← Chapters

အမတ မဖြစ်ချင်ဘူး၊ သာမန်လူ့လောက ထဲမှာ မင်း ပြန်လာမယ့်အထိ စောင့်နေချင်တာ

Vol. 5 Ch. 69

အမတ မဖြစ်ချင်ဘူး၊ သာမန်လူ့လောက ထဲမှာ မင်း ပြန်လာမယ့်အထိ စောင့်နေချင်တာ

Vol. 5 Ch. 69

“အမတ မဖြစ်ချင်ဘူး… သာမန်လူ့လောက ထဲမှာ မင်း ပြန်လာမယ့်အထိ စောင့်နေချင်တာ…”

ရုတ်တရက် သာယာသော အသံတစ်ခုက စုရွှမ်နှင့် လမ့်ရိုလီ တို့၏ နားထဲသို့ ရောက်ရှိလာသည်။

ဘုန်း…

ထိုစကားကို ကြားလိုက်ရချိန်တွင် လမ့်ရိုလီသည် ထိတ်လန့်သွားသည်။

ဟုတ်တယ်… သေချာတယ်…

လမ့်ရိုလီ သည် ထိုဧကရီနှင့် မပတ်သက်ခဲ့ဖူးသော်လည်း ၊ သူမ၏ ဇာတ်လမ်းကိုတော့ ကြားဖူးသည်။

သူမသည် ပါရမီစွမ်းရည် မရှိသော သာမန်လူတစ်ယောက်သာ ဖြစ်သည်။ နိမ့်ကျသော ဘဝမှ လာပြီး သူမနှင့်အတူ ကြီးပြင်းလာသော အစ်ကို တစ်ယောက် ရှိခဲ့သည်။

သူတို့မောင်နှမ နှစ်ယောက် သံယောဇဉ်သည် အလွန်ကြီးမား၏။ သို့သော်လည်း လောကဓံ၏ ရိုက်ခတ်မှုများကို အများကြီး ကြုံတွေ့ခံစားခဲ့ရသည်။

တစ်နေ့တွင် အမတ တစ်ပါး ဆင်းသက်လာခဲ့သည်။

ထိုသူသည် သူမအစ်ကိုကို ခေါ်ဆောင်ကာ ကျင့်ကြံသူတစ်ယောက် ဖြစ်အောင် မွေးထုတ်ပေးမည် ဟု ပြောခဲ့သည်။

သိပ်မကြာခင် ထိုအမတသာ ပြန်ရောက်လာခဲ့သော်လည်း အစ်ကိုဖြစ်သူကို‌ မတွေ့ခဲ့ရချေ။

အေးစက်နေသော အလောင်းကောင် တစ်ခုသာလျှင် ထိုဧကရီအတွက် ကျန်ရစ်ခဲ့သည်။

ထိုအချိန်မှစ၍ သူမ၏ နှလုံးသားသည် သေဆုံးသွားပြီး ကမ္ဘာကြီးကို စိတ်ပျက်သွားကာ မိစ္ဆာလမ်းစဉ် ကို ကိုယ်တိုင် တီထွင်ခဲ့သည်။

ထိုအချိန်မှ စကာ သူမသည် လောကတစ်လွှား ရန်သူ ဖြစ်မည့် ပြိုင်ဘက်ကင်း လမ်းစဉ်ကို စတင် လျှောက်လှမ်းခဲ့သည်။

နောက်ဆုံးတွင်မူ၊ သူမ အောင်မြင်ခဲ့သည်။

သူမသည် ကျင့်ကြံသူ အများကြီးကို ဖိနှိပ်ကာ အသန်မာဆုံး ဖြစ်လာခဲ့သည်။

ထိုဧကရီ၏ ဇာတ်လမ်းသည် အားကျစရာ ကောင်းပြီး၊ အချိန်တစ်ခုတုန်းက လမ့်ရိုလီကိုပင် ခွန်အားဖြစ်စေခဲ့သည်။

ဒါပေမဲ့… အဲ့လိုဆိုရင်…

သူမက ဘာလို့ ဒီမိန်းကလေးငယ်ရဲ့ အသံကို ရင်းနှီးနေသလို ခံစားနေရတာလဲ…

ဒါ ဘာဖြစ်တာလဲ…

လမ့်ရိုလီ၏စိတ်ထဲတွင် အတွေးများ ရှုပ်ထွေးနေပြီး နားမလည်နိုင် ဖြစ်နေသည်။

ထိုအသံ ထွက်ပေါ်လာသည့် အချိန်တွင်ပင် ကြောက်မက်ဖွယ် စွမ်းအားတစ်ခုက ဟင်းလင်းပြင် တစ်ခုလုံးကို ရုတ်တရက် လွှမ်းခြုံသွား၏။

ထိုစွမ်းအားတွင် ထူးဆန်းအံ့ဖွယ်ရာများ ပါဝင်နေပြီး စုရွှမ်နှင့် လမ့်ရိုလီ နှစ်ဦးစလုံးကို လှုပ်ရှား၍ မရအောင် ချုပ်နှောင်ခဲ့သည်။

ဟမ်…

စုရွှမ် ကြောင်သွားသည်။

ဒါ ဘာကြီးလဲ…

ဒီအသံရှင်က ဘယ်သူလဲ…

သူမ ဘာလုပ်မလို့လဲ…

“အစ်ကို… နင်က… အစ်ကို လား…”

ပုံရိပ်ယောင် တစ်ခု ပေါ်ထွက်လာသည်။

ဆံနွယ်များ လွင့်ပျံနေပြီး အဝတ်အစားများ တလူလူ လွင့်နေကာ ဒဏ္ဍာရီထဲမှ ထွက်လာသကဲ့သို့ အလွန် ထူးခြားနေပြီး ၊ အမတတစ်ပါး ဆင်းသက်လာသကဲ့သို့ပင်။

ဤသည်မှာ ဤကမ္ဘာနှင့် မသက်ဆိုင်သော ပုံရိပ်တစ်ခု ဖြစ်သည်။

လူ့လောက၏ အာဟာရ မမှီဝဲသော အငွေ့အသက်များ ရှိနေပြီး ၊

အချိန်မရွေး ပျံသန်းသွားတော့မည့်အတိုင်းပင် ။

စုရွှမ်နှင့် လမ့်ရိုလီ နှစ်ယောက်စလုံး တုန်လှုပ်သွားကြသည်။

ဒါ စောစောက အသံရှင်လား…

သူမ၏ ဆံနွယ်များသည် ဖြည်းညင်းစွာ လွင့်ပျံနေပြီး လရောင် ကဲ့သို့ အဖြူရောင် ဝတ်စုံက နတ်သမီး အသွင်ဆောင်နေကာ အသားအရေသည် ကြည်လင်လှသည်။ ကျောက်စိမ်းဖြင့် ထုဆစ်ထားသကဲ့သို့ ခေတ်တစ်ခေတ်၏ အလှဘုရင်မဟု ဆိုရပေမည်။

သူမက တကယ်တော့ ဘယ်သူလဲ…

“ဒါ ဟို ဧကရီ လား…”

လမ့်ရိုလီ၏ရင်ထဲတွင် လှိုင်းဂယက်များ ထသွားသည်။

သူတို့နှစ်ဦးစလုံး ပဟေဠိဖြစ်နေစဉ် ၊ သူမသည် မျက်လုံးများကို ဖြည်းညင်းစွာ ဖွင့်လိုက်သည်။

ဆောင်းဦးရာသီ ရေပြင်ကဲ့သို့ ကြည်လင်သော အလွန် လှပသည့် မျက်ဝန်းတစ်စုံ ဖြစ်သည်။

သို့သော် သူမ၏ မျက်နှာပေါ်တွင် သရဲမျက်နှာဖုံး တစ်ခု ရှိနေသဖြင့် မျက်နှာအစစ်ကို မမြင်ရပေ။

ဟူး…

ထိုအမျိုးသမီး ပေါ်လာသည်နှင့် ဖိအားတစ်ခုက ကောင်းကင်နှင့် မြေကြီးကို ချက်ချင်း လွှမ်းခြုံသွားသည်။

ထိုဖိအားကြောင့် စုရွှမ်နှင့် လမ့်ရိုလီ နှစ်ဦးစလုံး လှုပ်ရှား၍ မရ ဖြစ်သွားသည်။

စုရွှမ်သည် အနည်းငယ် ကြောင်အမ်းသွားပြီး ခေါင်းထဲတွင် ဗလာ ဖြစ်သွားသကဲ့သို့ ခံစားလိုက်ရသည်။

ဒီမိန်းမက သူနဲ့ လမ့်ရိုလီ ကို သတ်မလို့တော့ မဟုတ်ပါဘူးနော်…

ပြီးတော့ သူမ ခုနက အစ်ကို လို့ ခေါ်လိုက်တာ…

ဘယ်သူက သူ့အစ်ကိုလဲ…

ငါ့ကို ပြောတာတော့ မဟုတ်ပါဘူးနော်…

“အစ်ကို…”

အမျိုးသမီးက တုန်ရီသော အသံဖြင့် ပြောလိုက်သည်။ ပုံရိပ်ယောင်သာ ဖြစ်သော်လည်း စစ်မှန်သော ခံစားချက်များ ပါဝင်နေသည်။

စုရွှမ် ကြောင်သွားသည်။

ငါ့မှာ ဘယ်တုန်းက ညီမလေး ရှိသွားတာလဲ…

ပြီးတော့ ဒီလောက် ကြောက်စရာ ကောင်းတဲ့ ညီမလေး…

“အစ်ကို… ဘယ်ရောက်နေတာလဲ… ငါ နင့်ကို သိပ်လွမ်းတာပဲ…”

အမျိုးသမီး၏ ကိုယ်ခန္ဓာမှာ တုန်ရီနေသည်။

သူမသည် စုရွှမ် ရှိရာဘက်သို့ ခြေလှမ်းလှမ်းရန် ပြင်လိုက်စဉ် သူမ၏ ကိုယ်ခန္ဓာသည် ရုတ်တရက် ပြင်းထန်စွာ တုန်ခါသွားသည်။

သူမ၏ ခန္ဓာကိုယ်အစစ် က ကြီးမားသော ကပ်ဘေးတစ်ခုကို ရင်ဆိုင်နေရသကဲ့သို့ပင်။

နောက်တစ်စက္ကန့်တွင် ပုံရိပ်ယောင်သည် ပျောက်ကွယ်သွားသည်။

ကမ္ဘာမြေကြီးသည် တိတ်ဆိတ်သွားပြီး စောစောက အမျိုးသမီး ပေါ်ထွက်လာခြင်း မရှိသကဲ့သို့ ဖြစ်သွားသည်။

“ဒီလိုဆိုရင်… ကောလာဟလတွေထဲမှာ သေပြီလို့ ပြောနေကြတဲ့ ဧကရီ က ကောင်းကောင်းမွန်မွန် အသက်ရှင်နေသေးတာပေါ့… ပြီးတော့ ကိစ္စကြီး တစ်ခုခု လုပ်နေပုံရတယ်…”

လမ့်ရိုလီသည် အံ့သြသွားပြီး ရင်ထဲတွင် လှိုင်းဂယက်များ ထသွားသည်။

သူမ၏ အာရုံအရ .. ဒီဧကရီ က သူမ အရင်ဘဝတုန်းက လုပ်ခဲ့တဲ့ အလုပ်မျိုး လုပ်နေတာ ဖြစ်ဖို့ များတယ်…

အဲဒါက… တခြားနယ်မြေ က အားကြီးသူတွေကို တိုက်ခိုက်တာပေါ့…

ဒါပေမဲ့ တခြားနယ်မြေ က အမတနယ်မြေ ကို ကျူးကျော်တာ ဘယ်အဆင့်ထိ ရောက်နေပြီလဲ ဆိုတာတော့ မပြောတတ်ဘူး …

လမ့်ရိုလီ၏မျက်နှာပေါ်တွင် စိုးရိမ်ပူပန်သော အမူအရာများ ရှိနေခဲ့သည်။

အထွတ်အထိပ် ဧကရီ တစ်ပါး အနေဖြင့် သူမသည် အမတနယ်မြေ အပေါ်တွင် သံယောဇဉ် ရှိပြီး ၊ ပျက်စီးသွားမည်ကို မလိုလား‌ပေ။

ပြီးတော့ တားမြစ်နယ်မြေ က အဘိုးကြီးတွေကို သူမကိုယ်တိုင် သတ်ရမှ ကျေနပ်နိုင်မှာ…

“ရိုလီ… ငါ့ကို ပြောပြပါလား… အဲဒီ မိန်းကလေးက ဘယ်သူလဲ… သူ… ငါ့ကို သိပုံရတယ်…”

စုရွှမ်က လမ့်ရိုလီ ကို ကြည့်လိုက်သည်။

“အဲဒါက အထွတ်အထိပ် ပုဂ္ဂိုလ်တစ်ယောက်ပဲ… အခု ရှင် သိသွားလည်း ဘာမှ အသုံးမဝင်ဘူး… သူ ရှင့်ကို သိတာက… ရှင်က တူညီတဲ့ ပန်းတစ်ပွင့် ဖြစ်နေလို့ ဖြစ်မယ်…”

လမ့်ရိုလီ သည် ဖြည်းဖြည်းချင်း ပြောလိုက်သည်။

…

ထိုစကားကို ကြားသောအခါ စုရွှမ်သည် လမ့်ရိုလီကို ထူးဆန်းသလို ကြည့်လိုက်၏။

“မိန်းမ… မင်းရဲ့ နောက်ခံကလည်း သိပ်ကြီးတယ် မဟုတ်လား…”

လမ့်ရိုလီတစ်ယောက် တုန်လှုပ်သွားသည်။

ဟင်းလင်းပြင် တစ်ခုလုံး တိတ်ဆိတ်သွား၏။

အတော်ကြာသည့်တိုင် လမ့်ရိုလီသည် စုရွှမ်၏ မေးခွန်းကို ပြန်မဖြေခဲ့ပေ။

စုရွှမ် သဘောပေါက်လိုက်သည်။ ဤသည်မှာ လမ့်ရိုလီ ဝန်ခံလိုက်ခြင်း ဖြစ်၏။

စနစ်ကြီးက တကယ်ကို မိုက်တာပဲ…

ငါ့ကို လက်ထပ်ခိုင်းတဲ့ မိန်းမက တကယ်ကို သာမန် မဟုတ်ပါလား…

စုရွှမ်၏ စိတ်ထဲတွင် တိတ်တိတ်လေး ချီးကျူးလိုက်မိသည်။

သိချင်စိတ် ရှိသော်လည်း လမ့်ရိုလီသည် ဆက်မပြောလိုသည့်အတွက် စုရွှမ်သည် ဆက်မမေးတော့ချေ။

တစ်ဖက်လူက ကိုယ်တိုင် မပြောပြလျှင် ဘာမှ အဓိပ္ပာယ် မရှိပေ။

ခဏလောက် တိတ်ဆိတ်ငြိမ်သက်သွားပြီးနောက် စုရွှမ်သည် လက်တစ်ဖက်ကို ဆန့်ထုတ်၍ ကမ္ဘာဦးမီးပြင်းဖိုကို လှမ်းဖမ်းလိုက်သည်။

ဤသည်မှာ အလွန် ဆန်းကြယ်သော သုံးချောင်းထောက်အိုးကြီး တစ်လုံး ဖြစ်ပြီး အတွင်းထဲ၌ အဆုံးမဲ့ ကမ္ဘာဦးမီးပြင်းဖို စွမ်းအင် များ ပါဝင်နေသည်။

မီးပြင်းဖိုအိုးကိုယ်ထည်ပေါ်တွင် လျှို့ဝှက်ဆန်းကြယ်သော ဂမ္ဘီရသင်္ကေတများသည် ယှက်နွယ်နေပြီး ဆန်းကြယ်သည့် အလင်းရောင်များ ထွက်ပေါ်နေ၏။

ဤအသွင်အပြင်ကို ကြည့်လိုက်ရုံဖြင့် သိသာသည်။ ဤအရာသည် ရတနာ စစ်စစ် ဖြစ်ပေသည်။

ဤမီးပြင်းဖိုအိုးကြီးမှာ အလွန် လေးလံလှပြီး ထိုက်ရှန်း တောင်ကြီးပမာ အလေးချိန် စီးသည်။

စုရွှမ်၌ ဟွမ်သွမ့်နတ်မိစ္ဆာခန္ဓာ ရှိနေပြီး သွေးစွမ်းအင်များ အားကောင်းနေသောကြောင့်သာ ခံနိုင်ရည် ရှိခြင်း ဖြစ်၏။ သို့မဟုတ်ပါက ၎င်း၏ ဖိအားကို ခံနိုင်မည် မဟုတ်ပေ။

ဤမီးပြင်းဖိုအိုးကြီး၏ အရှိန်အဝါ တစ်မျှင်လောက် ထွက်ပေါ်လာလျှင်ပင် ဘုရင်အဆင့် တစ်ဦးကိုပင် အလွယ်တကူ ဖိသတ်နိုင်သည်။

ဧကရာဇ်လက်နက် ဖြစ်ရခြင်းမှာ အကြောင်းမဲ့ မဟုတ်ပေ။

စုရွှမ်သည် လက်ထဲရှိ ကမ္ဘာဦးမီးပြင်းဖိုကို ကျေနပ်အားရစွာ ကြည့်နေပြီး ရင်ထဲ၌ အလွန် ပီတိဖြစ်နေသည်။

ဤဧကရာဇ်လက်နက် ရှိနေပါက ၊ ဝါရင့်ပညာရှင်ကြီးများအနေဖြင့် သူ့ကို လာရောက် တိုက်ခိုက်ရန် သေချာ စဉ်းစားရပေလိမ့်မည်။

“ကမ္ဘာဦးမီးပြင်းဖို က ဧကရာဇ်လက်နက် တစ်ခုပဲ… ကမ္ဘာဦးမီးပြင်းဖို ထဲမှာ ကမ္ဘာဦးမီးပြင်းဖို စွမ်းအင် တွေ ပါဝင်နေတယ်… အဲဒီစွမ်းအင်တွေက ဧကရာဇ်လက်နက်တွေကို သွန်းလုပ်ဖို့ သုံးလို့ရတယ်…

ဆိုလိုတာက… ဒီ ကမ္ဘာဦးမီးပြင်းဖို သာ ရှိရင်…

ရှင် ဧကရာဇ် ဖြစ်သွားတဲ့အခါ… ရှင့်ဘာသာ ဧကရာဇ်လက်နက် တွေ အများကြီး ဖန်တီးလို့ ရနိုင်တယ်…”

လမ့်ရိုလီ၏ အသံသည် စုရွှမ်၏ နားစည်ဝသို့ ရောက်ရှိလာသည်။

စုရွှမ်၏ ရင်ထဲတွင် ဗြောင်းဆန်သွားပြီး မျက်နှာပေါ်တွင် မယုံနိုင်သော အမူအရာများ ဖြစ်ပေါ်လာသည်။

“ဒါဆို အနာဂတ်မှာ ငါက ဧကရာဇ်လက်နက် ဘယ်နှစ်ခု လိုချင်လိုချင် ရနိုင်တယ် ဆိုတဲ့ သဘောလား…”

စုရွှမ်က လမ့်ရိုလီကို ကြည့်၍ မေးလိုက်သည်။

“သီအိုရီ အရတော့ ဟုတ်တယ်…”

လမ့်ရိုလီ ခေါင်းညိတ်လိုက်၏။ ကမ္ဘာဦးမီးပြင်းဖို သည် ဟိုတစ်ယောက်၏ အမွေအနှစ် ဖြစ်သည်။ ၎င်း၏ အသုံးဝင်ပုံမှာ ဧကရာဇ်လက်နက် သွန်းလုပ်ခြင်းထက် ပိုနိုင်သည် ။

“ဒီလောက် ကောင်းတဲ့ ဧကရာဇ်လက်နက် ကို… ရိုလီ… မင်း တကယ် ငါနဲ့ မလုတော့ဘူးလား…”

စုရွှမ်က လမ့်ရိုလီကို ပြုံးပြီး ကြည့်လိုက်သည်။

“သူတို့ ပြောကြတယ်… အကျိုးစီးပွား ရှေ့ရောက်ရင် သံယောဇဉ်က အလကားပဲ တဲ့…”

“ငါ မလိုဘူး… ဒီ ဧကရာဇ်လက်နက် မရှိလည်း ငါ အမတ ဖြစ်နိုင်တယ်…”

လမ့်ရိုလီသည် စုရွှမ်၏ မေးခွန်းကို တည့်တည့် မဖြေဘဲ နူးညံ့စွာ ပြောလိုက်သည်။

သူမ၏ အသံထဲတွင် မာန်ဝင့်မှုများ ပါနေပြီး ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုများ ပြည့်နှက်နေ၏။

စုရွှမ်သည် အံ့သြသွားပြီး မျက်နှာပေါ်တွင် အပြုံးများ ပေါ်ထွက်လာသည်။

“မိန်းမ… မင်းရဲ့ ယုံကြည်မှုက ငါနဲ့ တစ်ပုံစံတည်းပဲ… ဒါကြောင့် ငါတို့ လင်မယား ဖြစ်လာတာ နေမှာ…”

စုရွှမ်သည် လမ့်ရိုလီ၏ ကျောက်စိမ်းသဖွယ် ကြည်လင်သော မျက်နှာလေးကို ကြည့်၍ ပြုံးလျက် ပြောလိုက်သည်။

ဤစကားကြောင့် လမ့်ရိုလီသည် စုရွှမ်ကို ထပ်မံ၍ မျက်စောင်းထိုးလိုက်ပြန်၏။

ထိုနေ့က ကိစ္စကို မပြောလျှင် တော်သေးသည်။

ပြောလိုက်သည်နှင့် လမ့်ရိုလီ၏ ရင်ထဲတွင် စုရွှမ်ကို ဖိနှိပ်ချင်စိတ်များ တရဟော တက်လာတော့သည် ။

“ကျွန်မ ရှင့်ကို ဖိနှိပ်ပြမယ်…”

လမ့်ရိုလီက ပြောလိုက်သည်။

“ကောင်းပြီလေ… ရိုလီ… အဲဒီနေ့ကို ငါ စောင့်နေမယ်… မင်း မလုပ်နိုင်ရင်တော့… ထာဝရ ငါ့မိန်းမ လုပ်ရမယ်နော်…”

စုရွှမ်က ပြုံး၍ ပြောလိုက်၏။

ကိုယ့်မိန်းမက နောက်ခံ ကြီးသည် ဆိုစေဦးတော့…

မိမိသည် စနစ် ပိုင်ရှင် ဖြစ်သည်။

စနစ် ပိုင်ရှင် ယောကျ်ား တစ်ယောက် အနေဖြင့် သူသည် ရှုံးနိမ့်မည် မဟုတ်ချေ။

ဤတစ်ကြိမ်တွင်တော့ လမ့်ရိုလီသည် ဘာမှ ပြန်မပြောတော့ပေ။

ထိုအချိန်တွင် လမ့်ရိုလီ စိတ်ထဲ၌ တွေးလိုက်မိသည်။

အနာဂတ်မှာ ငါ စုရွှမ်ကို မဖိနှိပ်နိုင်ခဲ့ရင်တောင်… သူက ငါရွေးချယ်မယ့် လက်တွဲဖော် စံနှုန်းနဲ့တော့ ကိုက်ညီသားပဲ…

ဒါဆိုရင်… ငါက သူ့ရဲ့ လက်တွဲဖော် လုပ်လိုက်လည်း ဘာဖြစ်လဲ…

ဒါပေမဲ့… ဧကရီ ဝင်စားတဲ့သူ တစ်ယောက် အနေနဲ့… ငါ စုရွှမ်ကို သေချာပေါက် ဖိနှိပ်မှာ…

သေချာပေါက်ပဲ…

…

All Chapters