အခန်း (၁၃၄၆-၁၃၅၀)
Vol. 71 Ch. 1346-1350
အပိုင်း ၁၃၄၆
ချူမိသားစုမှ အင်အားပေါင်းစပ်လိုက်လျှင် ပြင်းထန်ကြီးမားခြင်းမရှိသေးသော်လည်း သူတို့တွင် တန်ဆေးမိသားစုဆိုသည့်နာမည်က ရှိနေသေးသည်။ ဆေးလုံးများ၏အကူအညီက မည်သူ့ကိုမဆို သူတို့အား သခင်ကဲ့သို့ဆက်ဆံလာစေအောင် ဆွဲဆောင်နိုင်စွမ်းရှိသည်။ ထို့ကြောင့် လူအနည်းစုကသာလျှင် ထိုကဲ့သိ့ုသောမိသားစုမျိုးကို၇န်စရဲကြလေသည်။
“မင်းတို့က ဘာလုပ်ချင်ကြတာလဲ”
လုနန်ဖုန်းကအော်သည်။ သူ၏အသံက အနည်းငယ်တုန်ခါနေသည်။
ချူမိသားစုဘိုးဘေးက လုဝူတိနှင့်အလွန်ရင်းနှီးသည်။ ထိုလူများကသာ ရောက်လာမည်ဆိုလျှင် သေချာပေါက် လုဝူတိကိုကူညီခြင်းဖြစ်လောက်လေသည်။
ချူလင်းဖုန်းကပြုံးကာရုတ်တရက် လက်ဆန့်တန်းလိုက်သည်။
“လုဝူတိက နှစ်ပေါင်းများစွာ တံခါးပိတ်ကျင့်ကြံနေခဲ့တော့ နာမည်ပျောက်နေတာကြာပြီ။ ကျွန်တော်တို့က အရှင်နန်ဖုန်းကို ကူညီဖို့ရောက်လာခဲ့တာပါ”
ထို့နောက် သူကဆက်ပြောသည်။
“ချူမိသားစုက စတုတ္ထအိမ်တော်ခွဲကို ကူညီဖို့ဆန္ဒရှိပါတယ်”
ထိုစကားက လူတိုင်းကိုအံ့သြသွားစေသည်။ မည်သူကမှ ထိုရလဒ်ကို မမျှော်လင့်ထားကြချေ။
ချူယွီလော်က ရုတ်တရက် မတ်တပ်ထရပ်ပြီးအော်သည်။
“ချူလင်းဖုန်း နင် ရူးသွားပြီလား”
သူတို့အားလုံးက ထျန်းကျင်းမြို့သို့ အတူ ရောက်လာခဲ့ကြခြင်းဖြစ်သည်။ သူတို့က လုဘိုးဘေးထံမှ အမိန့်ကိုလက်ခံရရှိခဲ့သည်။ လုဝူတိက ထွက်လာသည်အထိစောင့်ပြီး လုဝူတိကိုကူညီရန်ဖြစ်သည်။ သို့သော် ယခုအခါတွင် ချူလင်းဖုန်းက အခြား အိမ်တော်ခွဲကိုကူညီမည်ဟု ပြောလာသည်။
ချူလင်းဖုန်းက ချူယွီလော်သည် လုယွီ၏အနောက်တွင်ရှိနေကြောင်း သတိထားမိကာ မျက်မှောင်ကြုံ့လိုက်သည်။ သူ၏အနောက်မှ လူအိုကြီးများက ထွက်လာကာပြောလိုက်သည်။
“ယွီလော် မင်းက ငါတို့အိမ်တော်ရဲ့အနာဂတ်ပဲ ဒါကြောင့်စကားအများကြီးမပြောနဲ့”
ထိုလူများအားလုံးက ချူမိသားစုမှ အကြီးအကဲများဖြစ်နေကြသည်။ ချူယွီလော်က လက်သီးကိုတင်းကြပ်စွာဆုပ်ကာ အံကြိတ်လိုက်သည်။
“အကြီးအကဲတို့က အဖိုးရဲ့အမိန့်ကို မေ့သွားပြီလား”
ထိုအကြီးအကဲများအားလုံးက မျက်နှာပျက်သွားသည်။
“ဘိုးဘေးမှာလည်း ကိုယ်ပိုင်ထင်မြင်ချက်ရှိမှာပဲ။ သူနဲ့ လုဝူတိကမိတ်ဆွေကောင်းတွေဖြစ်ကြတော့ လုဝူတိကို သူကမျက်နှာသာပေးချင်တာပါ”
“ဒါပေမဲ့ လုမိသားစုရဲ့အဓိကအိမ်တော်က လုမိသားစုအပေါ်ထိန်းချုပ်ဖို့အင်အားမရှိတော့ဘူး။ ဒါကြောင့် မှန်ကန်စွာရွေးချယ်တာကအကောင်းဆုံးပဲ။ ငါတို့တွေလုဝူတိနဲ့အတူ မသေနိုင်ဘူးလေ”
ချူယွီလော်က မေးလိုက်သည်။
“ဒါဆိုရင် ရှင်တို့အားလုံးက ဂိုဏ်းခွဲတွေကိုထောက်ပံ့ကြရင် ငါတို့ရဲ့ချူမိသားစုက အနာဂတ်မှာ ဘယ်လိုနေကြမှာလဲ။ ဒါ့အပြင် ချူမိသားစုကို အခုဘယ်သူက အုပ်ချုပ်နေတယ်ဆိုတာကို မမေ့ထားနဲ့”
ချူမိသားစုမှ ဘိုးဘေး၏အမိန့်က အဓိကအိမ်တော်ကိုကူညီရန်ဖြစ်သည်။
ထိုအကြီးအကဲများ၏မျက်ဝန်းက အနည်းငယ်ပြောင်းလဲသွားပြီးနောက်တွင်ပြောလိုက်သည်။
“အခုမင်းရဲ့အဘိုးက အိမ်တော်သခင်ခေါင်းဆောင်ဖြစ်နေတယ်။ ဒါပေမဲ့ မိသားစုရဲ့စည်းမျဉ်းအရဆိုရင် အကြီးအကဲတွေကလည်း ဆုံးဖြတ်ပိုင်ခွင့်ရှိတယ်။ ဒါကြောင့် အိမ်တော်ခေါင်းဆောင်ကတောင်မှ ဒါကိုပြောင်းလဲလို့မရနိုင်ဘူး”
“ဒီတစ်ကြိမ်မှာ ငါတို့က ချူမိသားစုရဲ့အနာဂတ်အတွက် တွေးတောထားကြတာပဲ။ ချူရှောင်းက အမြင်ကျဉ်းလွန်းတယ်။ ဒီလိုလူမျိုးက ဘယ်လိုများ ဆက်ဦးဆောင်နိုင်မှာလဲ”
လုနန်ဖုန်းက ဉာဏ်ကောင်းသည့်အတွက် သူက အခြေအနေကိုနားလည်သွားသည်။ သူက ခပ်မြန်မြန်လက်ကမ်းပြီးပြုံးလိုက်သည်။
“အားလုံးက ချူမိသားစုကမိတ်ဆွေတွေပဲ စိတ်အေးအေးထားကြပါ။ ငါက အိမ်တော်သခင် ဖြစ်လာတာနဲ့ ချူမိသားစုကို တူညီတဲ့ဆက်ဆံမှုအတိုင်းဆက်ဆံမှာပါ”
ချူမိသားစုဆိုသည့် သစ်ပင်ကြီးကသာရှိနေလျှင် သူက ကြောက်လန့်စရာမလိုအပ်တော့ချေ။ လုနန်ဖုန်းက လုယွီကိုလက်ညိုးထိုးကာပြောသည်။
“အားလုံးပဲ ဒီကောင်လေးက ငါ့ရဲ့မိသားစုထဲမှာ ပြသနာလာရှာရဲတယ်။ သူ့ရဲ့လက်မှာ မိတ်ဆွေပေါင်းများစွာသေဆုံးသွားရပြီ။ မင်းတို့အားလုံး သတိထားကြပါ”
အကြီးအကဲများက လုယွီကိုကြည့်ပြိး မျက်ခုံးပင့်လိုက်သည်။
“ဝမ်ချန်း မင်းက အသက်ရှင်နေသေးတာလား”
ဆရာသခင်ဝမ်ချန်းက ငယ်ရွယ်သေးသော်လည်း အဆင့်လွန်အဆင့်သို့ရောက်ရှိနေပြီးသားဖြစ်ကြောင်း မြောက်ပိုင်းနယ်မြေတစ်ခုလုံးက သိကြသည်။ သို့သော် သူက နတ်သူငယ်အဆင့်မှလူတစ်ယောက်၏ သတ်ဖြတ်ခြင်းကို ခံခဲ့ရသည်ဟု လူတိုင်းက ထင်ခဲ့ကြသည်။ မမျှော်လင့်ထားစွာပင် သူက အသက်ရှင်နေသေးသည်။
“သူက ဝမ်ချန်းလား”
ချူလင်းဖုန်းကလည်း အသံကိုကြားသောအခါ မျက်ဝန်းက အေးစက်သွားသည်။
သူက ရှေ့တိုးလာပြီး ခေါင်းမော့ကာပြောသည်။
“အစည်းအဝေးပွဲမှာတုန်းက ငါ့ကိုကျုံးထူက ဖိတ်ခေါ်ထားခဲ့လို့ မတက်ရောက်နိုင်ခဲ့ဘူး။ မဟုတ်ရင် အရှင်သခင်ဆိုတဲ့ဘွဲ့ကို အမည်မသိတဲ့ကောင်က ရသွားစရာအကြောင်းမရှိဘူး”
ချူလင်းဖုန်းက လုယွီကို အပေါ်အောက်စုံချည်ဆန်ချည်ကြည့်ပြီးနှာခေါင်းရှုံ့လိုက်သည်။
“မင်းက ထာဝရရှင်သန်ခြင်းအဆင့် ဆေးလုံးတွေ အိုးတစ်ဝက်လောက်သောက်ထားလို့ ဒီလောက်ထိ လုပ်နိုင်မယ်လို့ထင်ရတာပဲ။ ကံဆိုးစွာနဲ့ ငါ့ရဲ့လက်ထဲမှာရှိတဲ့ ဆေးက ငါ့ကိုနတ်သူငယ်အဆင့်စွမ်းအားကို ပိုင်ဆိုင်စေနိုင်စွမ်းရှိတယ်”
ချူလင်းဖုန်းက လက်ရှိအဖွဲ့၏ခေါင်းဆောင်ဖြစ်သည်။ သူကလူငယ်မျိုးဆက်များထဲတွင်လည်း ခေါင်းဆောင်တစ်ယောက်ဖြစ်သည်။ ချူမိသားစုမှ တန်ဆေးနယ်ပယ်တွင် သူ၏ပြိုင်ဘက်က အနည်းငယ်မျှသာလျှင်ရှိသည်။ လုယွီက အစည်းအဝေးပွဲတွင် အရှင်သခင်ဖြစ်လာကြောင်းကြားသောအခါ သူက အလွန်ဒေါသထွက်ခဲ့ရသည်။
သူကသာလူငယ်မျိုးဆက်တွင် ထိပ်ဆုံးဟု သတ်မှတ်ထားသည့်အတွက် သူ့ထက်သာသောလူကို သူက လက်မခံနိုင်ချေ။
လုယွီက ချူမိသားစုထံမှ လူများကိုကြည့်ကာ အကြည့်ကအေးစက်သွားသည်။
“မင်းတို့က ဘာလို့လုနန်ဖုန်းကို ကူညီချင်နေရတာလဲ”
အပိုင်း ၁၃၄၇
ချူလင်းဖုန်းက ရုတ်တရက်အော်ရယ်သည်။
“ဆေးကိုမှီပြီး အဆင့်တက်လာတဲ့အကောင်က ငါတို့ကို ပြန်မေးနေဖို့အဆင့်မီ လား”
သူက ကျယ်လောင်စွာ အော်ရယ်လိုက်ကာပြောသည်။
“လုမိသားစုအိမ်တော်ခွဲသခင်တွေအားလုံးက တိမ်တွေလိုပေါများပေမယ့် မင်းက ကြိုက်တဲ့တစ်ယောက်ကို ဆွဲထုတ်လိုက်၊ ဘယ်တစ်ယောက်ကမဆို မင်းကို သတ်နိုင်တယ်”
သို့ရာတွင် ပတ်ဝန်းကျင်က တိတ်ဆိတ်နေသည်။ မည်သူကမျှ သူ၏စကားကို လက်မခံနိုင်ကြချေ။
အကြီးအကဲများက မျက်မှောင်ကြုတ်ကြသည်။
“တစ်ခုခု မှားနေပြီ”
ချူမိသားစုက လုဝူတိကို အခြားသောအကြီးအကဲများက ရင်ဆိုင်ပြီးသည်အထိ စောင့်ပြီးမှ ထွက်လာခဲ့ခြင်းဖြစ်သည်။ သို့ရာတွင် လုယွီကလူပေါင်းများစွာကို သတ်လိုက်ခဲ့ခြင်းက မြန်ဆန်လွန်းလှသဖြင့် မည်သူကမျှ အဖြစ်အပျက်ကို လိုက်မမှီနိုင်ခဲ့ချေ။ ထို့အပြင် သူတို့ကလည်း မသိခဲ့ကြချေ။
ချူလင်းဖုန်းက နှာခေါင်းရှုံ့သည်။
“ဘာမှားရမှာလဲ၊ အခြားတစ်ဖက်က ကောင်ငယ်လေးတစ်ယောက်ပဲ သူ့ကို သတ်လိုက်၊ လုကျန်းဟိုင်က ငါတို့ အဓိကကိုင်တွယ်ရမယ့်သူပဲ”
အကြီးအကဲများအားလုံးက တစ်စုံတစ်ရာပြောလိုသော်လည်း ကောင်းကင်အနှံ့ ဟိန်းထွက်လာသော ကျယ်လောင်သောအသံကိုသာ ကြားလိုက်ရသည်။
လေထုက ပြင်းထန်စွာ တုန်ခါလာပြီးသည့်နောက်တွင် လူတိုင်းက ပြင်းထန်သည့်ဖိအားကို ခံစားလိုက်ကြရသည်။ ထို့နောက် လုဝူတိ၏ပုံရိပ်က ထွက်ပေါ်လာသည်။ သူက မြေပြင်ပေါ်သို့ မဲမှောင်သောမျက်နှာထားဖြင့် ခုန်ဆင်းလာသည်။
အခြားတစ်ဖက်တွင် ယင်လီဖုန်းနှင့် အခြားသောအကြီးအကဲ သုံးယောက်လုံး ကလည်း ခုန်ဆင်းလာကြသည်။ လုဝူတိနှင့်ယှဉ်သော် သူတို့အားလုံးက ပို၍ပင် စိတ်ရှုပ်ထွေးနေကြလေသည်။
သို့ရာတွင် ယင်လီဖုန်း၏အနေအထားက ကောင်းမွန်နေသေးသည်။ အခြားသော ဘိုးဘေးသုံးယောက်ကမူ မျက်နှာများက ပြာနှမ်းယောင်ကိုင်းနေကြကာ အဝတ်အစားများကလည်း စုတ်ပြတ်သတ်နေကြသည်။ ယင်လီဖုန်းက အံကိုကြိတ်ကာ ပြောသည်။
“မြောက်ပိုင်းနယ်မြေရဲ့အရှင်သခင် ဖြစ်ထိုက်ပါပေတယ်၊ ဒါပေမယ့် ငါ့မှာလည်း ဝှက်ဖဲတွေ ရှိနေပြီးသားပဲ”
လုဝူတိကို လေးယောက်ပေါင်း ဝိုင်းတိုက်ကြသည့်တိုင်အောင် သူ့အား မသတ်နိုင်ကြချေ။
ရုတ်တရက် လုဝူတိ၏ခန္ဓာကိုယ်က တုန်ခါသွားသည်။ သူ၏နှုတ်ခမ်းမှ သွေးများ စီးကျလာလေသည်။
“ဟမ့် မြန်မြန်အဆုံးသတ်ရတော့မှာပဲ၊ နင် ဘယ်အချိန်အထိ တောင့်ခံထားနိုင်မလဲဆိုတာကို ကြည့်ရအောင်”
ယင်လီဖုန်းက နှာခေါင်းရှုံ့သည်။
“ကောင်းပြီ၊ ငါနဲ့လွှတ်ထားလိုက်”
လုဝူရန်က ပြောပြီးသည်နှင့် လုဝူတိထံမှ ခုန်ဝင်သွားလေသည်။ သူက အလွန်ပြင်းထန်သော အတွင်းအားများကို လှည့်ပတ်လိုက်ပြီး ပြင်းထန်သည့် ဖိအားနှင့်အတူ ခုန်ဝင်သွားလိုက်သည်။ သူ၏အရှိန်အဝါကပင် နတ်သူငယ်အဆင့်တွင် ပြိုင်ဘက်ကင်းလုနီးပါးဖြစ်နေသည်။ ယင်လီဖုန်းက သူ့ကိုကြည့်ကာပြောသည်။
“ဘာလို့ နင်က ငါ့ရဲ့ယင်လော့ဂိုဏ်းကို မလာတာလဲ၊ ဒီလိုဆိုရင် နင် ခေါင်းဆောင်အသစ်ဖြစ်အောင် ငါ ထောက်ပံ့ပေးနို်ငတယ်၊ နင် ဘာလိုချင်လဲ၊ ငါ အကုန်ပေးနိုင်တယ်”
လုဝူရန်က နှာခေါင်းရှုံ့သည်။
“ဟမ့် မင်းဘက်ရောက်သွားတဲ့ ယုတ်ညံ့တဲ့အကောင်တွေလို ငါ့ကို လာမနှိုင်းနဲ့ ငါက ကလန်ခေါင်းဆောင်နေရာအတွက် တိုက်ခိုက်ချင်တယ်ဆိုရင်တောင်မှ လုမိသားစု ဒုက္ခရောက်အောင် မလုပ်ဘူး”
ထိုအချိန်တွင် ယင်လီဖုန်း၏လက်ထဲမှ အမိန့်ပေးတံဆိပ်ပြားက ပေါ်ထွက်လာသည်။
ယင်လီဖုန်းက လက်ဆန့်ထုတ်လိုက်ပြီးနောက် နှာခေါင်းရှုံ့ကာ ပြောသည်။
“နှမြောစရာကောင်းတာက နင်တို့အားလုံး သေရတော့မှာပဲ”
ယင်လီဖုန်း၏စကားသံထွက်လာသည်နှင့် ကောင်းကင်တွင် တိမ်မဲများက လွှမ်းခြုံလာသည်။
“ဘာလို့ကောင်းကင်က ပြောင်းသွားတာလဲ”
“အေးလာတယ်၊ ဘာလို့ ငါ့ရဲ့လေထုက အေးလာတယ်လို့ ခံစားရတာလဲ”
သူတို့အားလုံးက ကောင်းကင်သို့ မော့ကြည့်လိုက်ကြသည်။ ထိုအခါ အလွန်ကြီးမားသော စစ်သင်္ဘောကြီးတစ်ခုကို မြင်လိုက်ရလေသည်။ ထို့နောက် ဘေးပတ်ဝန်းကျင်မှ စစ်သင်္ဘောငယ် ၁၁ စင်းခန့်က ထွက်ပေါ်လာသေးလေသည်။ တစ်စင်းချင်းစီတိုင်းတွင် အနက်ရောင်ဝတ်စုံဝတ် ကျင့်ကြံသူပေါင်းများစွာရှိနေသည်။ လေထဲတွင်လည်းကြီးမားသော အလံကြီးက လွှင့်ထူနေသေးကာ ကြောက်မက်ဖွယ် ကောင်းသော ငိုကြွေးညည်းညူသံများ ထွက်ပေါ်နေပြီး လူတိုင်းကို ဆံပင်မွှေး ထောင်ထသွားစေသည်။
တစ်ချိန်တည်းလိုလို မြောက်ပိုင်းနယ်မြေ၏နေရာတိုင်းတွင်လည်း ဖိအားဒဏ်ကို ခံစားနေရလေသည်။
လုဝူတိ၏မျက်နှာက ပြောင်းလဲသွားပြီး ရှေ့တက်လာသည်။ သူ၏တစ်ကိုယ်လုံးက တုန်ခါသွားသည်။ အချိန်အတန်ကြာပြီးနောက်တွင် လုဝူတိက ပြောလိုက်သည်။
“ပင်းဟိုင်လား”
ရုတ်တရက် သင်္ဘောပေါ်မှ အနက်ရောင်ဝတ်စုံဝတ်တစ်ယောက်က ခုန်ဆင်းလာသည်။ မြေပြင်ပေါ်သို့ကျသွားသည်နှင့် တွင်းနက်ကြီးက ဖြစ်သွားပြီး အနက်ရောင်အငွေ့များက ပတ်ဝန်းကျင်သို့လွင့်စင်လာသည်။
ထို့နောက် အလွန်တောင့်တင်းသန်မာသော လူထွားကြီးတစ်ယောက်က ပေါ်လာသည်။
“လုမိသားစု မမျှော်လင့်ထားဘဲ အချိန်အတော်ဖြုန်းလိုက်ရပြီ”
“ယင်လော့နဲ့ယင်ကြွယ်တို့လို ခန်းမရှစ်ခုက အရှင်သခင်တွေနဲ့ဆိုရင် လုဝူတိ သေဆုံးဖို့လုံလောက်နေပြီ”
စစ်သင်္ဘောတိုင်းမှ အလံတစ်ခုက ရုတ်တရက်ပေါ်လာသည်။ ထိုအလံက ပေါ်လာသည်နှင့် ယင်လော့ဂိုဏ်းမှ ခန်းမရှစ်ခုသခင်ဆိုသည့်စာကို ထင်ရှားစွာ ရေးသားထားလေသည်။ ယင်လော့ဂိုဏ်းတွင် ခန်းမဆယ်ခုရှိပြီး အင်အားအကြီးဆုံးက ယင်ကြွယ်ဖြစ်သည်။
ယင်လော့ဂိုဏ်းမှ ယင်လီဖုန်းဆိုသည့် ဖီးနစ်ပြီးလျှင် ယင်ကြွယ်က လုဝူတိကိုပိုပြီးဖိအားပေးနိုင်စွမ်းရှိလေသည်။ ယင်ကြွယ်ရောက်လာသည့်အခါ လုဝူတိ၏အခြေနေက မကောင်းနိုင်တော့ချေ။ အဓိကအိမ်တော်က ပျောက်ကွယ်သွားမည်မှာ သေချာနေလေသည်။
“ဘာလို့ မင်းရဲ့လက်ထဲမှာ ပင်းဟိုင်နဂါးနယ်မြေက ချိတ်စည်းတံဆိပ်က ရှိနေရရတာလဲ”
လုဝူတိက ပြောသည်။ ပင်းဟိုင်နယ်မြေက မြောက်ပိုင်းနယ်မြေနှင့်နီးကပ်သည်။ လုဝူတိကပင် ပင်းဟိုင်နဂါးဘုရင်နှင့် ရင်းနှီးသေးလေသည်။
ထိုရွှေရောင်ချိတ်စည်းတံဆိပ်က အရှင်သခင်များ မသေသရွေ့ အခြားလူက ပိုင်ဆိုင်လိမ့်မည် မဟုတ်ချေ။
ယင်ကြွယ်က နှာခေါင်းရှုံ့သည်။
“ပင်းဟိုင် နဂါးနန်းတော်လား၊ ငါ အမှန်အတိုင်းပြောရရင် အဲ့ဒီနဂါးတွေအားလုံးက ပျောက်ကွယ်သွားကြပြီ”
“မြောက်ပိုင်းပင်လယ်နဂါးဘုရင်နဲ့ တွေ့ချင်ရင်တော့ သူက မင်းကိုစောင့်နေတယ်လို့ ပြောရမှာပဲ”
အပိုင်း ၁၃၄၈
ယင်ကြွယ်က ရုတ်တရက် လက်ဝါးတစ်ချက်ကို ထုတ်ဖော်လိုက်ကာ ပြင်းထန်သည့်အားများကို စုစည်းလိုက်သည်။ လေထဲတွင် နဂါးဟိန်းသံက ထွက်ပေါ်လာတော့သည်။
လိမ့်တက်လာသော တိမ်စိုင်များထဲတွင် အရိုးခြောက်သဏ္ဍာန်ဖြစ်နေသည့် နဂါးတစ်ကောင်က ဖြေးညှင်းစွာထွက်ပေါ်လာသည်။ သူ၏ပတ်ပတ်လည်တွင် သံမဏိချိန်းကြိုးများရှိနေသည်။ ယင်လော့ဂိုဏ်းမှ ကျင့်ကြံသူပေါင်းများစွာလည်း ချက်ချင်းဆိုသလို ခုန်ဆင်းလာကြကာ သံမဏိချိန်းကြိုးများကိုဆွဲလျက် နဂါးနောက်မှ ကပ်ပါလာကြသည်။
ထိုအရိုးနဂါး၏ကိုယ်မှ ကြောက်မက်ဖွယ်ကောင်းသောအငွေ့များကို ထုတ်လွှတ်နေသည်။
“အားဟန် သူ ဒီလိုပဲ အဆုံးသတ်သွားပြီလား”
လုဝူတိ၏ရင်က အေးစက်သွားသည်။
သူ၏အရှေ့ရှိအရိုးနဂါးက ယင်လော့ဂိုဏ်းမှလုပ်ထားသည့် မြောက်ပိုင်းပင်လယ်နဂါးဘုရင်၏ ရုပ်ကြွင်းဖြစ်နေသည်။
ယင်လော့ဂိုဏ်းမှ ငရဲသို့ကျသွားသည်နှင့် လောကတစ်ခုလုံးက ဆိုးရွားသောအခြေအနေသို့ ရောက်သွားရမည်ဖြစ်သည်။
မည်သူကမျှ ယင်လော့ဂိုဏ်းမှ ကျွမ်းကျင်ပညာရှင်များကို ရန်မစလိုကြချေ။ ထို့ကြောင့် ယင်လော့ဂိုဏ်းကလည်း အလွန်အင်အားကြီးနေလေသည်။
ယင်ကြွယ်က နှာခေါင်းရှုံ့သည်။
“လုဝူတိ မင်းရဲ့အင်အားက ကောင်းပါတယ်၊ ငါ မင်းကိုသတ်ပြီးရင်လည်း အလားတူရုပ်သေးရုပ်လုပ်ပြီး ငါ့ရဲ့ကျွန်အဖြစ်ခိုင်းမယ်”
ထို့နောက် ယင်ကျွယ်မင်၏လက်သီးက တစ်ဖန်ရမ်းလိုက်ပြန်ကာ ယင်လော့ဂိုဏ်းမှ ကျွမ်းကျင်ပညာရှင်ပေါင်းများစွာကို ခုန်ဆင်းလာစေလိုက်ပြီး လုမိသားစုကို ဝိုင်းသွားစေသည်။
ယင်လော့ဂိုဏ်း၊ ချူမိသားစု၊ လုမိသားစုမှ အိမ်တော်ခွဲများဆိုသော အင်အားစုသုံးခု ပေါင်းလိုက်သောအခါ အလွန်အမင်းကြောက်မက်ဖွယ်ကောင်း သွားလေသည်။
အခြားတစ်ဖက်တွင် လုဝူတိဘက်တွင် လုဝူရန်၊ အခြားသော ကျွမ်းကျင်ပညာရှင်များနှင့် အဆင့်လွန်အဆင့် လူအနည်းစုသာလျှင်ရှိလေသည်။
“ပြီးသွားပြီ”
လုနန်ဖုန်း၏မျက်ဝန်းက တောက်ပလာသည်။
အချိန်အတန်ကြာစီစဉ်ပြီးနောက်တွင် လုကောင်းမင်က သေသွားခဲ့ရသည်။ ယခုအခါ သူတစ်ယောက်တည်းကသာ အာဏာရှင်ဖြစ်သွားခဲ့လေသည်။
ချူလင်းဖုန်းက လုယွီကိုကြည့်ကာ နှာခေါင်းရှုံ့သည်။
“နှမြောစရာကောင်းတာက မင်း ဘယ်လောက်ပဲ ဆေးပုလင်းတစ်ဝက်လောက် သောက်ထားထား အသုံးမဝင်တော့ဘူးပဲ”
အကြီးအကဲများက မျက်မှောင်ကြုတ်ကြသည်။
“ဒီကောင်လေးကိုသာ ပြဿနာရှာလိုက်ရင် ချူမိသားစုအတွက် ဒုက္ခရောက်မှာကို စိုးရိမ်ရတယ်”
သူတို့က လုနန်ဖုန်းကို ကူညီရန်ရောက်လာခဲ့ခြင်းဖြစ်သည်။ ချူယွီလော်က လုယွီဘက်သို့သွားလျှင် သူတို့နှစ်ခြမ်းကွဲသွားပြီဟု ဆိုလိုနိုင်လေသည်။ ချူလင်းဖုန်းက လက်ကာပြသည်။
“မစိုးရိမ်ပါနဲ့ ချူယွီက အဖိုးကိုအချစ်ဆုံးပဲ”
“ဒီနေရာက ကိစ္စတွေအားလုံး အဆုံးသတ်သွားပြီးရင် လုမိသားစုတင်မကဘဲ ချူမိသားစုကပါ ခေါင်းဆောင်ပိုင်း အပြောင်းအလဲဖြစ်သွားလိမ့်မယ်၊ ချူရှောင်းချန်က ဘာလုပ်နိုင်တော့မှာလဲ”
အကြီးအကဲများအားလုံးက နားလည်ကြပြီး သူတို့၏မျက်နှာများက ပြုံးသွားကြသည်။ ချူယွီလော်ကလည်း သူတို့၏စကားကို နားလည်သည်။ သူမ၏မျက်တောင်များက တုန်ယင်စွာကော့ညွှတ်သွားပြီး လုယွီကို တိတ်ဆိတ်စွာ ကြည့်သည်။ သူမ၏မျက်ဝန်းအတွင်း တည်ငြိမ်ပြတ်သားမှုက ရှိနေလေသည်။
“ဝမ်ချန်းကြောင့်သာမဟုတ်ရင် ငါ ဒီလောက်အထိ အသက်ရှင်နေရမှာ မဟုတ်ဘူး၊ ဒီတော့ တစ်ဘဝလုံး အပြစ်မကင်းဘဲ ရှင်သန်နေသွားရမယ့်အစား သူနဲ့ပဲ အတူသေလိုက်မယ်”
ချူယွီလော်က သူမသာလျှင် ကြားရသောအသံမျိုးဖြင့်ရေရွတ်လိုက်သည်။
ယင်ကြွယ်က လက်ကောက်ဝတ်ကို လှုပ်ရှားကာ တည်ငြိမ်စွာပြောသည်။
“လုဝူတိ မင်း သေသင့်ပြီ”
ကျယ်လောင်သောဟိန်းသံနှင့်အတူ အနက်ရောင်မှော်စွမ်းအားများက လေထဲတွင် ထွက်ပေါ်လာကာ ယင်ကြွယ်၏ခန္ဓာကိုယ်ကို လွှမ်းခြုံသွားသည်။
ထိုအတွင်းအားများကယင်ကြွယ်၏ခေါင်းထိပ်သို့ ထိုးတက်သွားပြီးသည်နှင့် အလွန်ကြီးမားသော လက်ရှစ်ဖက်ပါသည့် ကြောက်မက်ဖွယ်သားရဲကောင်ကြီးပုံသဏ္ဍာန် က ပေါ်ထွက်လာသည်။ ယင်ကျွယ်မင်က ရှေ့သို့ခြေတစ်လှမ်းလှမ်းလိုက်ကာ လုဝူတိကို လက်သီးဖြင့်ထိုးသည်။
တစ်ချိန်တည်းလိုလို သူ၏အနောက်ဘက်မှ ကြီးမားသော လက်ရှစ်ဘက်လုံးကလည်း လက်များကိုဆန့်ထုတ်လိုက်ကာ လုဝူတိကို တိုက်ခိုက်ကြလေသည်။
တဘုန်းဘု န်းမြည်သံများက ထွက်ပေါ်လာသည်။ ပတ်ပတ်လည်မှ မြေသားများမှ အုတ်များက ကျိုးပြတ်ကာ လေထဲသို့မြောက်တက်ကြသည်။ ပြင်းထန်သော ဖိအားကို မခံစားနိုင်ကြသဖြင့် မြေပြင်ကပင် ကျွံကျသွားလေသည်။
“သူက ယင်လီဖုန်းထက်ပိုပြီး အင်အားကြီးတာပဲ”
လုဝူတိ၏မျက်နှာက ပျက်ယွင်းသွားပြီး ချက်ချင်းဆိုသလို လှုပ်ရှားတော့မည့် အနေအထား ပြင်လိုက်သည်။
ထိုအချိန်တွင်ပင် လုဝူတိ၏အရှေ့တွင် အပြာရောင်ဝတ်စုံနှင့်လူတစ်ယောက်က ပေါ်လာသည်။
လုယွီက ရှေ့တက်လှမ်းပြီး လုဝူတိ၏အရှေ့တွင် ကာကွယ်ပေးလာခြင်းဖြစ်သည်။
“မင်းပဲ”
လုဝူတိက သတိရသွားသည်။ လုယွီကြောင့်သာမဟုတ်လျှင် သူက ထိုအဆိပ်များကြောင့် ဒုက္ခရောက်သွားပြီး သေဆုံးသွားနိုင်လေသည်။ လုဝူတိက စိုးရိမ်စွာပြောလိုက်သည်။
“အရှေ့က ဖယ်ပါ”
လုယွီက အဆင့်လွန်အဆင့်မျှသာလျှင်ဖြစ်သည့်အတွက် အခြားတစ်ဖက်တွင်မူ နတ်သူငယ်အဆင့်မျှ ဖြစ်နေလေသည်။
“တစ်ချိန်တည်းမှာ လုဝူတိအတွက် သေပေးချင်တဲ့လူတွေ ရှိနေတာပဲ”
ယင်ကြွယ်က နှာခေါင်းရှုံ့သည်။
“မင်းက ဆန္ဒရှိမှတော့ ငါကလည်း ဖြည့်ဆည်းပေးရမှာပေါ့”
ထိုသို့ပြောပြီးနောက် ယင်ကြွယ်က အော်ဟစ်လိုက်ကာ လက်ရှစ်ဖက်လုံးက လုယွီထံသို့ ကျရောက်လာတော့သည်။
“ပြင်ပအားအထောက်အပံ့ကို ပိုင်ဆိုင်ထားတာပဲ”
လုယွီ၏တစ်ကိုယ်လုံးမှ ပြင်းထန်သော အတွင်းအားများကို လွှတ်ထုတ်လိုက်သည်။ နဂါးဟိန်းသံက သူ၏ကိုယ်အတွင်းမှ ပေါက်ထွက်လာပြီးသည်နှင့် သူက ရှေ့သို့ခြေတစ်လှမ်းတိုးလိုက်ကာ ပြင်းထန်စွာ တိုက်ခိုက်လိုက်သည်။
ဝုန်း
ကြောက်မက်ဖွယ်လေပြင်းလှိုင်းများက လူနှစ်ယောက်၏တိုက်ပွဲကို ဗဟိုပြုကာ ပတ်ဝန်းကျင်သို့ ပျံ့နှံ့သွားသည်။
“ဘယ်လောက်တောင်ပြင်းလိုက်တဲ့ ခွန်အားလဲ”
ယင်ကြွယ်၏မျက်နှာအမူအရာက ပြောင်းလဲသွားပြီးနောက်တွင် အော်ရယ်တော့သည်။
“မင်းက ခန္ဓာကိုယ်ခွန်အားသက်သက်နဲ့ ငါတို့ကို တိုက်ခိုက်ချင်တာလား၊ သေချင်နေတာပဲ”
ယင်ကြွယ်က ရှေးကျသောသင်္ကေတများကို ရှုပ်ထွေးစွာဖန်တီးလိုက်သည်။ သူ၏အလွန်သန်မာသော ရုပ်ပိုင်းဆိုင်ရာခန္ဓာကိုယ်ခွန်အားက ထိပ်ဆုံးအထိ တိုးမြှင့်သွားကာ သူ၏အရေပြားများတွင် သင်္ကေတများက သိပ်သည်းစွာ ဖုံးလွှမ်းသွားတော့သည်။ သူက ပါးစပ်ကို ဖွင့်လိုက်ချိန်တွင် လက်ခြောက်ဖက် လူထွားသားရဲကြီး၏ အရိပ်ကြီးက သူ၏ကိုယ်နှင့်တစ်သားတည်းလိုလို ပေါင်းစပ်သွားသည်။
တစ်ချိန်တည်းလိုလို ယင်ကျွယ်မင်၏ကိုယ်ကလည်း အလွန်ကြီးမားလာသည်။ ယခင်ထက် သုံးဆခန့်မြင့်သွားကာ သုံးဆခန့်လူကောင်ကြီးသွားသည်။
“လာစမ်းပါ”
ယင်ကျွယ်မင်က အော်ဟစ်လိုက်သည်။ လုယွီ၏မျက်ဝန်းက တည်ငြိမ်နေသည်။
အပိုင်း ၁၃၄၉
“ငရဲက စိတ်ဝိဉာဉ်စွမ်းအင်တွေကို ငှားယူထားပြီးနောက် ကိုယ့်ကိုယ်ကို ခွန်အားဖြည့်ထားတာပေါ့”
လုယွီကလည်း ထိုမှော်သိုင်းကို တစ်ချက်ကြည့်ရုံဖြင့်ပင် သိနိုင်လေသည်။ ယင်ကြွယ်က နှာခေါင်းရှုံ့ကာပြောသည်။
“လျှို့ဝှက်ဆန်းကြယ်ချင်ယောင်ဆောင်မနေနဲ့ ငါကမင်းကို ဒီနေ့ စုတ်ဖြဲပြမယ်”
လုယွီကလည်း သူနှင့်အပိုစကားမပြောနေတော့ချေ။ သူ၏ထိုက်ကျိခန္ဓာကိုယ်သိုင်း ကပင် ထိုလူနှင့် တိုက်ရိုက်တိုက်ခိုက်နိုင်လေသည်။
လေထဲတွင်ပြင်းထန်သော ဆူညံသံများက ထွက်ပေါ်လာသည်။ သူတို့၏ခန္ဓာကိုယ် ရွေ့လျားမှုများက အလွန်မြန်ဆန်လွန်းလေကာ သာမန်ကျွမ်းကျင်ပညာရှင်များကဆိုလျှင် အရိပ်ကိုပင် ဖမ်းမမိကြချေ။
“နဂါးနက်လက်သည်း”
လုယွီက တစ်ဖက်မှ ယိမ်းယိုင်သွားသည့်အခွင့်အရေးကိုယူပြီး သိုင်းကွက်ကို ထုတ်ဖော်လိုက်သည်။ အနက်ရောင်နဂါး၏လက်သည်းက ထွက်ပေါ်လာပြီးသည်နှင့် ယင်ကျွယ်မင်၏ပုခုံးကို ဖမ်းဆုတ်ဖြဲသည်။ ထို့နောက် ကျိုးပြတ်သွားသော အသံတစ်မျိုးနှင့်အတူ အသားနှင့်သွေးအပိုင်းအစများက လေထဲတွင် လွင့်ထွက်လာသည်။
ယင်ကြွယ်က အသက်ကိုပြင်းပြင်းထန်ထန်ရှူနေရသည်။ သူ၏ကိုယ်ပိုင် ခွန်အားက ဖိနှိမ့်ခံရသည်ဟု ခံစားရပြီး ပြင်းပြင်းထန်ထန် မလှုပ်ရှားနိုင်ချေ။
“ငရဲက အဆင့်မြင့်တည်ရှိမှုအရှိန်အဝါစွမ်းအားနဲ့တောင်မှ ငါက ဒီလိုဆယ်ကျော်သက်တစ်ယောက်ကို မယှဉ်နိုင်ဘူးလား”
ယင်ကြွယ်က စိတ်အတွင်းမှ အော်ဟစ်နေသည်။
သူ ငရဲမှ ငှားယူထားသော ယင်ချီစွမ်းအင်များသည် လုယွီ၏လက်သီးအောက်တွင် ပြိုပျက်လာရကြောင်း ခံစားမိသည်။
ယင်ချီစွမ်းအင်များ ပျောက်ကွယ်လာသည်နှင့် သူကလည်း အားနည်းလာမည် ဖြစ်သည်။
ပတ်ဝန်းကျင်မှ ယင်လီဖုန်းနှင့်အကြီးအကဲများက ထိုအခြေအနေကိုမြင်သောအခါ အံ့ဩသွားကြသည်။ အရှင်သခင်ကပင် လုယွီကိုမဖိနှိမ့်နိုင်ချေ။
“သူက ဘယ်လိုများ လုပ်နိုင်နေတာလဲ၊ မဖြစ်နိုင်ဘူး”
ယင်လီဖုန်း၏အသံက တုန်ယင်နေသည်။
လက်ရှိအချိန်တွင် ယင်ကြွယ်က လုယွီ၏ဖိနှိမ့်ခြင်းကိုခံနေရသည်။ သူက မရှုံးနိမ့်သော်လည်း အချိန်တစ်ခုခန့်သာ ခံနိုင်တော့ခြင်းဖြစ်သည်။
ယင်မိသားစုဘိုးဘေးက စိုးရိမ်တကြီးပြောသည်။
“အကြီးအကဲတွေ ကူညီကြရအောင်”
လုယွီက အသာစီးမရနေလျှင် သူတို့က အဆုံးသတ်မကောင်းမည်ကို ကြောက်လန့်စရာ မလိုအပ်တော့ချေ။
သည်ပွဲတွင်ပါဝင်ခဲ့ပြီးကတည်းက အဆုံးသတ်နှစ်ခုသာလျှင်ရှိတော့သည်။ သေရင်သေ မသေလျှင် အောင်မြင်မှုရရှိနိုင်မည်ဖြစ်သည်။
ယင်လီဖုန်းက အံကြိတ်ထားကာ အေးစက်သောအလင်းတန်းများကို လွှတ်ထုတ်လိုက်ကာပြောသည်။
“ငါတို့တွေ လုဝူတိနဲ့လုဝူရန်ကို အရင်သတ်ကြမယ်၊ ပြီးမှ လုမိသားစုက ခေါင်းဆောင်နေရာကို ယူတာပေါ့ ဒီကောင်လေးကတော့ ငါတို့က ခေါင်းဆောင်အမိန့်ကိုသာ သုံးနိုင်မယ်ဆိုရင် သူ့ကိုဖိနှိမ့်နိုင်မှာပဲ”
အခြားလူများ၏မျက်ဝန်းများကလည်း တောက်ပသွားသည်။ သူတို့ ဖိနှိမ့်ခံနေရသည်မှာ လုဝူတိက ခေါင်းဆောင်ဖြစ်နေသောကြောင့် ဖြစ်လောက်လေသည်။ သူတို့က အရေအတွက်ကို အင်အားယူထားသည့်တိုင်အောင် လုမိသားစုထံသို့ ခေါင်းဆောင်ဆိုသည့်နေရာကြောင့် ကူညီပေးနေသူများရှိနေသေးလေသည်။ လုဝူတိကိုသာသတ်နိုင်လျှင် အရာအားလုံးက သူတို့၏ ထိန်းချုပ်မှုအောက်တွင် ရောက်လာပေလိမ့်မည်။
“လုပ်ရအောင်”
ထိုအချိန်တွင် ယင်လီဖုန်းနှင့်အခြားလူများက လုဝူတိထံသို့ တိတ်ဆိတ်စွာ ခုန်ဝင်သွားလိုက်ကြသည်။ လုယွီက နှာခေါင်းရှုံ့သည်။ လက်သီးတစ်လုံး ထုတ်ဖော်လိုက်ပြီးသည်နှင့် ယင်ကြွယ်၏ တစ်ကိုယ်လုံးက ပြင်းထန်စွာ လှုပ်ခါသွားသည်။ သူက တစ်ဖက်မှ လေးယောက်လုံးကို ချက်ချင်းဆိုသလို တားလိုက်ရသည်။ သူ၏ခန့်မှန်းမှုအရဆိုလျှင် ငါးယောက်တစ်ယောက် တိုက်ခိုက်ရမည့်အနေအထားမျိုးတွင် ရှိနေလေသည်။
“ဒီကောင်က လူသားရော ဟုတ်ရဲ့လား”
လူအုပ်က အံ့ဩသွားကြသည်။
လုကျန်းဟိုင်ကို သစ္စာဖောက်ကာ ထွက်လာသူများအားလုံးကလည်း မျက်နှာဖြူဖျော့နေကြပြီဖြစ်သည်။
ထိုကဲ့သို့သော လူငယ်မျိုးက ဆေးလုံးကို မှီခိုထားခြင်း မဖြစ်နိုင်တော့ချေ။
ချူလင်းဖုန်းကလည်း နှာခေါင်းရှုံ့သည်။
“သူက ဆေးလုံးတွေ ထပ်မြိုထားတာဖြစ်မှာပေါ့၊ ဘာတွေများဂုဏ်ယူစရာရှိလဲ”
သူ၏မျက်ဝန်းကမူ ကြောက်မက်ဖွယ်ကောင်းလောက်အောင် ခက်ထန်နေသည်။ အကြီးအကဲသုံးယောက်က ပြောသည်။
“အဲ့ဒီလိုဆေးလုံးမျိုးရှိရင် နတ်သူငယ်အဆင့်က လူငါးယောက်နဲ့တစ်ပြိုင်တည်း တိုက်ခိုက်နိုင်တဲ့ အနေအထားမျိုးသာ ရောက်စေနိုင်မယ်ဆိုရင် လူတိုင်းက လိုချင်တပ်မက်နေကြမှာပဲ”
အမှန်အတိုင်းပြောရလျှင် ထိုကဲ့သို့သော ဆေးလုံးမျိုးက မရှိချေ။ ဒါကိုလည်း လူတိုင်းက နားလည်ထားကြသည်။ ရှိမည်ဆိုလျှင်ပင် သည်လောကတွင် မပေါ်ထွက်လာခဲ့ဖူးချေ။
ရှင်းပြချက်တစ်ခုအရဆိုရလျှင် လုယွီက သူကိုယ်တိုင်ကပင် အင်အားကြီးမားနေခြင်းဖြစ်သည်။ လူအများစုက ထိုအချက်ကို နားလည်ထားကြသည်။ ထိုအချိန်တွင် ချူယွီလော်က လုယွီ၏ကျောပြင်ကိုကြည့်ကာ သူမ၏မျက်ဝန်းအတွင်း တောက်ပသောအလင်းတန်းများက ထွက်ပေါ်လာသည်။ သူမက မျက်ကန်းစုံမှိတ်ယုံကြည်ခဲ့ခြင်း မဟုတ်ချေ။ ချူယွီလော်ကလည်း သူမလုပ်ခဲ့သည့် အကြောင်းအရာကို နားလည်သည်။ သည်အတိုင်း လုယွီကို ဆွဲချသလိုဖြစ်မည်ကိုသာ စိုးရိမ်ခဲ့ခြင်းဖြစ်သည်။
ယင်လီဖုန်းက အံကိုကြိတ်ကာပြောသည်။
“ဒီကောင်လေးက သန်မာလွန်းတယ်”
“သူ့ရဲ့လက်သီးတွေနဲ့တင် ငါတို့လက်လေးဖက်လုံးကို ရင်ဆိုင်နိုင်စွမ်းရှိနေတယ်၊ ငါတို့အားလုံးပေါင်းပြီး အစွမ်းထက်ဆုံးတိုက်ကွက်တွေနဲ့ သူ့ကို တိုက်ခိုက်ရအောင်”
ယင်ကြွယ်က အော်လိုက်သည်။
နတ်သူငယ်အဆင့်မှ ငါးယောက်လုံးကလည်း တစ်ချိန်တည်းလိုလို အစွမ်းထက်ဆုံးတိုက်ကွက်များကို ထုတ်ဖော်လိုက်ကြကာ တိုက်ခိုက်ကြတော့သည်။
လုဝူတိနှင့်လုဝူရန်တို့က ပြင်းပြင်းထန်ထန် ဒဏ်ရာရထားသော်လည်း သူတို့က အံကိုကြိတ်ကာတောင့်ခံနိုင်နေလေသည်။
“ဝမ်ချန်း ဒါက ငါတို့အိမ်တော်ခွဲက ကိစ္စပဲ၊ ငါတို့ဘာသာပဲဖြေရှင်းပါရစေ၊ မင်း ဝင်မပါပါနဲ့”
လုမိသားစုမှ အဓိကအိမ်တော်က လုယွီထံ ကျေးဇူးကြွေးပေါင်းများစွာ တင်နေပြီဖြစ်သည်။ လုယွီကသာ သူတို့ကို ကာကွယ်ရင်းသေသွားခဲ့မည်ဆိုလျှင် သူတို့၏စိတ်ဝိဉာဉ်က ဖျက်ဆီးခံရမည်ဆိုလျှင် ငြိမ်းချမ်းနိုင်လိမ့်မည်မဟုတ်ချေ။
လုယွီက ဖျော့တော့စွာပြောသည်။
“ဘိုးဘေးနှစ်ယောက် ကိုယ့်ကိုယ်ကိုပဲ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ကုသနေလိုက်ကြပါ၊ အရာအားလုံးကို ငါနဲ့လွှတ်ထားလိုက်ပါ”
“မင်းနဲ့ဟုတ်လား”
ယင်ကျွယ်မင်က ပြောသည်။
“ဟမ့် မင်းတို့တွေ သူ့ကိုဆွဲထားကြ၊ ငါ လုဝူတိကို အရင်သွားသတ်လိုက်မယ်”
စစ်သင်္ဘော ၁၁ ခုမှ သိပ်သည်းစွာ ဆင်းသက်လာသော ကျင့်ကြံသူပေါင်းများစွာက ချက်ချင်းဆိုသလို အတွင်းသို့ခုန်ဝင်လာကြသည်။
အဆင့်လွန်အဆင့်ပေါင်းများစွာ၊ အင်အားကြီးမားသော ကျင့်ကြံခြင်းအဆင့်များနှင့် အတူတကွ ပေါင်းစုံလာခြင်းကြောင့် ပတ်ဝန်းကျင်တွင်ပင် လေထုဖိအားများက ထွက်ပေါ်လာလေပြီ။
ထို့နောက် တဟုန်းဟုန်းမြည်သံများက ထွက်ပေါ်လာသည်။ သူတို့က ခန်းမအတွင်းသို့ ဝင်ရောက်ကာ ပြင်းထန်စွာ တိုက်ခိုက်တော့မည့်အချိန်တွင်ပင် ချဉ်းကပ်၍မရဘဲ တစ်စုံတစ်ရာနှင့် ရိုက်ခတ်မိသလိုမျိုး လွင့်ထွက်သွားရလေသည်။
“ယင်လော့ဂိုဏ်းရဲ့သားတော် သူက မသေသေးဘူးလား”
ရုတ်တရက် မောက်မာသောအသံက ထွက်လာသည်။ လူတိုင်းက လှည့်ကြည့်လာကြချိန်တွင် ကောင်းကင်တစ်ဖက်ခြမ်းမှ ဆင်းသက်လာသော ကျင့်ကြံသူများကို မြင်လိုက်ရလေသည်။
ထိုသူများအားလုံး၏အောက်ခြေတွင် ရေခဲသားဖြင့်လုပ်ထားသော လှေတစ်စင်းစီရှိနေကြသည်။ သူတို့ထံမှ အလွန်အေးစိမ့်သောအရှိန်အဝါများကို ထုတ်ဖော်ထားကြသည်။
“ရေခဲနယ်မြေက လူတွေလည်း ရောက်လာတာလား”
လူအုပ်က မသက်သာစွာလေအေးများကို ရှူရှိုက်လိုက်ကြသည်။
အပိုင်း ၁၃၅၀
“ရေခဲနယ်မြေက လူတွေက ဘာလို့ရောက်လာကြတာလဲ”
လူတိုင်းက အံ့သြသွားကြသည်။
“ဘာတွေဖြစ်နေတာလဲ”
လုမိသားစုဟာ မြောက်ပိုင်းနယ်မြေမှ အုပ်ချုပ်သူမိသားစုဖြစ်ပြီး အတွင်းပိုင်းကျဆုံးနေရာတွင်တည်ရှိသည်။ ထျန်းကျင်းမြို့အပြင်တွင်လည်း အစောင့်ပေါင်းများစွာ ရှိနေလေသည်။
ယခုအခါ လုမိသားစုက အရှုပ်အထွေးကိစ္စများကြောင့် လူတိုင်းက ဒီနေရာသို့အာရုံစိုက်နေခဲ့ကြသဖြင့် အပြင်တွင် အစောင့်များလစ်လပ်ခဲ့ပြီး ယခုကဲ့သို့ဖြစ်လာခြင်းဖြစ်လောက်သည်။
“မြောက်ပိုင်းနယ်မြေက လုအိမ်တော်ကိုပဲ အာရုံစိုက်နေကြတော့ အပြင်ကို သတိမထားမိကြဘူးထင်တယ်”
“ရေခဲနယ်မြေက သူတွေက ကောင်းတဲ့ရည်ရွယ်ချက်နဲ့ ရောက်လာတာတော့ မဖြစ်နိုင်ဘူး”
ကျင့်ကြံသူများအားလုံးက တီးတိုးစွာရေရွတ်ကြသည်။ လေထဲတွင် သွေးညှီနံ့များက ထွက်လာသည်။
အလင်းတန်းများက ကျဆင်းလာပြီးသည်နှင့် ယင်လော့ဂိုဏ်းမှ ကျင့်ကြံသူပေါင်းများစွာ သတ်ဖြတ်ခံရသည်။ အနည်းဆုံုးထောင်ကျော်ဝန်းကျင်ခန့် ရှိနိုင်လေသည်။ ထိုသို့မြောက်များသော ကျင့်ကြံသူပေါင်းများစွာ သေဆုံးနေကြောင်း မြင်နေရသည့်အခါ ယင်ကျွယ်မင်က ဒေါသထွက်သွားပြီးအော်သည်။
“ရေခဲနယ်မြေက လူတွေ မင်းတို့ငါ့ရဲ့ဂိုဏ်းကလူတွေကို ထပ်သတ်ရဲရင် အားလုံးသေရမယ်။ ငါတို့ကလဲ့စားပြန်ချေမှာကို မကြောက်ဘူးလား”
ရေခဲနယ်မြေက ဒီကိစ္စတွင် ပါဝင်ပတ်သတ်လာမည်ဟု မထင်ထားမိချေ။
အနီးကပ်ဆုံးရောက်လာသည့် ရေခဲလှေပေါ်တွင်ရှိနေသော လုထျန်းကန်းက အေးစက်စွာမျက်ခုံးပင့်သည်။ သူ၏အနောက်တွင်လည်း ရေခဲနယ်မြေမှ အင်အားကြီးဂိုဏ်းများ အဖွဲ့အစည်းများအသီးသီးမှ ခေါင်းဆောင်များနှင့် ဘိုးဘေးများက ရှိနေကြလေသည်။ လူတိုင်းက ကြောက်မက်ဖွယ်ကောင်းသည့်အရှိန်အဝါများကို လွှတ်ထုတ်ထားကြသည်။
“ကလဲ့စားချေမယ်ဟုတ်လား မင်းတို့ယင်လော့ဂိုဏ်းက ခန်းမဆယ်ခုလုံး ဖျက်ဆီးခံထားရတဲ့ဖြစ်စဉ်ကိုမေ့သွားပြီလား”
လုထျန်းကန်းက နှာခေါင်းရှုံ့သည်။
ထိုစကားက ယင်ကျွယ်မင်၏ မျက်နှာအမူအရာကို ပျက်ယွင်းသွားစေသည်။
ယင်လော့ဂိုဏ်းက ငရဲခန်းမသခင်ပေါင်းများစွာရှိပြီး တစ်လောကလုံးကိုအုပ်ချုပ်ရန် နယ်မြေအသီးသီးသတ်မှတ်ကာ စီစဉ်ထားကြသည်။
ယခင်က ရေခဲနယ်မြေက ယင်လော့ဂိုဏ်း၏လက်အောက်တွင် ရှိခဲ့သည်။ ထိုအချိန်ကဆိုလျှင် နတ်သူငယ်အဆင့်အနည်းငယ်လောက်ကလည်း ရှိနေသဖြင့် မည်သူကမှ သူတို့၏ပြိုင်ဘက်မဟုတ်ခဲ့ချေ။
ခန်းမဆယ်ခုလုံးက သံတမာန်ပေါင်းများစွာစေလွှတ်ကာ ဘိုးဘေးဂိတ်ပေါက်အသီးသီးတွင် စောင့်ကြပ်နေလေ့ရှိသည်။ သူတို့ဘက်မှ တစ်စုံတစ်ယောက်သေဆုံးသွားသည်နှင့် ထိုစိတ်ဝိဉာဉ်များကို ယင်လော့ဂိုဏ်းမှ စုပ်ယူသွားလေ့ရှိသည့်အတွက် အပြီးအတိုင် မလွတ်မြောက်ကြချေ။ ထို့ကြောင့်ထိုသူများအတွက် ပြန်လည်မွေးဖွားနိုင်သည့်အခွင့်အရေးလည်း မရှိခဲ့ချေ။
ကောင်းကင်လမ်းစဉ်တွင် ပြန်လည်ဝင်စားခြင်းခြောကမျိုးက အကန့်အသတ်မဲ့သည်။ ကျင့်ကြံသူတစ်ယောက်က စိတ်ဝိဉာဉ်ထုတ်လုပ်သည့်အဆင့်သို့ မရောက်ခဲ့လျှင်ပင် ပြန်လည်ဝင်စားသည့် စက်ဝိုင်းအတွင်းသို့ ဝင်ရောက်နိုင်သမျှကာလပတ်လုံး ပြန်လည်မွေးဖွားနိုင်ကြသည်။ သို့ရာတွင် ယင်လော့ဂိုဏ်းက ထိုဖြစ်စဉ်ကို ဖျက်ဆီးလိုက်သည်။
စိတ်ဝိဉာဉ်ကိုလွတ်လပ်စေလျှင်မူ စိတ်ဝိဉာဉ်ကျောက်တုံးမီလီယံငါးသန့်ခန့်အနည်းဆုံးပေးမှသာလျှင် လွတ်မြောက်ခွင့်ပေးကြလေသည်။
မိသားစုဝင်ပေါင်းများစွာ သေဆုံးသွားပြီးနောက်တွင် စိတ်ဝိဉာဉ်အားလုံးကို ထိုသို့ ကျွန်ပြုခံရမည်နှင့် ဆက်စပ်နေလောက်သော ဆိုးရွားသောကိစ္စများလုပ်ဆောင်ရန် ယူဆောင်သွားကြသည့်အတွက် ဘဝက မည်မျှပင်ထူးချွန်ပြောင်မြောက်နေစေကာမူ ယင်လော့ဂိုဏ်း၏ထိန်းချုပ်မှုအောက်တွင် အမြဲတစေရှိနေသည်ဟု ခံစားနေရမည်ဖြစ်သည်
မနာခံသောကလန်များကို ခြောက်လှန့်ရန်အတွက် ခမ်းမဆယ်ခုလုံးမှ ခန်းမသားတော်တစ်ပါးစီထားကာ အရှင်ငယ်အဖြစ် တင်မြောက်လျက် ထိုမနာခံသူများ ၏ မြေးသားမျိုးဆက်များကို တိုက်ရိုက်ခေါ်ဆောင်ကာ ခွေးတစ်ကောင်အဖြစ် ပြန်လည်မွေးဖွားခိုင်းလေသည်။ ထို့နောက် ထိုခွေးကို လူအများရှေ့တွင်ပင် ဦးဆောင်ကာ ထိုသူများ၏ ဘိုးဘေးများ ဖခင်များ မိသားစုအသီးသီးထံသို့ ခေါ်သွားပြီး ပြသလေ့ရှိလေသည်။
ယင်လော့ဂိုဏ်းမှ ခန်းမဆယ်ခုက ထိုသို့၇က်စက်စွာပြုမူကြသည်။ ထို့ကြောင့်နာမည်ဆိုးဖြင့် ကျော်ကြားခဲ့သည်။
ရေခဲနယ်မြေမှ နတ်ဆိုးဘိုးဘေးရောက်လာသောအချိန်မှသာလျှင် ရေခဲနယ်မြေကိုထိန်းချုပ်ရန်အလို့ငှာ ထိုခန်းမဆယ်ခုလုံးကို ဖျက်ဆီးသည်။
ရေခဲနယ်မြေဘိုးဘေး၏တည်ရှိမှုက ကောင်းကင်ဘုံနေရာသို့ အစားဝင်လိုက်သည့်အလား အရပ်မျက်နှာအနှံ့အံ့အားသင့်မှုများဖြစ်လာစေလေပြီး အရာအားလုံးကို ပြောင်းလဲသွားစေခဲ့သည်။
သူကဒဏ်ရာရသွားခဲ့သည့်တိုင်အောင် ယင်လော့ဂိုဏ်းခန်းမဆယ်ခုလုံးက ဖျက်ဆီးခံခဲ့ရသည်။ နောက်ဆုံးရလဒ်အနေနှင့် ထိုခန်းမဆယ်ခုလုံးက ဆရာသခင်များမှစပြီး အနိမ့်ဆုံးကျွန်များအထိ အားလုံးသေဆုံးခဲ့ကြရသည်။
ထို့ကြောင့် ယင်လော့ဂိုဏ်း၏လွှမ်းမိုးမှုများက ပျောက်ကွယ်သွားခဲ့ခြင်းဖြစ်သည်။
ယင်ကြွယ်ကတစ်စုံတစ်ရာကိုတွေးမိကာပြောသည်။
“မင်းတို့ရဲ့တော်ဝင်ဘိုးဘေးပါရောက်လာတာလား”
ထိုတစ်ယောက်ရောက်လာလျှင် သူက ထွက်သွားသင့်လေပြီ
ခန်းမဆယ်ခုလုံးက အရှင်သခင် ဧကရာဇ်များနှင့် တိုက်ခိုက်နိုင်စွမ်းရှိမည်ဆိုလျှင်ပင် ထိုတိရှားဘိုးဘေးကို သူတို့မနိုင်ချေ။