← Chapters

အခန်း (၂၇)

Vol. 3 Ch. 27

အခန်း (၂၇)

Vol. 3 Ch. 27

"ဘယ်သူလဲ"

ချင်ဖုန်း တစ်ကိုယ်လုံး တုန်သွားသည်။

သူ ချက်ချင်း အပြင်သို့ ပြေးထွက်သွားရာ လမ်းဆုံးမှာ မှောင်မည်းသော အရိပ်တစ်ခု လျှပ်တစ်ပြက် ဖြတ်ပြေးသွားသည်ကိုသာ မြင်လိုက်ရသည်။

"ငါ့ကို လာရှာရဲသေးတာပဲ"

ချင်ဖုန်း အားအင်စုပြီး အရှိန်ပြင်းပြင်းဖြင့် ပြေးလိုက်သွားသည်။

သို့သော် သူ မည်မျှပင် ကြိုးစားပြေးသော်လည်း ထိုအရိပ်ကို မမီနိုင်ခဲ့ပေ။

ချင်ဖုန်းမှာ ထိုအရိပ်နောက် ခက်ခက်ခဲခဲလိုက်ပါလာခဲ့ရသည်။

ရှေ့မှ တစ်ယောက် နောက်မှတစ်ယောက် နှစ်ဦးသားသည် ယန်ဘင်းရွာကို ကျော်လွန်ပြီး ကျားခေါင်းတောင်ဆီသို့ တန်းတန်းမတ်မတ် ပြေးသွားကြသည်။

သူတို့က ဒုတိယအဆင့် တောင်သို့ ရောက်ရှိလာပြီးနောက်

အရိပ်ကနောက်တစ်ကြိမ် လျှပ်တစ်ပြက် ပြေးသွားပြီးထူထပ်တဲ့သစ်တောထဲသို့ တိုးဝင်ကာ လုံးဝ ပျောက်ကွယ်သွားသည်။

"ချွင် ခနဲ—"

ဓားရှည်သည် အိမ်မှ ထွက်လာပြီး ချင်ဖုန်းကဓားကို တစ်ဖက်တွင် ကိုင်ကာ သစ်တောသို့ သတိကြီးစွာဖြင့် ခြေချဝင်ရောက်လိုက်သည်။

ညကောင်းကင်သည် ကြည်လင်သန့်ရှင်းနေပြီး လမင်းသည် တောက်ပကာ ကြယ်များသည် နည်းပါးလှသည်။

ကြောက်မက်ဖွယ်ကောင်းသော လရောင်ဖြူကမြေပြင်ပေါ်သို့ ပြန့်ကျဲကျရောက်နေပြီး သစ်ကိုင်းထူထပ်များကြောင့် အလင်းကကွက်ကျားဖြစ်နေသည်။

ချင်ဖုန်း ခြေတစ်လှမ်းလှမ်းတိုင်း ပတ်ဝန်းကျင် ချုံနွယ်အုပ်ထဲမှ တဂဲတဂဲ အသံများ ထွက်ပေါ်လာရာ ထိုအသံများသည် ထိတ်လန့်သွားသော ပိုးကောင်များနှင့် တိရစ္ဆာန်များကြောင့်လား သို့မဟုတ် အရိပ်ထဲတွင် ပုန်းခိုနေသူ တစ်ဦးဦးကြောင့်လားဆိုသည်ကို မရှင်းလင်းပေ။

သူကဒေါသတကြီးဖြင့် ဓားကို ရှေ့သို့ ဝှေ့ယမ်းကာ မြင်ကွင်းကို ရှင်းလင်းရန်အတွက် အပင်များကို အစုလိုက်အပြုံလိုက် ခုတ်ချခဲ့သော်လည်း သူ့ကို လှည့်စားခေါ်ဆောင်ခဲ့သော အရိပ်ကို မမြင်ရသေးပေ။

"မင်း ကဘယ်သူလဲ"

"မင်းက ငါ့ကို ငါ့အစ်ကိုဆီ ခေါ်သွားမယ် မဟုတ်လား သူ အခု ဘယ်မှာလဲ"

နောက်ဆုံးတွင် ထို နက်နဲပြီး ကြောက်မက်ဖွယ်ကောင်းသော အသံသည် ပြန်လည် ထွက်ပေါ်လာသည်။

"မင်းရဲ့ အစ်ကိုခေါင်းက မင်းကြောင့် ကြေမွသွားပြီ အခုထိ မေးနေတုန်းပဲလား"

ဘာ?

ချင်းဖုန်း လန့်သွားပြီး အောက်သို့ ငုံ့ကြည့်လိုက်ကာ

သူ့ခြေအောက်တွင် ရွှံ့ထဲ၌ စိုက်ဝင်နေသော အရိုးခေါင်းဖြူ တစ်ခုကို တွေ့ရသည်။

ထိုဦးခေါင်းခွံ ပတ်လည်တွင် ကြွေကျနေသော အရိုးများနှင့် အဝတ်အစားအပိုင်းအစများကို တွေ့ရသည်။

ကျန်ရှိနေသော အဝတ်အစားများကို ကြည့်လျှင် သားရဲတိရစ္ဆာန်များက ဆွဲဖြဲစားသောက်ထားသည်ဟု ထင်ရသည်။

ဒါက...

ချင်ရှုံး ရဲ့ အဝတ်အစားတွေပဲ

သူ ဘယ်လိုမေ့နေနိုင်မှာလဲ?

"အစ်ကို"

"ရွှပ်—"

ချင်းဖုန်း အော်ဟစ်လိုက်ပြီး သူ့နှလုံးသားကရုတ်တရက် အေးခဲသွားသည်။

ဝံပုလွေသွားမြှား တစ်ချောင်းက သူ့နောက်မှနေ၍ သူ့နှလုံးသားကို ဖောက်ထွင်းဝင်ရောက်ကာ ရှေ့ဘက်သို့ ထိုးထွက်နေသည်။

ဒုန်း

ချင်ဖုန်းကဒူးတစ်ဖက်ထောက်လဲကျသွားပြီး ထောက်ကူရန် ဓားရှည်ကို မြေကြီးထဲ စိုက်ချကာ မလဲကျအောင် အစွမ်းကုန် ရုန်းကန်နေသည်။ သွေးများကသူ့ပါးစပ်နှင့် နှာခေါင်းမှ စမ်းရေပမာ ပန်းထွက်လာသည်။

သူ့တွင် ဆက်လက်ခံတောင့်နိုင်မည့် ခွန်အားလည်း မရှိတော့ တန်ပြန်

တိုက်ခိုက်လိုစိတ်လည်း မရှိတော့ဘဲ သူက အစ်ကိုဖြစ်သူရဲ့ရုပ်ကြွင်းများကိုသာ မှင်တက်စွာ စိုက်ကြည့်နေသည်။

လရောင်ကဆားမှုန်များကဲ့သို့ သူတို့နှစ်ဦးလုံးကို ထွန်းလင်းပေးနေသည်။ တစ်ဦးက အသက်ရှင်နေသူ တစ်ဦးက အရိုးပြာ ဖြစ်နေသော်လည်း ဤညီအစ်ကို နှစ်ယောက်သည် အမှန်တကယ် ပြန်လည်ဆုံဆည်းခဲ့ကြသည်။

"ငါ့မှာ စိတ်သဘောထား နူးညံ့တယ် ဒီမြင်ကွင်းကို မကြည့်ရက်နိုင်ဘူး မင်းတို့ ညီအစ်ကို ချစ်ခြင်းမေတ္တာ နက်ရှိုင်းလှတာမို့ မင်းတို့ နှစ်ယောက်လုံး ပြန်ဆုံစည်းခွင့်ပေးလိုက်မယ်"

ချန်ဆန်းရှီက အရိပ်ထဲမှ ထွက်ပေါ်လာသည်။

သူကချီ-သွေး ကို လက်မောင်းများထဲသို့ စုစည်းလိုက်ပြီး မေဟွာလှံကို အစွမ်းကုန် အသုံးပြုကာ ချင်ဖုန်းရဲ့နှလုံးသားကို ထိုးဖောက်လိုက်ပြီး သူရဲ့အသက်ကို အဆုံးသတ်ပေးလိုက်သည်။

အစမှ အဆုံးအထိ

ချင်ဖုန်းကသူ့ကို သတ်တဲ့သူရဲ့မျက်နှာအမှန်ကို တစ်ခါမျှ မမြင်လိုက်ရပေ။

ဤသည်မှာ အကွာအဝေးမှ ပစ်ခတ်ရသော လက်နက်များ၏ ကြောက်မက်

ဖွယ် သဘောသဘာဝပင် ဖြစ်တယ်

မည်သူမဆို အဆိုပါ ထိုးနှက်ချက်ကို ရှောင်နိုင်ခြင်း သို့မဟုတ် တားဆီးနိုင်စွမ်းမကှိပါက တစ်ချက်တည်းဖြင့်ပင် မသေလျှင်တောင် လုံးဝ မလှုပ်ရှားနိုင်တော့ပေ။

ရှင်းလင်းစွာဆိုရလျှင် သွေးသန်စင်ခြင်းအဆင့်သည်ပင် ခုခံရန်အတွက် မလုံလောက်ပေ။

ချန်ဆန်းရှီက အလောင်းကို ရှာဖွေရာ ဆယ်တေးရှိတဲ့ငွေကို တွေ့ရှိခဲ့သည်။

"မင်းက မင်းအစ်ကိုထက် ပိုချမ်းသာတာ အမှန်ပဲ"

ပြီးတော့ ဓားတစ်လက်လည်း ရှိသေးတယ်

ချန်ဆန်းရှီစဉ်းစားလိုက်ပြီး ယူမသွားရန် ဆုံးဖြတ်လိုက်သည်။

ဤဓားသည် တင်ယွမ် သိုင်းပညာကျောင်း မှ ထုတ်ပေးထားခြင်းဖြစ်ပြီး အမှတ်အသား အလွန်ထင်ရှားသဖြင့် ရောင်းချ၍ မရပေ။

မည်သူတစ်ဦးတစ်ယောက်မှ ချင်းဖုန်းရဲ့ခန္ဓာကိုယ်ပေါ်ရှိ မြှားဒဏ်ရာနှင့် လှံဒဏ်ရာများကို မမှတ်မိစေရန် တားဆီးရန်အတွက် သူသည် ဝံပုလွေသွားမြှားကို ဦးစွာ ဆွဲထုတ်လိုက်ပြီးနောက် ဓားရှည်ကို ကောက်ယူကာ အလောင်းကို ဆယ်ကြိမ်ကျော် ရမ်းသမ်းခုတ်ထစ်လိုက်ပြီးဒဏ်ရာများကို ဖော်ထုတ်ရန် မဖြစ်နိုင်တော့မှသာ သူ ကျေနပ်သွားခဲ့သည်။

"နောက်ဆုံးတော့ ရှင်းသွားပြီ"

အကြီးမားဆုံးသော စိုးရိမ်ပူပန်မှု တစ်ခုကို ဖယ်ရှားလိုက်နိုင်သဖြင့် ချန်ဆန်းရှီ စိတ်သက်သာရာ ရသွားသည်။

ဤခရီးတွင် သူရဲ့ခြေရာခံခြင်း ပုန်းအောင်းခြင်းနှင့် မြှားပစ်ခြင်း ကျွမ်းကျင်မှုများ သိသိသာသာ တိုးတက်လာခဲ့သည်။

[ကျွမ်းကျင်မှု- မြှားပစ်ခြင်း (အသေးစားအောင်မြင်မူ့အဆင့်)]

[တိုးတက်မှု-(၅၀/၁၀၀၀)]

[ကျွမ်းကျင်မူ့-ခြေရာခံခြင်းနဲ့ပုန်းကွယ်ခြင်း (အသေးစားအောင်မြင်မှု့အဆင့်)]

[တိုးတက်မှု-၀/၁၀၀၀]

[စွမ်းဆောင်ရည်- ညကိုနေ့ကဲ့မြင်နိုင်ခြင်း|ထိုးထွင်းညဏ်ကောင်းခြင်း |ငှက်မွေးကဲ့သို့ ပေါ့ပါးခြင်း |အသက်ရှူသံကို ဖုံးကွယ်ခြင်းနှင့် ပုန်းအောင်းခြင်း]

မူလ အခြေခံအပေါ်တွင် နောက်ထပ် စွမ်းရည် နှစ်ခု ထပ်မံပေါ်ထွက်လာခဲ့သည်။

ညအချိန်ဖြစ်သော်လည်း ချန်ဆန်းရှီကအသေးငယ်ဆုံး လှုပ်ရှားမှုတိုင်းကိုပင် နေ့ခင်းကဲ့သို့ ရှင်းလင်းစွာ မြင်နိုင်သည်။

ဤကျွမ်းကျင်မှု နှစ်ခုနှင့်အတူ ချန်ဆန်းရှီကခြေရာလက်ရာမချန်ဘဲ လာရောက်ပြီး ပြန်လည်ထွက်ခွာနိုင်သော လုပ်ကြံသတ်ဖြတ်သူ အစစ်အမှန် ဖြစ်လာခဲ့သည်။

"ပြန်ဖို့ အချိန်တန်ပြီ"

ယနေ့ညတွင် ခရိုင်မြို့၌ ဆူညံသံများ ကြီးမားစွာ ထွက်ပေါ်ခဲ့သည် ၎င်းသည် အပြင်ဘက်သို့ ပြန့်ကျဲသွားခြင်းရှိမရှိ မသိရပေ။

အချိန်မဆွဲရဲဘဲ သူက ညအမှောင်ကို အကာအကွယ်ယူကာ လျင်မြန်စွာ သူ၏ခြေရာများကို ပြန်ခဲ့လိုက်သည်။

စူး မိသားစုရွာအနီးမှ ဖြတ်သွားစဉ် ချန်ဆန်းရှီကသစ်တောထဲတွင် လှုပ်ရှားမှုအချို့ကို သတိပြုမိလိုက်သည်။

အလွန်သတိကြီးစွာဖြင့် သူသည် ချက်ချင်း သစ်ပင်ပေါ်သို့ တက်လိုက်ပြီး သူ အသစ်သင်ယူထားသော အသက်ရှူသံ ဖုံးကွယ်ခြင်းပညာကို အသုံးပြုလိုက်သည်။

ခဏအကြာတွင် သူက သစ်ပင်နှင့် ပေါင်းစည်းသွားသကဲ့သို့ ခံစားလိုက်ရသည် သစ်ပင်ပေါ်တွင် နားနေသော ငှက်များပင် ထိတ်လန့်သွားခြင်း မရှိပေ။

ယိုင်နဲ့သော ခြေသံများသည် သစ်တောထဲမှ ထွက်ပေါ်လာသည် အရက်သမားတစ်ဦးကဲ့သို့ လှမ်းတိုင်း မြေပြင်ပေါ်လဲကျကာ ချုံနွယ်ပိတ်ပေါင်းများကို ရိုက်ချိုးသဖြင့် "ဗြန်းခနဲ" အသံများ ဖြစ်ပေါ်လာသည်။

နောက်ဆုံးတော့။

ဆူညံသံ၏ ဇာစ်မြစ်သည် ချန်ဆန်းရှီရဲ့ မြင်ကွင်းထဲသို့ ဝင်ရောက်လာသည်။

သို့သော် ဤသူသည် အရက်သမားမဟုတ်ဘဲ ပြင်းထန်စွာ ဒဏ်ရာရထားသူတစ်ဦး ဖြစ်သည်။

ချဉ်းကပ်လာသော ထိုလူသည် အရပ်မရှည်ဘဲ သူ့အဝတ်အစားများမှာ စုတ်ပြဲနေသည် သူ့ခန္ဓာကိုယ်တွင် သွေးများ ဖုံးလွှမ်းနေပြီး အရိုးများပင် ပေါ်နေလောက်အောင် နက်ရှိုင်းသော ဓားဒဏ်ရာ တစ်ဒါဇင်ကျော် ရှိသည်။ သူ့ရဲ့ခုန်နေသော ကိုယ်တွင်းအင်္ဂါများကိုပင် မြင်နိုင်သည်။

ထိုမျှ ပြင်းထန်သော ဒဏ်ရာများကို ခံစားရပါလျက်နှင့် လမ်းလျှောက်နိုင်သေးသည်မှာ အံ့ဖွယ်ရာပင် ဖြစ်သည်။

"သူ ဘယ်က လာတာလဲ"

ချန်ဆန်းရှီက ထိုလူ၏ ဝတ်စားဆင်ယင်မှုကို သတိပြုမိလိုက်သည်—နားဆွဲများ၊ ဆံပင်ကျစ်ထားသော မုတ်ဆိတ်များ၊ ၎င်းသည် ဒေသခံများ၏ ပုံစံမဟုတ်ပေ။

"လူရိုင်းလား"

"အဲ့ဒီလုပ်ကြံသတ်ဖြတ်သူလား"

"မနေ့ညက တပ်မှူးကြီး ထောင်စုမှုး ရှန်ထင်ချွန်ကိုယ်တိုင် စစ်သားသုံရာနှင့် သိုင်းပညာခန်းမမှ တပည့်များစွာဖြင့် စောင့်ကြပ်နေတာ မဟုတ်ဘူးလားသူက ဘာလို့ ထွက်ပြေးလွတ်မြောက်နိုင်သေးတာလဲ"

သူကရမ်းကားစွာ လုပ်ဆောင်ခြင်းမရှိဘဲ လျှို့ဝှက်စွာ စောင့်ကြည့်နေခဲ့သည်

"အဟွတ် အဟွတ် အဟွတ်..."

ထိုလူရိုင်းသည် သွေးမဲများ ဆက်တိုက်ချောင်းဆိုးနေသဖြင့် သူကယိုင်ထိုးလဲကျကာ ချုံပုတ်များထဲသို့ ပြုတ်ကျသွားပြီးမတ်တပ်ပြန်ထဖို့ ကြိုးစားတိုင်း မြေပြင်ပေါ်သို့ ပြန်လဲကျတယ် သူ့အခြေအနေမှာ လျင်မြန်စွာ ဆိုးရွားလာပြီး အသက်ထွက်ခါနီး နေပြီဖြစ်သည်

သူကမြေပြင်ပေါ်တွင် လဲလျောင်းကာ သူ့လက်များကို သွေးစေးကပ်နေသောအရာများ ဖုံးလွှမ်းလျက် ကျောက်တုံးအောက်တွင် တူးဆွနေပြီး တုန်တုန်ယင်ယင်ဖြင့် ရွှံ့များကို ခပ်ယူနေသည်။

အပေါက်ငယ်တစ်ခု ထွင်းရန်အတွက် အလွန်အားစိုက်ထုတ်ခဲ့ရသည်။

ထို့နောက် သူသည် ရင်ဘတ်မှ သေတ္တာတစ်လုံးကို ထုတ်ယူကာ ကျန်ရှိနေသော ခွန်အားအားလုံးဖြင့် မြေကြီးထဲတွင် မြှုပ်နှံလိုက်သည်။

"သူ တစ်ခုခု ဝှက်နေတာလား"

ချန်ဆန်းရှီအာရုံစိုက် ကြည့်နေသည်။

"အဟွတ် အဟွတ်..."

ပစ္စည်းကို မြှုပ်ပြီးနောက် ထိုလူရိုင်းသည် ထိုနေရာကို မြက်များနှင့် သစ်ကိုင်းများဖြင့် ဖုံးအုပ်ရန် လုံးပမ်းနေသည်။

ယခုအချိန်တွင် သူသည် အသက်ရှူသွင်းမှုကိုသာ ပြုလုပ်နိုင်တော့ပြီး ပြန်ရှူထုတ်နိုင်တော့ခြင်း မရှိတော့ဘဲ သေလုနီးပါး ဖြစ်နေသော်လည်း ဝှက်ထားရာနေရာမှ တတ်နိုင်သမျှ ဝေးရာသို့ တွားသွားရန် ဆက်လက်ကြိုးစားနေခဲ့သည်။

ဆယ်မီတာခန့် အကြာတွင် သူ့ခန္ဓာကိုယ် တောင့်တင်းသွားပြီး လုံးဝ မလှုပ်ရှားတော့ပေ။

ချန်ဆန်းရှီ ထိုသူ အမှန်တကယ် သေဆုံးသွားကြောင်း သေချာမှသာလျှင် သစ်ပင်ပေါ်တွင် ဆယ်မိနစ်ခန့် စောင့်ဆိုင်းပြီးနောက် အောက်သို့ ခုန်ဆင်းကာ သူ့ရဲ့လှံရှည်ဖြင့် မြေကြီးကို ထိုးဖောက်ပြီး ဝှက်ထားသော အရာဝတ္ထုကို ပြန်လည်ယူဆောင်လိုက်သည်။

"ဒါက ဘာလဲ"

ချန်ဆန်းရှီက လက်ဖဝါးအရွယ် သေတ္တာကို ကစားနေရင်း စဉ်းစားနေသည်။

သူရဲ့နောက်ဆုံးအသက်ရှုခြင်းဖြင့်ပင် ဖုံးကွယ်ရန် ကြိုးစားခဲ့ခြင်းသည် ၎င်း

ကအလွန်တန်ဖိုးရှိသော အရာ ဖြစ်ရမည်ဟု ဆိုလိုသည်။

သို့သော် မေးစရာရှိသည်

အဘယ်ကြောင့် လုပ်ကြံသတ်ဖြတ်သူတစ်ဦးသည် လုပ်ကြံမှုတစ်ခုတွင် ရတနာများကို သူ့နှင့်အတူ သယ်ဆောင်လာရသနည်း

သို့မဟုတ်...

ထိုလူရိုင်း၏ ရည်ရွယ်ချက်မှာ ပိုယန်ခရိုင် မှဤပစ္စည်းကို ခိုးယူဖို့ဖြစ်နိုင်တယ်

"မဟုတ်ဘူး၊ ဒါ မမှန်ဘူး"

ချန်ဆန်းရှီ ခေါင်းခါလိုက်သည်

ကွဲလွဲချက်များ ရှိနေသေးသည်

သူ ခိုးယူရန် လာခဲ့ပါက ထိုလူရိုင်းသည် ခရိုင်ဝန်ကို သတ်ပြီးနောက် ထိုဧရိယာတွင် ဆက်လက်မနေသင့်ပေ ထိုအချိန်အတွင်း ယွန်ဟဲသိုင်းပညာခန်းမရဲ့ ဆရာကြီးကိုလည်း သတ်ခဲ့သေးတယ်

ထို့အပြင်

သေးငယ်တဲ့ပိုယန်ခရိုင်တွင် မည်သည့် ရတနာများ ပိုင်ဆိုင်နိုင်မည်နည်း။

အချက်အလက် ဆိုသည်မှာလည်း ပို၍ မဖြစ်နိုင်ပေ ဒီအဖြစ်အပျက်က ဤအဆင့်အထိ ကြီးထွားလာသောကြောင့် ၎င်းသည် အချက်အလက် ဖြစ်ခဲ့လျှင်ပင် အသုံးမဝင်တော့ပေ ၎င်းကို မြှုပ်နှံဖို့လိုအပ်လား

အစကတည်းက အဖြစ်အပျက်တစ်ခုလုံးသည် ထူးဆန်းနေခဲ့သည်။

အစိုးရရုံး သို့မဟုတ် သိုင်းပညာခန်းမများမှ မည်သည့်ပစ္စည်းကိုမှ ရှာဖွေနေကြောင်း ပြောကြားခဲ့ခြင်းမရှိဘဲ လုပ်ကြံသတ်ဖြတ်သူကို ဖမ်းဆီးရန်သာ ပြောခဲ့သည်။

"ရှေ့တည့်တည့်မှာ"

"မြန်မြန်"

"..."

ရုတ်တရက် ခြေသံများ အနီးအနားမှ ထွက်ပေါ်လာသည် လျင်မြန်ပြီး ခိုင်မာသော ခြေသံများ ဖြစ်ရာ နောက်ယောင်ခံလိုက်လာသူများ ရောက်ရှိလာပြီဖြစ်ကြောင်း ရှင်းလင်းစွာ သိလိုက်ရသည်။

ချန်ဆန်းရှီ ကသူရဲ့ညဘက် လှုပ်ရှားမှုများကို ဖော်ထုတ်ခံရမည့် အန္တရာယ် မပြုရဲသဖြင့် တွင်းကို လျင်မြန်စွာ ပြန်ဖုံးကာ ကျောက်တုံးတစ်လုံးကို အပေါ်မှ တင်လိုက်ပြီးနောက် သေတ္တာကို ကိုင်ဆောင်၍ သစ်ပင်ပေါ်သို့ ပြန်တက်လိုက်သည်။

ရောက်ရှိလာသူများသည် အစိုးရရုံး သို့မဟုတ် စစ်တပ်မှ မဟုတ်ပေ။

၎င်းတို့သည် သိုင်းပညာခန်းမမှ လူများဖြစ်ပြီး သုံးဦးသာ ရှိသည်။

သတ်လတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးက တပည့်ရင်း နှစ်ဦးကို ဦးဆောင်လာသည်။

သူတို့ကဲ့ဝတ်စားဆင်ယင်မှုကို ကြည့်လျှင် ၎င်းတို့သည် ကျောက်သိုင်းပညာခန်းမမှ ဖြစ်သည်။

ဦးဆောင်သူမှာ ဆရာကြီး ကျောက်ပန်းဖြစ်သည်။

"ဆရာကြီး လူတစ်ယောက်ပဲရှိတယ်"

"ပြီးတော့ သူ သေနေပြီ"

သူတို့ကလူရိုင်းရဲ့ ရုပ်အလောင်းကို တွေ့ရှိခဲ့ကြပြီး

ကျောက်ပန်းရဲ့မျက်နှာအမူအရာ ပြောင်းလဲသွားပြီး သူ အပြေးသွားကာ အလောင်းကို ရှာဖွေလိုက်သည်၊ "ပစ္စည်း ဘယ်မှာလဲ"

"ရှာကျ"

"ဟုတ်ကဲ့"

တပည့်နှစ်ဦးကဓားများကို ဆွဲထုတ်ကာ ဧရိယာတစ်ဝိုက်လုံးကို စူးစမ်းရှာဖွေခဲ့သည်။

နောက်ဆုံးတွင် ၎င်းတို့ မည်သည့်အရာမှ မတွေ့ရှိခဲ့ကြပေ။

"ဆရာကြီး ဘာမှ မရှိပါဘူး တခြားလူတွေ ယူသွားပြီ ထင်တယ်"

"မိုက်ရိုင်းလိုက်တာကွာ ဒီလောက် နီးနေတာကို"

ကျောက်ပန်းကလက်သီးဆုပ်များကိုကျစ်နေအောင် ဆုပ်ထားသဖြင့် ဖြူဖွေးသွားပြီး သူရဲ့ဒေါသကို ထိန်းချုပ်ရန် အချိန်အတော်ကြာ ယူလိုက်ရသည် "ဒီည မင်းတို့ အချက်အလက်တစုံတရာ ပေါက်ကြားခဲ့တာ ရှိလား"

"ဆရာကြီး စိတ်ချပါ အဓိက သိုင်းပညာခန်းမသုံးခုရဲ့ ဆရာကြီးတွေအပြင် တပည့်ရင်း အနည်းငယ်နဲ့ တပ်မှူးကြီး ထောင်စုမှုးသာ ကျွန်တော်တို့ နတ်ဘုရားရတနာ ကို ရှာဖွေနေတာ သိပါတယ်"

"ကျန်တဲ့ သာမန်တပည့်တွေနဲ့ စစ်တပ်က စစ်သည်တွေကတော့ ကျွန်တော်တို့က လုပ်ကြံသူတစ်ယောက်ကို ဖမ်းဖို့ပဲ ထင်နေကြတယ်"

"ကောင်းပြီ"

ကျောက်ပန်း သတိပေးလိုက်တယ် "ဒီကိစ္စက ငါတို့ ရာစုနှစ် ပရောဂျက်

အတွက် အရေးကြီးတယ် စကားတစ်ခွန်း ပေါက်ကြားသွားရင် နောက်ဆက်တွဲ ပြဿနာတွေ မစဥ်းစားနိုင်ဘူး ဒါကြောင့် ဘယ်သူ့ကိုမဆို အပြင်လူတစ်ယောက်ယောက် ဒီအချက်အလက်ရဲ့ အစိတ်အပိုင်းလေးတစ်ခုကို သိသွားရင်တောင် တွန့်ဆုတ်မနေဘဲ သတ်ပစ်ရမယ်"

"ပြန်ကြစို့ နောက်ပြီး လူရိုင်းရဲ့ အလောင်းကိုလည်း သယ်သွားပြီး ခွဲစိတ်ရမယ် ပစ္စည်းက သူ့အတွင်းထဲမှာ ရှိနေနိုင်တဲ့ အခြေအနေကိုလည်း ချန်မထား

နဲ့"

"ဟုတ်ကဲ့"

"..."

ထိုအဖွဲ့ ထွက်ခွာသွားသည်ကို ကြည့်ပြီးနောက်

ချန်ဆန်းရှီက စကားဝိုင်းမှ အချက်အလက်များစွာကို နားလည်သဘောပေါက်ရန် အချိန်ယူလိုက်သည်။

နတ်ဘုရားရတနာလား

သူတို့ကနတ်ဘုရားရတနာကို ရှာဖွေနေကြတာလား?

ပြီးတော့ တပ်မှူးကြီး ထောင်စုမှုး ရှန်ထင်ချွန်ကလည်း ဒီကိစ္စမှာ ပါဝင်နေတာလား?

ပြီးတော့ ဒီအရာနဲ့ ထိတွေ့မိတဲ့ ဘယ်အပြင်လူကိုမဆို သတ်ပစ်လောက်အောင် သူတို့က ရက်စက်ကြမ်းကြုတ်တာလား?

ချန်ဆန်းရှီက သူ့ရဲ့လက်ထဲရှိ သေတ္တာကို အလေးချိန် ချိန်ဆကြည့်လိုက်တယ်

"ကောင်းပြီလေ ငါ ဒီပစ္စည်းကို ကိုင်ထားမှန်း ဘယ်သူမှ သိလို့ မဖြစ်ဘူး"

"ဒီလိုဆိုရင်..."

"ဒါ ငါ့ဟာ ဖြစ်သွားပြီ"

All Chapters