← Chapters

ဇနီးမောင်နှံ ထပ်မံ လက်တွဲခြင်း၊ အင်အားစု သုံးခုကို ထိုးဖောက်ခြင်း

Vol. 5 Ch. 72

ဇနီးမောင်နှံ ထပ်မံ လက်တွဲခြင်း၊ အင်အားစု သုံးခုကို ထိုးဖောက်ခြင်း

Vol. 5 Ch. 72

ဟူး…

ထိုနေရာရှိ ကျင့်ကြံသူ အားလုံး ထိတ်လန့် တုန်လှုပ်နေကြပြီး ဘာကိုမှမစဉ်းစားနိုင်တော့ပေ။

ချမ်းသွမ့်အဆင့် တစ်ယောက်က အရှင်မြတ် သုံးယောက်နဲ့ ယှဉ်တိုက်နိုင်တယ် ဟုတ်လား…

ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ…

ကျင့်ကြံခြင်း သမိုင်းတစ်လျှောက်လုံးကို ကြည့်ရင်တောင်… ဒီလောက် သန်မာတဲ့သူ နောက်တစ်ယောက် ရှာလို့ရမှာ မဟုတ်ဘူး…

သူကများ… အရှင်မြတ် တွေကို ပြန်ပြီး သတ်နိုင်မလား…

မဖြစ်နိုင်ဘူး…

ထိုအတွေးသည် ကျင့်ကြံသူ အများအပြား၏ ခေါင်းထဲသို့ ဝင်ရောက်လာသည်။

ဤအချက်ကို တွေးမိသည်နှင့် ကျင့်ကြံသူများ အားလုံး ခေါင်းနပန်းကြီးသွားမတတ် ဖြစ်သွားကြ၏။

သူတို့ကိုယ်တိုင်ပင် ထိုအတွေးကြောင့် လန့်ဖျပ်သွားကြသည် ။

သူတို့လည်း သိထားသည်။ ယနေ့ စုရွှမ် မသေခဲ့လျှင်ဖြင့် ၊ နောင်တွင် ကြောက်မက်ဖွယ် ကောင်းသော လက်စားချေမှုများ ရောက်လာ‌ပေတော့မည်။

“ကောင်လေး… မင်း သန်မာတာ မှန်တယ်… ဒါပေမဲ့ ငါတို့ အရှင်မြတ် သုံးယောက် ရှေ့မှာတော့ မင်းမှာ အားသာချက် မရှိဘူး… ငါတို့ မင်းကို အင်အားကုန်အောင် လုပ်ပြီး သတ်လို့ ရတယ်…”

အင်အားစုကြီး သုံးခုမှ အရှင်မြတ် သုံးဦးက လေးနက်စွာ ပြောလိုက်သည်။

“ငါ ဒီမှာပဲ ရပ်နေမယ်… မင်းတို့ ကြိုက်သလောက် စမ်းကြည့်… ဘယ်သူက အင်အားကုန်မလဲ ကြည့်ရသေးတာပေါ့…”

စုရွှမ်၏ မျက်နှာထားသည် တည်ငြိမ်နေပြီး လေသံကလည်း အေးစက်နေသည်။

‘အရာခပ်သိမ်း’ ရှိနေသော စုရွှမ်သည် သွေးစွမ်းအင် နှင့် အတွင်းအား များကို အကန့်အသတ်မရှိ လျင်မြန်စွာ ပြန်လည် ဖြည့်တင်းနိုင်ပြီး ၊ လုံးဝ ကုန်ခမ်းသွားခြင်း မရှိနိုင်ပေ။

ထို့ကြောင့် သူ့ကို ချက်ချင်း သတ်ပစ်မှသာလျှင် ရနိုင်မည်။

သို့မဟုတ်ပါက သူ့ကို အင်အားကုန်အောင် လုပ်ပြီး သတ်ဖို့ ဆိုသည်မှာ လုံးဝ မဖြစ်နိုင်ပေ။

တိုက်ပွဲသည် ဆက်လက် ဖြစ်ပွားနေသည်။

ကောင်းကင်နှင့် မြေကြီးသည် အရောင်ပြောင်းသွားပြီး ၊ နေနှင့် လ အလင်းရောင်တို့သည် ပျောက်ကွယ်သွားသည်။

မိုးကြိုးပစ်သံကဲ့သို့ ပေါက်ကွဲသံများ တစ်ခုပြီး တစ်ခု ထွက်ပေါ်လာပြီး သဲကန္တာရပြင်ကျယ်ကြီး တစ်ခုလုံး ပဲ့တင်ထပ်ကာ ကောင်းကင်ယံကို တုန်လှုပ်သွားစေသည်။

အချိန် မည်မျှ ကြာသွားသည် မသိ။ အရှင်မြတ် သုံးဦးစလုံး အခြေအနေ မဟန်သည်ကို တဖြည်းဖြည်း သတိထားမိလာကြသည်။

ဒီလောက် ကြာနေပြီ… စုရွှမ်ရဲ့ အရှိန်အဝါက နည်းနည်းလေးမှ ကျမသွားဘူး… ပိုတောင် ပြင်းထန်လာသလိုပဲ…

ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ…

ဟွမ်သွမ့်နတ်မိစ္ဆာခန္ဓာ ရှိနေလို့ ဆိုရင်တောင်… ဒီလောက်ကြီး မဖြစ်နိုင်ဘူး…

တကယ်ပဲ အံ့သြဖို့ ကောင်းလွန်းတယ်…

“ရှေးဟောင်း လျှို့ဝှက်ပညာ ကိုးခု… (ကျိ)အရာခပ်သိမ်း… စုရွှမ်… ရှင့်ကိုယ်ပေါ်မှာ လျှို့ဝှက်ချက် ဘယ်နှစ်ခုတောင် ဖုံးကွယ်ထားတာလဲ…”

ဟင်းလင်းပြင်ထဲတွင် လမ့်ရိုလီ ၏ မျက်လုံးထဲ၌ ထူးခြားသော အရောင်များ တောက်ပနေပြီး တိုးတိုးလေး ရေရွတ်လိုက်သည်။

အမတနယ်မြေ ဧကရီ ဝင်စားသူ တစ်ဦး အနေဖြင့် လမ့်ရိုလီသည် ယခုအချိန် စုရွှမ် အသုံးပြုနေသော နည်းလမ်းများကို မြင်နိုင်ခဲ့သညိ။

ဤသည်မှာ ပျောက်ကွယ်နေပြီ ဖြစ်သော ရှေးဟောင်း လျှို့ဝှက်ပညာ ကိုးခုထဲမှ တစ်ခု ဖြစ်သည့် ‘အရာခပ်သိမ်း’ ပင် မဟုတ်လော။

ဤအချက်က လမ့်ရိုလီ ၏ ရင်ထဲတွင် အနည်းငယ် တုန်လှုပ်သွားစေသည်။

စုရွှမ် ပိုင်ဆိုင်ထားသော နတ်ဘုရားစွမ်းအား များနှင့် သိုင်းကွက် များသည် အဆုံးမရှိသကဲ့သို့ပင်။

“ဟိုကောင်လေးက ဆက်တိုက်နိုင်သေးတာလား… အရှိန်အဝါ လုံးဝ မကျသွားဘူး… ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ… သူက လူရော ဟုတ်ရဲ့လား…”

“မယုံနိုင်စရာပဲ… အဲဒီ ကောင်လေးရဲ့ သွေးစွမ်းအင်က တိုက်လေ ပိုသန်မာလာလေပဲ… လျော့သွားမယ့် အရိပ်အယောင် နည်းနည်းလေးတောင် မရှိဘူး…”

“ကြောက်စရာ ကောင်းလိုက်တာ… မှန်းဆလို့ မရနိုင်လောက်အောင် ကြောက်စရာ ကောင်းတယ်… ဒါ ဘယ်လို သားရဲကောင်မျိုးလဲ…”

“အောင့်ထျန်း ကျဆုံးသွားတာ မဆန်းပါဘူး… ဒီကောင်လေး လက်ချက်နဲ့ သေရတာ တကယ်ပဲ အံ့သြစရာ မဟုတ်ဘူး…”

အင်အားစုကြီး သုံးခုမှ ကျင့်ကြံသူများ၏ မျက်နှာများမှာ မည်းမှောင်နေကြပြီး တီးတိုး ရေရွတ်နေကြသည်။

စုရွှမ်၏ ထူးချွန်မှု အဆင့်အတန်းသည် သူတို့ နားလည်နိုင်စွမ်းထက် ကျော်လွန်နေခဲ့သည်။

ရှေ့ပိုင်းစွန့်ပစ်နယ်မြေ တွင် မဆိုထားနှင့်၊ ဗဟိုလွင်ပြင် နှင့် တာအိုနယ်မြေ တစ်ခုလုံးတွင်ပင် ဤမျှ ကောင်းကင်ကို ဆန့်ကျင်သော လူစားမျိုး ရှိလိမ့်မည် မဟုတ်ပေ။

အရှင်မြတ် သုံးဦးနှင့် စုရွှမ်တို့ တိုက်ခိုက်လေ ပို၍ ထိတ်လန့်လေ ဖြစ်လာသည်။ နောက်ဆုံးတွင် ၎င်းတို့၏ခန္ဓာကိုယ်များပင် အနည်းငယ် တုန်ယင်လာကြသည်။

စုရွှမ်သည် ဤခေတ်မှ လူသား မဟုတ်ဘဲ အမတ သို့မဟုတ် မဟာဧကရာဇ် တစ်ပါး ဝင်စားသည်ဟုပင် သံသယ ဖြစ်လာကြသည်။

အဘယ်ကြောင့်ဆိုသော် သူ၏ ကြွယ်ဝသော တိုက်ပွဲ အတွေ့အကြုံများ၊ အဆုံးမဲ့ နတ်ဘုရားစွမ်းအား များနှင့် သိုင်းကွက် များက ဤအရာ အားလုံးသည် အချိန်တိုအတွင်း ကျင့်ကြံရယူနိုင်သော အရာများ မဟုတ်သောကြောင့်ပင်။

ရွှမ်း…

အလွန် ကြီးမားသော ဓားသွား အလင်းရောင် တစ်ခုသည် ဖြတ်ခနဲ လက်သွားသည်။

ခေါင်းသုံးလုံး ပြုတ်ထွက်သွားပြီး သွေးများ ဖြန်းပက် ကျဆင်းလာသည်။

မရေမတွက်နိုင်သော မျက်လုံးများ၏ ရှေ့မှောက်တွင်ပင်… အရှင်မြတ် သုံးဦးစလုံး ကျဆုံးသွားခဲ့ချေပြီ ။

အမ်…

ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ ဟင်းလင်းပြင် တစ်ခုလုံး အေးခဲသွားသကဲ့သို့ ဖြစ်သွားပြီး အသံတစ်သံမျှ မထွက်တော့ပေ။

ချမ်းသွမ့်အဆင့် တစ်ယောက်က အရှင်မြတ် သုံးယောက်ကို သတ်ဖြတ်ပစ်ခဲ့သည်။

ဤသည်မှာ ကြောက်စရာ ကောင်းလွန်းပြီး စဉ်းစား၍ မရနိုင်လောက်အောင်ပင်။

“တကယ့်ကို သန်မာတဲ့ တိုက်ခိုက်ရေး စွမ်းရည်ပဲ…” လမ့်ရိုလီ က တိုးတိုးလေး ချီးကျူးလိုက်သည်။

ကျင့်ကြံမှု အဆင့်တူချင်း ဆိုလျှင် သူမ ကိုယ်တိုင် စုရွှမ်၏ ပြိုင်ဘက် မဟုတ်ကြောင်း ဝန်ခံရပေမည်။

“ကောင်လေး… ငါတို့ နဂါးဘိုးဘေးသိုက် က ကျင့်ကြံသူတွေကို ထပ်သတ်ရဲတယ်ပေါ့… ဒီနေ့ မင်း အရှင် ထွက်သွားဖို့ စိတ်မကူးနဲ့…”

“ဒီနေ့ မင်းကို မဖြစ်မနေ သတ်ရမယ်…”

“မင်းရဲ့ သတ်ဖြတ်မှု အကုသိုလ်က များလွန်းတယ်… ငါတို့ အနောက်ဘက် ကောင်းကင်ဘုံငယ် မှာ အကျဉ်းချပြီး တရားချ ပေးမှ ရတော့မယ်…”

အင်အားစုကြီး သုံးခုမှ ကျင့်ကြံသူများ အားလုံး အော်ဟစ်လိုက်ကြသည်။ အလွန် ဒေါသထွက်နေကြပြီး အမူအရာမှာ အလွန် ဆိုးရွားနေကြသည်။

အရှင်မြတ် သုံးဦး အသတ်ခံလိုက်ရသည်ကို မြင်သောအခါ အင်အားစုကြီး သုံးခုမှ ကျန်ရစ်သော ကျင့်ကြံသူများသည်လည်း ငြိမ်မနေနိုင်ကြတော့ပေ။

အားလုံး အတူတကွ တိုက်ခိုက်ပြီး အပြည့်အဝ မကြီးပြင်းသေးသော ဤ ကောင်းကင်ပါရမီရှင် ကို ရှင်းလင်းပစ်ရန် ဆုံးဖြတ်လိုက်ကြသည်။

“ဒီကောင်လေး မသေရင်… နောင်ကျရင် ကပ်ဘေးကြီး ဖြစ်လာလိမ့်မယ်… အားလုံးပဲ… အစွမ်းကုန် တိုက်ကြ…”

အနောက်ဘက် ကောင်းကင်ဘုံဘုရားကျောင်း မှ ဘုန်းကြီးကတုံး တစ်ပါး အော်ဟစ်လိုက်သည်။

“အစွမ်းကုန် တိုက်ကြ… ဒီကောင်လေး သေကို သေရမယ်…”

ကျင့်ကြံသူ အားလုံး ထောက်ခံလိုက်ကြသည်။

အားလုံး တပြိုင်နက် အရှိန်အဝါများ ထုတ်လွှတ်လိုက်ရာ ကြောက်မက်ဖွယ် ဖိအားများ ကောင်းကင်နှင့် မြေကြီးကို လွှမ်းခြုံသွားသည်။

တစ်ခဏချင်းပင် ဟင်းလင်းပြင် တစ်ခုလုံး သတ်ဖြတ်လိုစိတ်များ ပြည့်နှက်သွားသည်။

“စုရွှမ်… ကျွန်မ ရှင့်ဘက်က ပါမယ်…”

လမ့်ရိုလီ သည် စုရွှမ်၏ ဘေးနားတွင် ပေါ်လာပြီး စုရွှမ်နှင့် အတူ ရင်ဆိုင်ရန် ပြင်လိုက်သည်။

စုရွှမ်သည် ပြုံးလိုက်ပြီး လမ့်ရိုလီ၏ အပြစ်အနာအဆာ ကင်းသော မျက်နှာလေးကို ကြည့်လိုက်သည်။

“မိန်းမ… မင်းက ငါ့ကို မသေစေချင်ဘူးလား…”

လမ့်ရိုလီ က စုရွှမ်ကို မျက်စောင်းထိုးလိုက်သည်။

ဒီကောင် ဒီလိုဖြစ်နေတာတောင် နှာဘူးထနိုင်သေးတယ်…

“မသေနဲ့… ကျွန်မ ရှင့်ကို ဖိနှိပ်ရဦးမှာ…”

လမ့်ရိုလီ က နှုတ်ခမ်းနီပါးလေး ဖွင့်ဟပြီး တည်ငြိမ်စွာ ပြောလိုက်သည်။

“စိတ်ချပါ မိန်းမ… ဒီ အမှိုက်တွေက ငါ့ကို မသတ်နိုင်ပါဘူး…”

စုရွှမ်၏ စကားကြောင့် စစ်မီးတောက်များ ဟုန်းခနဲ တောက်လောင်သွားသည်။

အင်အားစုကြီး သုံးခုမှ ကျင့်ကြံသူများ တပြိုင်နက် တိုက်ခိုက်လာကြ၏။ နတ်ဘုရားစွမ်းအား များနှင့် သိုင်းကွက် များကို ထုတ်သုံးပြီး စုရွှမ်နှင့် လမ့်ရိုလီ နှစ်ဦးစလုံးကို အပြီးသတ် ချေမှုန်းရန် ပြင်လိုက်ကြသည်။

တစ်ခဏချင်းပင် ဟင်းလင်းပြင် တစ်ခုလုံး ရောင်စုံစွမ်းအားများဖြင့် ဖုံးလွှမ်းသွားသည်။

ကောင်းကင်နှင့် မြေကြီးမှာ တုန်ခါလျက်၊ ဟင်းလင်းပြင် တစ်ခုလုံး စုတ်ပြတ်နေသည်။

“မိန်းမ… ဒီ အမှိုက်တွေကို အတူတူ သတ်ကြမယ်…”

စုရွှမ်သည် ဟားတိုက် ရယ်မောလိုက်ပြီး လက်ထဲတွင် သူတော်စင်လက်နက် ဓားတစ်ချောင်း ပေါ်ထွက်လာသည်။

ဓားချက်တစ်ချက် ဝှေ့ယမ်းလိုက်ရုံဖြင့် ကျင့်ကြံသူ အများအပြား ပျောက်ကွယ်သွားကြသည်။

ထို့နောက် စုရွှမ်သည် အရှိန်မလျော့ဘဲ တန်းတန်းမတ်မတ် ပြေးဝင်သွားသည်။

နတ်အလင်းရောင်များနှင့်အတူ လက်သီးရောင်ခြည်များ ဝင်းလက်တောက်ပလျက် ၊ ဓား၏အရှိန်အဝါတို့သည် ပြင်းထန်စွာ ရိုက်ခတ်နေသည်။

လမ့်ရိုလီ ကလည်း အားကျမခံ ကောင်းကင်ဘုံကိုးခုဖီးနစ်ငှက်န္ဓာ ၏ အရှိန်အဝါကို ထုတ်လွှတ်လိုက်သည်။

ချက်ချင်းပင် အဆုံးမဲ့ အမတ အလင်းရောင်များ တောက်ပလာသည်။

ကောင်းကင်ကို လောင်ကျွမ်းစေမည့် နတ်မီးတောက်များ ချက်ချင်း တောက်လောင်လာသည်။

“ကောင်းကင်ဘုံကိုးခုဖီးနစ်ငှက်န္ဓာ မီးလျှံ… ကောင်းကင်ကို လောင်ကျွမ်းစေ…!”

လမ့်ရိုလီ၏ အေးစက်သော အော်သံနှင့်အတူ အဆုံးမဲ့ နတ်မီးတောက်များ ဟုန်းခနဲ တက်လာပြီး ပြင်းထန်စွာ လောင်ကျွမ်းကာ ဟင်းလင်းပြင် တစ်ခုလုံး ပျံ့နှံ့သွားသည်။

နတ်မီးတောက်များသည် ကောင်းကင်နှင့် မြေကြီးမှ အရာအားလုံးကို ဖျက်ဆီးပစ်တော့မည့် အတိုင်းပင်။

တစ်ခဏချင်းပင် ကျင့်ကြံသူ အများအပြား မီးလောင်ကျွမ်းပြီး ပြာဖြစ်သွားခဲ့‌ချေပြီ။

ယခုအချိန်တွင် လမ့်ရိုလီ သည် မီးလျှံကြားမှ နတ်သမီး အသွင်အဖြစ် ပြောင်းလဲသွားပုံရသည်။

အဖြူရောင် ဂါဝန်လေးပင်လျှင် မီးရောင်ကြောင့် အနီရောင် ပြောင်းသွားသည်။

ထူးခြားသော အလှတရားတစ်ခု ဖြစ်ပေါ်နေပြီး ခေတ်တစ်ခေတ်၏ အလှဘုရင်မ ဖြစ်နေ၏။

လမ့်ရိုလီ၏ ကြည်လင်သော မျက်ဝန်းတစ်စုံသည် ယခုအချိန်တွင် လောကကို လွှမ်းမိုးသော လျှပ်စီးကြောင်း အငွေ့အသက်များ ပါဝင်နေသည်။

လက်တစ်ဖက် ဝှေ့ယမ်းလိုက်ရုံဖြင့် အင်အားစုကြီး သုံးခုမှ ကျင့်ကြံသူ အများအပြားကို သတ်ဖြတ်ပစ်လိုက်သည်။

စုရွှမ်ဘက်တွင်မူ မည်သူမျှ သူ့ခြေလှမ်းကို မတားဆီးနိုင်ပေ၊ သူရောက်လေရာ နေရာတိုင်းတွင် လူများသည် သွေးမြူမှုန်အဖြစ် ပြောင်းလဲပြီး ပျောက်ကွယ်သွားကြသည်။

စုရွှမ်သည် မိစ္ဆာဘုရင် တစ်ပါးကဲ့သို့ပင် အတားအဆီး မရှိဘဲ အင်အားစုကြီး သုံးခုမှ ကျင့်ကြံသူများ၏ အသက်များကို စိတ်တိုင်းကျ ရိတ်သိမ်းနေသည်။

ယခုအချိန်တွင် စုရွှမ်သည် စွမ်းအားကုန် ထုတ်သုံးထားသည်။ ဘုရင်အဆင့် ဖြစ်စေ၊ အရှင်မြတ်အဆင့် ဖြစ်စေ မည်သူမျှ စုရွှမ်၏ ပြိုင်ဘက် မဟုတ်ကြဘဲ ချက်ချင်း အသတ်ခံနေကြရသည်။

လျှို့ဝှက်ပညာ အမျိုးမျိုး၊ နတ်ဘုရားစွမ်းအား အမျိုးမျိုး အပြင် အားကြီးသော ခန္ဓာကိုယ် ရှိနေခြင်းတို့ကြောင့် ဤတိုက်ပွဲတွင် စုရွှမ်သည် အမြဲတမ်း အသာစီး ရနေခဲ့သည်။

မကြာမီ အချိန်အတွင်း သဲကန္တာရပြင်ကျယ်ကြီး အထက်ရှိ ဟင်းလင်းပြင် တစ်ခုလုံး ရှင်းလင်းသွားသည်။

ကောင်းကင်နှင့် မြေကြီး ကြည်လင်သွားသည်။

အင်အားစုကြီး သုံးခုမှ စွမ်းအားရှင်များ၏ အရိပ်အယောင်ဟူ၍ လုံးဝမှ မရှိတော့ပေ။

ထိုအချိန်တွင်ပင် ဟင်းလင်းပြင် ကွဲအက်သွားပြီး လူရိပ်များစွာ လေပေါ် လျှောက်လှမ်းလာကြသည်။

“စုရွှမ်…”

“မြင့်မြတ်သားတော်…”

တာယန်မြင့်မြတ်နယ်မြေ က လူတွေ ရောက်လာတာပဲ… တာယန်အရှင်သခင် တောင် ပါလာတယ်…

All Chapters