အခန်း (၁၇)
Vol. 2 Ch. 17
နွေးထွေးသော အိမ်ငယ်လေးသို့ ပြန်ရောက်လာသောအခါ ဂူရှင်းလန်ကစားပွဲပေါ်တွင်အဝတ်အစားများကို သေသေချာချာ ချုပ်နေ သည်။
သူမရဲ့ယောက်ျား ပြန်လာ သည်ကို မြင်သည်နှင့် ချက်ချင်း အလုပ်ကိုရပ်ပြီး နှုတ်ဆက်ရန် ထွက်လာသည်။
“ဗိုက်ဆာတယ်”
စကားပြောပြီးသည်နှင့် အစ်မ လန်သည် မီးဖိုချောင်တွင်စတင်ကာအလုပ်များနေတော့သည်။
သူကထိုင်ပြီး ရွှီဝမ်ချိုင် ထံမှ ရရှိခဲ့သော စာအုပ်များကို ဖတ်ကြည့်လိုက်သည်
"ဒါရှန်၏ သမိုင်း" ဟူသော စာအုပ်သည် သမိုင်းစာအုပ်ဖြစ်ပြီး ဒါရှန်
စတင်တည်ထောင်ချိန်မှစ၍ အဓိက ဖြစ်ရပ်များကို မှတ်တမ်းတင်
ထားသည်။
ဒါရှန် မတိုင်မီ မင်းဆက်ငါးဆက်နှင့် တိုင်းပြည် ဆယ်ပြည်ကဲ့သို့သော ရှုပ်ထွေးသော ခေတ်တစ်ခု ရှိခဲ့သည်။
ဘိုးဘေးကြီး ချောင်ရှီးသည် မူလက ကျွန်တစ်ဦးသာဖြစ်သော်လည်း ရှုပ်ထွေးမှုများသော အချိန်အတွင်းမှ ထွက်ပေါ်လာ ခဲ့ပြီး နှစ်ပေါင်းတစ်ရာကျော် အကြာတွင် တစ်စစီဖြစ်နေသောနိုင်ငံကို ပြန်လည် ပေါင်းစည်း ခဲ့သည်။
မှတ်သားစရာမှာ
ချောင်ရှီး သည် ဓားနတ်ဘုရား လည်း ဖြစ်သည်။
သူသည် တစ်ချိန်က ဆယ်မိုင် အကွာမှလူကိုဓားဖြင့်အသုံးပြု၍သတ် ခဲ့ပြီး စစ်တပ်အင်အား နှစ်ထောင့်သုံးရာကို တစ်ဦးတည်း ဖြိုခွင်းခဲ့သည်ဟု ကောလာဟလများ ရှိခဲ့သည်။
“ဒါက သိုင်းပညာနယ်ပယ် ကို ကျော်လွန်နေပြီလား?”
ချန်ဆန်းရှီကသူရဲ့စာကိုမြန်မြန်ဖတ်လိုက်သည်။
အမှန်စင်စစ် ဘိုးဘေးကြီး ချောင် သည် ကိုယ်ခံပညာ တွင် ထူးခြားသော ပုဂ္ဂိုလ် တစ်ဦးဖြစ်ပြီး ထိုသို့သောတိုက်ခိုက်ရေး စွမ်းအား သည် ထို့နောက်
ပိုင်းတွင် ထပ်မံပေါ်ပေါက်မလာတော့ပေ။
နောက်ထပ် နှစ်သုံးရာ အတွင်း ဧကရာဇ် တိုင်းကဘိုးဘေးကြီး ၏ ကိုယ်ခံပညာ စွမ်းရည် ကို သင်ယူခဲ့သော်လည်း မည်သူမျှ အောင်မြင် ခြင်း မရှိခဲ့ပေ။
လုံချင် ဧကရာဇ်သည် ထီးနန်း တက်ပြီးနောက် တာအိုဝါဒဘက်သို့ပြောင်းလဲကျင့်သုံးလာခဲ့သည်။
သူသည် တိုင်းပြည်ရဲ့ဆယ်ပုံ တစ်ပုံသော မြေကိုပင် နတ်တွေကိုပူဇော်
ဖို့အတွက်ဝိညာဉ် ဆန် စိုက်ပျိုးရန် အသုံးပြု ခဲ့သည်။
“လုံချင် ဧကရာဇ်ကနတ်တွေကို တကယ် တွေ့ ဖူးခဲ့တာလား”
“သူက လူမိုက်မှမဟုတ်တာ ဘာလို့ အခွန်ဝင်ငွေ ရဲ့ ဆယ်ပုံ တစ်ပုံ ကို ပူဇော်ပသဖို့ အသုံးပြုမှာလဲ?”
“သူက နတ်တွေကိုသာပူဇော်နေတာ၊ ကုန်ကျစရိတ်တွေကိုတော့သာမန်ပြည်သူတွေကိုဘဲကျခံစေတာ”
[ကျွမ်းကျင်မူ့:စာဖတ်ခြင်း(အသေးစားအောင်မြင်မူ့အဆင့်)]
[တိုးတက်မူ့: (18/800)]
[စွမ်းဆောင်ရည်: [ဉာဏ်ရည်ထက်မြက်ခြင်း ၊ စိတ်ကြည်လင်လန်းဆန်းခြင်း ၊ ဓာတ်ပုံမှတ်ဉာဏ် ]
ချန်ဆန်းရှီကစွမ်းအင် လှိုင်း တစ်ခုကို ခံစားလိုက်ရပြီး ညစာအဆင်သင့် ဖြစ်နေပြီဖြစ်သောကြောင့် စာအုပ်ကို ပိတ်လိုက်သည်။
ညစာကထမင်းတစ်ဝက် ၊ အသားကြော် ၊ ဘဲဥဆားနယ် နှင့်အတူ ငါးဟင်းချိုတစ်ပန်းကန်ဖြစ်ပြီးသူကလေပွေကဲ့သို့ အရာအားလုံး ကို ဝါးမြိုခဲ့ပြီး ဘာမှမကျန်တော့ပေ။
ချန်ဆန်းရှီက အင်အား ပြန်လည်ရရှိပြီးနောက် အပြင်သို့ ထွက်သွားလိုက်သည်။
“ဒီည မြင်းပုံစံလေ့ကျင့်ခန်းကို လုံးဝကျွမ်းကျင်အောင် လုပ်ရမယ်”
အိမ်အပြင်ဘက်တွင် အရပ်ရှည်တဲ့လူတစ်ဦးက လှုပ်ရှားနေပြီးနှင်းကျသော လရောင်အောက်တွင် ကိုယ်ခံပညာကို ကြိုးကြိုးစားစား လေ့ကျင့် နေသည်။
အိမ်အတွင်းတွင်တော့ ကျန်တစ်ဦးကကျက်သရေရှိပြီး ချစ်စရာကောင်းတဲ့ကောင်မလေးတစ်ဦးကဖယောင်းတိုင်မီး တဖျတ်ဖျတ် ဖြင့် အပ်ချုပ်
နေသည်။
“ဟူး—”
“မြင်းပုံစံလေ့ကျင့်ခန်း လှုပ်ရှားမှု့သုံးဆယ့်ခြောက်ခုလုံးကို ငါကျွမ်းကျင်သွားပြီ”
မြင်းပုံစံလေ့ကျင့်ခန်း လှုပ်ရှားမှုအားလုံးကို နောက်ဆုံးတွင်ပြီးဆုံးပြီးနောက် ချန်ဆန်းရှီသည် မြေပြင် ပေါ်တွင် ပင်ပန်းနွမ်းနယ်စွာလဲကျ သွားသည်။
မြင်းပုံစံလေ့ကျင့်ခန်းကိုကျွမ်းကျင်သွားပြီဖြစ်သောသောကြောင့် မနက်ဖြန်မှစပြီးသူကလှံ နည်းစနစ် နဲ့ အသက်ရှူခြင်း ကျွမ်းကျင်မူ့ကို လေ့ကျင့် ရန် စတင်မည်ဖြစ်သည်
ပြင်ဆင်ထားသော ညလယ်စာကို စားပြီးနောက် ခနအနားယူလိုက်သည်၊ ထို့နောက် လေးပစ်ခြင်းကိုလေ့ကျင့်ရန် ပြင်ဆင်လိုက်သည်
ဂူရှင်းလန်ကသူ့နောက်သို့ လိုက် ထွက်လာပြီး သူမရဲ့ဗာဒံစေ့ မျက်လုံးများကအပြစ်တင် ခြင်းများဖြင့် ပြည့်နှက်ပြီး အပြစ်တင်သော လေသံ ဖြင့်“ကိုယ့်ကိုယ်ကို သတ်ဖို့ ကြိုးစားနေတာလား?”
“စိတ်မပူပါနဲ့၊လေးပစ်ခြင်းလေ့ကျင့်တာက ကိုယ်ခံပညာ လေ့ကျင့်မှု လောက် မပင်ပန်းဘူး၊ ငါ့ကန့်သတ်ချက်ကို ငါ သိတယ်” သူမကိုစိတ်မပူဖို့ပြောပြီးလေးရှည်ကို မြှောက်လိုက်သော်လည်း အမလန်ကလေးကိုရုတ်တရက်ဆွဲလိုက်ပြီး တားမြစ်လိုက်သည်
“ဆက်မလေ့ကျင့်ပါနဲ့တော့၊ ကိုယ့်ကိုယ်ကို ထိခိုက်စေတာကို မင်း ဂရုမစိုက်ပေမဲ့ ငါကတော့ ဂရုစိုက်တယ် ဘာလို့ ကိုယ့်ကိုယ်ကို ဒီလောက် အတင်းအကြပ် လုပ်နေရတာလဲ?
“လာပါ၊ အထဲဝင်ပြီးအိပ်ရအောင်”
…
နောက်တစ်နေ့မိုးသောက်ချိန်သို့ရောက်ရှိ လာပြီး အလင်းကမြူခိုးတွေကို ဖယ်ရှား ပစ်လိုက်သည်။
ချန်ဆန်းရှီကသူရဲ့မနက်ခင်းကို လေးပစ်ခြင်း ဖြင့် စတင်လိုက်သည်။
[ကျွမ်းကျင်မူ့: လေးပြစ်ခြင်း(ကျွမ်းကျင်မူ့အဆင့်)]
[တိုးတက်မူ့ : (350/500)]
နှစ်ပိသာ လေးကို ဆွဲခြင်းကပင်ပန်း သော်လည်း သူ့ရဲ့ကျွမ်းကျင်မှု့ကို ပိုမို မြန်ဆန်စွာ တိုးတက်စေတယ်
ချွေးများက အချည်းနှီးမဖြစ်ခဲ့ပေ။
ချန်ဆန်းရှီကျေနပ်နေမိသည်။
သူကအချိန်ကို စစ်ဆေး ပြီး ပစ္စည်းများကို ထုပ်ပိုးပြီး ထွက်ခွာရန် အချိန်တန်ပြီဟု ဆုံးဖြတ်လိုက်သည်။ အပြင်မထွက်ခင်သူ့ရဲ့ငွေ ဆယ့်ရှစ်တေးကို ယူလာရန် မမေ့ခဲ့ပေ။
“စောက်ကျိုး နည်းဈေးကြီး လိုက်တာ”
ဒီကာလအတွက်အစားအစာ တွေနဲ့ အဝတ်အစား အတွက် အထည် ဝယ်ယူမှုများရဲ့ကုန်ကျစရိတ်ကို နုတ်ပြီးနောက်ငွေဆယ့်နှစ်တေးသာ ကျန်
တော့သည်၊ ၎င်းသည် သူ၏ စုဆောင်းငွေကို ကုန်ဆုံးစေခဲ့သည်။
“ဒီ လေ့ကျင့်မူ့ကာလ ပြီးရင် ငါ အမဲလိုက်တာကို ဆက်လုပ်ရမယ်၊ ငါ့ကို ထမင်းကျွေးတဲ့ကျွမ်းကျင်မှု့ကို မဆုံးရှုံး စေရဘူး”
ငွေကို လုံခြုံစွာ ထားပြီးနောက် ချန်ဆန်းရှီကသူ့ရဲ့သံချပ်ကာ ကို ဝတ်ဆင် လိုက်ပြီး စစ်တန်းလျားသို့ သတင်းပို့ရန်သွားလိုက်သည်။
သူ ခြေလှမ်းထွက်လာတာနဲ့ တစ်ယောက်ယောက်က သူ့ကို လှမ်းခေါ်လိုက်တဲ့အသံကိုကြားလိုက်ရသည်
ကျောက်ချောင် နှင့် ဝူဒါတို့ကပြေးလာသူ့အနားသို့ပြေးလာသည်
“ဦးလေး ကျောက်လား"
ချန်ဆန်းရှီက “ဘာကိစ္စရှိလို့လဲ”
“မင်းနဲ့ ဆွေးနွေး ဖို့ ကိစ္စ တစ်ခု ရှိတယ်”
ဦးလေး ကျောက်ကချန်ဆန်းရှိရဲ့သံချပ်ကာကို မေးခွန်းထုတ်ခြင်းမရှိဘဲ ကြည့်နေသည်၊ သူ ကြားပြီးသား ဖြစ်ကောင်း ဖြစ်နိုင်သည်
“မှန်တယ်”
ဝူဒါက “အစ်ကို ရှိီကျားခေါင်းတောင် ရဲ့ ဝက်ဝံမဲကို မင်း သိလား?”
ချန်ဆန်းရှိီကအနည်းငယ် ခေါင်းညိတ်သည်။
သူကကျားခေါင်းတောင် တွင် ဝက်ဝံမဲ တစ်ကောင် ရှိပြီး နှစ်စဉ်မုဆိုးများကဝက်ဝံမဲရဲ့ သားကောင် ဖြစ်သွားကြသည်ကို ကြာမြင့်စွာကတည်းက ကြား ဖူးခဲ့သည်။
“အဲဒီ သားရဲက လူထပ်သတ်လိုက်ပြန်ပြီ”
ဦးလေး ကျောက်က အံကြိတ်ပြီး “အိမ်နီးချင်း ကျောက်ရွာကလွန်ခဲ့တဲ့ ရက်အနည်းငယ်ကကောင်လေးတစ်ယောက်တောင်ပေါ်ကို တက်သွားတာပြန်မလာတော့ဘူး၊ မနေ့ညကမှ သူ့အဖေက သူ့ကို တွေ့ခဲ့တယ်၊ ပြီးတော့ သူ့ ခေါင်းပဲ ကျန်တော့တယ်၊ ဝက်ဝံမဲ က စားသွားတာ"
“ထပ်ပြောရရင် အခုတလောအမဲလိုက်စရာသိပ် မရှိတဲ့အတွက် ဆောင်းရာသီကို ဖြတ်သန်းဖို့ငါတို့တွေဝက်ဝံမဲ ကို ဖမ်းပြီး ငွေအချို့နဲ့ လဲလှယ် လို့ ရမလားဆိုတာ ဆွေးနွေး ခဲ့ကြတယ်။ ဒါပေမဲ့ ငါတို့ချည်းပဲ မနိုင်ဘူး၊ မင်းကိုလည်း လိုအပ်တယ်။ အဲဒီအချိန်ကျရင်ပိုပြီး ပံ့ပိုးပေးနိုင်တဲ့သူက ပိုက်ဆံ ပိုရမယ်”
“ဝက်ဝံဖမ်းမှာလား?…”
ချန်ဆန်းရှိကအလျင်စလို ပြန်ဖြေခဲ့ခြင်း မရှိပေ။
ပတ်ဝန်းကျင်ရှိမုဆိုးများကဆင်းရဲနွမ်းပါးမှု့ကြောင့် ရူးသွပ် သွားပြီး ဝက်ဝံ ကို လိုက်ဖို့ စဉ်းစားနေကြပုံရသည်။
သူတို့ရဲ့လေးတွေနဲ့ဝက်ဝံကိုလုံးဝယှဉ်ပြိုင်နိုင်မှာမဟုတ်ပေ
သူ့မှာ လေးလံတဲ့လေးတစ်လက် ရှိသော်လည်း အဲ့ဒါကစွန့်စားမှု ကို ဖြစ်ပေါ် စေဆဲ ဖြစ်သည်။
“ဒါဆို နှစ်ရက်လောက် စောင့်ရအောင်”
ချန်ဆန်းရှိီ က သဘောတူပြီး အချိန်ဇယား ကို သူတို့နဲ့ခဏတာ ဆွေးနွေး ပြီးနောက် လမ်းခွဲခဲ့ကြသည်။
သူကစစ်တန်းလျားကိုရောက် တာနဲ့ ကျူထုံ ကျယ်လောင်စွာ ကျိန်ဆဲ နေသည်ကို မြင်လိုက်ရသည်
“စောက်ကျိုး နည်း ငွေ ရှစ်တေး ဟုတ်လား ဓာမြတိုက်နေကျတာလား”
စစ်တန်းလျား သို့ ရောက်လာသောကြောင့် သူကအားလုံးကို ပေးဆပ် ရန်လိုသည်။
သို့သော် စစ်တန်းလျား ကအလွန် အကျင့်ပျက် နေသည်။
ကိုယ်ခံပညာလေ့ကျင့်ရန် ပိုက်ဆံအရင်ပေးရန် လိုအပ်သည်၊ ဒီလိုကြောင့် ပါရမီရှင်တွေဘယ်နှစ်ယောက်လွတ်သွား ပြီလဲဆိုတာ ဘယ်သူသိနိုင်မလဲ
“အဲဒါ ကဘာမှ မဟုတ်ဘူး”
ရွှီဝမ်ချိုင် က အနည်းငယ်မျှဂရုမစိုက်ပေ “ငါတို့လို ပြစ်မှု ကျူးလွန်သူတွေကို ဝေးလံတဲ့ နေရာကို စေလွှတ်ခြင်း မပြုဘဲ ဒီ စစ်ဘက်ဆိုင်ရာ အခြေချနေရာမှာ ဘာလို့ ရောက်နေရတာလဲဆိုတာ မင်း သိလား? ဘာလို့လဲဆိုတော့လွန်ခဲ့တဲ့နှစ်တွေကအထက် အရာရှိတွေရဲ့လုပ်ခလစာ လိမ်လည်မှု့ကို စုံစမ်းနေကြတယ်၊ ပြီးတော့ သူတို့က အရေအတွက်ကို စုဆောင်းနေကြတယ်။သူတို့က ဒီ အခွင့်အရေးကို မယူဘဲ ငွေအချို့ မရှာရင် ဆုံးရှုံးမှု့လို့ ခံစားနေကျရတယ်”
“အစ်ကိုကြီး”
ကျူထုံသည် သူတို့နှင့် ရင်းနှီးလာပြီးနောက် ရင်းနှီးသောအမည်ကို စတင် အသုံးပြုလာသည်
“မင်း အသက်ရှူခြင်း ကျွမ်းကျင်မှု ကို သင်ယူမလို့လား? ငါ မင်းကို သင်ပေးမယ် တကယ်ပြောတာ၊ အသက်ရှူခြင်း ကျွမ်းကျင်မှု ကို သင်ယူပြီးရင် မြင်းပုံစံလေ့ကျင့်ခန်း လေ့ကျင့်တာက ဒီလောက် ပင်ပန်းမှာ မဟုတ်ဘူး၊ ပြီးတော့ တိုးတက်မှု့ကလည်း ပိုမို မြန်ဆန်တယ်”
ရွှီဝမ်ချိုင်ကသူ့ကို ဆွဲကိုင်လိုက်ပြီး“အဖိုး ကျူ မင်း သေချင်နေတာလား?”
“အဖိုး ကျူ၊ မင်းရဲ့ ကြင်နာမှုကို ငါ တန်ဖိုးထားပါတယ်၊ ဒါပေမဲ့ မလုပ်ပါနဲ့”
ချန်ဆန်းရှိီကခေါင်းခါလိုက်သည်။
အခြင်းခြင်းတစ်ဦးကိုတစ်ဦး သင်ပေးခွင့်ပြုပါက အထက်ရှိသူများသည် ပိုက်ဆံကို ဘယ်လို ရှာနိုင်မှာလဲ?
ပတ်ပတ်လည်ကို ကြည့်လိုက်ပြီး
အသက်ရှူခြင်း ကျွမ်းကျင်မှု့ကို သင်ယူခဲ့သူငါးယောက်ခြောက်ယောက် ခန့် ရှိပုံရသည်။
သူကပိုက်ဆံ စုဖို့ စီစဉ်နေခြင်း မဟုတ်ပေ။ အခြေအနေကို နားလည်ပြီးနောက် သူ့ရဲ့ငွေ ကို ယူပြီး အိမ်ထောင်စု တပ်မှူး လျူကို ရှာရန် ထွက်သွားလိုက်သည်။
တပ်မှူး လျူကသူ့ကို ကြည့်ပြီး သူရဲ့နာမည်ကို မေးပြီးနောက် ချက်ချင်း ငြင်းဆန်လိုက်သည်၊ “ငါ မအားဘူး”
“ရာစုမှူး ကျန်း၊ ခင်ဗျား…”
“ငါ့မှာ သင်ပေးဖို့ တခြားသူတွေရှိတယ်”
“ရာစုမှူး ကျန်…”
“ငါ မသင်ဘူး”
“ရာစုမှူး ရှုံး”
“ငါ ဘယ်လိုလုပ်ရမယ်ဆိုတာ မသိဘူး”
“…”
ချန်ဆန်းရှိီကတပ်မှူးအတော်များများကို ဆက်တိုက် တောင်းဆိုခဲ့သော်လည်း မယုံနိုင်စရာမှာ မည်သူမှသူ့ကို သင်ပေး ရန် ဆန္ဒမရှိခဲ့ပေ။
ဈေးနှုန်းသည် အတိအကျတူ သည်။
သူကတစ်ခုခု မှားယွင်း နေကြောင်း သဘောပေါက် လိုက်ပြီး နောက်ဆုံး တစ်ကြိမ် စမ်းသပ်ရန် တဲအတွင်းသို့ ဝင်လာသည်။
ရာစုမှူး ဝမ်မနေ့က သူတို့ကို လှံ နည်းစနစ်သင်ပေးခဲ့သူသည် ကုလားထိုင်ပေါ်တွင် လှဲလျောင်းနေပြီး သူရဲ့ခြေထောက်နား တွင် မြေပဲခွံ များ ပုံနေကာ မြေပဲများကို စား နေသည်။
ချန်ဆန်းရှိီသည် အရိုအသေပေးလိုက်ပြီး “ရာစုမှူးဝမ် ”
ဝမ်ကျီသည် သူ့ကို ဘေးတိုက်ကြည့် ပြီးနောက်"အသက်ရှူခြင်း ကျွမ်းကျင်မှု့ကို သင်ယူချင်တာလား?”
“ဟုတ်ကဲ့”
ချန်ဆန်းရှိီကရိုသေစွာ ပြောလိုက်သည်"ရာစုမှူး ဝမ် က ကျွန်တော့်ကိုသင်ပေး နိုင်ရင် ကျွန်တော် ကျေးဇူးဆပ်ပါ့မယ်”
"သဘောတူတယ်”
ဝမ်ကျီ ကသူရဲ့ပါးစပ်မှ မြေပဲခွံကို ထွေးထုတ်လိုက်ပြီး သူရဲ့လက်ကြီး ကို ဖြန့်ကာ လက်ချောင်းများ ဖြင့် အမူအရာလုပ်ပြသည်၊ “ဒီကို ယူလာခဲ့”
'ဒီလောက် ရိုးရှင်းလား?'
လက်လျှော့လုနီးပါး ဖြစ်နေသော ချန်ဆန်းရှိီသည် ဤအရာကို လုံးဝ မမျှော်လင့်ခဲ့ပေ။
ဒီ တပ်မှူးတွေကတပည့်အရေအတွက်ကို ခွဲဝေ ဖို့ အရင် ကတည်းက သဘောတူထားတာများလား?
နည်းနည်း ထူးဆန်း တယ်…
ဒါပေမဲ့ ဒီအချိန်မှာ အသက်ရှူခြင်း ကျွမ်းကျင်မှု့ကို သင်ယူချင်ရင်တော့ ပေးဆောင်ရလိမ့်မည်။
သင့်လျော်သော ရိုသေမှု့ဖြင့် ငွေ ရှစ်တေးကို ပေးလိုက်ပြီးနောက် ချန်ဆန်းရှိီကတိတ်ဆိတ်စွာ စောင့်နေသည်။
“မင်း ဘာလို့ အဲဒီမှာ မတ်တပ်ရပ်နေတာလဲ?”
ရာစုမှူး ဝမ်က ပိုက်ဆံကို အိတ်ထဲ ထည့်လိုက်ပြီးနောက် သူ့ကို လက်ပြလိုက်သည်။
“ဆရာ၊ ဒါက ဘာကို ဆိုလိုတာလဲ?”
“ငါ ဒီနေ့ ပင်ပန်းတယ်၊ ရက်အနည်းငယ်ကြာရင် မင်းကို သင်ပေးမယ်”
ထိုစကားကြောင့် ချန်ဆန်းရှီရဲံနှလုံးသားကဒုန်းခနဲ ကျသွားသည်။