းအင်များဖြင့် ပြည့်နှက်သွားပြီး ၊ ရုန်းသင်္ကေတများ ယှက်နွယ်ကာ နတ်ဘုရားစွမ်းအားများ လှိုင်းထလျက် မိုးမြေတစ်ခွင်လုံးကို ဖျက်ဆီးပစ်တော့မည့်အလားပင်။

နောက်တစ်စက္ကန့်တွင် ဟင်းလင်းပြင် တစ်ခုလုံး စုတ်ပြတ်မတတ် ဖြစ်သွား၏။

“ကလေးကစားကွက်တွေပါ... ငါ့ရဲ့ ဖိနှိပ်မှုကို ခံလိုက်စမ်း...”

ယခုလည်း တည်ငြိမ်သော စကားတစ်ခွန်းပင်။

သို့သော် အသံထွက်လာပြီး နောက်တစ်စက္ကန့်တွင်...

အဆုံးမဲ့ ဟွမ်သွမ့်ချီ များက စုရွှမ်၏ နောက်ကျောမှအရူးအမူး ထွက်ပေါ်လာခဲ့သည်။

ဟွမ်သွမ့် အလင်းရောင်များက ဟင်းလင်းပြင် တစ်ခုလုံး လင်းထိန်သွားစေပြီး မျက်လုံးကိုပင် မဖွင့်နိုင်လောက်အောင် စူးရှနေသည်။

“အရာခပ်သိမ်း... ပွင့်...!”

“ပြန်လည်မွေးဖွားခြင်းလမ်းခြောက်သွယ်...!”

ပြိုင်ဘက်ကင်းသော ကြောက်မက်ဖွယ်ရာ အလင်းရောင် တစ်ခုသည် ထိန်လင်းတောက်ပလာပြီး လမ်းကြောင်းခြောက်သွယ် ကို ချိုးဖျက်ကာ သံသရာကို ဖျက်ဆီးပစ်လိုက်သည်။

ဘုန်း...!!!

ပြင်းထန်သော တိုက်ခိုက်မှုက ဂြိုဟ်ငယ်လေးများ တိုက်မိသကဲ့သို့ ဖြစ်စေပြီး ကြေးနီအမတနန်းတော် တစ်ခုလုံးကို တုန်ခါသွားစေသည် ။

ကြောက်မက်ဖွယ်ရာ တိုက်ပွဲ ဂယက်များက ဟာရီကိန်း မုန်တိုင်းများကို ဖြစ်ပေါ်စေပြီး ကောင်းကင်နှင့် မြေကြီးကို လွှမ်းခြုံသွားသည်။

“မဖြစ်ဘူး...!!!”

“ငါ မကျေနပ်ဘူး...!!!”

“ငါ... ဘယ်လိုလုပ် ရှုံးရမှာလဲ...!”

“…”

လေပြင်းမုန်တိုင်းထဲတွင် အော်ဟစ်သံများ၊ ညည်းတွားသံများ၊ ဒေါသသံများ ပါဝင်နေသည်။

သို့သော် ဘာမှ မတတ်နိုင်‌ချေ။ အသံများက ဟင်းလင်းပြင်ထဲတွင် လျင်မြန်စွာ ပျောက်ကွယ်သွားလေသည်။

နောက်ဆုံးတွင် ဟင်းလင်းပြင်သည် ပြန်လည် ငြိမ်သက်သွား၏။

ကွင်းထဲတွင် ဖြောင့်တန်းသော လူရိပ်တစ်ခုသာ ကျန်ရှိတော့သည်။ သူ၏အဖြူရောင် ဝတ်စုံသည် နှင်းကဲ့သို့ ဖြူဖွေးကာ ဖုန်မှုန့်တစ်စမျှ မရှိ‌ချေ။

ထိုလူရိပ်မှာ အခြားသူ မဟုတ်၊ စုရွှမ် ပင် ဖြစ်၏။

စုရွှမ်သည် ထိပ်တန်း ကောင်းကင်ပါရမီရှင် သုံးဦးကို ချေမှုန်းပစ်ခဲ့သည် ။

“ဒီလောက် အဆင့်ပဲ ရှိတာကို ကောင်းကင်ပါရမီရှင် လို့ ခေါ်ပြီး ငါ့ကို လာတိုက်ရဲတယ်ပေါ့... ကိုယ့်နေရာကိုယ် မသိကြဘူးလား...”

စုရွှမ်၏ မျက်နှာပေါ်ရှိ လှောင်ပြုံးအပြုံးတစ်ခုက ပို၍ ဝင့်ကြွား‌လာခဲ့သည်။

“တကယ့်ကို သန်မာတဲ့ တိုက်ခိုက်ရေး စွမ်းရည်ပဲ...”

ထိုမြင်ကွင်းကို မြင်လိုက်ရချိန်တွင် လမ့်ရိုလီ ပင်လျှင် ရင်ထဲ၌ တုန်ခါသွားပြီး ၊ စုရွှမ်၏ ကြောက်မက်ဖွယ် တိုက်ခိုက်ရေး စွမ်းရည်ကို မယုံကြည်နိုင် ဖြစ်မိသည်။

သူမသာ ဆိုလျှင်လည်း ထိုသုံးယောက်ကို နိုင်လောက်သော်လည်း စုရွှမ်လောက်တော့ လွယ်ကူမည် မဟုတ်ပေ။

“စဉ်းစားလို့ မရနိုင်ဘူး... စုရွှမ် က အမတနယ်မြေ မှာ မွေးဖွားတာ မဟုတ်ဘဲ လောကသုံးထောင် က လူ ဖြစ်နေတာ...”

“စုရွှမ် ရဲ့ ပါရမီက ငါ့ဘဝမှာ တွေ့ဖူးတဲ့ ဘယ်သူနဲ့မှ မတူအောင် သာလွန်နေတယ်... အမတနယ်မြေ က ရှေးဟောင်း မှတ်တမ်းတွေထဲက ဟိုတစ်ယောက် က လွဲရင် ဘယ်သူမှ သူ့ကို ယှဉ်နိုင်မှာ မဟုတ်ဘူး...”

“ဒီလိုဆိုရင် ငါ ဘယ်လိုလုပ် စုရွှမ်ကို ဖိနှိပ်နိုင်မှာလဲ... တကယ်ပဲ အခွင့်အရေး မရှိတော့ဘူးလား...”

လမ့်ရိုလီသည် မျက်တောင်လေး ပုတ်ခတ်ပုတ်ခတ် လုပ်ပြီး စုရွှမ် ကို စိုက်ကြည့်ရင်း စိတ်ထဲတွင် တွေးလိုက်မိသည်။

“မိန်းမ... ငါ့ကို ဘာလို့ ဒီလောက် စိုက်ကြည့်နေတာလဲ... မင်းယောက်ျားက သိပ်ချောနေလို့လား...”

လမ့်ရိုလီသည် သူ့ကို စိုက်ကြည့်နေသည်ကို မြင်လိုက်ရသဖြင့် စုရွှမ်က ပြုံးလိုက်ပြီး မျက်နှာပြောင်တိုက်ကာ ပြောလိုက်သည်။

“ဟမ်.. ရှင့်ကိုယ်ရှင် ရွှေချထားတယ်လို့ မှတ်နေလား...”

လမ့်ရိုလီ သည် စုရွှမ်ကို နောက်တစ်ကြိမ် မျက်စောင်းထိုးလိုက်ပြန်သည်။

စုရွှမ်သည် အနေခက်ခြင်း မရှိဘဲ ပခုံးတွန့်လိုက်ကာ ပြုံး၍ ပြောလိုက်သည် -

“မိန်းမ... ခုနက မင်း ငါ့ဘက်က ပါပေးတာ... ယောက်ျား တကယ် စိတ်လှုပ်ရှားသွားတယ်... တကယ်ပြောတာ...”

လမ့်ရိုလီ ၏ မျက်နှာမှာ အနည်းငယ် မည်းကျသွားသည်။

ဝူတိ တို့ကို ရှင်းလင်းပြီးနောက် စုရွှမ်သည် စိတ်ချလက်ချ မနေရဲသေးပေ။

သူသည် အပေါ်သို့ မော့ကြည့်လိုက်ရာ ဟင်းလင်းပြင်ထဲတွင် ပျံဝဲနေသော မီးပြင်းဖိုအိုးကြီးက ရှိနေဆဲ ဖြစ်ပြီး ၊ ထိုအထဲမှ သိပ်သည်းသော ကမ္ဘာဦးမီးပြင်းဖို စွမ်းအင်များ ထွက်ပေါ်လာကာ ဟင်းလင်းပြင် တစ်ခုလုံးကို လွှမ်းခြုံထားသည် ။

ပုံမှန်အားဖြင့် ဆိုလျှင် ဤ ကမ္ဘာဦးမီးပြင်းဖို စွမ်းအင် များသည် ဘုရင်အဆင့် တစ်ဦး၏ ခန္ဓာကိုယ်ကို အလွယ်တကူပင် ဖျက်ဆီးပစ်နိုင်သည်။

သို့သော် စုရွှမ်နှင့် လမ့်ရိုလီ တို့ နှစ်ဦးမှာ သာမန် ကောင်းကင်ပါရမီရှင် များ မဟုတ်ကြသဖြင့် ကြီးကြီးမားမား ထိခိုက်ခြင်း မရှိဘဲ အလွန် သက်သောင့်သက်သာ ရှိနေကြသည်။

လေထဲတွင် ပျံဝဲနေသော ကမ္ဘာဦးမီးပြင်းဖို ကို ကြည့်ရင်း စုရွှမ်၏ ရင်ထဲတွင် လှုပ်ရှားသွားသည်။

ဒါက ဧကရာဇ်လက်နက် လေ...

တာအိုနယ်မြေ တစ်ခုလုံး ရှာတာတောင် တစ်ခု တွေ့ဖို့ ခက်တဲ့ အမတ ရတနာ...

ဒီ ဧကရာဇ်လက်နက် မှာ ဘာအာနိသင် ရှိလဲ မသိပေမယ့်... သေချာတာကတော့ အလကား ပစ္စည်းတော့ မဟုတ်ဘူး...

“ငါ ကြည့်ချင်တယ်... ဒီ ကမ္ဘာဦးမီးပြင်းဖို မှာ ဘာအစွမ်း ရှိလဲ ဆိုတာ...”

စုရွှမ်သည် တီးတိုး ရေရွတ်လိုက်သည်။

နောက်တစ်စက္ကန့်တွင် ဟွမ်သွမ့်ချီ များ ထွက်ပေါ်လာပြီး ၊ သူသည် ကမ္ဘာဦးမီးပြင်းဖို ကို တန်းတန်းမတ်မတ် ဖမ်းယူလိုက်ကာ သိုလှောင်လက်စွပ်ထဲသို့ ထည့်ရန် ပြင်လိုက်သည်။

ဘုန်း...

ထိုအချိန်တွင်ပင် ကြေးနီအမတနန်းတော် ထပ်မံ၍ ပြင်းထန်စွာ တုန်ခါသွားသည်။

ကမ္ဘာဦးမီးပြင်းဖို စွမ်းအင်များက အဆုံးမရှိ ထွက်ပေါ်လာသည်။

အရေးအကြီးဆုံးအချက်မှာ....

စောစောက မိန်းကလေးငယ်၏ ငိုသံသည် ထပ်မံ ထွက်ပေါ်လာပြီး ကြေးနီအမတနန်းတော် တစ်ခုလုံး ပဲ့တင်ထပ်သွားသည်။ ထိုအသံသည် လူကို ဝိုးတဝါးနှင့် ဗလာနယ် ခံစားချက်ကို ပေးစွမ်းနေသည်။

“ဒီ မိန်းကလေးငယ်ရဲ့ ငိုသံက လာပြန်ပြီ... သူက ဘယ်သူလဲ...”

စုရွှမ်၏ လုပ်လက်စ ကိစ္စမှာ ရပ်တန့်သွားပြီး၊ သူသည် အံ့ဩစွာဖြင့် ရေရွတ်လိုက်သည်။

“အရင်က အသံ လာပြန်ပြီ... ဒီတစ်ခါ ပိုပြီး ပြတ်သားလာတယ်... ဟိုတစ်ယောက်ရဲ့ ငယ်ဘဝများလား...”

လမ့်ရိုလီ၏ မျက်လုံးထဲတွင် ထူးခြားသော အရောင်များ ဖြစ်ပေါ်လာသည်။

မိန်းကလေးငယ်၏ ငိုသံသည် လမ့်ရိုလီ အတွက် အနည်းငယ် ရင်းနှီးနေသည်။

ဒါပေမဲ့ သူနဲ့ ဟိုတစ်ယောက်နဲ့က ဘာမှ မပတ်သက်ဘူးလေ....

ဟိုတစ်ယောက်ကလည်း ခေတ်တစ်ခေတ်ရဲ့ အလှဘုရင်မ ဧကရီ တစ်ပါးပဲလေ...

သူမ မထွန်းကားခင်ကတည်းက ထိုသူ၏ဂုဏ်သတင်းသည် နာမည်ကျော်ကြားပြီး ဖြစ်ကာ ၊ အမတနယ်မြေက သူများသည်ပင် သူ့မျက်နှာအစစ်ကို မြင်တွေ့ရခဲပေသည်။

“အမတ မဖြစ်ချင်ဘူး... သာမန်လူ့လောက ထဲမှာ မင်း ပြန်လာမယ့်အထိ စောင့်နေချင်တာ...”

…

All Chapters