← Chapters

အခန်း (၁၅)

Vol. 2 Ch. 15

အခန်း (၁၅)

Vol. 2 Ch. 15

လူ သုံးပုံ နှစ်ပုံ ကျော်ကမြေပြင် ပေါ်တွင် ရှုပ်ထွေးစွာ လဲလျောင်း နေကြပြီး

သုံးပုံတစ်ပုံမှာအစကတည်းက လက်လျှော့ခဲ့ကြသည်

သူတို့အတွက် စစ်သား ဖြစ်လာခြင်းသည် ဘဝကို ဖြတ်သန်းရန် နည်းလမ်းတစ်ခုမျှသာ ဖြစ်သည် အချို့အတွက်မူ သူတို့က အတင်းအဓမ္မ စစ်မှုထမ်း ရန်စေခိုင်းခံခဲ့ရသည်

နောက်ဆုံး အနည်းငယ်သာလျှင် ဇွဲရှိရှိ ဆက်လက် လုပ်ဆောင် နေကြသည်

၎င်းတို့အနက် ချန်ဆန်းရှီသည် အမြန်ဆုံး တိုးတက်မှုကို ရရှိနေပြီး နှစ်

ဆယ့်ငါးခုမြောက်မြင်းပုံစံလေ့ကျင့်ခန်း သို့ ရောက်ရှိနေပြီ ဖြစ်သည်

နောက်တစ်ဦးမှာ အထူး အသက်ရှူ နည်းစနစ် ရှိသော လူငယ် တစ်ဦးဖြစ်ပြီး သူကဆယ့်ခုနစ်ခုမြောက် မြင်းပုံစံလေ့ကျင့်ခန်း သို့ ရောက်ရှိနေပြီ ဖြစ်သည်

နောက်ဆုံးတွင် မုတ်ဆိတ်မွေးတွေနဲ့ခန္ဓာကိုယ် ကြီးမားသောလူတစ်ဦး ရှိပြီး သူသည် ဆယ့်နှစ်ခုမြောက်မြင်းပုံစံလေ့ကျင့်ခန်း သို့ ရောက်ရှိနေပြီ ဖြစ်သည်

၎င်းတို့ သုံးဦးစလုံးကယမန်နေ့ည ကျင့်စဉ် နည်းစနစ်ကို ရရှိသည်နှင့် ချက်ချင်းစတင် လေ့ကျင့်ခဲ့ကြသူများ ဖြစ်သည်

ကျန်သူများကအကောင်းဆုံးသူများပင်မှာခုနစ်ခုမြောက် မြင်းပုံစံလေ့ကျင့်ခန်း သို့သာ ရောက်ရှိခဲ့ကြသည်

“ငါ့ရဲ့ လေးပစ်ခြင်းကျွမ်းကျင်မှု ကြောင့် ဖြစ်ပေါ်လာတဲ့ ရုပ်ပိုင်းဆိုင်ရာ တိုးတက်မှု့ကတော်တော်လေးကို ထူးခြား နေပုံရတယ်”

ချန်ဆန်းရှီကသူ့ရဲ့"သဘာဝ လေးသမား” ခန္ဓာကိုယ် ကြံ့ခိုင်မှု့က သူ့ကို ကိုယ်ခံပညာ မှာ ဒီလောက် အကျိုးဖြစ်ထွန်းနေသည်ကို မယုံနိုင်နေဖြစ်

နေသည် နောက်ထပ်တိုးတက်မှု က ဘယ်လိုဖြစ်မလဲဟု သူ တွေးမိသည်

သူ့ဘေးရှိ လူငယ်နှင့် မုတ်ဆိတ်မွေး ပါသော လူတို့သည် သူနှင့် ယှဉ်ပြိုင် နေသကဲ့သို့ ချန်ဆန်းရှီကို စောင့် ကြည့် နေကြသည်

'ဘာလဲဟ'

ချန်ဆန်းရှီကအနည်းငယ် စကားမပြောနိုင် ဖြစ်သွားသည်

သူကနှစ်ဆယ့်ခြောက်ခုမြောက် မြင်းပုံစံလေ့ကျင့်ခန်းသို့ ရောက်ရှိသောအခါ ပို၍ ပို၍ အားကုန် လာသည်ဟု ခံစားရပြီး ရပ်တန့် ရန် ဆုံးဖြတ်လိုက်သည်

သူ ပျင်းလို့ မဟုတ်ဘဲ ပူသော တို့ဟူးကိုစားသောအခါ အလျင်စလို မပြုသင့်ကြောင်း သူ နားလည်သည်

သူ ဆက်လက် လုပ်ဆောင်ရန်သူ့ကိုယ်သူ အတင်းအကြပ် လုပ်ဆောင်ပါက သူ့ရဲ့ခန္ဓာကိုယ်ကို မပြုပြင်နိုင်သော ပျက်စီးမှုဖြစ်ပေါ်စေပြီး ဆန့်ကျင်ဘက် အကျိုးသက်ရောက်မှုဖြစ်စေနိုင်သည်

သူ ရပ်တန့် လိုက်တာကို မြင်သောအခါ လူငယ်နှင့် မုတ်ဆိတ်မွေး ပါသော လူနှစ်ဦးစလုံးသည် ချက်ချင်း မြေပြင်ပေါ်သို့ လဲကျ သွားကြသည်

“ဟေ့၊ မင်း နာမည် ဘယ်လိုခေါ်လဲ”

မုတ်ဆိတ်မွေး ပါသော လူကသူ့ရဲ့ လက်ဖြင့် ချွေးကို သုတ်လိုက်ပြီး အပြင်းအထန်မောဟိုက်နေရင်း မေးလိုက်သည်

“ချန်ဆန်းရှီ”

“ချန်ဆန်းရှီလား”

မုတ်ဆိတ်မွေး ပါသောလူကအံ့သြသွားတယ် “ယန်ဘင်းရွာက တစ်

ယောက်လား”

ချန်ဆန်းရှီကအံ့အားသင့်သွားပြီး “မင်း ငါ့ကို သိလား”

ထိုလူက ရယ်မောလိုက်သည် “ယန်ဘင်းရွာက ကောင်းမွန်တဲ့ စိတ်ထားရှိပြီး ကျွမ်းကျင်တဲ့ မုဆိုးကို ဘယ်သူက မသိဘဲ နေမလဲ”

“ဒါက မမှန်ဘူး…”

ချန်ဆန်းရှီကထူးဆန်း သည်ဟု ခံစားလိုက်ရတယ်

ကောင်းမွန်တဲ့ စိတ်ထားနဲ့ တရားမျှတမှု့ဆိုသည်မှာ သူ ကျန်ရှင်းရဲ့ဖခင်ကို ကယ်တင် ခဲ့တာကိုပြောတာဖြစ်ရမယ် ဟုတ်တယ်မလား?

ဒါပေမဲ့ ဒါက ငွေ နှစ်တေးပေးလိုက်တဲ့အသေးအဖွဲ ကိစ္စ လေးပဲ၊ သူ့ကို နာမည်ကြီးစေမယ့် ကိစ္စ မဟုတ်ဘူးမလား

“ကျန်းရှင်းရဲ့ အမေအိုက မင်းသူတို့မိသားစုရဲ့ဒင်္ဂါး နှစ်ပြားအကြွေးတင်လို့ သူမကမင်းရဲ့ ဇနီးကို ချင်ရှုံးဆီ ရောင်းဖို့တောင် ကြိုးစားခဲ့တယ် ဒါကိုမင်းက အငြိုး လုံးဝ မထားခဲ့ဘဲ ကိုယ်ခံပညာခန်းမ တပည့်တွေရဲ့ လက်စားချေတာကို စွန့်စားပြီး လူတစ်ယောက်ကို ကယ်တင်ဖို့ ငွေနှစ်တေးကို ကမ်းလှမ်းပေးခဲ့တယ်လေ”

ထိုလူကသူ့ရဲ့ရင်ဘတ် ကိုထုပြီး သူအသံကကျယ်လောင်နေသည် “ဒီလို သဘောကောင်းတဲ့လူ ကို ဒီခေတ်ထဲဘယ်နေရာမှာ ရှာတွေ့နိုင်ပါ့မလဲ ညီလေး ငါ မင်းကို လေးစားတယ်”

“?...”

ချန်ဆန်းရှီကမေးခွန်း အမှတ်အသားများ အပြည့်ဖြင့်ရှိနေတော့သည်

သူကကျန်းရှင်း နဲ့ငယ်စဉ်ကတည်းက ရင်းနှီးခဲ့သော်လည်း ကတိသစ္စာပြု ညီအစ်ကိုများဘယ်တုန်းကဖြစ်ခဲ့လို့လဲ

ပြီးတော့ ချင်ရှုံး နှင့် ပတ်သက်တဲ့ကိစ္စကအန်တီ လီ နှင့် ဘာဆိုင်လို့လဲ?

ဒီလို မဟုတ်တမ်းစကားတွေကို ဘယ်သူက ဖြန့်ဝေခဲ့တာလဲဟု သူ တွေးနေမိသည်

ဒါက ‘ကောလာဟလတွေအပေါ် ကိုကောလာဟလတွေ ပေါင်းစပ်ခြင်း’ လား…

“ငါ့ရဲ့ မျိုးရိုးနာမည်က ကျူ၊ တစ်လုံးတည်းသော နာမည် က ထုံ”

ကျူထုံက လက်သီးဆုပ်ကာပြောသည် “မင်း စိတ်ထဲ မထားရင် ငါ နောက်

ရက်ကစပြီး မင်းကို အစ်ကို ချန်လို့ ခေါ်မယ်”

ချန်ဆန်းရှီကလည်း လက်သီးဆုပ်ကာပြန်လည် နှုတ်ဆက်လိုက်သည်

အခြား လူငယ်လည်း ချဉ်းကပ်လာပြီး “ငါ့နာမည်က စုန်ယန် မင်းရဲ့မြင်းပုံစံလေ့ကျင့်ခန်း က တော်တော်လေး မြန် တယ်အထင်ကြီးစရာပဲ”

“မင်းလည်း မဆိုးပါဘူး” ဟု ချန်ဆန်းရှီက ပြန်ပြောလိုက်သည်

ကျူထုံသည် ကြမ်းတမ်းစွာ ပြောလိုက်တယ် “ဒီ ကလေးကို အာရုံစိုက် မနေနဲ့”

ချန်ဆန်းရှီကစိတ်ရှုပ်ထွေးသွားပြီးမေးလိုက်တယ် “အစ်ကို ကျူဘာလို့လဲ…”

ကျူထုံပြန်မဖြေခင် စုံယန်က ကြိုတင် ဖြတ်ပြောလိုက်တယ်“မင်းတို့ သင်ယူခဲ့တဲ့ ကျင့်စဉ် နည်းစနစ်မှာ တစ်စိတ်တစ်ပိုင်း ပျောက်ဆုံးနေတယ်၊ ဒါပေမဲ့ ငါ့ဆီမှာ မပျောက်ဘူး ဘာလို့လဲဆိုတော့ ရာစုမှူး လော်က ငါ့ ဦးလေးဖြစ်လို့ပဲ သူက ငါ့ကို ကြိုသင်ပေးခဲ့တယ်မင်းတို့ သင်ယူ ချင်

တယ်ဆိုရင် ငွေ ရှစ်တေး ပေးပြီး ရာစုမှူးတွေကို ညွှန်ကြားပေး ဖို့တောင်းဆိုနိုင်တယ်”

“မင်းအဲဒါကို မျက်နှာချင်းဆိုင်ပြောနိုင်တာ တကယ်ရဲတင်းတာဘဲ”

ကျူထုံသည် ရာစုမှူးလော်နှင့်အတူ ဤကလေး ကို မနေ့က စစ်တန်းလျား တွင် တွေ့ ခဲ့ဖူးသည်

“ကောင်းပါပြီ၊ ကျေးဇူးတင်ပါတယ်”

ချန်ဆန်းရှီက ခေါင်းညိတ်ပြလိုက်သည်

'သူ သံသယဝင်ခဲ့သည့်အတိုင်းပင်'

စုန်ယန် လည်း ခေါင်းညိတ်လိုက်ပြီးနောက် အနားယူရန် ထွက်သွားသည်

ကျူထုံကသူရဲ့ရင်ခွင် မှ အသားပြားတစ်ခုကို ထုတ်ပြီး ကမ်းပေးလိုက်သည်

ချန်ဆန်းရှီကယဉ်ကျေးမနေဘဲအသားပြားကို ယူပြီးဝါးစား ရင်း ကျူထုံနှင့် စကားစမြည်ပြောနေသည် တစ်ဦးနဲ့တစ်ဦးရဲ့နောက်ခံအကြောင်းကို အနည်းငယ် သိရှိ ခဲ့ရသည်

ကျူထုံကကျူမိသားစု ရွာမှ ဝက်သတ်သမား ဖြစ်ပြီး မကြာသေးခင်က မုဆိုးဖိုတစ်ဦးကို အနိုင်ကျင့်နေသည်ကို မကြည့်နိုင်သဖြင့် လူတစ်ဦးကို ရိုက်နှက် ခဲ့ပြီး တောင်ပိုင်း နယ်မြေသို့ အလုပ်လုပ်ရန်ပို့ဆောင်ခံရလုနီးပါး ဖြစ်ခဲ့ရသည် မိသားစုရဲ့ငွေတစ်ဝက်ကျော်ကုန်ကျခဲ့ပြီး အစားထိုးအဖြစ် သူရဲ့ဇာတိမြို့တွင် စစ်တပ်ထဲ ဝင်ရန် အလုပ်ထွက်ခဲ့ရသည်

“အဖိုးကျူငါ့ကိုလည်းအသားပြားတစ်ခုပေးပါဦး”

သူတို့ နှစ်ဦး စကားပြောနေကြစဉ် လက်တစ်ဖက်သည် ကျူထုံဆီသို့လှမ်းလာသော်လည်း ရိုက်ထုတ်ခံလိုက်ရသည်

“လစ်”

ချန်ဆန်းရှီကမော့ကြည့် လိုက်ကာ“ရွေးချယ်ထားသော အမှတ် ” ရဲ့အဓိပ္ပာယ်ကို အစောပိုင်းက လူတိုင်းကို ရှင်းပြ နေသော လူမှန်းမှတ်မိသွားသည် အသက် ငါးဆယ်နီးပါးရှိပုံရပြီး မီးခိုးရောင် ဆံပင်များကအကွက်

လိုက်ပေါ်နေ ပြီ ဖြစ်သည်

ကျူထုံကသူ့ကို မကျေမနပ်ဖြင့် မိတ်ဆက်ပေးသည်“ဒါက ရွှီဝမ်ချိုင် ကျူမိသားစု ရွာက နာမည်ဆိုး ရှိတဲ့ ငပျင်းတစ်ယောက်ပဲ”

“ဟေ့၊ မင်း ဘယ်သူ့ကို ငပျင်းလို့ ခေါ်တာလဲ” ဟု ရွှီဝမ်ချိုင် က ကန့်ကွက် လိုက်သည်

“တစ်နေကုန်မင်းကအိမ်မှာထိုင်နေတာ ဒါမှမဟုတ် လျောက်သွားနေတာပဲ လုပ်တယ် မင်းရဲ့အမေအိုကမင်းကိုထောက်ပံ့ဖို့ လယ်ယာလုပ်ရတယ် မင်းက ငပျင်းမဟုတ်ရင် ဘာလဲ”

ကျူထုံက လှောင်ပြောင် လိုက်ပြီး “မင်းရဲ့ အမေဆုံးသွားပြီးနောက် အလုပ်လုပ်ဖို့နဲ့ ပိုက်ဆံရှာပေးမဲ့လူမရှိတော့ဘူး မင်းက အခွန်လည်းမဆောင်နိုင်ဘူးအဲဒါကြောင့် မင်းကို စစ်တပ်မှာ ရာထူးဖြည့်ဖို့ ဒီကို ဆွဲခေါ် ခံခဲ့ရတာ”

အခွန် မပေးဆောင်ခြင်းကလည်း စစ်မှုထမ်းရနိုင်သည်

ကျန်းရှင်းကို တူးမြောင်း မှာ အလုပ်လုပ်ရန် ပို့ဆောင် ခဲ့ခြင်းကတော့ သူ ရန်စခဲ့သူ တစ်ဦးဦးကြောင့် ဖြစ်သည်

“မင်း… မင်း အဓိပ္ပာယ်မရှိ တာတွေ ပြောနေတာ”

ရွှီဝမ်ချိုင် က စိတ်လှုပ်ရှားစွာ ပြန်ပြောလိုက်သည် “အိမ်မှာ၊ ငါက ‘စာအုပ် တစ်သောင်း ဖတ် ’ တဲ့ သူတစ်ယောက်ငါက ကြီးကျယ်ခမ်းနားတဲ့ ကိစ္စတွေအတွက်ကံကြမ္မာ ပါလာတဲ့လူတစ်ယောက်ဘဲ”

ကျူထုံက လှောင်ပြောင် ကာ “ကိုယ့်ကိုယ်ကို ‘ဝူလုံ'လို့ ခေါ်နေတာ

စာမေးပွဲတောင် မအောင်ဘဲ ငါ့ကိုအကြီးကြီးလာပြောနေသေးတယ်”

'လစ်'

“ကောင်းပြီလေငါ မသွားခင် ငါ့ကို အသားပြားတစ်ခုလောက် ပေးပါဦး ရမလား”

ရွှီဝမ်ချိုင်ကနှစ်ရက်စလုံး ဘာမှမစားရသေးပေ

ဒီနှစ်နှစ် အတွင်း စစ်ပွဲမရှိလျှင် စစ်တန်းလျားက အစားအစာပင် မထောက်ပံ့ ပေးပေ

အစားအစာအမြဲထောက်ပံ့မည်ဆိုရင် ဘယ်သူက စစ်သားမဖြစ်ချင်ဘဲ နေမလဲ?

“ဒါကအရှက်ရ စရာပဲ”

ကျူထုံကနောက်ဆုံးတွင် အသားပြားတစ်ခုကို သူ့ဆီသို့ ပစ်ပေးလိုက်သည်

ရွှီဝမ်ချိုင်ကချက်ချင်း ပျော်ရွှင်သွားပြီး ဘေးသို့သွားကာစာအုပ်ထုတ်

လိုက်ပြီးအသားပြားကို အရသာခံရင်းစာအုပ်ကိုစိတ်ပါဝင်စားစွာဖတ်နေတော့သည်

ချန်ဆန်းရှီက ထိုသူရဲ့နောက်မှ လေးလံသောအထုပ်သည် စာအုပ်များအပြည့်ဖြင့် ရှိပုံရသည်ကိုသတိပြုမိသည် အလွန်လေးသဖြင့် ရွှီဝမ်ချိုင်

ကသူရဲ့ကျောကို မတ်မတ်ထားရန် ခက်ခဲနေသည်

“မစ္စတာ ရွှီ”

သူကစကားစလိုက်သည် “ကျွန်တော် စာအုပ်တစ်အုပ်လောက် ငှားပြီး တစ်

ချက် ကြည့်လို့ ရမလား? ဖတ်ပြီးရင် ပြန်ပေးပါ့မယ်”

အိမ်မှာ စာအုပ်တစ်အုပ်ပဲ ကျန်တော့တယ် အဲ့ဒါကိုထပ်ခါထပ်ခါဖတ်တာက “ဖတ်ရှုခြင်း ” ကိုထပ်မံတိုးတက်ရန်ခက်ခဲစေသည် စာအုပ်အသစ်များ ဝယ်ခြင်းကလည်းပိုက်ဆံကုန်စေတယ် ပြီးတော့ လာမဲ့ကိုယ်ခံပညာ လေ့ကျင့်ရေးအတွက် ငွေပိုလိုအပ်လိမ့်မယ်

“မငှားဘူး”

ရွှီဝမ်ချိုင်သည် စဉ်းစားခြင်းပင် မပြုခဲ့ပေ

“…”

ချန်ဆန်းရှီကခဏတာ တုံ့ဆိုင်းပြီးနောက် ထပ်မေးလိုက်တယ် “မစ္စတာဝူလုံ၊ ကျွန်တော့်ကို စာအုပ်တစ်အုပ်ပဲငှားပါ ကျွန်တော် ခြစ်ရာတစ်ခုမှမရှိဘဲ သင့်ကို ပြန်ပေးမယ်လို့ အာမခံပါတယ်”

“အဟမ်း…”

ရွှီဝမ်ချိုင် ကအသားပြား နှင်လူ့နီးပါဖြစ်သွားတယ် ပြီးတော့ထပ်မေးလိုက်တယ်“မင်း ခုနက ဘာ…ပြောလိုက်တာလဲ”

“မစ္စတာရွှီဝူလုံကျွန်တော်သင့်ဆီကနေ စာအုပ် တစ်အုပ် ငှားပြီး ဖတ်ချင်

တယ်လို့ ပြောလိုက်တာပါ” ဟု ချန်ဆန်းရှီက ထပ်ပြောလိုက်တယ်

“အင်း”

ရွှီဝမ်ချိုင် ကပျော်ရွှင်သွားပြီး သူ့ရဲ့မျက်လုံးကို မှေးလိုက်တယ်"ဒီလို ရိုးသားနေတာဆိုတော့ မင်းကလည်း စာဖတ်ခြင်းကို ချစ်မြတ်နိုး တဲ့သူတစ်ယောက် ဖြစ်ရမယ်”

“ဟုတ်ပါတယ်”

ချန်ဆန်းရှီ က ပွင့်ပွင့်လင်းလင်း ဝန်ခံလိုက်တယ် “ကျွန်တော်လည်း ပညာရှင်တစ်ဦးပါ၊ ပညာရှင် စာမေးပွဲ အတွက် နှစ်ပေါင်းများစွာ ကြိုးစားခဲ့ပေမဲ့ အောင်မြင်မှု မရခဲ့ဘူး၊ အဲလို ဆက်လုပ်လို့မရတော့တာကြောင့် စစ်တပ်ထဲ ဝင်လိုက်ရတာပါ”

“တကယ်လား?”

ရွှီဝမ်ချိုင်ရဲ့စိတ်ဓာတ် မြှင့်တက်သွားသည်

“တကယ်ပါ”

“ကောင်းတယ်၊ ငါသိတယ်”

ရွှီဝမ်ချိုင် ကအနည်းငယ်စိတ်မကောင်းဖြစ်စွာဖြင့်“မဟာရှန့်မင်းဆက်ရဲ့ ဧကရာဇ် စာမေးပွဲတွေက လုံးဝ အဓိပ္ပါယ်မရှိ ဘူး၊ အလွတ်ကျက် စာစီစာကုံး တွေနဲ့ပဲ စစ်ဆေးနေတာ ဘာ အကျိုးရှိ မှာလဲ? ကျွန်တော်တို့လို စစ်မှန်တဲ့ အရည်အချင်း ရှိတဲ့သူတွေ အားလုံး ကမျက်ကွယ်ပြုခံနေရတယ် မင်း ဖတ်ချင်တဲ့ စာအုပ် ကို ယူလိုက်”

သူကသူ့ရဲ့အထုပ် ကို မြေပြင်ပေါ်မှာဖြန့် ချလိုက်ပြီးကဗျာ မှ ပုံပြင်

စာအုပ်များ သမိုင်းများ ထူးဆန်းသောပုံပြင်များအထိ ရောနှောနေပြီး

လိုချင်သမျှ အားလုံးရှိသည်

“ငါ့ အမေရဲ့ ခေါင်းတလား နဲ့ မြေမြုတ်ဖို့အတွက် ပိုက်ဆံလိုလို့ပေါ့မဟုတ်

ရင် ငါ့မှာ စာအုပ်တွေ အပြည့် ရှိနေဦးမှာ”

“…”

ချန်ဆန်းရှီကကျပန်းတစ်အုပ်ကို ကောက် ယူလိုက်ပြီး “ကျေးဇူးတင်ပါတယ် မစ္စတာရွှီဝူလုံ ”

စစ်တန်းလျားက အစားအစာမထောက်ပံ့ပေးပေ

ပုံမှန်အားဖြင့် အချိန်အတိုင်းအတာ တစ်ခုကြာပြီးနောက် စစ်ဘက်ဆိုင်ရာ မိသားစုများ အားလုံးသည် အိမ်ပြန် ပြီး စား ကြရသည်

ချန်ဆန်းရှီလည်း သူရဲ့ပစ္စည်းများ ကို ထုပ်ပိုး လိုက်သည်

မထွက်ခွာမီ သူကလေးလံတဲ့လေးတစ်ခု ရနိုင်မလားဟု ရွှီဘင်ကို မေးမြန်း ခဲ့သည်

ကျွမ်းကျင်မှု တစ်ခုတည်းကပင် ဒီလောက်အထောက်အကူ ပြုနေလျှင် အသေးစား အောင်မြင်မှုသာရောက်ရှိပါက ဘယ်လိုပြောင်းလဲလာမည်နည်း ဒါကြောင့်သူ့ရဲ့လေးပစ်ခြင်း လေ့ကျင့်မှု ကို လျော့ချ၍မဖြစ်ပေ

All Chapters