ကူးပြောင်းလာခြင်း
Vol. 1 Ch. 1
“မင်းရဲ့ ယောက်ျား ဘယ်မှာလဲ”
“အရှင် သူ ဖျားနေတုန်းပဲ”
“မင်းတို့ အခွန်ဆောင်ဖို့ ဘယ်တော့ စီစဉ်ထားလဲ”
“စိတ်ချပါ နောက်ဆုံး သတ်မှတ်ရက်ကို ကျော်မှာ မဟုတ်ပါဘူး”
...
မှောင်မိုက်ထဲတွင် ချန်ဆန်းရှီ သည် ယောက်ျား
တစ်ဦးနှင့် မိန်းမတစ်ဦး၏ စကားပြောဆိုသံကို ကြားလိုက်ရသည်
ယောက်ျားသည် ရန်လိုနေပြီး၊ မိန်းမကသက်ညှာရန် တောင်းပန်
နေသည်
“ဟစ်…”
သူသည် မျက်ခွံများကို ဖွင့်ရန် ရုန်းကန်လိုက်ပြီး မြင်ကွင်းထဲသို့ ရောက်ရှိလာသည်မှာ လုံးဝ မရင်းနှီးသော ပတ်ဝန်းကျင်တစ်ခု ဖြစ်သည်
'ဒါ ဘယ်နေရာလဲ'
'ငါ အချိန်ပို လုပ်နေတာမဟုတ်ဘူးလား'
“ဟစ်…”
ချန်ဆန်းရှီ၏ ခေါင်းသည် ရုတ်တရက် နာကျင်လာပြီး သူ့နှင့် မသက်ဆိုင်သော မှတ်ဉာဏ်များ ရေလှိုင်းပမာ စိတ်ထဲသို့ စီးဆင်းဝင်လာကာ သူ့ကိုလက်ခံရန် အတင်းအကျပ် ခိုင်းစေခဲ့သည်
'ငါ ကူးပြောင်းလာပြီလား'
ဤနေရာသည် ဒါရှန်မင်းဆက် ၏ ဝေးလံသော မြို့နယ်ငယ်လေးဖြစ်သည့် ပိုယန်ခရိုင် ဖြစ်သည်
ယခင်ချန်ဆန်းရှိီသည် ခရိုင်မြို့ပြင်ရှိ ယန်ဘင်းကျေးရွာ တွင် နေထိုင်သည် သူသည် ဆင်းရဲသော ပညာရှင်တစ်ဦးဖြစ်ပြီး သူ၏ ဖခင် အမဲလိုက်ခြင်းဖြင့် မိသားစုသည် အနည်းငယ် လက်ခံနိုင်သော ဘဝဖြင့် ရှင်သန်ခဲ့ကြသည်
လွန်ခဲ့သော ခြောက်လခန့်တွင်သူ၏ ဖခင်သည် ညဘက် တောင်များသို့ ထွက်ခွာသွားပြီးနောက် ဘယ်တော့မှ ပြန်မလာခဲ့ပေ
မိသားစု၏ ပြိုလဲကျခြင်းနှင့် ယခင်ချန်ဆန်းရှီ၏ စာမေးပွဲ ကျရှုံးခြင်းတို့သည် ထပ်ဆင့် ထိုးနှက်ချက်ဖြစ်ကာ ပြင်းထန်သော ဖျားနာမှုကို ဖြစ်ပေါ်စေခဲ့ပြီး
ထိုအချိန်တွင် ချန်ဆန်းရှီ ကူးပြောင်းလာခဲ့သည်
“အာ သခင်လေး ရှီ နိုးလာပြီ”
ဆေးရည်ခွက်တစ်လုံးကို ကိုင်ဆောင်ထားသော အမျိုးသမီးတစ်ဦး အိမ်ထဲသို့ ဝင်လာပြီးလူငယ်လေး နိုးလာသည်ကို မြင်သောအခါ သူမသည် ဝမ်းမြောက်ဝမ်းသာ ဖြစ်သွားသည်
သူမသည် အလျင်အမြန် ခုတင်ဘေးသို့ ပြေးသွားခဲ့ပြီး အမြန်ပြေးသောကြောင့် သူမ၏ ခန္ဓာကိုယ်နှင့် မကိုက်ညီသော အဝတ်အစားသည် ပြင်းထန်စွာ လှုပ်ခါနေပြီး အတွင်း၌ ယုန်နှစ်ကောင် လဲကျနေသကဲ့သို့ ဖြစ်နေသည်
ဤအမျိုးသမီး၏ နာမည်မှာ ဂူရှင်းလန် ဖြစ်သည်
သူမသည် ယခင်ချန်ဆန်းရှီ၏ ဖခင်က သူ ငယ်စဉ်ကတည်းက ဝယ်ယူခဲ့သော ကလေးဖြစ်သည်
သူမသည် အမြဲတမ်း မူလနေထိုင်သူကို အစ်မတစ်ဦးကဲ့သို့ ပြုစုစောင့်ရှောက်ခဲ့ပြီး သူ၏ဖခင် သေဆုံးပြီးနောက်နှင့် ဖျားနာနေချိန်
တွင်ပင် သစ္စာရှိစွာ နေထိုင်ခဲ့သည်
သို့သော်…
ယခင်ချန်ဆန်းရှီသည် ဤအစ်မကို အတော်အတန် အထင်သေးပုံရပြီး
ရာဇဝတ်သားများ၏ မျိုးဆက်ဖြစ်သောကြောင့် သူမကို နယ်စပ်သို့ ပို့ဆောင်ခံရပြီး ပြည့်တန်ဆာရုံသို့ ရောင်းစားခံရမည့် အခြေအနေ နီးပါးဖြစ်ခဲ့ရာ သူမသည် အနိမ့်ဆုံး အဆင့်အတန်း ဖြစ်နေသည်
သူ့ကိုယ်သူ များစွာ သာလွန်သည်ဟု ယူဆခဲ့သော ယခင်ချန်ဆန်းရှီသည် တစ်နေ့တွင် စာမေးပွဲ အောင်မြင်ပြီး ချမ်းသာသော အမျိုးသမီးတစ်ဦးနှင့် လက်ထပ်ကာ အောင်မြင်သူတစ်ဦး ဖြစ်လာမည်ဟု ယုံကြည်ခဲ့သည် သူမကသူ့အတွက် မသင့်တော်ဟု ထင်ခဲ့ပြီး ပုံမှန်အားဖြင့် သူမကို အစေခံတစ်ဦးကဲ့သို့ ဆက်ဆံခဲ့သည်
“သခင်လေး ရှီ၊ ဘယ်လို ခံစားရလဲ”
ဂူရှင်းလန်သည် ခုတင်ဘေးတွင် ထိုင်လိုက်ပြီး လူငယ်၏ နဖူးပေါ်သို့ လက်တင်လိုက်ကာ အံ့သြစွာဖြင့် “အဖျားကျသွားပြီလား” ဟု ပြောလိုက်သည်
ချန်ဆန်းရှီ ထထိုင်လိုက်ပြီး သူ၏ ခန္ဓာကိုယ်ကို လှုပ်ရှားကြည့်ရန် ကြိုးစားသည် အားအင်ချို့တဲ့မှုမှလွဲ၍ သူ့တွင် ဆိုးရွားသော ပြဿနာမရှိပေ၊ အကြောင်းမှာ သူ ဖျားနာခဲ့ခြင်းသည် သူ ကူးပြောင်းလာခြင်းနှင့်အတူ ပျောက်ကွယ်သွားခဲ့သောကြောင့် ဖြစ်သည်
“တကယ်ပဲ နတ်ဘုရားတွေရဲ့ ကောင်းချီးပဲ”
ဂူရှင်းလန်သည် သိသိသာသာ စိတ်သက်သာရာရသွားပြီး “သခင်လေး ရှီ ဆေးကို အရင်သောက်ပါ ကျွန်မ သခင်လေးအတွက် စားစရာ သွားပြင်လိုက်မယ်”
သူမ ထွက်သွားသည်ကို ကြည့်ရင်း သူမ၏ လုံးဝန်းသောတင်ပါးများ သည် အဝတ်အစားများမှ ပေါက်ကွဲထွက်လုနီးပါး ဖြစ်နေသည်ကို မြင်နေရသည် ချန်ဆန်းရှီသည် သူ၏ လက်ရှိ အခြေအနေကို ဆယ်
မိနစ်ကြာအောင် စဉ်းစားခဲ့သည်
“ငါ ဒီကို ရောက်လာပြီဆိုတော့ အကောင်းဆုံး ကြိုးစားရတော့မယ်”
သူသည် သူ၏ ပတ်ဝန်းကျင်နှင့် လျင်မြန်စွာ လိုက်လျောညီထွေဖြစ်အောင် အမြဲ လုပ်ဆောင်ခဲ့သူဖြစ်သည် သူ ဤကမ္ဘာသို့ ရောက်ရှိလာပြီဖြစ်သောကြောင့် ကောင်းမွန်စွာ နေထိုင်ရန် နည်းလမ်းကို ရှာဖွေရန် လိုအပ်သည်
သူသည် ခါးသော ဆေးရည်ကို ကောက်ယူပြီး တစ်ထပ်တည်း သောက်လိုက်ကာ အနောက်ခန်းသို့ သွားလိုက်တယ်
ဂူရှင်းလန်ဆန်ပုံးထဲသို့ တစ်ကိုယ်လုံးနီးပါး ဝင်နေသည်ကို တွေ့လိုက်ရပြီး သူမ၏ တင်ပါးများသာ အပြင်သို့ ထွက်နေကာ ဆန်အချို့ကို ရုန်းကန်၍ ခြစ်ထုတ်နေသည်
ကြိုးစားအားထုတ်ပြီးနောက် သူမက ပြောင်းဖူးဆန် အနည်းငယ်ကို စုဆောင်းနိုင်ခဲ့သည်
ယခင်ချန်ဆန်းရှီ၏ ဖခင် သေဆုံးသွားကတည်းက မိသားစုသည် ဝင်ငွေအရင်းအမြစ် ဆုံးရှုံးသွားခဲ့သည် ထို့အပြင် ချန်ဆန်းရှီ၏ မကြာသေးမီက ဖျားနာမှုသည် သူတို့၏ စုဆောင်းငွေများကို လုံးဝ ကုန်ခန်းသွားစေခဲ့ပြီး ဆင်းရဲမွဲတေမှု၏ အစွန်းသို့ ရောက်ရှိစေခဲ့သည်
“ခုနက အသံက ဆောင်းဦးအခွန်အတွက် အခွန်ကောက်ခံသူလား”
ချန်ဆန်းရှီသည် အစ်မလန် နောက်တွင် ရပ်လျက်၊ “သူတို့ ဘယ်လောက် လိုချင်တာလဲ?”
“ငွေ သုံးတေး ” ဟု ဂူရှင်းလန်က ပြန်ဖြေလိုက်တယ်
“သုံးတေး”
ချန်ဆန်းရှီ အသက်ရှူသွင်းလိုက်ပြီး “သူတို့ အဖေကိုပါ ထည့်တွက်ထားတာလား”
“ဟုတ်တယ်”
ဂူရှင်းလန်က ခေါင်းညိတ်လိုက်ပြီး “အငယ်တန်း အရာရှိက အဖေရဲ့ ရုပ်အလောင်းကို မတွေ့သေးတဲ့အတွက် သေပြီလို့ သတ်မှတ်လို့မရဘူး မှတ်ပုံတင်ကိုလည်း ဖျက်သိမ်းလို့ မရဘူးလို့ ပြောတယ် အမဲလိုက်ခွန်ပါ အပါအဝင် အခွန်အပြည့်အစုံကို ဆက်ဆောင်ရမယ်တဲ့”
ချန်ဆန်းရှီသည် စိတ်ထဲတွင် ကျိန်ဆဲလိုက်သည်
ဒါရှန်မင်းဆက် ၏ အခွန်များသည် ပြင်းထန်ပြီး မကြာသေးမီနှစ်များအတွင်း မကြာခဏ စစ်ပွဲများကြောင့် အခွန်များသာ တိုးလာခဲ့သည်
“သခင်လေး ရှီ စိတ်မပူပါနဲ့”
ဂူရှင်းလန်၏ မျက်လုံးများတွင် စိုးရိမ်ပူပန်မှု ထင်ရှားနေသော်လည်း သူမက စိတ်ချစေရန် ကြိုးစားရင်း “ကျွန်မ မကြာသေးခင်က အပ်ချုပ်ဆိုင်မှာ အလုပ်တချို့ ရထားတယ် လူတွေအတွက် အဝတ်လျှော်တာတွေနဲ့ ပေါင်းရင် အနည်းငယ်စုဆောင်းနိုင်သင့်ပါတယ်”
ရှင်းနေသည်မှာ ယခင်ချန်ဆန်းရှီသည် ငွေကြေးအရ လုံးဝ မှီခိုနေခဲ့သည်
သူ၏ ဖခင် သေဆုံးပြီးနောက်တွင်ပင် သူသည် အခြား အသက်မွေးဝမ်းကျောင်း ရှာဖွေရန် ဝန်လေးခဲ့ပြီး အစ်မလန်ကိုသာ အလုပ်ကြမ်းများ လုပ်စေခဲ့သည်။
“သူ့အတွက် သင့်တော်ရဲ့လားဆိုတာတောင် ထည့်မစဉ်းစားဘူး…”
ချန်ဆန်းရှီသည် အတော်လေး စကားမပြောနိုင် ဖြစ်သွားသည် သူကပညာရှင် ဖြစ်ရန် စာမေးပွဲပင် မအောင်မြင်နိုင်သေးဘဲ တစ်နေ့တွင် မင်းမှုထမ်း စာမေးပွဲ အောင်မြင်ရန် အိပ်မက်မက်နေသည်ဒါက စိတ်ကူးယဉ်သူတစ်ဦးရဲ့အတွေးမဟုတ်ဘူးလား
သူသည် ဤသို့ ဆက်လက်နေထိုင်၍ မရတော့ပေ အသက်မွေးဝမ်းကျောင်း နည်းလမ်းတစ်ခုကို ရှာဖွေရန် လိုအပ်သည်
မဟုတ်ပါက အခွန်မဆောင်နိုင်ပါက ယောက်ျားများကို အတင်းအကျပ် လုပ်အားပေးရန် ပို့ဆောင်မည်ဖြစ်ပြီး အမျိုးသမီးများကို ပြည့်တန်ဆရုံသို့ ရောင်းစားမည်ဖြစ်သည်သေခြင်းထက် ပိုဆိုးသော ကံကြမ္မာဖြစ်သည်
“ကျွန်မ ထမင်းချက်လိုက်ဦးမယ်”
ဂူရှင်းလန်သည် သူမ၏ အလုပ်ဖြင့် အလုပ်များနေသည်
မကြာမီ ထမင်းဟင်း ချက်ပြုတ်ပြီးစီးခဲ့သည်
ပြောင်းဖူးဆန်နှင့် ဖွဲနုရောထားသော အဓိက အစားအစာ နှစ်ပန်းကန်
အချဉ်ဖောက်ထားသော ဟင်းသီးဟင်းရွက် ပင် မပါဝင်ခဲ့ပေ
ဒါက အိမ်ထဲမှာ ကျန်နေတဲ့ နောက်ဆုံး ဆန်စေ့လေး ဖြစ်ပုံရသည်
ချန်ဆန်းရှီသည် သူ၏ ပန်းကန်တွင် ဂူရှင်းလန်၏ ပန်းကန်ထက် ပြောင်းဖူးဆန် အချိုးအစား ပိုများပြီး သူမ၏ ပန်းကန်သည် ဖွဲနု အများစု ဖြစ်နေသည်ကို သတိပြုမိသည်
ဖွဲနုသည် ဆန် ဂျုံ ပဲပုပ်ကဲ့သို့သော သီးနှံများ၏ အခွံဖြစ်ပြီး ကြမ်းတမ်းပြီး မျိုချရ ခက်ခဲတယ်
ခေတ်သစ်ကာလတွင် ၎င်းကို တိရစ္ဆာန်အစာအဖြစ် အဓိက အသုံးပြုခဲ့တာဖြစ်ပါတယ်
“စားပါ၊ သခင်လေး ရှီ”
ဂူရှင်းလန်သည် သူမရဲ့တူကို ကောက်ယူပြီး စတင်စားလိုက်သည်သူမ၏ လက်ချောင်းများသည် သိသိသာသာ နီရဲပြီး ရောင်ရမ်းနေကာ အဆစ်များတွင် အနာငယ်များ ရှိနေပြီး
ဒါက အခြားသူများအတွက် အဝတ်များစွာ လျှော်ဖွပ်ခြင်း၏ ရလဒ်
ဖြစ်သည်
အမျိုးသမီးတစ်ဦးအနေဖြင့် သူမသည် ယောက်ျားများသာ လုပ်နိုင်သော ခါးနာစေသည့် အလုပ်မှလွဲ၍ မိသားစုအတွက် လုပ်နိုင်သမျှ အရာအားလုံးကို လုပ်ဆောင်ခဲ့သည်
ချန်ဆန်းရှီသည် ၎င်းကို မြင်လိုက်ပြီး မှတ်သားထားလိုက်ကာ ခေါင်းကို ငုံ့ပြီး မျိုချရခက်သော ဖွဲနုကို စားလိုက်သည်
“သခင်လေး ရှီ”
ထမင်းစားနေစဉ် ဂူရှင်းလန်သည် သူမ၏ တူကို ချလိုက်ပြီး တုံ့ဆိုင်းစွာ ပြောလိုက်သည်၊ “တကယ်တော့၊ အခွန်ငွေအပြင် အဒေါ်လီ ကို ဆေးဖိုးအတွက် နှစ်ပြား ပေးဖို့ ရှိနေသေးတယ်
“...ကျွန်မ ကအကြံပေးရုံပဲပါ သခင်လေးနည်းနည်း ပိုကောင်းလာခဲ့ရင် တချို့အလုပ်တွေ သွားရှာလို့ ရမလား လကုန်တဲ့အထိ အခွန်အတွက် လုံလောက်တဲ့ ငွေကို မစုနိုင်ရင် လူတွေကို ဖမ်းသွားလိမ့်မယ်လို့ ကျွန်မ ကြားတယ်…”
သူမ ပြောနေစဉ် သူ၏ အမူအရာကို တိတ်တဆိတ် ကြည့်နေပြီး သူမ၏ လက်ချောင်းများသည် သူမ၏ အဝတ်စကို စိုးရိမ်တကြီး ကုတ်ခြစ်
နေသည်
ဤကိစ္စကို အရင်က ဆွေးနွေးတိုင်း သခင်လေး ရှီသည် ပညာရှင်တစ်ဦးသည် အစေခံအလုပ်မျိုး မလုပ်သင့်ကြောင်း ပြောဆိုကာ ဒေါသထွက်လေ့ရှိသည်
“စားပါ”
ချန်ဆန်းရှီသည် အစားအစာကို ပါးစပ်ထဲသို့ ထည့်ကာ သူ၏ ငွေကြေးအခြေအနေကို တိတ်တဆိတ် စဉ်းစားနေသည်
ဂူရှင်းလန်သည် ထပ်မံ ပြောဆိုရဲခြင်း မရှိပေ သူမ တိတ်တဆိတ် ထမင်းစားပြီး အိုးခွက်များကို လျင်မြန်စွာ ဆေးကြောကာ အမျိုးသမီး အလုပ်သမားအဖြစ် သူမ၏ အလုပ်ဆီသို့ အလျင်အမြန် ထွက်ခွာသွားသည်
ချန်ဆန်းရှီသည် ထိုင်နေမြဲဖြစ်ပြီး သူ၏ ရွေးချယ်စရာများကို နက်နက်နဲနဲ စဉ်းစားနေသည်
ရှေးခေတ်ကာလသည် ခေတ်သစ်လူ့အဖွဲ့အစည်းနှင့် မတူပေ ရုပ်ပိုင်းဆိုင်ရာ ခွန်အားသက်သက်ဖြင့် အလုပ်ရှာနိုင်မည် မဟုတ်ပေ
သူ၏ မိသားစုသည် မြေယာပိုင်ဆိုင်ခြင်း မရှိဘဲ၊ သူ၏ ပညာရပ်မှ မည်
သည့် ပညာရှင်ဘွဲ့ မှ မရရှိဘဲ ကျန်ရှိနေသည့် တစ်ခုတည်းသောအရာမှာ အမဲလိုက်ခြင်းဖြစ်သည်
ကလေးဘဝကတည်းက သူ၏ဖခင်ထံမှ လှည့်ကွက်အချို့ကို သင်ယူခဲ့ပြီး နှစ်များတစ်လျှောက် သူ၏ ကျွမ်းကျင်မှုများ လျော့ကျသွားသော်လည်း အခြေခံအုတ်မြစ်များ ရှိနေသေးသည် ပြန်လည်စတင်ရန် ခက်ခဲမည် မဟုတ်ပေ
ထို့အပြင် မည်သို့ပင်ဖြစ်စေ အမဲလိုက်ခွန် ပေးဆောင်ရမည် ဖြစ်
သောကြောင့် သူ အမဲလိုက်သင့်သည်
အိမ်တွင် လေးအဟောင်း တစ်ခု ကျန်ရှိနေသေးသည်
ချန်ဆန်းရှီသည် အတွင်းခန်းသို့ သွားပြီး နံရံမှ ဖုန်မှုန့်များ ဖုံးနေသော လေးရှည်ကို ယူလိုက်သည်
“အသုံးပြုလို့ ရနေသေးသင့်တယ်”
“ဒါပေမဲ့ မြားမပါတဲ့ လေးပဲ ငါ့မှာ ရှိတယ် မြားဝယ်ဖို့ ငွေရဖို့ နည်းလမ်းရှာဖို့ လိုအပ်တယ်”
အသက်ရှင်ရပ်တည်ရန်အတွက် အိမ်ရှိ စာအုပ်များအားလုံးနီးပါးကို ရောင်းချခဲ့ရပြီး မူလပိုင်ရှင်က သူ၏ အသက်ကဲ့သို့ တန်ဖိုးထားသော “ပညာသင်ကြားရေး ရတနာလေးပါး ” ကိုသာ နောက်ဆုံး တန်ဖိုးရှိသော ပစ္စည်းများအဖြစ် ကျန်ခဲ့သည်
တွန့်ဆုတ်မနေဘဲ ချန်ဆန်းဆီသည် စာရေးတံ မှင် စက္ကူနှင့် မှင်
ကျောက်တို့ကို ထုပ်ပိုး၍ ယူဆောင်သွားပြီး
၎င်းတို့အားလုံးကိုအရည်အသွေးနိမ့် ပစ္စည်းများ ဖြစ်သော်လည်း စုစုပေါင်း ကြေးဒင်္ဂါး နှစ်ရာ ဖြင့် ရောင်းချခဲ့ရပြီး ခန့်မှန်းခြေအားဖြင့် ငွေနှစ်ကျပ် နှင့် ညီမျှသည်
“ဆင်းရဲသော ပညာရှင်နှင့် ချမ်းသာသော စစ်သည်တော် ” ဟူသည် လုံးဝ မမှန်ကန်ကြောင်း ပြသရန် လုံလောက်သည် စာသင်ကြားခြင်းသည်လည်း စျေးကြီးသော အလုပ်တစ်ခု ဖြစ်သည်
ငွေကို ရရှိပြီးနောက် ချန်ဆန်းရှီသည် အမဲလိုက်သမားများကို ရောင်းချသည့် ဈေးဆိုင်သို့ သွားခဲ့သည်
“သခင်လေး ရှီ မြားဝယ်ဖို့ ရောက်လာတာလား”
ဆိုင်ရှင် ဦးလေးရှောင် သည် စစ်ဘက်မိသားစုမှဖြစ်ပြီး ရှီ၏ ဖခင်နှင့် ရင်းနှီးသော မိတ်ဆွေဟောင်း ဖြစ်သည် “စာကျက်မယ့်အစား တောထဲမှာ အမဲလိုက်ဖို့ ပြင်ဆင်နေတာလား?”
“ဟုတ်ပါတယ် ကျွန်တော် မြားအဟောင်းတချို့ ဝယ်ချင်လို့ပါ”
ချန်ဆန်းရှီသည် ဆိုင်မှ မိုးမခရွက် မြားအဟောင်း ငါးချောင်းကို ရွေးချယ်လိုက်သည် “ဘယ်လောက်လဲ”
“ကြေးပြား၇၀”
ချန်ဆန်းရှီသည် ဈေးညှိသည် “ဦးလေးရှောင် မြားအဟောင်းတွေက အဲဒီလောက် တန်ဖိုးမရှိပါဘူး အများဆုံး ကြေးပြား၅၀ ပဲ တန်ပါတယ်”
“ကောင်းပြီ ကြေးပြား၅၀ ပေါ့”
အဖိုးအို ရှောင်သည် ရိုးသားသည် “ငါ ပြောမယ် မင်း တောင်တွေဆီကို လွန်ခဲ့တဲ့ အချိန်အကြာကြီးကတည်းက သွားသင့်တာ မင်းအဖေရဲ့ ကျွမ်းကျင်မှုတွေကို တော်တော်များများ သင်ယူခဲ့တယ် အနည်းဆုံးတော့ ထမင်းစားနိုင်ဖို့ လုံလောက်တယ် ဒါပေမဲ့ မင်းက အသုံးမဝင်တဲ့ စာအုပ်တွေကို ဖတ်ဖို့ပဲ အခိုင်အမာ ပြောဆိုခဲ့တယ် မင်းလို ဆင်းရဲတဲ့ မိသားစုက ကလေးတစ်ယောက် အရာရှိ ဖြစ်လာနိုင်မယ်လို့ မင်း ထင်နေတာလား”
“ဦးလေး ပြောတာ မှန်ပါတယ်”
ချန်ဆန်းရှီသည် ငြင်းခုံခြင်း မရှိဘဲ မြားများတွင် အရည်အသွေး ပြဿနာမရှိကြောင်း သေချာစေပြီးနောက် ၎င်းတို့ကို လေးကြိုးပေါ်
တွင် တင်ကာ စစ်ဆေးရန် မြေပြင်သို့ ချိန်ရွယ်လိုက်သည်
ရုတ်တရက် စာလုံးငယ် အချို့သည် သူ၏ မျက်လုံးများရှေ့တွင် ပေါ်လာသည်
[ကျွမ်းကျင်မှု- လေးပစ်ခြင်း (အစမပြုရသေး)]
[တိုးတက်မှု- (၂၀/၁၀၀)]