အခန်း (၁၁)
Vol. 1 Ch. 11
“ငါ မင်းကို နောက်ဆုံးတစ်ကြိမ် မေးမယ် မင်း အခွန် ပေးမှာလားမပေးဘူးလား”
အခွန်ကောက်ခံသူအရာရှိကမျက်လုံးမှေးစင်းပြီးသူ့ရှေ့မှ မိသားစု သုံးဦးကို စိတ်မရှည်စွာ ကြည့်နေသည်။
ကျန်းရှင်း ကဒေါသ ထွက်သွားပြီး“အရှင် ကျွန်တော်တို့ မိသားစု လွန်ခဲ့တဲ့ဆယ်ရက်ကတည်းကဆောင်းဦးအခွန် ကို ပေးပြီးပါပြီ”
အခွန်ကောက်ခံသူ က လက်ထဲရှိ စာရင်း ကို ကိုင်မြှောက်ပြီး အေးစက်စွာ နှာမှုတ်ကာ “မင်း ပေးပြီးရင် ဘာလို့ မင်းတို့ မိသားစု နာမည် ဒီမှာ မရေးထားရတာလဲ”
“မဖြစ်နိုင်ဘူး”
ကျန်းရှင်း ကအော်လိုက်တယ် “ခင်ဗျား ရေးတာကို ကျွန်တော် မျက်စိနဲ့ ကိုယ်တိုင် မြင်ခဲ့တာ ခင်ဗျား ကျွန်တော်တို့ မိသားစုဆီက အခွန်ကို တမင်တကာ နှစ်ခါကောက်ဖို့ ကြိုးစားနေတာ”
“ပေါက်တတ်ကရတွေ”
အခွန်ကောက်ခံသူ ကသူ့ရဲ့ကြိမ်လုံး ကို ရိုက်ချလိုက်ပြီး လူငယ်ကို မြေပြင်ပေါ်သို့ လဲကျစေလိုက််တယ် “ဘာလို့ ငါ တခြားမိသားစုတွေဆီက နှစ်ဆ မကောက်ဘဲ မင်းတို့ဆီကမှ ကောက်ရမှာလဲ”
သွေးစို့နေသော ဒဏ်ရာ ကကျန်းရှင်း ၏ မျက်နှာတွင် ချက်ချင်း ပေါ်လာသည်။
သူ သွားများကို ကြိတ် ကာ ငြင်းခုံရန် ကြိုးစားသော်လည်း အဒေါ် လီက သူ့ကို အလျင်အမြန် တားဆီးပြီး အပြုံးတုတစ်ခု ဖန်တီးကာ"ရှင်း၊ ပါးစပ်
ပိတ်ထား အရာရှိက ငါတို့ မပေးရသေးဘူးလို့ ပြောရင် ငါတို့ မပေးရသေးဘူးပေါ့”
ကလေးက ငယ်သေးပြီး အခွန်ကောက်ခံသူ ရဲ့ယုတ်မာ၏ ကြမ်းတမ်းမှုကို သတိမထားမိပေ
'အရာရှိကို မကြောက်နဲ့ အင်အားသုံးသူကို ကြောက် ဆိုတဲ့ စကားပုံ ရှိတယ် အခွန်ကောက်ခံသူ ကို အသေးအမွှား အရာရှိ လို့ပဲ မထင်နဲ့ တစ်ခါတလေ သူတို့ကခရိုင်မှူး ထက်တောင် ပိုပြီး ကြောက်ဖို့ ကောင်းတယ်'
“အရှင် ခဏလေး စောင့်ပါ ကျွန်မ ငွေ သွားယူပြီးအခွန်ဆောင်ပါ့မယ်”
အဒေါ် လီ သည် သူတို့ ဘယ်အချိန်က အခွန်ကောက်ခံသူ ကို စိတ်ဆိုးစေ မိသည်ကို မသိပါ အခြား ကိစ္စများ မလုပ်မီ လက်ရှိ ပြဿနာကို အရင်ဆုံး ဖြေရှင်းရန်စီစဉ်လိုက််တယ်
သူမကအလျင်အမြန် အထဲဝင်သွားလိုက်တယ်
မကြာခင်တွင် အိမ်ထဲမှ စိတ်ပျက်ဖွယ် အော်သံ ထွက်လာသည်
“အို ဘုရားရေ ”
“ငွေ တွေဘယ်ရောက်ကုန်တာလဲ”
သူတို့၏ ရေအိုးအောက် တွင် ဝှက်ထားသော ငွေ ဆယ်သုံးတေး ဟာခြေရာလက်ရာမကျန်ဘဲပျောက်ကွယ်သွားခဲ့သည်
ဆူညံသံ ကို ကြားသောအခါ ခြေသလုံး အကြောသေနေသော မစ္စတာ ကျန်း သည် ယိုင်တိုင်တိုင် ဝင်လာပြီး ဗလာဖြစ်နေသော ဝှက်ထားသည့်နေရာ ကို မြင်ပြီးနောက် မြေပြင်ပေါ်သို့ လဲကျသည်၊ “သူခိုး ...သူခိုး ရှိတယ်”
အခွန်ကောက်ခံသူ ကသူရဲ့စိတ်ရှည်မှု့ကို ဆုံးရှုံးပြီး မစ္စတာ ကျန်းရဲ့ ကျောကိုနှစ်ကြိမ် ရိုက်လိုက်ပြီး“မင်းတို့ငါ့ကို အရူး လုပ်နေတာလား”
“အရှင်”
မစ္စတာ ကျန်းသည် နာကျင်စွာ မျက်နှာမဲ့လိုက်ပြီး"ငွေ က ဒီမှာ ရှိတယ်
ဆယ်သုံးတေး ရှိတယ် ဆယ်သုံးတေး”
အခွန်ကောက်ခံသူ က လှောင်ပြောင် လိုက်ပြီး"ငါ့အိမ်မှာ ရွှေ သုံးထောင်တေးရှိတယ်လို့ငါလည်း ပြောမယ်ကွာ မင်းမှာပိုက်ဆံ မရှိရင် ရိုးရိုးသားသားမင်းရဲ့ ပြစ်မှု ကို ဝန်ခံလိုက်”
“အဖေ ”
ကျန်းရှင်း ကသူ့ရဲ့ဖခင်ကို ရိုက်နှက်ခံ နေတာကို မြင်ပြီး ထိတ်လန့်တကြား ရှေ့သို့ ပြေးသွားသော်လည်း ကြိမ်လုံး ဖြင့် ရိုက်ချခံလိုက်ရပြီး သူ့ရဲ့မျက်နှာမှာသွေးအသစ်များ ဖုံးလွှမ်းသွားသည်
သူကမြေပြင်ပေါ်တွင် လဲလျောင်းနေပြီး ဘာတွေ ဖြစ်နေသည်ကို နားမလည်နိုင်တော့ပေ
ပရိသတ်ထဲရှိ အဖြူရောင် ဝတ်စုံ ဝတ်ထားသော လူနှစ်ဦးက သူ့ကို အောင်ပွဲခံ အပြုံးဖြင့်ကြည့်နေတာမြင်သောအခါမှ သူရုတ်တရက် နားလည်
သဘောပေါက် သွားသည်
“မင်း မင်းတို့ပဲ”
ကျန်းရှင်း ကယိုင်တိုင်တိုင် ထရပ်ပြီး တပည့်နှစ်ဦး ဆီသို့ အလျင်အမြန် ပြေးသွားပြီး “ငါ့ ငွေ ကို ပြန်ပေး”
“ငရဲသွား လိုက်”
နည်းနည်းဝတဲ့တပည့် ကကျန်းရှင်းကိုပိတ်ကျန်ချလိုက်တယ် “ဘယ်မှာလဲသက်သေ”
ကျန်းရှင်း က သူ့ရဲ့ဒေါသ ကို ဆက်လက် ထိန်းထားနိုင်ခြင်း မရှိတော့ပေ“မင်းတို့ အခွန်ကောက်ခံသူ နဲ့ ပေါင်းကြံ နေကျတာ”
“မဟုတ်တာတွေ”ဒီစကားကိုကြားသောအခါ အခွန်ကောက်ခံသူ ကသူရဲ့လက်ကို မြှောက်ပြီး နောက်ထပ် ကြိမ်ဒဏ်ချက်များစွာရိုက်နှက်လိုက်ပြီးလကျန်းရှင်းရဲ့အရေပြားစုတ်ပြဲသွားတဲ့အထိရိုက်နှက်လိုက်ကာ
“ခွေးရူးတစ်ကောင်လိုပဲလူတိုင်းကို လိုက်ဟောင်နေတာ သူ့ကို ဖယ်ရှား ပစ်လိုက် အဖိုးကျန်း နဲ့ ကျိုးရှင်း ကို မြို့ရိုး ပြင်ဖို့အလုပ်သမားအဖြစ်ခေါ်သွားလိုက်"
ကြည့်နေသော ရွာသားများ ကပစပ်များပိတ်ထားကျပြီး တိတ်ဆိတ် နေကြသည်
ဤအရာကို မြင်သောအခါ လူတိုင်းနီးပါး ဘာတွေ ဖြစ်နေသည်ကို နားလည်ကြသည်၊ သို့သော် မည်သူမျှ တစ်ခုခု ပြောဆိုရန် မရဲ ကြပေ
အရာရှိများ ကိုယ်ခံပညာခန်းမ တပည့်များ နှစ်ဦးစလုံးသည် သာမန်လူများ ရန်စဝံ့သောသူများ မဟုတ်ပေ
'သခင်များ က သင့်ကို သေစေချင်လျှင် သင်သည် သေရမည်'
ကျန်းရှင်း ကသွေးနှင့် ဖုန် များ ဖုံးလွှမ်းနေပြီး စိတ်ပျက်အားငယ်မှု ဖြင့် အော်ဟစ်နေသည်
သူကမနက်မှ ညနေ အထိ ငါးဖမ်း ရန် ပင်ပန်းဆင်းရဲစွာ လုပ်ကိုင်ခဲ့ရသည် အနာဂတ်တွင် ပိုမို လွယ်ကူသော ဘဝ ရရှိရန်အတွက် လေးနှစ်လုံးလုံးစုဆောင်းခဲ့သည်၊ လှုပ်ရှားမှု အနည်းငယ် သင်ယူဖို့အတွက်နဲ့ဘယ်လိုလုပ် ဒီလို ဖြစ်လာရတာလဲ
သူ လုံလောက်အောင် မကြိုးစား မိလို့လား
“ရှင်း”
အားကောင်းသော အသံ ထွက်ပေါ်လာသည်
ချန်ဆန်းရှီကလူအုပ်ကြားမှ ထွက်လာပြီး
သူကကိုယ်ခံပညာ အကယ်ဒမီ တပည့်နှစ်ဦး ကို မြင်ပြီး ဇာတ်လမ်း အများစုကို ချက်ချင်း ခန့်မှန်း မိသည်
ရှင်း ၏ ရွှေရည် လောင်းသည့် အပြုအမူက သူတို့ကို စိတ်ဆိုးစေ ခဲ့သည် ထို့ကြောင့် သူတို့သည် အခွန်ကောက်ခံသူ ကို နှစ်ခါ အခွန်ကောက်ရန် ပိုက်ဆံပေး ပြီး ငွေ ကို ခိုးယူခြင်းဖြင့် လက်စားချေ ခဲ့ကြသည် ရှင်း ၏ မိသားစုကို တိုက်ရိုက် ပျက်စရန် ရည်ရွယ်သည်
စဉ်းစားကြည့်သောအခါ ချန်ဆန်းရှီကိုယ်တိုင်ပင် စိမ့်ခနဲခံစားလိုက်ရတယ်
ချင်းရှုံး သည် လာဘ်ထိုးရန် ငွေ သုံးစွဲလိုက်ပါက သူလည်း သူတို့နဲ့တူညီသော ကံကြမ္မာဖြင့် အဆုံးသတ်နိုင်ဖွယ် ရှိသည်
သူ ရှေ့သို့ တိုးလာပြီး “အရှင်သူတို့ကိုယ်စား ကျွန်တော်အခွန်ဆောင်ပေးလို့ရမလား”
“အစ်ကို ရှီ”
ဒီစကားကို ကြားသောအခါ ကျန်းရှင်း သည် အလွန် ရှက်ရွံ့ နေမိသည်
သူအရင်က အစ်ကို ရှီ ကို ကူညီဖို့မိဘကိုငွေထုတ်ပေးရန် အတင်းအကျပ် မပြောခဲ့ပေ အခုတော့ အစ်ကို ရှီ က သူ့ကို ကူညီဖို့ ဘယ်လိုလုပ် လက်ခံရဲပါ့မလဲ
အဒေါ် လီ နှင့် သူ၏ ခင်ပွန်းတို့လည်း အလားတူ ရှက်ရွံ့မှု့ကို ခံစားရပြီး တွင်းထဲ တွားဝင်ပြီး ပုန်း ချင်စိတ် ပေါက်နေကြသည်
သူတို့တင်မကဘဲ ကြည့်နေသော ရွာသားများ လည်း အံ့အားသင့် နေကျတယ်
“ဟင်..”
အခွန်ကောက်ခံသူ ၏ မျက်နှာသည် မှောင်မိုက် သွားပြီး “ကောင်လေး၊ မင်း ဒီကိစ္စကို ဝင်ရောက် စွက်ဖက်ဖို့ သေချာလား”
“အရာရှိရဲ့ တာဝန်တွေကို ဝင်ရောက် စွက်ဖက်ဖို့ ကျွန်တော် မရဲပါဘူး”
ချန်ဆန်းရှီသည် အခွန်ကောက်ခံသူ ကို ထောင့်တစ်နေရာ သို့ ဆွဲခေါ်သွားပြီး မစ္စတာ ကျန်း ကို လက်ညှိုးထိုးကာ တီးတိုး ပြောလိုက်သည်“ဒါပေမဲ့ ဒီ ခြေသလုံး အကြောသေနေသူ က အလုပ်ကို ဘယ်လိုလုပ်နိုင်မှာလဲ လမ်းမှာ သေဆုံးသွားနိုင်ပြီး အဲဒါက အစားအစာ အလေအလွင့် ဖြစ်စေမှာပဲ”
အခွန်ကောက်ခံသူရဲ့မျက်ခုံး များမြင့်တက်သွားပြီး“မင်း ပြောချင်တာက…”
ချန်ဆန်းရှီက ငွေ နှစ်တေး ကို သူ့ရဲ့လက်ထဲသို့ တိတ်တဆိတ် ထိုးထည့်ပေးလိုက်ပြီး “အရှင် ခြေသလုံး အကြောသေနေသူ ကို မေ့ထားလိုက်
ရအောင် ကျန်းရှင်း အတွက်ကတော့ သူ အရှင့်ကို ရိုသေမှု မရှိ ခဲ့တဲ့အတွက် ခက်ခဲတဲ့ အလုပ် လုပ်ဖို့ ထိုက်တန်ပါတယ်”
ဒါက သူ အကောင်းဆုံးလုပ်ပေးနိုင်တာဖြစ်သည်
ရှင်းနေသည်မှာ အခွန်ကောက်ခံသူ က ကျန်းရှင်း အတွက် ရောက်လာခြင်း ဖြစ်သည် မစ္စတာ ကျန်း မှာ အရန် သာ ဖြစ်သည်
အကယ်၍ ချန်ဆန်းရှီသာဝင်ရောက် စွက်ဖက်ရန် ကြိုးစားပါက ရလဒ်ကို မပြောင်းလဲနိုင်ရန် ရုံသာမက သူ့ကိုယ်သူလည်း ဘေးအန္တရာယ် ကို ဆွဲဆောင်မိလိမ့်မည်
သူ စကားပြောနေစဉ် ကိုယ်ခံပညာ အကယ်ဒမီ တပည့်နှစ်ဦးကလူအုပ်ထဲမှ သူ့ကို အာရုံစိုက်စွာ စိုက်ကြည့် နေကြသည်
နှစ်ဦးစလုံးကို မကယ်နိုင်လျှင် တစ်ဦးကို ကယ်ဆယ်ခြင်းက ပိုကောင်းသည်
ဘယ်လိုပဲဖြစ်ဖြစ် ကျန်းရှင်း က ငယ်သေးသည် စစ်မှုထမ်း အလုပ် မှ အသက်ရှင်လျက် ပြန်လာရန် အနည်းဆုံး ၂၀%အခွင့်အရေး ရှိသည်
“ဟဲဟဲ မင်း တကယ်ပဲ ကိစ္စတွေကို ဘယ်လို ကိုင်တွယ်ရမယ်ဆိုတာ သိတဲ့ ကောင်လေးပဲ”
အခွန်ကောက်ခံသူ က ရယ်မော လိုက်သည်
သူကကျန်းရှင်း ကို သင်ခန်းစာ ပေးရန် ပိုက်ဆံယူခဲ့ပြီးအဖိုးအို အတွက်မပါပေ ငွေ နှစ်တေးကိုဘာလို့ မယူရမှာလဲ
ဒီလို တွေးပြီး သူကငွေ ကို လက်ခံ လိုက်ပြီး ကြေညာလိုက်တယ်“ကျန်းမိသားစုရဲ့အကြီးအကဲကသူ့ရဲ့အခွန်ပေးဆောင် ပြီးပါပြီသူ့ကို လွှတ်ပေးလိုက် ပြီးတော့ကျိုးရှင်းကို ဟဲ့ကျိုးသို့ ပို့ဆောင်ရန် ခေါ်သွားလိုက်တော့”
ဒီဆုံးဖြတ်ချက် မှာအပြီးသတ် ဖြစ်သည်
အနားတွင်ရှိနေသူ အများစုကဘာတွေ ဖြစ်ပျက်ခဲ့သည်ကို နားလည်ကြသည်
“ကျောက်စိမ်းလေး ရဲ့အဲဒီ လှုပ်ရှားမှုက ကောင်းတယ်သူ ဘယ်သူ့ကိုမှ စိတ်မဆိုးစေဘဲ ကောင်လေးကျန်းရှီရဲ့ ဖခင်ကို ကယ်တင်နိုင်ခဲ့တယ်”
“ဒီကလေးက သစ္စာရှိမှု နဲ့ ခင်မင်မှု ကို တကယ် တန်ဖိုးထားတယ်”
“သူ ကျောင်းတက်တာ ရပ်လိုက်ရတာ နှမြောစရာပဲသူ ဆက်လုပ်ခဲ့ရင် ကောင်းမွန်တဲ့ အရာရှိတစ်ဦး ဖြစ်လာမှာ”
“ကျောက်စိမ်းလေး ငါ လိုင်ဇီ က မင်းကို ဒီတစ်ခါ တကယ်လေးစားတယ်”
ရွာသားများ သည် သူတို့ကိုယ်သူတို့ တီးတိုးပြောဆိုနေကြပြီး ချန်ဆန်းရှီရဲ့ လုပ်ရပ်များအပေါ် သူတို့၏ လေးစားမှုကို ဖော်ပြကြသည်
“ရှင်းဇီ ”
ချန်ဆန်းရှီကပိန်သွယ်ပြီး အသားညိုသော လူငယ် ဆီသို့ လျှောက်သွားပြီး သူ၏ ပခုံးကို ညင်သာစွာ ပုတ်ကာ“ငါ အတတ်နိုင်ဆုံး လုပ်ခဲ့တယ်”
“အစ်ကို”
ကျန်းရှင်းကမြေပေါ် ဒူးထောက်လိုက်ပြီး “ခင်ဗျား ကျွန်တော့်ရဲ့ အသက် ကို ကယ်ခဲ့ပြီး အခု ကျွန်တော့် အဖေရဲ့ အသက် ကိုပါ ကယ်ခဲ့တယ်၊ ကျွန်တော် အသက်ရှင်လျက် ပြန်လာနိုင်ခဲ့ရင် ကျွန်တော် နွား ဒါမှမဟုတ် မြင်းတစ်ကောင်လို အလုပ်လုပ်ပြီး တစ်သက်လုံး ကျေးဇူးဆပ်ပါ့မယ်”
သူ့ရဲ့နဖူး ကို မြေပြင်သို့ သုံးကြိမ် ကန်တော့လိုက်ပြီးတစ်ကြိမ်စီတွင် ကျယ်လောင်သောအသံ ထွက်ပေါ်လာစေတယ်
“ဘာတွေလဲ ပြဇာတ် ခင်းနေတာလဲ စကားများ မနေနဲ့သွားတော့”
အစိုးရရုံး မှအရာရှိများ ကကျန်းရှင်းကို ခေါ်ဆောင်သွားပြီး အခွန်ကောက်ခံသူ သည် နောက်ထပ် မိသားစု ကို ဆက်လက် ရေတွက် နေသည်။
သူမ၏ သားကို ခေါ်ဆောင်သွားသည်ကို ကြည့်နေသော အဒေါ် လီ သည် လငိုကြွေးပြီး လဲကျသတိလစ် သွားသည် မစ္စတာ ကျန်း မှာ မြေပြင်ပေါ်တွင် ထုံထိုင်းစွာထိုင်နေပြီး
ဒီလို မြင်ကွင်းမျိုးတွေဟာ ဆောင်းဦးအခွန် ကောက်ခံတဲ့ နောက်ဆုံးနေ့ မှာ ဆက်လက် ဖြစ်ပေါ်နေခဲ့သည်
ပိုယန်ခရိုင် မှာ အမျိုးသား လူဦးရေ ရဲ့ ဆယ်ပုံတစ်ပုံ လောက်ကို ခေါ်
ဆောင်သွားလိမ့်မယ်
သူတို့ထဲက အများစုက တောင်သူလယ်သမားတွေ ဖြစ်ကြပြီး
အခွန်ကောက်ခံမူ့အပြီးတွင် ပိုယန်ခရိုင်အတွင်းရှိမြေယာ နှင့် ပတ်ဝန်းကျင်ရှိ မြေယာ၏ ကိုးဆယ် ရာခိုင်နှုန်းကျော်က ချမ်းသာသောသူများ နှင့် ကိုယ်ခံပညာခန်းမမျာ၏ ပိုင်ဆိုင်မှုဖြစ်လာခဲ့သည်
တောင်သူလယ်သမားများကအဓိကအားဖြင့် အငှားချထားသူများ ဖြစ်သွားကြသည်
နှစ်စဉ် သူတို့ရဲ့သီးနှံတစ်ဝက်ကို ငှားခအဖြစ် ပေးရပြီးကျန်ရှိသော အပိုင်းကိုလည်း အခွန်ကောက်ခံသဖြင့် သူတို့ရဲ့စားဝတ်နေရေး ဖူလုံရန် ပင်မလွယ်ပေ
“အရှင် ကျွန်တော်တို့ကို သနားပါ”
“အရင်နှစ်ကတည်းက သီးနှံ ထွက်နှုန်း မကောင်းခဲ့ဘူး၊ ပြီးတော့ တစ်ဧက မှာ ဆယ်ရာခိုင်နှုန်းက 'ဝိညာဉ်စပါး ’ ကို စိုက်ပျိုးဖို့ ကျွန်တော်တို့ လိုအပ်
တယ်ကျွန်တော်တို့ ဒီနည်းနဲ့ ရှင်သန်နိုင်မှာ လုံးဝ မဟုတ်ဘူး”
“အဓိပ္ပါယ် မရှိတဲ့ စကား တွေ ရပ်လိုက် သူတို့ကို ခေါ်သွား”
“…”
မဟာရှန့်မင်းဆက် ၏ အခွန်ကောက်ခံမှု သည် ဘက်ပေါင်းစုံရှုပ်ထွေး နေသည်
အထူးဆန်းဆုံးမှာ “နတ်အခွန် ” ဖြစ်သည်။
လွန်ခဲ့တဲ့နှစ်ငါးဆယ်တွင် ဧကရာဇ် လုံချင်သည် အိပ်မက် တစ်ခု မက်ခဲ့သည် သူသည် အိပ်မက်ထဲတွင် နတ်တစ်ပါး နှင့် တွေ့ဆုံခဲ့သည်ဟု ဆိုသည်ထိုနတ်က သူ့ကို မျိုးစေ့အချို့ပေးခဲ့ပြီး ၎င်းတို့သည် နတ်စပါးပင်များကို စိုက်ပျိုးနိုင်ကြောင်း ကြေညာခဲ့သည်ဤ နတ်စပါးများ ကို နတ်များ အား ပူဇော်သောအခါ အင်ပါယာ၏ သာယာဝပြောမှု ကို နှစ်ထောင်ပေါင်းများစွာအထိ အာမခံနိုင်သည်ဟု ဆိုသည်
ရလဒ်အနေဖြင့် ဧကရောဇ်လုံချင်နန်းတက်ပြီးနှစ်ဆယ့်နှစ်နှစ်မှစတင်၍ ဧကရာဇ်က အမိန့်ချမှတ်ခဲ့ပြီး
နိုင်ငံအတွင်းရှိ စိုက်ပျိုးမြေ အားလုံးကို “ဝိညာဉ်စပါး ” စိုက်ပျိုးရန် ဆယ်ရာခိုင်နှုန်း ခွဲဝေပေးရမည် စိုက်ပျိုးမြေ မရှိသူများသည် တန်ဖိုးညီမျှသော ငွေအခွန် ကို ပေးဆောင်ရန် လိုအပ်သည်
ပြဿနာမှာ “ဝိညာဉ်စပါး” သည် လျှို့ဝှက်ဆန်းကြယ်သော အပင်မဟုတ် ၎င်းသည် အဆိပ်ပြင်းပြီးစားသောက်၍မရပါ
ဘယ်သူမဆို ၎င်းကို စားသုံးမိပါက ချက်ချင်း သေဆုံး ရမည်ဖြစ်သည်
ဤအရာသည် မြေယာ သယံဇာတ များကို ဖြုန်းတီး စေပြီး ရုန်းကန်နေရသော အငှားချထားသော တောင်သူလယ်သမားများအတွက် ဘဝကို ပို၍ပင် ခက်ခဲစေသည်
ချန်ဆန်းရှီကလယ်ကန်သင်းရိုး ဘေးတွင် ရပ်နေပြီး နာရီဝက်အတွင်း အမျိုးသား များကို ခေါ်ဆောင်သွားသော မိသားစုသုံးစုသို့မဟုတ် လေးစုကို အနည်းဆုံး မြင်ခဲ့သည် အသက် ခုနစ်ဆယ် အရွယ်ရှိသူများကိုပင် ချန်မထားပေ
ဒီလောက် ဆင်းရဲဒုက္ဒုက္ခရောက်နေကြတာကို
သူတို့ကရုပ်ပိုင်းဆိုင်ရာဖိနှိပ်ခံနေရတယ် ဒါဟာအရမ်းဆိုးရွားသည် ဒါပေမဲ့စိတ်ပိုင်းဆိုင်ရာ ဖိနှိပ်မှု ကပို၍ပင် ဆိုးသေးသည် အရာရှိများနဲ့ကိုယ်ခံပညာ အကယ်ဒမီ တပည့်များကို သခင်များအဖြစ် သတ်မှတ်ထားပြီး မည်သူကမှရန်မစဝံ့ပေ
ချန်ဆန်းရှီအရင်က ကျန်းရှင်းကိုကယ်တင်ခဲ့သည့် ဖြစ်ရပ်မျိုးနှင့် အတူတူပင်
ကိုယ်ခံပညာခန်းမတပည့်နှစ်ဦး ရဲ့မျက်လုံးများထဲက အကြည့်ကို တစ်သက်တာလုံး မမေ့နိုင်ပေ
မှားယွင်းသော စကားတစ်ခွန်း က သူရဲ့ပျက်စီးခြင်း ကို ဖြစ်ပေါ်စေနိုင်
သကဲ့သို့ ထင်ရသည်
ထိုခံစားချက်သည် တကယ်ပင် မခံမရပ်နိုင်အောင် ဖြစ်စေသည်
သူကသာမန်လူ တစ်ဦးဖြစ်သောကြောင့်သာ သူ့ကို နည်းလမ်းတိုင်းဖြင့် ဖိနှိပ်ပြီး ခေါင်းပုံဖြတ် ခံရပြီးအလွန်အမင်း သတိထား၍ သူ၏ ဘဝကို နေထိုင်ရသည်
သူ ရုတ်တရက် ဆုံးဖြတ်ချက်ချလိုက်တယ်
ဦးလေးရှောင်ပြောခဲ့သည်မှာ မှားယွင်းသည်
ဒီလို ခေတ်မျိုးမှာ ငြိမ်းချမ်းစွာ နေထိုင်ခြင်း ကသာမန်ပြည်သူများ လက်လှမ်းမမီသော ဇိမ်ခံပစ္စည်း တစ်ခုဖြစ်သည်
ပြင်းပြင်းထန်ထန် တိုက်ခိုက်ခြင်း ဖြင့်သာ သူတို့၏ ဘဝများကို ပြောင်းပြန်လှန် ဖို့ အခွင့်အရေး ရရှိနိုင်မည်
“မနက်ဖြန် ငါ စစ်တပ်ထဲ ဝင် မယ်”