← Chapters

အမြုတေဖွဲ့စည်းခြင်းအဆင့် ၃ယောက်နဲ့ လင်းယွင်ဂိုဏ်း

Vol. 6 Ch. 69

အမြုတေဖွဲ့စည်းခြင်းအဆင့် ၃ယောက်နဲ့ လင်းယွင်ဂိုဏ်း

Vol. 6 Ch. 69

ကျန်းယီမင်က ပြုံးလိုက်သည်။ အစီအရင်ထဲက ဂိုဏ်းအမည်မသိရတဲ့ တပည့်သုံးဦးကနေ ထွက်ပေါ်နေတဲ့ အရှိန်အဝါများသည် အမြုတေဖွဲ့စည်းခြင်းအဆင့်တွင်သာ ရှိနေကြတယ်ဆိုပေမယ့် သူတို့သုံးဦးလုံးက ပေါင်းစပ်ကျင့်စဉ်တစ်ခုခုကို လေ့ကျင့်ထားကြောင်း သိသာထင်ရှားနေသည်။ ထို့ကြောင့် သူတို့သုံးယောက် ပေါင်းပြီးတိုက်ခိုက်တဲ့အခါ သူတို့ရဲ့ အရှိန်အဝါများ ချိတ်ဆက်သွားပြီး အပြင်လူများအမြင်တွင် သူတို့ရဲ့ကျင့်ကြံမှုအဆင့်များပါ မြင့်တက်လာသလိုလိုပါ ထင်စေနိုင်သည်။ ထိုကဲ့သို့သော လှည့်ကွက်သေးသေးမွှားမွှားလေးများသည် ကျန်းယီမင်ရဲ့ မျက်လုံးများကို ရှောင်လွှဲနိုင်မည် မဟုတ်ပေ။ ရှင်းပြချက်ကို ကြားလိုက်ရတဲ့အခါ သူ့တပည့်များက သဘောပေါက်သွားကြသည်။

"ဒါဆိုရင် ဆရာပြောတာက သူတို့ ၃ယောက်ထဲမှာ တစ်ယောက်ပဲ အမြုတေဖွဲ့စည်းခြင်းအဆင့်ရှိတာပေါ့"

"ဟုတ်တယ်"

ကျန်းယီမင်က ခေါင်းညိတ်လိုက်သည်။ ပြိုင်ဘက် ၃ ယောက်ထဲတွင်တစ်ယောက်ထဲသာ အမြုတေဖွဲ့စည်းခြင်းအဆင့်မှာ ရှိသည်။ ကျန်နှစ်ယောက်မှာ ခွန်အားမဆိုးလှဘူးဆိုပေမယ့် အဆင့်ကထင်သလောက် မမြင့်နေပေ။ သူ့တပည့်များက လင်းယွင်ဂိုဏ်းရဲ့ ကျင့်စဉ်များအပြင် စိမ်းမြကြာပန်းဖန်တီးခြင်းကျင့်စဉ်ရဲ့ အကူအညီများပါ ရှိကြသည်။ ထို့ကြောင့် လက်တွေ့တိုက်ပွဲတွင် သူတို့က တိုက်ခိုက်ရေးမှာ နိမ့်ကျချင်မှ နိမ့်ကျပေလိမ့်မည်။ ထိုအချက်ကြောင့် ကျန်းယီမင်က စိန်ခေါ်မှုကိုလက်ခံရန် ရှန့်ကွမ်းချင်ယန်ကို ရှေ့တက်ခိုင်းဖို့ ဆုံးဖြတ်လိုက်ရသည့် အကြောင်းရင်းတစ်ခုလည်း ဖြစ်သည်။

"ဘယ်လိုလဲ။ တုန်းမီက ဂိုဏ်းထဲဝင်တာ သိပ်မကြာသေးဘူး။ မင်းက ဂိုဏ်းတူအစ်ကိုဆိုတော့ သူ့ကို အေးဆေးအရင် အနားပေးထားလိုက်ပါလား"

ဆရာက သူ့ကိုဘယ်တော့မှ ဒုက္ခမပေးဘူးဆိုတာ ရှန့်ကွမ်းချင်ယန် သိသည်။ သူ့ဆရာက ပြောလာမှတော့ သူ့မှာငြင်းစရာ အကြောင်းမရှိပေ။

"ပြဿနာမရှိဘူး ဆရာ။ စိတ်မပူပါနဲ့၊ ကျွန်တော် ဆရာ စိတ်ပျက်အောင်လုပ်မှာ မဟုတ်ပါဘူး"

ကျန်းယီမင် ခေါင်းညိတ်လိုက်သည်။ တုန်းမီသည် အနည်းငယ် ဇဝေဇဝါဖြစ်နေသော်လည်း ထိုင်လိုက်ပြီး အစီအရင်ထဲက အခြေအနေကို တိတ်တဆိတ် စောင့်ကြည့်နေလိုက်သည်။ စင်အောက်မှ ပရိသတ်များကလည်း အားတက်သရောနဲ့ ဆွေးနွေးနေကြသည်။

"ဟေ... လင်းယွင်ဂိုဏ်းက ဘာဖြစ်သွားတာလဲ။ ငါ မှတ်မိတာ မမှားဘူးဆိုရင် အဲ့ဒီ၃ယောက်က ယင်ရှန် ခန်းမက တပည့်တွေ မဟုတ်ဘူးလား"

"ဟုတ်တယ်... ယင်ညီအစ်ကိုတွေပဲ"

"တစ်ယောက်ချင်းစီ တိုက်ခိုက်ကြမယ်ဆိုရင် လင်းယွင်ဂိုဏ်းမှာ အခွင့်အရေး ရှိကောင်းရှိနိုင်ပေမဲ့၊ သူတို့ ၃ယောက် ပေါင်းတိုက်ကြမယ်ဆိုရင်တော့... ကျွတ်... ကျွတ်... ကျွတ်..."

"ဟုတ်တယ်... သူတို့ ၃ ယောက်စလုံးက အမြုတေဖွဲ့စည်းခြင်းအဆင့်ကို ရောက်နေကြပြီလို့ ပြောကြတယ်။ ၃ ယောက်ပေါင်းလိုက်ရင် အခြေတည်စိတ်ဝိညာဥ်အဆင့်ကျင့်ကြံသူကိုတောင် အလွယ်တကူ အနိုင်ယူနိုင်တယ်တဲ့... သတင်းတွေအရတော့"

လူတိုင်းက အပြင်းအထန်ဆွေးနွေးနေကြစဉ် လင်းယွင်ဂိုဏ်းကနေ စိန်ခေါ်မှုကိုလက်ခံရန် စေလွှတ်လိုက်တဲ့ တပည့်များကို သူတို့မြင်လိုက်ရသည်။

'အမြုတေဖွဲ့စည်းခြင်းအဆင့် ပြိုင်ဘက် ၃ ယောက်ကို ရင်ဆိုင်ဖို့အတွက် လင်းယွင်ဂိုဏ်းက အုတ်မြစ်အခြေတည်ထောင်ခြင်းအဆင့် ကျင့်ကြံသူ ၂ ယောက်ကို တကယ်ကြီး လွှတ်လိုက်တာလား။ အဲ့ဒါအပြင် သူတို့ထဲကတစ်ယောက်က အုတ်မြစ်အခြေတည်ထောင်ခြင်းအဆင့်ကို အခုမှရောက်ခါစပဲ ရှိသေးပုံရတယ်ဟ။'

ယင်ညီအစ်ကိုတွေကလည်း တဖက်လူရဲ့ ကျင့်ကြံမှုအဆင့်ကို အာရုံခံမိလိုက်ကြသည်။ ခေါင်းဆောင်ဖြစ်တဲ့သူက လက်သီးဆုပ်အရိုအသေပြုရင်း "ကျွန်တော်တို့က သိုင်းပညာမှာ မကျွမ်းကျင်ဘူးဆိုပေမဲ့ ကျွန်တော်မြင်ရသလောက်ဆိုရင် ခင်ဗျားတို့ရဲ့ ကျင့်ကြံမှုက ကျွန်တော်တို့ထက် နိမ့်နေသလိုပဲ။ တကယ်လို့ ကျွန်တော်တို့တိုက်ခိုက်ကြမယ်ဆိုရင် အားနည်းသူကို အနိုင်ကျင့်ပါတယ်ဆိုတဲ့ နာမည်ထွက်သွားပြီး သူများတွေရဲ့လှောင်ပြောင်စရာ ဖြစ်သွားမှာကို စိုးရိမ်မိပါတယ်"ဟု ပြောလိုက်သည်။

စင်အောက်က ပရိသတ်များသည်လည်း လင်းယွင်ဂိုဏ်းတပည့်များရဲ့ ကျင့်ကြံမှုအဆင့်ကို အာရုံခံမိသွားကြသည်။

"မဖြစ်နိုင်တာ။ လင်းယွင်ဂိုဏ်းက ဒီလောက်ပဲလား"

"တကယ်လို့ သူတို့ဆီမှာအမြုတေဖွဲ့စည်းခြင်းအဆင့် တပည့်တွေ ရှိနေသေးရင် အကုန်လုံးကို ထုတ်သုံးသင့်တယ်မဟုတ်ဘူးလား"

"သူတို့တွေ အကြံကုန်သွားပြီနဲ့ တူပါတယ်"

စင်အောက်မှ ပရိသတ်များရဲ့ တီးတိုးပြောဆိုသံများကို ကြားလိုက်ရတဲ့အခါ စင်ပေါ်ကိုအခုမှ ရောက်လာတဲ့ ယဲ့ယွမ်ဖန်နှင့် ရှန့်ကွမ်းချင်ယန်တို့က တစ်ယောက်မျက်နှာတစ်ယောက် ကြည့်မိလိုက်ကြသည်။

သူတို့ ပြိုင်တူ အေးစက်စွာ ရယ်မောလိုက်ပြီး "ငါတို့အတွက် စိတ်မပူခင် မင်းတို့သာကိုယ့်ကိုယ်ကိုယ် အရင်ဂရုစိုက်ပါ" ဟု ပြောလိုက်သည်။

"ဒါဆိုရင်လည်း ကျွန်တော်တို့ကို အနိုင်ပေးလိုက်တဲ့အတွက် ကျေးဇူးပါပဲဗျာ"

ထိုသို့ပြောပြီးသည်နှင့် ယင်ညီအစ်ကိုများက သူတို့ရပ်နေတဲ့နေရာများကို ရုတ်တရက်တပြိုင်နက်ထထဲ ပြောင်းလဲလိုက်ကြပြီး လင်းယွင်ဂိုဏ်းတပည့်တေ့ရဲ့ လမ်းကြောင်းများကို ထောင့်သုံးခုကနေ ပိတ်ဆို့လိုက်ကြသည်။

"တိုတောင်းသောဘဝမိုဝမ်အစီအရင်"

ယှဉ်ပြိုင်ပွဲ စတင်တာနှင့် ယင်ညီအစ်ကိုများက အစီအရင်တစ်ခုကို ပူးပေါင်းတည်ဆောက်လိုက်ပြီး လင်းယွင်ဂိုဏ်းတပည့်များကို တိုက်ရိုက် ချုပ်နှောင်လိုက်ကြသည်။ သူတို့ခင်းကျင်းလိုက်တဲ့ အစီအရင်ရဲ့ ဘေးပတ်လည်ကနေ တိုက်ပွဲအရှိန်အဝါများ ရုတ်တရက်မြင့်တက်လာပြီး အရပ်မျက်နှာ ၃ ခုကနေ ဖိနှိပ်လာခဲ့သည်။ ရေ၊ မီး နှင့် သစ်သားဟူသော ဓာတ်ကြီး ၃ ပါးရဲ့ စိတ်ဝိညာဉ်စွမ်းအင်များသည် သူတို့ခန္ဓာကိုယ်ကနေ ပေါက်ထွက်လာလိုက်သည်။ ထိုဓာတ်ကြီး ၃ ပါးက တစ်ခုနှင့်တစ်ခု အပြန်အလှန် ဖြည့်စွက်ပေးနိုင်ပြီး ဆန့်ကျင်ဘက်အနေနဲ့လည်း ပြောင်းလဲလို့ရတာမလို့ တိုက်စစ်ရောခံစစ်ပါ ပြုလုပ်နိုင်စွမ်းရှိသည်။

"ကောင်းကင်လောင်ကျွမ်းမီးတောက်"

"ပင်လယ်ဝင်လှိုင်းတံပိုး"

"သစ်ဆွေးတုံးပြန်လည်ရှင်သန်ခြင်း"

"အင်း... ဒီညီအစ်ကို ၃ယောက်က ပေါင်းစပ်ကျင့်စဉ်ကို လေ့ကျင့်ထားတာ အံ့သြစရာ မဟုတ်ဘူးပဲ။ တကယ်ကို အကောင်းဆုံး ရွေးချယ်မှုတစ်ခုပဲ... သူတို့အတွက်တော့...."

ကျန်းယီမင်ရဲ့ မျက်နှာပေါ်တွင် အံ့သြတဲ့အရိပ်ယောင်များ ဖြတ်သန်းသွားသည်။ ယင်ညီအစ်ကိုများက တြိဂံပုံစံထောင့် ၃ ခုတွင် ရပ်နေပြီး သူတို့ရဲ့ကျင့်စဥ်များကို ထုတ်ဖော်လိုက်ကာ လင်းယွင်ဂိုဏ်းတပည့်များကို သူတို့အစီအရင်ထဲမှာ ပိတ်လှောင်ထားလိုက်ကြသည်။

ပထမဦးစွာ သစ်ဆွေးတုံးများက လေထဲကနေ ရုတ်တရက်ထွက်လာပြီး လှောင်အိမ်တစ်ခုအဖြစ် ဖွဲ့စည်းလိုက်သည်။ ထို့နောက် ရေငွေ့များက လှောင်အိမ်ကို လွှမ်းခြုံလိုက်ပြီး လှောင်အိမ်ကြီးက ပိုပိုပြီးကြီးလာခဲ့သည်။ သူတို့ရဲ့ နောက်ဆုံးတိုက်ကွက်မှာ အလွန်ပူပြင်းတဲ့ မီးတောက်များနဲ့ သစ်သားလှောင်အိမ်ကို မီးရှို့တိုက်ခိုက်လိိုက်ပြီး အထဲထဲက လင်းယွင်ဂိုဏ်းတပည့်များကို သေသွားသည်အထိ ပိတ်လှောင်ထားရန် ဖြစ်သည်။

စင်အောက်က လူအုပ်ကြီးသည် အံ့သြတကြီး ထိတ်လန့်သွားကြသည်။ ယင်ညီအစ်ကိုများရဲ့ပူးပေါင်းတိုက်ခိုက်မှုသည် နာမည်နှင့်လိုက်ဖက်အောင် ကောင်းမွန်လွန်းလှသည်။ တိုက်ပွဲကို ကြည့်နေတဲ့ ကျန်းယီမင်နှင့် တုန်းမီတို့ရဲ့ မျက်လုံးများတွင်ပင် လေးစားအားကျမှုများ ထွက်ပေါ်လာသည်။

"သူတို့ ၃ ယောက်သာပေါင်းပြီး ပြိုင်ဘက်ကို ပိတ်လှောင်တိုက်ခိုက်မယ်ဆိိုရင် အခြေတည်စိတ်ဝိညာဥ်အဆင့်ကျင့်ကြံသူကိုတောင် ယှဉ်နိုင်လောက်တယ်"

ပြင်းထန်လွန်းတဲ့ မီးတောက်များက သစ်သားလှောင်အိမ်ကို ထိခါနီးအချိန်တွင် ငွေရောင်လှံတစ်ချောင်းက ထိုဝိုင်းရံပိတ်ဆို့မှုကို ဖောက်ထွက်လာခဲ့သည်။

'ရှန့်ကွမ်းချင်ယန်လား....။'

"အဆုံးမဲ့ကျင်းယုလှံကျင့်စဉ်..."

ယင်ညီအစ်ကိုများ ထိတ်လန့်သွားကြသည်။

'ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။'

သူတို့ ပူးပေါင်းဝိုင်းရံတိုက်ခိုက်တာကို အခြေတည်စိတ်ဝိညာဥ်အဆင့် ကျင့်ကြံရှင်တစ်ယောက်တောင် တစ်ချက်တည်းနဲ့ အလွယ်တကူ မဖျက်ဆီးနိုင်ခဲ့ဘူး၊ ဒီလို လွယ်လွယ်ကူကူနဲ့ ဖောက်ထွက်နိုင်ဖို့ဆိုတာ ထင်သလောက်မလွယ်ကူပေ။ သို့သော် အုတ်မြစ်အခြေတည်ထောင်ခြင်းအဆင့်မှာပဲ ရှိသေးတဲ့ လင်းယွင်ဂိုဏ်းတပည့်တစ်ယောက်က ဒီလိုမျိုးအလွယ်လေးနဲ့ သူတို့အစီအရင်ကို ချိုးဖောက်နိုင်ခဲ့သည်။

မီးတောက်များကို ထိန်းချုပ်တဲ့သူက အချိန်မဆွဲရဲတော့ပေ။ စိတ်ဝိညာဉ်စွမ်းအင်တွေကို အပြည့်အဝမစုစည်းရသေးပေမယ့် သူကအခုချက်ချင်းပဲ တန်းပြီး လင်းယွင်ဂိုဏ်းတပည့်တွေနဲ့ အရှိန်နဲ့ ပစ်လွှတ်လိုက်သည်။ သူက မန္တန်အချို့ရေရွတ်လိုက်ရာ လေထဲတွင်ဝဲပျံနေတဲ့ မီးတောက်များက ချက်ချင်း စုစည်းသွားပြီး သစ်သားလှောင်အိမ်ပေါ်ကို ဦးတည်ပြီးရောက်သွားလိုက်သည်။

ထိုကဲ့လိုအရေးကြီးတဲ့ အခိုက်အတန့်တွင် လူတစ်ယောက်က ကျိုးပဲ့နေတဲ့ အစီအရင်ထဲကနေ ခုန်ထွက်လာလိုက်ပြီး မီးတောက်ထိန်းချုပ်တဲ့သူဆီကို တည့်တည့်ဝင်ပြီး တိုက်ခိုက်လိုက်သည်။

"ယဲ့ယွမ်ဖန်...."

လွင့်မျောတိမ်တိုက်ကျိုးပဲ့လဓါးကျင့်စဥ်နဲ့ သူက လေပြေလေညင်းကဲ့သို့ ငြင်သာနေပြီး လျှပ်စီးကဲ့သို့ လျင်မြန်နေသည်။ လူတွေ သတိမထားမိခင်မှာပင် ဖီးနစ်ငှက်အော်သံတစ်သံက ကောင်းကင်ယံအနှံ့တွင် ပဲ့တင်ထပ်သွားသည်။ ထိုအသံနှင့်အတူ ခမ်းနားထည်ဝါတဲ့ စိတ်ဝိညာဉ်စွမ်းအင်များက လှောင်အိမ်ထဲကနေ ပြန့်ကျဲထွက်လာခဲ့သည်။ သူတို့တွေကိ ပိတ်လှောင်ထားဖို့ ရည်ရွယ်ထားတဲ့ မီးလှောင်အိမ်ကြီူသည် ချက်ချင်းပျက်စီးသွားခဲ့သည်။

မီးတောက်နှစ်ခုက အားပြိုင်နေကြပြီး အနိုင်အရှုံး မပေါ်ကြသေးပေ။ ထိုအချိန်တွင် ယဲ့ယွမ်ဖန်သည် မီးတောက်ထိန်းချုပ်တဲ့သူရဲ့ရှေ့ကို ရောက်သွားလိုက်သည်။ ယင်ညီအစ်ကို ၃ယောက်ထဲမှ ထိုတပည့်သည် အနီးကပ်တိုက်ကွက်ကို ထိပ်တိုက်ရင်ဆိုင်လို့ မရတဲ့ တာဝေးတိုက်ခိုက်သူတစ်ယောက်ဖြစ်သည်။ သူတို့တွေက အမြုတေဖွဲ့စည်းခြင်းအဆင့်ကို မရောက်သေးမှန်း သိသာနေပေမယ့် လင်းယွင်ဂိုဏ်းကတပည့်များရဲ့ခွန်အားကို လူတိုင်းမျက်ဝါးထင်ထင် တွေ့မြင်လိုက်ကြသည်။

ယင်ညီအစ်ကိုများက သူတို့ကျင့်စဥ်အစီအရင် ခင်းကျင်းထားတာကို ချက်ချင်း ရပ်လိုက်ကြပြီး အကာအကွယ်အတားအဆီးတစ်ခု ခပ်မြန်မြန် ဖန်တီးကာ သူတို့ရှေ့ကနေ ကာကွယ်ထားလိုက်ကြသည်။ သူတို့ရဲ့ ပူးပေါင်းတိုက်ခိုက်မှုအစီအရင် သည် နောက်ဆုံးတော့ ချိတ်ဆက်မှုပြတ်တောက်သွားသဖြင့် ဖီးနစ်ငှက်အရှိန်အဝါရှိတဲ့ ဟွမ်ချောင်ယုကို ဆက်လက်မယှဉ်ပြိုင်နိုင်ကြတော့ပေ။

"ဘုန်း...."

သစ်သား၊ မီး နှင့် ရေစိတ်ဝိညာဉ်စွမ်းအင် ၃ ခုစလုံးကို ဖီးနစ်မီးတောက်က ဝါးမြိုလိုက်သည်။ လေ့ကျင့်ရေးကွင်းပြင်တွင် ဖုန်မှုန့်များနှင့် ရေငွေ့များသာ ကျန်ရစ်တော့သည်။

"သိပ်ကောင်းတယ်"

အစီအရင်ထဲက မီးခိုးများနှင့် ရေငွေ့များက တဖြေးဖြေး ပျောက်ကွယ်သွားလိုက်သည်။

"လှလိုက်တာ" ကျန်းယီမင်လည်း စိတ်ထဲကနေ တိတ်တဆိတ်အားပေးလိုက်သည်။ သူတို့ဒီအကြပ်အတည်းကနေ ဘယ်လိုလွတ်မြောက်မလဲဆိုတာ သူစဉ်းစားနေတုန်းမှာပဲ သူ့တပည့်တွေက နားလည်မှုရှိရှိနဲ့ ပူးပေါင်းဆောင်ရွက်လိုက်ပြီး အကြပ်အတည်းကို ဖြေရှင်းလိုက်ကြသည်။ ယင်ညီအစ်ကိုများရဲ့ တြိဂံပုံစံ ဝိုင်းရံပိတ်ဆို့မှုလည်း ပျက်စီးသွားခဲ့ရသည်။

ထို့ကြောင့် သူတို့ ၃ ယောက် အတူတူပြန်စုစည်းပြီး တန်ပြန်တိုက်ခိုက်ရမည့်နည်းလမ်းကို စဉ်းစားရတော့သည်။ ဒါပေမယ့် ခနကတိုက်ပွဲမှာ သူတို့တွေအနေနဲ့ အစွမ်းကုန်ထုတ်သုံးပြီး တိုက်ခိုက်ခဲ့တာမဟုတ်ပေ။ သူတို့တွေအတွက် အမြုတေဖွဲ့စည်းခြင်းအဆင့်တစ်ယောက်နဲ့ အုတ်မြစ်အခြေတည်ထောင်ခြင်းအဆင့်နှစ်ယောက်ကို ရင်ဆိုင်ဖို့အတွက် သူတို့ကအစွမ်းကုန် မထုတ်သုံးဘဲ တစ်ဖက်ခွန်အားကို စမ်းသပ်လိုက်ခြင်းသာဖြစ်သည်။ လင်းယွင်ဂိုဏ်းမှ ၃ ယောက်လည်း အစီအရင်ထဲတွင် တည်တည်ငြိမ်ငြိမ်နဲ့ ရပ်နေကြသည်။

"ဂိုဏ်းတူညီလေး... မင်းတော်တော် တော်တာပဲ"

ယဲ့ယွမ်ဖန်နှင့် ဟွမ်းချောင်ယုတို့က အံ့သြဝမ်းသာ ဖြစ်နေကြသည်။ ဘာလို့ဆို သူတို့ရဲ့ဂိုဏ်းတူညီလေးက အရင်တုန်းကသွေးကြောတွေ အကုန်ပြတ်တောက်နေခဲ့သောကြောင့်ဖြစ်သည်။ လွန်ခဲ့တဲ့ ရက်အနည်းငယ်က သူတို့ကျင့်ကြံနေတုန်းမှာတောင် သူကခန္ဓာကိုယ်ကိုကုသရတဲ့ ကျင့်စဉ်ကိုပဲ လေ့ကျင့်နေခဲ့ရသည်။ သူတကယ် တိုက်ခိုက်ရေး ကျင့်စဥ်တွေကို ကျင့်ကြံအားထုတ်တာ ရက်ပိုင်းလောက်ပဲ ရှိသေးပေမဲ့ အခုလိုစွမ်းဆောင်ရည်မျိုးကို ပြသနိုင်ခဲ့သည်။

"ဒါက လှည့်ကွက်လေးတစ်ခုပါပဲဗျာ။ ဂိုဏ်းတူအစ်ကိုနဲ့ ဂိုဏ်းတူအမတို့... စိတ်အာရုံမပျံ့လိုက်နဲ့ဦး။ အရေးကြီးတဲ့ကိစ္စတွေကို မပျက်စီးစေနဲ့နော်"

ရှန့်ကွမ်းချင်ယန်က အနည်းငယ်ရှက်ကိုးရှက်ကန်းဟန်ဖြင့် ခပ်တိုးတိုးလေး ပြောလိုက်သည်။

All Chapters