← Chapters

အင်အားစုအသီးသီး၏ ဝိုင်းဝန်းပိတ်ဆို့မှု

Vol. 5 Ch. 70

အင်အားစုအသီးသီး၏ ဝိုင်းဝန်းပိတ်ဆို့မှု

Vol. 5 Ch. 70

ယခုအချိန်တွင် ကြေးနီအမတနန်းတော် အပြင်ဘက်၌ အင်အားစုအသီးသီးမှ လူများ နေရာယူထားကြပြီ ဖြစ်သည်။

သဲကန္တာရပြင်ကျယ်ကြီးအထက်တွင် မည်းမှောင်နေသော လူအုပ်ကြီးက ပုရွက်ဆိတ်အုံသဖွယ် ပြည့်နှက်နေ၏။

အားလုံးသည် အင်အားကြီး ဂိုဏ်းအသီးသီးမှ စွမ်းအားရှင်များ ဖြစ်ကြသည်။

ကျီဖူမြင့်မြတ်နယ်မြေ မှ အကြီးအကဲများ၊ ယောင်ကွမ်းမြင့်မြတ်နယ်မြေ မှ အကြီးအကဲများ၊ ဓားခန်းမ မှ အကြီးအကဲများ သာမက ရွှေတောင်ပံ ဌက်မျိုးနွယ် ၊ နဂါးဘိုးဘေးမျိုးနွယ် မှ စွမ်းအားရှင်များနှင့် အနောက်ပိုင်းဒေသ၊ အနောက်ဘက် ကောင်းကင်ဘုံဘုရားကျောင်း မှ ဘုန်းကြီးများပင် ရောက်ရှိနေကြသည် ။

များပြားလှသော အင်အားစုများသည် ယခုအချိန်တွင် ဤနေရာ၌ စုဝေးရောက်ရှိနေကြပြီ ဖြစ်သည်။

ရိုင်းစိုင်းကြမ်းတမ်းသော သဲကန္တာရပြင်ကျယ်ကြီးကို ပုံသဏ္ဌာန်မဲ့ ဖိအားတစ်ခုက လွှမ်းခြုံထားပြီး ဟင်းလင်းပြင် တစ်ခုလုံး ခဲသွားမတတ် ဖြစ်ကာ အဆုံးမဲ့ ဖိစီးမှု အငွေ့အသက်များ ထွက်ပေါ်နေသည်။

အင်အားစု အသီးသီးမှ ရောက်ရှိလာသူများမှာ မျက်နှာများ မည်းမှောင်နေကြပြီး တစ်ဖက်နှင့် တစ်ဖက် စိုက်ကြည့်နေကြကာ မျက်နှာထားများ အလွန် လေးနက် တည်ကြည်နေကြ၏။

လေထုထဲတွင် တိုက်ခိုက်လို့သည့်ငွေ့နံ့များ မသိမသာ ပျံ့လွင့်နေသည်။

ဤ အခြေအနေကို ကြည့်ရသည်မှာ…

အင်အားကြီး ဂိုဏ်းများသည် အချိန်မရွေး တိုက်ပွဲ စတင်တော့မည့် ပုံစံ ပေါက်နေသည်။

အင်အားစု အသီးသီး သည် ဤနေရာသို့ ရောက်ရှိလာရသည့် အကြောင်းရင်းမှာ အတူတူပင် ဖြစ်သည်။

ထိုအကြောင်းရင်းမှာကား… မိမိတို့ ဂိုဏ်းမှ ကောင်းကင်ပါရမီရှင် များ ကျဆုံးသွားသောကြောင့် ဖြစ်၏။

ကျီဖူ မြင့်မြတ်သားတော်၊ ဓားခန်းမ ဆက်ခံသူ၊ ယောင်ကွမ်း မြင့်မြတ်သတို့သမီး၊ ရွှေတောင်ပံဌက်မျိုးနွယ် ဘုရင်လေး၊ လုံအောင့်ထျန်း၊ ဖာဟိုင်…

ကောင်းကင်ပါရမီရှင် အများအပြား ကျဆုံးခဲ့ရသည်။

သူတို့၏ အသက်ဝိညာဉ် သင်္ကေတပြားများ ကွဲကြေသွားမှုသည် နောက်ခံ အင်အားစုများကို ဒေါသထွက်စေခဲ့သည် ။

သူတို့သည် ချက်ချင်းပင် ကျင့်ကြံသူများကို ကြေးနီအမတနန်းတော် တည်ရှိရာ သဲကန္တာရကြီးဆီသို့ စေလွှတ်ခဲ့ကြပြီး သူတို့အား တိုက်ခိုက်ခဲ့သူကို ရှာဖွေရန် ပြင်ဆင်ခဲ့ကြသည်။

“ဘယ်သူလဲ… ဘယ်သူကများ ငါတို့မျိုးနွယ်ရဲ့ ကောင်းကင်ပါရမီရှင် ကို သတ်ရဲတာလဲ…”

“အောင့်ထျန်း က ငါတို့ နဂါးဘိုးဘေးသိုက် ရဲ့ နှစ်တစ်ထောင်အတွင်း အသန်မာဆုံး ပါရမီရှင်ကွ… နဂါးဧာကရာဇ်သွေးကို ပိုင်ဆိုင်ထားပြီး ဧကရာဇ် အရှိန်အဝါ ပါရှိတယ်… ဘယ်သူကများ သူ့ပြိုင်ဘက် ဖြစ်နိုင်မှာလဲ… သူက ဘယ်လိုလုပ် ကျဆုံးသွားရတာလဲ… သေချာပေါက် တစ်ယောက်ယောက်က အလစ်အငိုက် ချောင်းတိုက်တာ ဖြစ်ရမယ်…

ဒီနေ့… ငါတို့ နဂါးဘိုးဘေးမျိုးနွယ် က ကျိန်ဆိုတယ်… အဲဒီလူရဲ့ နောက်ခံ အင်အားစုနဲ့ ကမ္ဘာပျက်တဲ့အထိ ရန်ငြိုးဖွဲ့မယ်…”

“ဒီတစ်ခေါက် ငါတို့ အနောက်ဘက် ကောင်းကင်ဘုံဘုရားကျောင်း ရဲ့ ဗုဒ္ဓသားတော်လေး ထွက်လာတာ… သူများ သတ်တာ ခံလိုက်ရတယ် ဆိုတာ မဖြစ်နိုင်ဘူး… ဖာဟိုင် က အမြဲတမ်း နှိမ့်ချပြီး တည်ငြိမ်တဲ့သူပဲ… သူ့ကိုယ်သူ ပြဿနာ သွားရှာမယ့်လူ မဟုတ်ဘူး… ပြီးတော့ သူ့စွမ်းရည်က လူငယ် မျိုးဆက်သစ်တွေ ကြားမှာ ထိပ်တန်း အဆင့်လေ…

ဒါကြောင့် သူက ပုံမှန် ယှဉ်ပြိုင်ရင်း အရေးနိမ့်ပြီး သေသွားတာ မဟုတ်ဘဲ… တစ်ယောက်ယောက်က လုပ်ကြံလို့ သေသွားတာ ဖြစ်ရမယ်…”

“ မြင့်မြတ်သားတော် … မြင့်မြတ်သားတော် မင်း ဘယ်လိုလုပ် ကျဆုံးသွားရတာလဲ… အရှင်သခင် က ပြောထားသားပဲ… မသွားပါနဲ့တော့လို့… ကြေးနီအမတနန်းတော် ဆိုတာ အမတ ကံကြမ္မာ ရှိတယ် ဆိုပေမယ့် အန္တရာယ် သိပ်များလွန်းတယ် လို့…”

“မြင့်မြတ်သမီးတော် လေး… မင်း တော်တော် မိုက်မဲတာပဲ… စွန့်စားခန်း မသွားပါနဲ့… မြင့်မြတ်နယ်မြေ မှာပဲ သေချာ ကျင့်ကြံနေပါလို့ ပြောတာကို… မင်းက နားမထောင်ဘဲ… အခုတော့ အသက်ပါ ပေးလိုက်ရပြီ… ဒီလိုဆိုရင် ငါတို့ ယောင်ကွမ်းမြင့်မြတ်နယ်မြေ က ဒီခေတ်မှာ ဘယ်လိုလုပ် ခေါင်းထောင်နိုင်တော့မှာလဲ…”

“…”

အင်အားစု အသီးသီးမှ ရောက်ရှိလာသူများသည် နှမြောတသ ဖြစ်ခြင်း၊ သက်ပြင်းချခြင်း၊ ဒေါသတကြီး အော်ဟစ်ခြင်းများ ပြုလုပ်နေကြပြီး မိမိတို့၏ ဆက်ခံသူများကို သတ်ဖြတ်သွားသည့် ကောင်စုတ်လေးကို ရှာဖွေရန် သစ္စာဆိုနေကြသည်။

ကြေးနီအမတနန်းတော် ထဲတွင် ပိုက်စိပ်တိုက် ရှာဖွေပြီးနောက် စုရွှမ်နှင့် လမ့်ရိုလီ တို့သည် သူတော်စင်လက်နက် များနှင့် သူတော်စင်ဆေး အများအပြား အပြင် မသေမျိုးဆေးပင် လေးပင်ကိုပါ ရှာတွေ့ခဲ့ကြသည်။

နှစ်ဦးသား အကျိုးစီးပွားအတွက်နှင့် အငြင်းပွားခြင်း မရှိကြပေ။

ရတနာ အားလုံးကို တူညီစွာ ခွဲဝေယူလိုက်ကြ၏။

အချိန်မည်မျှ ကုန်ဆုံးသွားသည် မသိ၊ နှစ်ဦးသား အမတ နန်းတော်ထဲမှ ထွက်ခွာရန် ပြင်လိုက်ကြသည်။

“ရိုလီ… ငါတို့ သွားမှ ဖြစ်တော့မယ်… အမတ နန်းတော် ပွင့်နေတာက အလွန်ဆုံး တစ်ရက်ပဲ ခံမှာ… အခု မထွက်ရင် နန်းတော် ပြိုကျတဲ့အခါ ငါတို့ ထွက်လို့ ရတော့မှာ မဟုတ်ဘူး…”

စုရွှမ်က လမ့်ရိုလီကို ပြုံး၍ ကြည့်ရင်း နူးညံ့စွာ ပြောလိုက်သည်။

“အင်း… သွားကြစို့…”

လမ့်ရိုလီသည် ခေါင်းညိတ်လိုက်၏။

အမတ နန်းတော် အပြင်သို့ ရောက်သည်နှင့် စုရွှမ်နှင့် လမ့်ရိုလီ တို့သည် အခြေအနေ မဟန်သည်ကို သတိပြုမိလိုက်ကြသည်။

သဲကန္တာရပြင်ကျယ်ကြီး အထက်တွင် အဘယ်ကြောင့် ဤမျှ လူများနေရသနည်း။

ဒါ ဘာဖြစ်တာလဲ…

ထွက်ထွက်ချင်း ဝိုင်းထားခံရတာလား…

စုရွှမ် လှမ်းကြည့်လိုက်ရာ လူတစ်စုသည် ဟင်းလင်းပြင်တွင် ပျံဝဲနေကြပြီး မျက်နှာများ မည်းမှောင်လျက် ကြေးနီအမတနန်းတော် ရှိရာဘက်သို့ စိုက်ကြည့်နေကြသည်ကို တွေ့လိုက်ရသည်။

ဤလူများ အားလုံးသည် အင်အားကြီး ဂိုဏ်းအသီးသီးမှ စွမ်းအားရှင်များ ဖြစ်ကြောင်း စုရွှမ် ချက်ချင်း သဘောပေါက်လိုက်သည်။

ထိုအင်အားစုများ ဤနေရာသို့ ရောက်ရှိလာရသည့် ရည်ရွယ်ချက်ကိုလည်း စုရွှမ် ကောင်းကောင်းကြီး သိနေသည်။

မိမိတို့၏ ကောင်းကင်ပါရမီရှင် များ ကျဆုံးသွားမှုကြောင့် ထို အင်အားစုများသည် မကျေမနပ် ဖြစ်ကာ သူတို့၏ ဆက်ခံသူများကို သတ်ဖြတ်သွားသည့် လူကို စာရင်းရှင်းရန် ဤနေရာသို့ ရောက်ရှိနေကြခြင်း ဖြစ်သည်မှာ သေချာသလောက်ပင်။

“မြန်မြန် ကြည့်လိုက်… လူထွက်လာပြီဟေ့… နှစ်ယောက်တည်းပါလား… ဒီနှစ်ယောက်ကပဲ ကြေးနီအမတနန်းတော် ထဲ ဝင်ပြီး အသက်ရှင် ကျန်ရစ်ခဲ့တာလား… ငါတို့ မြင့်မြတ်သားတော် ကို သတ်တာ သေချာပေါက် သူတို့ပဲ ဖြစ်ရမယ်…”

“ဒီနှစ်ယောက်စလုံးရဲ့ အရှိန်အဝါက မသေးဘူး… အားလုံးက ချမ်းသွမ့်အဆင့် ကို ရောက်နေကြပြီ… နှစ်ယောက်ပေါင်း တိုက်ရင် အောင့်ထျန်း ကို ပြန်တိုက်နိုင်တာ ဖြစ်နိုင်တယ်…”

“ဟုတ်တယ်… သေချာတယ်… ငါတို့ရဲ့ အောင့်ထျန်း ကို သတ်တာ ဒီနှစ်ယောက်ပဲ ဖြစ်ရမယ်… ဒီနေ့ ဒီနှစ်ယောက် သေကို သေရမယ်…”

“ဒီနှစ်ယောက်က ငါတို့ ရွှေတောင်ပံဌက်မျိုးနွယ်စု ရဲ့ ပြိုင်ဘက်ကင်း ပါရမီရှင်ကို သတ်နိုင်တယ် ဆိုတော့… ယုတ်မာတဲ့ နည်းလမ်းတွေ သုံးထားတာ သေချာတယ်… ဒီနေ့ သူတို့ကို လွတ်ပေးလို့ မဖြစ်ဘူး…”

“ငါတို့ အနောက်ဘက် ကောင်းကင်ဘုံဘုရားကျောင်း မှာ နှစ်ပေါင်းများစွာ ကြာမှ ဆက်ခံသူ ထွက်လာတာ… အခု ထွက်ထွက်ချင်း ဒီနှစ်ယောက် လက်ချက်နဲ့ သေရတယ်… ငါတို့ အနောက်ဘက် ကောင်းကင်ဘုံဘုရားကျောင်း က ဘယ်လိုလုပ် ကျေနပ်နိုင်မှာလဲ…”

စုရွှမ်နှင့် လမ့်ရိုလီ တို့သည် ကြေးနီအမတနန်းတော် ထဲမှ ထွက်လာသည့် တခဏချင်းပင်…

အင်အားစု အသီးသီးမှ စွမ်းအားရှင်များသည် သူတို့နှစ်ဦးကို သတိထားမိသွားကြပြီး အားလုံး အော်ဟစ်ကြကုန်၏။

ဒေါသတကြီး အော်ဟစ်သံများသည် သဲကန္တာရပြင်ကျယ်ကြီး တစ်ခုလုံး ပဲ့တင်ထပ်သွားပြီး ကိုးလွှာကောင်းကင်အထိ ပျံ့နှံ့သွားသည် ။

“ရိုလီ… ငါတို့ ပြဿနာ တက်ပြီ ထင်တယ်…”

ယခုအချိန်တွင် စုရွှမ်သည်လည်း သဲကန္တာရ အထက်မှ အခြေအနေကို သတိပြုမိလိုက်ပြီ ဖြစ်သည်။

သို့သော် စုရွှမ်သည် အနည်းငယ်မျှ ကြောက်ရွံ့ပုံ မရပေ။ ဘေးနားရှိ လမ့်ရိုလီ ဘက်သို့ ခေါင်းငဲ့ကြည့်လိုက်ပြီး တည်ငြိမ်စွာ ပြောလိုက်သည်။

“ဟမ်… အဘိုးကြီးတစ်သိုက်ပါပဲ… အသန်မာဆုံးက အရှင်မြတ်အဆင့် ပဲ ရှိတာ… သူတော်စင်အဆင့် မပါရင် လွတ်အောင် ပြေးနိုင်ချေ ရှိပါတယ်…”

စုရွှမ်ကဲ့သို့ပင် လမ့်ရိုလီ ၏ လေသံသည်လည်း တည်ငြိမ်နေပြီး သိပ်ဂရုစိုက်ပုံ မရချေ။

“နေပါဦး… ဒီနှစ်ယောက်ရဲ့ အမှတ်အသားက မမှန်ဘူး… တာယန် မြင့်မြတ်သားတော် နဲ့ သူ့မိန်းမပုံ ပေါက်နေတယ်…”

ကျီဖူမြင့်မြတ်နယ်မြေ ၊ ယောင်ကွမ်းမြင့်မြတ်နယ်မြေ နှင့် ဓားခန်းမ မှ လူများသည် စုရွှမ်၏ အမှတ်အသားကို မှတ်မိသွားကြသည်။

“တာယန် မြင့်မြတ်သားတော် ဖြစ်နေတာလား… တကယ်ပဲ… သူက ငါတို့ မြင်မြတ်သမီးတော်ကို သတ်လိုက်တာလား…”

ယောင်ကွမ်းမြင့်မြတ်နယ်မြေ မှ အကြီးအကဲ သံသယ ဖြစ်သွားသည်။

လက်ရှိ တာယန်မြင့်မြတ်နယ်မြေ နှင့် ယောင်ကွမ်းမြင့်မြတ်နယ်မြေ တို့သည် မဟာမိတ်များ ဖြစ်ကြသည်ဟု ဆိုနိုင်သည်။

တာယန် မြင့်မြတ်သားတော် အနေဖြင့် ယောင်ကွမ်းမြင့်မြတ်သမီးတော် ကို သတ်ဖြတ်မည့် အကြောင်းမရှိဟု တွေးမိကြ၏။

“တာယန် မြင့်မြတ်သားတော် သာ ဖြစ်နေမယ် ဆိုရင်တော့… ငါတို့ သူ့ကို ဘာမှ လုပ်လို့ရမှာ မဟုတ်ဘူး ထင်တယ်…”

ဓားခန်းမ မှ စွမ်းအားရှင်၏ မျက်နှာထား လေးနက်သွားသည်။

“တာယန် မြင့်မြတ်သားတော် ဟုတ်လား… ဟို လွန်ခဲ့တဲ့ ရက်ပိုင်းက တစ်လောကလုံး ကျော်ကြားသွားတဲ့ တာယန် မြင့်မြတ်သားတော် လား… ကြားဖူးတာတော့ သူက တာယန်မြင့်မြတ်နယ်မြေ ရဲ့ သားတော် ဖြစ်ရုံတင် မကဘူး… မြောက်ပိုင်းဒေသ က စုဧကရာဇ် မိသားစု ရဲ့ ဧကရာဇ်သားတော် လည်း ဟုတ်တယ် ဆို…”

“အရေးအကြီးဆုံးက… စုဧကရာဇ် မိသားစု က စုရွှမ်ကျီ မသေသေးဘဲ အခုထိ အသက်ရှင်နေတယ် ဆိုတာပဲ… ပြီးတော့ သူ့စွမ်းရည်က နောက်ထပ် တစ်ဆင့် တက်သွားပြီ တဲ့…”

လူတစ်ယောက်မှာ ထိတ်လန့်သွားပြီး စုရွှမ်၏ နောက်ခံ အကြောင်း တွေးမိကာ အခက်တွေ့သွားသည်။

နဂါးဘိုးဘေးသိုက် မှ လူများ၏ မျက်နှာများလည်း ချက်ချင်း မည်းမှောင်သွားကြသည်။ တကယ်လို့ တာယန် မြင့်မြတ်သားတော် ကများ လုံအောင့်ထျန်း ကို သတ်လိုက်တာ ဆိုရင်…

တကယ်ပဲ ကမ္ဘာပျက်မတတ် စစ်ပွဲကြီး ဆင်နွှဲရတော့မှာလား…

ဒါပေမဲ့ စုမိသားစု က စုရွှမ်ကျီ တစ်ယောက်တည်းနဲ့တင် နဂါးဘိုးဘေးသိုက် တစ်ခုလုံးကို ဖျက်ဆီးပစ်နိုင်တယ် လေ…

ဒါက ကြီးမားတဲ့ အကျိုးဆက် ဖြစ်လာနိုင်တယ်။

သေချာ စဉ်းစားမှ ဖြစ်မယ်..

“တာယန် မြင့်မြတ်သားတော်… စုရွှမ်ကျီ ရဲ့ မျိုးဆက်လား… ဒီကောင်လေးသာ ဖြစ်နေရင်တော့… စိတ်လိုက်မာန်ပါ လုပ်ပြီး တန်းသတ်ပစ်လိုက်လို့ မဖြစ်တော့ဘူး…”

ရွှေတောင်ပံဌက်မျိုးနွယ် မှ စွမ်းအားရှင်၏ ရင်ထဲတွင် လေးလံသွားပြီး တိုးတိုးလေး ရေရွတ်လိုက်မိသည်။

“လူစုံတက်စုံနဲ့ စည်ကားလှချည်လား…”

ဟင်းလင်းပြင်တွင် စုရွှမ်က လက်ကို နောက်ပစ်၍ ရပ်နေသည်။

အင်အားစု အသီးသီးမှ ရောက်ရှိလာသူများကို တစ်ချက် ဝေ့ကြည့်လိုက်ပြီးနောက်…

တည်ငြိမ်သော အသံတစ်သံ ကောင်းကင်နှင့် မြေကြီးအကြားတွင် ရုတ်တရက် ထွက်ပေါ်လာသည် ။

ဟမ်…

တစ်ခဏချင်းပင် အင်အားစု အသီးသီးမှ လူများ အားလုံး ကြောင်အမ်းအမ်း ဖြစ်သွားကြသည်။

စုရွှမ်… ဒါ ဘာသဘောထားလဲ…

ဒီလောက်များတဲ့ ထိပ်တန်း အင်အားစုတွေက စွမ်းအားရှင်တွေကို ရင်ဆိုင်နေရတာတောင်… သူက ဒီလောက် တည်ငြိမ်နေနိုင်သေးတာလား…

…

All Chapters