← Chapters

အခန်း (၃၀)

Vol. 3 Ch. 30

အခန်း (၃၀)

Vol. 3 Ch. 30

ချန်ဆန်းရှီ ချွေးများ ရွှဲနစ်နေကာ မျက်လုံးများပင် ချွေးစိုနေပြီး သူ့ရဲ့ကိုယ်ခန္ဓာ အားအင်သည် ကုန်ဆုံးလုနီးပါး ဖြစ်နေသော်လည်း သွားများ ကိုက်ပြီးနောက်ထပ် အနည်းငယ် တွန်းလှန်နိုင်သေးသည်ဟု ခံစားနေရသည်။

ဒါဟာ အံ့မခန်း ခံနိုင်ရည်ကို ဟောက်ရန် အသက်ရှူခြင်းပညာ နှင့် တွဲဖက်

လိုက်တာကြောင့် ဖြစ်ပေါ်လာသည့် တုံ့ပြန်မှု ဖြစ်နိုင်လား

သို့သော် သူရဲ့အောင်ပွဲသည် လွယ်ကူခြင်း မရှိခဲ့ပေ

နောက်ဆုံးတွင် ရွီဘင် သည် နှစ်ပေါင်းများစွာ သိုင်းပညာ လေ့ကျင့်ထားပြီး သွေးသန့်စင်ခြင်းအဆင့် တွင် အသေးစားအောင်မြင်မှု့ရရှိထားသူ စစ်အရာရှိ တစ်ဦး ဖြစ်သည်။

ဤတိုက်ပွဲကသူ့အတွက် အလွန် အထောက်အကူ ဖြစ်စေခဲ့သည်။

[ကျွမ်းကျင်မူ့- စစ်သား အခြေခံ လှံပညာ (အခြေခံအဆင့်)]

[တိုးတက်မှု- (၅၂/၅၀၀)]

[စွမ်းဆောင်ရည်- လှံလှုပ်ရှားမှု လျင်မြန်ခြင်း၊ အံ့မခန်း ခံနိုင်ရည် ]

သူကဤကျွမ်းကျင်မှု ဖော်ပြချက် နှစ်ခု၏ အကျိုးသက်ရောက်မှုများကို ကိုယ်တိုင် ကိုယ်ကျ ခံစားခဲ့ရသည်။

ခုနစ်လှမ်း အတွင်းရှိ မည်သူမဆို ဓားဆွဲရန် အခွင့်အရေး မရမီ အရင် အထိုးခံရမည်ဟု သူ ခန့်မှန်းခဲ့သည်။

သူရဲ့လှံပညာက ခံနိုင်ရည်ရှိရုံသာမက လျင်မြန်ပြီး ပြင်းထန်သည်

"ကောင်းတယ်"

မြင့်မားသော ပလ္လင်ပေါ်တွင် ရှန်ထင်ချွန်သည် အားရကျေနပ်စွာဖြင့် အသံကျယ်ကျယ် ချီးကျူးလိုက်ပြီးသူ့ရဲ့မျက်လုံးများတွင် ကျေနပ်မှုများ ပြည့်လျှံနေသည်။

ကြည့်ရှုနေသော စစ်သားများကလည်း လက်ခုပ်သြဘာပေးကာ အားပေးကြသည်။

"ကောင်းတယ်ဟေ့"

ကျူးထုံရဲ့အသံသည် အကျယ်ဆုံးဖြစ်သည်။

ရွီဝမ်ချိုင် သည်လည်း လည်ပင်းဆန့်ကာ အားတက်သရောဖြင့် "ချန်ညီလေး မှာ ဝှက်ထားတဲ့ ဘုရင်အော်ရာကို ငါ မြင်တယ် သူကကြီးမြတ်ဖို့ ကံပါလာတာ"

"မင်း ကြည့်တာက ဘာ အသုံးဝင်မှာလဲ" ဟု ကျူးထုံက ဆဲဆိုလိုက်သည် "မင်း ကိုယ့်ကိုကိုယ်သာ အာရုံစိုက်လိုက်ဦး ဆယ်ရက်တောင် ရှိပြီ မြင်းပုံစံလေ့ကျင့်ခန်း တစ်ခုတောင် မကျွမ်းကျင်သေးဘူး မြို့ရိုးတွေ ပြင်ဖို့ အပြင်ကို လွှတ်ခံရဖို့ စောင့်နေတာပဲ"

"..."

"ချန်ညီလေးက တကယ်ကို အစွမ်းထက်တယ်"

စုန်ယန် သည်လည်း အံ့သြချီးကျူးစကား ပြောရသည်အထိ ဖြစ်ခဲ့သည်။

ရွီဘင်ရဲ့ နှလုံးသားသည် ပြာကျသကဲ့သို့ ခံစားနေရသည်။

သူသည် လူရာပေါင်းများစွာ ရှေ့တွင် အတွေ့အကြုံမရှိသေးသူ တစ်ဦးကို ရှုံးနိမ့်ခဲ့သည်။

သူ့ရဲ့စစ်ဘက်ဆိုင်ရာ အသက်မွေးဝမ်းကြောင်း တိုးတက်ရန် အခွင့်အရေးများမှာ ယခုမှစ၍ ပြီးဆုံးသွားပြီဟု ဆိုနိုင်သည်။

ထိုမျှသာမက ဤနှစ်ဦးချင်း တိုက်ပွဲသည် ချန်ဆန်းရှီကို စိတ်အနှောင့်အယှက် ဖြစ်စေခဲ့သည်။

ယခင်ကဆိုလျှင် သူကသူ့ကို လျစ်လျူရှုနိုင်ပြီး မျက်နှာကောင်း မပြဘဲ နေနိုင်ခဲ့သည်။

ဒီတစ်ကြိမ်မှာတော့ သူ ရက်စက်ခဲ့ပြီး ညှာတာမှု မပြခဲ့ပေ သူ ရန်ငြိုးများ ရခဲ့ပါကချန်ဆန်းရှီ ရာထူးမြင့်မားလာသည်နှင့်တပြိုင်နက် သူ့အတွက် ဘဝကို ခက်ခဲစေရန် လွယ်ကူမည် မဟုတ်ပေလား။

"မင်း နိုင်သွားပြီ"

ရွီဘင်က သူ့ရဲ့ဓားကို ကောက်ယူပြီး စိတ်ပျက်အားငယ်စွာဖြင့် ကွင်းပြင်မှ ထွက်သွားသည်။

ချန်ဆန်းရှီ စကားပြောရန် အခွင့်အရေးပင် မရလိုက်ပေ။

မြင့်မားသော ပလ္လင်ပေါ်ရှိ ရှန်ထင်ချွန်သည် ဤယှဉ်ပြိုင်ဆိုင်မှုကို အလွန်ကျေနပ်အားရနေသည်။ သူက အတူပါလာသော အရပ်သားဝန်ထမ်းကို ကြည့်ကာ-

"ဝမ်ကျီ ငါ့ကို ပြောတုန်းက ငါ မယုံခဲ့ဘူး၊ ဒါပေမယ့် အခုကြည့်တော့ ငါတို့ ပိုယန် ခရိုင်မှာ တကယ့်ကို အလားအလာရှိတဲ့ ဗိုလ်ချုပ်လောင်း ပေါ်လာတာပဲ

"ခရိုင်ဝန် ကျန်ပြဿနာ မရှိဘူးမို့လား"

"ပြဿနာ မရှိပါဘူး"

ခရိုင်ဝန် ကျန်းသည် စစ်တပ်မှတ်ပုံတင်စာရင်းကို စစ်ဆေးပြီး ဖြစ်သည်- "ကျွန်တော် ပြန်ရောက်ရင် လျန်ကျိုး ဘုရင်ခံအိမ်တော်ကို အစီရင်ခံပါမယ် ပြီးတော့ ချန်ဆန်းရှီရဲ့ ရွေးချယ်ခံရတဲ့ နေရာအတွက် အရည်အချင်းတွေကို ရှင်းလင်းစွာ ဖော်ပြပါမယ်"

မူလက ဤကိစ္စကို ခရိုင်ဝန်ကိုယ်တိုင် ကိုင်တွယ်ရန် မျှော်လင့်ခဲ့သည်

သို့သော် ခရိုင်ဝန် သေဆုံးသွားပြီး အသစ်တစ်ဦးကို မခန့်အပ်ရသေးသောကြောင့် ခရိုင်အကြီးအကဲကို ယာယီ အပ်နှင်းထားသည်။

"အင်း"

ရှန်ထင်ချွန် ခေါင်းညိတ်လိုက်ပြီး ချန်ဆန်းရှီအား ဆင်းသွားရန် အချက်ပြကာ ကျန် စစ်သားအသစ်များကို စစ်ဆေးခြင်းကို ဆက်လက် လုပ်ဆောင်လိုက်သည်။

"သူတို့ထဲက ဘယ်နှစ်ယောက် ဆယ်ရက်အတွင်း ချီ-သွေးကို ကျင့်စဉ်နိုင်ခဲ့လဲ၊ ဘယ်နှစ်ယောက် လှံပညာကို သင်ယူခဲ့လဲ"

သုံးဆယ့်ရှစ်ယောက်ထဲမှ ခြောက်ယောက် ထွက်လာသည်။

ရှန်ထင်ချွန်က အမိန့်ပေးသည်- "နှစ်ယောက်ချင်းစီ တွဲပြီး တိုက်ခိုက်တာ ပြပါဦး"

"ဟုတ်ကဲ့"

ခြောက်ယောက်က ပြန်ဖြေသည်။

တစ်နာရီ မပြည့်ခင်မှာပင် ယှဉ်ပြိုင်မှု ပြီးဆုံးသွားပြီး လူတစ်ဦးချင်းစီ ဘယ်လို စွမ်းဆောင်နိုင်ခဲ့သည်ကို အခြေခံအားဖြင့် ပြောနိုင်ခဲ့သည်။

"စုန်ယန် ကောင်းတယ် နောက်ရက်အနည်းငယ်အတွင်း ချီ-သွေးကို ကျင့်နိုင်လိမ့်မယ်"

ရှန်ထင်ချွန် တွေးတောသည်"လာမယ့်နှစ်ရဲ့ ဒုတိယနှစ်ဝက်အတွက် ရွေးချယ်ခံရတဲ့ နေရာ အရည်အချင်းက ပြဿနာမရှိသင့်ဘူး။

"မင်း နာမည်က ကျူး... ကျူးထုံလား? မင်းလည်း မဆိုးဘူး

"ဒီ အသုတ်ထဲမှာ စစ်သား ခုနစ်ယောက် ပါဝင်လာတာက ပိုယန်ခရိုင်ရဲ့ သမိုင်းမှာ အမြင့်ဆုံး ပမာဏပဲ။

"ကောင်းပြီ၊ မင်းတို့လည်း အခု ဆင်းသွားလို့ရပြီ။

"ကျန်တဲ့သူတွေ၊ မင်းတို့ရဲ့ မြင်းပုံစံလေ့ကျင့်ခန်းကို ပြပါဦး"

သုံးဆယ့်နှစ်ယောက်က မြင်းပုံစံလေ့ကျင့်ခန်းကို ပြသခဲ့သည်။

သူတို့ထဲက ဆယ့်ငါးယောက် ဒါမှမဟုတ် ဆယ့်ခြောက်ယောက်လောက်က မြင်းပုံစံလေ့ကျင့်ခန်းကိုတောင် မကျွမ်းကျင်သေးပေ။

အလွန်ဆုံး ရယ်စရာအကောင်းဆုံးကတော့ ဆိတ်မုတ်ဆိတ်ရှိတဲ့သတ်လတ်ပိုင်းအရွယ် လူတစ်ယောက်က လှုပ်ရှားမှု တစ်ခုမှ မသိဘူးဆိုတာပဲ

ဒီမြင်ကွင်းကြောင့် ရှန်ထင်ချွန် မျက်မှောင်ကြုတ်သွားပြီး ဆက်ကြည့်ဖို့ စိတ်ရှည်မှု ကုန်ဆုံးသွားသည်။

"တော်ပြီ၊ အကဲဖြတ်ခြင်း ပြီးဆုံးပြီ။

"ချန်ဆန်းရှီ"

"ရှိပါတယ်" ဟု ချန်ဆန်းရှီက ပြန်ဖြေသည်။

"ဒီနေ့ကစပြီး မင်းကို အလံငယ်အရာရှိ အဖြစ် ရာထူးတိုးလိုက်ပြီ ရာထူးနဲ့ ထိုက်တန်တဲ့ အခွင့်အရေး အားလုံးအပြင် ပထမတန်းစား စစ်မြင်းတစ်

ကောင်ပါ တပ်ဆင်ပေးမယ်"

ရှန်ထင်ချွန်က ဘေးဘက်ကို ကြည့်လိုက်ပြ"ဝမ်ကျီ သူက မင်းရဲ့ စစ်သားအသစ်ပဲ ဒါကြောင့် အခုကစပြီး မင်းရဲ့ ကွပ်ကဲမှုအောက်မှာ ရှိမယ် မင်း သူ့အတွက် ရာထူးနေရာ ရှိတယ်မို့လား"

"ရှိပါတယ် ရှိပါတယ် ရှိပါတယ်"

ဝမ်ကျီ အလျင်အမြန် ပြန်ဖြေသည် "နေရာလွတ်တွေ အတော်လေး ရှိပါတယ်"

"..."

ရှန်ထင်ချွန် ဆက်ပြောသည် "ကျန်တဲ့သူတွေကတော့ ရာစုမှူး တစ်ဦးချင်းစီအောက်က နေရာလွတ်တွေကို ဖြည့်ဆည်းကြပါ အနာဂတ်မှာ သူတို့ရဲ့ လေ့ကျင့်မှုမှာ တိုးတက်မှုရှိလာရင် ဒါမှမဟုတ် စစ်ရေးအောင်မြင်မှုတွေ ရရင် အဲဒီအခါမှ ရာထူးတိုးပေးလိုက်ကြ"

အကဲဖြတ်ခြင်းကို ကြီးကြပ်ပြီးနောက် သူ အလျင်စလို ထွက်ခွာသွားသည်

ကျန်ရှိနေသော ရာစုမှူးများက နောက်ဆက်တွဲ သေးငယ်သော ကိစ္စရပ်များကို ကိုင်တွယ်ရန် ချန်ထားခဲ့သည်။

ပထမဆုံးအနေနဲ့ စစ်သားတွေရဲ့ အဆင့်အတန်းတွေကို ခွဲခြားပြီး ဘယ်သူ့ကို အစီရင်ခံရမလဲဆိုတာ ဆုံးဖြတ်ဖို့ပဲ။

ရွေးချယ်ရေး အရာရှိများ လာရောက်ပြီး လူများကို ရွေးချယ်သည့် နှစ်တိုင်းတွင်၊ အထက်မှ ပုဂ္ဂိုလ်များက တစ္ဆေစစ်သား ကိစ္စကို စုံစမ်းစစ်ဆေးရန် အချိန်လည်း ဖြစ်သည်။

မကြာသေးမီနှစ်များအတွင်း စစ်ဆေးမှုများ ပိုမို တင်းကျပ်လာပြီး တစ္ဆေစစ်သား ဖြစ်ရပ်များ အများကြီး လျော့နည်းသွားသော်လည်း လုံးဝ ပျောက်ကွယ်မသွားသေးပေ။

ထောင်စုမှူး တစ်ဦးတွင် လူ ၁၁၂၀ ခန့် အပြည့်ဝရှိသင့်သည်။

ပိုယန်ခရိုင်တွင် လူတစ်ထောင်ခန့် အစီရင်ခံထားသော်လည်း

တကယ်တမ်းမှာ လူကိုးရာကျော်လေးပဲ ရှိတယ်။

ဆိုလိုသည်မှာ နေရာလွတ် ရာဂဏန်းနီးပါး ရှိနေသည်။

လူသုံးဆယ်ကျော်ကို စစ်ဆေးမှုကို ကျော်ဖြတ်နိုင်လောက်အောင် ပုံပန်းသဏ္ဌာန် ရှိပါက စစ်အရာရှိများက ကွက်လပ်ဖြည့်ရန် အားလုံးကို ရွေးချယ်ခဲ့ကြသည်။

ချန်ဆန်းရှီ အောက်မှာလည်း အပြည့်အစုံ မရှိပါဘူး။ ခုနစ်ယောက် သာရှိသည်

တက်ကြွစွာ လာရောက်တောင်းဆိုခဲ့သော ကျူးထုံ ရွာသားချင်း လေးယောက်နှင့် ပြစ်ဒဏ်အဖြစ် စစ်တပ်သို့ ပို့လိုက်သော နှစ်ယောက်တို့ ပါဝင်သည်။

မကြာမီတွင် အဘိုးအို အားနည်းသူ ဖျားနာသူနှင့် မသန်စွမ်းသူ နှစ်ယောက် သို့မဟုတ် သုံးယောက်သာ ကျန်ရှိခဲ့ပြီး မည်သူမျှ မလိုချင်ကြပေ လမ်းပေါ်မှ ယာယီ ခေါ်ယူထားသော သူတောင်းစားပင် ဤသူတို့ထက် ပိုကြည့်ကောင်းနေမည့် အခြေအနေမျိုး ဖြစ်သည်။

"မြင်းပုံစံ မတ်တပ်ရပ်နည်း တောင် မသိဘူးလား? အိမ်နီးချင်း ခရိုင်မှာ မြို့ရိုးဆောက်ဖို့ သွားလုပ်ချည်"

"မလုပ်ပါနဲ့၊ မလုပ်ပါနဲ့၊ ကျွန်တော် မထူးခြားတဲ့ အလုပ်တွေ လုပ်တတ်ပါတယ်"

"မထူးခြားတဲ့ အလုပ်တွေလား၊ မင်း မြင်းကို အစာကျွေးတတ်လား"

"ကျွန်တော် သင်ယူနိုင်ပါတယ်"

"သင်ယူရမယ် မင်းကို သင်ပေးဖို့ ဘယ်သူ အချိန်ရှိလဲ လေကြောမရှည်နဲ့ သူ့ကို ဆွဲသွား"

ရွီဝမ်ချိုင်က မည်သူမှ မလိုချင်သော သူများထဲမှ တစ်ဦးဖြစ်သည်။

"ချန်ညီလေး"

သူ့ကို ဆွဲခေါ်သွားတော့မည့်အချိန်တွင် ကယ်တင်ရှင်ကို မြင်လိုက်ရသလို ရွီဝမ်ချိုင်သည် အပြေးအလွှား လာပြီး ချန်ဆန်းရှီရဲ့ လက်မောင်းကို အသည်းအသန် ဆုပ်ကိုင်လိုက်ကာ "မင်းအောက်မှာ လူ လိုအပ်နေသေးလား ငါ့ကို မင်းနောက် လိုက်ပါခွင့်ပေးပါ ငါ့ကို မင်းနောက် လိုက်ပါခွင့်ပေးပါ"

"လာပြီး ကံဆိုးခြင်းတွေမပေးစမ်းနဲ့"

ကျူးထုံက အလွန် စက်ဆုပ်ရွံရှာစွာ ပြောသည် "ငါတို့ တိုက်ပွဲဝင်တဲ့အခါ မင်း ဘာလုပ်ရမှန်းတောင် သိမှာမဟုတ်ဘူး မင်းက ငါတို့ကို သေတွင်းထဲ ဆွဲခေါ်သွားလိမ့်မယ်"

"ငါ ဘာမှ မလုပ်တတ်ဘူးလို့ ဘယ်သူပြောလဲ"

ရွီဝမ်ချိုင်က ကတိများစွာ ပြောလိုက်သည်"ချန်ညီလေး ငါ ရွီဝမ်ချိုင်ကနက္ခတ္တဗေဒနဲ့ ပထဝီဝင် အသိပညာတွေ ကျယ်ပြန့်တယ် ငါ စစ်သည်တွေကို စီစဉ်တာနဲ့ ကိစ္စတွေ စီမံခန့်ခွဲတာမှာ ကျွမ်းကျင်တယ် သိုင်းပညာ သင်ယူဖို့ အသက်ကြီးလွန်းတာကလွဲလို့ ကျန်တာ အကုန်လုပ်နိုင်တယ် ငါ့ကို ခေါ်ထားပါ၊ မင်းအတွက် တန်ဖိုးရှိစေရမယ်လို့ ငါ အာမခံပါတယ်"

"စကားပြောတာ ရပ်တော့"

ရာစုမှူး လျူက အချက်ပြလိုက်ရာ စစ်သားနှစ်ဦးသည် ရွီဝမ်ချိုင်ကို ထိန်းချုပ်ရန် ချဉ်းကပ်လာသည်။

ထိုအချိန်တွင် ချန်ဆန်းရှီကလက်သီးဆုပ်ကာ ပြောလိုက်သည်"ရာစုမှူး လျူဒီလူကို ကျွန်တော့်ကို ပေးလိုက်ပါ။"

"မင်း သေချာလား"

ရာစုမှုးလျူကနားမလည်သော မျက်နှာဖြင့် ကြည့်လိုက်သည်"မင်းအောက်မှာ နေရာတစ်နေရာ ဖြုန်းတီးပစ်မှာ မကြောက်ဘူးလား သေချာ စဉ်းစားပါ"

မိစ္စာဂိုဏ်းသား ကိစ္စက အသစ်ရောက်လာသူ ချန်ဆန်းရှီနဲ့ မဆိုင်ပါဘူး

ဆိုလိုသည်မှာ သူသည် ကိန်းဂဏန်းများကို ဖြည့်စွက်ရန် မလိုအပ်ဘဲ သူ့အောက်ရှိ တိုက်ခိုက်ရေးသမားများ ပိုမို အစွမ်းထက်လေ ပိုကောင်းလေ ဖြစ်သည်။

"ပြဿနာ မရှိပါဘူး"

ချန်ဆန်းရှီက အတင်းအကြပ် ပြောလိုက်သည် "ကျွန်တော် သူ့ကို နောက်မှ မြင်းတွေကို အစာကျွေးခိုင်းပါမယ်"

"ဒါဆိုလည်း ကောင်းပြီ"

ရာစုမှူး လျူ အများကြီး မပြောတော့ပါ "မင်း သဘောအတိုင်းပဲ နောင်တရရင် ငါ့ကို ပြောလိုက်ပါ"

"ဟူး..."

မြို့ရိုးဆောက်လုပ်ရေး အလုပ်ကို သွားစရာမလိုတော့သဖြင့် ရွီဝမ်ချိုင်

သည် သက်ပြင်းရှည်ကြီး ချလိုက်ပြီး"ချန်ညီလေး၊ မင်းမှာ တကယ်ကို အမြင်ရှိတာပဲ"

"သူက အရမ်းကို စိတ်ကောင်းရှိပြီး မင်း လှည့်စားတာ ခံလိုက်ရတာ" ဟု ကျူးထုံက ကျိန်ဆဲသည်။

နာရီဝက်ခန့် ကြာပြီးနောက် စစ်သားများကို အများစု ခွဲဝေချထားပြီး ဖြစ်သည်။

လက်နက်တိုက်မှူး က ချန်ဆန်းရှီကို စာရွက်အချို့ ပေးလိုက်ပြီး ၎င်းတို့ကို အသုံးပြု၍ အရင်းအမြစ်များ စုဆောင်းနိုင်ကြောင်း ပြောပြသည်။

သွေးဖြည့်ဆေးရည်၊ လက်နက် စာရွက်များ၊ ပြီးတော့ မြင်းတစ်ကောင်။

"ငါ အလံငယ်အရာရှိရွီကို ပေးဆပ်ရမယ့် ကြွေးကျန်သေးတယ်"

ချန်ဆန်းရှီက အကြွေးကို ရှောင်လွှဲသူ မဟုတ်သော်လည်း ထိုအချိန်တွင် ရွီဘင်ကို လူအုပ်ထဲတွင် ရှာမတွေ့ပေ"ထားလိုက်တော့၊ မြင်းကို အရင်သွားကြည့်ရအောင်"

မြင်းတစ်ကောင်

၎င်းသည် အလွန်တန်ဖိုးရှိသော မဟာဗျူဟာမြောက် အရင်းအမြစ် တစ်ခုဖြစ်သည်။

အလံအရာရှိတိုင်း မြင်း မရှိကြပေ။

ပိုယန် အိမ်ထောင်စုတပ် တစ်ခုလုံးတွင် မြင်း အကောင်သုံးဆယ်အောက်သာ ရှိသည်။

"အလံအရာရှိချန် မင်းရဲ့ မြင်းက သာမန်မြင်း မဟုတ်ဘူး"

လက်နက်တိုက်မှူးက ပြုံးရွှင်စွာဖြင့် ပြောလိုက်သည်"ဒါက တပ်မှူးချုပ်က ခရိုင်မြို့ ကနေ အသည်းအသန် ရရှိထားတဲ့ ထိပ်တန်း ဗိုင်ဟူမြင်းပဲ။ နှစ်ကောင်ပဲ ရှိပြီး မင်းကို တစ်ကောင် ပေးဖို့ ဆန္ဒရှိတာက သူ မင်းကို ဘယ်လောက် တန်ဖိုးထားလဲဆိုတာ ရှင်းရှင်းလင်းလင်း ပြနေတယ်။ အလံအရာရှိချန် မင်းမှာ အကန့်အသတ်မဲ့တဲ့ အနာဂတ် ရှိတယ်"

သူကမြင်းထိန်းကို မြင်းကောင်းတစ်ကောင်ကို တဲထဲမှ ဦးဆောင်လာရန် အမိန့်ပေးခဲ့သည်။

ဤမြင်းသည် တစ်ကိုယ်လုံး ဖြူစင်နေပြီး ကြွက်သားများ သန်မာကာ ပုံသဏ္ဌာန် လှပသည်။ လေတိုက်ခတ်လာသောအခါ ၎င်း၏ လည်ဆံမွေးများ လေထဲတွင် ကခုန်နေပြီး ကောင်းကင်ယံမှ တိမ်များကဲ့သို့ ဖြစ်နေသည်။

"အလံအရာရှိချန် စမ်းကြည့်ချင်လား ဒါပေမယ့် သတိထားပါ"

လက်နက်တိုက်မှူးက သတိပေးသည် "ဒီမြင်းက စိတ်နေစိတ်ထား ပြင်းထန်တယ်။"

"ကျွန်တော် ပြင်းထန်တာကို ကြိုက်တယ်။"

ချန်ဆန်းရှီ မြင်းပေါ် တက်လိုက်သည်။

[ကျွမ်းကျင်မှု- မြင်းထိန်းချုပ်ခြင်း (အစမပြုရသေး)]

[တိုးတက်မှု- (၀/၁၀၀)]

[စွမ်းဆောင်ရည်- မရှိသေးပါ]

All Chapters