← Chapters

အခန်း (၃၁)

Vol. 3 Ch. 31

အခန်း (၃၁)

Vol. 3 Ch. 31

"မြင်းထိန်းချုပ်တာကလည်း အရေးကြီးလား"

"ဟီနီ—"

ချန်ဆန်းရှီ သေသေချာချာ စဉ်းစားဖို့ အချိန်မရလိုက်မီ။

ဗိုင်ဟူမြင်း သည် ရုတ်တရက် ဟီလိုက်ပြီး တဲထဲမှ ပြေးထွက်သွားကာ ကြမ်းတမ်းစွာ ခုန်ပေါက်ပြီး သူ့ကျောပေါ်မှ လူကို ပစ်ချရန် ကြိုးစားနေသည်။

ချန်ဆန်းရှီကလုံးဝ လွင့်ထွက်လုနီးပါး ဖြစ်သွားပြီး ကြိုးများကို လက်နှစ်

ဖက်ဖြင့် အလျင်အမြန် ဆုပ်ကိုင်ကာ မြင်းရဲ့ဝမ်းဗိုက်ကို ခြေထောက်ဖြင့် တင်းတင်းကျပ်ကျပ် ညှပ်ထားပြီး မြင်းကုန်းနှီးကို နင်းထားလိုက်သည်။

အခြားသူများ မြင်းစီးခြင်းသည် လွယ်ကူပုံရသော်လည်း ကိုယ်တိုင် စီးကြည့်ပြီးမှသာ ၎င်းသည် မည်မျှ ခက်ခဲကြောင်း သိရသည်။

အထူးသဖြင့် ရိုင်းပြီး မယဉ်ပါးသေးသော မြင်းနှင့်ဆိုလျှင် သတိမထားပါက အသက်ပင် ဆုံးရှုံးနိုင်သည်။

"ဟီနီ—"

ဗိုင်ဟူမြင်းကဟီပြီးဟိုရောက်ဒီရောက် ပြေးလွှားနေသည်။

မြင်းပေါ်တွင် ထိုင်နေသော ချန်ဆန်းရှီသည် လေပြင်းများ နားထဲသို့ ထိုးဖောက်ဝင်ရောက်ခြင်း၊ မြင်ကွင်းများ လျင်မြန်စွာ နောက်ပြန်ရွေ့လျားသွားခြင်းနှင့် မြင်း၏ ခုခံမှုတို့ကြောင့် လုံခြုံရေးကြိုးမပါဘဲ ရိုလာကိုစတာ စီးနေရသလို ခံစားနေရသည်။

"ကောင်းလိုက်တဲ့ သားရဲ"

သူကမြင်းရဲ့လည်ပင်းကို ပွေ့ဖက်ပြီး သန့်စင်သော ခွန်အားဖြင့် ၎င်းကို လက်နက်ချခိုင်းရန် ကြိုးစားသည်။

လူနှင့်မြင်းသည် တစ်နာရီကြာအောင် ရပ်တည်နေခဲ့ပြီး မည်သူမျှ အသာမရရှိခဲ့ပေ။

နှစ်ဦးစလုံး ပင်ပန်းနွမ်းနယ်သွားမှသာ ယာယီ ရပ်စဲခဲ့သည်။

[ကျွမ်းကျင်မှု- မြင်းထိန်းချုပ်ခြင်း (အစမပြုရသေး)]

[တိုးတက်မှု- (၃၅/၁၀၀)]

[စွမ်းဆောင်ရည်- မရှိသေးပါ]

"မြင်းကအမ လား"

ချန်ဆန်းရှီက အနီးကပ် ငုံ့ကြည့်လိုက်သည်။

သူကမြင်းများအကြောင်း နားလည်မှု နည်းပါးသော်လည်း မြင်းမများသည် ယေဘုယျအားဖြင့် ပိုသေးငယ်ကြောင်း သူသိသည် သို့သော် ဤကောင်သည် ထူးခြားပြီး အလွန်အားကောင်းသည်။

"ဟား ဟား ဟား ဟား ဟား"

နောက်မှ ရယ်မောသံ ကျယ်လောင်စွာ ထွက်ပေါ်လာသည်။

ချန်ဆန်းရှီလှည့်ကြည့်လိုက်ရာ ရှန်ထင်ချွန် ဖြစ်နေသည်ကို တွေ့လိုက်ရသည်။

ရိုးရိုးအဝတ်အစားများ ဝတ်ဆင်ထားပြီး သူရဲ့သံချပ်ကာဝတ်စုံမပါဘဲ ရှန်ထင်ချွန်သည် ပို၍ ကြင်နာသော မျက်နှာ ရှိနေသော်လည်း အရှိန်အဝါကို ထုတ်လွှတ်နေဆဲဖြစ်သည်။

ထောင်စုမှူးသည် ပဉ္စမအဆင့် ရာထူးကို ရရှိထားသည်။

ပိုယန်ခရိုင်တွင် ပဉ္စမအဆင့်သည် အတုမရှိပေ တရားဝင် ရာထူးအဆင့်အရသာမက လေ့ကျင့်မှုနှင့် အာဏာပိုင်းတွင်လည်း ဖြစ်သည်။

"ထောင်စုမှူးကြီး"

ချန်ဆန်းရှီက လက်သီးစုပ်ကာအရိုအသေ ပေးလိုက်သည်။

"အဆင်ပြေလား အဲဒီမြင်းကို ယဉ်ဖို့ မလွယ်ဘူး မဟုတ်လား"

ရှန်ထင်ချွန်က "ဒါက ခက်ခဲသင့်တာပဲ ဒီမြင်းက ဒီလောက် ရိုင်းပြီး လူတွေကို တစ်ခါတလေ ထိခိုက်စေတဲ့ အလေ့အကျင့် မရှိဘူးဆိုရင် သူတို့ ငါ့ကို ပေးဖို့ ဆန္ဒရှိမှာ မဟုတ်ဘူး၊ ငါလည်း မင်းကို ပေးဖို့ စဉ်းစားမိမှာ မဟုတ်

ဘူး။ မင်းလုပ်နိုင်မလုပ်နိုင်တာက မင်းရဲ့ စွမ်းရည်အပေါ် မူတည်တယ်"

ထောင်စုမှူးက သူ့ကို အထူးတလည် လာတွေ့ခြင်း မဟုတ်ပေ။

ချန်ဆန်းရှီက မလှမ်းမကမ်းတွင် မြင်းထိန်းတစ်ဦးက နောက်ထပ် မြင်းဖြူတစ်ကောင်ကို ဆွဲလာသည်ကို သတိပြုမိလိုက်သည် ၎င်းသည် ထောင်စုမှူး၏ ခရီးစဉ်အတွက် ပြင်ဆင်ထားသည့် မြင်းဖြစ်ဖွယ်ရှိပြီး သူတို့ နှစ်ဦး တိုက်ဆိုင်စွာ ဆုံတွေ့ခဲ့ခြင်း ဖြစ်သည်။

"ကောင်းကောင်း လုပ်ပါ မင်း လိုအပ်တာရှိရင် ငါ့ဆီ လာခဲ့ပါ"

ပြောပြီးနောက် ရှန်ထင်ချွန် ကမြင်းပေါ် တက်လိုက်သည်။

သူ့ရဲ့မြင်းကအလွန်ယဉ်သည်။

"သူ ဘယ်သွားမလို့လဲ"

ချန်ဆန်းရှီတစ်ယောက်တည်း စဉ်းစားလိုက်ပြီး "သူတို့ ညက နတ်ဘုရားရတနာကို ဖွင့်ဖို့ သော့ကို ရှာတွေ့ခဲ့တာလား မျက်နှာဖုံးစွပ်ထားတဲ့ လူတွေ အားလုံးကို ဖမ်းမိသွားတာလား လော်တုန်ချွမ်လည်း အဲဒီမှာ ရှိခဲ့တာလား"

မြင်းကွင်းပြင်ကနေ မထွက်ခွာမီ သူသည် နောက်ထပ် မြင်းနက်တစ်ကောင် ပေါ်လာသည်ကို တွေ့လိုက်ရပြီး မြင်းဖြူနှင့် တစ်ပြေးညီ လိုက်ပါလာသည်။

မြင်းပေါ်မှလူသည် လော်တုန်ချွမ် ဖြစ်သည်။

"သူကလည်း နတ်ဘုရားရတနာနဲ့ ပတ်သက်နေတာလား"

ဒီလူတွေက နန်းတော်ကနေ လျှို့ဝှက်ချက်တွေကို ထိန်းသိမ်းထားတာ ရှင်းနေတယ်။

သေတ္တာထဲမှာ အတိအကျ ဘာတွေပါလဲဆိုတာ သူ့ရဲ့ သိချင်စိတ် ပိုတိုးလာခဲ့သည်။

"လော် ရွေးချယ်ခံရတဲ့ နေရာအကြောင်း ဆက်မပြောပါနဲ့"

ရှန်ထင်ချွန်က ပြတ်ပြတ်သားသား ပြောလိုက်သည်"မဟာရှန် နန်းတော် မှာ လူအင်အား နည်းပါးနေချိန်မှာ ဒီလို ပြည်တွင်း ပဋိပက္ခတွေကို ဆက်လုပ်နေတာက ဂုဏ်သိက္ခာ ကျဆင်းစေတယ်"

"အရှင်"

လော်တုန်ချွမ်သည် မချင့်မရဲ ဖြစ်နေသည် "လာမယ့်နှစ်ရဲ့ ပထမနှစ်ဝက်က ကြီးကြပ်ရေးမှုးနောက်ဆုံးရွေးချယ်မဲ့နှစ်ပဲ"

"အဲ့တော့ ဘာဖြစ်လဲ"

ရှန်ထင်ချွန်သည် ကြိုးများကို ဆွဲလိုက်ပြီး "မင်း တစ်ခုခု နားလည်ဖို့ လိုတယ် ကြီးကြပ်ရေးမှုးရဲ့ အာဏာက အရမ်းကြီးလွန်းတယ် အသက်လည်း ကြီးနေပြီဆိုတော့ ဧကရာဇ်မင်းမြတ်က သူ့ကို ရာထူးကနေ ဆင်းစေချင်တာ ကြာပြီ

"ဒီအချိန်မှာ တပ်စခန်းရှစ်ခု ထဲ ဝင်တာ ကောင်းတဲ့ကိစ္စ မဟုတ်နိုင်ဘူး"

"ဧကရာဇ်မင်းမြတ်က ဒီနှစ်တွေအတွင်းမှာ လူသစ်တွေကို ရှာဖွေနေပြီး မြောက်ပိုင်းနယ်မြေကို ပြန်လည် ဖွဲ့စည်းချင်တယ် တပ်စခန်းရှစ်ခုကို ဖျက်သိမ်းပြီး ပြည်နယ်အသီးသီးရဲ့အရှေ့၊ အနောက်၊ တောင်၊ မြောက် ထောင့်စွန်းတိုင်းကို ပြန်လည် ခွဲဝေချထားဖို့ ဖြစ်နိုင်ခြေ အရမ်းများတယ်

"ဒီလို အရေးပါတဲ့ အခိုက်အတန့်မှာ တစ်စုံတစ်ယောက်က ထင်ရှားပေါ်လွင်လာနိုင်ရင် အနာဂတ် ကြီးကြပ်ရေးမှုးအသစ်ရဲ့ လက်အောက်မှာ ရာထူးမြင့်မားစွာ ရရှိလာနိုင်တယ်"

လော်တုန်ချွမ်က စိတ်ဝင်တစား နားထောင်နေသည် "ဒါကြောင့်ပဲ အရှင်က 'နတ်ဘုရားရတနာ' လို့ ခေါ်တဲ့ အရာကို ရှာဖွေဖို့ သိုင်းပညာခန်းမနဲ့ ပူးပေါင်းဖို့ စီစဉ်နေတာလား ဒါပေမယ့် လေ့ကျင့်မှုကို လျင်မြန်စွာ မြှင့်တင်နိုင်တဲ့ ဒီလို နတ်ဘုရားပစ္စည်းက ဒီကမ္ဘာမှာ တကယ်ပဲ ရှိလို့လား"

"ခန်းမထဲက အဲဒီ အဘိုးကြီးတွေ ဘယ်လောက် စိတ်လှုပ်ရှားနေလဲဆိုတာ ကြည့်ရင် အတုအယောင် ဖြစ်ပုံမရဘူး အဲဒီ လူရိုင်းတွေ ဘယ်ကနေ ဒီလို ရတနာမျိုး ရလိုက်တာလဲဆိုတာတော့ ငါ မသေချာဘူး။

"မနှစ်ကတည်းက သူတို့ရဲ့ စီးနင်းတိုက်ခိုက်မှုတွေ မကြာခဏပိုပြီးဖြစ်လာတာ အံ့သြစရာ မရှိပါဘူး"

ရှန်ထင်ချွန် ခဏရပ်လိုက်ပြီး "မင်း မှတ်ထားရမယ်၊ ငါတို့ရဲ့ အဓိက ရည်မှန်းချက်က နတ်ဘုရားရတနာ မဟုတ်ဘူး အဲဒီ လူမိုက်တွေ သူတို့ တကယ်ပဲ ဒီလိုအရာမျိုးကို ဝှက်ထားနိုင်တယ်လို့ ထင်နေတာလား၊ တကယ် ရှိခဲ့ရင်တောင် အရေးအကြီးဆုံးကတော့ နွေဦးရာသီအတွက် ပြင်ဆင်ဖို့ ဒီအခွင့်အရေးကို ယူပြီး အဲဒီ သိုင်းပညာခန်းမတွေနဲ့ ခရိုင်ထဲက ချမ်းသာတဲ့သူတွေဆီက ပိုက်ဆံအချို့ ရအောင် ညှစ်ထုတ်ဖို့ပဲ"

"အရှင်က တကယ်ပဲ တံတိုင်းကြီးကို ကျော်လွန်ပြီး ယူဝမ် မျိုးနွယ်စုခွဲကို တိုက်ခိုက်ဖို့ စီစဉ်နေတာလား?"

လော်တုန်ချွမ်၏ မျက်နှာအမူအရာ လေးနက်လာသည်"ရှီမြစ် အနီးမှာ နေထိုင်တဲ့ လူရိုင်းတွေမှာက တိုက်ခိုက်ရေးသမား အနည်းဆုံး နှစ်ထောင့်

ငါးရာ ရှိတယ် ကျွန်တော်တို့မှာ စစ်သည်စုစုပေါင်း ကိုးရာပဲ ရှိတယ် ပြီးတော့ စစ်ဘက်ဝန်ကြီးဌာနကို အစီရင်ခံရဦးမယ် သူတို့ရဲ့ ခွင့်ပြုချက်ရမှသာ တပ်ဖွဲ့တွေကို စေလွှတ်နိုင်မယ်"

"ဒါကြောင့်ပဲ ငါ စစ်မြင်းတွေ၊ လေးစွယ်တွေ၊ ရိက္ခာတွေ၊ ဆေးဖက်ဝင်

အပင်တွေ လိုတာ၊ တစ်နည်းအားဖြင့် ငါ ငွေလိုတယ်"

သူတို့ စကားပြောနေစဉ်

နှစ်ဦးသား လယ်ကွင်းများသို့ ရောက်ရှိလာသည်။

ရှန်ထင်ချွန်ကသူ့ရဲ့ မြင်းစီးကြိမ်လုံးကို မြှောက်ကာ ကျယ်ပြန့်တဲ့လယ်မြေများကို ထောက်ပြပြီး"မင်း မြင်လား ဒီမြေတွေ အားလုံး ငါတို့ မဟာရှန် နန်းတော်ပိုင် ဖြစ်သင့်တယ် ဒါပေမယ့် ဘာဖြစ်သွားလဲ ဆယ်ပုံ ခုနစ်ပုံ ဒါမှမဟုတ် ရှစ်ပုံက အခု သိုင်းပညာခန်းမတွေနဲ့ ဒေသခံ သူဌေးတွေရဲ့ ကိုယ်ပိုင်ပိုင်ဆိုင်မှု ဖြစ်နေပြီ

"အခု စစ်ပွဲတွေက မရပ်မနား ဖြစ်နေချိန် ငါတို့ ပိုက်ဆံ လိုတဲ့အခါ သူတို့က ကြေးနီတစ်ပြားတောင် ထည့်ဝင်ဖို့ ဆန္ဒမရှိဘူး

"နတ်ဘုရားရတနာ ကိစ္စက သူတို့ကို လက်နက်ချစေဖို့ ကောင်းမွန်တဲ့ ခြောက်လှန့်နည်း ဖြစ်သွားတယ်"

"ပိုက်ဆံနဲ့ ခွန်အားရှိရင် ငါတို့ အတုမရှိတဲ့ အောင်မြင်မှုကို ရခဲ့ရင် အနာဂတ်မှာ ငါတို့အတွက် ပိုကောင်းတဲ့ အခွင့်အရေးတွေ ရှိလာလိမ့်မယ် ဘာလို့ တပ်စခန်းရှစ်ခုမှာပဲ ကန့်သတ်ထားရမှာလဲ"

"လော်အို မင်း ငါ့လက်အောက်မှာဘယ်လောက်ကြာပြီလဲ"

လော်တုန်ချွမ် ခေါင်းညိတ်သည်"ဆောင်းရာသီ ရောက်ရင် အတိအကျ နှစ်

ဆယ့်တစ်နှစ် ပြည့်ပါပြီ"

ရှန်ထင်ချွန်က လေးနက်စွာ ပြောသည်"ပိုယန် တစ်ခရိုင်တစ်ခုလုံးမှာ ငါ မင်းကို အယုံကြည်ဆုံးပဲ ဒါကြောင့် ဒီကိစ္စကို မင်းတစ်ယောက်တည်းကိုပဲ ပြောပြတာ ပြီးတော့ မင်းရဲ့ အကူအညီကို အပြည့်အဝ ပေးမယ်လို့ မျှော်လင့်

တယ် ငါတို့ အောင်မြင်ခဲ့ရင် အနာဂတ်မှာ ငါ ရောက်ရှိတဲ့ ရာထူးတိုင်း မင်းလည်း အတူတူ ရောက်ရှိမယ်"

"ထောင်စုမှူးကြီး စိတ်ချပါ"

လော်တုန်ချွမ်သည် လက်ဆုပ်ကာ ဦးညွှတ်လိုက်ပြီး "ကျွန်တော်မျိုးကအရှင်အတွက် မီးထဲ ရေထဲ ဖြတ်သန်းသွားရန် ဆန္ဒရှိပြီး သေရမှာကို မကြောက်ပါဘူး"

"သွားစို့ သိုင်းပညာခန်းမက အဲဒီ အဘိုးကြီးတွေနဲ့ သွားတွေ့ရအောင်"

မြင်းစီးကာနှစ်ဦးသား မြို့ထဲသို့ ဝင်ရောက်လာပြီးတီယွမ် သိုင်းပညာခန်းမ သို့ တန်းတန်းမတ်မတ် သွားခဲ့သည်။

လျိုကျန်း က ဝင်ပေါက်တွင် နှုတ်ဆက်လိုက်ပြီး "ကျွန်တော့် ဖခင်နဲ့ ဦးလေးတွေက အရှင်နှစ်ပါးလုံးအတွက် စားသောက်ပွဲ ပြင်ဆင်ထားတာ ကြာပြီ ကျေးဇူးပြုပြီး ဝင်ပါ"

ဧည့်သည်များကို ကြိုဆိုပြီးနောက်။

လျိုကျန်းကအထဲသို့ အလျင်စလို မဝင်ဘဲ သိုင်းပညာခန်းမမှ တပည့်

တစ်ဦး ရောက်လာသည်ကို စောင့်ဆိုင်းသည်သူက မေးလိုက်တယိ "သူ့ကို တွေ့ပြီလား"

"လူငယ်သခင်ကို ပြန်ဖြေရရင် မတွေ့သေးပါဘူး"

တပည့်က ပြန်ဖြေသည် "မြို့ထဲက ညီအစ်ကိုတွေရဲ့ နေအိမ်တွေမှာရော ယန်ဘင်းရွာက အိမ်ဟောင်းမှာရော ဘယ်သူ့ကိုမှ မတွေ့ရပါဘူး မေးကြည့်တော့ လည်းချင်ဖုန်းကို မတွေ့ရဘူးလို့ အားလုံးက ပြောကြတယ်"

"ပျောက်ကွယ်သွားပြီလား"

လျိုကျန်းကသူရဲ့ခေါက်ချိုးယပ်တောင်ဖြင့် လက်ဖဝါးကို ပုတ်လိုက်

သည်"ဒီနှစ်ယောက်ယောက်ကိုချန်နာမည်ခံတဲ့ စစ်သားက သတ်

လိုက်တာ ဖြစ်လိမ့်မယ်"

"ဒါဆို လူငယ်သခင် ကျွန်တော်တို့ ဘာလုပ်သင့်လဲ" ချင်ဖုန်းနဲ့ ရင်းနှီးတဲ့ တပည့်က စိတ်မကောင်းဖြစ်နေတယ်။

လျိုကျန်းက အေးစက်စွာ ပြောလိုက်သည် "ဘာလုပ်ရဦးမှာလဲ ငါတို့မှာ သက်သေ မရှိဘူး သူ သေသွားရင် သေသွားတာပဲ မင်းကို ဓားတစ်လက် ပေးလိုက်ပြီး စစ်တပ်စခန်းကို လက်စားချေဖို့ သွားခိုင်းမယ်လို့ မင်း မျှော်လင့်နေတာလား"

တပည့်သည် တိတ်ဆိတ်သွားသည်။

လျိုကျန်း နှာခေါင်းရှုံ့လိုက်သည်။

ချင်ဖုန်းက ကောင်းတယ် သူ သိုင်းပညာခန်းမကို နှစ်ပေါင်းများစွာ ပါဝင်ခဲ့ပြီး အလုပ်ကြိုးစားပြီး သစ္စာရှိတယ်။

မကြာသေးခင်က သူရဲ့ဖခင်နှင့် လျှို့ဝှက် စကားပြောဆိုမှုကို သူ မတော်တဆ ကြားခဲ့ရသည် ထိုကောင်လေး ပုံမှန်အားဖြင့် ပါးစပ်တင်းကျပ်ပုံကို မြင်တော့ သူ့ကို မသတ်ဘဲ တပည့်ရင်းအဖြစ် ခေါ်ယူခဲ့သည်။

ဒါပေမယ့် ဒီကောင်က အရမ်း ခေါင်းမာပြီး သေလမ်းကို ရွေးချင်နေတယ်

သူ အကြံပေးခဲ့ပေမဲ့

လျိုကျန်းအတွက် ချင်ဖုန်းရဲ့ အသက်က ငွေတေး အနည်းငယ်သာ တန်ဖိုးရှိသည်။

တင်ယွမ် သိုင်းပညာခန်မက တခြား တပည့်ရင်းတွေ မရှားပါဘူး ပြီးတော့ လျိုကျန်းဟာ သူ့အတွက် လက်စားချေဖို့ အန္တရာယ် ယူရလောက်အောင် မိုက်မဲသူ မဟုတ်ဘူး။

"ဒီ ချန်ညီလေးက တကယ်ကို စိတ်ဝင်စားစရာပဲ"

"နောက်ဆုံးတော့ ချင်ဖုန်းက သွေးသန့်စင်ခြင်းအဆင့်ကိုရောက်ထားတာ ဒါပေမယ့် ဒီလိုပဲ အသတ်ခံလိုက်ရတယ်"

"ဒီလို အရည်အချင်းမျိုး ဒီ အလုပ်များတဲ့ ကာလ ပြီးရင် သူ့ကို မိတ်ဆွေဖွဲ့ဖို့ ငါ သေချာလုပ်ရမယ်"

"ညက... လူရိုင်းတွေ မြို့ထဲကနေ ထွက်ပြေးတဲ့ အချိန်နဲ့လည်း တိုက်ဆိုင်နေတယ် ဘယ်လောက် တိုက်ဆိုင်လိုက်လဲ"

လျိုကျန်းသည် မျက်လုံးများကို ကျဉ်းမြောင်းလိုက်ပြီး စဉ်းစားနေခဲ့သည်။

All Chapters