← Chapters

အခန်း (၁၈)

Vol. 2 Ch. 18

အခန်း (၁၈)

Vol. 2 Ch. 18

“အရှင်၊ ခင်ဗျားက... ”

“နှစ်ရက်လို့ ပြောထားတာ၊ လူ့စကားကို နားမလည်ဘူးလား”

တစ်ဖက်လူရဲ့ ဒေါသသံကြောင့် ချန်စန်းရှီမှာ ဆက်မပြောဝံ့ဘဲ အရိုအသေပေးပြီး တဲထဲကနေ ထွက်ခွာလာခဲ့သည်

နှစ်ရက် စောင့်ရမယ်တဲ့လား?

ဒီနှစ်ရက်ပြီးရင် နောက်ထပ်နှစ်ရက်၊ နောက်ထပ်နှစ်ရက် ဖြစ်နေမှာကို စိုးရိမ်မိတယ်။

ဆယ်ရက်ကြာ အကဲဖြတ်ကာလ ကုန်သွားတဲ့အချိန်ကျရင် အရာအားလုံးကနောက်ကျနေလောက်ပြီ။

“တခြားသူတွေက ပိုက်ဆံပေးပြီး သင်ပေးခံချင်ကြတယ်၊ ငါက ပိုက်ဆံပေးတာတောင်မှ သင်ပေးဖို့ ငြင်းဆန်တယ်ဟုတ်လား?”

သူ့ကို တမင်သက်သက် ပစ်မှတ်ထားနေတာကို လူမိုက်တောင် မြင်နိုင်တယ်

စစ်တပ်ထဲ ရောက်ကတည်းက ချန်ဆန်းရှီကဘယ်သူ့ကိုမှ ရန်မစခဲ့ပါဘူးဒါဆိုရင် သူ့ကို ဘယ်သူကများ ရန်ပြုနေတာလဲ

ဖြစ်နိုင်ခြေ နှစ်ခုရှိတယ်။

ပထမတစ်ခုက ချင်ရှုံးရဲ့ ညီ

သူက စစ်ဝတ်စုံ ဝတ်ထားတော့ ချင်ဖုန်း က သူ့ကို မထိရဲပေမယ့်၊ သူက သိုင်းပညာမှာ တစ်စုံတစ်ရာ အောင်မြင်မှုရသွားမှာကို စိုးရိမ်ပြီး ဒီလို ပစ်မှတ်ထားတာ ဖြစ်နိုင်တယ်။

ဒါပေမယ့် ချင်ရှုံးရဲ့ ညီဟာ တကယ့်မျိုးရိုးအမွေခံတွေနဲ့ ရောနှောနိုင်တဲ့ အရည်အချင်းရှိပုံမပေါ်ဘူး၊ ရာစုမှူးတွေနဲ့ ချိတ်ဆက်နိုင်လောက်တဲ့ အခွင့်အာဏာမျိုး ရှိမှာမဟုတ်ဘူး။

ဒါဆိုရင် ဒုတိယဖြစ်နိုင်ခြေက ရာစုမှူး လော်ပဲ။

ရာစုမှူး လော်ရဲ့ တူက လက်ရှိမှာ မြင်းပုံစံလေ့ကျင့်မှု မှာ ဒုတိယ အမြန်ဆုံး လေ့ကျင့်နိုင်သူအဖြစ် ရပ်တည်နေတယ်။

သူ့တူဖြစ်သူ စုန်ယန် ရဲ့ အနာဂတ်ကို ကိုယ်က လုယူသွားမှာကို စိုးရိမ်နေတာ ဖြစ်လိမ့်မယ်။

အခုတော့ အဓိပ္ပာယ်ရှိသွားပြီ။

ချန်ဆန်းရှီက ကြီးမားတဲ့ ဖိအားကို ခံစားလိုက်ရတယ်။

ရာထူးတက်ဖို့ဆိုတာ တကယ်ပဲ အခက်အခဲတွေနဲ့ ပြည့်နေတာပဲ

“ဘယ်လိုလဲ၊ ဘယ်သူက မင်းကို သင်ပေးလဲ? ရာစုမှူးဝမ်က အစိတ်ရှည်ဆုံးနဲ့ အကောင်းဆုံး ကမ်းလှမ်းချက် ပေးတယ်လို့ ကြားမိတယ်”

ကျူးထုံက မေးဖို့ ချဉ်းကပ်လာတယ် အဖြေကို သိလိုက်ရတော့ သူ ဒေါသထွက်သွားပြီး “ဒါ ဘာအရူးအမူးလုပ်ရပ်လဲ ပိုက်ဆံယူပြီး မသင်ပေးဘူးလား ငါ သွားပြီး ပြောပေးမယ်”

“ကျူအို မင်း သွားလို့မဖြစ်ဘူး”

ရွှီဝမ်ချိုင်က “ဒီ ချန်ညီလေးက တစ်စုံတစ်ယောက်ကို ရန်စမိတာ သေချာတယ်”

“ဒါကတော့...”

ကျူထုံက ခေါင်းကုတ်လိုက်ပြီး “ဒါဆို ဘယ်လိုလုပ်မလဲ? ဒီလူအားလုံးထဲမှာ အစ်ကိုရှီက အမြန်ဆုံး လေ့ကျင့်နိုင်တာ။ အရွေးချယ်ခံရမယ့် နေရာ အတွက် အရည်အချင်းက သူ့အတွက် ဖြစ်သင့်တယ်။”

“ဒါမှမဟုတ် ငါကပဲ သူ့ကို တိတ်တိတ်လေး သင်ပေးလိုက်ရမလား? ဘယ်သူမှ သတိထားမိမှာ မဟုတ်လောက်ဘူး”

“ကျူးအို၊ တကယ်မလိုပါဘူး”

ချန်ဆန်းရှီက တခြားသူတွေကို သူ့ကြောင့် ဒုက္ခမရောက်စေချင်ဘူး။

တခြားသူတွေက အသက်ရှူနည်းပညာ ရှိနေရင်တောင်၊ မြင်းပုံစံလေ့ကျင့်မှုမှာတော့ သူက အမြန်ဆုံး လေ့ကျင့်နိုင်သူ ဖြစ်နေတုန်းပဲ။

မျှော်လင့်ချက် ရှိနေသေးတယ်။

ဒီလိုတွေးပြီး သူဟာ သိုင်းကွင်းအနီးက လက်နက်စင်ကနေ မေဟွာ လှံတံတစ်ချောင်းကို ယူပြီး လေ့ကျင့်တော့တယ်။

“လှံပညာလား?”

ကျူးထုံအံ့သြသွားပြီး “အစ်ကိုရှီမင်း အခု လှံပညာပါ စလေ့ကျင့်နေပြီလား”

သူ့တင်မကဘူး၊ သိုင်းကွင်းထဲက လူတိုင်း သတိထားမိသွားကြတယ်

“ကောင်းတယ်”

ကျူးထုံက အော်ပြောလိုက်တယ် “အစ်ကိုရှီက အရမ်းတော်တာကို လူတိုင်း မြင်နေရတာပဲ စစ်အရာရှိတစ်ဦးဦးက သတိထားမိပြီး သတင်းပို့ရင် သူ့ အရည်အချင်းကို တန်ဖိုးထားမယ့် အထက်လူကြီး တစ်ယောက်တော့ ရှိလာမှာပဲ”

ရွှီဝမ်ချိုင်ကတော့ အပြစ်ကင်းတဲ့ ကလေးငယ်ကို ကြည့်သလို မျက်လုံးမျိုးနဲ့ သူ့ကို ကြည့်ပြီး ခေါင်းကို ညင်သာစွာ ခါယမ်းလိုက်တယ်။

အခြေအနေက ဒီလိုမဟုတ်ဘူးဆိုတာ ထင်ရှားတယ်။

အနီးအနားမှာ အထက်လူကြီးတွေ မရှိပေမယ့် အလံငယ်လေးတွေ အများကြီးရှိတယ်၊ သူတို့ထဲက ဘယ်သူကမှ သူများကိစ္စကို ဝင်မစွက်ချင်ကြဘူး။

ဖြတ်သွားတဲ့ ရွှီဘင်လည်း ပါပါတယ်။

သူ ဒီနေ့မှ စခန်းကို ရောက်တာဖြစ်ပြီး လက်နက်တိုက် စာရေးက သူ့ရွာသားဟာ မြားပစ်အရာ၌ အလွန်တော်သူ ဖြစ်ပြီး စစ်သားတစ်ယောက် ဖြစ်လာဖို့ အခွင့်အရေးများတယ်လို့ ပြောတာကို ကြားတော့ သွားကြည့်ဖို့ စဉ်းစားလိုက်တယ်။

ပြီးတော့၊ ချန်ဆန်းရှီပစ်မှတ်ထားခံရတာကို မြင်လိုက်ရပြီး ပိုက်ဆံပေးတာတောင်မှ အသက်ရှူနည်းပညာကို သင်ယူခွင့် မရတာကို တွေ့လိုက်ရတယ်။

“ဒီကလေး၊ ရောက်ရောက်ချင်းပဲ လူတွေကို ရန်စမိတယ်”

ရွှီဘင်က ထောင်စုမှူး အမြဲတမ်း အလုပ်လုပ်တဲ့ အရပ်ကို တစ်ချက်ကြည့်လိုက်ပြီး အဲဒီဘက်ကို တစ်လှမ်းတိုးလိုက်ပေမယ့် ချက်ချင်း ရုပ်သိမ်းလိုက်ပြီး သက်ပြင်းချကာ အိမ်ပြန်သွားတယ်။

“ဒါ မင်းရဲ့ ဒုတိယဦးလေး သေချာတယ်”

ကျူးထုံက စုန်ယန်ရဲ့ ကော်လာကို ဆွဲပြီး “အစ်ကိုရှီကို အခက်တွေ့အောင် လုပ်နေတာ မင်းရဲ့ ဒုတိယဦးလေးပဲ”

“ကျွန်တော်... ကျွန်တော် မသိဘူး”

စုန်ယန်ရဲ့ မျက်နှာ ရဲတက်သွားပြီး “ကျွန်တော် ဒုတိယဦးလေးကို အဲလိုလုပ်

ခိုင်းတာ မဟုတ်ဘူး”

“ဟွန့်..”

ကျူးထုံက “ငါ့အမြင်တော့ အကဲဖြတ်စရာတောင် မလိုဘူး၊ အရွေးချယ်ခံရမယ့် နေရာအတွက် အရည်အချင်းကို မင်းကို တိုက်ရိုက်ပေးလိုက်ပါတော့”

“ကျွန်တော် ဒုတိယဦးလေးကို သွားရှာမယ်”

စုန်ယန်က လွတ်အောင် ရုန်းထွက်ပြီး စစ်တပ်စခန်းထဲကနေ ပြေးထွက်သွားတယ်။

တဲအတွင်းမှာ ဦးလေးကို ရှာတွေ့ပြီး သူ့ရဲ့ သံသယတွေကို ပြောပြလိုက်တယ်။

“ဘာဖြစ်လဲ”

စားပွဲမှာ စစ်ရေးစာအုပ်တွေ ဖတ်နေတဲ့ စစ်အရာရှိ လော် က မော့ကြည့်ပြီး “ဒါ ကောင်းတဲ့ကိစ္စ မဟုတ်ဘူးလား”

သူ့တူရဲ့ ကြည်လင်တဲ့ မျက်လုံးတွေကို ကြည့်ရင်း စစ်ရေးစာအုပ်တွေကို ချလိုက်ပြီး ဆက်ပြောတယ် “ဒီလို ရည်ရွယ်ချက် ငါ့မှာ ရှိခဲ့တာတော့ မှန်တယ်၊ ဒါပေမယ့် ငါ ဒုတိယ ထောင်စုမှုး ရာထူး မတက်ရသေးဘူးဆိုတာကို မပြောနဲ့ဦး တက်ခဲ့ရင်တောင် တခြား ရာစုမှူးတွေ၊ အထူးသဖြင့် ဖက်တီးဝမ်က ငါ့စကားကို နားထောင်မှာ မဟုတ်ဘူး။”

“တကယ်တော့ မနေ့ကပဲ အရှင်ထောင်စုမှူးက မြို့တွင်းမှာရှိတဲ့ လူရိုင်းလူသတ်သမားကို လူစုပြီး လိုက်လံရှာဖွေဖို့ သိုင်းပညာခန်းမနဲ့ ပူးပေါင်းလုပ်ဆောင်ခိုင်းတယ် အဲဒီနောက်၊ တင်ယွမ် သိုင်းပညာခန်းမရဲ့ သခင်လေးက ငါတို့ကို အရက်သောက်ဖို့ ဖိတ်ခေါ်ပြီး စားပွဲပေါ်မှာ သူ့ရဲ့ နာမည် ထွက်လာခဲ့တယ်”

“သူက သိုင်းပညာခန်းမက လူတွေကို ဘယ်လိုများ စော်ကားခဲ့လဲဆိုတာ ကောင်းကင်ဘုံကပဲ သိလိမ့်မယ်”

“ငါတို့အားလုံး တီယွမ် သိုင်းပညာခန်းမနဲ့ နှစ်ပေါင်းများစွာ အဆင်ပြေခဲ့ကျတာ သဘာဝအတိုင်းပဲ သူတို့ကို မျက်နှာပေးသင့်တယ်”

“ဒါကတော့...”

စုန်ယန် ခေါင်းငုံ့လိုက်ပြီး “ဒါ သူ့အတွက် မတရားဘူးမလား”

“သူ့အတွက် တရားမျှတမှု...”

လော်တုန်ချွမ် က သူ့ရဲ့ ရိုးသားလွန်းတဲ့ တူကို ဘာလုပ်ရမှန်းမသိ ဖြစ်နေပြီး သူ ပစ်ချမလို ဖြစ်ခဲ့တဲ့ စစ်ရေးစာအုပ်တွေကို ပြန်ချလိုက်တယ်၊ “ယန်အာ တခြားသူတွေအတွက် ဘာလို့ ပူပန်နေရတာလဲ အရွေးချယ်ခံရမယ့် နေရာအတွက် အရည်အချင်း ပြည့်မီဖို့မင်းရဲ့ လေ့ကျင့်ရေးကိုပဲ အာရုံစိုက်ပါ။ မင်း စိုးရိမ်သင့်တာက အနာဂတ်မှာ အုပ်ချုပ်ရေးမှူး အိမ်တော်ကို ဝင်

ရောက်ဖို့ပဲ

ဆရာမရှိရင် ဒါမှမဟုတ် မိသားစု နောက်ခံ မရှိရင်၊ နတ်မော် ပုံပါတဲ့ နီရဲတဲ့ ဝတ်ရုံကို ဘယ်တော့မှ ဝတ်ဆင်နိုင်မှာ မဟုတ်ဘူးဆိုတာ မင်း မသိဘူးလား? ကြီးကြပ်ရေးမှုး ဆွန်ရဲ့ လက်အောက်ကို ဝင်ရောက်ဖို့က မင်းရဲ့ တစ်ခုတည်းသော ရည်မှန်းချက်ပဲ ထွက်သွားတော့၊ ငါ့ကို လာမရှုပ်နဲ့တော့”

...

တစ်ချိန်တည်းမှာပဲ ရာစုမှူး ဝမ်ရဲ့ တဲထဲမှာ ရာစုမှူးအချို့ စုဝေးနေကြတယ်။

“ဟေ့ ဖက်တီးဝမ်၊ မင်းက တကယ် ရက်စက်တာပဲ”

ရာစုမှူးရှုံး ကနောက်လိုက်တယ် “ဒီကောင်လေးကို မသင်ပေးတာ တစ်ခုပေါ့၊ သူ့ရဲ့ ငွေတွေကိုပါ ဘာလို့ ယူလိုက်တာလဲ”

“ဟားဟားဟား၊ ညီအစ်ကိုတွေအတွက် နောက်မှ ငါ အရက်တိုက်ပါ့မယ်”

ဝမ်ကျီက ကိုယ့်ကိုယ်ကို ကျေနပ်နေတယ်

“ဒါပေမယ့်...”

ရာစုမှူး လျူက ခပ်မှိုင်းမှိုင်း ပြောလိုက်တယ်“ဒီ ချန်ဆန်းရှီကဒီအသုတ်ထဲမှာ မြင်းပုံစံလေ့ကျင့်မှုကို သင်ယူရာမှာ အမြန်ဆုံးဖြစ်

တယ်လို့ ငါ မှတ်မိတယ် ဒီလို အလားအလာရှိတဲ့ လူငယ်တစ်ယောက်ကို အလဟဿ ဖြစ်သွားတာ နှမြောစရာပဲ”

“စစ်တပ်မှာ အလားအလာရှိတဲ့ လူငယ်တွေ ဘယ်တုန်းကမှ မရှားပါဘူး ငါလည်း မြင်းပုံစံလေ့ကျင့်မှုကို တစ်ညနဲ့တစ်ရက် အတွင်း သင်ယူနိုင်ခဲ့တာပဲ”

ဝမ်ကျီက ပယ်ချလိုက်တယ် “စစ်တပ်မှာ လိုအပ်တာက တကယ့် ပါရမီရှင်တွေ၊ မြင်းပုံစံလေ့ကျင့်မှုကို တစ်ဝက်တစ်ပျက်အတွင်း တတ်ကျွမ်းပြီး လှံပညာကို သုံးရက်အတွင်း တတ်ကျွမ်းသူတွေ အဲဒါမျိုးတွေကမှ ပျိုး ေထာင်သင့်တာ”

“မှန်တယ် ဘာပဲဖြစ်ဖြစ် ငါတို့ရဲ့ ဒီခက်ခဲတဲ့နေရာမှာ တခြားသူတွေနဲ့ မျှဝေလိုက်ရတဲ့ ရင်းမြစ်တိုင်းက ကိုယ့်အတွက် လျော့သွားတာပဲ”

ရာစုမှူး လျူက သူ့ရဲ့ မေးစေ့ကို ပွတ်သပ်ပြီး “ဒါပေမယ့် ဒီကောင်လေး အောင်မြင်မှု မရဘူးဆိုရင် အရွေးချယ်ခံရမယ့် နေရာအတွက် အရည်အချင်းက လော် ရဲ့တူလက်ထဲ ရောက်သွားပုံရတယ်။ တကယ်လို့ သူ တပ်စခန်းရှစ်ခုရဲ့ ထိပ်တန်း အထက်တန်းစားအဖွဲ့ထဲကို ဝင်ရောက်နိုင်ခဲ့ရင်၊ အနာဂတ်မှာ လော်ကိုပါ သူဆွဲခေါ်နိုင်လိမ့်မယ်။ ဒါက တကယ့်ကို ကြီးမားတဲ့ အောင်မြင်မှု့ဘဲဟုတ်တယ်နော်”

“စဉ်းစားကြည့်ပါဦး ဖက်တီးဝမ် မင်းသာ ပါရမီရှင်တစ်ယောက်ကို ခေါ်လာနိုင်ခဲ့မယ်ဆိုရင် တပ်စခန်းရှစ်ခုကို ပြန်သွားနိုင်လိမ့်မယ် ဒီလို ခေါင်တဲ့နေရာမှာ ထာဝရ မနေချင်ဘူး မဟုတ်လား”

“နေချင်ပါတယ်၊ ဒါပေမယ့် ကံဆိုးလိုက်တာ၊ ငါ ပါရမီရှင်တစ်ယောက်ကို ဘယ်မှာ သွားရှာရမလဲ”

ဝမ်ကျီက သူ့လက်ထဲက ငွေတုံးကို ပွတ်သပ်ရင်း စကားဝိုင်းကို အဆုံးသတ်လိုက်တယ်။

...

သိုင်းကွင်းတွင်

ချန်ဆန်းရှီက သူ့ရဲ့ လှံပညာကို စတင် လေ့ကျင့်လိုက်တယ်။

သူ့ရဲ့ ထူးချွန်တဲ့ မှတ်ဉာဏ်ကြောင့်၊ သူ့စိတ်ထဲမှာ ရာစုမှူး ဝမ် လှံပညာ သရုပ်ပြတဲ့ မြင်ကွင်းကို ထပ်ခါထပ်ခါ ပြသနေတဲ့ ဆလိုက်ရှိုးတစ်ခု ရှိနေသလိုပဲ။

မြင်းပုံစံလေ့ကျင့်မှုကလည်း ခန္ဓာကိုယ်ရဲ့ ခွန်အားကို အကြီးအကျယ် ကုန်ခမ်းစေတယ်။

အဲဒါအပြင် လှံပညာကိုပါ ထည့်လိုက်တဲ့အခါ ချန်ဆန်းရှီက သူ့ရဲ့ လေစွမ်းအား ကို စုပ်ထုတ်ပစ်သလို ခံစားလိုက်ရတယ်။ ကံကောင်းစွာနဲ့ သူ စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ထားပြီး ဖြစ်တာကြောင့် ဆက်လက် ကြိုးစားခဲ့တယ်။

မေဟွာ လှံတံကို တစ်ချက်ချင်း လွှဲတိုင်းမှာ သူ့နှလုံးသားက အပြေးအလွှား ခုန်နေပြီး သူ့အဆုတ်တွေကလည်း မသက်မသာ ကျုံ့နေတယ်အပြေးပြိုင်ပွဲမှာ အစွမ်းကုန် ပြေးလိုက်ရသလို ခံစားရပြီး လည်ချောင်းထဲမှာ သွေးအရသာကို တောင်ခံစားလိုက်ရတယ်။

အသက်ရှူနည်းပညာက အထောက်အကူ ဖြစ်စေဖို့၊ နာကျင်မှုကို သက်သာစေဖို့နဲ့ လေ့ကျင့်မှုကို အရှိန်မြှင့်ဖို့ ရည်ရွယ်တာ ဖြစ်နိုင်တယ်။

ဒါပေမယ့်

ဒါက အထောက်အကူတစ်ခု သက်သက်ဆိုရင် အဲဒီနည်းပညာမပါဘဲ လှံပညာ အပြည့်အစုံကို သင်ယူနိုင်တယ်ဆိုတဲ့ အဓိပ္ပာယ်ပဲ။

ဆိုလိုတာက တခြားသူတွေထက် ပိုပြီး နာကျင်မှုကို ခံနိုင်ရည်ရှိဖို့ လိုတယ်

အရှိန်အဟုန်အတွက်ကတော့ လုံလောက်အောင် မြန်မြန် လေ့ကျင့်နိုင်ရင်နည်းနည်းလေး နောက်ကျတာက အရေးမကြီးပါဘူး။

သန္နိဋ္ဌာန် မယိုယွင်းသရွေ့ အခက်အခဲတွေထက် ဖြေရှင်းနည်းတွေက အမြဲတမ်း ပိုများနေမှာပဲ

ချန်ဆန်းရှီက အံကိုတင်းတင်းကြိတ်ထားလို့အသံတောင် ကြားရပြီး သူ့လက်ထဲက သံလှံတံကို ဆက်လက် လွှဲနေခဲ့တယ်။

All Chapters