လှံပညာ သုံးဆယ့်ခြောက်ကွက်
Vol. 2 Ch. 19
တစ်ကွက်စီမှာ ဆယ့်ရှစ်မျိုးသော အပြောင်းအလဲများ ရှိသည်။
ချန်ဆန်းရှီကအားတင်းကာ ပထမဆုံး လှံပညာ သုံးကွက်ကို အပြီးသတ် လေ့ကျင့်နိုင်ခဲ့သည်။
သို့သော် တစ်ချိန်တည်းမှာပင်၊ စုန်ယန်သည်လည်း အသက်ရှူနည်းပညာ၏ အားသာချက်ဖြင့်မြင်းစပုံစံလေ့ကျင့်မှုကို အပြီးသတ်ပြီး လှံပညာကို စတင်လေ့ကျင့်ကာ အရှိန်အဟုန်ဖြင့် လိုက်မီလာခဲ့သည်။
“ငါသာ ပိုကြိုးစားပြီး မြန်မြန် လေ့ကျင့်နိုင်မယ်ဆိုရင်”
ချန်ဆန်းရှီရပ်လိုက်သည်
အနားယူပြီး သူ့ရဲ့ မြားပစ်ပညာကို အသေးစားအောင်မြင်မှုအဆင့်တစ်ခုသို့ ရောက်အောင် ကြိုးစားဖို့ ဆုံးဖြတ်လိုက်သည်။
အရင်တစ်ကြိမ် ကျွမ်းကျင်မှု့အဆင့်ကိုရောက်ရှိခဲ့တုန်းက သူ့ရဲ့ အရိုးနဲ့ ခန္ဓာကိုယ်ကို တိုးတက်စေခဲ့တယ်။ အသေးစားအောင်မြင်မူ့အဆင့်ကို ရောက်ရင် အကျိုးသက်ရောက်မှုက ပိုကောင်းလာနိုင်တယ်။
“ထမင်းစားချိန် ရောက်ပြီ”
စစ်တပ်စခန်းက ယန်ဘင်းရွာ နဲ့ အရမ်းမဝေးပေမယ့် အရမ်းလည်းမနီးဘဲမိုင်နှစ်ဆယ်လောက် ဝေးသည်။
အချိန်ကုန်သက်သာစေရန် အိမ်ပြန်ပြီး ထမင်းမစားဘဲ စစ်တပ်နယ်မြေထဲက အငြိမ်းစား စုံတွဲတစ်တွဲ ပိုင်ဆိုင်တဲ့ စားသောက်ဆိုင် သွားခဲ့သည်။
“အမဲသားချက် ငါးပေါင်းလျန်ဆန် တစ်ပုံးနဲ့ ကြက်သားတစ်ကောင် ပေးပါ”
ချန်ဆန်းရှီနဲ့ ကျူးထုံတို့ အစားအသောက် မှာပြီးတာနဲ့ စားဖို့တောင် မစရသေးခင် တခြားတစ်ယောက် ရောက်လာပြီး ဝင်ထိုင်လိုက်တယ်။
“မင်းရဲ့ ပျင်းရိမှုကြောင့် သေလောက်အောင် မောနေပြီမလား အခု ဘာလိုချင်
ပြန်ပြီလဲ”
ကျူးထုံရဲ့ မျက်နှာမှာ ကြည်ဖြူတဲ့ အမူအရာ မရှိဘူး။
“ချန်ညီလေး”
ရွှီဝမ်ချိုင်က သူ့ကို လျစ်လျူရှုပြီး ပြုံးပြုံးရွှင်ရွှင်နဲ့ ပြောတယ် “လစာက နောက်လမှ ထွက်မှာ၊ ငါ လုံးဝ ပိုက်ဆံပြတ်ပြီး ဗိုက်ဆာနေပြီမင်းတို့ ထမင်းကို မျှစားလို့ ရမလား”
“ရတာပေါ့”
ချန်ဆန်းရှိီက ဟင်းနှစ်ပွဲနဲ့ အဓိက အစားအသောက်အချို့ ထပ်မှာလိုက်
တယ်
“ချန်ညီလေးက တကယ်ကို ဖြောင့်မတ်တဲ့လူပဲ၊ တစ်နေ့ကျရင် ခင်ဗျား ကြီးမြတ်တဲ့အရာတွေကိုအောင်နိုင်လိမ့်မယ်”
ရွှီဝမ်ချိုင်က ကြက်ပေါင်တစ်ချောင်းကို ဆွဲဖြဲပြီး စားပါတော့တယ် ပါးစပ်က ဆီတွေ ပါစီးကျနေတယ်
“အစ်ကိုရှီ မင်းက အရမ်းကို စိတ်သဘောထားကောင်းလွန်းတယ်”
ကျူးထုံက “သူ့ကို ကျွေးနေတာ ဘာအကျိုးရှိမှာလဲ? သူက အသုံးမကျဘူး”
“ဘယ်သူက အသုံးမကျတာလဲ? တစ်နေ့ကျရင် မင်း ငါ့ဆီကနေအကျိုးရှိလာနိုင်တာပေါ့ပြီးတော့၊ ငါ အလကား မစားဘူး၊ ငါ မင်းတို့ကို ကမ္ဘာ့အခြေအနေတွေအကြောင်း အလင်းပြပေးနိုင်တယ်၊ မင်းတို့ရဲ့ အမြင်ကို ကျယ်ပြန့်စေနိုင်တယ်”
ရွှီဝမ်ချိုင်က ကြက်ပေါင်ကို လျင်မြန်စွာ စားပြီး အရိုးပေါ်မှာ ဘာမှမကျန်အောင် စုပ်ယူလိုက်တယ် ပြီးတော့ သူ့နှုတ်ခမ်းတွေကို လျက်ပြီး အသံကို လျှော့လိုက်ကာ မေးတယ်“လူကြီးမင်းတို့၊ မြင့်မြတ်တဲ့ရှန်မင်းဆက် ရဲ့ ကံကြမ္မာကို ဘယ်လိုမြင်လဲ”
“ဟုတ်တာပေါ့၊ မကုန်ဆုံးသေးပါဘူး”
ကျူးထုံက ရေရွတ်လိုက်တယ် “အရာရှိတွေက ရွံစရာကောင်းပေမယ့်၊ စစ်သား နှစ်သန်းကျော်နဲ့ စစ်သူကြီးတွေ အများကြီး ရှိနေသေးတယ်။တောင်ပိုင်းက ပုန်ကန်မှုတွေကို ချေမှုန်းပြီးပြီလို့ ငါ ကြားတယ်။”
“မှားတယ်”
ရွှီဝမ်ချိုင်က နောက်ထပ် ကြက်ပေါင်တစ်ချောင်းကို ဆက်စားနေသည်။
ကျူးထုံက ဘယ်သူမှ နားမထောင်နေဘူးဆိုတာ သေချာအောင် ပတ်ပတ်လည်ကို တစ်ချက်ကြည့်လိုက်ပြီး “မင်း ပြောချင်တာက လူရိုင်းတွေက နောက်ဆုံးမှာ ငါတို့ရဲ့ မြင့်မြတ်သော ရှန်မင်းဆက်ကို ဖျက်ဆီးလိမ့်
မယ်လို့လား”
“လုံးဝ မှားတယ်”
ရွှီဝမ်ချိုင်က ခေါင်းကို အားရပါးရ ခါယမ်းလိုက်တယ်“ရွာတွေက ကြမ်းတမ်းပုံပေါ်ပေမယ့် ကြီးကြပ်ရေးမှုးဆွန်းရှိနေရင် သူတို့ တကယ် အောင်မြင်မှာ မဟုတ်ဘူး”
“ရှန်မင်းဆက်ရဲ့ ပျက်စီးခြင်းက သူ့ကိုယ်ပိုင် လူတွေရဲ့ လက်ချက်ဖြစ်
မယ်လို့ ငါ လောင်းရဲတယ်”
“ကြည့်ဦးလေ ဒီ ပုန်ကန်မှုတွေက မြန်မြန်နှိမ်နင်းခံရနိုင်ပေမယ့် သူတို့က အမြဲတမ်း ပေါ်လာနေတယ်၊ အချိန်ကြာလာတာနဲ့အမျှ သူတို့ထဲက တစ်ယောက်ယောက်ကတော့ အောင်မြင်နိုင်မှာပဲ”
အဲဒီအချိန်မှာ ချန်ဆန်းရှီက ဝင်ပြောလိုက်တယ် “ဒါကမီးစတစ်စကို မွှေးပေးလိုက်တာနဲ့ နောက်ဆုံးမှာ မြေပြင်တစ်ခုလုံးကို လောင်ကျွမ်းစေနိုင်သလိုပါပဲ”
“စစ်..”
ဒီစကားတွေကြောင့် ရွှီဝမ်ချိုင် ခေတ္တရပ်သွားတယ် ဒီစကားတွေကို မြိန်ရေရှက်ရေ ခံစားနေသလိုပဲ ပြီးတော့ သူ့ပေါင်ကို ရိုက်လိုက်တယ် “ဘယ်လောက်တောင် ကောင်းမွန်တဲ့ စကားလုံးလဲ ငါဆိုလိုတဲ့အရာကို အပြည့်အဝ ဖော်ပြနိုင်တယ်”
“ချန်ညီလေး၊ တကယ်ပဲ ငါလို ပညာတတ်တစ်ယောက်ပဲ ဒီလို ထူးခြားတဲ့ စကားလုံးမျိုးကို ပြောနိုင်တာ”
“ဒါတွေက ကျွန်တော့်စကားတွေ မဟုတ်ပါဘူး...”
ချန်ဆန်းရှီက ရှင်းပြတယ် “ဆက်ပြောပါဦး၊ မစ္စတာ ရွှီ။”
“အဟမ်း”
ရွှီဝမ်ချိုင်က လည်ချောင်းရှင်းလိုက်ပြီး “ငါ ခန့်မှန်းရတာက ငါးနှစ်
အတွင်းမှာ ကမ္ဘာကြီး လုံးဝ ရှုပ်ထွေးသွားလိမ့်မယ် အဲဒါက မြင့်မြတ်သော ရှန်မင်းဆက်ရဲ့ ကုန်ဆုံးချိန်ဖြစ်ပြီး မစ္စတာ ဝူလုံအတွက် ထွန်းတောက်လာမယ့် အချိန်ပဲ”
“တော်ပါတော့”
ကျူးထုံ စိတ်အနှောင့်အယှက် ဖြစ်သွားတယ် “မင်း လုပ်နေတာ အဓိပ္ပာယ်မရှိတာတွေပဲ ပြောနေတာ မင်း မြင်းပုံစံလေ့ကျင့်မှုကို ဘယ်လို ကျွမ်းကျင်အောင် လုပ်ရမလဲဆိုတာ စဉ်းစားသင့်တယ် အဲဒါတောင် မလုပ်
နိုင်ရင် မင်း စစ်သည်တော်အဖြစ်တောင် အရည်အချင်းမပြည့်မီဘူး မြင်းတွေကို ဂရုစိုက်တာ ဒါမှမဟုတ် နံရံတွေ ပြုပြင်တာနဲ့ အဆုံးသတ်ရလိမ့်
မယ်”
ချန်ဆန်းရှီက ရွှီဝမ်ချိုင်ကို ကြည့်လိုက်တယ် သူ့မျက်လုံးထဲမှာ အံ့အားသင့်မှု အရိပ်အယောင်လေး ရှိနေတယ်
ကိုးနှစ်ကြာ ပညာသင်ကြားခဲ့ရသူတစ်ယောက်အနေနဲ့ ရှန်ခေတ်ရဲ့ အဆုံးသတ်နဲ့ ရှုပ်ထွေးမှုတွေ စတင်မယ့်အကြောင်း ကြိုတင်မြင်နိုင်တာ မထူးဆန်းပါဘူး
ဒါပေမယ့် ရွှီဝမ်ချိုင်က ဒေသခံဖြစ်ပြီး ကျေးလက်က လူတစ်ယောက်လည်း ဖြစ်တဲ့အတွက် ဒီလို ကြိုတင်တွေးမြင်နိုင်တာက အတော်လေး ထူးခြားပါတယ်
ဝန်ကြီးချုပ်နဲ့ အမြဲတမ်း တွေ့နေရတဲ့ အနေအထားက စိတ်ရှုပ်စရာကောင်းပေမယ့် သူ့မှာ တကယ်ပဲ အနှစ်သာရရှိတဲ့ အရာတစ်ခု ရှိပုံရတယ်
စကားပြောပြီးနောက် သူတို့ အစာကို ပြန်စားနေကြသည်။
အစားနဲ့ သောက်စရာတွေ ဝဝလင်လင် စားပြီးနောက်
ချန်ဆန်းရှီက သိုင်းပညာ ဆက်မလေ့ကျင့်တော့ဘဲ သူ့ရဲ့ လေးနဲ့ မြားတွေကို ယူပြီး ပစ်ခတ်လေ့ကျင့်တဲ့ကွင်းကို သွားခဲ့တယ်
ကမ္ဘာကြီး ရှုပ်ထွေးလာလေလေ သူက ကျွမ်းကျင်မှုပိုင်းသာမက အဆင့်အတန်းပါ ခိုင်မာအောင် လုပ်ဆောင်ဖို့ လိုအပ်ကြောင်း ခံစားမိလေလေပဲ၊ ဒီရေစီးကြောင်းထဲမှာ မထိခိုက်ဘဲ နေနိုင်ဖို့ပေါ့။
သူ လေးကို ဆွဲပြီး မြားကို တင်လိုက်တယ်။
“ဘုန်း ဘုန်း ဘုန်း ဘုန်း ဘုန်း...”
သိုင်းကွင်းမှာ မိုးချုန်းသံလို အသံတွေ ဆက်တိုက် ပေါက်ကွဲထွက်လာတယ်။
မြား ငါးဆယ်ကျော် ပစ်ပြီးနောက်မှာ ချန်ဆန်းရှီရဲ့ လက်တွေ နာကျင်လာပေမယ့် သူ မရပ်ဘဲ ဆက်လက် ပစ်မှတ်ထားပြီး မြားတစ်စင်းပြီး တစ်စင်း လွှတ်လိုက်တယ်။
“ဝှစ်—”
“ဆက်ပြီး ကြိုးစား..”
“...”
နေ့လယ်ခင်းမှာ စစ်တပ်စခန်းမှာ လှုပ်ရှားမှုတွေ ဖြစ်လာတယ်။
ရာအိမ်မှူးအချို့က သူတို့ရဲ့ စစ်သားတွေကို စုရုံးပြီး လက်နက်အပြည့်အစုံနဲ့ စစ်သား သုံးရာကျော် ပါဝင်တဲ့ တပ်ဖွဲ့တစ်ဖွဲ့က ဖော့ယန်ခရိုင် ဘက်သို့ အလျင်အမြန် ထွက်ခွာသွားကြတယ်။
‘သူတို့ တံတိုင်းကြီး ကို မသွားဘူးဆိုရင် ရန်သူ ကျူးကျော်မှု မဟုတ်ဘူး’
‘ဒါပေမယ့် ပိုယန်ခရိုင်မှာ ဘာကြောင့် ဒီလောက်များတဲ့ လူတွေကို စည်းရုံးရတာလဲ’
‘လူရိုင်းလူသတ်သမားတွေကို မြို့အနှံ့ ရှာဖွေတာ ဖြစ်နိုင်ခြေ အများဆုံးပဲ’
မကြာသေးမီက ချန်ဆန်းရှီက လူရိုင်းလူသတ်သမားတွေဟာ သူ့ရဲ့ စိုးရိမ်ပူပန်စရာ ဖြစ်လာမှာ မဟုတ်ဘူးလို့ ထင်ခဲ့ပေမယ့် အခုတော့ အနာဂတ်မှာ ဒီလို စစ်ဆင်ရေးတွေမှာ သူ ပါဝင်ရနိုင်တယ်လို့ ထင်မြင်လာခဲ့တယ်။
“ထားလိုက်ပါ မြားပစ်တာကို ဆက်လုပ်မယ်”
“ဘုန်း ဘုန်း ဘုန်း ဘုန်း ဘုန်း....”
တပ်ဖွဲ့တွေ ပစ်ခတ်လေ့ကျင့်တဲ့ကွင်းနားကနေ ဖြတ်သွားတဲ့အခါ မိုးချုန်းသံလို မြားသံတွေက ရာအိမ်မှူးတွေရဲ့ အာရုံကို ဖမ်းစားလိုက်တယ်။
“ဟင်၊ ဒီကလေးကလက်လျှော့လိုက်ပြီလား? လှံပညာ မလေ့ကျင့်တော့ဘဲ မြားပစ်တာကို လေ့ကျင့်နေတယ်”
ရာစာမှုးရှုံးက ဝါးချောင်းကို ဝါးရင်း ပြောလိုက်တယ်။
“အသက်ရှူနည်းပညာ မရှိဘဲ၊ နည်းပညာတွေ လေ့ကျင့်တဲ့ နာကျင်မှုက နှစ်ဆဖြစ်တယ် ဘယ်နှစ်ယောက်က ဒါကို ခံနိုင်ရည်ရှိမှာလဲ”
ရာစုမှူး လျူက အံ့အားသင့်သွားတယ် “နှစ်ပိသာလေးလား ပေခုနစ်ဆယ်ကနေ ပစ်မှတ်ကို အကြိမ်တစ်ရာ ထိတယ် ဒီကလေးက တကယ်ကို မြားပစ်တာအလွန်တော်တဲ့သူပဲ”
“သူ ဟုတ်ပါတယ်”
ရာစုမှုးရှုံးလည်း အံ့သြတဲ့ အမူအရာ ပြလာတယ်။
ရာစုမှူး လျူက ပါးစပ်သပ်သပ်ပြီး “သူ ဘာလုပ်လို့ တင်ယွမ် သိုင်းပညာကျောင်းတော်ကို စော်ကားခဲ့လဲ မသိဘူး၊ ဒီလို အရမ်းတော်တဲ့သူ ဆုံးရှုံးသွားတာ သိပ်ကို နှမြောစရာပဲ၊ သိပ်ကို နှမြောစရာပဲ...”
“ဟေး ..ဟို”
ရာစုမှုးရှုံးက မျက်ခုံးပင့်လိုက်တယ် “လျူအို (အဖိုးလျူ)၊ မင်းရဲ့ မျက်လုံးထဲက အမူအရာ တော်တော်လေး သဘောကျနေပုံရတယ်နော် စိတ်ဝင်စားသွားပြီလား”
“ငါ ဒီကလေးအတွက် နည်းနည်း စိတ်မကောင်း ဖြစ်မိတယ်”
ရာစုမှူး လျူက ပစ်ခတ်လေ့ကျင့်တဲ့ကွင်းဘက်ကို ကြည့်လိုက်တယ် “ဒီလိုလုပ်မယ် ငါ နောက်မှ သခင်လေးကို မေးကြည့်မယ် ဒီကလေးက သူ့ကို ဘာလုပ်လို့ စော်ကားခဲ့လဲဆိုတာကို အလေးအနက် မဟုတ်ဘူးဆိုရင် ငါ ကြားဝင်ပြီး ကူညီပေးပါ့မယ်”
“သဘောတူတယ် ပြီးတော့ မင်းတို့ ငါနဲ့ အပြိုင်အဆိုင် မလုပ်ရဘူး”
“ငါ အဲဒီလောက် အားမနေပါဘူး”
ရာစုမှုးရှုံးက ဘယ်ဘက်ကို လှည့်ပြီး “မင်းကရော၊ ဖက်တီးဝမ်”
“ငါ ဝမ်ကျီက တပ်စခန်းရှစ်ခုမှာ တကယ့် ပါရမီရှင်တွေကို မြင်ခဲ့ပြီးပြီ၊ ဒီလို ပစ္စည်းမျိုးကို ငါ သဘောကျပါ့မလား”
ဝမ်ကျီက မထီမဲ့မြင် ပယ်ချလိုက်တယ် “မြန်မြန်သွားကြစို့၊ မြို့ကို သွားပြီး အလုပ်ပြီးအောင် လုပ်၊ ပြီးရင် ဒီည အရက်သောက်ပြီး ပြည့်တန်ဆာရုံ သွားရအောင်”
...
“ဘုန်း—”
ပစ်ခတ်လေ့ကျင့်တဲ့ကွင်းမှာ။
ချန်ဆန်းရှီက တစ်ယောက်တည်းပဲ မိုးလင်းကနေ ညနေအထိ လေ့ကျင့်နေခဲ့တယ်။
အချိန်ကုန်သက်သာအောင် ညစာတောင် မစားတော့ဘဲ ကျူးထုံကို အသားနဲ့ အခြောက်အခြောက်စာ တစ်ချို့ ပို့ခိုင်းလိုက်တယ်။
သူ့ရဲ့ စွမ်းအင်တွေ ကုန်ခမ်းနေပြီ။
နှစ်ပိသာလေးက အလွန်အမင်း လေးလံလာတယ်။
ချန်ဆန်းရှီက သူ့လက်တွေကို ဖြည်းဖြည်းချင်း မြှောက်ပြီး တုန်ယင်နေတဲ့ လက်ချောင်းတွေနဲ့ လေးကြိုးကို ချိတ်လိုက်ကာ သူ့ရဲ့ အစွမ်းကုန်နဲ့ နောက်ထပ် မြားတစ်စင်းကို ပစ်လွှတ်လိုက်တယ်။
“ဘုန်း—”
တစ်ဖန် မြားက ပစ်မှတ်ကို ထိုးဖောက်သွားပြန်တယ်။
တစ်ချိန်တည်းမှာဘဲစနစ်မျက်နှာပြင် က ပြန်ပေါ်လာတယ်။
[ကျွမ်းကျင်မှု- မြားပစ်ပညာ (အသေးစားအောင်မြင်မူ့အဆင့်)]
[တိုးတက်မှု- (၀/၁၀၀၀)]
[စွမ်းဆောင်ရည်- မျောက်လက်မောင်း(လက်မောင်းများကမျောက်ဝံကဲ့သို့ ကြံ့ခိုင်သန်စွမ်းသည်)၊ ပျားကဲ့သို့ခါး(သွယ်လျသောခါး)၊ အံ့ဖွယ် ခန္ဓာကိုယ်
တစ်သက်တစ်ရှိုက်အတွင်း သုံးချက်ပစ်ခတ်နိုင်ခြင်း၊ ခြေလှမ်းတစ်ရာအတွင်းပစ်ခတ်နိုင်ခြင်း]