← Chapters

အခန်း (၂၆)

Vol. 3 Ch. 26

အခန်း (၂၆)

Vol. 3 Ch. 26

ချင်ဖုန်း ကမိမိကိုယ်ကို ထိန်းချုပ်ထားနိုင်ခြင်း မရှိတော့ပေ။

သူသည် မကြာသေးမီကမှ ဆက်ခံသူအရည်အချင်းကို ရရှိထားပြီး သခင်လေး လျိုကျန်း နှင့် ဆက်ဆံရေး အတော်အတန် ကောင်းမွန်သူဖြစ်သည်။

ချန်ဆန်းရှီစစ်ထဲဝင်သွားကြောင်း သိရသောအခါ လျိုကျန်းအား သူ့ကို တပ်တွင်းမှ ထုတ်ပစ်ဖို့ ကြိုးပမ်းပေးရန် တောင်းဆိုခဲ့သည်သို့မှသာ သူ့ကို အလွယ်တကူ ရှင်းလင်းနိုင်မည်ဖြစ်သည်။

သို့သော် နောက်ပိုင်းတွင် ချန်ဆန်းရှီက ဝမ်ကျီ ရဲ့လက်အောက်သို့ ရောက်ရှိသွားခဲ့သည်။

ထို့ကြောင့် လျိုကျန်းကအရာရှိဝမ်ကိုဖိတ်ခေါ်ပြီး တွေ့ဆုံရန်ဖိတ်ခေါ်ခဲ့သည်

လောဘကြီးခြင်းနှင့် ကာမဂုဏ်လိုက်စားခြင်းဖြင့်နာမည်ဆိုးဖြင့် ကျော်ကြားသော အရာရှီဝမ်သည် ဖိတ်လျှင် ဖိတ်သလို ပျက်ကွက်လေ့မရှိဘဲ ရောက်လာတတ်သည်။

အရာရာ အစီအစဉ်အတိုင်း ချောမွေ့စွာ ဖြစ်မြောက်လိမ့်မည်ဟု မျှော်လင့်ထားသော်လည်း ဤဖိတ်ကြားချက်သည် သုံးရက်ဆက်တိုက် ဖျော်ဖြေရေးပွဲကြီး ဖြစ်သွားခဲ့သည်။

နေ့ဘက်တွင် ရတနာရှစ်ပါးစားသောက်ဆိုင်တွင် ခမ်းနားသော ညစာများနှင့် အရက်ကောင်းများ တိုက်ကျွေးပြီး ညဘက်တွင် မှ အလှပဂေးများက အဖော်ပြုပေးသည်။

ဤသုံးရက်အတွင်း ငွေသား တန်ဆယ်ချီ၍ အလဟဿ ကုန်ဆုံးသွားခဲ့သည်။

သဘာဝကျစွာပင် ချင်ဖုန်းသည် ထိုမျှကြီးမားသော အသုံးအဖြုန်းကို မတတ်နိုင်ပေ။

ငွေများကို လျိုကျန်းက အကုန်ကျခံခဲ့ခြင်း ဖြစ်သည်။

သို့သော် ဤအတိုင်း ဆက်သွား၍ မဖြစ်နိုင်တော့ပေ။

အကြောင်းအရာများကို ရှင်းရှင်းလင်းလင်း ပြောရတော့မည့် အချိန်ရောက်ပြီ။

ထို့ကြောင့် ချင်ဖုန်းကအရာအားလုံးကို ရိုးရိုးရှင်းရှင်း ထုတ်ပြောလိုက်သည်။

ချန်ဆန်းရှီရဲ့ နာမည်ကို ပြောလိုက်သည့်အခါ သီးသန့်အခန်းသည် ထူးဆန်းစွာ တိတ်ဆိတ်သွားခဲ့သည်။

ဝမ်ကျီသည် ချက်ချင်း အလျင်စလို ပြန်မဖြေဘဲ သူ့ရဲ့ဝိုင်ကို ဖြည်းညင်းစွာ မြည်းစမ်းနေပြီးနောက်မှ အမျိုးသမီးများကို ဖယ်ထုတ်ကာ ထရပ်လိုက်သည်။

သူက ချင်ဖုန်းဆီသို့ ခြေလှမ်းချင်းစီ လှမ်းလာခဲ့ပြီးသူ့နှုတ်ခမ်းတွင် ပြုံးစိစိမျက်နှာထား ရှိနေသော်လည်း နွေးထွေးမှု အရိပ်အယောင်မရှီပေ "အော် အဲဒီ ချန်ဆိုတဲ့လူ လားငါ့လက်အောက်မှာ အဲလိုလူ တစ်ယောက် ရှိတယ် ထင်တာပဲ"

"ပြောပါဦးမင်းတို့နှစ်ယောက်ကြားမှာ ဘာရန်ငြိုးတွေ ရှိနေတာလဲ"

အရင်ကရာစုမှုး ဝမ်သည် အခြားသော အကျင့်ပျက် အရာရှိတစ်ဦးနှင့်တူသော်လည်း ယခုအချိန်တွင် သူသည် ချင်ဖုန်းအပေါ် ကြီးမားသော ဖိအားကို သက်ရောက်စေခဲ့သည်။

သတိမထားဘဲ ထရပ်လိုက်ကာ သူက ပြန်ဖြေလိုက်သည် "အရာရှိမင်းကျွန်တော့် အစ်ကို ပျောက်ဆုံးနေပါတယ် ပြီးတော့ ကျွန်တော် သံသယရှိတာက..."

"မင်းက သံသယရှိတယ်"

ဝမ်ကျီကညာဘက်မျက်လုံးဖြင့် စူးစိုက်ကြည့်ရင်း ချင်ဖုန်းရဲ့မျက်နှာနားသို့ ကပ်လာကာ "ဒါဆို မင်းမှာ သက်သေ မရှိဘူးပေါ့ ဟုတ်လား" ဟုဆိုလိုက်သည်

"မ... မရှိပါဘူး"

ချင်ဖုန်း ဝန်ခံလိုက်သည်

သို့သော် ပတ်ဝန်းကျင်ရှိ ရွာများစွာထဲတွင် သူ၏ အစ်ကိုကို နာကျင်စေနိုင်သော စွမ်းရည်ရှိသူမှာ ချန်ဆန်းရှီတစ်ဦးတည်းသာ ဖြစ်သည်။

ရာစုမှုးဝမ်က ရုတ်တရက် သူ့မျက်နှာအမူအရာ ပြောင်းသွားပြီးရယ်မောလိုက်ကာ"မစ္စတာလျို ခင်ဗျားရဲ့ တပည့်ကို ကြည့်ပါဦး ဘယ်လိုဟာသတွေပြောနေတာလဲသူ့အစ်ကို ပျောက်သွားတာကို သက်သေမရှိဘဲ သူများကို အပြစ်တင်နေတယ် ဒါက ဆူညံအောင် လုပ်နေတာ မဟုတ်ဘူးလား"

"ရာစုမှုးဝမ် ကျွန်တော် တကယ် လုပ်ကြံပြောနေတာ မဟုတ်ပါဘူး သူက..."

ချင်းးဖုန်း စကားစပြောလိုက်သော်လည်း စကားတစ်ဝက်မှာ ရပ်တန့်သွားခဲ့သည်။

သူ ဘာပြောနိုင်မည်နည်း

သူ့အစ်ကိုက အခြားသူရဲ့ဇနီးကို အရင် ပြန်ပေးဆွဲချင်ခဲ့သည်ဟု ပြောရမည်လား။

သူကလျိုကျန်းအား တောင်းပန်သော အကြည့်ဖြင့် ကြည့်လိုက်သည်။

လျိုကျန်းကသူ့ကို လျစ်လျူရှုကာ ရာစုမှုးဝမ်ရဲ့ စကားများကို လိုက်နာပြီး "ရာစုမှုးဝမ် ပြောတာ မှန်ပါတယ် ကျွန်တော်လည်း နားလည်မှုလွဲတာ ဖြစ်နိုင်တယ်လို့ ထင်ပါတယ်" ဟုဆိုသည်။

"သခင်လေး..."

ချင်ဖုန်း ကန့်ကွက်လိုသော်လည်း လျိုကျန်း၏ လက်ဟန်အမူအရာကြောင့် တိတ်ဆိတ်သွားခဲ့သည်။

"ရာစုမှုးဝမ်"

လျိုကျန်းက ဆက်လက်ပြောသည် "ဒီကိစ္စကို ဒီမှာထားလိုက်ပါတော့ဆက်သောက်ကြရအောင် နောက်မှ အကောင်းဆုံး မိန်းကလေး နှစ်

ယောက်လောက် ထပ်ခေါ်လိုက်မယ်"

"မလိုပါဘူး"

ဝမ်ကျီကသူရဲ့လက်ကို ဝှေ့ယမ်းပြကာ "ဒီရက်ပိုင်း ခင်ဗျားတို့ သိုင်းပညာခန်းမနဲ့ လူရိုင်းတွေကို ရှာဖွေဖို့ အတူတူ လုပ်ဆောင်နေတာ နေရာကိုလည်း ကျဉ်းမြောင်းအောင် လုပ်နိုင်ပြီ ဒီညတော့ တွေ့မယ်လို့ ထင်တယ် ဒါကြောင့် ကျွန်တော်လည်း သွားရတော့မယ်"

"မဟုတ်ရင် ထောင်စုမှူး ရှန်းက ကျွန်တော့်ကို ထပ်ပြီး ဒုက္ခပေးနေလိမ့်

မယ်နောက်တစ်ရက်မှ ဆက်ကြတာပေါ့"

"မင်းရဲ့ အစ်ကိုကိစ္စကတော့ အဲဒီ လူရိုင်းတွေ လုပ်တာ ဖြစ်နိုင်တယ်လို့

ငါထင်တယ်"

သူကဖောင်းကားသော လက်ဖဝါးကို ဆန့်တန်းကာ ချင်းဖုန်းရဲ့ ပခုံးကို နှစ်

ချက်ပုတ်လိုက်သည် "ငါလူရိုင်းတွေကို ဖမ်းမိတာနဲ့ မင်းအစ်ကိုရှိရာနေရာအမှန်ကို သူတို့ဆီကနေ အတင်းအကျပ် ဖော်ထုတ်ပေးမယ်လို့ ကတိပေးပါတယ်"

နှစ်ချက်ပုတ်ပြီးနောက်တွင် ချင်ဖုန်းက သွေးအန်လုနီးပါး ဖြစ်ခဲ့သည်။

သူ တုံ့ပြန်နိုင်ခြင်း မပြုမီမှာပင် ဝမ်ကျီကသူရဲ့ဓားကို ဆွဲကိုင်ကာ တံခါးကို တွန်းဖွင့်ပြီး ထွက်ခွာသွားသည်။

"သခင်လေး"

သူ့ပခုံးမှ နာကျင်မှုကို လျစ်လျူရှုကာ ချင်ဖုန်းက "ရာစုမှုးဝမ်က ဘာကို ဆိုလိုတာလဲ" ဟု မေးလိုက်တယိ

"သူ ဘာကို ဆိုကိုဆိုလိုရမှာ"

လျိုကျန်းရဲ့ မျက်နှာပေါ်မှ အပြုံးသည် မှေးမှိန်သွားခဲ့ပြီး "သူက အဲဒီကောင်လေးကို မထိဖို့ ပြောနေတာ ရှင်းနေတာပဲဝမ်ကျီက ဘယ်လိုလုပ်ပြီးသူ့ရဲ့ကောက်ကျစ်မူ့ကြောင့် နာမည်ကျော်တာ ဘာကြောင့် ရုတ်တရက် တစ်စုံတစ်ယောက်ကို ကာကွယ်ပေးတာလဲ"

ချင်ဖုန်းက "သခင်လေး၊ ကျွန်တော် ဘာလုပ်သင့်သလဲ"

လျိုကျန်းက သူ့ရဲ့ခေါက်ယပ်တောင်ကို ဖွင့်ပြီးဖြည်းညင်းစွာ ယပ်လိုက်

တယ်သူရဲ့ အသံက အကူအညီမဲ့မှုများ ရောယှက်နေပြီး"ဒီဖက်တီးဝမ်ကို ဆဋ္ဌမအဆင့် အရာရှိသက်သက်လို့ မထင်လိုက်နဲ့ သူ့မှာ ကျောထောက်နောက်ခံ မသေးဘူး"

"သူက တပ်စခန်းရှစ်ခုက လာတာကောလဟာလတွေအရဆိုရင် သူဟာ ကြီီးကြပ်ရေးမှုးဆွန်း နဲ့ တိုက်ရိုက် စကားပြောနိုင်ခဲ့တယ်လို့ ဆိုတယ်။ ထောင်စု ဌာနကို အဆင့်လျှော့ချခံခဲ့ရပေမယ့် သူက အဆင့်မြင့်အရာရှိ တချို့ကို သိနေနိုင်သေးတယ်"

"ငါတောင် သူ့ကို ယဉ်ကျေးစွာ ဆက်ဆံရတယ်"

"ရှောင်လွှဲလို့ရရင် ရန်စတာမျိုး မလုပ်တာ ပိုကောင်းတယ်"

"ဒါကြောင့် ဒီကိစ္စကို ဒီမှာ ရပ်လိုက်ကြစို့"

"ရပ်လိုက်ရမယ်"

ချင်ဖုန်းရဲ့မျက်ခုံးများ တွန့်ချိုးသွားပြီး သူ့ရဲ့အသံကမထိန်းချုပ်နိုင်ဘဲ မြင့်တက်လာပြီး "သခင်လေး"

"မင်းကို ရပ်ခိုင်းရင် ရပ်လိုက် နားမလည်ဘူးလား"

လျိုကျန်းကသူရဲ့ ခေါက်ယပ်တောင်ကို "ဖြန်း"ခနဲ မြည်အောင် စားပွဲပေါ် ရိုက်ချကာ "ဒီသခင်လေးက မင်းအတွက် ငွေသား ဆယ်ချီပြီး သုံးလိုက်ရတာ မသိဘူးလား"

"..."

ချင်ဖုန်းက ခေါင်းငုံ့ကာ နောက်တစ်ဖန် စကားမပြောရဲတော့သော်လည်းသူ့ရဲ့လက်သီးတွေကိုတင်းတင်းကြပ်ကြပ် စုပ်ထားခဲ့တယိ

"ဟဲဟဲ "

ထို့နောက် လျိုကျန်းကလှည့်ပြီး စိတ်သက်သာရာရစေသော အပြုံးဖြင့် ရယ်မောလိုက်ပြီး "ကောင်းပြီ ချင်ဖုန်း မင်းနဲ့ မင်းအစ်ကို ရင်းနှီးတာ ငါသိပါတယ် ဒါပေမဲ့ ဝမ်ကျီက သူ့ကိုကာကွယ်ဖို့ အမြဲတမ်းအဲဒီမှာမရှိဘူးမလား ငါတို့ကိုဘယ်သူမှ မထိန်းနိုင်ဘူးဟုတ်တယ်မလား"

"စကားပုံမှာ 'လူကြီးလူကောင်းတစ်ယောက်က လက်စားချေဖို့ ဆယ်နှစ် စောင့်နိုင်တယ်' လို့ ဆိုထားတယ်"

"ပြီးခဲ့တဲ့လုပ်ကြံသတ်ဖြတ်မှု ဖြစ်ရပ်ပြီးနောက် မင်းကို ငါ့အဖေက တိုက်ရိုက်တပည့်အဖြစ် လက်ခံခဲ့တယ် ကြိုးစားပြီး လေ့ကျင့် ဒါဆို နောက်မှ မင်းရဲ့ လက်စားချေခြင်းကို လုပ်လို့ရပါတယ်"

ချင်ဖုန်းသည် တိတ်ဆိတ်နေခဲ့သည်

"လာ ထိုင်ပြီး ငါနဲ့အတူတူသောက်မယ်"

လျိုကျန်းက ညကောင်းကင်ကို ကြည့်လိုက်ပြီး "ဒီနေ့ ယူနာရီ ကျော်

လွန်သွားရင် မြို့ကို စစ်အုပ်ချုပ်ရေး ကြေညာလိမ့်မယ် အိမ်ထောင်စုမှူး ရှန်း က အဲဒီ လူရိုင်းကို ကိုယ်တိုင် ဖမ်းဖို့ စီစဉ်နေတယ် ဒါကြောင့် မင်း အပြင်မထွက်တာ ပိုကောင်းတယ်"

(ယူနာရီ - ညနေ ၅ နာရီမှ ည ၇ နာရီအကြား)

"သခင်လေးရဲ့ စေတနာကို ကျေးဇူးတင်ပါတယ် ဒါပေမဲ့ ဒီလို ကြီးမားတဲ့ ရန်ငြိုးကို မဖြေရှင်းရသေးဘဲ ကျွန်တော် အေးအေးဆေးမနေရဲပါဘူး"

ချင်ဖုန်း နားလည်လိုက်သည်မှာ သူ ဘာပြောပြော အခြားတစ်ဖက်ကလူသည် ကူညီတော့မည် မဟုတ်ပေ ထို့ကြောင့် သူ နှုတ်ဆက် ထွက်ခွာလာခဲ့တယ်

ယူနာရီ နီးလာသည်နှင့်အမျှ ကောင်းကင်သည် တဖြည်းဖြည်း မှောင်လာသည်။

လမ်းတစ်လျှောက်လုံးမှာ သူရဲ့အတွေးများကမငြိမ်မသက် ဖြစ်နေခဲ့သည်။

ဒီလိုနဲ့ပဲ တကယ် အဆုံးသတ်ရတော့မှာလား။

ဒါမှမဟုတ် လျိုကျန်း အကြံပြုသလို သိုင်းပညာကို ကြိုးစားလေ့ကျင့်ပြီး နောက်မှ လက်စားချေရမလား။

'လုံးဝ မဟုတ်ဘူး'

ဝမ်ကျီက ချန်ဆန်းရှီကို ကာကွယ်ပေးတာက အဲ့ကောင်လေးရဲ့ အရည်အချင်းဟာ သာမန်ထက် ထူးကဲနေနိုင်ကြောင်း ပြသနေတယ်။

သူသာ နှောင့်နှေးနေရင် သူ့ရဲ့ အသာစီးရမှုက မရှိတော့ဘူး

အရေးအကြီးဆုံးကတော့ သူ့ရဲ့ ရန်ငြိုးကို မဖြေရှင်းရသေးဘဲ စိတ်အေးချမ်းစွာ ဘယ်လို လေ့ကျင့်နိုင်မှာလဲ။

သူတို့ နှစ်ယောက်ရဲ့မိဘတွေ ဆုံးရှုံးခဲ့ရကတည်းက

သူ့ကို ပြုစုပျိုးထောင်ခဲ့သူက သူ့အစ်ကို ချင်ရှုံးဖြစ်ပြီးမုန့်ကြော်ရောင်းကာဝမ်းစာရှာခဲ့ရသည် နောက်ပိုင်း ဘဝက အရမ်းခက်ခဲလာတဲ့အခါ သူတို့ကအတိုးများစွာဖြင့် ငွေချေးခြင်းနှင့် လူကုန်ကူးခြင်းများတွင် ပါဝင်လုပ်ကိုင်ခဲ့ရသည်။

သို့သော် သူ့အစ်ကိုက လူကောင်းတစ်ယောက်ပါ

ယခုတော့သူ့ရဲ့အစ်ကိုကအသက်ရှင်လား သေဆုံးသွားတာလားမသိရှိရဘဲခြေရာလက်ရာမရှိ ပျောက်ကွယ်သွားခဲ့သည်။

ကျန်ရှိနေသည်မှာ သူ့အစ်ကိုက အသက်ဆယ်နှစ်အရွယ်တွင် သူ့ကိုပေးခဲ့သော ရွှေသော့ခလောက်လေး တစ်ခုတည်းသာ ဖြစ်သည်။

'နေပါဦး'

ရွှေသော့ခလောက်လေး ဘယ်မှာလဲ

ချင်ဖုန်းကသူ့ရဲ့လည်ပင်းကို စမ်းကြည့်လိုက်သော်လည်း သူ အမြဲတမ်း ဝတ်ဆင်လေ့ရှိသည့် အဆောင်လက်ဖွဲ့လေး ပျောက်ကွယ်နေသည်ကို တွေ့ရှိရသည် ဘယ်လို ဖြစ်နိုင်မှာလဲ...

'ဝမ်ကျီ'

ရာစုမှုးဝမ်က သူ့ပခုံးကို အကြိမ်အနည်းငယ် ပုတ်လိုက်သည်ကို ရုတ်တရက် သတိရလိုက်သည်။

ဒါကအရမ်းကို စော်ကားလွန်းအားကြီးတယ်

"ချန်ဆန်းရှီ"

ချင်ဖုန်းကဒေါသဖြင့် ဖုံးလွှမ်းသွားခဲ့သည်

ဘယ်သူမှ မကူညီဘူးဆိုရင် သူကိုယ်တိုင် လက်စားချေတော့မယ်။

သူ့ရဲ့ သွေးသန့်စင်ခြင်းအဆင့်ဖြင့် သိုင်းပညာကိုစတင်သင်ယူနေသည့် အစပြုသူတစ်ဦးကို သတ်ပစ်ခြင်းသည် လွယ်ကူသော ကိစ္စဖြစ်သည်။

နောက်ဆက်တွဲ ဘာဖြစ်လာမလဲဆိုတာကတော့ ဘာအကျိုးဆက်မှ မဖြစ်လာဘူးလို့ပဲ လောင်းကြေးထပ်ရုံပဲ ရှိတော့တယ်။

ချင်ဖုန်း ဆုံးဖြတ်ချက်ချလိုက်သည်။

သူက မြို့တံခါး မပိတ်မီ စစ်ဆေးရေးဂိတ်ကို အလျင်အမြန် ဖြတ်ကျော်ပြီး ရန်ဘင်းရွာရှိ သူ့အိမ်သို့ ဦးတည်ကာ မြို့နယ်နေရာမှ ထွက်ခွာသွားခဲ့သည်။

အိမ်အလွတ်ကြီးတွင် သူ့အစ်ကိုရဲ့ရယ်မောသံ၊ အရက်သောက်ပြီးဆူညံနေတဲ့အသံများ မရှိတော့သဖြင့် သူ့ရင်ထဲက မီးကို ပိုမို လောင်ကျွမ်းစေသည်။

ချင်ဖုန်းကသူ့ရဲ့ ပစ္စည်းများကို ရှာဖွေပြီး အနက်ရောင်ဝတ်စုံတစ်စုံကို ထုတ်ယူကာ ဝတ်ဆင်လိုက်ပြီး သူ့မျက်နှာကို အနက်ရောင် အဝတ်ဖြင့် ဖုံးအုပ်လိုက်သည်။

ထိုင်ခုံပေါ်တွင် ထိုင်လိုက်ပြီးရွေဓား ကို လက်နှစ်ဖက်ဖြင့် ပိုက်ကာ မျက်လုံးများကို မှိတ်ပြီး အာရုံစိုက်နေခဲ့သည်။

သန်းခေါင်ယံ အချိန်ရောက်မှသာ အပြင်သို့ ခိုးထွက်ပြီး သတ်ပစ်ရန် စောင့်နေခြင်း ဖြစ်သည်။

"ကျီး ကျီး ——"

သန်းခေါင်ယံအချိန်တွင်

ညကျီးကန်းအော်မြည်သံများပျံ့လွင်လာသည်

ချင်ဖုန်းကသူ့ရဲ့သွေးရောင်တောက်နေသော မျက်လုံးများကို ဖွင့်လိုက်

ပြီး

ဓားကိုကိုင်ကာ အိမ်မှ ထွက်ခွာရန် ပြင်ဆင်နေစဉ်တွင် ရုတ်တရက် အပြင်ဘက်မှ သရဲခြောက်သလို အသံတစ်ခု ထွက်ပေါ်လာသည်။

"ချင်ဖုန်း"

"မင်းရဲ့အစ်ကိုက မင်းကို လာခေါ်ဖို့ လွှတ်လိုက်တာ"

All Chapters