အခန်း (၂၁)
Vol. 2 Ch. 21
“ဖက်တီးဝမ်လား”
ရာစုမှူး လျူနဲ့ ရာစုမှူး ရှုံးတို့ နောက်ပြန်လှည့်ကြည့်လိုက်ကြတယ်။
ဝမ်ကျီက သူတို့ မသိလိုက်ခင်မှာပဲ ချန်ဆန်းရှီရဲ့ ဘေးနားကို တိတ်တဆိတ် လျှောက်သွားပြီး ဖော်ရွေတဲ့ အပြုံးနဲ့ သူ့ကို ကိုယ်တိုင် မြေပြင်ကနေ ထူပေးလိုက်တယ်။
“ဒီ ဝမ်က”
ရာစုမှူး လျူက ဖက်တီးကို လက်ညိုးထိုးပြီး “မင်း ကိုယ်တိုင် ဒီကောင်လေးရဲ့ အရည်အချင်းတွေကို အထင်သေးတယ်လို့ ပြောခဲ့တာ မဟုတ်ဘူးလား”
“ဟုတ်တယ်” ရာစုမှူး ရှုံးက ထပ်ဆင့်ပြောတယ်၊“မင်းက အရှက်အမဲ့ဆုံးပဲလို့ ငါ ထင်တယ်”
“ညီအစ်ကို နှစ်ယောက်လုံး အထင်မှားနေပြီ၊ ဒါက အရည်အချင်းနဲ့ ဘာဆိုင်လို့လဲ”
ဝမ်ကျီက ခေါင်းခါပြီး “ငါ ဝမ်က သစ္စာရှိမှုနဲ့ ယုံကြည်မှုကို အမြဲတန်ဖိုးထားတယ် ပိုက်ဆံ ယူထားပြီးမှ စိတ်ရင်းအမှန်နဲ့ ဘယ်လို မသင်ပေးဘဲ နေနိုင်မှာလဲ”
“ကောင်တယ် ကောင်းတယ်”
ရာစုမှူး လျူ ဒေါသထွက်လွန်းလို့ သူ့ဓားအိမ်လက်ကိုင်ကို မသိစိတ်နဲ့ ဖိထားလိုက်မိတယ် “ဝမ်ဝမ်၊ မင်းလည်း ငါနဲ့ ပြိုင်ချင်တာလား ဆန်းရှီ မင်း သေသေချာချာ စဉ်းစားသင့်တယ် ဒီ ဝမ်က ပစ္စည်းဥစ္စာကို အသက်ထက် မြတ်နိုးတာ ငါက မင်းကို တစ်ပြားမှ မယူဘဲ သင်ပေးနိုင်တယ်”
“ငါနဲ့ လိုက်ခဲ့”
တစ်စက္ကန့်မှ မပြောတော့ဘဲ ဝမ်ကျီက ချန်ဆန်းရှီကို ဆွဲခေါ်ပြီး ထွက်ပြေးသွားကာအသက်ရှူချိန် အနည်းငယ်အတွင်းမှာပဲ သူတို့နှစ်ယောက် ပျောက်
ကွယ်သွားခဲ့သည်
“ဝမ်၊ ငါ ဘယ်တော့မှ မင်းရဲ့ ရဲဘော် မလုပ်တော့ဘူး”
ရာစုမှူး ရှုံးနဲ့ သူ့အဖော်က မြေပြင်က ဖုန်မှုန့်တွေ ကျန်နေတာကိုသာ ကြည့်ပြီး ဘာမှမတတ်နိုင်ဘဲကျိန်ဆဲနေယုံသာတတ်နိုင်တော့တယ်
ချန်ဆန်းရှီ နှေးကွေးစွာ တုံ့ပြန်မိလိုက်တယ်။
လျစ်လျူရှုခံရရာကနေ စပြီး ရူးမူးစွာ ရှာဖွေခံရတဲ့ အထိ။
သူ့ကို နောက်ကွယ်ကနေ ဆန့်ကျင်နေသူတွေကအခြေအနေနဲ့ အာဏာ အကြွင်းမဲ့ မရှိပုံရဘူး မဟုတ်ရင် သူ့ရဲ့အခြေအနေကို ပြောင်းပြန်လှန်ဖို့ အခွင့်အရေး ပေးမှာ မဟုတ်ဘူး။
ဘယ် ရာစုမှူးကို ဆရာအဖြစ် ရွေးချယ်ရမလဲဆိုတဲ့ ကိစ္စကတော့
သူ့မှာ ရွေးချယ်စရာ ရှိလို့လား?
ရာစုမှူး ဝမ်က အရမ်းအားကောင်းလွန်းလို့ သူ့လက်မောင်းကို မကျိုးယုံတမယ်ဆွဲထုတ်သွားသလို ဖြစ်နေခဲ့တယ်။
သူတို့နှစ်ယောက် စစ်စခန်းဝင်ပေါက်ကို ရောက်မှသာ ရပ်တန့်ခဲ့ကြသည်။
ရာစုမှူး ဝမ်က လက်ကို လွှတ်လိုက်ပြီး “ကျောက်စိမ်းလေး၊ ငါနဲ့ လိုက်ခဲ့”
သူတို့ တဲထဲကို ဝင်ရောက်လိုက်တဲ့ အခိုက်အတန့်မှာ
ဝမ်ကျီက ရုတ်တရက် လှည့်ပြီး ချန်ရဲ့ ပခုံးပေါ်ကို လက်နဲ့ ဖိလိုက်တယ်။
ချန်ဆန်းရှီက အတွင်းစိတ်နဲ့ ရှောင်ချင်ပေမယ့် အဲဒီလက်က လက်ငါးချောင်းတောင်လိုပဲ မလွတ်နိုင်ဘဲ သူ့ပခုံးပေါ်ကို လေးလေးပင်ပင် ဖိချလိုက်ပြီး သူ့အရိုးတွေမှာ ပြင်းထန်တဲ့ နာကျင်မှုကို ဖြစ်စေတယ်။
ချန်ရဲ့ ခန္ဓာကိုယ်ကို ကျယ်ကျယ်ပြန့်ပြန့် စမ်းသပ်ပြီးနောက်မှ ဝမ်ကျီက ကျေနပ်စွာ ခေါင်းညိတ်လိုက်တယ်၊ “မျောက်လက်မောင်းနဲ့ ပျားခါး၊ ဒါပေမယ့် အရေးအကြီးဆုံးက ခိုင်မာတဲ့ အခြေခံအရိုး တကယ်ကို ကောင်းမွန်တဲ့ အုတ်မြစ်ပဲ”
“မျောက်လက်မောင်းနဲ့ ပျားခါး…”
ချန်ဆန်းရှီခေါင်းညိတ်လိုက်တယ်။
“သိုင်းပညာမှာ ပါရမီက အရေးကြီးဆုံးပဲ ပြီးရင် အခြေခံအရိုးပဲ။”
ဝမ်ကျီက စားပွဲခုံရှေ့မှာ ခန့်ခန့်ညားညား ထိုင်ပြီး ရှင်းပြတယ်၊ “ပါရမီကိုတော့ ငါ ရှင်းပြစရာ မလိုဘူး ထင်တယ်နော်”
“အခြေခံအရိုးနဲ့ ပတ်သက်ရင်တော့ သိုင်းပညာ လေ့ကျင့်သူတွေကပထမဆုံးအနေနဲ့ ကြီးမားတဲ့ ညှဉ်းပန်းနှိပ်စက်မှုကို ခံနိုင်ရည်ရှိရမယ် သူတို့ရဲ့ အရိုးတွေက ခိုင်မာဖို့ လိုအပ်တယ် ဒါ့အပြင် အမျိုးမျိုးသော အခြေခံအရိုး အမျိုးအစားတွေကလည်း မတူညီတဲ့ အထူးပြု ကျွမ်းကျင်မှုတွေကို ပြသနေတယ်။”
“ဥပမာ မြားပစ်သမားတွေလိုပဲ သူတို့က များသောအားဖြင့် အရပ်ရှည်ပြီး လက်မောင်းရှည်ဖို့ လိုအပ်တယ် ဒါမှ လေးကို အပြည့်အဝ ဆွဲနိုင်မှာ ဒါကြောင့် မင်း မြားပစ်တာ ထူးချွန်တာပေါ့”
“မျောက်လက်မောင်းနဲ့ ပျားခါး ခိုင်မာတဲ့ အရိုးတွေနဲ့ ပေါင်းစပ်ထားရင် အကောင်းဆုံး အခြေခံအရိုးလို့ သတ်မှတ်နိုင်တယ်”
ချန်ဆန်းရှီခေါင်းညိတ်လိုက်တယ် “ရာစုမှူး ဝမ်ရဲ့ ညွှန်ကြားချက်အတွက် ကျေးဇူးတင်ပါတယ်”
“မင်း ရင်ထဲမှာ ငါ့အပေါ် မကျေနပ်မှုတွေ ရှိနေတယ် မဟုတ်လား?”
ဝမ်ကျီရဲ့ မျက်လုံးသေးသေးလေးတွေ တောက်ပသွားပြီး “ငါက ပိုက်ဆံယူပြီး မင်းကို မသင်ပေးဘူးလို့ မင်း ထင်နေတာပေါ့”
ချန်ဆန်းရှီရိုးသားစွာ ပြောလိုက်တယ် “ကျွန်တော် မဝံ့ရဲပါဘူး”
“မဝံ့ရဲဘူးဆိုတာ မရှိဘူးလို့ မဆိုလိုပါဘူး”
“ကောင်းပြီ၊ စိတ်မကောင်း မဖြစ်ပါနဲ့ ရာစုမှူး လျူနဲ့ ရာစုမှူး ရှုံးတို့က မင်းကို ဒါမျိုး ပေးနိုင်မှာ မဟုတ်ဘူး”
သူ ပြောရင်းနဲ့ ဝမ်ကျီက သူ့ဝတ်ရုံထဲက စာအုပ်ငယ်လေးတစ်ခုကို ထုတ်ပြီး စားပွဲပေါ်ကို ပစ်ချလိုက်တယ်
စာအုပ်ငယ်ရဲ့ မျက်နှာပြင်ပေါ်မှာ ရင်းနှီးတဲ့ "စစ်တပ်အခြေခံ လှံပညာ ” ဆိုတဲ့ စကားလုံးတွေ ပါနေတယ်။
ချန်ရဲ့ အံ့အားသင့်နေတဲ့ အမူအရာကို မြင်တဲ့အခါ သူ နောက်ထပ် စစ်တပ်အခြေခံ လှံပညာ စာအုပ်ငယ်ကို ထုတ်လိုက်တယ် “ဒီနှစ်အုပ်ကို နှိုင်းယှဉ်ကြည့်၊ ဒီစာအုပ်နှစ်အုပ်မှာ ဘာကွာခြားချက်တွေ ရှိလဲ ကြည့်လိုက်”
ချန်ဆန်းရှီက ပြောတဲ့အတိုင်း လုပ်လိုက်တယ်
စာအုပ်ငယ် နှစ်အုပ်လုံးက ပြည့်စုံတဲ့ စစ်တပ်အခြေခံ လှံပညာ ဖြစ်ပြီး မြင်းပုံစံလေ့ကျင့်မှု၊ လှံပညာနဲ့ အသက်ရှူနည်းပညာတွေ ပါဝင်တယ်
စာသားတွေကနေတဆင့် အသက်ရှူနည်းပညာရဲ့ အရေးပါပုံကို သူ သိရှိခဲ့တယ်
အသက်ရှူနည်းပညာ မပါဘဲနဲ့ ပိုပြီး ညှဉ်းပန်းနှိပ်စက်မှုကို ခံနိုင်ရည်ရှိပြီး ဖြည်းဖြည်းချင်း လေ့ကျင့်တာက လှံပညာကို လုံးဝ ကျွမ်းကျင်စေနိုင်ပေမယ့်၊ ချီသွေး ကို စုစည်းဖို့ လုံးဝ မဖြစ်နိုင်ဘူး
စာအုပ်ငယ်နှစ်အုပ်ရဲ့ အကြောင်းအရာ၊ မြင်းပုံစံလေ့ကျင့်မှုနဲ့ လှံပညာနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေက အတိအကျ အတူတူပဲ။
ဒါပေမယ့် အသက်ရှူနည်းပညာမှာတော့ ကွဲပြားတဲ့ ကဏ္ဍများစွာ ရှိနေတယ်။
ပထမ အမျိုးအစား အသက်ရှူနည်းပညာက အဓိကအားဖြင့် အထောက်အကူပြုတယ်။
မြင်းပုံစံလေ့ကျင့်မှုနဲ့ လှံပညာက ခန္ဓာကိုယ်ကို အရမ်း ထိခိုက်စေတယ်၊ ဒါကြောင့် အထူး အသက်ရှူနည်းကို ချောဆီအဖြစ် အသုံးပြုပြီး လေ့ကျင့်မှုရဲ့ နာကျင်မှုကို လျှော့ချကာ၊ လေ့ကျင့်မှု အရှိန်ကို နည်းနည်း မြှင့်တင်ပေးတယ်။
ဒုတိယ အမျိုးအစားကို ဟောက်ရန် အသက်ရှူနည်းပညာ လို့ ခေါ်တယ်။
ဒီအမျိုးအစား အသက်ရှူနည်းပညာက လေ့ကျင့်နေစဉ်အတွင်း အကာအကွယ် ဘာမှ မပေးဘူး ပထမအမျိုးအစားထက်လည်း မမြန်ဘူး၊ ဒါပေမယ့် လေ့ကျင့်ထားတဲ့ ချီသွေးက ပထမအမျိုးအစားထက် ပိုကောင်းလိမ့်မယ်လို့ ဆိုကြတယ်။
ဘယ်လို ပိုကောင်းလဲဆိုတာကိုတော့ သူ မသိဘူး။
ဖက်တီးဝမ်က မြေပဲတွေကို အခွံခွာပြီး စားရင်း ရှင်းပြတယ် “ငါ မင်းကို ပေးတဲ့ အသက်ရှူနည်းပညာကနေ လေ့ကျင့်ထားတဲ့ ချီသွေးက ပိုပြီး ခံနိုင်ရည်ရှိမယ်၊ ပိုပြီး ခိုင်မာမယ်၊ ပြီးတော့ ပိုပြီး အားကောင်းမယ်၊ ငါ့လိုမျိုးပေါ့”
“တခြား အသက်ရှူနည်းပညာကတော့ မြန်ပေမယ့် ခံနိုင်ရည်လည်း မရှိဘူးပြန်လည် ကောင်းမွန်နိုင်စွမ်းလည်း မရှိဘူးရာစုမှူး ရှုံးလိုမျိုးပဲ”
“ငါ ဘာကို ဆိုလိုချင်တယ်ဆိုတာ မင်း နားလည်မယ် ထင်ပါတယ်နော် နားမလည်ရင်လည်း ကိစ္စမရှိပါဘူး ချီသွေးကို လေ့ကျင့်ပြီးတာနဲ့ မင်း ကိုယ်တိုင် လက်တွေ့ ခံစားရလိမ့်မယ်”
ချန်ဆန်းရှီစဉ်းစားပြီး “ရာစုမှူး ဝမ် ကျေးဇူးပြုပြီး ရှင်းပြပေးပါဦးဘာကြောင့် တူညီတဲ့ လေ့ကျင့်ရေး နည်းပညာမှာ မတူညီတဲ့ အသက်ရှူနည်းပညာ နှစ်မျိုး ရှိနေရတာလဲ”
“ဖြတ်တောက်ထားတဲ့ ဗားရှင်းပေါ့”
ဝမ်ဝမ်က ပြောတယ် “ဟောက်ရန် အသက်ရှူနည်းပညာက ပိုကောင်းတယ် ဒါပေမယ့် လူတိုင်းအတွက်တော့ မဟုတ်ဘူး အခြေခံအရိုးက အလုံအလောက် မခိုင်မာရင် လူကို ပျက်စီးစေနိုင်တယ် ပါရမီက မလုံလောက်ရင် တိုးတက်မှု အရှိန်ကို အကြီးအကျယ် နှေးကွေးစေလိမ့်မယ် ဒါ့အပြင် ဒီပစ္စည်းက ငွေကြေးအရ အရမ်းကို ကုန်ကျစရိတ်များတယ် များသောအားဖြင့် တပ်စခန်းရှစ်ခုမှာသာ သင်ကြားပေးတယ်”
“ရွေးချယ်စရာ နှစ်ခုလုံးရဲ့ အားသာချက် အားနည်းချက်တွေကို ငါ မင်းကို ပြောပြပြီးပြီ ဘယ်ဟာကို သင်ယူမလဲဆိုတာ မင်း ဆုံးဖြတ်ရမှာပဲ”
တပ်စခန်းရှစ်ခုက လေ့ကျင့်ရေး နည်းပညာလား?
ချန်ဆန်းရှီက ဝမ်ကို ကြည့်လိုက်ပြီး လေ့ကျင့်ရေး နည်းပညာကို ကြည့်လိုက်တယ်
“မင်း ငါ့ကို အထင်သေးနေတာလား”
ဝမ်က မျက်လုံးပြူးပြီး စိုက်ကြည့်တယ် “ငါ အခု ရာစုမှူးတစ်
ယောက်ဆိုတာကို မကြည့်နဲ့ ငါလည်း တစ်ချိန်က တပ်စခန်းရှစ်ခုက လူတစ်ယောက် ဖြစ်ခဲ့ဖူးတယ်”
“ရာစုမှူး ဝမ်၊ ခင်ဗျား အရမ်းကို ထိလွယ်ရှလွယ် ဖြစ်နေပါပြီ ကျွန်တော် အဲလို ရည်ရွယ်တာ မဟုတ်ပါဘူး”
ချန်ဆန်းရှီက အမြန်ဆုံး ဆုံးဖြတ်ချက် ချလိုက်တယ် “ကျွန်တော် ဟောက်
ရန် အသက်ရှူနည်းပညာကို လေ့ကျင့်ပါ့မယ်”
“တော်တဲ့ကောင်လေး၊ ငါ မင်းအပေါ် အထင်မမှားဘူးဆိုတာ ငါ သိတယ်”
ဝမ်ကျီက သူ့လက်ထဲက အမှုန်အမွှားတွေကို ခါချလိုက်ပြီး လက်အောက်ငယ်သားတစ်ယောက်ကို အပြင်ကနေ မေဟွာသံလှံတစ်ချောင်း ယူလာခိုင်းပြီး လက်တွေ့ သင်ကြားပေးဖို့ စတင်လိုက်တယ်
“ပုံမှန်အနေထား ပုံစံ၊ လှံကို ကိုင်၊ အသက်ရှူ သုံးမျိုးလုံး ပေါင်းစပ်ပါ”
“အသက်ပြင်းပြင်း ရှူသွင်းပါ ဘယ်လိုပဲ အသက်ကို အောင့်ထား အဆုတ်ထဲမှာ တိုက်ရိုက် မအောင့်ထားပါနဲ့ စိတ်ကူးကြည့်ပါ ဒီအသက်က မင်းရဲ့ ခန္ဓာကိုယ်ထဲမှာ သိုလှောင်ထားတဲ့ ‘စွမ်းအား’ ဘဲဒီ ‘စွမ်းအား’ ကို မင်းရဲ့ လှုပ်ရှားမှုတိုင်းနဲ့အတူ အသုံးပြုပါ”
“အဲဒါ အသက်ရှူပုံ မဟုတ်ဘူးအဲဒါက ပုံမှန် အသက်ရှူတာဟောက်ရန် နည်းပညာက မကွာခြားဘူးလို့ မင်း ထင်နေတာလား”
“မင်း ဒီ ‘စွမ်းအား’ ကို မင်းရဲ့ အပ်စိုက်မှတ်နေရာတွေကို လှုံ့ဆော်ဖို့ အသုံးပြုရမယ်”
“ဟုတ်တယ်၊ ဟုတ်တယ်၊ အဲဒါပဲ”
“ရှူး—"
လျှို့ဝှက်လက်စွဲ က အသက်ရှူခြင်း ညွှန်ကြားချက်များနဲ့ ရာစုမှူး ဝမ်ရဲ့ ရှင်းပြချက်တွေနဲ့အတူ ချန်ဆန်းရှီအကြိမ်အနည်းငယ် ကြိုးစားပြီးနောက် ဟောက်ရန် အသက်ရှူနည်းပညာကို မှန်ကန်စွာ အသုံးပြုတတ်သွားတယ်
သူ့ရဲ့ လှုပ်ရှားမှုတိုင်းက “ချီ” နဲ့ ပေါင်းစပ်ထားပြီး အဲဒါက “စွမ်းအား ” အဖြစ် ပြောင်းလဲသွားကာ သူ့ရဲ့ အပ်စိုက်မှတ်နေရာတွေနဲ့ အရိုးတွေကို ပိုပြီးတောင် လှုံ့ဆော်ပေးတယ်။
မူလကမြင်းပုံစံလေ့ကျင့်မှုနဲ့ လှံပညာ နှစ်ထပ်ဆင့် ဖြစ်ခဲ့တာကနေရုတ်တရက် သုံးထပ်ဆင့် ဖြစ်သွားခဲ့တယ်။
မသက်မသာ ဖြစ်မှုကြောင့် ချန်ဆန်းရှီ အန်ချင်သလိုတောင် ဖြစ်သွားခဲ့တယ်။
တစ်ချိန်တည်းမှာပဲ သူ့ရှေ့မှာ မျက်နှာပြင်တစ်ခု ပေါ်လာတယ်။
[ကျွမ်းကျင်မူ့- စစ်တပ်အခြေခံ လှံပညာ (အစမပြုရသေး)]
[တိုးတက်မှု- (၈/၁၀၀)]
[စွမ်းဆောင်ရည်- လောလောဆယ် မရှိသေး]
“ဟတ်-ဟတ်—”
စက္ကန့်အနည်းငယ်အတွင်းမှာပဲ ချန်ဆန်းရှီအားနည်းသွားပြီး လဲကျလုနီးပါး ဖြစ်သွားတယ်
“တော်ပြီ”
ဝမ်ကျီက ရပ်တန့်ခိုင်းလိုက်တယ် “ဒီနေ့အတွက် ဒီမှာ ရပ်ရအောင် မင်း တစ်ညလုံး လှံပညာကို လေ့ကျင့်ခဲ့တာ သံမဏိခန္ဓာကိုယ်တောင်မှ သူ့ရဲ့ ကန့်သတ်ချက် ရှိတယ် မင်း ခန္ဓာကိုယ်ကို မထိခိုက်စေနဲ့”
“အထူးသဖြင့် အစားအသောက် မင်း နေ့စဉ် အသား ငါးပေါင်လောက် အနည်းဆုံး စားရမယ် တောအသားက ကောင်းတယ် သားရဲအသားကပိုကောင်းတယ် ဒါပေမဲ့ထူးဆန်းတဲ့ သားရဲအသား ဆိုရင် အကောင်းဆုံးပဲ”
“မင်း အခြေခံ လှံပညာကို အခြေခံအဆင့်ကို ရောက်တာနဲ့ သွေး သန့်စင်ခြင်းအဆင့်ကို ရောက်လိမ့်မယ် တကယ့်သိုင်းပညာရှင်တစ်ဦး ဖြစ်လာလိမ့်မယ်”
“အဲဒီအချိန် ရောက်ရင် အရှင် ထောင်စုမှူးကို ရှာဖို့ ငါ မင်းကို ကူညီပေးမယ်”
“တင်ယွမ် သိုင်းပညာကျောင်းတော်နဲ့ ပတ်သက်တဲ့ ကိစ္စအတွက်၊ မင်း သခင်လေး လျိုကျန်းနဲ့ ရန်ငြိုးရန်စ ရှိဖူးလား”
“တင်ယွမ် သိုင်းပညာကျောင်းတော်လား”
ချန်ဆန်းရှိီအတွက် ရှင်းလင်းသွားပြီးနောက် သူက “ကျွန်တော် လျိုမိသားစုနဲ့ ရန်ငြိုးရန်စ လုံးဝ မရှိပါဘူး” လို့ ပြောတယ်။
“ဪ”
ဝမ်ကျီက အံ့သြပုံရပြီး သူ့မေးစေ့ကို ပွတ်သပ်လိုက်တယ် သူ့မျက်လုံးတွေမှာ အတွေးတွေ လင်းလက်နေတယ် သူ ဘာတွေးနေမှန်း မသိဘူး “ငါ နားလည်ပါပြီမင်း သွားနားလိုက်တော့"