← Chapters

အခန်း (၁၆)

Vol. 2 Ch. 16

အခန်း (၁၆)

Vol. 2 Ch. 16

“လေးလား”

ရွှီဘင်ကညစာ စားရန် ပြင်ဆင်နေသည်

သူနဲ့ သူ့ရဲ့ဖခင် ကအတူမနေဘဲ စစ်တန်းလျားအနီးရှိ စစ်ဘက်ဆိုင်ရာ အခြေချနေရာ တွင် နေထိုင်ကြပြီး ထိုနေရာတွင် သူ့ဇနီးလည်း ရှိသည်

“ငါနဲ့ လိုက်ခဲ့”

ရွှီဘင် ကမျက်မှောင်ကြုတ်ပြီးသူရဲ့မျက်နှာထား ကမကျေမနပ် ဖြစ်

နေသည်

သူတို့ နှစ်ဦးသည် စစ်တန်းလျား ရဲ့လက်နက်တိုက်သို့ သွားကြပြီး တာဝန်ခံ စာရေး နှင့် စကားပြောပြီးနောက် လေးနှင့် မြား များ သီးသန့် သိမ်းဆည်းထားသော ဂိုဒေါင်အတွင်းသို့ ဝင်ရောက်ခဲ့ကြသည်

“မင်း အမဲလိုက် ဖို့ သုံးမှာ မဟုတ်လား”

ရွှီဘင် က ပြောလိုက်သည်“ပုံမှန်အားဖြင့် ပြောရရင် တရားဝင် ခွဲဝေချထားခြင်း မပြုခင်လက်နက်တွေကို ပုဂ္ဂလိကပိုင်ဆိုင်ခွင့် မပြုဘူး ဒါပေမဲ့ငါက လေးနဲ့ မြားကို မသုံးဘူး ဒါကြောင့်မင်းခနသုံးနိုင်တယ်"

သူကခဏရပ်လိုက်ပြီး “ထပ်ပြောရရင် ငါ အရမ်း အလုပ်များတယ်၊ ဒါကြောင့် အရေးကြီးတဲ့ ကိစ္စ မရှိရင် မင်းက မင်းရဲ့ အထက် အရာရှိဆီကိုပဲ သွားသင့်တယ်”

အဓိပ္ပာယ်ကရှင်းလင်းပါတယ် သူ့ရဲ့လေးနှင့် မြားအတွက် ဒီတစ်ကြိမ် ကူညီ လိုက်သော်လည်း နောက်တစ်ကြိမ် အနှောင့်အယှက် မဖြစ်လိုပါ

“ကောင်းပါပြီ၊ ဆန်းရှီက အလံငယ် ရွှီ ရဲ့ အကူအညီ ကို မှတ်ထားပါ့မယ်”

ချန်ဆန်းရှီကအခြားသူများကို အနှောင့်အယှက် ပေးရတာကြိုက်သူ မဟုတ်ပေ

သို့သော် တိုးတက်ရန်အတွက် ဒီတစ်ကြိမ်တော့ မျက်နှာပြောင်တိုက်ပြီး တောင်းဆိုဖို့ကလွဲပြီးရွေးချယ်စရာ မရှိခဲ့ပေ

စာရေး ကသော့ကိုဖွင့်ပြီး ကြီးမားတဲ့ဂိုဒေါင် တံခါးများကို တွန်းဖွင့် လိုက်

သည်

ရွှီဘင် ကသူ့ရဲ့ညွှန်ကြားချက်တွေကို ပြောပြီး ထွက်သွား ခဲ့ကာ ချန်ဆန်းရှီ ကို ကိုယ်တိုင်ရွေးချယ်ရန် ခွင့်ပြုလိုက်သည်

သိုလှောင်ခန်း ရဲ့သစ်သား စင်များ ပေါ်တွင် နံရံတစ်ခုလုံး ကို လေးများဖြင့် ချိတ်ဆွဲထားသည်

စစ်တပ် ကထုတ်ပေးသော လေးနှင့် မြား များသည် အဓိကအားဖြင့် အမျိုးအစား နှစ်မျိုး ဖြင့် လာသည်

'လေးငယ်နှင့် လေးကြီး ဖြစ်သည်'

လေးကြီး ကို ခိုင်ယွမ် လေးဟုလည်းသိကြသည်

ဆွဲအားမှားလေးဆမှ နှစ်ပိသာအထိ ကွာခြားသည်

ဂိုဒေါင်ရဲ့တာဝန်ခံ စာရေးက ပြောလိုက်သည် “မင်း ဆွဲနိုင်တဲ့ လေးကို ယူသွားပြီးရင် မင်းကို မြား အချောင်း နှစ်ဆယ်နဲ့ မြားအိတ်တစ်ခု ပေးမယ်

“ဒါပေမဲ့ ဒီမှာ အလေးဆုံးထုတ်ပေးတဲ့လေးက နှစ်ပိသာလေး ဘဲဖြစ်

တယ်

“ပိုလေးတဲ့ လေးတွေကို စစ်အရာရှိ တွေက သုံးကြတယ် စစ်တပ်ရဲ့ပန်းပဲရုံကနေ မှာယူဖို့လိုအပ်တယ်

“ဒါပေမဲ့ သာမန်လူတွေကတော့ မလိုအပ်ပါဘူး”

သူကချန်ဆန်းရှီကိုထောင့် မှ အလေးဆုံး လေးယူနေသည်ကို မြင်သောအခါ အလျင်အမြန်ပြောသည်၊ “ဟေး၊ ဟေး၊ ဟေး၊ မင်း ဘာလုပ်နေတာလဲ? အဲဒါက အလေးဆုံး နှစ်ပိသာလေး ပဲ”

“အဲဒါကိုပဲ ကျွန်တော် လိုချင်တာ နှစ်ပိသာ လေး ”

ချန်ဆန်းရှီရဲ့ကိုယ်ရေးအချက်အလက်အရ သူသည် တစ်ပိသာ လေးကို လွယ်ကူစွာ ဆွဲ နိုင်ကြောင်းပြထားသည် ဆိုလိုသည်မှာ သူကတစ်ပိသာလေးသာဆွဲနိုင်သည်ဟုကန့်သတ် ထားခြင်း မရှိပေ

လွယ်ကူစွာ ဆွဲနိုင်ခြင်းက သူရဲ့အားကထိုထက် အများကြီး ကျော်လွန်နေကြောင်း ဖော်ပြနေသည်

သူကနှစ်ပိသာ လေးကို ကိုင်တွယ်နိုင်သည်ဟု ခန့်မှန်းထားသည်၊ သို့သော် ပင်ပန်း လိမ့်မည်

ဒါပေမဲ့ သူ့ရဲ့အားကကိုယ်ခံပညာ လေ့ကျင့်ခြင်းဖြင့် ဆက်လက် တိုးလာ မည်ကို ထည့်သွင်း စဉ်းစားပါက မကြာမီ လေးအသစ်လိုအပ်ခြင်းကို ရှောင်ရှားရန် ပိုလေးသော လေးကို ကြိုတင် ရွေးချယ်ထားတာကပိုကောင်းသည်

“နှစ်ပိသာလေးလား”

စာရေးကစစ်အရာရှိ မဟုတ်သည်မှာ သေချာနေသော လူငယ်ကို အပေါ်

အောက် ကြည့်လိုက်ပြီး

သူကလျင်မြန်စွာပြောလိုက်တယ် “ပေါ့ပေါ့ဆဆမလုပ်ပါနဲ့ အပြင်ဘက် မှာ ပစ်မှတ် ကွင်းရှိတယ်၊ ပြီးတော့ မင်း ယူသွားဖို့ ခြေလှမ်း ခြောက်ဆယ် အကွာ

က ပစ်မှတ်ကို ထိဖို့လိုအပ်တယ်ဆိုတာ ငါ မင်းကို သတိပေးထားမယ်”

“ပြဿနာ မရှိပါဘူး”

ချန်ဆန်းရှီကဂိုဒေါင်အပြင်ဘက်ရှိ ပစ်မှတ် ကွင်း သို့ တည့်တည့် လျောက်သွားလိုက်သည်

သူကလေးနဲ့ မြား ကို ကိုင်ထားပြီး ဒီခံစားချက်ကအရမ်းကောင်းတယ်ဤလေး ကအလေးဆုံး ခိုင်ယွမ် လေးဖြစ်သည် အရည်အသွေးမြင့်ခရမ်းရောင် ဝါးကိုအူတိုင်အဖြစ် ဆန်ယု သစ်သားကိုလေးမောင်းအတွက်၊ ပြီးတော့ နွားဦးချို နှင့် သစ်မာကို လေးထိပ်ဖျားအတွက် ပြုလုပ်ထားသည် ၎င်းသည် ကွေးညွှတ်သော လေးထက် ဖွဲ့စည်းပုံပိုမို ရှုပ်ထွေး သည်

သူကမြားတစ်ချောင်းကို တပ်ပြီး လေးကို ဆွဲလိုက်သည် နှစ်ရက်ပုံမှန် အနေအထားလေ့ကျင့်ခန်း လုပ်ပြီးနောက် သူရဲ့ခွန်အား သည် သိသာစွာ တိုးတက်လာကြောင်း သဘောပေါက်လိုက်သည်

ကိုယ်ခံပညာလေ့ကျင့်ခြင်းရဲ့အကျိုးသက်ရောက်မှု့ကချက်ချင်းသိသာတာဘဲ ချန်ဆန်းရှီက ကျော နှင့် လက်မောင်း ကြွက်သားများ ညှိပြီး အား ယူကာ သူရဲ့နဖူး ပေါ်တွင် သွေးကြောများ ထွက်ပေါ်လာသည်အထိလေးကြိုးကို ဖြည်းဖြည်းချင်းဆွဲပြီးပစ်လွတ်လိုက်သည်

“ဟူး..”

ကျယ်လောင်သောအသံ ထွက်ပေါ်လာပြီး

မိုးခြိမ်းသံကဲ့မြည်သွားပြီး မြားကလျှပ်စီး ကဲ့သို့ ရိုက်ခတ်သွားသည်

“ဘုန်း—”

ချက်ချင်းဆိုသလို မြားကကျယ်လောင်သော အသံ ဖြင့် ပစ်မှတ် ကို ထိသွားသည်နှစ်လက်မ အထူ ရှိသော ပစ်မှတ်သည်အပေါက်ကြီးတစ်ခုအဖြစ်ထိုးဖောက်သွားပြီးနောက် အဝေး မှ မြေပြင်ပေါ်တွင် ထိုးစိုက်သွားသည်

“ပစ်မှတ်ကအလယ်တည့်တည့်ဘဲ”

စာရေးကပစ်မှတ် ကွင်းထဲသို့ အလျင်အမြန်ဝင်လာပြပစ်မှတ် ရှိ အပေါက် ကို ကြည့်ပြီး အော်ဟစ် လိုက်သည် “ခြေလှမ်း ခုနစ်ဆယ် ကနေ နှစ်ပိသာလေးနဲ့ကိုပစ်မှတ်အလယ်တည့်တည့်ကိုထိသွားတာလား”

ချန်ဆန်းရှီရဲ့အတွေ့အကြုံသည် လေးလံသော လေးနှင့် ပတ်သက်၍ ပထမဆုံး ဖြစ်သည် သူကိုယ်တိုင်ပင် အားပြင်းတဲ့ရိုက်ခတ်မှုကြောင့် လန့်သွားခဲ့သည်

ဒါကလူကို ပစ်ဖို့သုံးမယ်ဆိုရင် စံ သံချပ်ကာ တောင် မခံ နိုင်လောက်ဘူး

“မင်းက အခုမှကိုယ်ခံပညာသင်ယူနေတဲ့ လူသစ်လား"

စာရေး ကမြားကို ကောက်ပြီး ပြန်ပြေးလာသည်“သွေးသန့်စင်ခြင်းမစတင်ခင်မှာတောင် မင်းက နှစ်ပိသာလေး ကိုဆွဲနိုင်တယ် ရွှီဘင် မှာ ဒီလိုရွာသားရှိတာလား?”

ချန်ဆန်းရှီက မေးသည်၊ “ကျွန်တော် အခု လေးကိုယူသွားလို့ ရပြီလား”

“ရတယ်၊ ရပါတယ်”

စာရေး ကအားရပါးရခေါင်းညိတ်လိုက်ပြီး"လိုက်လာခဲ့ မင်းကို မြား

အချောင်း နှစ်ဆယ်ထပ် ပေးမယ်"

“မင်း သိထားဖို့ကတော့ စစ်ဖြစ်တဲ့အခါ မဟုတ်ရင် ပျက်စီးမှုအတွက် မင်းလျော်ကြေးပေးဆောင်ရလိမ့်မယ် မြား တစ်ချောင်းကို ဒင်္ဂါး ငါးဆယ် ကုန်ကျတယ်၊ ဒါကြောင့် ချွေတာ သုံးပါ”

လေးလံသော လေး သည် လေးလံသော မြားများနှင့်သာ သဘာဝအတိုင်းတွဲဖက်သုံးရသည်

ဈေးနှုန်းသည်လည်း သာမန် မြားများထက် ပိုမြင့် သည်

ချန်ဆန်းရှီကမြား တစ်ချောင်းကို ခုမှ ပစ် ခဲ့ပြီး သူရဲ့ကျွမ်းကျင်မှု တိုးတက်လာသည်ကို ချက်ချင်း ခံစားမိ သည်

အရင်ရက်များက အမဲလိုက်ခြင်းမှ စုဆောင်း ထားသော လေ့ကျင့်မှုဖြင့် သူရဲ့ကျွမ်းကျင်မှု့ကတစ်ဝက် နီးပါးရှိနေပြီဖြစ်သည်

လေးလံသော လေးဖြင့် နောက်တစ်ဆင့် သို့ တိုးတက် ရန် အချိန်ကြာ မည် မဟုတ်ပေ

“ငါ ဗိုက်အရမ်း ဆာတယ်”

ထိုရုပ်ပိုင်းဆိုင်ရာ ပင်ပန်းမှု သည် ချန်ဆန်းရှီအတွက် တကယ် ပင်

အလွန်များသည်၊ ပြီးတော့ အသားပြားတစ်ခုတည်းက လုံးဝ မလုံလောက်ခဲ့ပေသူကသူ့ရဲ့လေးနှင့် မြားဖြင့် အိမ်သို့ တည့်တည့် ဦးတည် ပြီးပြန်လာလိုက်သည်

စစ်တန်းလျားရဲ့စည်းကမ်း သည် အလွန်လျော့ရဲ နေသည်

ထို့အပြင် စစ်သားများကအနီးအနားရှိ စစ်ဘက်ဆိုင်ရာ ရွာတွင် နေထိုင်

သောကြောင့် သူတို့ကတာဝန် အရသတင်းပို့ ပြီးနောက် အချိန်မရွေးအိမ်ပြန် နိုင်သည်

ချန်ဆန်းရှီကတရားဝင် တာဝန်ပေးအပ်ခြင်း ပင် မရှိသေးပေ ပြီးတော့ သူ့ကို ကြီးကြပ် ရန် မည်သူကမျှ စိတ်ဝင်စားခြင်း မရှိပေ

သူ ယန်ဘင်းရွာ နဲ့နီးလာသောအခါ သူရဲ့အပြာရောင် သံချပ်ကာ နဲ့အနီရောင် ဦးထုပ် ဝတ်စုံသည် မြို့သူမြို့သားများရဲ့အာရုံစူးစိုက်မှု့ကို ဆွဲဆောင် နေခဲ့သည်

“မင်းကို ဒီနှစ်ရက် အတွင်းဘာလို့ မတွေ့ တာလဲလို့ တွေးနေတာ၊ မင်းက စစ်တပ်ထဲ ဝင် သွားပြီကိုး”

“တကယ်ပါကွာ ကျောက်စိမ်းလေး မင်းက ဒီဝတ်စုံနဲ့ တော်တော်လေး ကြည့်ကောင်း တယ်”

“အထင်ကြီးစရာတော့ ဟုတ်ပါတယ်၊ ဒါပေမဲ့ မင်းမှာ ကောင်းမွန်တဲ့ နေ့ရက်တွေ အများကြီး ရှိတော့မှာ မဟုတ်ဘူးလို့ ငါ ထင်တယ်”

“ဦးလေး လိုင်ဇီ ခင်ဗျား တကယ် သေသင့်တယ်”

“ဟဲ၊ မင်း ငါ့ကို မယုံဘူးလား? စောင့်ကြည့်နေလိုက်ပါ”

“…”

ဤစကားများကို ကြားသောအခါ ချန်ဆန်းရှီကသူရဲ့ခြေလမ်းတွေကို ရပ်လိုက်ပြီးထိပ်ပြောင်ပြောင်နဲ့ပွေးရှိသော သက်လတ်ပိုင်းအရွယ်လူတစ်ဦးကို ချဉ်းကပ် ပြီး ပြောလိုက်သည် “ဦးလေး လိုင်ဇီ ခင်ဗျား ဘာကို ဆိုလိုတာလဲ”

လိုင်ဇီ ကပတ်ပတ်လည် ကို ခိုးကြောင်ခိုးဝှက် ကြည့် လိုက်ပြီးအသံတိုးတိုးဖြင့်“အာဂု နဲ့ အခြားသူတွေ ဆီကနေ ချင်ရှုံးရဲ့ ညီက မင်းကို သတ် ဖို့ ကြံစည်နေတယ်လို့ ငါ ကြားတယ်”

“ချင်ဖုန်း?”

ဒါဆို သူက သူ့ကို ရှာ ဖို့ လာခဲ့တာပေါ့၊ ဟုတ်လား

ချန်ဆန်းရှီက အံ့သြ သွားခြင်းလည်းမရှိသလို ကြောက်ရွံ့ခြင်းလည်း မရှိပေ

သူရဲ့စစ်ဘက်ဆိုင်ရာ မိသားစု အဆင့်အတန်း နဲ့ သက်သေ အထောက်အထားမရှိဘဲ အခြားသူကသူ့ကို ပေါ့ပါ့ဆဆထိခိုက်စေရန် လုံးဝမတတ်နိုင်ပေ

ဆက်လက် ဖြစ်ပွားနေသော စစ်ပွဲများကို ထည့်မပြောရသေးပေ

ငြိမ်းချမ်းရေးကာလ နဲ့ စစ်ကာလအတွင်း စစ်ဘက်ဆိုင်ရာ မိသားစုများရဲ့အဆင့်အတန်း ကလုံးဝ ကွဲပြား တယ်

အကြောင်းပြချက် တစ်စုံတစ်ရာ မရှိဘဲ စစ်ဘက်ဆိုင်ရာမိသားစု တစ်ဦးကို ထိခိုက်စေခြင်းသည် တရားရုံး ကို စိန်ခေါ်ခြင်းနှင့် ဆင်တူ သည်။

ထို့အပြင် ချင်ဖုန်းသည် သိသာထင်ရှားသော အာဏာသို့မဟုတ် သြဇာအာဏာရှိသူ မဟုတ်ပေ၊ မဟုတ်ရင် သူရဲ့အစ်ကိုကသူ့ရဲ့ကိုယ်ခံပညာ လေ့ကျင့်မှု့ကို ထောက်ပံ့ရန် သူရဲ့စွမ်းအင်အားလုံးကို မြှုပ်နှံ ရန်လိုအပ်မှာမဟုတ်ပေအများဆုံး မှသူသည် နောက်ကွယ် မှ ကြံစည် ပေလိမ့်မည်

“သတိပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ဦးလေး လိုင်ဇီ ”

ချန်ဆန်းရှီကရွာထဲသို့ သူ့ရဲ့လမ်းကို ဆက်သွားနေသည်

သူ ဝင်ဝင်ချင်း ချင်ဖုန်း ရဲ့လက်အောက်ခံ အချို့သည် သူ ရောက်ရှိလာကြောင်း သတင်းပို့ရန်အလျင်စလို ထွက်သွားသည်ကို သူ မြင် လိုက်သည်

…

“အစ်ကို”

“ချန်ဆန်းရှီရွာကို ပြန်ရောက် လာပြီ၊ ဒါပေမဲ့…”

ချင်းဖုန်း ကသူ့ရဲ့လက်ထဲရှိ ဓားရှည်ကို သိမ်းလိုက်ပြီး လှည့် ကာ အေးစက်စွာ မေးလိုက်တယ်“ဒါပေမဲ့ ဘာလဲ?”

“သူ စစ်ဝတ်စုံဝတ်ထားတယ်”

လူမိုက်က “သူ ဒီ ရက်အတွင်း စစ်တပ်ထဲ ဝင်သွားပုံရတယ်၊ အဲဒီ သံချပ်ကာကို ဝတ်ထားတယ် ကျွန်တော်တို့ တိုက်ရိုက် လုပ်ဆောင်တာကို ရှောင် သင့်လား?”

“…”

ချင်းဖုန်း ကသူ့ရဲ့မျက်လုံးတွေကို ပိတ်လိုက်ပြီး အသက်ပြင်းပြင်း ရှူ ထုတ်လိုက်ပြီးကိုယ့်ကိုကိုယ်ထိန်းချုပ်လိုက်သည်

သူ စုဆောင်းထားတဲ့အရာအရ ချန်ဆန်းရှီကသူ့ရဲ့အစ်ကို ပျောက်ကွယ် မှုအတွက် တစ်ခုတည်းသောတာဝန်ရှိသူဖြစ်နိုင်သည်

မူလက သူ့ကို ဖမ်းဆီး ပြီးသူရဲ့ အစ်ကို ဘယ်မှာလဲ ဆိုသည့် အမှန်တရား ကို အတင်းအကြပ်လုပ်ပြီးလက်တစ်ဖက်ကို ဖြတ်ရန် စီစဉ်ခဲ့သော်လည်း ယခုအခါ…

“သူ စစ်တပ်ထဲ ဝင် သွားမယ်လို့ ငါ မထင်ထားခဲ့ဘူး”

မဟာရှန်မင်းဆက် သည် ယခုအချိန်တွင် အမြဲတမ်း စစ်ဖြစ်နေသည် ပြီးတော့ သူကသိုင်းပညာခန်းမရဲ့ တပည့်တစ်ဦးမျှသာ ဖြစ်ပြီးလမ်းပေါ်တွင် စစ်ဘက်ဆိုင်ရာမိသားစု တစ်ဦးကို တိုက်ခိုက် ခြင်းကကိုယ့်ကိုယ်ကို သတ်သေခြင်း ပင်ဖြစ်သည်

“မဖြစ်ဘူး၊ ငါတို့ သူ့ကို သိုင်းပညာလေ့ကျင့် ဖို့ ခွင့်မပြု နိုင်ဘူး”

ချင်ဖုန်း ကရုတ်တရက် အရေးတကြီး ခံစားချက်တစ်ခုကို ခံစားလိုက်ရသည် “ဒီကောင်က နွေဦးရေ ကိုတောင် သူ့ လက်ချောင်းတွေနဲ့ မထိနိုင်တဲ့ ပညာတတ်တစ်ယောက် ဖြစ်ခဲ့ဖူးတယ် သူ လေးနဲ့ မြားကို ကောက်ကိုင်တဲ့ အချိန်မှာ သူ စားစရာ ရပြီး သူ့ရဲ့ ရုပ်ပိုင်းဆိုင်ရာ အခြေခံ ကမဆိုးဘူး

“သူ တကယ်ပဲ စစ်ဘက်ဆိုင်ရာ စစ်သားဖြစ်လာပြီး အချိန်ကြာလာတာနဲ့အမျှရာထူး တွေရလာရင် ငါ့ရဲ့ အခက်အခဲတွေပိုများလာမှာ မဟုတ်ဘူးလား?

“ငါ သူ့ကိုအရာရာ အဆင်ပြေ ဖို့ ခွင့်မပြုနိုင်ဘူး၊ လုံးဝမဖြစ်နိုင်ဘူး”

All Chapters