← Chapters

အခန်း (၁၃)

Vol. 2 Ch. 13

အခန်း (၁၃)

Vol. 2 Ch. 13

“ဒီ အခြေခံ ကျွမ်းကျင်မှု စာအုပ်ကို မင်း ပြန်ရောက်ရင် သေချာ ကြည့်ပါပြီးတော့ ကြိုတင် ကျက်မှတ်ထားနိုင်ရင် အကောင်းဆုံးပဲ ဒါက အကဲဖြတ်

ခြင်းမှာ အထောက်အကူ ပြုလိမ့်မယ်” ဟု ရွှီဘင် က အလေးပေး ပြောပြီးနောက် ထွက်သွားရန် ပြင်ဆင်ရင်း သူရဲ့လက်ကို ခါးရှိ ဓား ပေါ်တွင် တင်

လိုက်သည်

အဖိုးရှောင်က ရယ်မော လိုက်ပြီး “ဘင်၊ မင်း ဘာလို့ ရှင်းလေး ကို ကြိုတင် သင်ခန်းစာ အနည်းငယ် မပေးတာလဲ ဒါမှ သူ ပိုပြီး ပြင်ဆင် နိုင်မှာပေါ့”

ရွှီဘင် ၏ မျက်ခုံး သည် အနည်းငယ်ကြုတ် သွားသည်ချန်ဆန်းရှီကို တစ်

ချက် ကြည့် လိုက်ပြီး အေးစက်စွာပြောလိုက်တယ် “ကျွန်တော့်မှာ ကိစ္စတွေရှိသေးတယ်”

“မင်း ဒီကောင်လေး ငါတို့အားလုံးက တရွာတည်းကပဲလေကူညီပေးတာ ဘာများ ဖြစ်မှာမို့လို့လဲ”

အဖိုးရှောင်က သူ၏ သားကို လက်ညှိုးထိုးပြီး ဆူပူရန် ပြင်သည်

“ဦးလေးရှောင်အစ်ကို ဘင်မှာ စစ်ဘက်ဆိုင်ရာ တာဝန်တွေ ရှိမှာ သေချာပါတယ် သူ့ကို ဒုက္ခပေးစရာ မလိုပါဘူး”

ချန်ဆန်းရှီ ကောင်းကောင်း သိ သည်

သူနှင့် ရွှီဘင် သည် လုံးဝ မရင်းနှီးကြပေအကြံဉာဏ် အနည်းငယ်ရရှိခြင်းသည်ပင် အတော်ပင် ရက်ရော နေပေပြီသူဘယ်လိုလုပ် ထပ်ပြီး တောင်းဆိုရဲမှာလဲ

“ဟွန့်..”

ပိုယန်ခရိုင် သို့ ပြန်လာသော မြည်းလှည်း ပေါ်တွင် အဖိုးရှောင်က မကျေမနပ်ပြောသည် “ရှင်းလေး ငါ့ရဲ့ မိုက်မဲတဲ့ သားလို မဖြစ်စေနဲ့အလံငယ်လေး ဖြစ်တာနဲ့ သူ့ကိုယ်သူ ခေါင်းဆောင်ကြီးလို့ ထင်ပြီး လူတွေကို အမြဲ အထင်သေးနေတယ်

“သူ မပြောရင် ငါ ပြောမယ်

“ကိုယ်ခံပညာရဲ့ ပထမ သုံးဆင့်ကတော့ သွေးသန့်စင်ခြင်းအဆင့် အရိုးဖွဲ့စည်းခြင်းအဆင့် နဲ့ အတွင်းအားသန့်စင်ခြင်းတို့ ဖြစ်တယ်။

“သွေးသန့်စင်ခြင်းမှာ အသေးစားအောင်မြင်မှု ရရင် အလံငယ်အဖြစ်ဖို့အရည်အချင်း ပြည့်မီတယ် ကြီးမားသောအောင်မြင်မှု့ ရရင် အလံမှုး၊ အရိုးဖွဲ့စည်းခြင်းအဆင့်က ရာစုမှုး ရာထူးအတွက် အရည်အချင်း ပြည့်မီပြီး အတွင်းအားသန့်စင်ခြင်းအဆင့် က ထောင်စုမှူးအတွက် အရည်အချင်း ပြည့်မီတယ်”

“ဟုတ်ပါတယ် ဒါတွေက ရာထူး နဲ့ အဆင့် တွေကို ခန့်မှန်းခြေအားဖြင့် ကိုက်ညီ ခြင်းသာ ဖြစ်တယ်အမှန်တကယ် အခြေအနေ က ပိုပြီး ရှုပ်ထွေး နိုင်ပါတယ်”

ယိုင်နဲ့နဲ့ မြည်းလှည်းခရီးသွားနေစဉ် ချန်ဆန်းရှီက စိတ်ဝင်စားစွာမေးသည်“အစ်ကို ဘင်က အစောပိုင်းက စစ်ဘက်ဆိုင်ရာ စစ်သားနဲ့ တပ်သား ဆိုတာ ဘာကို ဆိုလိုတာလဲ”

အဖိုးရှောင်က စိတ်ရှည်စွာရှင်းပြသည်

“ဂိုဏ်း ပဲဖြစ်ဖြစ် ကိုယ်ခံပညာခန်းမ ပဲဖြစ်ဖြစ် တပည့်တွေအတွက် လိုအပ်တဲ့ အရည်အချင်း တွေ ရှိတယ်၊ စစ်တပ်ကလည်း ခြွင်းချက် မဟုတ်ဘူး

“ယေဘူယျအားဖြင့် စစ်တပ်ထဲ ဝင်ပြီးတဲ့အခါ အကဲဖြတ်ခြင်းတစ်ခု ရှိတယ်“အကဲဖြတ်ခြင်း အောင်ရင် ‘စစ်ဘက်ဆိုင်ရာ စစ်သား ’ ဖြစ်နိုင်တယ်၊ မအောင်ရင်တော့ ‘တပ်သား’ သာ ဖြစ်နိုင်တယ်

“စစ်ဘက်ဆိုင်ရာ စစ်သားကကိုယ်ခံပညာကို ဆက်လက် လေ့ကျင့်နိုင်တယ်၊ အရင်းအမြစ်တွေ ရရှိပြီး စစ်ဘက်ဆိုင်ရာ တိုးမြှင့်မှုအတွက် အရည်အချင်းကို ထိန်းသိမ်းထားတယ်

“တပ်သားကတော့ အရည်အချင်း ကန့်သတ်ချက်ကြောင့် ကိုယ်ခံပညာကို မလေ့ကျင့် နိုင်ဘူး၊ သူတို့က တိုက်ပွဲပုံစံတွေမှာ စုပေါင်း လေ့ကျင့်ကြပြီး ရာထူးတိုးဖို့ အရည်အချင်းမရှိဘူး။

“လေးသမား မြင်းစီးတပ်သားတွေက တပ်သား အမျိုးအစားတွေ ဖြစ်ကြပေမဲ့ အနည်းငယ် ပိုကောင်းတဲ့ ဆက်ဆံမှု ရရှိတယ်”

“ဟဲ ဟဲ ငါကိုယ်တိုင်ကပါရမီ မကောင်းဘူး ငါက တပ်သားတစ်ယောက်ပဲ”

ချန်ဆန်းရှီက အတွေးများစွာဖြင့် ခေါင်းညိတ်ပြီး အဓိပ္ပာယ် ကို နားလည်သွားသည်

စစ်ဘက်ဆိုင်ရာ စစ်သား၏ အနေအထား သည် သူ၏ အတိတ်ဘဝမှ စစ်တက္ကသိုလ်မှ တက္ကသိုလ် ဘွဲ့ရ တစ်ဦး၏ အခြေအနေနှင့် ဆင်တူသည်၊ အထက်သို့ တက်လှမ်းနိုင်ခြေရှိသည်၊ သို့သော် တပ်သားကတော့ စစ်သားကြီးသာ ဖြစ်နေနိုင်သည်။

“ငါ သိသမျှ အားလုံးပြောပြပြီးပြီ”

အဖိုးရှောင်က အနည်းငယ် စိတ်မသက်မသာ ပြောသည်“ကျင့်စဉ် နည်းစနစ်တွေအတွက်ကတော့ ငါ ငယ်ငယ်တုန်းက သေချာ မကျွမ်းကျင်ခဲ့ဘူး လူငယ် မျိုးဆက်ကို လမ်းလွဲစေတာထက်စာရင် မင်း ပြန်ရောက်တဲ့အခါ ဂရုတစိုက် လေ့လာသင့်တယ်”

ပိုယန်ခရိုင်မြို့အပြင်ဘက်တွင် နှစ်ဦးသား လမ်းခွဲ ခဲ့ကြသည်။

ချန်ဆန်းရှီက တိတ်ဆိတ်စွာ စဉ်းစားနေသည်

'ငါ စစ်ဘက်ဆိုင်ရာ စစ်သား ဖြစ်ကို ဖြစ်ရမယ်၊ မဟုတ်ရင် ငါ့ရဲ့ စစ်တပ်ထဲ ဝင်ခြင်းက အလဟသဖြစ်သွားလိမ့်မယ်'

'ပြီးတော့ ငါ့ရဲ့ ကိုယ်ခံပညာအရည်အချင်းက ဘယ်လိုရှိလဲလို့ တွေးမိတယ်'

အိမ်ပြန် ရောက်တော့ ညစာကို ပြင်ဆင်ပြီးနေပြီ

မိသားစု၏ အခြေအနေက တိုးတက်လာသောကြောင့် သူတို့သည် အခြေခံအားဖြင့် ထမင်းဖြူ ဆားဘဲဥပြီးတော့ မကြာခဏဆိုသလို အသားနဲ့ အစားအစာကို စားသုံးကြသည်။

ဂူရှင်းလန်သည် အမျိုးသမီး အလုပ်သမားအဖြစ် အပြင်သို့ အလုပ်လုပ်ရန် မသွား တော့ဘဲ ယခုအခါ အိမ်တွင် အိမ်ရှင်မအဖြစ် ဆောင်ရွက်သည်။

ညစာ စားပွဲတွင် သူမက “အစ်ကိုရှီ မစ္စတာချင်ပျောက်ကွယ်သွားတာကို ရှင် သိလား"

“သူ့ရဲ့ ညီလေးက မကြာသေးခင်က သူ့ကိုအရူးအမူးရှာဖွေနေတယ်"

“အရင်က သူ့နဲ့ ပဋိပက္ခရှိခဲ့ဖူးတဲ့ ကျောက်ဆန်း ကလမ်းပေါ်မှာ လက်

တစ်ဖက် ဖြတ်ခံရတယ် သွေးတွေ နေရာအနှံ့ ဖိတ်စင်ပြီးကြောက်စရာ ကောင်းတယ်လို့ ပြောကြတယ်”

ကျောက်ဆန်း ကလည်း နာမည်ဆိုးရှိတဲ့ လူမိုက်တစ်ယောက်ဖြစ်ပေမယ့် သူတို့ ဧရိယာ မှာ လှုပ်ရှား တာတော့ မဟုတ်ဘူး

“ကံကောင်းတာက ရွာထဲက လူတွေက ကျွန်မတို့ ချင်းမိသားစုနဲ့ ပြန်လည် သင့်မြတ်ပြီးပြီဆိုတာ သိကြတယ် မဟုတ်ရင် သူတို့ တံခါးလာခေါက် မှာ သေချာတယ်”

လူမြင်ကွင်း မှာ လက်တစ်ဖက် ဖြတ်ခံရ တာလား

ကိုယ်ခံပညာခန်းမ တပည့်တွေကတကယ်ပဲ မာနကြီးတယ်

ကံကောင်းစွာဖြင့် ချန်ဆန်းရှီတွင် ယခုအခါ စစ်ဘက်ဆိုင်ရာမိသားစု၏ ကိုယ်ပိုင်လက္ခဏာ ရှိနေပြီ ချင်ရှုံး ၏ အစ်ကိုက သူ့ကို သံသယဝင်လျှင်ပင် လူမြင်ကွင်းတွင် အကြမ်းဖက်ရန် မရဲ ပါ၊ အများဆုံး ဖုံးကွယ် ပြီး တိုက်ခိုက် လိမ့်မည်

သို့သော် သူရဲ့အားသာချက်များ ကို လျင်မြန်စွာ မြှင့်တင် ရန်လည်း လိုအပ်သည်။

ညစာ စားပြီးနောက် ချန်ဆန်းရှီသည် မစောင့်နိုင် တော့ဘဲ အိမ်နောက်ဘက်ရှိ နေရာလွတ်သို့ သွားပြီး လရောင်အောက်တွင် “စစ်သားအခြေခံ လှံ နည်းစနစ် ” ကို လေ့လာရန် စတင်ခဲ့သည်

လှံ နည်းစနစ် ဟု ခေါ်သော်လည်း အတွင်းရှိ အကြောင်းအရာသည် လက်နက်များနှင့် လုံးဝ မသက်ဆိုင်ဘဲ ပုံမှန် အနေအထား လေ့ကျင့်ခန်း အကြောင်းသာ ဖြစ်သည်

စာအုပ်၏ စာမျက်နှာတိုင်းတွင် သက်ဝင်လှုပ်ရှား နေသော ပုံများကို သရုပ်ဖော်ထားပြီး မြင်းပုံစံ ကို ကိုယ်စားပြုသည်၊ ၎င်းအောက်

တွင် သေးငယ်သော စာသားများအနည်းငယ်က ကြိုတင်ကာကွယ်မှုများ နှင့် ကျင့်စဉ် အတွေ့အကြုံများကို အသေးစိတ် ဖော်ပြထားသည်။

သူရဲ့ဓာတ်ပုံမှတ်ဉာဏ်သည် နောက်ဆုံးတွင် အသုံးဝင် လာသည်၊ ဆယ့်ငါးမိနစ် ခန့်သာ အချိန်ပေးရုံဖြင့် ပုံမှန် မြင်းပုံစံသုံးဆယ့်ခြောက်ခုကို ခိုင်မြဲစွာ မှတ်မိ ခဲ့ပြီး လေ့ကျင့် ရန် စတင်ခဲ့သည်

ချန်ဆန်းရှီက စာအုပ်ထဲရှိ ပုံများအတိုင်းလိုက်နာပြီး သူရဲ့ခြေချောင်းများ ကို ရှေ့သို့ သဘာဝအတိုင်း ထောက်လိုက်သည် ရင်ဘတ်ကို အတွင်းသို့ ခွက် ပြီး ကျော ကို ဆွဲတင် လိုက်သည်၊ ပခုံးကို နိမ့်ကျထားပြီး တံတောင်ဆစ်များ ကို လွတ်လပ်စွာ တွဲ လိုက်သည်၊ သူရဲ့ခေါင်းထိပ် သည် တစ်ခုခုကို ထောက်ကူထားသကဲ့သို့ ဖိနှိပ်ထားပြီး ပုံစံ၏ စံကို ထိန်းထားသည်

လှုပ်ရှားမှုများ သည် ရိုးရှင်း သကဲ့သို့ ထင်ရသော်လည်း သူ တကယ် လေ့ကျင့်သောအခါ ၎င်းတို့ကမျက်နှာပြင် ပေါ်တွင် မြင်ရသည့်အတိုင်း မဟုတ်ကြောင်း သူ သဘောပေါက် လာသည်

ပုံဖော်ထားသော လှုပ်ရှားမှုများကို လိုက်နာပြီး အသက်ရှူခြင်း အနည်းငယ် အကြာတွင် ချန်ဆန်းရှီကသူရဲ့ခန္ဓာကိုယ်ပြောင်းလဲ နေသည်ကို ခံစားလိုက်ရသည်

သူရဲ့ခြေဖဝါး ကစပြီး ခြေသလုံး သို့ ထို့နောက် သူရဲ့ကိုယ်ခန္ဓာ နဲ့လက်မောင်း ခန္ဓာကိုယ်တစ်ခုလုံးသည် ပူနွေး လာသည် ၎င်းသည် ပုံမှန် အနေအထား လေ့ကျင့်ခန်း ကိုအသက်သွင်းသည့် အရာ တစ်မျိုး ဖြစ်ပြီး လူ့ခန္ဓာကိုယ် အတွင်းရှိ ယန္တရား တစ်ခုကို ဖွင့်လှစ် ပေးသည့်အလား ဖြစ်သည်

ဒီအခြေအနေ တွင် ချန်ဆန်းရှီရဲ့ ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ စွမ်းအင် သည် လျင်မြန်စွာ ကုန်ခန်း သွားပြီး နာရီဝက်အတွင်း သူ ချွေးများ စိုရွှဲသွားသည်

လေးပစ်ခြင်းကို ကျွမ်းကျင်ခြင်းနှင့် သူရဲ့ရုပ်ပိုင်းဆိုင်ရာ အခြေအနေ ကို သိသိသာသာ မြှင့်တင် ထားခြင်းကြောင့် သူသည် ကိုယ်ခံပညာကို တစ်ခါမျှ မလေ့ကျင့် ဖူးသူများထဲတွင် အကောင်းဆုံး အုပ်စုတွင် သေချာပေါက် ပါဝင်သည် သို့တိုင်ပဉ္စမမြောက် ပုံမှန် အနေအထား လေ့ကျင့်ခန်း ကို လေ့ကျင့်ပြီးနောက် ပင်ပန်းနွမ်းနယ်စပြုလာသည်

သူကသွားများ ကို ကြိတ် ကာ မြင်းပုံစံ လေ့ကျင့်ခန်းဆယ်ခု ကို အတိအကျ မကျွမ်းကျင်မချင်း ဇွဲရှိရှိ ဆက်လက် လုပ်ဆောင် ခဲ့သည်နောက်ဆုံးတွင် ဆက်လက် ထိန်းထား နိုင်ခြင်း မရှိတော့ဘဲ မြေပြင်ပေါ်တွင် ထိုင်ချ လိုက်သည်သူရဲ့ မျက်နှာသည် ဖြူဖျော့ သွားသည်

“လေးပစ်ခြင်း ကို ကျွမ်းကျင် ခြင်းကြောင့် ငါ့ရဲ့ ခန္ဓာကိုယ် ကြံ့ခိုင်မှု တိုးတက်လာလို့သာ တော်သေးတယ်၊မဟုတ်ရင် ဆယ်ခုမြောက် ပုံမှန် အနေအထား လေ့ကျင့်ခန်း အထိ ဆက်လက် လုပ်ဆောင် နိုင်မှာ မဟုတ်ဘူး”

“တခြားသူတွေနဲ့ နှိုင်းယှဉ်ရင် ငါ့ရဲ့ အမြန်နှုန်း ဟာ မြန် သလား နှေးသလား ဆိုတာတော့ မသိသေးဘူး”

လေ့ကျင့်မှု ပြီးဆုံးပြီးနောက် ချန်ဆန်းရှီရဲ့ပထမဆုံး ခံစားချက် မှာ ဆာလောင်ခြင်း ဖြစ်သည်၊သူ့ကို မူးဝေစေသည့် ပုံစံမျိုးဖြစ်သည်

“အစ်ကို ရှီကျွန်မ စားစရာအချို့ လုပ်ထားတယ်စားချင်လား”

နူးညံ့သော မိန်းမသံသည် သူ၏ နားထဲသို့ ရောက်လာသည်

ထိုအခါမှ ချန်ဆန်းရှီက ဂူရှင်းလန်သည် အနားမယူ ရသေးဘဲ သူ့ကို အချိန်တိုင်း စောင့်ဆိုင်း နေခဲ့ပြီး ညစာကိုပင် ပြင်ဆင် ထားသည်ကို သဘောပေါက် သွားသည်

အိမ်ထဲသို့ အလျင်အမြန် ဝင်သွားပြီး ဆာလောင်စွာအစားအစာကိုစတင်စားသောက်တော့သည်ပေါင်မုန့်ဖြူ ငါးလိပ် ဝက်ဆီ နဲ့ရောထားတဲ့ ထမင်းတစ်

ပန်းကန်လုံး ကို စားလိုက်သော်လည်း သူက အနည်းငယ် မကျေနပ်သကဲ့သို့ ခံစားနေရသည်

ကိုယ်ခံပညာ လေ့ကျင့်ခြင်းကစွမ်းအင် များစွာ သုံးစွဲသည်မှာ သေချာသည်

စားပြီးနောက် ချန်ဆန်းရှီကအစ်မလန် ပန်းကန်များကို သိမ်းနေသည်ကို ကြည့်နေစဉ် ချစ်ချင်စိတ်အနည်းငယ်မျှ ပင် မခံစားရတော့ဘဲ သန့်စင်သော

ပင်ပန်းနွမ်းနယ်မှု သာ ခံစားရသည်

အသား စားရန် လိုအပ် သည်ဟု ခံစားရသည်

သူ၏ မိသားစု အခြေအနေ သည် တိုးတက် လာသော်လည်း အစားအစာ တိုင်းတွင် အသား စားရန် ကြွယ်ဝမှု မရှိသေးပေ

ငါ့ကိုယ်ငါ ပိုပြီး ရက်ရောဖို့ လိုအပ်ပုံရတယ်၊ ငွေစုဆောင်း တာကိုပဲ အာရုံစိုက်နေလို့ မရဘူး

ပင်ပန်းနွမ်းနယ်နေသော ချန်ဆန်းရှီသည် ကုတင် ပေါ်တွင် လဲလျောင်းနေစဉ် အစ်မ လန်က သူ့ရဲ့ခန္ဓာကိုယ် ကို နှိပ်နယ် ပေးပြီး အနားယူ စေသည်၊ ထို့နောက်မကြာမီ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော် သွားသည်

နောက်တစ်နေ့ မနက်သူတို့ အိပ်ရာ မှ မထရသေးမီ ချင်ဖုန်း သည် သူ၏ အစ်ကို ကို ရှာရန် မနက်စောစော ကတည်းက ရွာသို့ ရောက်လာကြောင်း သူတို့ ကြားလိုက်ရသည်အရင်ကထက် ပိုပြီး စိတ်တို နေပြီးသိသာစွာ အတော်လေး စိုးရိမ် နေသည်

ချန်ဆန်းရှီကဂရုမစိုက် ဘဲ နံနက်စာစားပြီးနောက် စစ်စခန်းသို့ အစီရင်ခံရန် သွားလိုက်သည်

“ငါ့ အစ်ကို ဘယ်မှာလဲ”

ချင်ဖုန်း ကသူရဲ့အစ်ကို၏ ကွပ်ကဲမှု့အောက်တွင် အရင်က အလုပ်လုပ်ခဲ့ဖူးသော ဒေသခံ လူမိုက်များ အားလုံးကို စုရုံး ခဲ့ပြီး တစ်ဦးချင်းစီမေးခွန်းထုတ်ခဲ့သည်

“အစ်ကို၊ ကျွန်တော်တို့ တကယ်ပဲ မသိဘူး”

မျက်နှာချွန်သော လူမိုက် တစ်ဦးက ပြောသည် “ကျွန်တော်တို့ ခေါင်းဆောင်ကို လွန်ခဲ့တဲ့၇ညကနောက်ဆုံးမြင်ခဲ့တာ

“ညစာ စားပြီးသူက ခရိုင်မြို့ ကို ပျော်ရွှင်စရာ တစ်ခုခု လုပ်ဖို့ သွားမယ်လို့ ပြောပြီး ကျွန်တော်တို့ကို ခေါ်မသွားဘူး ပြီးတော့ ကျွန်တော်တို့ သူ့ကို ထပ် မမြင် ရတော့ဘူး…”

နောက်ထပ် လူမိုက် တစ်ဦးက သတိထား ပြီး ပြောသည် “အစ်ကို အဲဒီညက ခရိုင်မှူးလုပ်ကြံခံရ တဲ့ အတိအကျ အချိန်ပဲ လူရိုင်းတွေ လက်ချက်ဖြစ်နိုင်မလား…”

“မဖြစ်နိုင်ဘူး”

ချင်ဖုန်း က အသေချာပြောသည် “ဒီခရီးစဉ်မှာ ပါလာတဲ့ လူရိုင်းတွေ ကအရပ်သားတွေ ကို လျောက်မသတ် ခဲ့ဘူး"

သူ စကားမှား သွားကြောင်း သူ သဘောပေါက်သွားသည် ခဏ ရပ်နား ပြီးနောက် သူ့ရဲ့စကားကို ပြင်ပြီး “ငါ ဆိုလိုတာက လူသတ်တာက ခြေရာခံဖို့ပိုလွယ်စေလိမ့်မယ်”

“အစ်ကို”

လူမိုက်များသည် အကူအညီမဲ့ ပုံပေါ်သည်“ကျွန်တော်တို့ ကျောက်ဆန်း ကိုတောင် မေးမြန်း ခဲ့တယ် ဒါပေမဲ့ သူ့အပြင် ကျွန်တော်တို့ ခေါင်းဆောင်ကို ထိခိုက်စေဖို့ ရဲတဲ့သူ ဘယ်သူ့ကိုမှ တကယ် မတွေးနိုင်ဘူး”

ချင်ရှုံး မှာ ရန်သူများစွာ ရှိခဲ့သည်

သို့သော် သူတို့သည် အများအားဖြင့် မုဆိုးမများနှင့် မိဘမဲ့များကဲ့သို့သော အားနည်းသူများ သာ ဖြစ်သည် မည်သူက သူ့ကို ရန်စ ရဲမှာလဲ

“ကျွန်တော် လူတစ်ယောက် ကိုတော့ သိတယ်”

ပိန်ညှပ်သော လူမိုက် က ထပြောလိုက်တယ် “ချန်မိသားစုက ပညာရှင် ကအရင်က ခေါင်းဆောင်နဲ့ အငြင်းပွားမှု အချို့ ရှိခဲ့ဖူးတယ်”

“ချန်မိသားစု ”

“ဟုတ်တယ် ယန်ဘင်းရွာ က အမဲလိုက်ရာမှာအကောင်းဆုံး ကောင်လေးလေ”

All Chapters