အခန်း (၁၄၂၁-၁၄၂၅)
Vol. 74 Ch. 1421-1425
Chapter 1421
အရာအားလုံးသည် အလွန်အမင်းရုတ်တရက်ဆန်စွာ ဖြစ်ပွါးသွားခဲ့၏။
မူလအစတွင် နွားခေါင်းတစ္ဆေနှင့်လုယွီသည် ခွန်အားခြင်းညီမျှနေပြီး တစ်ဖက်ကိုတစ်ဖက် မည်သို့မျှ ပြုလုပ်နိုင်စွမ်းမရှိချေ။
သို့ရာတွင် လုယွီ၏ရုတ်တရက် ထိုးနှက်ချက်သည် နွားခေါင်းတစ္ဆေ၏ရင်ဘက်အား ထိုးဖောက်သွားခဲ့သည်။
"မဖြစ်နိုင်ဘူး"
နွားခေါင်းတစ္ဆေသည် အော်ဟစ်ကြုံးဝါးပြီး လုယွီထံသို့ ထပ်မံ၍တဟုန်ထိုးပြေးဝင်လိုက်သည်။
သူသည် ဤအချိန်အခိုက်အတန့်အတွက် အချိန်အတော်ကြာ ပြင်ဆင်ခဲ့ရ၏။လုယွီကို ငရဲနယ်မြေသို့ ဆွဲဆောင်ခေါ်နိုင်ရန်အတွက် ကျီးချန်ယွီကို အထူးအားစိုက်၍ ဖမ်းဆီးခဲ့သည်။
အရာအားလုံး သူ၏လက်အတွင်း၌သာ ရှိပေ၏။သို့ရာတွင် ယခုလက်ရှိ လုယွီသည် ဤကဲ့သို့စွမ်းအားမျိုး ပိုင်ဆိုင်ထားမည်ဟု သူ မျှော်လင့်မထားမိချေ။
နွားခေါင်းတစ္ဆေ ထပ်မံပြေးဝင်လာသည်ကိုကြည့်ပြီး လုယွီက အေးစက်စက် အော်ငေါက်လိုက်သည်။
"သေစမ်း"
လုယွီက သူ၏လက်ကိုဆန့်ထုတ်ပြီး ဧရာမဓမ္မရုပ်ထုကြီးကိုထိန်းချုပ်ကာ ကျန်လက်တစ်ဖက်ဖြင့် နွားခေါင်းတစ္ဆေအား ထိန်းချုပ်၍ သူ၏လက်ဝါးဖြင့် ပြင်းပြင်းထန်ထန်ရိုက်နှက်လိုက်၏။
ရှေးဟောင်းသိုင်းပညာနည်းစနစ်တစ်ခုဖြစ်သော နဂါးဖမ်းလက်အား သူ အသုံးပြုလိုက်ခြင်းပင်။ထိုနည်းစနစ်အား အမတ်ကြီးချွယ် ဖန်တီးခဲ့ပြီး အချိန်အတော်ကြာ ပျောက်ဆုံးနေကာ ယခုမှသာ ပြန်လည်ထွက်ပေါ်လာခြင်းဖြစ်သည်။
ဘုန်း...
ကျယ်လောင်သောဆူညံသံကြီးနှင့် အတူယှဥ်တွဲ၍ မီးခိုးငွေ့နှင့်ဖုန်မှုန့်များက ပတ်ဝန်းကျင်နေရာအနှံ့ ပျံ့နှံ့သွားကာ နွားခေါင်းတစ္ဆေသည် မြေပြင်ပေါ်သို့ ပြိုလဲကျသွားပေ၏။
ရုပ်အလောင်းဖြတ်တောက်ခြင်း နည်းစနစ်ကိုအသုံးပြုပြီး မှော်သားရဲများ၏ခန္ဓာကိုယ်အစိတ်အပိုင်းများအား အတူတကွပေါင်းစပ်ထားခြင်းဖြစ်သဖြင့် နွားခေါင်းတစ္ဆေ၏ခန္ဓာကိုယ်ထံမှ ပြည်များထွက်ပေါ်စပြုလာပြီး အသွေးအသားများကလည်း ကြွေကျလာသည်။
"ဝေါင်း..."
နွားခေါင်းတစ္ဆေသည် ကျယ်လောင်စွာအော်ဟစ်ကြုံးဝါးပြီး လုယွီ၏ထိန်းချုပ်ထားမှုမှ လွတ်မြောက်နိုင်ရန် ရုန်းကန်နေလေ၏။
"ဒီတစ်ကြိမ်တော့...ငါ မင်းကို အခွင့်အရေးထပ်မပေးတော့ဘူး"
လုယွီ၏မျက်နှာသည် တည်ငြိမ်နေပြီး နွားခေါင်းတစ္ဆေ၏လက်ကောက်ဝတ်အား ဖမ်းဆွဲကာ မြေပြင်နှင့်ရှေ့နောက် လွှဲရိုက်လိုက်သည်။
ဘုန်း...ဘုန်း...ဘုန်း...
မေ့လျော့ခံကောင်းကင်မြို့တော်တစ်ခုလုံးတွင် တဘုန်းဘုန်းအသံကြီး ဖုံးလွှမ်းနေပြီး လေထုအတွင်း၌ ပဲ့တင်ထပ်နေသည်။
နွားခေါင်းတစ္ဆေ၏ခန္ဓာကိုယ်ကြီးသည် အချိန်တိုအတွင်းမှာပင် အစိတ်စိတ်အမွှာမွှာ စုတ်ပြဲစပြုလာသည်။
လုယွီ၏လက်ဖဝါးအား ရွှေရောင်အလင်းတန်းများ လွှမ်းခြုံထားပုံရပြီး သူက နွားခေါင်းတစ္ဆေအား အဝေးသို့လွှင့်ပစ်လိုက်၏။
ခရက်....ခရက်....
အရိုးကျိုးသံများ ဆက်တိုက်ထွက်ပေါ်လာပြီးနောက် နွားခေါင်းတစ္ဆေသည် စူးရှနာကျင်စွာအော်ဟစ်ပြီး သူ၏စိတ်ဝိညာဥ်အား ဖိအားပေး၍ ခန္ဓာကိုယ်မှစွန့်ခွါလိုက်သည်။
နွားခေါင်းတစ္ဆေ၏စိတ်ဝိညာဥ်သည် ကြောက်စိတ်မွှန်ပြီး လုယွီအား စောင်းငဲ့ကြည့်ပြီးနောက် အဝေးသို့ အလျှင်အမြန် ထွက်ပြေးလေသည်။
"မင်းက ထွက်ပြေးနိုင်မှာလား"
လုယွီက အောက်ငေါက်လိုက်ပြီးနောက် သူ၏လက်ဖဝါးအတွင်း၌ အက္ခရာစာလုံးများထွက်ပေါ်လာပြီး နွားခေါင်းတစ္ဆေထံသို့ ဦးတည်၍ပျံဝဲသွားသည်။
ပတ်ဝန်းကျင်ရှိလေဟာနယ်သည် လုယွီ၏အမိန့်ကိုနာခံနေပုံရပြီး နွားခေါင်းတစ္ဆေအား ချက်ချင်းပင်ပိတ်လှောင်လိုက်၏။
ရှေးဟောင်းနည်းစနစ်တစ်ခုဖြစ်သော ရှစ်မျက်နှာအလုံပိတ်ခြင်း....
နွားခေါင်းတစ္ဆေ၏ပတ်ဝန်းကျင်နေရာတစ်ခုလုံးအား လေဟာနယ်အတားအဆီးဖြင့် ပိတ်ဆို့ဟန့်တားထားသည်။သူက အော်ဟစ်ကြုံးဝါးပြီး ရုန်းကန်ကာ သူ၏နံဘေးပတ်ဝန်းကျင်ရှိ လေဟာနယ်အတားအဆီးအား ချိုးဖျက်ရန် ကြိုးစားသော်လည်း သူ လွတ်မြောက်နိုင်ခြင်းမရှိချေ။
"မြေအောက်လောက...မင်း ငါ့ကိုလွှက်ပေးနိုင်မလား...မင်း ကောင်းကင်ဘုံနယ်မြေကို တက်လှမ်းနိုင်တာနဲ့...ငါက မင်းရဲ့ကျေးကျွန်ဖြစ်လာလိမ့်မယ်"
"မင်းရဲ့ဘေးမှာ အစွမ်းထက်သန်မာတဲ့နောက်လိုက်တွေ ကင်းမဲ့နေတယ်...ငါ့ရဲ့စွမ်းအားနဲ့ဆိုရင် ငါက မြေအောက်လောကမှာ နေရာတစ်နေရာရယူထားနိုင်တယ်...မင်း ပြန်လာတာနဲ့...အင်အားစုတစ်စုကို အလျှင်အမြန်ဖွဲ့စည်းလို့ရပြီ"
လုယွီက နွားခေါင်းတစ္ဆေကို လျစ်လျှူရှုထားပြီး သူ၏ညာဘက်လက်ကို ဖိနှိပ်လိုက်၏။
ဘန်း...
နွားခေါင်းတစ္ဆေ၏နံဘေးပတ်ဝန်းကျင်ရှိ လေဟာနယ်သည် တွန့်လိမ်သွားပြီး သူ၏စိတ်ဝိညာဥ် ကြေမွပျက်စီးသွားတော့သည်။
နွားခေါင်းတစ္ဆေသည် စကားပြောရန် သူ၏ပါးစပ်ကို ဖွင့်ဟလိုက်သော်လည်း မည်သည့်အသံမျှထွက်မလာတော့ချေ။
သူ၏နည်းဗျူဟာသည် အမှန်တကယ်ကောင်းမွန်ပြီး သူ၏အရည်အချင်းသည်လည်း ထူးချွန်ပေ၏။လောကီအင်မော်တယ်နယ်ပယ် ကျင့်ကြံသူဖြစ်သော သူ၏အဆင့်ဖြင့်ပင် လုယွီအားရင်ဆိုင်ရန် မလုံလောက်ခဲ့ချေ။
ယခုလက်ရှိအချိန်တွင် လုယွီထံ၌ ရှေးဟောင်းနည်းစနစ်ပေါင်းများစွာ ရှိနေလေရာ သူက အဆင့်များစွာကျော်လွန်၍ တိုက်ခိုက်နိုင်သည်။
"ဖူး..."
လုယွီ၏ခန္ဓာကိုယ် အချိန်အနည်းငယ်ကြာ တုန်ရီသွားပြီး နာကျင်မှုအရိပ်အယောင်တချို့ကသူ၏မျက်လုံးအတွင်း၌ ဖြတ်ပြေးသွားသည် ။သူ၏နောက်ရှိ ဧရာမဓမ္မရုပ်ထုပုံရိပ်ကြီးလည်း ပြိုလဲကျသွားပေ၏။
လုယွီ၏နှုတ်ခမ်းထောင့်မှနေ၍ သွေးအနည်းငယ် ယိုစီးကျလာသည်။သူထံ၌ ကြီးမားသောခွန်အားရှိသော်လည်း ယခုလက်ရှိ သူ၏ကျင့်ကြံဆင့်သည် သိုင်းသူတော်စင်နယ်ပယ် အလယ်အလတ်အဆင့်တွင်သာရှိသည်။
ရှေးဟောင်းသိုင်းပညာနည်းစနစ်များသည် အလွန်အစွမ်းထက်သော်လည်း သူ၏ခန္ဓာကိုယ်မှ မှော်စွမ်းအားများကို များစွာလျော့နည်းသွားစေသည်။
Chapter 1422
ဘန်း...
ကျယ်လောင်သောမြည်ဟီးသံနှင့်အတူ လုယွီက သူရှေ့ရှိတံခါးကို ကန်ကျောက်ဖွင့်လိုက်သည်။မေ့လျော့ခံကောင်းကင်မြို့တော်၏ နန်းတော်အတွင်းတွင် အရာအားလုံး တိမ်းရှောင်နေသကဲ့သို့ ဗလာဟင်းလင်းဖြစ်နေသည်။
သို့ရာတွင် လုယွီသည် နန်းတော်အသွင်အပြင်ကြောင့် လှည့်ဖျားမှုမခံရချေ။သူ၏မျက်လုံးအကြည့်သည် နန်းတော်၏အနက်ရှိုင်းဆုံး ထောင့်တစ်နေရာတွင်သာ စွဲကပ်နေပြီး ရုတ်တရက် သူက ကျယ်လောင်စွာ အော်ဟစ်လိုက်၏။
"ဒီနေရာကို ထွက်လာခဲ့စမ်း"
ဘုန်း...
နန်းတော်၏ထောင့်တစ်နေရာ၌ရှိနေသော နံရံတစ်ခုသည် ကြီးမားသောအားလှိုင်းတစ်ရပ်၏ရိုက်ခတ်ခြင်းအား ခံလိုက်ရသည်။ရုတ်ချည်းဆိုသလိုပင် နံရံကြီးကွဲထွက်သွားပြီး မှောင်မည်းနေသော လျှို့ဝှက်အခန်းငယ်တစ်ခု ထွက်ပေါ်လာသည်။
ထိုလျှို့ဝှက်ခန်းအတွင်းမှနေ၍ ထူထပ်သိပ်သည်းသော ယင်ချီလှိုင်းများ ထုတ်လွှက်ပေးနေ၏။
"သူ့ကို ငါ့ဆီပေးစမ်း"
လုယွီက သတ်ဖြတ်လိုစိတ်ပြင်းထန်သော အကြည့်ဖြင့် လျှို့ဝှက်ခန်းအတွင်းသို့ ခြေချလိုက်သည်။
လျှို့ဝှက်ခန်းအတွင်း၌ ကျီးချန်ယွီ၏စိတ်ဝိညာဥ်သည် သတိလစ်မေ့မျောနေဆဲဖြစ်သည်။ရုတ်တရက် လက်တစ်ဖက်က သူမ၏နောက်မှထွက်ပေါ်လာပြီး သူမ၏လည်ပင်းကို ဆုပ်ကိုင်ထားသည်။
"ဟေး မြေအောက်လောက...ငါတို့ ပြန်တွေ့ကြပြန်ပြီ"
ကျီးချန်ယွီ၏နောက်မှနေ၍ အိုမင်းနေသောမျက်နှာတစ်ခု ထွက်ပေါ်လာသည်။
ဤသည်က မျက်နှာတပြင်လုံး အရေးအကြောင်းများ ပြည့်နှက်နေသည့် အဘွားအိုကြီးတစ်ယောက်ဖြစ်ပြီး သူမကိုကြည့်လိုက်သည့် အချိန်တိုင်း ကြောက်မက်ဖွယ်ကောင်းနေသည်။
လုယွီက မျက်မှောင်ကြုတ်လိုက်၏။
"သူ့ကို အောက်ချထားလိုက်...ဘယ်ကိစ္စမဆို ဆွေးနွေးလို့ရတယ်"
သူရှေ့ရှိအဘွားအိုသည် ယင်လော့သားတော် ဖြစ်ပုံရသည်။လုယွီက ယင်လော့သားတော်သည် ယောက်ျားတစ်ယောက်ဖြစ်မည်ဟုသာ တွေးထင်ထားခဲ့ပြီး အဘွားအိုတစ်ယောက်ဖြစ်နေမည်ဟု မျှော်လင့်မထားမိချေ။
ဤအချိန်အခိုက်အတန့်တွင် အဘွားအို၏မျက်လုံးအတွင်း၌ ရန်ငြှိုးမုန်းတီးမှုအရိပ်အယောင်များ ဖြတ်ပြေးသွားသည်။သူမက ကျီးချန်ယွီ၏လည်ပင်းကို ဆုပ်ကိုင်ပြီး အက်ရှရှလေသံဖြင့် ပြောဆိုသည်။
"ဘာလဲ...နင် ဆိုးဆိုးရွားရွား ခံစားနေရလို့လား"
လုယွီက တည်ငြိမ်စွာ ပြောဆိုလေ၏။
"ကျုပ် ခင်ဗျားကို အကြံတစ်ခုပေးမယ်...ကျုပ်ရဲ့စိတ်ရှည်သည်းခံမှုကို မစမ်းသပ်တာ ပိုကောင်းလိမ့်မယ်...အပြင်က နွားခေါင်းတစ္ဆေ ဘာဖြစ်သွားလဲဆိုတာ ခင်ဗျားတွေ့မှာပါ"
အဘွားအို၏မျက်လုံး တောက်ပသွားပြီး သူမက ပြောဆိုလိုက်သည်။
"အမှန်တော့ နင်က ဂုဏ်သိက္ခာကြီးမားတဲ့ မြေအောက်လောကတာအိုသခင်ဆိုတာ ငါ သိပြီးသား...နင်ရဲ့အမိန့်ကို ဘယ်သူက မလိုက်နာဘဲနေရဲမှာလဲ"
ထိုစကားကိုပြောပြီးနောက် သူမ၏လေသံသည် ရုတ်တရက် စူးရှလာပေ၏။
"သနားဖို့ကောင်းတာက ခုချိန်မှာ နင်က မြေအောက်လောကတာအိုသခင်မဟုတ်တော့ဘူး...နွားခေါင်းတစ္ဆေဆိုတဲ့ အမှိုက်ကောင်က သူ့သေလမ်း သူရှာသွားတာ...ငါ နင့်ကို အနိုင်မယူနိုင်ပေမယ့် ငါ့ရဲ့လက် လှုပ်ရှားလိုက်တာနဲ့ နင်ရဲ့ချစ်သူ သေဆုံးသွားလိမ့်မယ်"
စကားဆုံးသည်နှင့် သူမ၏လက်ကိုအနည်းငယ်အားစိုက်လိုက်ရာ ကျီးချန်ယွီ၏စိတ်ဝိညာဥ်မှနဖူးကြောများတွန့်သွားပြီး နာကျင်နေသောအမူအယာမျိုး ဖြတ်ပြေးသွားသည်။
"ကျုပ်တို့ အရင်ကတွေ့ဖူးလို့လား"
လုယွီ၏စိတ်နှလုံးသားအတွင်း၌ ဆို့နင့်နေသော်လည်း အဘွားအိုအား ပြင်းပြင်းထန်ထန်မလှုံဆော်ဝံ့ချေ။
အကယ်၍ သူသာ အထွတ်အထိပ်အခြေအနေ၌ ရှိနေပါက မည်သည့်တွေးတောခြင်းမျိုးမျှမပြုဘဲ ခေါင်းဖြတ်ဓားဖြင့် အဘွားအိုအား သတ်ဖြတ်ပစ်ပေမည်။
သို့ရာတွင် ယခုလက်ရှိအချိန်၌ သူ၏မှော်စွမ်းအင်နှင့် ရုပ်ပိုင်းဆိုင်ရာခွန်အားများသည် နွားခေါင်းတစ္ဆေနှင့်တိုက်ခိုက်ခဲ့စဥ်တွင် ကုန်ခမ်းသွားခဲ့သည်။
ဤအချိန်တွင် လုယွီ၏အခြေအနေသည် သူ၏မှော်စွမ်းအားများအား ထိန်းသိမ်းထားနိုင်ရုံသာရှိသည်။အကယ်၍ သူသာ ကျီးချန်ယွီအား အဘွားအို၏လက်အတွင်းမှ ကယ်တင်ရမည်ဆိုပါက သူ မလုပ်နိုင်မည်ကို စိုးရိမ်နေမိ၏။
ယခုလက်ရှိတွင် သူသည် ဤကိစ္စအား တဖြည်းဖြည်း အချိန်ဆွဲ၍ ဖြေရှင်းရပေမည်။
"ဟား ဟား ဟား ဟား..."
အဘွားအိုသည် အူလှိုက်သည်းလှိုက် ရယ်မောနေပေ၏။
"မြင့်မြတ်တဲ့လူတွေက အရာအားလုံးကို မေ့လျော့တက်တယ်ဆိုတာ တကယ်ပဲကိုး...အဲ့ဒီနှစ်တွေတုန်းက ငါတို့ နေ့တိုင်းဆုံတွေ့ခဲ့ကြတယ်လေ...သိပ်သေချာတာပေါ့...ငါက ရုပ်ဆိုးသွားတော့ ဧကရာဇ်က ငါ့အကြောင်းကို ဘယ်အမှတ်ရတော့မလဲ"
အဘွားအို၏မျက်နှာ ရုတ်တရက် ပြောင်းလဲသွားပေ၏။အသက်ရှုချိန်အနည်းငယ်အတွင်းမှာပင် သူမက ချောမောလှပသောမိန်းမပျိုလေးတစ်ယောက်အသွင်သို့ ပြောင်းလဲသွားသည်။
ထိုမိန်းမပျို၏ပန်းနုရောင်မျက်နှာသည် နီမြန်းနေပြီး သူမက လုယွီအား အပြုံးနှင့်ပြောဆိုသည်။
"အခု နင် ငါ့ကို မှတ်မိပြီလား"
သူမက မိန်းမပျိုတစ်ယောက်အသွင်သို့ ပြောင်းလဲလိုက်သော်လည်း သူမ၏အသံက အက်ရှရှဖြစ်နေဆဲပင်။
"ဒုံအာ....."
လုယွီက တီးတိုးရေရွတ်လိုက်သည်။သူမသည် ယဲ့ရွှယ်လန်၏ အနီးကပ်အစေခံတစ်ယောက်ဖြစ်သည်။
အတိတ်ဘဝတွင် လုယွီသည် အဆင့်အတန်းမြင့်မားပြီး ဂုဏ်သိက္ခာကြီးမားသူဖြစ်သည်။သူ သွားရောက်သည့်နေရာတိုင်းတွင် လူတိုင်းက သူ့အား လေးလေးစားစားဆက်ဆံကြရ၏။သို့ရာတွင် သူ ယဲ့ရွှယ်လန်ထံသို့ အလည်သွားရောက်သည့်အချိန်တိုင်း ကြိုတင်အကြောင်းကြားရပြီး တံခါးရှေ့တွင်သာ ရပ်စောင့်ခဲ့ရသည်။
ထိုအချိန်တုန်းက ဒုံအာသည် ယဲ့ရွှယ်လန်ထံသို့ သတင်းပို့ပေးရသော အစေခံတစ်ယောက်ဖြစ်သည်။
Chapter 1423
ဤအချိန်အခိုက်အတန့်၌ သူ့ရှေ့ရှိမိန်းမပျိုလေးသည် သူနှင့်ပထမဆုံးဆုံတွေ့ချိန်ကဲ့သို့ နူးညံသိမ်မွေ့ပြီး ချောမောလှပနေဆဲပင်။
လုယွီ၏အမြင်အရ ယဲ့ရွှယ်လန်နှင့်ဒုံအာသည် ဆန့်ကျင်ဘက် စိတ်နေသဘောထားများရှိသည်။ယဲ့ရွှယ်လန်သည် နူးညံသိမ်မွေ့ပြီး စဥ်းစားတွေးခေါ်တက်သူဖြစ်ကာ တည်ငြိမ်သည်။တခြားတစ်ဖက်မှ ဒုံအာသည် ရှပ်ပြာပြာနိုင်ပြီး ဒေါသထွက်စိတ်တိုလွယ်သူဖြစ်သည်။
အတိတ်ကိုပြန်တွေးကြည့်လျှင် ယဲ့ရွှယ်လန် သူ့အားကယ်တင်ခဲ့သည့်အချိန်တွင် ဒုံအာသည် နံဘေးမှနေ၍ လှောင်ပြောင်သရော်နေခဲ့သည်။
သို့ရာတွင် လုယွီသည် အားကောင်းသထက်ပို၍အားကောင်းလာပေရာ ဒုံအာသည် သူ့အား လှောင်ပြောင်ရန် အခွင့်အရေးမရတော့ချေ။
ထို့ပြင် လုယွီသည် အစေခံတစ်ယောက်အား များစွာအာရုံစိုက်ခြင်း မရှိပေ။အချိန်များကုန်လွန်လာသည်နှင့်အမျှ လုယွီသည် ဒုံအာ၏အကြောင်းအား မေ့လျော့သွားခဲ့သည်။မိတ်ဆွေဟောင်းတစ်ယောက်နှင့် ဤနေရာ၌ ဆုံတွေ့ရမည်ဟု လုယွီက မျှော်လင့်မထားမိချေ။
"မင်း ဘာလိုချင်တာလဲ"
လုယွီက လေးနက်တည်ကြည်သောအသံဖြင့် ပြောဆိုသည်။သူသည် ကျီးချန်ယွီ၏အရှိန်အဝါ အနည်းငယ်အားနည်းလာသည်ကို အာရုံခံမိ၏။
အကယ်၍ အချိန်အလွန်ကြာသွားပါက သူ ကျီးချန်ယွီ၏စိတ်ဝိညာဥ်အားကယ်တင်ပြီး သူမအား ပြန်လည်ရှင်သန်စေလျှင်ပင် သူမသည် ပြင်းထန်သောနာမကျန်းဖြစ်မှုကို ခံစားရနိုင်သည့်အပြင် သူမ၏ဘဝသက်တမ်းကိုပင် သက်ရောက်မှုရှိသွားနိုင်သည်။
"ငါ ဘာလိုချင်တာလဲ...ဟုတ်လား"
ဒုံအာက ခနဲ့တဲ့တဲ့အပြုံးဖြင့် ပြောဆိုသည်။
"နင်က ဟိုခွေးမရှန်လင်းလုံအတွက်နဲ့ သခင်မလေးကို စွန့်ပစ်ခဲ့တယ်...အဲ့ဒီနှစ်တွေကို သခင်မလေး ဘယ်လိုကျော်ဖြတ်ခဲ့ရတယ်ဆိုတာ နင် သိလား...သူက နေ့တိုင်းပြတင်းပေါက်ဘေးနားမှာထိုင်ပြီး တစ်စုံတစ်ယောက် သူဆီရောက်လာဖို့ကို စောင့်မျှော်နေခဲ့တယ်...အိမ်တော်တံခါးပွင့်သွားတဲ့အချိန်တိုင်း သူက မတ်တတ်ထရပ်ပြီးတော့ ရောက်လာတဲ့သူက နင်ဖြစ်နေမလားလို့ အမြဲတမ်းမျှော်လင့်နေခဲ့တာ"
"ဒါပေမယ့် နင့်ဘက်ကကျတော့ရော....နင်က မြေအောက်လောကတာအိုသခင်ဖြစ်ပြီးတော့ အင်အားကြီးတဲ့လူတစ်ယောက်ဖြစ်သွားတာနဲ့ ကောင်းကင်ဘုံဧကရာဇ်ကို စိန်ခေါ်ဖို့ပဲကြိုးစားနေတာ....နင်ရဲ့စိတ်ထဲမှာ သခင်မလေးအတွက် နေရာမရှိခဲ့ဘူး...သူကတော့ နင့်အတွက် အမြဲတမ်းစိုးရိမ်ပူပန်နေခဲ့တယ်...သူရဲ့မှော်စွမ်းအားတွေကုန်ဆုံးခံပြီး နင့်အတွက်နေ့တိုင်း ဆုတောင်းပေးနေခဲ့တာ...ဒီအကြောင်းတွေကို နင် မသိဘူးမလား"
"သူက နင့်ကို ဆယ်ရက်လုံး စောင့်ဆိုင်းနေခဲ့တယ်...နင်သေပြီဆိုတဲ့သတင်းကိုကြားတာနဲ့ သူက ရှန်လင်းလုံကိုလက်စားချေဖို့ လုပ်တော့တာပဲ"
လုယွီက တိတ်ဆိတ်ငြိမ်သက်သွားသည်။ထိုအချိန်တုန်းက သူ အမှားအယွင်းတချို့ကို ပြုလုပ်ခဲ့လေ၏။ရှန်လင်းလုံအတွက်နှင့် သူ့ဘဝအတွက် အရေးကြီးဆုံးသူကို စွန့်ပစ်ခဲ့သည့်အပြင် အဆုံးသတ်၌ သူမ သေဆုံးခဲ့ရသည်။
"မင်းက ရွှယ်လန်အတွက် လက်စားချေချင်တယ်ဆိုရင် ငါ့ကိုတိုက်ရိုက်လာရှာလေ...ဘာလို့ မဆိုင်တဲ့သူတွေကို ဆွဲထည့်တာလဲ"
လုယွီက ပြောဆိုသည်။
"လက်စားချေတာလား...ဟား ဟား ဟား"
ဒုံအာက လုယွီကိုစူးစိုက်ကြည့်နေပြီး သူမ၏မျက်လုံးအတွင်း၌ နာကျည်းမုန်းတီးမှုအရိပ်အယောင်များ ပြည့်နှက်နေသည်။
"မြေအောက်လောက...နင် အခြေအနေကို ရှင်းရှင်းလင်းလင်းမသိသေးဘူးလား...အခုချိန်မှာ အဆင့်နိမ့်နယ်မြေတစ်ခုလုံး ငါ့ရဲ့ထိန်းချုပ်မှုအောက်မှာရှိနေတယ်"
"ငါက သခင်မလေးအတွက် လက်စားချေနေတာလို့ နင် ထင်နေတာလား....တကယ်တော့ မဟုတ်ဘူး...ငါက ရူးသွပ်မိုက်မဲတဲ့သူမှမဟုတ်တာ...ဒီမိန်းကလေးဆီမှာ ယင်ဘေးကပ်ဆိုးခန္ဓာကိုယ်ဖွဲ့စည်းတည်ဆောက်ပုံရှိနေတယ်....ငါ သူ့ကို ဆက်သလိုက်တာနဲ့ ကောင်းကင်ဘုံနယ်မြေကအစွမ်းထက်ပုဂ္ဂိုလ်နဲ့ငါက မိတ်ဆွေတွေဖြစ်သွားပြီ"
ဒုံအာက ရယ်မောပြီး ဆက်လက်ပြောဆိုသည်။
"အတိတ်တုန်းက အရမ်းကြီးကျယ်မြင့်မြတ်တဲ့ တာအိုသခင်ကြီး နင့်အတွက်ကတော့...ငါ နင့်ရဲ့သတင်းတွေကို ရောင်းစားလိုက်ရုံနဲ့....ရှန်လင်းလုံဆိုတဲ့ခွေးမ အရမ်းပျော်ရွှင်သွားမှာပဲ....ငါက တာယွီကောင်းကင်ဘုံအင်ပါယာမှာ အရာရှိတစ်ယောက်ရာထူးတောင် ဆုလာဘ်အဖြစ် ရသွားနိုင်တယ်...မြေအောက်လောက...နင်က ငါ့အတွက်တော့ ငါခြေဖဝါးအောက်မှာ နင်းလျှောက်ခံရမယ့် ခြေနင်းခံကျောက်တုံးတစ်တုံးပဲ"
ဤအချိန်အခိုက်အတန့်တွင် ဒုံအာသည် သူမ၏စိတ်နှလုံးသားအတွင်း၌ နှစ်ကာလကြာရှည်စွာ ဖိနှိပ်ထားခဲ့သည့် လိုအင်ဆန္ဒများ ပွင့်အံထွက်လာသည်။
သူမ၏ဘဝတလျှောက်လုံး အစေခံအဖြစ်ပြုလုပ်ခဲ့သော်လည်း နောက်ဆုံး၌ တိုက်ခိုက်မှုများအကြားတွင် မြေစာပင်ဖြစ်ကာ သူမ၏မျက်နှာ ပျက်စီးခဲ့ရသည်။သူမ၏အရည်အချင်းသည် ထူးချွန်ထက်မြက်ပြီး နည်းစနစ်ပေါင်းများစွာကိုလည်း တက်ကျွမ်းထားသည်။မည်သည်ကြောင့် သူမ၏ဘဝတလျှောက်လုံး တခြားသူများအားထောက်ပံပေးသူအဖြစ် နေရမည်နည်း။
ဒုံအာသည် ရူးသွပ်နေသူကဲ့သို့ အော်ဟစ်ရယ်မောနေပြီး သူမ၏မျက်လုံးအတွင်းရှိ နာကျည်းမုန်းတီးမှုအရိပ်အယောင်များကိုလည်း မည်သို့မျှဖုံးကွယ်မထားနိုင်ချေ။
"မင်း သေချင်နေတာလား"
လုယွီက အေးစက်စက်နှာမှုတ်ပြီးနောက် သူ၏ခန္ဓာကိုယ်မှ အရှိန်အဝါ ချက်ချင်းဆိုသလို မြင့်တက်လာသည်။
လျှို့ဝှက်ခန်းသည် လုယွီ၏ပြင်းထန်သော ဖိအားအရှိန်အဝါကို တောင့်မခံနိုင်တော့သဖြင့် ပြိုလဲကျသွားသည်။
မီးခိုးနှင့်ဖုန်မှုန့်များအကြားမှနေ၍ လုယွီက ဒုံအာထံသို့ ခြေလှမ်းတစ်လှမ်းခြင်း နင်းလျှောက်သွားသည်။သူက ခက်ထန်တင်းမာသောအကြည့်ဖြင့် ဒုံအာကိုကြည့်ပြီး ပြောဆိုသည်။
"သူ့ကို ငါ့ဆီပေးတော့....ရွှယ်လန်ရဲ့မျက်နှာကြောင့် ငါ မင်းကို မသတ်တော့ဘူး"
ဒုံအာက ခနဲ့တဲ့တဲ့ ပြောဆိုလေ၏။
"နင့်ကိုကြည့်ရတာ အခုချိန်ထိ အခြေအနေကို နားလည်သဘောပေါက်ပုံ မရသေးဘူးပဲ"
ဒုံအာသည် သူမ၏လက်ဖြင့် ကျီးချန်ယွီ၏လည်ပင်းအား တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ပြီး ဆက်လက်ပြောဆိုလေ၏။
"လာခဲ့စမ်းပါ...နင် ရှေ့ကိုတစ်လှမ်းတိုးတာနဲ့ ငါ သူ့ရဲ့လည်ပင်းကိုချိုးပစ်မယ်"
Chapter 1424
ဒုံအာသည် ရက်စက်ကြမ်းကြုတ်သောအကြည့်မျိုးဖြင့် လုယွီကို စူးစိုက်ကြည့်လိုက်၏။
"အခုချက်ချင်း နောက်ပြန်ဆုတ်...မဟုတ်ရင် ငါ သူကို နင်ရှေ့မှာပဲ သတ်ပစ်လိုက်မယ်"
လုယွီက သူမ၏စကားကို လျစ်လျှူရှုထားပြီး ရှေ့သို့ ခြေလှမ်းတစ်လှမ်းပြီးတစ်လှမ်း လျှောက်လှမ်းနေသည်။
ဒုံအာသည် လုယွီရှေ့တိုးလာသည်ကိုမြင်သည်နှင့် သူမက နောက်သို့ခြေလှမ်းအနည်းငယ်ဆုတ်၍ အံ့တင်းတင်းကြိတ်ကာ ပြောဆိုသည်။
"ဘာလဲ...ငါ သူ့ကိုသတ်ပစ်မှာ နင် မစိုးရိမ်ဘူးလား"
စကားဆုံးသည်နှင့် သူမသည် ကျီးချန်ယွီ၏လည်ပင်းကို ဆုပ်ကိုင်ထားသည့်လက်အား အားအနည်းငယ်စိုက်လိုက်ရာ သူမ၏လက်ပေါ်ရှိသွေးကြောများပင် ထောင်ထလာသည်။
လုယွီက အေးစက်စက်လေသံဖြင့် ပြောဆိုသည်။
"မင်း ကြိုးစားကြည့်နိုင်တယ်...တကယ်လို့ မင်း သူ့ကိုသတ်လိုက်တာနဲ့ ငါ မင်းကို သတ်ပစ်မှာပဲ...မင်းက ရွှယ်လန်ရဲ့နောက်လိုက်ဖြစ်ခဲ့ဖူးတော့ ငါ ပြဿနာဖြေရှင်းတဲ့နည်းလမ်းတွေကို ကောင်းကောင်းသိမှာပါ"
ဒုံအာ၏မျက်လုံးသည် အသိစိတ်လွတ်ကင်းသွားသကဲ့သို့ တွေဝေမိန်းမောသွားပေ၏။အတိတ်အကြောင်း သူမ ပြန်တွေးတောမိချိန်တွင် တုန်လှုပ်ချောက်ချားဖွယ်မြင်ကွင်းများက သူမ၏စိတ်အတွင်းသို့ တိုးဝင်လာသည်။
ဒုံအာက အံ့တင်းတင်းကြိတ်ကာ ပြောဆိုလေသည်။
"နင် ဒီလောက်ထိ နှလုံးသားမဲ့မယ်လို့ ငါ မထင်ဘူး"
သူမသည် လုယွီအကြောင်းကို ကောင်းစွာသိရှိပေ၏။မြေအောက်လောကတာအိုသခင်သည် ကောင်းကင်ဘုံနယ်မြေရှိအစွမ်းထက်ကျင့်ကြံသူများ၏ စိတ်နှလုံးသားကိုပင် တုန်လှုပ်ချောက်ချားစေသူဖြစ်ပြီး သူ၏နံဘေးပတ်ဝန်းကျင်မှလူများကိုလည်း အစဥ်အမြဲ ကာကွယ်ပေးတက်သူဖြစ်သည်။
သူသည် ကျီးချန်ယွီ သေဆုံးမည်အား ထိုင်ကြည့်နေမည့်လူစားမျိုးမဟုတ်ချေ။
လုယွီ၏မျက်နှာပေါ်၌ မည်းမှောင်နေသောအရိပ်အယောင်တချို့ တဖြည်းဖြည်းဖုံးလွှမ်းသွားပြီး ဝမ်းနည်းမှု သို့မဟုတ် ပျော်ရွှင်မှုကိုလည်း မတွေ့နိုင်ချေ။
"တကယ်လို့ မင်း သူကိုသတ်လိုက်ရင်တောင်...သူ့ကို ပြန်ရှင်သန်အောင် လုပ်နိုင်တဲ့နည်းလမ်း ငါ့ဆီမှာရှိတယ်...မင်းက သူ့ကိုအသုံးပြုပြီး ငါ့ကို ခြိမ်းခြောက်ချင်တာလား"
ဒုံအာ၏မျက်နှာပေါ်၌ ဇဝေဇဝါဖြစ်နေသောအရိပ်အယောင်များ ထင်ဟပ်လာသည်။ယခင်က သူမသည် အစေခံငယ်လေးတစ်ယောက်သာဖြစ်ပြီး လောကီအင်မော်တယ်နယ်ပယ်ကျင့်ကြံဆင့်သာရှိခဲ့သည်။
မြေအောက်လောကတာအိုသခင်ကမူ သူမ၏အထက် အလှမ်းကွာဟသည့်နေရာတွင်ရှိသော တည်ရှိမှုကြီးပင်။သူမ၏ရန်သူ အားကောင်းသည်ကို သူမ သိရှိသော်လည်း သူ့ထံ၌ရှိသော လျှို့ဝှက်နည်းစနစ်များအကြောင်းကို သူမ မသိရှိချေ။
"မဖြစ်နိုင်ဘူး...သူ့ရဲ့စိတ်ဝိညာဥ်ကို ငါ ဖျက်ဆီးလိုက်ရင်...နင် ဘယ်လိုလုပ်ပြီး သူ့ကိုအသက်ပြန်ရှင်လာအောင်လုပ်နိုင်မှာလဲ"
ဒုံအာက စူးရှကျယ်လောင်စွာ အော်ဟစ်လိုက်သည်။ဤသည်က သူမ လုယွီအား ခြိမ်းခြောက်နိုင်သည့် တစ်ခုတည်းသောနည်းလမ်းပင်။သို့ရာတွင် ယခုလက်ရှိအချိန်၌ သူမအား ပြန်လည်ခြိမ်းခြောက်ခံနေရသည်မှာ ရယ်ရွှင်ဖွယ်ကောင်းပေ၏။
လုယွီက ပြောဆိုသည်။
"ငါ့ရဲ့ နည်းစနစ်တွေကို မင်း ဘာသိနိုင်မှာမလို့လဲ...ငါက ကောင်းကင်ဘုံဧကရာဇ်ကို စိန်ခေါ်တိုက်ခိုက်ခဲ့တာတောင် အခုချိန်ထိ အသက်ရှင်နေတုန်းပဲဆိုတာတော့ မင်း ရှင်းရှင်းလင်းလင်းသိမှာပါ"
"အခု ငါ မင်းကို ရွေးချယ်စရာနှစ်ခုပေးမယ်....ပထမတစ်ခုက မင်း သူ့ကိုဆက်ပြီးဖမ်းထားနိုင်တယ် ဒါပေမယ့် မင်း အသက်ရှင်ရက် အပြင်မထွက်နိုင်စေရဘူးဆိုတာ ငါ အာမခံတယ်"
"ဒုတိယတစ်ခုက သူ့ကို ငါ့ဆီပြန်ပေးပြီး မင်း ထွက်သွားနိုင်တယ်...ဒီနေ့ဖြစ်ခဲ့သမျှအရာအားလုံး ဘာမှမဖြစ်ခဲ့ဘူးလို့ ငါ သဘောထားလိုက်မယ်"
ရွေးချယ်မှုနှစ်ခုက ဒုံအာဆီသို့ ရောက်ရှိလာသည်။သူမ၏မျက်နှာပေါ်၌ မရေမရာနှင့်ဝေခွဲရခက်နေမှုများ ထင်ဟပ်စပြုလာပြီး သူမ၏နှလုံး ကဆုန်စိုင်းခုန်ပေါက်လာပေ၏။
သူမ၏စိတ်နှလုံးသားအတွင်း၌ ဆုံးဖြတ်ချက်တစ်ခုချပြီးသည့်တိုင် အတိတ်မှမြေအောက်လောကတာအိုသခင်အကြောင်းကို သူမတွေးတောမိတိုင်း ထိတ်လန့်ကြောက်ရွံသွားသည်။
"ငါ့ရဲ့စိတ်ရှည်မှုက အကန့်အသတ်ရှိတယ်...မင်း အဖြေကို တက်နိုင်သမျှမြန်မြန်ပေးတာ ပိုကောင်းလိမ့်မယ်"
လုယွီက အလေးအနက်ထားသောလေသံဖြင့် ပြောဆိုသည်။
သို့သော် လုယွီ၏စကား မဆုံးမီမှာပင် ဒုံအာ၏ အူလှိုက်သည်းလှိုက်ရယ်မောသံကြီးက ကြားဖြတ်၍နှောက်ယှက်လိုက်သည်။
"ဟား ဟား ဟား...မြေအောက်လောက...နင်က ဒီဘဝမှာတော့ တကယ့်ကိုအမှိုက်ကောင်ပဲ...ဒီနေ့ နင် အမှားကြီးတစ်ခုလုပ်မိသွားပြီ"
ဒုံအာက ရယ်မောပြီးဆက်လက်ပြောဆိုသည်။
"နင်က သတ်ဖြတ်တာမှာ ဆုံးဖြတ်ချက်အရမ်းပြတ်သားတဲ့လူ...တကယ်လို့ နင် သူ့ကိုသာ တကယ်ပြန်ရှင်သန်လာအောင်လုပ်နိုင်ရင် ငါနဲ့ ဘာလို့စကားအများကြီး ပြောနေတော့မှာလဲ...သူ့ရဲ့ စိတ်ဝိညာဥ်ကိုသာ ငါ ဖျက်ဆီးလိုက်ရင် နင် သူကို အသက်ပြန်ရှင်လာအောင် မလုပ်နိုင်တော့ဘူးမလား"
လုယွီက မျက်မှောင်ကြုတ်ပြီး ခေါင်းဖြတ်ဓားဖြင့် ဒုံအာအား ခုတ်ပိုင်းလိုက်သည်။
ဝုန်း...
ထိုအချိန်မှာပင် ဒုံအာ၏နောက်ရှိ ကျောက်တုံးစင်မြင့်ပေါ်မှနေ၍ ရွှေရောင်အလင်းတန်းများ ရုတ်တရက်ထွက်ပေါ်လာသည်။
ထိုရွှေရောင်အလင်းတန်းများသည် အလွန်ရုတ်တရက်ဆန်စွာထွက်ပေါ်လာပြီး အထက်သို့ထိုးတက်သွားရာ လျှို့ဝှက်ခန်း၏ခေါင်မိုး ချက်ချင်းဆိုသလိုပင် ကျိုးပဲ့ပျက်စီးသွားသည်။
မြောက်မြားစွာသော ကျောက်စကျောက်နများ ဖြာကျလာခြင်းနှင့်အတူ ရွှေရောင်အလင်းတန်းသည် အနည်းငယ်မျှပင်နောက်ဆုတ်သွားခြင်းမရှိဘဲ ငရဲနယ်မြေ၏အထက် ကောင်းကင်ယံအား ထိုးဖောက်ဝင်ရောက်သွားပေ၏။
ဒုံအာက လုယွီ၏ဓားချက်ကို တိမ်းရှောင်ပြီး စိတ်ကျေနပ်သွားသောလေသံဖြင့် ပြောဆိုသည်။
"နွားခေါင်းတစ္ဆေက အမှိုက်ကောင်ဆိုပေမယ့်...နင်ရဲ့အခုလက်ရှိခွန်အားနဲ့ သူ့ကိုရင်ဆိုင်ဖို့ တန်ကြေးကြီးကြီးမားမား ပေးဆပ်ခဲ့ရလိမ့်မယ်"
"အခု အရမ်းနောက်ကျသွားပြီ...ငါက ကောင်းကင်ဘုံနယ်မြေက အစွမ်းထက်ပုဂ္ဂိုလ်ကို ဆက်သွယ်ပြီးသား...သူက ဒီနေရာကို မကြာခင်ရောက်လာတော့မှာ...မြေအောက်လောက နင်ကို ငါကိုယ်တိုင်သတ်ဖို့တောင် မလိုဘူး...နင် ဒီနေ့ သေခြင်းကနေ လွတ်မြောက်နိုင်မှာမဟုတ်ဘူး"
Chapter 1425
လုယွီ၏မျက်လုံးက အေးစက်စက်တောက်ပသွားပြီး သူ၏လက်အတွင်း၌ ဆေဘာဓားချီတစ်လှိုင်း ထပ်မံ၍ထွက်ပေါ်လာသည်။
ဒုံအာက အထင်အမြင်သေးသောလေသံဖြင့် ပြောဆိုသည်။
"နင့်ရဲ့ လက်ရှိအဆင့်နဲ့ ငါ့ကိုသတ်နိုင်မှာမဟုတ်ဘူး"
"အဲ့ဒီလိုလား"
လုယွီက အေးစက်စက်နှာမှုတ်ပြီး သူ၏လက်ချောင်းများကိုဝှေ့ယမ်းလိုက်ရာ သူ့လက်အတွင်းမှ ဆေဘာဓားချီသည် ရာထောင်ချီသော ဆေဘာဓားချီများအဖြစ် ပြောင်းလဲသွားသည်။
ရာထောင်ချီသောဆေဘာဓားချီများက လုယွီကို ဝိုင်းပတ်ထားသည်။မျက်တောင်တစ်ခတ်စာအချိန်အတွင်းမှာပင် ဆေဘာဓားချီပင်လယ်ကြီးက လုယွီ၏ရှေ့၌ ထွက်ပေါ်လာသည်။
သူ၏လက်အား တစ်ချက်ဝှေ့ယမ်းလိုက်မှုနှင့်အတူ ဆေဘာဓားချီပင်လယ်ကြီးသည် ဒုံအာထံသို့ တဟုန်ထိုးပြေးဝင်သွားသည်။
ဒုံအာ၏မျက်လုံးအတွင်း၌ ကြောက်ရွံမှုအရိပ်အယောင်များ ထင်ဟပ်လာသည်။အဆုံးမရှိသော ဆေဘာဓားချီပင်လယ်ကြီးက သူမထံတိုးဝင်လာပေရာ သူမအား လိပ်ပြာလွင့်လုမတက် တုန်လှုပ်ချောက်ချားသွားစေသည်။
"အရှင်...ကျွန်မကိုကယ်တင်ပါ"
ဒုံအက စူးရှကျယ်လောင်စွာ အော်ဟစ်လိုက်သည်။
သူမက နောက်သို့ဆုတ်၍ လွတ်မြောက်နိုင်ရန် ကြိုးစားသော်လည်း ဆေဘာဓားချီပင်လယ်ကြီးက သူမပေါ်သို့ ဆင်းသက်လာသည်။
ထိုအချိန်မှာပင် ကျယ်လောင်သောမြည်ဟီးသံနှင့်အတူ မိုးကောင်းကင်ယံ၌ အက်ကွဲကြောင်းတစ်ခု ထွက်ပေါ်လာသည်။
ထိုအက်ကွဲကြောင်းမှနေ၍ ရွှေရောင်အလင်းတန်းများဖြာကျလာပြီး ဒုံအာ၏ခန္ဓာကိုယ်ကို လွှမ်းခြုံသွားသည်။
ဒေါင်...ဒေါင်...ဒေါင်...
မရေမတွက်နိုင်သော ဆေဘာဓားချီများသည် ရွှေရောင်အလင်းတန်းပေါ်သို့ ကျရောက်သွားပေ၏။အစွမ်းထက်သောဆေဘာဓားချီများသည် ရှေ့သို့ဆက်တိုးနိုင်ခြင်းမရှိဘဲ ရွှေရောင်အလင်းကန့်လန့်ကာနှင့် ထိတွေ့မိသည်နှင့် ပျောက်ကွယ်သွားတော့သည်။
အေးစက်စက်နှာမှုတ်သံတစ်သံက ငရဲနယ်မြေ၏အထက်ကောင်းကင်ယံမှ ထွက်ပေါ်လာသည်။
ဧကရာဇ်တစ်ပါး လောကကြီးအတွင်း ဆင်းသက်လာသကဲ့သို့ ရွှေရောင်အလင်းတန်းများက အရပ်မျက်နှာအဘက်ဘက်သို့ ပျံ့နှံ့သွားသည်။ထာဝစဥ်မှောင်မည်းနေသော ငရဲနယ်မြေပင်လျှင် နေ့အလင်းရောင်အလား တောက်ပသွားပေ၏။
ဤအချိန်အခိုက်အတန့်တွင် ငရဲနယ်မြေရှိ မြောက်မြားစွာသောသရဲတစ္ဆေများသည် စူးရှနာကျင်စွာ အော်ဟစ်လိုက်ကြပြီး စီးဆင်းနေသောအဝါရောင်စမ်းချောင်းမြစ်ပင် ရပ်တန့်သွားခဲ့သည်။
"ငရဲနယ်မြေကိုလာပြီး အာဏာပြချင်တဲ့ တစ်စုံတစ်ယောက် တကယ်ကိုရှိနေတာပါလား"
ရွှေရောင်အလင်းတန်းများအကြားမှနေ၍ ရွှေရောင်သံချပ်ကာဝတ်ဆင်ထားသည့် လူတစ်ယောက်ထွက်ပေါ်လာသည်။နှိုင်းယှဥ်ပြစရာမရှိသည်အထိ ရက်စက်ကြမ်းကြုတ်သည့် ရှေးဟောင်းချုံးချီသားရဲတစ်ကောင်သည် ထိုလူ၏ခြေထောက်အောက်၌ရှိနေပြီး အဆက်မပြတ် ဟိန်းဟောက်နေသည်။
သူထွက်ပေါ်လာသည်နှင့် ငရဲနယ်မြေမှမျိုးနွယ်များအားလုံး၏အာရုံစူးစိုက်မှုကို ရရှိလိုက်သည်။ပတ်ဝန်းကျင်တစ်ခုလုံးရှိ အရာရာတိုင်းသည် ထိုရွှေရောင်သံချပ်ကာဝတ်လူ၏ ထိန်းချုပ်မှုအောက်၌ရှိပုံရသည်။
"အရှင်...ကျွန်မကိုကယ်တင်ပါ"
ဒုံအာသည် ကယ်တင်ရှင်ရှာတွေ့သွားသကဲ့သို့ စူးရှကျယ်လောင်စွာ အော်ဟစ်လိုက်၏။
သူမက ထိုလူအား သူမလက်အတွင်းရှိကျီးချန်ယွီ၏စိတ်ဝိညာဥ်ကို လေးလေးစားစား လက်ကမ်းပေးလေသည်။
"ဒါက အရှင်ကိုဆက်သမယ်လို့ ကတိပေးထားတဲ့ ယင်ဘေးကပ်ဆိုးခန္ဓာကိုယ်ပိုင်ရှင်ပါ...ကျေးဇူးပြုပြီး ကျွန်မကို အရာရှိတစ်ယောက်အဖြစ်နဲ့ တာယွီကောင်းကင်ဘုံအင်ပါယာကို ဝင်ခွင့်ပြုပါ"
ရွှေရောင်သံချပ်ကာဝတ်စစ်ဗိုလ်ချုပ်၏လက်အတွင်းမှနေ၍ ပြင်းထန်သောစုပ်အားလှိုင်းတစ်ရပ် ထွက်ပေါ်လာပြီး ကျီးချန်ယွီ၏စိတ်ဝိညာဥ်ကို သူ၏လက်ဖဝါးပေါ်သို့ စုပ်ယူလိုက်သည်။
"မင်း လုပ်တာကောင်းတယ်....သိပ်သည်းလှတဲ့ယင်ချီတွေပဲ"
ရွှေရောင်သံချပ်ကာဝတ်စစ်ဗိုလ်ချုပ်သည် အော်ဟစ်ရယ်မောပြီး ဒုံအာအား ချီးမွမ်းစကားပြောဆိုသည်။
သူက ကျီးချန်ယွီ၏စိတ်ဝိညာဥ်ကို ဖမ်းဆုပ်ပြီး သူ့ခြေဖဝါးအောက်ရှိ ရှေးဟောင်းချုံချီသားရဲအား ဝါးမြိုထားစေသည်။
မျက်တောင်တစ်ခတ်စာအချိန်အတွင်းမှာပင် ကျီးချန်ယွီ၏စိတ်ဝိညာဥ် ပျောက်ကွယ်သွားပေ၏။
အရာအားလုံး အလွန်နောက်ကျသွားလေပြီ။လုယွီ၏ခန္ဓာကိုယ်တစ်ခုလုံး တုန်ရီနေပြီး သူက ပျောက်ကွယ်သွားသော ကျီးချန်ယွီ၏စိတ်ဝိညာဥ်ကို စူးစိုက်ကြည့်နေသည်။
ထိုမိန်းကလေးသည် သူ့အတွက် သေစေလောက်သောထိုးနှက်ချက်ကို ကာကွယ်ဟန့်တားပေးခဲ့သူဖြစ်သည်။ထို့ပြင် သူ သူမအား ကာကွယ်ပေးနိုင်ခြင်း မရှိခဲ့ချေ။
"ငါ မင်းကိုသတ်မယ်"
လုယွီက အော်ဟစ်ကြုံးဝါးပြီးနောက် သူ၏ခန္ဓာကိုယ်တစ်ခုလုံးမှ မှော်စွမ်းအားများကို သူ၏လက်ချောင်းအတွင်းသို့ သွန်းလောင်းလိုက်သည်။ထို့နောက် သူ၏လက်ချောင်းထိပ်တွင် သုံးပေခန့်ရှည်သောဓားတစ်ချောင်း သိပ်သည်းလာသည်။
လုယွီ၏နံဘေးပတ်လည်တွင် လေပြင်းများတိုက်ခတ်လာပြီးနောက် လျှို့ဝှက်ဆန်းကြယ်သောဓားချီလှိုင်းဖြင့် ဒုံာါထံဦးတည်၍ ခုတ်ပိုင်းလိုက်၏။
ရှေးဟောင်းသိုင်းပညာနည်းစနစ်...အင်မော်တယ်သုတ်သက်ခြင်းဓား...
"အရှင်...ကျွန်မမှာ အရမ်းအရေးကြီးတဲ့ကိစ္စတစ်ခု သတင်းပို့စရာရှိသေးတယ်...သူ...."
ဒုံအာက နောက်သို့လှည့်ပြီး လုယွီထံ လက်ညှိုးညွှန်လိုက်သည်။သူမက လုယွီ၏သရုပ်မှန်ကို ဖော်ထုတ်လိုခြင်းပင်။
သို့သော် သူမ၏အသံထွက်ပေါ်မလာမီမှာပင် လျှို့ဝှက်ဆန်းကြယ်သောဓားချီလှိုင်းက သူမ၏နောက်ကျောသို့ ရောက်ရှိနေသည်ကို ချက်ချင်းခံစားမိ၏။
"အား....အရှင်...ကျွန်မကိုကယ်ပါအုံး"
ဒုံအာသည် ထိတ်လန့်ကြောက်ရွံစွာဖြင့် စူးရှကျယ်လောင်စွာအော်ဟစ်ပြီး အကူအညီတောင်းခံသည်။
လျှို့ဝှက်ဆန်းကြယ်သောဓားချီသည် အလွန်အစွမ်းထက်ပြီး ရွှေရောင်သံချပ်ကာစစ်ဗိုလ်ချုပ် ပြုလုပ်ထားသော အလင်းကန့်လန့်ကာအား ထွင်းဖောက်ကာ ဒုံအာထံသို့ တန်းတန်းမတ်မတ် ကျရောက်သွားသည်။
ဘုန်း..
ရုတ်ချည်းဆိုသလိုပင် ဒုံအာ၏ခန္ဓာကိုယ်အား လျှို့ဝှက်ဆန်းကြယ်သောဓားချီ ဖြတ်သန်းသွားပြီး သူမ၏ခန္ဓာကိုယ် အစိတ်စိတ်အမွှာမွှာ ပေါက်ကွဲသွားတော့သည်။ထိုဓားချီ၏အောက်၌ ဒုံအာ၏စိတ်ဝိညာဥ်ပင် ပျက်စီးသွားခဲ့ရသည်။
Thank For Reading.