အခန်း (၁၃၅၁-၁၃၅၅)
Vol. 71 Ch. 1351-1355
အပိုင်း ၁၃၅၁
လုထျန်းကန်းကပြုံသည်။ သူက ယင်ကြွယ်ကိုပြောသည်။
“ငါ့ရဲ့ရေခဲနယ်မြေကကိစ္စတွေကို မင်းမသိသေးဘူးထင်တယ်”
“တိရှားဘိုးဘေးကသေသွားပြီ။ ငါတို့ကအခုလက်ရှိ အရှင်သခင်ရဲ့အမိန့်အရ လုမိသားစုရဲ့ဘိုးဘေးတွေကို သုတ်သင်ဖို့ရောက်လာခဲ့တာပဲ”
ယင်ကြွယ်သည် အချိန်တခဏကြာ ကြက်သေသေသွားပြီးနောက် သူက တုန်လှုပ်ချောက်ချားစွာ မေးမြန်းလိုက်သည်။
"ရေခဲနယ်မြေရဲ့မြင့်မြတ်ဘိုးဘေးက သေသွားပြီလား"
ရေခဲနယ်မြေအား တစ်ကြိမ်တစ်ခါမှ မရောက်ဖူးသူများပင် ရေခဲနယ်မြေမြင့်မြတ်ဘိုးဘေး၏တည်ရှိမှုကို သိရှိသည်။
ရေခဲနယ်မြေဘိုးဘေးသည် သူတော်စင်များအားလုံး၏အထက်၌ရှိပြီး ရေခဲနယ်မြေအတွင်းရှိ မြောက်များစွာသော အစွမ်းထက်ကျင့်ကြံသူတို့ ကြောက်ရွံရသည့် တည်ရှိမှုကြီးဖြစ်ကာ မြောက်ပိုင်းနယ်မြေရှိ လုဝူကျီးနှင့်အဆင့်အတန်းတူညီသည်။
ဤကဲ့သို့ အစွမ်းထက်ပုဂ္ဂိုလ်ပင်လျင် အမှန်တကယ် သေဆုံးသွားခဲ့ရ၏။
ယင်လီဖန်းက တစ်စုံတစ်ခု မှားယွင်းနေခြင်းကို အာရုံခံမိသွားသည်။
"ရေခဲနယ်မြေရဲ့ မူအစောင့်အရှောက်က သေဆုံးသွားတာ နှစ်အတော်ကြာနေပြီ...မူအစောင့်အရှောက်အသစ်က ဘယ်သူလဲ"
ထိုစကားကိုကြားချိန်တွင် လူတိုင်း အသိပြန်ဝင်လာကြသည်။
ဤသည်က သော့ချက်ပင်။
ရေခဲနယ်မြေအတွင်း၌ အစွမ်းထက်ကျင့်ကြံသူ အမြောက်အများရှိသည်။ခက်ခဲကြမ်းတမ်းသောပတ်ဝန်းကျင်ကြောင့် ရေခဲနယ်မြေရှိကျင့်ကြံသူများသည် တခြားနေရာဒေသမှသူများထက် ပို၍ကြမ်းကြုတ်ရက်စက်သည်။
မူအစောင့်အကြပ်နေရာအား ရရှိထားသူသည် လောကကြီးအတွင်း၌ မြင့်မားသောအဆင့်အတန်း ရရှိပေလိမ့်မည်။
ယင်ကြွယ်သည် လုထျန်းကန်အားကြည့်၍ လေးနက်သောအသံဖြင့် မေးမြန်းလိုက်၏။
"ဒါက မင်းလား"
သူ လုထျန်းကန်အား မှတ်မိပေ၏။လုထျန်းကန်သည် သိုင်းသူတော်စင်အဆင့်သာရှိသော်လည်း သူသည် သိုင်းသူတော်စင်နှောင်းပိုင်းအဆင့်သို့ ရောက်ရှိနေလေပြီ။ကျင့်ကြံဆင့်တူသော သာမာန်ကျင့်ကြံသူများသည် သူ၏ပြိုင်ဘက်မဖြစ်နိုင်ချေ။
ထို့ပြင် လုထျန်းကန်သည် အသက်ကြီးရင့်ခြင်း မရှိသေးချေ။သူသည် သက်လတ်ပိုင်းအရွယ်ဖြစ်သော်လည်း ဆံဖြူလူအိုကြီးများနှင့်နှိုင်းယှဥ်ပါက သူ၏အနာဂတ်တွင် အလားအလာကောင်းများရှိသည်။
လုထျန်းကန်က ခနဲ့တဲ့တဲ့ပြန်ကြည့်ပြီး ပြောဆိုလိုက်၏။
"မင်းတို့နဲ့ ငါတို့ရဲ့အရှင်သခင် ကာကွယ်စောင့်ရှောက်သူမူတို့ ဒီလေါက်အချိန်အကြာကြီး တိုက်ခိုက်ပြီးသွားပြီ...အခုချိန်ထိ မင်းတို့က သူ့ရဲ့သရုပ်မှန်ကို မသိကြသေးဘူးလား"
ဘာ...
ယင်လီဖန်းနှင့်ယင်ကြွယ်တို့၏မျက်လုံးများ တစ်ချိန်တည်းမှာပင် ပြူးကျယ်သွားသည်။
သူတို့ရှေ့ရှိလူများအကြားတွင် မည်သူသည် ရေခဲနယ်မြေ၏ကာကွယ်စောင့်ရှောက်သူအသစ် ဖြစ်သနည်း။
'ဘယ်သူ ဖြစ်နိုင်လဲ'
သူတို့ မှန်းဆနေစဥ်မှာပင် လုထျန်းကန်သည် ရုတ်တရက် အကြီးအကဲများအားလုံးကိုခေါ်ဆောင်၍ ရေခဲလှေပေါ်မှ တပြိုင်နက်တည်း အောက်သို့ခုန်ဆင်းလိုက်ကြသည်။
အစွမ်းထက်ကျင့်ကြံသူများသည် မူလက ရေခဲလှေ၏ပေါင်းမိုးငယ်အတွင်း၌ ထိုင်နေကြခြင်းဖြစ်သည်။ထိုလူများ ထွက်လာချိန်တွင် ပတ်ဝန်းကျင်ရှိလူများ ထိတ်လန့်ကြောက်ရွံသွားကြသည်။
ထိုအစွမ်းထက်ကျင့်ကြံသူများ၏အရှိန်အဝါသည် သူတို့ထက်ပို၍ တုန်လှုပ်ချောက်ချားဖွယ်ကောင်းသည်မှာ သိသာထင်ရှားလှ၏။
"အဲ့ဒီလူတွေ အရင်က ငါနဲ့တိုက်ခိုက်ဖူးပါတယ်... သူတို့ရဲ့ကျင့်ကြံဆင့်တွေက ရုတ်တရက်ကြီး ဘာလို့တိုးတက်လာတာလဲ"
လုမိသားစု၏သိုင်းသူတော်စင်တစ်ယောက်က မှန်းဆပြောဆိုသည်။
မည်သို့ပင်ဆိုစေကာမူ ရန်သူသည် သူတို့၏ရှေ့၌ ရောက်နေလေပြီ။ဤအချိန်အခိုက်အတန့်တွင် လူတိုင်းသည် သူတို့၏အငြင်းပွါးနေမှုကိုရပ်တန့်ပြီး မည်သူသည် ရေခဲနယ်မြေ၏အစစ်အမှန်အစောင့်အရှောက်ဖြစ်သည်ကို စောင့်ကြည့်နေကြ၏။
လုထျန်းကန်က သူ၏ခြေထောက်ကိုမြှောက်၍ လုယွီထံသို့ တရွေ့ရွေ့လျှောက်လှမ်းသွားနေသည်။
လူတိုင်း၏စိတ်အတွင်း၌ ထိတ်လန့်တုန်လှုပ်ဖွယ်အတွေးတစ်ခု ဝင်ရောက်လာသည်။
'မဖြစ်နိုင်ဘူး'
"ဒီငယ်သားလာတာ နောက်ကျသွားတယ်...ကျေးဇူးပြုပြီး ကျွန်တော်ကို ခွင့်လွှက်ပေးပါ"
လုထျန်းကန်နှင့်အကြီးအကဲများသည် ရုတ်တရက် ဒူးထောက်ပြီး လုယွီအား ဦးညွှတ်၍အရိုအသေပြုလိုက်ကြ၏။
လူအုပ်ကြီး၏အာရုံစူးစိုက်မှုအောက်တွင် လုယွီ၏အစိမ်းရောင်ဝတ်စုံသည် မျက်စိဖမ်းစားသဖွယ်ဖြစ်နေသည်။
ဘာ...
ဤအချိန်တွင် လူတိုင်း၏စိတ်နှလုံးသားများ ပြင်းပြင်းထန်ထန် တုန်လှုပ်နေပေ၏။
ဤသည်က မူအစောင့်အရှောက်အဆင့်အတန်း မဟုတ်လော။
မူအစောင့်အရှောက်ဟူသည်မှာ ကောင်းကင်ဘုံမှခန့်အပ်ထားသော တရားဝင်ရာထူးဖြစ်ပြီး လောကကြီးအားစောင့်ရှောက်ရန် မိုးကောင်းကင်တာအို၏စွမ်းအားကို အသုံးပြုနိုင်သည်။ထိုစွမ်းအားမျိုးသည် သာမာန်လူတို့ စိတ်ကူးယဥ်နိုင်သည်ထက်ပင် ကျော်လွန်နေပေ၏။
မူအစောင့်အရှောက်ဖြစ်လာသူတစ်ယောက်၏ အရည်အချင်းသည် လောကကြီး၏နိယာမများဖြင့် ဖိနှိပ်ခြင်းမခံရသဖြင့် အကန့်အသတ်မရှိချေ။ထိုလူအား မရွေးချယ်မီ မိုးကောင်းကင်တာအိုမှ စိစစ်အကဲဖြတ်ပြီးဖြစ်သည်။
လုယွီသည် အသက်ငယ်ငယ်ရွယ်ရွယ်ဖြင့် သိုင်းသူတော်စင်တစ်ယောက် ဖြစ်လာသဖြင့် လူတိုင်း ထိတ်လန့်တုန်လှုပ်ခဲ့ပြီးဖြစ်သည်။သို့ရာတွင် ယခုလက်ရှိချိန်၌ သူသည် ရေခဲနယ်မြေ၏အစောင့်အရှောက်လည်း ဖြစ်နေခဲ့သည်။
သူသည် မည်ကဲ့သို့လူစားမျိုး ဖြစ်သနည်း။
"မဖြစ်နိုင်ဘူး...မင်းအသက် ဘယ်လောက်ရှိသေးလို့လဲ...ငါတို့ယင်လော့ဂိုဏ်းရဲ့ သတင်းအချက်အလက်တွေအရ မင်းရဲ့အသက်က နှစ်ဆယ်ပဲရှိသေးတယ်...ရေခဲနယ်မြေရဲ့မူအစောင့်အရှောက်လို ရာထူးမျိုးကို မင်းလိုကောင်စုတ်လေးက ဘယ်လိုလုပ်ပြီး ရယူနိုင်မှာလဲ"
ယင်ကြွယ်က တုန်လှုပ်ချောက်ချားစွာဖြင့် အော်ဟစ်လိုက်သည်။
သူတို့ယင်လော့ဂိုဏ်း၏အစီအစဥ်သည် လုမိသားစု၏အာဏာကို သိမ်းပိုက်ရန်ဖြစ်သည်။သို့ရာတွင် သူတို့၏အစီအစဥ်များအားလုံး လုယွီ၏ဖျက်ဆီးခြင်းခံရမည်ဟု သူ မျှော်လင့်မထားမိချေ။
လုယွီက အေးစက်သောအကြည့်ဖြင့် ယင်ကြွယ်အား ကြည့်လိုက်သည်။
"ဘာလဲ...မင်းက လက်မခံနိုင်ဘူးလား"
လုယွီ၏လက်ဖဝါး မြောက်တက်လာခြင်းနှင့်အတူ သူက အစောင့်အရှောက်ရွှေစည်းတံဆိပ်အား တိုက်ရိုက်ထုတ်ယူလိုက်သည်။
ဝုန်း...
မူလက တိမ်ထူပြီးမည်းမှောင်နေသော မိုးကောင်းကင်သည် တစ်ဖန်ထပ်ပြီး ပြောင်းလဲသွားပေ၏။
တိမ်တိုက်များအကြားမှနေ၍ ရွှေရောင်အလင်းတန်းတစ်တန်း ထွက်ပေါ်လာသည်။
ဤသည်က အစပျိုးခြင်းသာဖြစ်ပြီး အသက်ရှုချိန်အနည်းငယ်အတောအတွင်းမှာပင် ထိုရွှေရောင်အလင်းတန်းသည် တိမ်မည်းများအားလုံးကို လွင့်ပြယ်သွားစေပြီး မိုးကောင်းကင်သည် မူလနေသာသောအခြေအနေသို့ ပြန်လည်ရောက်ရှိသွားပေ၏။
ယင်ကြွယ်နှင့်ယင်လီဖန်းတို့နှစ်ယောက်လုံး တပြိုင်နက်တည်း နောက်သို့ခြေနှစ်လှမ်းခန့်ဆုတ်လိုက်ရပြီး လုယွီအား တုန်လှုပ်ချောက်ချားစွာ ကြည့်နေကြသည်။
"ဒါက မဖြစ်နိုင်ဘူး...ငါတို့နှစ်ယောက်လုံးမှာ နယ်မြေအစောင့်အရှောက်ရဲ့ရွှေစည်းတံဆိပ်တွေရှိတယ်...မင်းမှာ တစ်ခုတည်းပဲရှိတာ...ဘာလို့ မင်းက ငါတို့ကို ဖိနှိပ်ထားနိုင်တာလဲ"
ယင်ကြွယ်က မယုံကြည်နိုင်သောလေသံဖြင့် ပြောဆိုလိုက်၏။
လုဝူသီသည် အပြင်းအထန်ဒဏ်ရါရရှိခဲ့ပြီးနောက် မူအစောင့်အရှောက်၏လုပ်ငန်းတာဝန်ကို ဆောင်ရွက်ရန်နှင့် ရွှေစည်းတံဆိပ်ကိုထိန်းသိမ်းရန် ခက်ခဲခဲ့သည်။
သို့ရာတွင် လုယွီ၏ရောက်ရှိလာမှုနှင့်အတူ မြောက်ပိုင်းနှင့်အနောက်ပိုင်းပင်လယ်၏ မိုးကောင်းကင်တာအို တမဟုတ်ချင်းပြောင်းလဲသွားသည်။သူတို့ တောင့်ခံနိုင်ရုံမျှသာရှိသော ရေခဲနယ်မြေ၏မိုးကောင်းကင်တာအိုကို လုယွီက ဆန့်ကျင်တိုက်ခိုက်နိုင်ခဲ့၏။
သူတို့၏ရှေ့၌ ဖြစ်ပျက်ခဲ့သော အရာအားလုံးသည် သူတို့၏အသိပညာများကို ကျော်လွန်သွားလေပြီ။
"တာအိုဒုတိယဆင့်ပဲရှိသေးသူတွေက မိုးကောင်းကင်တာအိုကို ဘယ်လိုလုပ်ပြီး နားလည်သဘောပေါက်နိုင်မှာလဲ...နည်းနည်းလောက်သင်ယူပြီးတာနဲ့ပဲ မင်းတို့က ငါရှေ့မှာလာပြီး ကစားဝံ့တယ်ပေါ့လေ"
လုယွီက ခြေတစ်လှမ်းရှေ့တက်လိုက်ရာ လောကကြီး၏စွမ်းအားများက သူ၏ခန္ဓာကိုယ်အား ရုတ်ချည်းလွှမ်းခြုံသွားသည်။
ရှပ်...ရှပ်...
ယင်ကြွယ်နှင့်ယင်လီဖန်းတို့သည် အလွန်ကြီးမားသောဖိအားကို ခံစားလိုက်ရသဖြင့် တပြိုင်နက်တည်း နောက်သို့ ခြေတစ်လှမ်းဆုတ်လိုက်ကြ၏။
လုယွီ၏ခြေလှမ်းရှေ့တက်လာလေလေ သူတို့နှစ်ယောက် နောက်သို့ဆုတ်ရလေလေပင်။
တခြားသူများ၏အမြင်တွင် သူတို့နှစ်ယောက်သည် လုယွီ၏အရှိန်အဟုန် လွှမ်းခြုံခြင်းကို ခံနေရသဖြင့် နောက်သို့ဆုတ်ရန်သာ ရွေးချယ်နေရတော့သည်။
"ငါတို့ သူ့အရှိန်အဝါရဲ့ဖိနှိပ်မှုကို သက်ရောက်ခံလို့မရဘူး...တကယ်လို့ ငါတို့ ဒီအတိုင်းဆက်ပြီးနောက်ဆုတ်နေမယ်ဆိုရင်...သူ့အရှိန်အဝါရဲ့ အပြည့်အဝဖိနှိပ်ခြင်းကို ခံရလိမ့်မယ်"
ယင်ကြွယ်က မရပ်မနားပြောဆိုလိုက်သည်။စိတ်ဓာတ်ကျဆင်းနေမှုကြောင့် သူ၏မျက်လုံးအတွင်း၌ ရူးသွပ်မှုအရိပ်အယောင်များ ဖြတ်ပြေးသွားသည်။
"ကောင်းပြီလေ...မင်းမှာ အရည်အချင်း နည်းနည်းရှိတာတော့ ငါ ဝန်ခံတယ်...ဒါပေမယ့် ငါတို့ယင်လော့ဂိုဏ်းရဲ့ခွန်အားအနှစ်သာရက မင်း စိတ်ကူးတောင်ယဥ်နိုင်တဲ့အရာမျိုးမဟုတ်ဘူး"
ယင်ကြွယ်က ရုတ်တရက် ကျယ်လောင်စွာအော်ဟစ်လိုက်သည်။သူ၏လက်သည်းများသည် စူးရှချွန်ထက်လာပြီး သူ့ခန္ဓာကိုယ်အတွင်းသို့ ပြန်လည်ထိုးစိုက်လိုက်၏။
တစ်ချိန်တည်းမှာပင် သူ၏ခန္ဓာကိုယ်အရေပြားပေါ်တွင် သွေးစီးကြောင်းများနှင့်အတူ ပြက်ရှရာများထွက်ပေါ်လာသည်။သူ့အား သေရာပါဒဏ်ရါရရှိသွားစေမည်ဖြစ်သော နည်းစနစ်ကို အသုံးပြုနေခြင်းဖြစ်ရာ သူ၏ခန္ဓာကိုယ်တစ်ခုလုံး သွေးများဖြင့်စိုရွှဲနစ်နေတော့သည်။
ထို့နောက် ယင်ကြွယ်က လက်ဆန့်ထုတ်ပြီး သူ၏လက်ညှိုးဖြင့် မိုးကောင်းကင်ကိုညွှန်ပြကာ ရှေးကျပြီးမသဲကွဲသော မန္တန်တစ်ပုဒ်ကို ရွတ်ဆိုလေ၏။
"သူ ဒီတားမြစ်နည်းစနစ်ကို တကယ်အသုံးပြုလိုက်တာပဲ"
ယင်လီဖန်း၏မျက်လုံးအတွင်း၌ ထိတ်လန့်တုန်လှုပ်သွားသောအရိပ်အယောင်များ ဖြတ်ပြေးသွားသည်။
သူမသည်လည်း ထိုတားမြစ်နည်းစနစ် မည်မျှထိအစွမ်းထက်သည်ကို ကောင်းစွာသိရှိပေ၏။သို့ရာတွင် သူမ ပြန်လည်ပေးဆပ်ရသော တန်ကြေးမှာလည်း အလွန်ကြီးမားပေမည်။
ရုတ်တရက် ပတ်ဝန်းကျင်၌ အေးစက်စက်လေပြင်းက ကြောက်ခမမ်းလိလိ တိုက်ခတ်လာသည်။
လေပြင်များအကြား၌ မူလကထုတ်လွှက်ထားသော မိုးကောင်းကင်တာအို၏စွမ်းအားသည် အမျိုးအမည်မသိရသောအားလှိုင်း၏ ဆုတ်ဖြဲခြင်းခံလိုက်ရ၏။
မိုးကောင်းကင်တွင် တိမ်မည်းများ လွှမ်းခြုံနေသည်။ထူထပ်နေသောတိမ်မည်းများအကြားမှနေ၍ မျက်လုံးတစ်လုံးက ရုတ်တရက်ပေါ်ထွက်လာပြီး အောက်ရှိလူများကို ငုံကြည့်လိုက်၏။
"ဒီဂျုနီယာက သက်တမ်းအနှစ်သုံးဆယ်ကို ယဇ်ပူဇော်ပါတယ်..,သရဲတစ္ဆေစစ်ဗိုလ်ချုပ်အရှင်သခင် ကြွရောက်လာပြီး ဒီကောင်လေးကိုသတ်ပေးဖို့ တောင်းပန်ပါတယ်"
ယင်ကြွယ်က အော်ဟစ်ပြောဆိုလေသည်။
မိုးကောင်းကင်မှတဆင့် ခရမ်းရောင်အလင်းတန်းတစ်တန်း ကျဆင်းလာပြီး ယင်ကြွယ်၏ခန္ဓာကိုယ်အတွင်းသို့ တန်းတန်းမတ်မတ်ဝင်သွားသည်။ရုတ်ချည်းဆိုသလိုပင် ယင်ကြွယ်၏သက်တမ်း အလျင်အမြန်ကျဆင်းသွားပြီး အိုမင်းလာကာ သူ၏ခေါင်းငိုက်စိုက်ကျသွား၏။
တစ်ချိန်တည်းမှာပင် ခပ်ဖျော့ဖျော့အသံတစ်သံက မိုးကောင်းကင်မှ ထွက်ပေါ်လာသည်။
"ကောင်းပြီ"
တိမ်မည်းများဖုံးအုပ်နေသော မိုးကောင်းကင်မှနေ၍ မြောက်များစွာသောနတ်ဆိုးအရှိန်အဝါများ ထုတ်လွှက်ထားသော အနက်ရောင်ပုံရိပ်တစ်ခုက ဖြည်းဖြည်းချင်း ဆင်းသက်လာပေ၏။
ဤလူ၏အကြည့်တစ်ချက်ဖြင့်ပင် လူတိုင်းလိုလို သူတို့၏စိတ်နှလုံးသားအောက်ခြေမှ တုန်ရီသွားမှုကို ခံစားလိုက်ရသည်။
"ယင်လော့ဂိုဏ်းက ကောင်းကင်ဘုံနယ်မြေကအစွမ်းထက်ပုဂ္ဂိုလ်တစ်ယောက်ကို အမှန်တကယ်ကြီး ဖိတ်ကြားလိုက်တာပဲ"
လုဝူဟိုင်သည်လည်း ကြက်သေသေသွားပြီး မိုးကောင်းကင်ရှိပုံရိပ်ကြီးကို စူးစိုက်ကြည့်နေမိ၏။
သူတို့သည် လေလွင့်အင်မော်တယ်များဖြစ်သေည်လည်း အစစ်အမှန်အင်မော်တယ်များ မဟုတ်သေးချေ။
အကယ်၍ ကောင်းကင်ဘုံနယ်မြေမှအစွမ်းထက်ပုဂ္ဂိုလ်သာ ဆင်းသက်လာပါက သူတို့ခုခံတိုက်ခိုက်ရန်ပင် အခွင့်အရေးရှိမည်မဟုတ်ချေ။
လုမိသားစု အဆုံးသတ်သွားတော့မည်လော။
ယင်လော့ဂိုဏ်း၏စွမ်းအားကို လူအများက အံ့အားသင့်လေးစားနေကြပြီး ထိုအတွေးမျိုးက သူတို့အားလုံး၏စိတ်အတွင်း၌ ပေါ်ပေါက်နေသည်။
ကောင်းကင်ဘုံနယ်မြေမှအစွမ်းထက်ပုဂ္ဂိုလ်၏ အကူအညီနှင့်ဆိုပါက ဤတိုက်ပွဲမှာ တစ်ဖက်သက်ဆန်ပေမည်။လုယွီ မည်မျှပင်အစွမ်းထက်နေပါစေ ကောင်းကင်ဘုံနယ်မြေမှအစွမ်းထက်ပုဂ္ဂိုလ်၏ပြိုင်ဘက်မဖြစ်နိုင်ချေ။
Chapter 1352 ဘယ်လိုသတ္တိမျိုးနဲ့ မင်း ငါ့ကိုထိဝံ့တာလဲ
လူများ၏အကြည့်အောက်တွင် အနက်ရောင်ပုံရိပ်ကြီးက မိုးကောင်းကင်မှနေ၍ ဖြည်းဖြည်းချင်းဆင်းသက်လာသည်။
ဆင်းသက်လာသောအရာသည် ပုံရိပ်ယောင်တစ်ခုသာဖြစ်သော်လည်း လူတိုင်းအား သူ၏စွမ်းအားကြီးမားမှုကို ခံစားရစေသည်။
"သရဲတစ္ဆေစစ်ဗိုလ်ချုပ်ကို ဂါရဝပြုပါတယ်"
ယင်ကြွယ်နှင့်ယင်လီဖန်းတို့က တပြိုင်နက်တည်း မြေပြင်ပေါ်သို့ သူတို့၏ဒူးများထောက်၍ အရိုအသေပေးလိုက်ကြသည်။
သူတို့၏ယင်လော့ဂိုဏ်းသည် ကောင်းကင်ဘုံနယ်မြေမှ အလွန်အမင်းအစွမ်းထက်သည့် အင်အားစုတစ်ခုဖြစ်သော မြေအောက်လောကတစ်ဆယ့်ရှစ်နယ်မြေနှင့် ဆက်စပ်နေပေ၏။
ဂိုဏ်းတွင် ကောင်းကင်ဘုံနယ်မြေမှ အစွမ်းထက်ပုဂ္ဂိုလ်ကို ခေါ်ယူနိုင်သည့် လျှို့ဝှက်နည်းစနစ်တချို့ရှိပြီး အဖိုးအခအနေဖြင့် ဆင့်ခေါ်သူ၏ဘဝသက်တမ်းတချို့ကို ယဇ်ပူဇော်ရသည်။
ထိုဆင့်ခေါ်၍ရသော ကောင်းကင်ဘုံနယ်မြေမှအစွမ်းထက်ပုဂ္ဂိုလ်များသည် အစစ်အမှန်အင်မော်တယ်များဖြစ်ရုံသာမက ကောင်းကင်ဘုံနယ်မြေတစ်ခုလုံးကို တုန်လှုပ်ချောက်ချားစေသည့် တည်ရှိမှုကြီးများလည်းဖြစ်သည်။
သရဲတစ္ဆေစစ်ဗိုလ်ချုပ်သည် ခေါင်းညိမ့်ပြပြီး သူ၏လက်ကိုဆန့်တန်းလိုက်၏။ယင်ကြွယ်၏ဒဏ်ရါများမှ မြောက်များစွာသောအလင်းတန်းများထွက်ပေါ်လာပြီး သရဲတစ္တေစစ်ဗိုလ်ချုပ်၏ခန္ဓာကိုယ်အတွင်းသို့ စီးဝင်သွားသည်။
ယင်ကြွယ်၏မျက်နှာ စက္ကူဖြူတစ်ချပ်ကဲ့သို့ ဖြူရော်သွားသည်။သူ၏သက်တမ်း အနှစ်သုံးဆယ်အား ဆုံးရှုံးလိုက်ရလေပြီ။
"တကယ်လို့ ငါတို့ ဒီကောင်လေးကို သတ်လိုက်မယ်ဆိုရင်...သူနဲ့လုဝူသီရဲ့ ရွှေစည်းတံဆိပ်ကို ငါတို့ အလွယ်တကူရရှိနိုင်တယ်...အဲ့ဒီအချိန်ကျရင် ငါက ဂိုဏ်းအကျိုးဆောင်ရမှတ်တွေ အများကြီးရပြီးတော့...အသက်ရှည်ဆေးတချို့ကို ဆရာသခင်ဆီက တောင်းလို့ရမယ်...ငါက အဲ့ဒီအမှတ်တွေကို အသုံးပြုပြီး ပိုပြီးနက်နဲတဲ့နည်းစနစ်တွေကိုလေ့ကျင့်ဖို့ ဂိုဏ်းရဲ့တားမြစ်နယ်မြေထဲကိုတောင် ဝင်လို့ရနိုင်တယ်"
ယင်ကြွယ်၏မျက်လုံးအတွင်း၌ ရူးသွပ်မိုက်မဲမှုများနှင့် ပြည့်နှက်နေသည်။
လုယွီနှင့်လုဝူသီတို့သည် အလွန်အမင်းအင်အားကြီးနေသဖြင့် ထိုလူနှစ်ယောက်အား ဖယ်ရှားရှင်းလင်းရန်မှာ သူ့အတွက် အလွန်အရေးကြီးသည်။သူ ထိုအကြောင်းအား တွေးတောမိချိန်တွင် အလွန်အမင်း စိတ်လှုပ်ရှားသွားပေ၏။ထို့ကြောင့် သူ၏ဘဝသက်တမ်းကို ယဇ်ပူဇော်ခြင်းကဲ့သို့ ရူးရူးမိုက်မိုက်အလုပ်များအား လုပ်ဆောင်ခဲ့ခြင်းပင်။
သရဲတစ္တေစစ်ဗိုလ်ချုပ်က ခေါင်းတစ်ချက်ညိတ်လိုက်သည်။
"ဒီနေရာတစ်ဝိုက်မှာ မိုးကောင်းကင်တာအိုက အရမ်းတင်းတင်းကြပ်ကြပ် ချုပ်နှောင်ထားတယ်...ငါ အမွှေးတိုင်တစ်တိုင်ကုန်ဆုံးစာ အချိန်အထိပဲ အများဆုံးနေလို့ရမယ်"
ယင်ကြွယ်က လုယွီအား အလျှင်အမြန် လက်ညှိုးညွှန်ပြလေ၏။
"သရဲတစ္ဆေစစ်ဗိုလ်ချုပ်...ကျေးဇူးပြုပြီး ဒီကောင်လေးကို သတ်ပေးပါ"
ပတ်ဝန်းကျင်ရှိလူများ၏စိတ်နှလုံးသားအတွင်းသို့အေးစိမ့်မှုက ဖျက်ခနဲ ဖြတ်ပြေးသွားသည်။
ယင်လော့ဂိုဏ်း၏စွမ်းအားသည် သူတို့၏စိတ်ကူးယဥ်ပုံဖော်နိုင်မှုကိုပင် ကျော်လွန်နေသည်။
ကျင့်ကြံသူတစ်ယောက် မည်မျှထိအစွမ်းထက်နေပါစေ ကိစ္စမရှိချေ။ယင်လော့ဂိုဏ်းသည် ထိုလူအားဖိနှိပ်ရန် ကောင်းကင်ဘုံနယ်မြေမှအစွမ်းထက်ပုဂ္ဂိုလ်အား ဖိတ်ကြားနိုင်သည်။ထိုလူသည် ပြန်လှန်တိုက်ခိုက်ရန်ပင် အခွင့်အရေးရှိမည်မဟုတ်ချေ။
သရဲတစ္ဆေစစ်ဗိုလ်ချုပ်သည် လုယွီကို ခြေဆုံးခေါင်းဆုံးကြည့်ပြီးနောက် ပြင်းထန်သောမှော်စွမ်းအင်လှိုင်းများ သူ၏လက်ဖဝါးအတွင်းမှ ထွက်ပေါ်လာသည်။
ထိုမှော်စွမ်းအားထွက်ပေါ်လာချိန်တွင် လောကကြီးတခွင်လုံး အရောင်ပြောင်းလဲသွားသည်။စွမ်းအားရိုက်ခတ်မှုကြောင့် ပတ်ဝန်းကျင်ရှိလေဟာနယ်ပင် တွန့်လိမ်သွားပေ၏။သရဲတစ္ဆေစစ်ဗိုလ်ချုပ်၏ခြေဖဝါးအောက်မှ မြေပြင်သည် အားလှိုင်း၏သက်ရောက်ခံရမှုကြောင့် ကျောက်တုံးကျောက်ခဲများ ပြာအဖြစ်သို့ပြောင်းလဲ၍ လွင့်စင်သွားသည်။
ထိုရန်သူသည် ပုံရိပ်ယောင်သက်သက်သာဖြစ်ပေ၏။ဤသည်က ကောင်းကင်ဘုံနယ်မြေမှအစွမ်းထက်ပုဂ္ဂိုလ်၏စွမ်းအား ဖြစ်သလော။
"ခုထိ တည်ငြိမ်နေတုန်းပါလား...ငါ့ရဲ့လက် အောက်ချလိုက်တာနဲ့ မင်း သေသွားလိမ့်မယ်ဆိုတာ မင်း မသိဘူးလား"
သရဲတစ္ဆေစစ်ဗိုလ်ချုပ်က ရုတ်တရက် သိချင်စိတ်ပြင်းပြသွားသည်။သူ၏ကျင့်ကြံမှုနည်းစနစ်သည် အသက်စွမ်းအားအမြောက်အများလိုအပ်သဖြင့် နိမ့်ပါးသောနယ်မြေမှ ယဇ်ပူဇော်ခြင်းများကို လက်ခံခဲ့သည်။သူ သတ်ခဲ့သောလူအားလုံးသည် မသေဆုံးမီအချိန်တွင် ကြောက်စိတ်မွှန်နေသော အမူအယာမျိုးရှိပေ၏။သို့ရာတွင် သူရှေ့ရှိကောင်လေးသည် တည်ငြိမ်နေဆဲပင်။
လုယွီ၏တည်ငြိမ်အေးဆေးမှုသည် သရုပ်ဆောင်နေခြင်းမဟုတ်ဟု သရဲတစ္ဆေစစ်ဗိုလ်ချုပ်က ပြောနိုင်ပေ၏။
လုယွီက ခပ်ဖျော့ဖျော့ပြုံးလိုက်သည်။
"သေမယ့်တစ်ယောက်က မင်း ဖြစ်နေမှာကို..ငါ စိုးရိမ်မိတယ်"
သရဲတစ္ဆေစစ်ဗိုလ်ချုပ်က ခေါင်းခါယမ်းပြလေ၏။
"မင်းကိုသတ်ဖို့က ငါ့အတွက် မျက်တောင်တစ်ခတ်စာအချိန်ပဲလိုတယ်...တကယ်လို့ မင်း ဒီနည်းနဲ့အချိန်ဆွဲချင်တယ်ဆိုရင် အသုံးဝင်မှာမဟုတ်ဘူး"
"ငါက အချိန်ဆွဲနေတာလား...ဟမ့်"
လုယွီက အေးစက်စက် နှာမှုတ်ပြီး တံဆိပ်ပြားတစ်လုကို ထုတ်ယူလိုက်၏။
ထိုတံဆိပ်ပြားကို အဖြူရောင်ကျောက်စိမ်းဖြင့် ပြုလုပ်ထားသည်။တံဆိပ်ပြားတစ်ခုလုံးကို ရွှေရောင်အလင်းတန်းများ လွှမ်းခြုံထားပြီး မျက်နှာပြင်ပေါ်၌ ကြီးမားသောရွှေရောင်စာလုံးများကို ရေးထွင်းထားကာ တောက်ပသောအလင်းရောင်များ ဖြာထွက်နေပေ၏။
သရဲတစ္ဆေစစ်ဗိုလ်ချုပ်သည် သူ၏မသိစိတ်မှနေ၍ တစ်စုံတစ်ခုမှားယွင်းနေသည်ကို ခံစားမိသဖြင့် မျက်မှောင်ကြုတ်လိုက်မိသည်။သူက တံဆိပ်ပြားကို ဂရုတစိုက်ကြည့်လိုက်မိရာ ကြက်သေသေသွားသည်။
"မဟာယွီနိုင်ငံတော်...တော်ဝင်နည်းပြ၏အမိန့်"
သရဲတစ္ဆေစစ်ဗိုလ်ချုပ်၏အသံက အနည်းငယ်မြင့်တက်သွားသည်။သူ၏မျက်လုံးအတွင်း၌ ထိတ်လန့်ကြောက်ရွံမှုအရိပ်အယောင်များ ထင်ဟပ်လာပေ၏။ကွန်ဖြူးရှပ်ပညာရှင်များသည် သူ့ကဲ့သို့သရဲတစ္ဆေကျင့်ကြံသူများအပေါ် များစွာဖိနှိပ်ကန့်သတ်နိုင်သည်။ဤတံဆိပ်ပြားပိုင်ရှင်သည် မဟာယွီနိုင်ငံတော်၏တော်ဝင်နည်းပြ ဖြစ်နေရုံမက ကွန်ဖြူးရှပ်ပညာရှင်သူတော်စင်တစ်ယောက်လည်း ဖြစ်နေသည်။
လုယွီက ခြေတစ်လှမ်းရှေ့တိုးပြီး အော်ငေါက်လိုက်၏။
"ငါက သူတော်စင်ရဲ့တပည့်ပဲ...တကယ်လို့ မင်း ငါ့ကိုထိဝံ့တာနဲ့...မင်း ယုံလား မယုံလားတော့ မသိဘူး...တာယွီနိုင်ငံတော်က မင်းရဲ့နေရာကိုချက်ချင်းရှာဖွေပြီး မင်းရဲ့အစစ်အမှန်ခန္ဓာကိုယ်ကို ဖျက်ဆီးပစ်လိမ့်မယ်"
Chapter 1353 :သူက ထိပ်တိုက်ရင်ဆိုင်ရန် လက်ဝါးတစ်ချက် ထုတ်လွှက်လိုက်သည်
လုယွီ၏ခြိမ်းခြောက်စကားကိုကြားချိန်တွင် သရဲတစ္ဆေစစ်ဗိုလ်ချုပ်၏ မျက်နှာအမူအယာ ပျက်ယွင်းသွားသည်။
ကွန်ဖြူးရှပ်ပညာရှင်များအား ရန်စစော်ကား၍မရကြောင်း မြေအောက်လောက၌ ကျင်လည်ကျက်စားနေသည့် သရဲတစ္ဆေကျင့်ကြံသူများအားလုံး သိရှိပြီးဖြစ်သည်။
ကွန်ဖြူးရှပ်တာအိုဂိုဏ်းများသည် တခြားကျင့်ကြံခြင်းဂိုဏ်းများနှင့် ကွဲပြားခြားနားပေ၏။သူတို့၏အမွေဆက်ခံသူများအား အကြီးအကျယ်အလေးထားကြသည်။ကွန်ဖြူးရှပ်ပညာရှင်များသည် သူတို့တပည့်များ၏ကျင့်ကြံခြင်းအား မြောက်များစွာအကူအညီပေးပြီး အလွန်အကျွံလည်း ကာကွယ်ပေးကြ၏။
တစ်ချိန်က သရဲတစ္ဆေကျင့်ကြံသူတစ်ယောက်သည် အခွင့်အာဏာမရှိဘဲ တာယွီနိုင်ငံတော်၏ကျောင်းတော်သားတချို့ကို သတ်ဖြတ်ခဲ့သည်။တရားစီရင်ရေးမှ လှုပ်ရှားမှုမပြုလုပ်ရသေးမီ အချိန်မှာပင် မဟာကွန်ဖြူးရှပ်ပညာရှင်ဖြစ်သော ဆံဖြူလူအိုကြီးတချို့သည် သူတော်စင်၏စာလိပ်ကို ကိုင်ဆောင်၍ မြေအောက်လောကသို့ ရောက်ရှိသွားသည်။ထိုသရဲတစ္ဆေကျင့်ကြံသူ၏ဂိုဏ်းတစ်ဂိုဏ်းလုံး အမြစ်ပြတ်သုတ်သင်ခံရပြီး ထိုသူ၏အရိုးများပင် ပြာချခံခဲ့ရ၏။
အကယ်၍ မြေအောက်လောကတာအိုသခင်သာရှိနေပါက သရဲတစ္ဆေစစ်ဗိုလ်ချုပ်သည် ကွန်ဖြူးရှပ်ကျောင်းတော်အား ကြောက်ရွံမည်မဟုတ်ချေ။သို့ရာတွင် ယခုလက်ရှိချိန်၌ မြေအောက်လောကတာအိုသခင်သည် သေဆုံးသွားခဲ့ပြီဖြစ်ရာ မြေအောက်လောကတစ်ခုလုံး၌ အုပ်ချုပ်သူမရှိပေ။ထို့ကြောင့် မည်သည့်သရဲတစ္ဆေကျင့်ကြံသူကမျှ တာယွီနိုင်ငံတော်အား ထပ်မံ၍ဆန့်ကျင်တိုက်ခိုက်နိုင်ခြင်း မရှိတော့ချေ။
"သူက ကောင်းကင်ဘုံနယ်မြေကသူတော်စင်ရဲ့ တပည့်တစ်ယောက်ပဲ"
"ဒီလိုမျိုး အသက်ငယ်ငယ်ရွယ်ရွယ်နဲ့ သူ ဒီလေါက်ထိအစွမ်းထက်နေတာ အံ့အားသင့်စရာမရှိတော့ဘူး...ကောင်းကင်ဘုံလမ်းကြောင်းပွင့်တဲ့အချိန်ကျရင် သူက ကောင်းကင်ဘုံနယ်မြေကိုတက်လှမ်းဖို့ အရည်အချင်းအမီဆုံးလူ ဖြစ်နေမှာပဲ"
"သူ့ဆီမှာ ကွန်ဖြူးရှပ်သူတော်စင်ရဲ့တံဆိပ်ပြားရှိနေတယ်...သူက ကောင်းကင်ဘုံလမ်းကြောင်းရဲ့ နောက်ဆုံးအဆင့်ကျရင် အဲ့ဒီတံဆိပ်ပြားကိုအသုံးပြုပြီး ကွန်ဖြူးရှပ်သူတော်စင်နဲ့ တိုက်ရိုက်ဆက်သွယ်နိုင်ပြီ...သူက ငါတို့လိုမျိုး အဆုံးသတ်ထိ တိုက်ခိုက်နေစရာမလိုဘူး"
လူအများ၏ မနာလိုအားကျသော အကြည့်များက လုယွီထံသို့ ကျရောက်နေသည်။
သရဲတစ္ဆေစစ်ဗိုလ်ချုပ်သည် ရုတ်တရက်ထွက်ပေါ်လာပြီး အလွန်မောက်မာစွာ ပြုမူနေခဲ့သော်လည်း ယခုလက်ရှိချိန်၌ တံဆိပ်ပြားတစ်ခု၏ခြိမ်းခြောက်ခြင်းကို ခံနေရ၏။
အသက်ရှုချိန်အနည်းငယ် အတောအတွင်းမှာပင် ရေမတွက်နိုင်သည့် အတွေးများက သရဲတစ္ဆေစစ်ဗိုလ်ချုပ်၏စိတ်အတွင်း၌ ထွက်ပေါ်နေသည်။
"တကယ်လို့ ဝမ်ရှန်း(ကွန်ဖြူးရှပ်သူတော်စင်)သာဒီနေရာမှာတကယ်ရှိရင် ငါက ချက်ချင်းပဲနောက်လှည့်ထွက်ခွါသွားမှာ...ဒါပေမယ့် မင်းလို နိမ့်ကျတဲ့နယ်မြေက ပုရွတ်ဆိက်လေးတစ်ကောင်က ဝမ်ရှန်းရဲ့တံဆိပ်ပြားကို ရထားတာနဲ့ ငါရှေ့မှာလာပြီး မောက်မာဝံ့တယ်ပေါ့လေ"
သရဲတစ္ဆေစစ်ဗိုလ်ချုပ်က ရုတ်တရက် ခနဲ့တဲ့တဲ့ပြုံးပြီး သူ၏လက်ဝါးဖြင့် လုယွီအား ရိုက်ချလိုက်သည်။
မည်သည့်ကိစ္စရှိနေပါစေ သူ လုယွီအား ဤနေရာတွင် သတ်ဖြတ်ရန် သူ၏စိတ်ကို အဆင်သင့်ပြင်ထားပြီးဖြစ်သည်။
ကွန်ဖြူးရှပ်ကျောင်းတော်မှသူတော်စင်သည် သူကဲ့သို့ သရဲတစ္တေစစ်ဗိုလ်ချုပ်ငယ်လေးကို အမှုထားမည်မဟုတ်သော်လည်း အကယ်၍ သူသည် ဝမ်ရှန်း၏တပည့်ဖြစ်သူကို တိုက်ခိုက်ဝံ့သည်ကို သိရှိသွားပါက သူ၏အဆုံးသတ်ကောင်းမည်မဟုတ်ချေ။
အနာဂတ်တွင် နောင်တရနေမည်ထက် လုယွီအား ဤနေရာတွင် သတ်ဖြတ်ပြီး နောက်ကြောင်းရှင်းစေသည်က ပို၍ကောင်းမွန်ပေမည်။
"မင်း လုပ်ရဲလား"
လုယွီ၏မျက်လုံးက အေးစက်စက်တောက်ပနေသည်။
သူ့ရှေ့ရှိ သရဲတစ္တေစစ်ဗိုလ်ချုပ်သည် ဆဋ္ဌမအဆင့်သာရှိပြီး သရဲတစ္ဆေစစ်ဗိုလ်ချုပ်များအနက် အနိမ့်ပါးဆုံးအဆင့်ဖြစ်သည်။
စကားပြောဆိုနေစဥ်မှာပင် သရဲတစ္ဆေစစ်ဗိုလ်ချုပ်၏ကြမ်းကြုတ်ရက်စက်သော မှော်စွမ်းအင်လှိုင်းက လုယွီထံသို့ ရုတ်တရက်ကျဆင်းလာသည်။
ထိုမှော်စွမ်းအား ထွက်ပေါ်လာသည်နှင့် မြေပြင်ပေါ်ရှိ အုတ်ချပ်များသည် ပြင်းထန်သောအားလှိုင်းသက်ရောက်ခံရမှုကြောင့် ကျွမ်းထိုးမှောက်ခုံဖြစ်သွားပေ၏။
အနက်ရောင်မှော်စွမ်းအင်များသည် ဧရာမအနက်ရောင်လက်ဖဝါးကြီးအသွင် သိပ်သည်းသွားပြီး လုယွီထံဦးတည်၍ ပြင်းပြင်းထန်ထန်ရိုက်နှက်လိုက်ခြင်းဖြစ်သည်။
"သေစမ်း"
သရဲတစ္ဆေစစ်ဗိုလ်ချုပ်၏ပုံရိပ်ယောသည် တဖြည်းဖြည်း ဝေဝါးစပြုလာသည်။
နိမ့်ပါးသောနယ်မြေရှိ မိုးကောင်းကင်တာအိုသည် အထက်ဘုံများမှလူများအား ဤနေရာ၌အချိန်ကြာရှည်စွာ နေ၍မရစေရန် ကန့်သတ်ထားပေ၏။အထက်ဘုံမှလူသည် ဆင်းသက်လာသည့်အတွက် တန်ကြေးတစ်ခုပေးဆပ်ရပေမည်။
သက်တမ်းသုံးဆယ်ရရှိရုံမျှဖြင့် သူ အချိန်ကြာကြာဆက်နေပါက သူ၏ဆုံးရှုံးမှုသည် အကျိုးကျေးဇူးခက် ပို၍များပြားနေပေမည်။
"နဂါးကိုးကောင်အာဏာရှင်ခန္ဓာကိုယ်..."
"အကြွင်းမဲ့မူလဘူတခန္ဓာကိုယ်...."
"ကောင်းကင်ဘုံဧကရာဇ်ခန္ဓာကိုယ်..."
လုယွီသည် သူ၏ခန္ဓာကိုယ်ကျင့်ကြံခြင်း နည်းစနစ်သုံးမျိုးစလုံးအား တပြိုင်နက်တည်း ထုတ်လွှက်လိုက်သည်။
ရုတ်ချည်းဆိုသလိုပင် လုယွီ၏ခန္ဓာကိုယ်အား ရွှေရောင်အလင်းတန်းများ လွှမ်းခြုံသွားပြီး သူ၏အရိုးအရွတ်များကိုလည်း မြောက်မြားစွာသောအလင်းတန်းများက ဖုံးလွှမ်းသွားသည်။
ကျယ်လောင်သောမြည်ဟီးသံနှင့်အတူ အနက်ရောင်လက်ဝါးကြီးကြောင့် လုယွီ နောက်သို့လွင့်စင်သွားပြီး သူ့နောက်ရှိ လုမိသားစုခန်းမအတွင်းသို့ ရောက်ရှိသွားသည်။
လုမိသားစုခန်းမအား တည်ဆောက်ရာတွင် မြောက်များစွာသော ခုခံကာကွယ်ရေးသင်္ကေတများကို ရေးထွင်းထားသော်လည်း လုယွီ လွင့်ကျသွားရာနေရာ၌ အပေါက်ကြီးတစ်ခု ဖြစ်သွားခဲ့သည်။
"ဖူး..."
လုယွီသည် သူ၏ရင်ဘတ်မှ ပျို့တက်လာမှုကို မတားဆီးနိုင်တော့သဖြင့် သူ၏ပါးစပ်ထောင့်မှနေ၍ သွေးများယိုစီးကျလာသည်။
သူသည် ထိုအားပြည့်အင်ပြည့် လက်ဝါးရိုက်ချက်ကို ခံယူခဲ့သည်ဟု သတ်မှတ်နိုင်ပေ၏။
ဤအချိန်တွင် သရဲတစ္တေစစ်ဗိုလ်ချုပ်သည် မိုးကောင်းကင်တာအို၏လွှမ်းခြုံခြင်းကိုခံနေရပြီး သူ၏ဦးခေါင်းသက်သက်သာလျှင် ကျန်ရှိတော့သည်။သူက လုယွီကို အံ့အားသင့်တုန်လှုပ်စွာကြည့်ရှုပြီး အော်ဟစ်လိုက်၏။
"ဒါက ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ"
Chapter 1354
:
သရဲတစ္တေစစ်ဗိုလ်ချုပ်သည် ကောင်းကင်ဘုံနယ်မြေမှ အစွမ်းထက်ပုဂ္ဂိုလ်တစ်ယောက်ဖြစ်သည်။သူသည် ပုံရိပ်ယောင်သက်သက်ဖြစ်သော်လည်း သူ လုယွီကို သတ်နိုင်သင့်သည်။
လေဟာနယ်သည် တွန့်လိမ်လာပြီး သရဲတစ္ဆေစစ်ဗိုလ်ချုပ်၏ပုံရိပ်ယောင် လွင့်ပြယ်သွားတော့သည်။
လူအားလုံး၏စိတ်နှလုံးသားကို လွှမ်းခြုံထားသည့် လွှမ်းမိုးချုပ်ကိုင်နိုင်သော ဖိအားအရှိန်အဝါသည် ယခုလက်ရှိအချိန်၌ ပျောက်ကွယ်သွားခဲ့လေပြီ။
လုမိသားစုခန်းမ၏အပျက်အယွင်းများကြားမှ လုယွီ ခြေလှမ်းတစ်လှမ်းပြီးတစ်လှမ်း နင်းထွက်လာသည်ကိုကြည့်ပြီး လူတိုင်း၏စိတ်နှလုံးသားအတွင်း၌ အတွေးတစ်ခုက တပြိုင်နက်တည်း မြင့်တက်လာသည်။
"ကောင်းကင်ဘုံနယ်မြေက အစွမ်းထက်ပုဂ္ဂိုလ်တောင် သူ့ကိုမသတ်နိုင်ဘူးလား"
လုယွီ၏ဒဏ်ရါများသည် အလွန်ပြင်းထန်ပေ၏။သူဝတ်ဆင်ထားသောအစိမ်းရောင်ဝတ်စုံသည် လက်ဝါးရိုက်ချက်ကြောင့် ကြေမွပျက်စီးသွားခဲ့ရသည်။လုယွီက သိုလှောင်အိတ်အတွင်းမှ ရွှေရောင်ပန်းထိုးဝတ်စုံတစ်စုံကို ထုတ်ယူပြီး သူ၏ခန္ဓာကိုယ်ပေါ်သို့ လွှမ်းခြုံလိုက်သည်။
လုယွီ၏လက်ကောက်ဝတ်မှ သွေးများယိုစီးကျနေသည်။သူက မျက်လုံးစုံမှိတ်၍ မိုးကောင်းကင်နှင့်မြေပြင်အကြားမှ စိတ်ဝိညာဥ်စွမ်းအင်များကို ရှုသွင်းလိုက်၏။
လောကီအင်မော်တယ်နှင့်လေလွင့်အင်မော်တယ်တို့အကြားတွင် ကြီးမားသောကွာခြားချက်ကြီးရှိသည်။ဤသည်က နယ်ပယ်တစ်ဆင့်ကွာဟသည်ဟူသော ရိုးရှင်းသောတိုင်းတာချက်မျိုးနှင့် ဖော်ပြ၍ရသည့်အရာမျိုး မဟုတ်ချေ။
"အခုချိန်မှာ...ငါ့ရဲ့ကျင့်ကြံဆင့်နယ်ပယ်က တော်တော်နိမ့်ပါးနေတာပဲ"
လုယွီက သူ၏စိတ်နှလုံးသားများ လေးလံလာသကဲ့သို့ ခံစားနေရ၏။
သူ၏လက်ရှိခွန်အားဖြင့် ကျင့်ကြံဆင့်နယ်ပယ်တူအတွင်း ပြိုင်ဘက်ကင်းဖြစ်ပြီး လေလွင့်အင်မော်တယ်နယ်ပယ်ရှိကျင့်ကြံသူတချို့သာ သူ့အားယှဥ်ပြိုင်တိုက်ခိုက်နိုင်ပေမည်။သူသည် သန်မာအားကောင်းသော်လည်း သူ၏စွမ်းအားဖြင့် နိမ့်ပါးသောနယ်မြေများ၌သာ ရပ်တည်နိုင်ပေမည်။
လုယွီထံ၌ သူ၏အတိတ်ဘဝမှတ်ဥာဏ်များ ရှိနေသဖြင့် သူ၏အနာဂတ်ကို နိမ့်ပါးသောဘုံနယ်မြေများ၌ ကန့်သတ်ထားမည်မဟုတ်ချေ။
ဤတစ်ကြိမ်ကို သူ ဥပမာအနေဖြင့် မှတ်ယူရပေမည်။အကယ်၍ သူ၏ရုပ်ပိုင်းဆိုင်ရာခန္ဓာကိုယ်သာ တောင့်တင်းသန်မာခြင်းမရှိပါက သရဲတစ္တေစစ်ဗိုလ်ချုပ်၏လက်ဖဝါးရိုက်ချက်အောက်တွင် အမှုန်အမွှားအဖြစ်သို့ ပြောင်းလဲသွားပေမည်။
"ငါ့ရဲ့လက်ရှိခွန်အားနဲ့ သရဲတစ္ဆေစစ်ဗိုလ်ချုပ်ရဲ့တိုက်ခိုက်မှုကို တောင့်ခံနိုင်ရုံပဲရှိတယ်...တကယ်လို့ ရှန်လင်းလုံသာ ငါ အသက်ရှင်နေတယ်ဆိုတာကို သိသွားရင် ငါ ဆက်ပြီးကျင့်ကြံဖို့အခွင့်အရေးတောင် ရတော့မှာမဟုတ်ဘူး"
လုယွီက ရယ်မောလိုက်ပြီးနောက် သူ၏မျက်လုံးအတွင်း၌ ဆုံးဖြတ်ချက်ချလိုက်သော အရိပ်အယောင်များ ဖြတ်ပြေးသွားသည်။
ဆဋ္ဌမအဆင့်သရဲတစ္ဆေစစ်ဗိုလ်ချုပ်တစ်ယောက်သည် မြေအောက်လောကရှိအင်အားစုငယ်တချို့အတွက် အမာခံလူများဟု ယူဆနိုင်သည်။သူတို့သည် နှစ်သုံးဆယ်စာဘဝသက်တမ်းကို ရယူနိုင်ရန်အတွက် နိမ့်ပါးသောဘုံနယ်မြေသို့ အမှန်တကယ်ဝင်ရောက်လာခဲ့ကြ၏။
ထိုအချင်းအရာကိုကြည့်ခြင်းဖြင့် သူ ထွက်ခွါခဲ့ရပြီးနောက် မြေအောက်လောကတစ်ဆယ့်ရှစ်နယ်မြေ မည်မျှထိဖရိုဖရဲဖြစ်နေသည်အား သိရှိနိုင်သည်။
အချိန်တခဏကြာ တိတ်တဆိတ်တွေးတောနေပြီးနောက် လုယွီ၏အကြည့်က ယင်ကြွယ်ထံသို့ ကျရောက်သွားသည်။
"ဝမ်...ဆရာသခင်ဝမ်ချန်း...ကျွန်တော်တို့ ဒီကိစ္စကို ဆွေးနွေးကြရအောင်လေ"
ယင်ကြွယ်က ရှက်ရွံစွာပြုံးရင်း ပြောဆိုလိုက်၏။
ယခုလက်ရှိအချိန်၌ သူ၏သက်တမ်းဆွဲနှုတ်ခံထားရပြီး သူ အလွန်အမင်းအားနည်းနေသည်ကို ထည့်မပြောလျှင်ပင် သူ၏အထွတ်အထိပ်အခြေအနေဖြင့် လုယွီအား သူ ရင်ဆိုင်မတိုက်ခိုက်ဝံ့ချေ။
လုယွီက ယန်ကြွယ်အား စူးစိုက်ကြည့်ပြီး အေးစက်စက်နှာမှုတ်လိုက်၏။သူ၏နောက်ရှိအရှိန်အဝါသည် မြင့်မားသောတောင်ကြီးတစ်လုံးကဲ့သို့ ရုတ်ချည်းမြင့်တက်သွားသည်။သူ ခြေတစ်လှမ်းရှေ့တက်ပြီး ကန်လိုက်ရာ ဘန်းခနဲအသံနှင့်အတူ ပြင်းထန်သောအားလှိုင်းက ယင်ကြွယ်၏ခန္ဓာကိုယ်ပေါ်သို့ ကျရောက်သွားပေ၏။
ယင်ကြွယ်၏ခန္ဓာကိုယ်တစ်ခုလုံးရှိ အရိုးများတုန်ရီသွားပြီး သူက ညည်းတွားပြောဆိုလေသည်။
"ဝမ်ချန်း...မင်း ငါ့ကိုသတ်ဝံ့ရင် ငါတို့ယင်လော့ဂိုဏ်းက မင်းကို အလွတ်ပေးမှာမဟုတ်ဘူး...မင်း အခု သန်မာအားကောင်းနေတယ်ဆိုရင်လည်း ဘာအရေးလဲ...မင်းရဲ့ဆွေမျိုးတွေ သေဆုံးတဲ့အချိန်ကျရင် ငါတို့ယင်လော့ဂိုဏ်းက သူတို့ရဲ့စိတ်ဝိညာဥ်တွေကို ထောင်သွင်းအကျဥ်းချပြီး ညှင်းပန်းနှိပ်စက်ပစ်မှာ"
လုယွီ၏မျက်လုံး အေးစက်စက်တောက်ပလာသည်။
"မင်းက ငါ့ကိုခြိမ်းခြောက်ဝံ့တယ်ပေါ့...သေလမ်းရှာနေတာလား"
လောကကြီးအတွင်း၌ သူ၏ဆွေမျိုးများသည် သူ၏ပြောင်းပြန်အကြေးခွံများဖြစ်သည်။သူတို့အား ထိဝံ့သည့်မည်သူမဆို သေဆုံးရပေမည်။
လုယွီ၏လက်ဝှေ့ယမ်းလိုက်ခြင်းနှင့်အတူ သုံးဆယ်မီတာခန့်မြင့်မားသည့် မြေအောက်လောကနတ်ဘုရားပုံရိပ်ကြီးက သူ၏ခေါင်းအထက်၌ ထွက်ပေါ်လာသည်။အနက်ရောင်အလင်းဘီးက သူ၏နောက်ဘက်၌ထွက်ပေါ်လာခြင်းနှင့်အတူ လွှမ်းမိုးချုပ်ကိုင်နိုင်သော အားလှိုင်းတစ်ရပ်ကို ထုတ်လွှက်ထားပေ၏။
"နေပါဦး...ငါ..."
ယင်ကြွယ်၏မျက်လုံးအတွင်း၌ ထိတ်လန့်ကြောက်ရွံမှုအရိပ်အယောင်များ ထင်ဟပ်လာသည်။သူ စကားစတင်မပြောနိုင်မီမှာပင် မြေအောက်လောကနတ်ဘုရားပုံရိပ်၏လက်ဝါးက ကျဆင်းလာပေ၏။
မြေအောက်လောကနတ်ဘုရားပုံရိပ်၏ လက်ဝါးရိုက်ချက်ကြောင့် ယင်ကြွယ်၏ခန္ဓာကိုယ် လွင့်ထွက်သွားသည်။စူးရှနာကျင်သောအော်ဟစ်သံနှင့်အတူ ယင်ကြွယ်၏ခန္ဓာကိုယ် မြေကြီးအတွင်းသို့ နစ်ဝင်သွားတော့သည်။
ရုတ်ချည်းဆိုသလိုပင် မြေအောက်လောကနတ်ဘုရားပုံရိပ်၏လက်ဝါး ထပ်မံဝှေ့ယမ်းလိုက်သည်။အနောက်ဘက်ရှိလူများသည် ထိုမြင်ကွင်းကိုကြည့်ပြီး ကူကယ်ရာမဲ့စွာဖြင့် လေအေးတစ်ချက် ရှိုက်သွင်းမိလိုက်ကြသည်။
မြေပြင်ပေါ်၌ ကျင်းနက်ကြီးတစ်ခု ထွက်ပေါ်လာပေ၏။
အစောပိုင်းက မောက်မာနေသော ယင်ကြွယ်သည် ယခုလက်ရှိချိန်၌ သံတစ်ချောင်းကဲ့သို့ မြေကြီးအတွင်း စိုက်ဝင်နေသည်။
ယင်ကြွယ်၏ဦးခေါင်းသည် လက်ဝါးရိုက်ချက်ကြောင့် ကြေမွသွားခဲ့ရာ သူ၏ခေါင်းမပါသော အသက်မဲ့ခန္ဓာကိုယ်ကြီးသာ ကြွင်းကျန်ရစ်တော့၏။
*note..ပြောင်းပြန်အကြေးခွံ=အထိမခံနိုင်သောအရာ*
Chapter 1355 :မင်းက အရည်အချင်းမမီဘူး
ယင်ကြွယ်၏သေဆုံးခြင်းသည် အစပထမသာ ဖြစ်ပေ၏။
လူအမြောက်အများ တုန်လှုပ်ချောက်ချားသော အခြေအနေ၌ ရှိနေစဥ်မှာပင် ယင်လီဖန်း၏မျက်နှာအမူအယာ ပျက်ယွင်းသွားသည်။သူမသည် ရုတ်တရက် နောက်သို့လှည့်၍ ထွက်ပြေးသွားလေ၏။
ကောင်းကင်ဘုံနယ်မြေ၏အစွမ်းထက်ပုဂ္ဂိုလ်သည် လုယွီအား တစ်ချက်တည်းဖြင့် အသေမသတ်နိုင်ကတည်းက ဆိုးရွားသောကိစ္စများ ဖြစ်ပျက်တော့မည်ဟု သူမက လေ့လာဆန်းစစ်မိသည်။
"အရိုးဖြူရဲ့ကောင်းကင်ဘုံလမ်းကြောင်း"
ယင်လီဖန်းက ကျယ်လောင်စွာအော်ဟစ်ပြီး အရိုးဖြူလှေတစ်စင်းကို ဆင့်ခေါ်လိုက်သည်။သူမသည် လှေအတွင်းသို့ ခြေချပြီးသည်နှင့် မြောက်များစွာသောယင်ချီများကို ထိန်းချုပ်ကာ အဝေးတစ်နေရာသို့ ဦးတည်၍ပျံဝဲသွားသည်။
ဤသည်က ယင်လော့ဂိုဏ်း၏လွတ်မြောက်နည်းစနစ်ပင်။ထိုနည်းစနစ်အား အသုံးပြုချိန်တွင် အရိုးဖြူလှေသည် လေဟာနယ်အား အလွန်အမင်းမြန်ဆန်သောအရှိန်နှုန်းဖြင့် ဖြတ်သန်းသွားနိုင်သည်။
"ကံကောင်းထောက်မပြီး ငါ ပြေးတာမြန်ပေလို့ပဲ...လုမိသားစုဆီကိုလာခဲ့တဲ့ ဒီခရီးက အရမ်းအန္တရာယ်များမယ်လို့ ငါ ထင်မထားမိဘူး"
ယင်လီဖန်းသည် လှေပေါ်၌ထိုင်နေပြီး ထိတ်လန့်ကြောက်ရွံမှုအား ခံစားနေရဆဲပင်။
"ကြည့်ရတာတော့ အဲ့ဒီဝမ်ချန်းဆိုတဲ့ကောင်ကို စုံစမ်းစစ်ဆေးဖို့ ငါ ဂိုဏ်းကို တောင်းဆိုရလိမ့်မယ်...သူက ဆေးဝါးပညာရှင်ဖြစ်နေတဲ့အပြင် သူတော်စင်တစ်ယောက်ရဲ့တပည့်လည်းဖြစ်နေတယ်...တကယ်လို့ အဲ့ဒီကောင်လေးကိုသာ မဖယ်ရှားနိုင်ဘူးဆိုရင် နောင်တစ်ချိန်မှာ ငါတို့ယင်လော့ဂိုဏ်းအတွက် ပြဿနာကြီးတစ်ခုဖြစ်လာနိုင်တယ်"
ထိုအချိန်မှာပင် လေးနက်တည်ကြည်သောအသံတစ်သံက ယင်လီဖန်း၏နားအတွင်းသို့ ဝင်ရောက်လာသည်။
"မင်းက ဘယ်နေရာကို ထွက်ပြေးချင်သေးတာလဲ"
ဘုန်း...
မိုးကုတ်စက်ဝိုင်းမှနေ၍ ဆေဘာဓားအလင်းရောင် ဖျက်ခနဲထွက်ပေါ်လာပြီး အရိုးဖြူလှေအား အက်ကွဲသွားစေသည်။
"ဘာလဲဟ"
ယင်လီဖန်းက ထိတ်လန့်တုန်လှုပ်သွားပြီး ပတ်ဝန်းကျင်အား လှည့်ပတ်ကြည့်ရှုလိုက်ရာ လုယွီက လေထုအတွင်း၌ မတ်တတ်ရပ်နေသည်ကို တွေ့မြင်မိ၏။
လုယွီက သူ၏လက်အား ပြန်ရုတ်သိမ်းလိုက်ရာ ခေါင်းဖြတ်ဓားက လုယွီ၏လက်အတွင်းသို့ ပြန်လည်ရောက်ရှိသွားသည်။
"သူက ဒီနေရာကို သူ့ရဲ့အစစ်အမှန်ခန္ဓာကိုယ်နဲ့လာတာမဟုတ်ဘူး...စိတ်ဝိညာဥ်ပုံရိပ်သက်သက် ရောက်လာတာပဲ"
လုယွီ၏ပုံရိပ် အနည်းငယ်ဝေဝါးနေသည်ကိုကြည့်ပြီး ယင်လီဖန်းက စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးပြီးနောက် သူမ၏နှုတ်ခမ်းထောင့်၌ သရော်တော်တော်အပြုံးတစ်ခု တွဲလွဲခိုသွားသည်။
"နင် ဘယ်လောက်ပဲအရည်အချင်းရှိနေပါစေ...နင်က သာမာန်လူတွေထက်တောင်မှ ပိုပြီးရူးသွပ်မိုက်မဲသေးတယ်...ငါတို့ယင်လော့ဂိုဏ်းရှေ့မှာ စိတ်ဝိညာဥ်တစ်ခုရဲ့စွမ်းအားကို အသုံးပြုရဲတာ ဘယ်လောက်တောင် ရယ်ဖို့ကောင်းလိုက်လဲ"
ပြက်ရယ်ပြုသရော်ချင်သော အရိပ်အယောင်များက ယင်လီဖန်း၏မျက်လုံးအတွင်း၌ ဖြတ်ပြေးသွားသည်။
ယင်လော့ဂိုဏ်းသားများသည် စိတ်ဝိညာဥ်များနှင့် ရင်ဆိုင်တိုက်ခိုက်ခြင်းကို အကျွမ်းကျင်ဆုံးဖြစ်သည်။
အကယ်၍ သာမာန်ကျင့်ကြံသူတစ်ယောက်သာ ယင်လော့ဂိုဏ်းမှကျင့်ကြံသူနှင့် ရင်ဆိုင်တိုက်ခိုက်ရပါက သူ၏စိတ်ဝိညာဥ်ကိုကာကွယ်ရန် မြောက်များစွာသော မှော်ရတနာများအား ပြင်ဆင်ထားပေမည်။
"နင်က နင့်ကိုယ်နင် ငါ့ဆီအရောက်ပို့နေမှတော့...ငါ့ကိုအပြစ်မတင်နဲ့"
ယင်လီဖန်း၏လက်အတွင်း၌ ရုတ်တရက် ပုလွေတစ်ချောင်း ထွက်ပေါ်လာသည်။သူမက တိတ်ဆိတ်ငြိမ်သက်စွာထိုင်ပြီး ပုလွေမှုတ်လိုက်ရာ သာယာနာပျော်ဖွယ်ကောင်းပြီး ဝမ်းနည်းကြေကွဲဖွယ်တေးသွားက ပဲ့တင်ထပ်လာပေ၏။
ပုလွေတေးသွားသည် အလွန်ကြေကွဲဝမ်းနည်းဖွယ်ကောင်းပြီး မရေမတွက်နိုင်သောလူများ၏ အက်ရှရှငိုကြွေးသံက ရောယှက်ပါဝင်နေသည်။ထို့ကြောင့် တေးသွားသံကိုကြားရသူသည် ပုလွေသံမှခေါ်ဆောင်သွားသည့် မြင်ကွင်းအတွင်းသို့ လွယ်လင့်တကူ ကျရောက်သွားနိုင်သည်။
လုယွီ၏မျက်ခုံး မြင့်တက်သွားပြီး သူက အေးစက်စက်နှာမှုတ်လိုက်၏။
"ယုတ်ညံတဲ့ဟာတွေ...ထွက်သွားစမ်း"
ကျယ်လောင်သောအော်ငေါက်သံနှင့်အတူ လျှို့ဝှက်ဆန်းကြယ်သော သမာဓိချီများ ရောယှက်နေသည့် ကွန်ဖြူးရှပ်တာအိုစွမ်းအားများက ယင်လီဖန်း၏လက်အား ရုတ်တရက်တိုက်ခိုက်လိုက်သည်။
ခရက်...
ရုတ်ချည်းဆိုသလိုပင် ပုလွေသံ ရပ်တန့်သွားပြီး ယင်လီဖန်း၏လက်အတွင်းရှိပုလွေသည် ချက်ချင်းပင် ကျိုးပဲ့သွားလေ၏။
ယင်လီဖန်းက နောက်သို့ခြေလှမ်းအနည်းငယ်ဆုတ်လိုက်ရပြီး သူမ၏မျက်နှာပေါ်၌ ပြင်းထန်သောထိတ်လန့်ကြောက်ရွံမှုများ ထင်ဟပ်လာသည်။
သူမ၏ပုလွေသည် သူမကိုယ်တိုင်အသေးစိတ်ဖန်တီးထားသော မှော်လက်နက်ဖြစ်သည်။ထိုပုလွေဖြင့် ယင်လီဖန်းသည် လေလွင့်အင်မော်တယ်တချို့ကိုပင် လွှမ်းမိုးနိုင်ခဲ့ပြီး သူတို့အား သူမ၏ရုပ်သေးရုပ်များအဖြစ် ပြောင်းလဲနိုင်ခဲ့သည်။
အကယ်၍ အားကောင်းသောစိတ်ဆန္ဒပိုင်ဆိုင်ထားသည့် လူတချို့ရှိနေလျှင်ပင် ယင်လီဖန်း ထိန်းချုပ်ထားသော ပုလွေသံစဥ်မှရုန်းထွက်နိုင်ရန် အချိန်အတိုင်းအတာတစ်ခုထိ လိုအပ်သည်။
"ငါ့ကို ဘာမှမလုပ်ပါနဲ့...ငါက နင်ရဲ့ကြင်ယာတော်ဖြစ်ဖို့ ဆန္ဒရှိပါတယ်...မဟုတ်သေးဘူး...ငါ နင့်ရဲ့အစေခံအဖြစ် နေရရင်လည်း အဆင်ပြေတယ်"
ယင်လီဖန်း၏ညှို့ဓာတ်သည် အလွန်အံ့အားသင့်ဖွယ်ကောင်းပြီး သူမ မျက်ခုံးပင့်တိုင်း ပြုံးလိုက်တိုင်း စွဲမက်ဖွယ်ကောင်းပေ၏။
လုယွီ လျှောက်လှမ်းလာသည်ကိုကြည့်ပြီး ယင်လီဖန်းက အပျော်လွန်သွားသည်။သူမ၏နှုတ်ခမ်းထောင့်၌ သရော်တော်တော်အပြုံးတစ်ပွင့် ထွက်ပေါ်လာသည်။
မည်မျှထိ သန်မာအားကောင်းသူဖြစ်နေပါစေ ကိစ္စမရှိချေ။သူတို့ ငါးစာကိုလာဟပ်သည်နှင့် ယင်လီဖန်းက အပြည့်အဝထိန်းချုပ်နိုင်ပေ၏။
လုယွီက ယင်လီဖန်း၏ရှေ့၌ မတ်တတ်ရပ်ပြီး တည်ငြိမ်အေးဆေးစွာ ပြောဆိုသည်။
"ငါ့ရဲ့ကြင်ယာတော်ဖြစ်ဖို့...မင်းက အရည်အချင်းမပြည့်မီဘူး"