← Chapters

အခန်း (၁၂)

Vol. 2 Ch. 12

အခန်း (၁၂)

Vol. 2 Ch. 12

“အစ်ကို ရှီစစ်တပ်ထဲတကယ်ဝင်တော့မှာလား”

ကုတင် ပေါ်တွင်

ချန်ဆန်းရှီနှင့် ဂူရှင်းလန်တို့ ပူးကပ် နေကြသည်

“ရှင်းဇီ ရဲ့ မိသားစု ဖြစ်စဉ်ကြောင့်လား”

“ဟုတ်တယ် ဒါပေမဲ့ မဟုတ် ဘူး”

ဒါက ချန်ဆန်းရှီကို လှုံ့ဆော် ပေးတဲ့ အရာတွေထဲက တစ်ခုသာ ဖြစ်သည်

သူသည် ချင်ဖုန်း ကို သတိရသွားသည် ချင်ရှုံး ကို သတ်ခဲ့ပြီး သက်သေ မထားခဲ့သော်လည်း သူ့ရဲ့ညီက ငါ့ကို သံသယဝင် နိုင်တယ် တကယ်လို့သူက တူညီတဲ့နည်းလမ်းတွေကိုအသုံးပြုခဲ့ရင် သူ ဘယ်လို တုံ့ပြန်ရမလဲ

ဒါ့အပြင်အခြားသူတွေကသက်သေ ကို ဂရုမစိုက်ဘဲ သူ့ကို လုပ်ကြံ ချင်လျှင်ကော

သူကကိုယ်ခံပညာရှင် များအကြား အစွမ်းအစ အဆင့်အတန်း များကိုပင် မသိရသေးဘဲ သူရဲ့ လေး တစ်ခုတည်းနဲ့ သူတို့မိသားစုကို တကယ်ပဲ ကာကွယ် နိုင်ပါ့မလား

အေးအေးချမ်းချမ်းနေနိုင်ဖို့လား

သူ ဒီကိုကူးပြောင်းလာပြီး ချင်ရှုံး ရဲ့ပစ်မှတ် ဖြစ်လာကတည်းက ၎င်းသည် ရပ်စဲ သွားခဲ့သည်မကြာမီ နအနိုင်ကျင့်ခံရလိမ့်မည်

စစ်တပ်ထဲဝင်မှသာကိုယ်ခံပညာသင်ယူနိုင်ရုံသာမက ရာထူး ရရှိရန် အခွင့်အရေးလည်း ရလိမ့်မည်

ရှုပ်ထွေးသော ကမ္ဘာမှာလုံခြုံခြင်းကို ရရှိရန်အတွက် ရှေ့သို့ တက်လှမ်းခြင်းသည် တစ်ခုတည်းသော မှန်ကန်တဲ့နည်းလမ်း ဖြစ်သည်

ချန်ဆန်းရှီကတိုးတိုးလေး ပြောလိုက်တယ်"ဘာလဲ ငါ့ကိုမသွားစေချင်ဘူးလား”

“ရှင်က မိသားစုရဲ့ ခေါင်းဆောင် ပါ ဘာလုပ်ရမလဲဆိုတာ ရှင် ဆုံးဖြတ်ရမှာပေါ့ ကျွန်မက တစ်ခုခု ဖြစ်မှာကိုပဲ ကြောက်တာ…”

ဂူရှင်းလန်က သူမ ကန့်ကွက်စရာ မရှိဟု ပြောသော်လည်း သူမရဲ့လေသံကဝှက်ထားသော မကျေနပ်ချက် များဖြင့် ပြည့်နေပြီး သူမရဲ့ဗာဒံပုံစံ မျက်လုံးကစိုစွတ် လာတယ်တစ်ယောက်တည်း ကျန်ခဲ့ ရမည်ကို စိုးရိမ်နေသည်

ဆွေးနွေးမှု နှစ်နာရီကြာပြီးနောက် ဇနီးမောင်နှံကသဘောတူညီချက်ရရှိခဲ့သည်

ချန်ဆန်းရှီသည် အိပ်ရန် အလျင်စလို မလုပ်ဘဲ စာအုပ်တစ်အုပ်ကို ကောက်ယူ ဖတ်ရှုလိုက်တယ်

မသိစိတ် ဖြင့် သူသည် စျဉ်ဝင် သွားပြီး ကျွမ်းကျင်မှု တွေကတသမတ်

တည်း တိုးလာသည်

အချို့သော အမှတ် သို့ ရောက်ရှိသောအခါ သူက ဉာဏ်အလင်းပွင့်ခြင်း ရရှိခဲ့ပြီး စာမျက်နှာပေါ်ရှိ စကားလုံးများကို ရိုးရှင်းပြီး နားလည်လွယ်လာတာကို တွေ့ရှိလိုက်ရသည်သူ အရင်က နားမလည်နိုင်သော အရာများသည် ယခုအခါ ရှင်းလင်း နေပေပြီ

[ကျွမ်းကျင်မှု- ဖတ်ရှုခြင်း (ကျွမ်းကျင်အဆင့်)]

[တိုးတက်မှု- (၀/၈၀၀)]

[စွမ်းဆောင်ရည်- ဉာဏ်ရည်ထက်မြက်ခြင်း ၊ စိတ်ကြည်လင်လန်းဆန်းခြင်း ၊ ဓာတ်ပုံမှတ်ဉာဏ် ]

ဉာဏ်ရည်ထက်မြက်ခြင်းလား

လေးပစ်ခြင်းကဲ့သို့ ခန္ဓာကိုယ်ကို တိုက်ရိုက် အားကောင်းစေခြင်းနှင့် မတူဘဲ ဖတ်ရှုခြင်းမှ ဖြစ်ပေါ်လာသော ပြောင်းလဲမှုများကို တိုက်ရိုက် စောင့်

ကြည့်၍ မရဘဲ စိတ်ဖြင့်သာတွေ့ကြုံခံစား ၍ရသည်

ချန်ဆန်းရှီ၏ အထိရောက်ဆုံး ခံစားချက်မှာ သူ ဖတ်ရှုသည့်အရာကို အလွယ်တကူ နားလည် နိုင်ပြီး အဲ့တာကိုသူရဲ့မှတ်ဉာဏ်တွင် ထိန်းသိမ်း နိုင်ခြင်း ဖြစ်သည်

“ဒါက ငါ့ရဲ့ ကိုယ်ခံပညာ လေ့ကျင့်မှု့အတွက် အရမ်း အထောက်အကူ ဖြစ်စေသင့်တယ်”

“ဒါပေမဲ့ ဘာလို့ တိုးတက်မှုအတွက် လိုအပ်ချက်က ဒီလောက်အထိ တိုးလာ ရတာလဲ”

“ဒါ့အပြင်ဒီစာအုပ်က ငါ့ကို ယူဆောင်လာပေးတဲ့ တိုးတက်မှု့တွေက ပိုပြီး နှေးလာတယ် ငါ မတူညီတဲ့ စာအုပ် တွေ ဖတ်ဖို့ လိုအပ်ပုံရတယ်”

“လေးပစ်ခြင်း နဲ့လည်း အတူတူပဲ”

“စစ်တပ် မှာပဲ လေးလံတဲ့လေးတွေ ရှိတယ်”

“စစ်တပ်ထဲ ဝင်ကိုဝင်ရမယ်”

စာအုပ်ကို ပိတ်လိုက်ပြီး သူလည်း နှစ်နှစ်ခြိုက်ခြိုက်စွာအိပ်ပျော်သွားခဲ့သည်

နောက်တစ်နေ့

နေကပုံမှန်အတိုင်း ထွက်ပေါ် လာသည်

ချန်ဆန်းရှီက အသားခြောက် နှင့် အစားအစာ ကို သယ်ဆောင်ပြီး မြို့ထဲသို့ ဝင်လာသည်

“ခရိုင် က စစ်အုပ်ချုပ်ရေး အောက်မှာလား”

အဝေးမှ သူသည် မြို့တံခါးတွင် သံချပ်ကာဝတ် စစ်သားများ က ဝင်ထွက် သူများကို အသေးစိတ် စစ်ဆေးနေသည်ကို မြင်နေရသည်သူ စုံစမ်းကြည့်လိုက်ရာ ခရိုင်မှူး ကို လုပ်ကြံရန် ကြိုးစားခဲ့သော လူရိုင်း ကိုယ်ခံပညာရှင်

သည် ဖမ်းဆီးခံရခြင်းမှ လွတ်မြောက်ရုံသာမက ပြန်လာပြီး မြို့တောင်

ဘက်ရှိ ယွန်ဟဲ ကိုယ်ခံပညာခန်းမသခင်ကို သတ် ခဲ့ကြောင်း သိရှိခဲ့ရသည်

“ဘယ်လောက် တောင်ရက်စက်တဲ့လူလဲ”

ချန်ဆန်းရှီကစိတ်လှုပ်ရှားမှု့များဖြင့် ပြည့်နှက်နေပြီး

စုံစမ်းမေးမြန်းခြင်း ပြုလုပ်ပြီးနောက် သူက ဈေး သို့ ချောမွေ့စွာ သွားခဲ့ပြီး အဖိုးရှောင်ကို သွားတွေ့လိုက်သည်

“မင်း စိတ်ဆုံးဖြတ် ပြီးပြီဆိုတော့ ငါနဲ့ လိုက်ခဲ့”

အဖိုးရှောင်က နှောင့်နှေးမနေဘဲပစ္စည်းများကို ယူပြီး မြည်းလှည်း တစ်စီးကို ငှားကာ မြို့ပြင်သို့ ခေါ်ဆောင်သွားပြီး

“မင်းကို ငါ့ သား နဲ့ တွေ့ပေးမယ်”

ဒါရှန် စစ်ဘက်ဆိုင်ရာမိသားစုများ သည် မျိုးရိုးလိုက် ဖြစ်ပြီး

အကယ်၍ သင်၏ ဖခင်သည် စစ်ဘက်ဆိုင်ရာ မိသားစု ၏ အစိတ်အပိုင်း ဖြစ်ခဲ့လျှင် သင်တို့မိသားစုသည်လည်း မျိုးဆက်ပေါင်းများစွာစစ်ဘက်

ဆိုင်ရာ မိသားစုများ ဖြစ်လာလိမ့်မည်

ဖခင်ကသူ့ရဲ့သားနဲ့ အစားထိုးခံရသည်အထိ အမှုထမ်းရမည်ဖြစ်ပြီး သားများ မရှိလျှင်ပင် တပ်ဖွဲ့ဝင် အရေအတွက်ကို ထိန်းသိမ်းရန်အတွက် မျိုးနွယ်စုမှ အခြား အမျိုးသား ဆွေမျိုးများက လွှဲပြောင်းယူလိမ့်မည်ဖြစ်သည်

အဖိုးရှောင်၏ အဆိုအရ စစ်ဘက်ဆိုင်ရာ မိသားစု မှတ်ပုံတင် များကို နံပါတ် တပ်ထားပြီး အေးချမ်းမူ့အမြင့်ဆုံး ကာလတွင် အပြင်လူများ ကို စုဆောင်း တာရှားပါးသည် ယခုအခါ သူတို့သည် တပ်သားသစ်များကို စုဆောင်းချင်သော်လည်း ရှာရန် အလွန် ခက်ခဲ သည်

နိုင်ငံတော် စတင် တည်ထောင်ခြင်း ကာလတွင် စစ်ဘက်ဆိုင်ရာ မိသားစုများ ၏ ဆက်ဆံရေး သည် အတော်လေး ကောင်းမွန်သည်သူတို့သည် မိသားစုဝင် အရေအတွက်ပေါ် မူတည်၍ စပါးပေးချေမှုကို ထုတ်ပေးပြီး သူတို့ကကိုယ်ခံပညာကို အခမဲ့ သင်ယူနိုင်သည် ထို့အပြင် ဆောင်းရာသီ အဝတ်အစား များကိုပင် ပေးအပ်ခံရပြီးလူနေမှု အဆင့်အတန်းသည် ယေဘုယျအားဖြင့် အလယ်အလတ် တောင်သူလယ်သမားများထက် သာလွန် သည်

သို့သော် တဖြည်းဖြည်းနှင့် အရာအားလုံး စတင် ပြောင်းလဲ လာခဲ့ပြီး

စစ်ဘက်ဆိုင်ရာ မြေပမာဏသည် အဘယ်ကြောင့်မှန်းမသိ ဆက်လက် လျော့နည်းလာသည်

အဖိုး ရှောင်ပြောသည်မှာ သူ ပထမဆုံး စစ်မှုထမ်း ခဲ့စဉ်က အခြေအနေ ကအဆိုးဆုံးတွင် ရှိနေခဲ့သည်

စစ်ဘက်ဆိုင်ရာ မိသားစုများ က သူတို့ရဲ့စပါးပေးချေမှု ဖြင့်သာ စားသောက်ရန် တတ်နိုင် ခဲ့ကြပြီး အနီးအနားရှိ သူဌေးများ သို့မဟုတ် ကိုယ်ခံပညာခန်းမများအတွက် အငှားချထားသော တောင်သူလယ်သမားများ အဖြစ် အလုပ်လုပ်ခဲ့ရသည်၊ အချို့မှာ ကျွန် များ ဖြစ်လုနီးပါးပင်

အခြား ရွေးချယ်စရာ မရှိသဖြင့် စစ်ဘက်ဆိုင်ရာ မိသားစုများ ကထွက်ပြေး ခဲ့ကြသည်

အချိန်အတန်ကြာသောခါလျန်ကျိုး အစောင့်တပ် တစ်ခုလုံးတွင် စစ်ပြေးများ အရေအတွက်သည် ထက်ဝက်အထိ ကျဆင်းလာခဲ့သည်

ဝန်ကြီးချုပ် ယန်လျန် ရာထူးရယူပြီးမှ ဆယ်နှစ် ကြာ ကြိုးစားအားထုတ်မှု ဖြင့် အခြေအနေကို ကယ်တင် ခဲ့ပြီး စစ်တပ်စနစ် ကို ယနေ့အထိ ပြိုကွဲ ခြင်းမှ ထိန်းထားနိုင်ခဲ့သည် သို့သော် တိုက်ခိုက်ရေး စွမ်းအားမှာမူ အလွန် အားနည်း နေပြီ ဖြစ်သည်

စာရင်းအရတွင် လျန်ကျိုး နယ်စပ် တွင် အစောင့်တပ် နှစ်ဆယ့်ကိုး ခုနှင့် စစ်ဘက်ဆိုင်ရာ မိသားစု စစ်သားတစ်သိန်း ခြောက်သောင်းကျော် ရှိသည်သို့သော် အကယ်၍ တစ်သိန်းကျော် အမှန်တကယ် ရှိခဲ့လျှင် ကောင်းသည်ဟု သတ်မှတ်ရလိမ့်မည်…

တံတိုင်းကြီးကို ကာကွယ်နေသော အမှန်တကယ် အဓိက အင်အားမှာ တပ်မှူး၏ မြောက်ပိုင်း တပ်စခန်းရှစ်ခု အောက်တွင် ရှိသည် ၎င်းတို့သည် လူရိုင်း မျိုးနွယ်စုများ ကို ဟန့်တား သော ထိပ်တန်း တပ်ဖွဲ့များ ဖြစ်သည် တပ်စခန်း ရှစ်ခု တွင် ရက်ရောသော ဆက်ဆံမှု ရှိသော်လည်း ထိပ်တန်း အဆင့် များကိုသာ လက်ခံ သည် မြောက်ပိုင်း စခန်းများ သို့ ဝင်ခွင့်မရမီ စစ်တန်းလျားတွင် နာမည်ကောင်း ရအောင် လုပ်ရမည်

နှစ်ဦးသား စကားပြောနေကြစဉ် ပိုယန်ခရိုင်မြို့ မှ ထွက်ခွာ လာခဲ့ကြသည်

ပိုယန်ခရိုင်မြို့ ၏ အနောက်ဘက် တွင် ဟူထိုး တောင်တန်း တည်ရှိပြီး မြောက်ဘက် တွင် နယ်စပ် တံတိုင်းကြီး တည်ရှိသည်

ခရိုင်မြို့နှင့် နယ်စပ် တံတိုင်းကြီး အကြားသည် စစ်တပ် နေထိုင်ရာ နေရာ ဖြစ်သည်။

ထိုနေရာတွင် တပ်စွဲထားသော စစ်တန်းလျားများ သည် တီဗီတွင် မြင်ရသော တဲများ၏ ကျယ်ပြန့်သော လယ်ကွင်းများမဟုတ်ဘဲ နေထိုင်ရန် ဆောက်ထားသော ရွာများ ဖြစ်သည်။

စစ်ပွဲ မရှိလျှင် စစ်သားများသည် သာမန် ဘဝတွင်နေထိုင်ကြပြီး နေထွက် ချိန်တွင် လယ်လုပ် ပြီး နေဝင် ချိန်တွင် အိမ်ပြန် ကြသည်

ရွာများ အကြားရှိ စစ်စခန်းများ သည် ကွပ်ကဲရေး ဌာနချုပ်နှင့် လေ့ကျင့်ရေး ကွင်းများ အဖြစ် ဆောင်ရွက် သည်

“ပိုယန်ခရိုင် ဟာ နယ်စပ် ဖြစ်ပေမဲ့ လုံဟူ တောင်တန်း ရှိနေတာကြောင့် တပ်ဖွဲ့ ရွှေ့ပြောင်းမှု ခက်ခဲတဲ့အတွက် လူရိုင်း မျိုးနွယ်စုများရဲ့ တပ်ဖွဲ့ကြီးများ ကို တိုက်ရိုက် ရင်ဆိုင် ဖို့ မလိုအပ်ပါဘူး မကြာခဏဆိုသလို မြင်းစီး တပ်ဖွဲ့ငယ်များသာ ရင်ဆိုင်ရပါတယ်ဒါက ပိုပြီး ဘေးကင်းပါတယ်” ဟု အဖိုးရှောင်က ရှင်းပြသည်

“အင်း...”

အဖိုးရှောင်သည် စစ်စခန်း အပြင်ဘက်တွင် မြည်းလှည်းကို ရပ်လိုက်ပြီး ချန်ဆန်းရှီကိုသူ့နောက်က လိုက်ဝင်ရန် အချက်ပြ လိုက်သည်

“စစ်တပ်ထဲ ဝင် ချင်တာလား”

အဖိုးရှောင်သည် အသက်ကြီးမှ သား ရခဲ့ပြီးသူ၏ သားသည် အသက် အရမ်း မကြီးသေးပါ သုံးဆယ် မပြည့်သေးလောက်ပေ မုတ်ဆိတ်တို နှင့် တက်ကြွသော ဟန်ပန်ရှိသည်

သူ့ဖခင်၏ သူငယ်ချင်းရဲ့သား ရောက်လာကြောင်း သိရှိသောအခါ သူသည် ဆထပ်မံ မမေးမြန်းတော့ဘဲ စာရင်းသွင်းခြင်း တွင် ကူညီပေးသည်

“စစ်ဘက်ဆိုင်ရာ မိသားစုတွေကနှစ်စဉ် စပါးအခွန် ကနေ ကင်းလွတ်ခွင့် ရပါတယ်”

“မင်း တစ်ယောက်တည်း ဆိုရင် မင်းရဲ့ လစဉ်ငွေက ကြေးဒင်္ဂါးလေးပြားရမှာဖြစ်ပြီး ဇနီး ရှိတဲ့သူတွေအတွက် ဒင်္ဂါးခါနှစ်ပြား ငါးဦး ဒါမှမဟုတ် အဲ့ထက်ပိုတဲ့မိသားစုအတွက် ငွေ တစ်တေးရမှာဖြစ်တယ်”

“ငါ့ အဖေက မင်း အမဲလိုက်နိုင်တယ်လို့ ပြောတယ်မလား”

အဖိုးရှောင်က ဖြတ်ပြောလိုက်တယ်"ရှင်းလေး က တော်တော် ထူးခြား တယ် ပိုယန်ခရိုင် အပြင်ဘက် မိုင်ပေါင်းများစွာ ရှိတဲ့ ရွာတွေမှာ သူက ကျွမ်းကျင်တဲ့ မုဆိုး ဆိုတာ လူတိုင်း သိကြတယ်”

ရွှီဘင် ကခေါင်းညိတ်လိုက်ပြီး “မင်း နောက်ပိုင်းမှာ လေးသမား ဖြစ်နိုင်

တယ် လစဉ်ပေးချေမှု့က ငွေတစ်တေးနဲ့ ဒင်္ဂါးငါးပြား”

သူတို့ကမှတ်ပုံတင်ခြင်းနှင့် စစ်တပ် မှတ်တမ်းစာအုပ် တွင် အစီရင်ခံခြင်း အတွက် စစ်စခန်း သို့ ဆက်လက် သွားရောက်ခဲ့ကြသည် ထိုနေရာတွင် သူကသံချပ်ကာ အဟောင်း တစ်စုံ အနီရောင် ဦးထုပ် နှင့် လျှို့ဝှက် ကျွမ်းကျင်မှု စာအုပ် တစ်အုပ်ကိုလည်း လက်ခံရရှိခဲ့သည်

ဝါထူးနေသော ကြိုးချည် စာအုပ် အဖုံး ပေါ်တွင် “စစ်သားတပ်အခြေခံ လှံ နည်းစနစ် ” ဟု စာလုံးကြီး ခြောက်လုံးဖြင့် ရေးထားသည်

သူ့ရဲ့ ပစ္စည်းများကို လက်ခံရရှိပြီးနောက် ယခုအချိန် မှစ၍ ချန်ဆန်းရှီသည် မဟာရှန်မင်းဆက်၏ နယ်စပ် စစ်သား တစ်ဦး ဖြစ်လာခဲ့သည်

သူ့ရဲ့အမည်အပြည့်အစုံ မှာ “အန်းဒင် စီရင်စု၏ ပိုယန် ဘယ်ဘက် တပ်ရဲ့မိသားစုတစ်ထောင် နယ်ခြား ကာကွယ်ရေး တပ်ဖွဲ့ ”ဖြစ်သည်။

“မကြာသေးခင်က လူ အနည်းငယ် ကို စုဆောင်း နိုင်ခဲ့တယ်” ဟု သူက ပြောသည်။

“မနက်ဖြန်၊ မင်း စခန်းကို တရားဝင် အစီရင်ခံ ရလိမ့်မယ် ရာစုမှုးအရာရှိ က ကိုယ်ခံပညာ ကွင်း မှာ စကားပြောပြီး မင်းတို့ကို ကိုယ်ခံပညာ ကျွမ်းကျင်မှုတွေသင်ပေးလိမ့်မယ်”

“ကောင်းကောင်း ပြင်ဆင် ထားဖို့ သတိရပါ မင်း ပထမဆုံး စစ်မှုထမ်း တဲ့အခါ မင်းရဲ့ စွမ်းဆောင်ရည်က စစ်တပ်မှာ မင်းရဲ့ အနာဂတ် ကို ဆုံးဖြတ်လိမ့်မယ်”

“မင်း တပ်သား ဖြစ်သွားရင် တိုးတက်ဖို့ နောက်ထပ် အခွင့်အရေးလုံးဝ မရနိုင်တော့ဘူး”

All Chapters