← Chapters

တုန်းမီရဲ့ လျှို့ဝှက်တာဝန်

Vol. 6 Ch. 72

တုန်းမီရဲ့ လျှို့ဝှက်တာဝန်

Vol. 6 Ch. 72

ကျန်းယီမင်က ရုတ်တရက် စကားလမ်းကြောင်းပြောင်းလိုက်ပြီး လူသတ်အငွေ့အသက်များပါဝင်နေသည့် လေသံဖြင့်ဆက်ပြောလိုက်သည်။

"ငါက အဆင့်သုံးအင်အားစုဖြစ်တဲ့ ဟောက်ယွင်ဂိုဏ်းကိုတောင် ချေမှုန်းနိုင်ခဲ့တာ၊ အဆင့်လေးဂိုဏ်းလောက်လေးကို ဘာကြောက်စရာရှိလို့လဲ..."

ထိုစကားကိုကြားလိုက်တော့ တပည့်တချို့မှာ တုန်လှုပ်သွားကြသည်။

"တကယ်လို့ ကျန်းလေ့ဂိုဏ်းကသာ ဒီကိစ္စကိုလက်မလျှော့ဘူးဆိုရင် ငါကိုယ်တိုင်လှုပ်ရှားရုံပဲရှိတော့တာပေါ့..."

"ဆရာ၊ ဆရာသာခွင့်ပြုမယ်ဆိုရင် ဆရာကိုယ်တိုင် လှုပ်ရှားစရာတောင် မလိုပါဘူး။ ကျွန်တော်တို့တွေ သွားပြီး ရှင်းလိုက်ပါ့မယ်။" ဂူလင်းဖေးက ရုတ်တရက် မတ်တတ်ထရပ်လိုက်သည်။

ရုတ်တရက်ထရပ်လိုက်သဖြင့် သူ့ဒဏ်ရာများက ပြန်နာသွားပြီး ရက်စက်တဲ့စကားလုံးများကို ပြောဆိုနေသော်လည်း နာကျင်မှုကိုဖုံးကွယ်ရန်အတွက် မျက်နှာက သူ့မျက်နှာကရှုံ့မဲ့နေသည်။ ဂူလင်းဖေးရဲ့ ရယ်စရာကောင်းတဲ့ပုံစံကို မြင်လိုက်ရသောအခါ တခြားတပည့်များမှာ မရယ်ဘဲ မနေနိုင်ကြတော့ပေ။

"ဟေး... ဟေး... မင်းတို့ဘာရယ်နေကြတာလဲ။ စီနီယာအစ်ကိုတစ်ယောက်ကို မလေးစားကြတော့တာလား..."

"စီနီယာအစ်ကိုကြီးရေ... အစ်ကို ကျွန်တော်တို့ကို မသင်ပေးခင် ကိုယ့်ခန္ဓာကိုယ်ကဒဏ်ရာတွေကို အရင်ပျောက်အောင် ကုလိုက်ပါဦးဗျာ..."

လင်းယွင်ဂိုဏ်းအတွင်း ရယ်မောသံများ ပျံ့လွင့်သွားသည်။ ညဉ့်နက်နေပြီဖြစ်တာမလို့ တပည့်များလည်း တိတ်ဆိတ်စွာ အိပ်ပျော်နေကြပြီဖြစ်သည်။ ကျန်းယီမင်တစ်ယောက်တည်းသာ လေ့ကျင့်ရေးကွင်းပြင်တွင် ထိုင်လျက်ကောင်းကင်နှင့်မြေကြီးမှ စိတ်ဝိညာဉ်စွမ်းအားများကို စုပ်ယူနေသည်။

ဘာကြောင့်မှန်းမသိသော်လည်း အဘိုးလင်းရဲ့ ရုပ်ကြွင်းထဲမှ ကျန်နေခဲ့တဲ့ စိတ်ဝိညာဉ်စွမ်းအားများကို စုပ်ယူပြီးတဲ့နောက် သူ့အင်အားကရုတ်တရက် တိုးတက်လာပေမယ့်လည်း အခြေတည်စိတ်ဝိညာဥ်အဆင့်တွင်သာ ရှိနေသေးသလို သူခံစားနေရသည်။ သူက မွေးဖွားခြင်းအဆင့်ပြိုင်ဘက်များကို ယှဉ်ပြိုင်တိုက်ခိုက်နိုင်ပြီး ထိုနေ့ကတိုက်ပွဲအတွင်းမှာ ကောင်းကင်နှင့်မြေကြီးရဲ့ကံတရားကိုပင် သူ့ကိုယ်ပိုင်အင်အားအဖြစ် ပြောင်းလဲပစ်နိုင်ခဲ့သည်။အဆင့်တက်တော့မည့် ခံစားချက်ကလည်း အလွန်ပြင်းထန်သည်။

သို့သော် ယခုအခါ သူ့ခန္ဓာကိုယ်အတွင်းထဲက စိတ်ဝိညာဉ်စွမ်းအားများကို ထိန်းချုပ်ဖို့က ခက်ခဲနေပြီး စွမ်းအင်များလွတ်ထွက်သွားတော့မည့် လက္ခဏာများပင် ပြနေသည်။ သူဘယ်လောက်ပဲ ကြိုးစားပမ်းစားလုပ်နေလည်း၊ မွေးဖွားခြင်းအဆင့်ရဲ့ အမှတ်အသားတစ်ခုဖြစ်တဲ့ မူလစိတ်ဝိညာဉ်ကို ဖွဲ့စည်းနိုင်ခြင်းမရှိသေးပေ။

"ဟူး... ထင်ထားတဲ့အတိုင်းပါပဲ၊ ဒီကမ္ဘာမှာ အဆင့်တက်ဖို့ကို တစ်ဆင့်ချင်းစီသွားရမှာပဲ။ တကယ်လို့ ဖြတ်လမ်းနည်းလမ်းတွေကိုပဲ အမြဲတမ်းသုံးနေလို့ကတော့ နောက်ဆုံးကျရင် ကိုယ့်ကိုကိုယ် မထိန်းချုပ်နိုင်ပဲ ရူးသွားမှာစိုးရိမ်ရတယ်"

စိတ်ဝိညာဉ်စွမ်းအား လည်ပတ်မှု ပြီးမြောက်အောင် အစွမ်းကုန်ကြိုးစားပြီးနောက် ကျန်းယီမင်သည် မောပန်းနွမ်းနယ်စွာဖြင့် သူ့မျက်လုံးကိုဖွင့်လိုက်သည်။ သူက ကောင်းကင်နှင့်မြေကြီးကြားက စိတ်ဝိညာဉ်စွမ်းအားလည်ပတ်ပြောင်းလဲတာကို ခံစားနေတုန်းတန်းလန်း တာဝန်အသစ်တစ်ခု ရောက်လာခဲ့သည်။

[ဒင်း - တာဝန်အသစ်စတင်ပါပြီ]

[တာဝန်အမည် - ကောင်းကင်ဘုံလျှို့ဝှက်ချက်များကို ဖော်ထုတ်ပြီးကံတရားကို ပြောင်းပြန်လှန်ခြင်း]

[တာဝန်လိုအပ်ချက်များ - တုန်းမီကို ကူညီပေးပြီး ကောင်းကင်ဘုံလျှို့ဝှက်ချက်များကို ဖော်ထုတ်ကာ သူ့ရဲ့ စောစီးစွာသေဆုံးရမည့်ကံတရားကို ပြောင်းပြန်လှန်လိုက်ပါ]

"တာဝန်အသစ်...."

ကျန်းယီမင်က သူ့အဓိကတာဝန်အတွက် စိတ်ပူပန်နေခဲ့သည်။ တကယ်လို့ သူ့တာဝန်ပြီးစေချင်ရင် သူထပ်ပြီးအားစိုက်ထုတ်ရဦးမည်ဖြစ်သည်။ ထင်ထားသည့်အတိုင်းပင်၊ စနစ်က သူ့ကိုဒုက္ခပေးမည်မဟုတ်ပေ။ အခုကဲ့သို့ အဆင့်တက်ရန်အခက်အခဲကြုံနေရချိန်တွင် စနစ်ကသူ့ကိုနောက်ထပ် အရန်တာဝန်တစ်ခု ပေးလာခဲ့သည်။ အရန်တာဝန်က သူလောလောလတ်လတ်ကမှ လက်ခံထားတဲ့ တပည့်နှင့် ပတ်သက်နေသည်။

"ကျွတ်....၊ ကောင်းကင်ဘုံလျှို့ဝှက်ချက်တွေကို ဖော်ထုတ်ပြီး ကံတရားကိုပြောင်းပြန်လှန်ရမယ်တဲ့လား။"

တာဝန်လိုအပ်ချက်များကို ကြည့်လိုက်ရုံဖြင့် ကျန်းယီမင် သက်ပြင်းချလိုက်မိသည်။

"တုန်းမီပြောခဲ့တာတွေက အမှန်တွေပဲ။ သူချဲ့ကားပြောခဲ့တာမဟုတ်ဘူးဆိုတာ ထင်ရှားနေတယ်..."

"ဒါပေမဲ့ တာဝန်လိုအပ်ချက်တွေက..." ကျန်းယီမင် သူ့ရှေ့က စနစ်မျက်နှာပြင်ကို တွေဝေငေးမောစွာ ကြည့်လိုက်သည်။

သူ သတင်းအချက်အလက် တစ်ခုခုများ လွတ်သွားခဲ့တာ ရှိနေတာလား။ သို့သော် သူ့ရှေ့က စနစ်မျက်နှာပြင်သည် ယခင်အတိုင်း ရိုးရှင်းနေဆဲဖြစ်သည်။

"ထားလိုက်ပါတော့... တကယ်လို့ နောက်ထပ်သဲလွန်စတွေ ရှိလာခဲ့ရင်လည်း စနစ်က သူ့ကိုတိုက်ရိုက်အသိပေးလောက်ပါတယ်လေ......"

မျှော်လင့်ချက်ရောင်ခြည်သမ်းကာ သူ့သိုလှောင်အိတ်ကို ဖွင့်ကြည့်လိုက်သည်။ ထင်ထားသည့်အတိုင်း ပစ္စည်းအသစ် ဘာမှရောက်မလာသေးပေ။ ဇီဝေးနက္ခတ်တာရာပညာရပ်သည် ဂိုဏ်းလျှို့ဝှက်နယ်မြေကဲ့သို့ဖြစ်ပြီး ကျန်းယီမင် မြင်လိုက်ရုံဖြင့် သွားရည်ကျသွားစေမယ့် ရတနာတစ်ခုဖြစ်သည်။ တကယ်လို့ ဇီဝေးနက္ခတ်တာရာပညာရပ်ရဲ့ တွက်ချက်တဲ့သဘောတရားကို နားလည်သဘောပေါက်သွားပါက ကျင့်ကြံခြင်းကို အထောက်အကူပြုနိုင်ရုံသာမက ခန္ဓာကိုယ်ကိုလည်း သန်မာစေပြီး စိတ်ဝိညာဉ်စွမ်းအားကိုလည်း သန့်စင်ပေးနိုင်မည်ဖြစ်သည်။ ထို့အပြင် ထိုပညာရပ်ဖြင့် ကောင်းကင်ဘုံလျှို့ဝှက်ချက်များကို တိတ်တဆိတ်ကြည့်နိုင်ပြီး သူတစ်ပါးရဲ့ဘဝကံတရားကို တွက်ချက်နိုင်ပေလိမ့်မည်။

ယခုအခါ သူ့မှာတန်ဖိုးရှိပြီး ရဖို့ခက်ခဲတဲ့ ဆုလာဘ်များပါဝင်နေသည့် အဓိကတာဝန်တစ်ခုနှင့် အရန်တာဝန်တစ်ခု ရှိနေသည်။ ကံတရားကို အတင်းအကျပ်ဖိအားပေးလို့မရတာကြောင့် သူစိတ်ကို အတတ်နိုင်ဆုံး တည်ငြိမ်အောင်ထားလိုက်သည်။ ယခုအချိန်တွင် ဂိုဏ်းအဆင့်တိုးမြှင့်ရေးကိစ္စကို ဦးစွာအမြန်ဆုံးဖြေရှင်းသင့်သည်။ ထို့နောက်မှသာ တုန်းမီနှင့်ပတ်သက်တဲ့ ဒီမစ်ရှင်ကို သေချာလေ့လာရမည်။

..........

လင်းယွင်ဂိုဏ်း စိန်ခေါ်မှုလက်ခံသည့် ဒုတိယမြောက်နေ့တွင် ဟွမ်းချောင်ယုက ဇဝေဇဝါဖြင့်မေးလိုက်သည်။

"ဆရာ၊ ဘာတွေဖြစ်နေတာလဲဟင်?"

သူမတစ်ယောက်တည်း ဖြစ်နေခြင်းမဟုတ်၊ ကျန်းယီမင်ကိုယ်တိုင်လည်း ရှေ့ကအခြေအနေကို ကြည့်ပြီး အတော်လေး နားမလည်နိုင်ဖြစ်နေသည်။ ပညာဖလှယ်ပွဲကို လာရောက်ကြည့်ရှုသူတဲ့ အရေအတွက်မှာတော့ လုံးဝလျော့နည်းသွားခြင်းမရှိပေ။ နှစ်နာရီခန့် ကုန်ဆုံးသွားပြီဖြစ်သော်လည်း ကျင့်ကြံသူများသည် တစ်ယောက်ကိုတစ်ယောက် တွန်းတိုက်နေကြပြီး စင်မြင့်အောက်တွင် အတင်းအဖျင်းအမျိုးမျိုးကို ပြောနေကြသော်လည်း လေ့ကျင့်ရေးကွင်းပြင်ထဲကို ဘယ်သူကမှဝင်လာခြင်း မရှိကြပေ။

"ဘာဖြစ်ရဦးမှာလဲ?" ယဲ့ယွမ်ဖန်က သမ်းဝေလိုက်သည်။

"ဒါတွေအားလုံး ဂျူနီယာညီမလေးကြောင့်လေ။ မနေ့က ညီမလေးလက်ရဲဇက်ရဲနိုင်လွန်းခဲ့တာကိုး။ အဆင့်ငါးဂိုဏ်းအဆင့် တိုးမြှင့်ဖို့အတွက် အဆင့်လေးနဲ့ အဆင့်ငါးဂိုဏ်းတွေရဲ့ စိန်ခေါ်မှုကိုပဲ လက်ခံဖို့ လိုတာလေ။ ဘယ်သူက ညီမလေးကို လာစိန်ခေါ်ရဲတော့မှာလဲ။ အဲ့... စကားမစပ် မနေ့ကတိုက်ပွဲအပြီး ပြန်ရောက်ပြီး လေ့ကျင့်လိုက်တာ ကျင့်ကြံခြင်းအဆင့် အတော်လေးတိုးတက်လာသလိုပဲ။ အဆင့်တက်တော့မယ့် ခံစားချက်မျိုးတောင် ရနေပြီ။"

လွန်ခဲ့သောတစ်မိနစ်ခန့်က ယဲ့ယွမ်ဖန်မှာ အိပ်ချင်မူးတူးဖြစ်နေသော်လည်း ကျင့်ကြံခြင်းအကြောင်း ပြောလိုက်တာနှင့် ချက်ချင်းတက်ကြွလာတော့သည်။ ထို့နောက် သူ့အမူအရာမှာ စိုးရိမ်ပူပန်နေတဲ့ပုံစံသို့ ပြောင်းလဲသွားပြီး ဆက်ပြောလိုက်သည်။

"လူတွေအများကြီးရှိရဲ့သားနဲ့ ဘာလို့ဘယ်သူမှ တက်လာပြီး စိန်မခေါ်ရဲကြတာလဲ။ ငါ နောက်ထပ် အချီနည်းနည်းလောက် တိုက်ပြီးလေ့ကျင့်ချင်လို့ပါကွ။ တိုက်ရိုက်ကြီး အဆင့်မတက်နိုင်ရင်တောင် သွေးပူလေ့ကျင့်ခန်းလုပ်သလိုဖြစ်ပြီး အရိုးအကြောတွေ ပြေလျော့စေတာပေါ့"

နောက်ဆုံးတွင် လူတစ်ယောက်က လာစိန်ခေါ်ခဲ့သည်။ ယဲ့ယွမ်ဖန်သည် သူ့စိတ်လှုပ်ရှားမှုကို မဖုံးကွယ်ထားနိုင်ဘဲ လေ့ကျင့်ရေးကွင်းပြင့် စင်မြင့်ပေါ်သို့ ခုန်တက်လိုက်သည်။ ဒုတိယမြောက်နေ့တွင် စိန်ခေါ်မှုများပြုလုပ်ရန် ရည်ရွယ်ထားတဲ့ လေ့ကျင့်ရေးကွင်းပြင်သည် လင်းယွင်ဂိုဏ်းတပည့်များအတွက် သီးသန့်လေ့ကျင့်ရေးကွင်းပြင် ဖြစ်လုနီးပါး ဖြစ်နေသည်။ ယဲ့ယွမ်ဖန်နှင့် ရှန့်ကွမ်းချင်းယန်တို့က အလှည့်ကျ တိုက်ခိုက်နေကြသည်။ တပည့်များအကြား အသန်မာဆုံးဖြစ်တဲ့ တုန်းမီတောင် မထိန်းထားနိုင်တော့ဘဲ စိန်ခေါ်ချက်တစ်ချို့ကို လက်ခံတိုက်ခိုက်ခဲ့သည်။

"မဆိုးဘူး။ ငါ့ရဲ့တိုက်ကွက်သုံးကွက်ကို တောင့်ခံနိုင်မယ်လို့ ထင်မထားဘူး။ ဒီလိုဆိုမှတော့ ငါယဲ့ယွမ်ဖန်က မင်းကို ငါ့ရဲ့ဝှက်ဖဲပြရတော့တာပေါ့။ တိမ်တွေကိုထွင်းဖောက် လမင်းဆီရောက်...."

ထိုသို့ပြောပြီးနောက် ယဲ့ယွမ်ဖန်ရဲ့ ပုံရိပ်သည် လေ့ကျင့်ရေးကွင်းပြင်က အလင်းတန်းများအဖြစ် ပြောင်းလဲသွားပြီး သူ့ပြိုင်ဘက်ကတော့ ကြမ်းပြင်ပေါ်ကို လဲကျသွားသည်။ ယနေ့ ဂိုဏ်းတိုက်ပွဲအတွက် တစ်နာရီအောက်သာ အချိန်ကျန်တော့သည်။ အခုတစ်ယောက်သည် ဒီနေ့ ယဲ့ယွမ်ဖန် လက်ထဲမှာ ရှုံးနိမ့်သွားတဲ့ နောက်ထပ်ပြိုင်ဘက်တစ်ဦးဖြစ်သည်။

"ဒါကို စီနီယာအစ်ကိုကြီးသုံးတာ အရင်က မမြင်ဖူးပါဘူး။"

ယဲ့ယွမ်ဖန် စင်မြင့်ပေါ်ကနေ ဆင်းလာတဲ့အခါ ရှန့်ကွမ်းချင်းယန်က မေးလိုက်သည်။

"အမှန်အတိုင်းပြောရရင် မနေ့ညကမှ သဘောပေါက် နားလည်ခဲ့တာ။ ကြည့်စမ်း၊ ဆရာ လည်း ပြန်သွားပြီးကျင့်ကြံနေပြီဆိုတော့ ငါတို့လည်း ထိန်းချုပ်ထားစရာ မလိုတော့ဘူးလေ။"

လွန်ခဲ့သော လေးနာရီခန့်က ကျန်းယီမင်သည် ကျင့်ကြံရန်အတွက် သူ့ခြံဝန်းသို့ပြန်သွားခဲ့သည်။ သူ့အမြင်တွင် မနေ့ကလို အကြိတ်အနယ်ရှိတဲ့ တိုက်ပွဲကသာ စိတ်ဝင်စရာကောင်းပြီး ဒီနေ့တိုက်ပွဲများကတော့ ကလေးကစားစရာ သက်သက်သာ ပျင်းစရာကောင်းနေသည်။ တိုက်ပွဲကြာချိန်က သူ့တပည့်များရဲ့ စိတ်အခြေအနေအပေါ် မူတည်နေသည်။ ဂိုဏ်းအဆင့်တိုးမြှင့်ရေးကိစ္စကို ရိုးရှင်းမယ်လို့ သူမထင်ထားသော်လည်း အခုလိုမျိုးလည်ူ လွယ်ကူလိမ့်မယ်လို့ သူထင်မှတ်မထားခဲ့မိပေ။

မျက်စိတစ်မှိတ်အတွင်းမှာပင် နောက်ထပ်နှစ်ရက် ကုန်ဆုံးသွားခဲ့ပြီး ယနေ့သည်ဂိုဏ်းကိုလာရောက်စိန်ခေါ်နိုင်တဲ့ နောက်ဆုံးရက်ဖြစ်သည်။ ဒီရက်အနည်းငယ်အတွင်း အကဲခတ်တတ်သူ ဘယ်သူမဆို လင်းယွင်ဂိုဏ်းရဲ့ အင်အားကိုတစ်ချက်ကြည့်လိုကွရုံနှင့် သိနိုင်ကြသည်။နောက်ဆုံးရက်တွင် လာကြည့်ရှုတဲ့သူ အရေအတွက်ပင် ကျဲပါးသွားခဲ့သည်။ ညနေ ၅ နာရီကျော်ပြီးရင် လင်းယွင်ဂိုဏ်းကို အဆင့်လေးဂိုဏ်းတစ်ခုအဖြစ် သတ်မှတ်နိုင်တော့မည်ဖြစ်သည်။

"ဒီနေ့ တကယ်တိတ်ဆိတ်တာပဲ၊ လူတစ်ယောက်မှကို ရောက်မလာကြဘူး"

"ဟူး... ငါတို့နဲ့ယှဉ်နိုင်တဲ့ဂိုဏ်းတွေအားလုံးကို အနိုင်ယူပြီးပြီပဲဟာ။ ဘယ်သူမှလာတော့မယ်လို့ မမျှော်လင့်ထားဘူး..."

"အဲဒါလည်း ဟုတ်တာပဲ။ ငါတို့ချင်းပဲ ပညာဖလှယ်ကြမလား။ အချိန်လည်းပြည့်ခါနီးပြီဆိုတော့ နောက်ကျရင် စားသောက်ဆိုင်ကောင်းကောင်းလေး ရှာပြီး ကိုယ့်ကိုယ်ကိုယ်ဆုချကြမယ်လေ။"

တပည့်အချို့ စကားစမြည်ပြောနေကြစဉ်မှာပဲ လူတစ်စုသည် သူတို့ဂိုဏ်းဆီသို့ ဦးတည်လာနေကြသည်။

All Chapters