← Chapters

အခန်း (၁၃၉၆-၁၄၀၀)

Vol. 73 Ch. 1396-1400

အခန်း (၁၃၉၆-၁၄၀၀)

Vol. 73 Ch. 1396-1400

Chapter 1396:မြို့ကိုဝိုင်းရံထားသော တိုက်ပွဲ

"ဟူး..."

အကြီးအကဲရှင်း၏မျက်ခုံးနှစ်ခုကြား၌ အရေးအကြောင်းများထင်ဟပ်လာပြီး သူက ပို၍ပင်အိုမင်းသွားပုံရသည်။

သူသည် မိတ်ဆွေဟောင်း၏သမီးအား အစဥ်အမြဲ စောင့်ရှောက်ကာကွယ်ပေးခဲ့သည်။သူက သူမအား တပည့်အဖြစ်လက်ခံပြီး စောင့်ရှောက်ပေးခဲ့ရုံမက သူမ၏ကျင့်ကြံမှုကိုလည်း ဂရုစိုက်ပေးခဲ့သည်။

သို့ရာတွင် ကျီးချန်ယွီအတွက် သူမ၏ဖခင် သေဆုံးသွားမှုသည် သူမ မဖြည်နိုင်သောအထုံးတစ်ခုကဲ့သို့ပင်။

အကယ်၍စစ်ပွဲသာမရှိပါက အကြီးအကဲရှင်းသည် ကျီးချန်ယွီအား ပြန်လည်ခေါ်ဆောင်ရန် အနောက်ပိုင်းခြင်္သေ့နယ်မြေသို့ ကိုယ်တိုင်ကိုယ်ကျသွားရောက်ပေမည်။

သို့ရာတွင် ယခုလက်ရှိအချိန်တွင် သူတို့၏လင်ရှောင်းဂိုဏ်းပင်လျှင် တိုက်ခိုက်ခံရမှုအား ခုခံကာကွယ်နိုင်ရန် အလွန်အမင်းကြိုးစားနေရသည်။

"သူတို့ ရောက်လာကြပြီ"

အကြီးအကဲတစ်ယောက်က ရုတ်တရက် တီးတိုးရေရွတ်လိုက်သည်။

ကျယ်လောင်သောမြည်ဟီးသံများသည် အဝေးတစ်နေရာမှနေ၍ တစတစ နီးကပ်လာပေ၏။

လင်ရှောင်းမြို့အတွင်းရှိ လူများအားလုံးသည် သူတို့၏ခေါင်းပေါ်သို့ အမျိုးအမည်မသိသော ဖိအားတစ်ရပ် ကျဆင်းလာသည်ကို ခံစားမိပြီး တုန်လှုပ်ချောက်ချားနေကြသည်။

"အနောက်ပိုင်းခြင်္သေ့နယ်မြေကလူတွေ ရောက်လာပြီ"

စောင့်ကြည့်မျှော်စင်များပေါ်မှ ကျင့်ကြံသူများသည် မတ်တတ်ရပ်လိုက်ကြပြီး သူတို့၏မျက်လုံးများအတွင်း၌ အေးစက်စက်အလင်းရောင်များ ဖြတ်ပြေးနေသည်။

မိုးကုပ်စက်ဝိုင်းတွင် ကျင့်ကြံသူတစ်စု ရုတ်တရက် ထွက်ပေါ်လာသည်။ထိုကျင့်ကြံသူများအနက်မှ အများစုသည် နတ်ဆိုးသားရဲများကိုထိန်းချုပ်၍ စီးနင်းထားပေ၏။အဝေးမှကြည့်လျှင် ထိုလူစုအား နတ်ဆိုးသားရဲများမှ သိမ်းပိုက်ထားသယောင်ပင် ထင်မြင်ရသည်။

မိုးကောင်းကင်ယံအတွင်း၌ ရာနှင့်ချီသောနဂါးပျံများသည် သူတို့၏ဧရာမအတောင်ပံကြီးများကို ဖြန့်ကျက်၍ပျံဝဲရင်း ဟိန်းဟောက်နေကြသည်မှာ ကောင်းကင်နှင့်မြေပြင်ကိုပင် တုန်ခါသွားစေသည်။သာယာငြိမ့်ညောင်းသော စစ်ဗုံသံနှင့်အတူ ကျင့်ကြံသူအုပ်စုသည် ဖြန့်ကျက်၍ လင်ရှောင်းမြို့ထံဦးတည်၍ တဖြည်းဖြည်းချဥ်းကပ်လာသည်။

ဘုန်း...ဘုန်း...ဘုန်း...

ကျင့်ကြံသူနှင့်နတ်ဆိုးသားရဲများ အင်အားထောင်သောင်းချီ၍ လျှောက်လှမ်းလာသဖြင့် သူတို့က ခြေလှမ်းတစ်လှမ်းချလိုက်တိုင်း မြေပြင်တပြင်လုံး တုန်ခါသွားပြီး ကျယ်လောင်သောဆူညံသံကြီးက လေထုအတွင်း၌ ပဲ့တင်ထပ်ပျံ့နှံ့နေသည်။

ထိုကျင့်ကြံသူအုပ်စုသည် မြောက်များစွာသောအလံတံခွန်များကို ကိုင်ဆောင်ထားပေ၏။အလံတံခွန်တစ်ခုစီတွင် သူတို့၏သက်ဆိုင်ရာမျိုးနွယ်များကိုဖော်ပြသည့် အထူးသင်္ကေတများ ရေးထိုးထားသည်။

"အလယ်ပိုင်းကုန်းမြေမဟာမိတ်ရဲ့ ခန့်မှန်းချက်က မှားယွင်းနေတာပဲ...ဒီတစ်ကြိမ်မှာ အနောက်ပိုင်းခြင်္သေ့နယ်မြေက မျိုးနွယ်စုကိုးဆယ်ကျော်ကိုတောင် စေလွှက်လိုက်တယ်...ဒါက ငါတို့လင်ရှောင်းဂိုဏ်း ခုခံနိုင်တဲ့အကန့်အသတ်ထက် ကျော်လွန်သွားပြီ"

အကြီးအကဲရှင်းက ညည်းတွားပြောဆိုသည်။

ဤနေရာ၌ သူသည် အသက်အကြီးဆုံးသူဖြစ်နေသဖြင့် နှစ်ဖက်အင်အားကွာခြားချက်ကို ရှင်းရှင်းလင်းလင်း နားလည်သဘောပေါက်သည်။

လင်ရှောင်းဂိုဏ်းသည် အလယ်ပိုင်းကုန်းမြေတခွင်လုံး၌ အင်အားအကောင်းဆုံးဂိုဏ်းဟု လူသိများကျော်ကြားသော်လည်း အကန့်အသတ်ရှိပေ၏။

အနောက်ပိုင်းခြင်္သေ့နယ်မြေ၏ မျိုးနွယ်စုကြီးတစ်ခုစီတိုင်းတွင် သိုင်းသူတော်စင်နယ်ပယ်ကျင့်ကြံသူ အနည်းဆုံးတစ်ယောက်ခန့်ပါဝင်သည်။ဤလူအုပ်စုသည် အလွန်အစွမ်းထက်သောကြောင့် လင်ရှောင်းဂိုဏ်းသည် သူတို့အား ရင်ဆိုင်နိုင်ရန် လွန်စွာခက်ခဲပေမည်။

"စိတ်ဝိညာဥ်စွမ်းအင်အမြှောက်တွေ...အသင့်ပြင်ကြတော့"

အကြီးအကဲရှင်းက သူ၏လက်ကို ဝှေ့ယမ်းလိုက်သည်။ထို့နောက် လင်ရှောင်းမြို့ရှိ စောင့်ကြည့်မျှော်စင်တိုင်းမှနေ၍ အနက်ရောင်အမြှောက်တစ်လက်စီ ထွက်ပေါ်လာသည်။

တိုက်ပွဲအလံများ တဖျတ်ဖျတ်လူးလွန့်နေမှုနှင့်အတူ စိတ်ဝိညာဥ်အမြှောက်များအတွင်း၌ စိတ်ဝိညာဥ်စွမ်းအင်များစုဝေးလာပြီး သူတို့၏ရှေ့မှ ရန်သူများထံသို့ ချိန်ရွယ်၍ပစ်ခတ်လိုက်သည်။

ဝုန်း...ဝုန်း...

အလင်းတန်းတစ်တန်းက ရုတ်တရက် နတ်ဆိုးသားရဲအုပ်စု၏အကြားသို့ ကျရောက်သွားသည်။စိတ်ဝိညာဥ်စွမ်းအင်အမြှောက်များ ထိမှန်သွားသော ကျင့်ကြံသူတချို့သည် အမှုန်အမွှားများအဖြစ် ပြောင်းလဲသွားပြီး ပါးလွှာသောလေထုအတွင်း၌ ပျောက်ကွယ်သွားတော့သည်။

သို့ရာတွင် စိတ်ဝိညာဥ်စွမ်းအင်အမြှောက်များအား မီးစာတပ်နေသည့်အချိန်မှာပင် အစွမ်းထက်သော လက်ဝါးရိုက်ချက်တချို့ ကျရောက်လာပြီး အမြှောက်များအား ပိတ်ဆို့ဟန့်တားလိုက်၏။

တစ်ချိန်တည်းမှာပင် အေးစက်စက်အော်ငေါက်သံတစ်သံက အနောက်ပိုင်းခြင်္သေ့နယ်မြေ၏တိုက်ပွဲဝင်ဝင်္ကပါထံမှ ထွက်ပေါ်လာသည်။

လေထုအတွင်း မြင့်မားသောနေရာတွင် ဧရာမလူရိုင်းရုပ်ထုကြီး ရုတ်တရက်ပေါ်ထွက်လာပြီး လင်ရှောင်းမြို့ထံသို့ဦးတည်၍ ပြေးဝင်လာပေ၏။

ဧရာမလူရိုင်းရုပ်ထုကြီးသည် သူ၏လက်အတွင်းရှိ ပုဆိန်ကြီးကိုဝှေ့ယမ်းပြီး အောက်သို့ပြင်းပြင်းထန်ထန် ရိုက်ချလိုက်သည်။ရုတ်ချည်းဆိုသလိုပင် ကျယ်လောင်သောမြည်ဟီးသံနှင့်အတူ လင်ရှောင်းမြို့တစ်မြို့လုံး တုန်ခါသွားပေ၏။

လင်ရှောင်းမြို့အား လွှမ်းခြုံထားသောအလင်းလွှာ အပြင်းအထန်လှုပ်ခတ်သွားသည်။ထို့နောက် အလင်းလွှာ၏အတွင်းဘက်နံရံတွင် ရွှေရောင်စည်းတံဆိပ်များ ထွက်ပေါ်လာသည်။အလင်းလွှာသည် ပို၍ကျစ်လျစ်သိပ်သည်းစပြုလာပြီး နောက်ဆုံး၌ လူရိုင်းရုပ်ထု၏တိုက်ခိုက်မှုကို ခုခံနိုင်သွားပေ၏။

"လင်ရှောင်းဂိုဏ်းက အလယ်ပိုင်းကုန်းမြေမှာ အင်အားအကောင်းဆုံးဂိုဏ်းလို့ ငါ ကြားထားတယ်...ခုကျတော့ မင်းတို့က လိပ်တွေလိုပဲ အခွံထဲမှာပုန်းအောင်းနေကြတာပါလား"

ကြမ်းတမ်းသောမျက်နှာပိုင်ရှင် လူကြီးတစ်ယောက်က လေထုအတွင်း၌ ထွက်ပေါ်လာသည်။

သူ၏အသံသည် လင်ရှောင်းမြို့တစ်မြို့လုံးအနှံ့ ချက်ချင်းပျံ့နှံ့သွားပေ၏။

ဟမ့်...

ထိုအချိန်မှာပင် လင်ရှောင်းတောင်၏တစ်ဖက်ခြမ်းမှနေ၍ နတ်ဘုရားအဆင့်ဝင်္ကပါပညာရှင်၏ အေးစက်စက်အသံ ထွက်ပေါ်လာသည်။

"အနောက်ပိုင်းခြင်္သေ့နယ်မြေရဲ့ တော်ဝင်တရားရုံးက အရာရှိကြီးပါလား...မင်းက ဒီနေရာကိုလာပြီး တိုက်ခိုက်ဝံ့တယ်ပေါ့လေ"

Chapter 1397:ဖရိုဖရဲတိုက်ပွဲ

နတ်ဘုရားအဆင့်ဝင်္ကပါပညာရှင်၏အသံ ပဲ့တင်ထပ်လာခြင်းနှင့်အတူ လင်ရှောင်းဂိုဏ်းအတွင်းရှိ စောင့်ကြည့်မျှော်စင်တိုင်းမှနေ၍ အဖြူရောင်အလင်းတန်းများ ထွက်ပေါ်လာသည်။

ရာနှင့်ချီသောအလင်းတန်းများသည် လေထုအတွင်းသို့ မြင့်တက်သွားပေ၏။ထိုအလင်းတန်းများအားလုံး စုဝေးသွားပြီးနောက် မှော်စွမ်းအားဖြင့်ပြုလုပ်ထားသော စစ်တုရင်ခုံကြီးအသွင် သိပ်သည်းသွားသည်။

နတ်ဘုရားအဆင့်ဝင်္ကပါပညာရှင်၏ပုံရိပ်သည် စစ်တုရင်ခုံ၏တစ်ဖက်ခြမ်း၌ ထွက်ပေါ်လာပြီး သူ၏လက်​​တစ်ဖက်ဝှေ့ယမ်းလိုက်မှုနှင့်အတူ စစ်တုရင်ရုပ်များက စစ်တုရင်ခုံပေါ်သို့ ကျဆင်းလာသည်။

စစ်တုရင်ရုပ်များကျဆင်းလာသည်နှင့် ထိုအရာများ၏မျက်နှာပြင်ပေါ်၌ အလင်းတန်းများ တောက်ပလင်းလက်သွားသည်။ထို့နောက် စစ်တုရင်ရုပ်များသည် မြောက်များစွာသောစစ်သားများအသွင်ပြောင်းလဲသွားပြီး အနောက်ပိုင်းခြင်္သေ့နယ်မြေ၏စစ်တပ်ကို တိုက်ခိုက်လေ၏။

"လာကြစမ်း...အလယ်ပိုင်းကုန်းမြေက အားအကောင်းဆုံးဂိုဏ်းရဲ့စွမ်းဆောင်ရည်ကို ငါ ကြည့်ကြည့်ရအောင်"

အနောက်ပိုင်းခြင်္သေ့နယ်မြေစစ်တပ်၏ အုပ်ချုပ်သူသည် အလွန်ရဲတင်းပြီး သူ၏အသံသည် မိုးခြိမ်းသံတမျှကျယ်လောင်သည်။သူ၏လက်အတွင်းရှိ ကြီးမားသောပုဆိန်ကြီးကို ဝှေ့ယမ်းပြီး စစ်တုရက်ရုပ်များမှအသွင်ပြောင်းလဲထားသော စစ်သားများထံသို့ ပြေးဝင်၍တိုက်ခိုက်သည်။

နှစ်ဖက်လုံး အပြင်းအထန်တိုက်ခိုက်နေစဥ်တွင် အနောက်ပိုင်းခြင်္သေ့နယ်မြေစစ်တပ်မှ မျိုးနွယ်စုများသည် လင်ရှောင်းမြို့အား မြောက်များစွာသောမှော်မန္တန်များနှင့် ဝိုင်းဝန်း၍ တိုက်ခိုက်ကြတော့သည်။

လင်ရှောင်းမြို့၏အကာအကွယ်အလွှာသည် အလွန်အန္တရာယ်များနေလေပြီ။

"သူတို့ကို ဒီအတိုင်း ဆက်ပြီးတိုက်ခိုက်ခွင့် မပြုကြနဲ့တော့...စိတ်ပုံထွင်းနယ်ပယ်အထက်က အကြီးအကဲတွေအားလုံး ငါ့နောက်ကနေလိုက်ခဲ့ကြ"

လင်ရှောင်းဂိုဏ်းခေါင်းဆောင်၏အသံက မြို့တစ်မြို့လုံးအနှံ့ ပဲ့တင်ထပ်သွားသည်။

အော်ဟစ်ကြုံးဝါးသံနှင့်အတူ လင်ရှောင်းဂိုဏ်းခေါင်းဆောင်၏ဦးဆောင်မှုအောက်မှနေ၍ မြောက်များစွာသော ထိပ်သီးကျင့်ကြံသူများ မြို့အတွင်းမှ ထွက်လာကြသည်။

"အလယ်ပိုင်းကုန်းမြေက တိတ်ဆိတ်ငြိမ်သက်နေတာ အချိန်အတော်ကြာနေပြီ...အဲ့ဒီကျော်ကြားတဲ့ဂိုဏ်းတွေဆိုတာ တစ်ချိန်လုံး မင်းသမီးလေးတွေလို နေနေကြတာ...သူတို့က ငါတို့ကို ယှဥ်ပြိုင်တိုက်ခိုက်နိုင်မှာမဟုတ်ဘူး...စစ်တပ်တစ်ခုလုံး အသင့်ပြင်ကြ...ညမမှောင်ခင်မှာ ငါတို့ရဲ့အရှင်မင်းကြီးအတွက် လင်ရှောင်းမြို့ထဲကို ငါတို့အားလုံး ခြေချနိုင်ရမယ်"

အနောက်ပိုင်းခြင်္သေ့နယ်မြေ၏ တိုက်ပွဲဝင်ဝင်္ကပါမှနေ၍ သန်မာထွားကျိုင်းသောလူလတ်ပိုင်းကြီးတစ်ယောက် ရှေ့သို့ထွက်လာသည်။

အနောက်ပိုင်းခြင်္သေ့နယ်မြေစစ်တပ်၌ ထိုလူ၏အဆင့်အတန်း အလွန်မြင့်မားမည်မှာ သိသာထင်ရှားလှ၏။ဤအချိန်တွင် သူသည် ကြေးနီသံချပ်ကာကိုဝတ်ဆင်ထားပြီး တိုက်ပွဲဝင်ဝင်္ကပါ၏ရှေ့တန်း၌ မတ်တတ်ရပ်နေသည်။သူ၏နံဘေးပတ်ဝန်းကျင်ရှိ ကျင့်ကြံသူများက သူ့အား အရိုအသေပြုလိုက်ကြ၏။

တစ်ချိန်တည်းမှာပင် ရစ်ခွေနဂါးအလံတစ်ခုသည် အနောက်ပိုင်းခြင်္သေ့နယ်မြေ၏တိုက်ပွဲဝင်ဝင်္ကပါမှနေ၍ မြင့်တက်လာပြီး လေထုအတွင်း၌ လူးလွန့်လှုပ်ရှားနေသည်။

"အနောက်ပိုင်းခြင်္သေ့နယ်မြေ တော်ဝင်မိသားစုလား"

လင်ရှောင်းဂိုဏ်းချုပ်သည် အံ့အားသင့်သွားပုံရသော်လည်း သူက နောက်တွန့်သွားခြင်းမရှိချေ။သူ၏ကျင့်ကြံဆင့်သည် သိုင်းသူတော်စင်နယ်ပယ် နှောင်းပိုင်းအဆင့်သို့ ရောက်ရှိနေလေပြီ။ဤအဆင့်သို့ရောက်လာသော ကျင့်ကြံသူများအား မည်သူမဆို လွယ်လင့်တကူ အနိုင်ယူနိုင်မည်မဟုတ်ချေ။ထို့ကြောင့် သူက နောက်မဆုတ်တမ်းတိုက်ခိုက်မည်သာ ဖြစ်ပေ၏။

သာယာငြိမ့်ညောင်းသော တံပိုးခရာသံက လေထုအတွင်း၌ ပဲ့တင်ထပ်နေသည်။အမိန့်သံကျရောက်လာခြင်းနှင့်အတူ အနောက်ပိုင်းခြင်္သေ့နဟ်မြေစစ်တပ်နှင့် လင်ရှောင်းဂိုဏ်းမှကျင့်ကြံသူများသည် ဖရိုဖရဲတိုက်ပွဲကြီးကို စတင်၍ဆင်နွှဲကြတော့သည်။

ကောင်းကင်ယံတခွင်လုံး၌ မြောက်များစွာသောမှော်မန္တန်များ လွှမ်းခြုံနေသည်။

"ဆောင်းလေပြင်းဓားချီ"

လင်ရှောင်းဂိုဏ်စ၏အကြီးအကဲတစ်ယောက်သည် သူ၏ဓားရှည်ကိုဆွဲထုတ်၍ လေထုကိုထိုးခွဲကာပိုင်းဖြတ်လိုက်သည်။

အေးစက်စက်အရှိန်အဝါလွှမ်းခြုံထားသော ဓားချီသည် သူရှေ့ရှိကျင့်ကြံသူတစ်ယောက်အား ချက်ချင်းဆိုသလို နှင်းရုပ်ထုအဖြစ် အေးခဲသွားစေသည်။

"အနောက်ပိုင်းခြင်္သေ့နယ်မြေကလူတွေက ဒီအဆင့်ပဲရှိတာလား"

ထိုအကြီးအကဲက ပြက်ရယ်ပြုလိုက်သည်။

သို့ရာတွင် သူ၏နောက်၌ ဧရာမနတ်ဆိုးသားရဲကြီးတစ်ကောင်ထွက်ပေါ်လာသည်ကို သူ သတိမပြုမိချေ။ထိုသားရဲကြီးသည် ကြီးမားသောခွါကြီးနှစ်ဖက်ကိုမြှောက်၍ ထိုအကြီးအကဲပေါ်သို့ ဆောင့်နင်းလိုက်၏။

ဘုန်း...

မြေပြင်က တုန်ခါသွားသည်။မူလက အလွန်အမင်းရဲတင်းနေသော အကြီးအကဲသည် နတ်ဆိုးသားရဲကြီး၏နင်းချေခြင်းခံရပြီး အပိုင်းပိုင်းအစစဖြစ်သွားတော့သည်။

နတ်ဆိုးသားရဲများ၏အကူအညီပါဝင်နေသဖြင့် လင်ရှောင်းဂိုဏ်းမှလူများသည် ရန်သူကျင့်ကြံသူများအား ရင်ဆိုင်တိုက်ခိုက်ရရုံသာမက နတ်ဆိုးသားရဲများ၏အလစ်အငိုက်တိုက်ခိုက်ခြင်းကိုပါ ခံနေရသဖြင့် တောင့်ခံနိုင်စွမ်း မရှိကြတော့ချေ။

မကြာမီမှာပင် လင်ရှောင်းဂိုဏ်းဘက်မှ ရှုံးနိမ့်တော့မည့်အရိပ်အယောင်များ ထွက်ပေါ်လာသည်။

ဖူး...

နတ်ဆိုးသားရဲတစ်ကောင်ကို သတ်ဖြတ်ပြီးနောက် ပိုင်ဆုချင်၏မျက်နှာ ဖြူရော်စပြုလာသည်။

ထိုနတ်ဆိုးသားရဲများသည် အလွန်အစွမ်းထက်ရုံသာမက သူတို့၏အရေပြားများမှာလည်း မာကျောလှသည်။သာမာန်မှော်စွမ်းအားများသည် သူတို့အား မည်သို့မျှ ထိခိုက်ဒဏ်ရါရစေနိုင်ခြင်းမရှိချေ။

"ဆရာသခင်...ညီမလေးလီ အသတ်ခံလိုက်ရပြီ"

ဖန်ရှုယွင်သည် ဒဏ်ရာရရှိထားသော်လည်း ရုန်းကန်၍ ပိုင်ဆုချင်၏နံဘေးသို့ ရောက်ရှိလာသည်။

သူမ၏နံဘေး၌ အနည်းနှင့်အများ ဒဏ်ရာရရှိထားသော ကြိုးကြာဖြူတောင်မှတပည့်များ ရှိနေပေ၏။

ပိုင်ဆုချင်က အံ့တင်းတင်းကြိတ်ကာ ပြောဆိုလိုက်သည်။

"ဓားဝင်္ကပါဖွဲ့စည်းမယ်...စိတ်ဝိညာဥ်အမြှောက်တွေရှိနေတဲ့နေရာတဝိုက်ကို သူတို့ကို ခြေတစ်လှမ်းမှချခွင့်ပြုလို့မရဘူး"

စိတ်ဝိညာဥ်အမြှောက်များကသာလျှင် ထိုနတ်ဆိုးသားရဲများအား အသေအပျောက်များစွာဖြစ်စေနိုင်သည်။သို့ရာတွင် ထိုစိတ်ဝိညာဥ်အမြှောက်များသည် အလွန်အမင်း ကျိုးပဲ့လွယ်ပေ၏။အကယ်၍ အနောက်ပိုင်းခြင်္သေ့နယ်မြေမှကျင့်ကြံသူများသာ ထိုစိတ်ဝိညာဥ်အမြှောက်များကို ဖျက်ဆီးလိုက်ပါက လင်ရှောင်းမြို့၏အကာအကွယ်အများစု ပျက်စီးသွားပေမည်။

ကြိုးကြာဖြူတောင်မှတပည့်များသည် အတူတကွ လေ့ကျင့်ထားပြီးဖြစ်သဖြင့် ဓားဝင်္ကပါတစ်ခုကို ချက်ချင်းဆိုသလို ခင်းကျင်းလိုက်သည်။

ထိုဓားဝင်္ကပါမှနေ၍ မြောက်များစွာသောဓားချီများ ထွက်ပေါ်လာပြီး ချက်ချင်းဆိုသလိုပင် အနောက်ပိုင်းခြင်္သေ့နယ်မြေစစ်တပ်အား အသေအပျောက်များစွာ ဖြစ်သွားစေသည်။

Chapter 1398:ငါ သူ့ကို အသက်ရှင်ရက်လိုချင်တယ်

တိုက်ပွဲကွင်းပြင်ရှိ အနောက်ပိုင်းခြင်္သေ့နယ်မြေစစ်တပ်၏ အလယ်ဗဟို၌....

ကြေးနီသံချပ်ကာဝတ်စုံကို ဝတ်ဆင်ထားသော အနောက်ပိုင်းခြင်္သေ့နယ်မြေ၏တော်ဝင်မိသားစုဝင်သည် နတ်ဆိုးခြင်္သေ့တစ်ကောင်၏ကျောပေါ်၌ထိုင်ပြီး တိုက်ပွဲကွင်းပြင်တစ်ခုလုံးကို စောင့်ကြည့်နေသည်။

စိတ်ဝိညာဥ်စွမ်းအင်အမြှောက်ဆန်များသည်လည်း ရံဖန်ရံခါ မိုးကောင်းကင်ကိုဖြတ်၍ အနောက်ပိုင်းခြင်္သေ့နယ်မြေစစ်တပ်ထံသို့ ကျရောက်သွားပြီး အသက်ပေါင်းများစွာကို ယူဆောင်သွားသည်။

စိတ်ဝိညာဥ်စွမ်းအင်အမြှောက် တစ်ချက်ပစ်ရန်အတွက် လိုအပ်သောစိတ်ဝိညာဥ်ကျောက်တုံးပမာဏသည် နည်းပါးခြင်းမရှိချေ။သို့ရာတွင် ထိုအမြှောက်၏သတ်ဖြတ်နိုင်မှုစွမ်းအားသည် အလွန်ကြီးမားပေ၏။

"အရှင့်သား...လင်ရှောင်းဂိုဏ်းရဲ့စိတ်ဝိညာဥ်အမြှောက်ပမာဏက ကျွန်တော်တို့ ခန့်မှန်းထားတာထက် ကျော်လွန်နေတယ်...နှစ်ထောင်ချီပြီးကျင့်ကြံထားတဲ့ နတ်ဆိုးသားရဲဘုရင်တွေတောင် အဲ့ဒီစိတ်ဝိညာဥ်အမြှောက်တွေရဲ့ တိုက်ခိုက်မှုဒဏ်ကို တောင့်မခံနိုင်ဘူး"

အနောက်ပိုင်းခြင်္သေ့နယ်မြေမှ မျိုးနွယ်စုအကြီးအကဲတစ်ယောက်က မျက်မှောင်ကြုတ်ပြီး ပြောဆိုသည်။

အကယ်၍ သာမာန်ဂိုဏ်းတစ်ဂိုဏ်းသည် စိတ်ဝိညာဥ်အမြှောက်များအား တည်ဆောက်နိုင်လျှင်ပင် လိုအပ်သောစိတ်ဝိညာဥ်ကျောက်တုံးပမာဏအား ထောက်ပံနိုင်မည်မဟုတ်ချေ။

သာမာန်အားဖြင့် စိတ်ဝိညာဥ်အမြှောက် တစ်ချက်ပစ်လွှက်ရန် စိတ်ဝိညာဥ်ကျောက်တုံးသန်းတစ်ရာခန့်လိုအပ်သည်။အကယ်၍ သာမာန်ဂိုဏ်းတစ်ဂိုဏ်းသည် အမြှောက်များကို အကြိမ်အနည်းငယ်အသုံးပြုပါက သူတို့၏သိုလှောင်ရုံ ဗလာဟင်းလင်းဖြစ်သွားပေမည်။

သို့ရာတွင် လင်ရှောင်းဂိုဏ်းသည် အလယ်ပိုင်းကုန်းမြေတွင် နှစ်ပေါင်းများစွာကြာရပ်တည်ခဲ့သည့်ဂိုဏ်းဖြစ်သဖြင့် ဂိုဏ်း၏ပိုင်ဆိုင်မှုများမှာ တိုင်းတာ၍မရနိုင်ချေ။

ကြေးနီသံချပ်ကာ ဝတ်ဆင်ထားသော လူလတ်ပိုင်းကြီးသည် အနောက်ပိုင်း ခြင်္သေ့နယ်မြေ တော်ဝင်မိသားစု၏ ပဥ္စမ မင်းသားဖြစ်သည်။

ပဥ္စမမင်းသားသည် သူရှေ့ရှိ တိုက်ပွဲ ကွင်းပြင်အား တစ်ချက် ကြည့်လိုက်သည်။သူ၏ ပါတ်ဝန်းကျင်၌ အော်ဟစ်သံ ငိုကြွေးသံများဖြင့် ဆူညံနေသော်လည်း သူ၏ အမူအယာ မပြောင်းမလဲ တည်ငြိမ်နေဆဲပင်။

"တစ်နာရီအတွင်းမှာ နံရံနားကိုကပ်နိုင်အောင် အသေခံတပ်ဖွဲ့တချို့ကို စေလွှက်လိုက်စမ်း"

ပဥ္စမ မင်းသားက အမိန့်ပေး လိုက်သည်။

အနောက်ပိုင်းခြင်္သေ့နယ်မြေစစ်တပ်မှနေ၍ လူတစ်စုက တဟုန်ထိုးပြေးထွက်လာသည်။လူဆယ်ယောက်စီစုဖွဲ့ထားသောအုပ်စုငယ်များမှ လူတိုင်း၏မျက်နှာသည် နာမကျန်းပုံပေါက်နေပြီး မီးရောင်ကဲ့သို့နီမြန်းနေပေ၏။

သူတို့၏ခန္ဓာကိုယ်များမှနေ၍ ပေါက်ကွဲလုမတက် အရှိန်အဝါများ ထွက်ပေါ်နေသည်။ထိုအသေခံတပ်သားများသည် ထွက်ခွါမလာမီကတည်းက သူတို့၏ခွန်အားများ ယခင်ထက်အဆမတန် မြင့်တက်စေသောဆေးလုံးကို သောက်သုံးထားကြသည်။

ထိုကဲ့သို့ ဆေးလုံးအမျိုးအစားသည် အသုံးပြုသူ၏ခွန်အားကို အချိန်တိုအတွင်း တိုးမြှင့်ပေးနိုင်သော်လည်း သူတို့၏ခန္ဓာကိုယ်အား အလွန်အမင်း ထိခိုက်စေပေမည်။

ထိုကဲ့သို့ဆေးမျိုးကို သုံးစွဲသူအများစုသည် သူတို့၏ခန္ဓာကိုယ်များ ပေါက်ကွဲပြီး သေဆုံးသွားနိုင်သည့် အခွင့်အရေးသာရှိသည်။အသက်ရှင်ကျန်ရစ်သူတချို့မှာလည်း လက်ရှိကျင့်ကြံဆင့်နယ်ပယ်တွင်သာ ရပ်တန့်နေပေလိမ့်မည်။

ရာနှင့်ချီသော အသေခံတပ်သားများသည် တစ်ဖွဲ့ပြီးတစ်ဖွဲ့ မြို့ရိုးထံသို့ တဟုန်ထိုးပြေးဝင်သွားကြသည်။

လင်ရှောင်းဂိုဏ်း၏တပည့်များသည် ခွန်အားကြီးမားသော်လည်း ဤကဲ့သို့ကိစ္စမျိုးနှင့် တစ်ကြိမ်တစ်ခါမျှ မကြုံတွေ့ဖူးချေ။သူတို့သည် အသေခံတပ်သားများ၏တိုက်ခိုက်မှုကို ခုခံနိုင်ရုံသာရှိပြီး နောက်သို့တဆုတ်တည်းဆုတ်နေရ၏။

"ကြိုးကြာဖြူတောင်ကတပည့်တွေ...ရန်သူကိုတိုက်ခိုက်ဖို့ ဝင်္ကပါဖွဲ့စည်းမယ်"

ပိုင်ဆုချင်သည် သူမ၏လက်ချောင်းများကိုလှုပ်ရှား၍ လက်သင်္ကေတတစ်ခုဖွဲ့စည်းပြီး မန္တန်တစ်ပုဒ်ကို ရွတ်ဆိုလိုက်သည်။ရုတ်တရက် အဖြူရောင်ဓားအလင်းတန်းတစ်တန်းက သူမ၏လက်ချောင်းထိပ်မှနေ၍ ထွက်ပေါ်လာပေ၏။

သူမ၏နောက်ရှိ ကြိုးကြာဖြူတောင်မှတပည့်မများကလည်း သူမတို့၏ဓားပျံများကို တပြိုင်နက်တည်း လေထုအတွင်းသို့ ပစ်လွှက်လိုက်ကြသည်။ကောင်းကင်ယံတခွင်လုံး ပြည့်နှက်နေသော ဓားပျံများကို အဖြူရောင်ဓားအလင်းတန်းက ထိန်းချုပ်ထားပြီး နောက်ဆုံး၌ မီတာသုံးဆယ်ခန့်မြင့်မားသော ဧရာမဓားကြီးအသွင် ဖွဲ့စည်းသွားသည်။

"သွားတော့"

ပိုင်ဆုချင်က လက်ညှိုးညွှန်လိုက်သည်နှင့် ဧရာမဓားကြီးသည် လေထုအတွင်းပျံဝဲသွားပြီး အသေခံတပ်သားများ၏ခန္ဓာကိုယ်များအား ပိုင်းဖြတ်သွားသည်။

ဘုန်း...ဘုန်း...ဘုန်း...

မြို့ရိုးအနီးသို့ရောက်ရှိနေသော ရှေ့ဆုံးမှအသေခံတပ်သားသုံးယောက်သည် ဓားပျံကြီး၏ပိုင်းဖြတ်ခြင်းခံရပြီးနောက် သူတိူ့သည် အော်ဟစ်ခြင်းပင်မပြုနိုင်ဘဲ သွေးမြူများအဖြစ် ပြောင်းလဲသွားသည်။

လူသုံးယောက်ကိုသတ်ဖြတ်ပြီးနောက် ဓားချီသည် ပျက်ပြယ်သွားခြင်းမရှိသေးဘဲ ကျန်ရှိနေသောအသေခံတပ်သားများထံသို့ ဆက်လက်၍တိုးဝင်သွားသည်။

မျက်တောင်တစ်ခတ်စာအချိန်အတွင်းမှာပင် တဟုန်ထိုးပြေးဝင်လာကြသော အသေခံတပ်သားများ၏တိုက်ခိုက်မှု အနည်းငယ်တုံ့ဆိုင်းသွားခဲ့သည်။

"အဲ့ဒီမိန်းမကိုသွားဖမ်းစမ်း...ငါ အသက်ရှင်ရက် လိုချင်တယ်"

ပိုင်ဆုချင်ကိုကြည့်နေသော ပဥ္စမမင်းသား၏ မျက်လုံးများက ဝင်းလက် တောက်ပနေသည်။သွေးမြူများ အကြားတွင် ပိုင်ဆုချင်၏ ဖြူစင်သန့်ရှင်းနေသော အဖြူရောင် ဝတ်စုံသည် သူ၏စက္ခုအာရုံအား အလွန် ဖမ်းစားနိုင်ပေသည်။

အနောက်ပိုင်းခြင်္သေ့နယ်မြေမှကျင့်ကြံသူများသည် သူတို့၏မှော်စွမ်းအင်များကိုစုစည်း၍ ပိုင်ဆုချင်အားဖမ်းဆီးရန် တဟုန်ထိုးပြေးထွက်လိုက်ကြသည်။

ပဥ္စမမင်းသား၏ နံဘေး၌နေသော ကျင့်ကြံသူ အများစုသည် စိတ်ပုံထွင်း နယ်ပယ် ကျင့်ကြံသူများ ဖြစ်သည်။

ထိုကျင့်ကြံသူများ လှုပ်ရှားလိုက်သည်နှင့် ကြိုးကြာဖြူတောင်မှတပည့်မများသည် သူမတို့ရင်ဆိုင်နေရသောဖိအား ရုတ်တရက် နှစ်ဆတိုးလာသည်ကို ခံစားမိသည်။မူလက အတူတကွစုစည်းထားသော ဓားဝင်္ကပါသည်လည်း ချက်ချင်းဆိုသလို ပြိုကွဲသွားခဲ့သည်။

"ငါတို့နဲ့လိုက်ခဲ့စမ်း"

ကျင့်ကြံသူတချို့သည် ပိုင်ဆုချင်အားဖမ်းဆီးရန် သူတို့၏လက်များကို ဆန့်ထုတ်လိုက်ကြ၏။

"ဆရာသခင်"

ဖန်ရှုယွင်က ထိတ်လန့်တုန်လှုပ်သွားပြီး သူမ၏ဓားဖြင့် ပိတ်ဆို့ဟန့်တားလိုက်သော်လည်း အနောက်ပိုင်းခြင်္သေ့နယ်မြေမှကျင့်ကြံသူတစ်ယောက်၏ရိုက်ထုတ်လိုက်မှုကြောင့် သူမ နောက်သို့လွင့်စင်သွားပေ၏။

"အရှင့်သားက သူ့ကိုအသက်ရှင်ရက် လိုချင်တာ...ဒါကြောင့် မင်းတို့ကမဆင်မခြင်မလုပ်ကြနဲ့...ငါတို့လူတွေရဲ့တိုက်ခိုက်မှုက အရမ်းပြင်းထန်တယ်...ဒါကြောင့် မင်းတို့ ကျိုးပဲ့သွားရင် အဆိုးရွားဆုံးတွေဖြစ်သွားနိုင်တယ်"

အနောက်ပိုင်းခြင်္သေ့နယ်မြေမှ ကျင့်ကြံသူတစ်ယောက်က ကောက်ကျစ်ယုတ်မာသည့်အပြုံးမျိုးနှင့် ပြောဆိုလေသည်။

Chapter 1399:သူ့ကို ဘယ်သူထိဝံ့လဲ

ပိုင်ဆုချင်က အံ့တင်းတင်းကြိတ်ပြီး သူမ၏လက်အတွင်းရှိဓားကိုဝှေ့ယမ်းကာ မန္တန်တစ်ပုဒ်ရွတ်ဆိုလိုက်၏။

"မင်းရဲ့ကျင့်ကြံမှုနယ်ပယ်က အတော်နိမ့်ပါးသေးတာပဲ...မင်းက ဒီအဖိုးကြီးကိုထိခိုက်အောင် ဘယ်လိုမှလုပ်နိုင်မှာမဟုတ်ဘူး"

အနောက်ပိုင်းခြင်္သေ့နယ်မြေမှ ကျင့်ကြံသူတစ်ယောက်က အထင်အမြင်သေးစွာ ပြောဆိုသည်။သူ၏နဖူးပေါ်တွင် သင်္ကေတလေးခုက နှေးကွေးစွာလည်ပတ်နေပြီး ခပ်ဖျော့ဖျော့အလင်းရောင်ကို ထုတ်လွှင့်ထားသည်။သူသည် အလယ်အလတ်အဆင့် စိတ်ပုံထွင်းနယ်ပယ်ကျင့်ကြံသူဖြစ်ပေ၏။

နှစ်ဖက်ကြား ကျင့်ကြံဆင့်နယ်ပါယ်ကွာဟမှု့မှာ အလွန်ကြီးမားသည်။ပဥ္စမမင်းသား၏ အမိန့်ပေးထားမှု့သာ မရှိပါက ထိုကျင့်ကြံသူသည် လက်တစ်ဖက် လှုပ်ခါလိုက်ယုံဖြင့် ပိုင်ဆုချင်အား သတ်ဖြတ်နိုင်ပေ၏။

ပိုင်ဆုချင်သည် ထိုသူအား လျစ်လျှူရှုထားပြီး သူမ၏မန္တန်ကိုသာ ပြီးဆုံးသည်အထိ ရွတ်ဆိုနေသည်။

ရှေးကျပြီးရှုပ်ထွေးသောမန္တန်က ချက်ချင်းပင် အရပ်မျက်နှာအဘက်ဘက်သို့ ပျံ့နှံ့သွားသည်။ပိုင်ဆုချင်၏နံဘေးတွင် စည်းတံဆိပ်အက္ခရာတစ်ခုပြီးတစ်ခု ရုတ်တရက် ထွက်ပေါ်လာပေ၏။

"ဒါက ဘာပါလိမ့်"

အနောက်ပိုင်းခြင်္သေ့နယ်မြေမှကျင့်ကြံသူက မျက်မှောင်ကြုတ်လိုက်သည်။သူ၏မသိစိတ်မှနေ၍ ထိုစည်းတံဆိပ်သင်္ကေတထံမှ ခြိမ်းခြောက်နိုင်မှုကို ခံစားရသည်။

"ထားလိုက်တော့...ငါ မင်းကိုဖမ်းဆီးပြီးမှ အရှင့်သားကို သတင်းပို့ရမယ်"

အနောက်ပိုင်းခြင်္သေ့နယ်မြေမှကျင့်ကြံသူသည် သူ၏လက်ကိုဆန့်ထုတ်ပြီး ပိုင်ဆုချင်အား ဖမ်းဆုပ်လိုက်သည်။

ထိုအချိန်မှာပင် ပိုင်ဆုချင်၏မန္တန်ရွတ်ဆိုမှု ပြီးဆုံးသွားခဲ့သည်။သူမ၏နံဘေးပတ်လည်ရှိ လေထုအတွင်း၌ မျောလွင့်နေသော အက္ခရာများသည် အတူတကွစုစည်းသွားပြီး ရွှေရောင်စာလုံးရှစ်လုံးအဖြစ် ဖွဲ့စည်းသွားသည်။

"လာကြစမ်း...စစ်သားတွေ...တိုက်ခိုက်စမ်း...ဘယ်သူလဲ...ဝင်္ကပါ...စစ်ကြောင်း...ဒီနေရာမှာ...ရှေ့တန်းက"

ရွှေရောင်စာလုံးရှစ်လုံးသည် အနောက်ပိုင်းခြင်္သေ့နယ်မြေမှ ကျင့်ကြံသူပေါ်သို့ ကျရောက်သွားသည်။

ဘန်းခနဲအသံနှင့်အတူ အနောက်ပိုင်းခြင်္သေ့နယ်မြေမှကျင့်ကြံသူသည် စာလုံးများ၏ရိုက်နှက်ခံရမှုကြောင့် နောက်သို့ခြေလှမ်းများစွာဆုတ်လိုက်ရသည်။

"မင်းက ခုခံရဲတယ်ပေါ့လေ"

ထိုကျင့်ကြံသူသည် အလွန်ဒေါသထွက်သွားပေ၏။

တခြားကျင့်ကြံသူများက ထိုသူအား တားဆီးလိုက်ကြသည်။

"ပဥ္စမမင်းသားက ဒီမိန်းမကို အရှင်ဖမ်းဖို့ အမိန့်ပေးထားတာ ဒါက သူမ အရမ်းချောမော လှပနေလို့ပဲ သူက ပဥ္စမမင်းသားရဲ့ ကိုယ်လုပ်တော် တစ်ယောက်တောင် ဖြစ်သွားနိုင်တယ် မဆင်မခြင်မလုပ်နဲ့ "

ထိုစကားများကိုကြားပြီးနောက် အနောက်ပိုင်းခြင်္သေ့နယ်မြေမှကျင့်ကြံသူသည် သူ၏စိတ်အတွင်းမှဒေါသများကို ဖိနှိပ်လိုက်၏။

"မင်းကို အခက်အခဲတွေ့အောင် မလုပ်ချင်ဘူး...ဒီနေရာကိုလာခဲ့စမ်း"

အနောက်ပိုင်းခြင်္သေ့နယ်မြေမှကျင့်ကြံသူက ပိုင်ဆုချင်ထံသို့ ခြေလှမ်းတစ်လှမ်းပြီးတစ်လှမ်း လျှောက်လှမ်းလာသည်။

သူမရှေ့ရှိ ကျင့်ကြံသူများ၏မျက်နှာများပေါ်မှ ကြမ်းကြုတ်ရက်စက်သည့် အရိပ်အယောင်များကိုကြည့်ပြီး ပိုင်ဆုချင်၏စိတ်နှလုံးသားအတွင်း၌ စိတ်ပျက်အားငယ်မှုများဖြင့် ပြည့်နှက်နေသည်။

အကယ်၍ သူမသာ ထိုလူစု၏လက်အတွင်းသို့ ကျရောက်သွားပါက မည်သည့်ကိစ္စများ ဖြစ်ပျက်လာမည်ကို သူမ ကောင်းစွာသိရှိပေ၏။

သေခြင်းတရားကသာ သူမအတွက် အဆုံးစွန်သောမျှော်လင့်ချက်ဖြစ်ပေမည်။

ပိုင်ဆုချင်၏မျက်လုံးသည် ဆုံးဖြတ်ချက်ချလိုက်ခြင်းနှင့်အတူ တောက်ပလာသည်။အကယ်၍ သူမ သေဆုံးရလျှင်ပင် သူမရှေ့ရှိလူများ၏အကြံအစည်အား အောင်မြင်ခွင့်မပြုနိုင်ချေ။

"မင်းက ကိုယ့်ကိုကိုယ် သတ်သေချင်တာလား"

အနောက်ပိုင်းခြင်္သေ့နယ်မြေမှကျင့်ကြံသူက အေးစက်စက်နှာမှုတ်ပြီး သူ၏လက်ကိုမြှောက်လိုက်၏။သူ၏မှော်စွမ်းအားများသည် ကြီးမားသောလက်ဝါးကြီးတစ်ခုအသွင် ပြောင်းလဲသွားပြီး ပိုင်ဆုချင်ထံသို့ ကျဆင်းလာသည်။

သို့ရာတွင် သူ၏လက်သည် ကျဆင်းလာနိုင်ခြင်း မရှိချေ။

"ငါ ကြည့်အုံးမယ်...ဘယ်သူ သူကို ထိရဲလဲဆိုတာ"

ကျယ်လောင်သည့် အသံတစ်သံက အရပ်မျက်နှာအဘက်ဘက်သို့ ပျံ့နှံ့သွားသည်။ထိုအသံသည် ကိုးကောင်းကင်ဘုံမှဆင်းသက်လာသည့် မိုးကြိုးသွားအလား အနောက်ပိုင်းခြင်္သေ့နယ်မြေမှကျင့်ကြံသူပေါ်သို့ ကျရောက်သွားပေ၏။

ဒုန်း...ဒုန်း...ဒုန်း...

ဤအချိန်အခိုက်အတန့်တွင် ထိုကျင့်ကြံသူသည် သူ၏နှလုံး ကဆုန်စိုင်းခုန်ပေါက်နေခြင်းကို ခံစားမိသည်။မမြင်နိုင်သောအားလှိုင်းတစ်ရပ်သည် သူ၏နားအတွင်းမှနေ၍ သူ့ခန္ဓာကိုယ်အတွင်းသို့ ဝင်ရောက်လာပြီး သူ၏ခန္ဓာကိုယ်တွင်းကလီစာများကို ဖျက်ဆီးပစ်ပေ၏။

"ဖူး"

အနောက်ပိုင်းခြင်္သေ့နယ်မြေမှကျင့်ကြံသူသည် သွေးတစ်လုတ်အန်ထုတ်လိုက်ရပြီး မြေပြင်ပေါ်သို့လဲကျသေဆုံးသွားသည်။

ပိုင်ဆုချင်၏နံဘေးပတ်လည်၌ရှိနေသည့် အနောက်ပိုင်းခြင်္သေ့နယ်မြေမှကျင့်ကြံသူများအားလုံးသည် ထိုလူနှင့်တူညီသောကံကြမ္မာမျိုးကို ခံစားကြရ၏။

ဒေါသတကြီးအော်ငေါက်သံတစ်သံမျှဖြင့် ထိုကျင့်ကြံသူများ၏ ကျင့်ကြံဆင့်နယ်ပယ်မည်မျှမြင့်မားနေသည်ဖြစ်စေ သူတို့၏ခန္ဓာကိုယ်များ အစိတ်စိတ်အမွှာပြိုကွဲပြီး မြေပြင်ပေါ်၌ လဲကျသေဆုံးသွားရသည်။

ရင်းနှီးကျွမ်းဝင်သော အသံကိုကြားသည်နှင့် ပိုင်ဆုချင်သည် ကူကယ်ရာမဲ့စွာဖြင့် မိုးကောင်းကင်ကိုမော့ကြည့်ပြီး တီးတိုးရေရွတ်လိုက်သည်။

"နင် ပြန်လာတာလား"

ဘယ်သူလဲ.....

တိုက်ပွဲကွင်းပြင်တစ်ခုလုံးရှိ လူတိုင်းသည် မိုးကောင်းကင်အား မော့ကြည့်လိုက်ကြ၏။အော်သံတစ်သံမျှဖြင့် စိတ်ပုံထွင်းနယ်ပယ်ကျင့်ကြံသူများအား သတ်ဖြတ်နိုင်သည့်စွမ်းအားမျိုးမှာ စိတ်ကူးယဥ်တွေးတောကြည့်ရန်ပင် အလွန်ခက်ခဲလှသည်။

"လင်ရှောင်းမြို့ထဲမှာ လေလွင့်အင်မော်တယ်နယ်ပယ်ကျင့်ကြံသူမရှိတော့ဘူးလို့ မင်းတို့ငါကို ပြောထားတာ မဟုတ်လား...သူတို့ရဲ့ ဘိုးဘေးကလည်း ကောင်းကင်ဘုံနယ်ပယ်ကို တက်လှမ်းသွားပြီ...ဒီအစွမ်းထက်ကျင့်ကြံသူက ဘယ်သူများပါလိမ့်"

ပဥ္စမမင်းသား၏ မျက်ခမ်း တစ်စပ်စပ် တုန်နေပေ၏။

အစောပိုင်းက အော်ငေါက်သံကပင် သူ၏သတ္တိများကို ရိုက်ချိုးသွားသဖြင့် သူ အလွန်ထိတ်လန့်ကြောက်ရွံနေသည်။

ဒါက ဘယ်သူလဲ...

မြေပြင်က အဆက်မပြတ်တုန်ခါနေသည်။တည်ငြိမ်သောခြေလှမ်းသံက မြည်ဟီးနေပေ၏။ခြေလှမ်းသံတစ်ချက်မြည်ဟီးချိန်တိုင်းတွင် တစ်စုံတစ်ယောက်အား သေမိန့်ချလိုက်သကဲ့သို့ လူများ၏စိတ်နှလုံးသားအား တုန်လှုပ်ချောက်ချားသွားစေသည်။

Chapter 1400:အော်ငေါက်သံတစ်သံဖြင့်

တိုက်ပွဲကွင်းပြင်နှင့်မနီးမဝေးအကွာအဝေးရှိ အနက်ရောင်တိမ်တိုက်များအကြားမှနေ၍ ကြီးမားသောပုံရိပ်ကြီးတစ်ခုက တဖြည်းဖြည်းထွက်ပေါ်လာသည်။

ထိုပုံရိပ်သည် လူဘီလူးကြီးတစ်ကောင်နှင့်တူညီပြီး မိုးကောင်းကင်ယံအား ဖုံးလွှမ်းထားကာ သူ၏နံဘေးပတ်လည်မှနေ၍ ရွှေရောင်အလင်းတန်းများတောက်ပနေသည်။

လောကကြီးအတွင်းရှိအရာရာတိုင်းသည် ထိုရွှေရောင်လူဘီလူးကြီး၏အောက်၌သာ တည်ရှိပုံပေါ်သည်။ရုတ်ချည်းဆိုသလိုပင် တိုက်ပွဲကွင်းပြင်ရှိလူများ၏ကျင့်ကြံဆင့် မည်မျှပင်မြင့်မားနေသည်ဖြစ်စေ ရွှေရောင်လူဘီလူးကြီးအား မော့ကြည့်နေရသည်။

"ဒါက...လူတစ်ယောက်ရဲ့ဓမ္မရုပ်ထုတဲ့လား"

ပဥ္စမမင်းသားက လေအေးတစ်ချက် ရှိုက်သွင်းလိုက်မိသည်။

သာမာန်ကျင့်ကြံသူတစ်ယောက်၏ဓမ္မရုပ်ထုသည် ထိုသူ၏အရွယ်အစားအတိုင်းသာ ကြီးမားသည်။ကျင့်ကြံမှုနက်နဲသိမ်မွေ့သော ကျင့်ကြံသူတချို့သာလျှင် သူတို့၏ဓမ္မရုပ်ထုကို သုံးမီတာအမြင့်ထက်ပို၍ ကျင့်ကြံကြသည်။

သို့ရာတွင် ယခုလက်ရှိအချိန်၌...

ဤဓမ္မရုပ်ထုကြီးသည် မီတာတစ်သောင်းကျော်မြင့်မားပြီး ကြည့်မိသူအပေါင်းအား စိတ်မွန်းကျပ်သွားသကဲ့သို့ ခံစားရစေသည်။

ထိုသူသည် လူသားတစ်ယောက်ပင် ဟုတ်ပါလေစ။

"ခုဏက ကိစ္စတွေက...မင်းတို့လုပ်တာလား"

ဓမ္မရုပ်ထုအသွင်ပြောင်းလဲထားသော လုယွီသည် အသေခံတပ်သားများအား စိုက်ကြည့်၍မေးမြန်းလိုက်၏။

တုန်လှုပ်ချောက်ချားဖွယ် ဖိအားအရှိန်အဝါအောက်သို့ ကျရောက်နေသော အသေခံတပ်သားများသည် စိတ်ပျက်အားငယ်မှုများဖြင့် တစ်ယောက်မျက်နှာတစ်ယောက် ကြည့်နေကြသည်။နောက်ဆုံး၌ သူတို့က အံ့တင်းတင်းကြိတ်ကာ သူတို့၏စွမ်းအားကုန်ကိုထုတ်သုံး၍ လုယွီထံသို့ ပြေးဝင်တိုက်ခိုက်ကြတော့သည်။

ထိုအသေခံတပ်သားများသည် ဆေးလုံးများဝါးမြိုထားသဖြင့် မူလက စိတ်ပုံထွင်းနယ်ပယ်ကျင့်ကြံသူဖြစ်သော သူတို့သည် သာမာန်ထက်ပို၍ အစွမ်းထက်နေသည်။

မြောက်မြားစွာသော အော်ဟစ်ကြုံးဝါးသံများနှင့်အတူ အလွန်များပြားသော မှော်မန္တန်တိုက်ခိုက်မှုများသည် လုယွီထံသို့ ရူးသွပ်စွာ တိုးဝင်လာကြသည်။

လုယွီက ထိုအသေခံတပ်သားများကို အေးစက်စက်ကြည့်ပြီး သူ၏လက်ကို အသာအယာမြှောက်တင်လိုက်၏။

လုယွီ၏လှုပ်ရှားမှုနှင့်အတူ သူ၏မီတာတစ်သောင်းကျော် မြင့်မားသော ဓမ္မရုပ်ထုကြီးသည်လည်း သူ၏လက်မောင်းကို ဖြည်းညှင်းစွာ မြှောက်တင်လိုက်သည်။

ထို့နောက် ထိုလက်ကြီး ကျဆင်းလာပေ၏။

ဘုန်း...

ပတ်ဝန်းကျင်နေရာတစ်ခုလုံးအား ကျယ်လောင်သောပေါက်ကွဲသံကြီးဖြင့် လွှမ်းခြုံသွားသည်။

မည်မျှထိမြင့်မားသော မှော်နည်းစနစ်ကို အသုံးပြုနေသည့် ကျင့်ကြံသူဖြစ်စေ ကျင့်ကြံဆင့်မြင့်မားသူဖြစ်စေ အသေခံတပ်သားများအားလုံးသည် ထိုလက်ဝါးရိုက်ချက်အောက်တွင် အမှုန်အမွှားများအဖြစ် ပြောင်းလဲလွင့်စင်သွားတော့သည်။

ဧရာမလက်ဝါးကြီးကျရောက်သွားသည့်နေရာအား ဗဟိုပြု၍ မြေပြင်ပေါ်၌ နက်ရှိုင်းသောအက်ကွဲကြောင်းတစ်ခု ဖြစ်ပေါ်လာပြီး အဘက်ဘက်သို့ ပျံ့နှံ့သွားသည်။

မီတာတစ်သောင်းကျော်မြင့်မားသော ဓမ္မရုပ်ထုကြီး၏လက်ဝါးကြီး အဝေးသို့ရွေ့လျားသွားမှသာလျှင် တိုက်ပွဲကွင်းပြင်မှလူများအားလုံး ကူကယ်ရာမဲ့စွာဖြင့် လေအေးတစ်ချက်ရှိုက်သွင်းလိုက်ကြသည်။

မူလက ပြားချပ်နေသောမြေပြင်သည် မီတာတစ်ထောင်ကျော်နက်ရှိုင်းသည့် ချိုင့်နက်ကြီးဖြစ်သွားပေ၏။ထိုချိုင့်နက်ကြီးအတွင်းမှနေ၍ သေဆုံးခြင်းအရှိန်အဝါများက အဆက်မပြတ် စိမ့်ထွက်နေသည်။

မူလက တက်ကြွပြီး အားမာန်အပြည့်ရှိသော အသေခံတပ်သားအုပ်စုသည် သေဆုံးသွားရပြီး သူတို့၏အရိုးအစအနများပင် မကျန်ရှိတော့ချေ။

ပဥ္စမမင်းသား၏ မျက်လုံး ခုန်ထွက်လုမတတ် ပြူးကျယ်နေပြီး ထိတ်လန့် ကြောက်ရွံ့မှု့က သူ၏ နှလုံးသား တစ်ခုလုံးအား လွှမ်းခြုံထားသည်။

"တပ်တွေအားလုံး...ဆုတ်ခွါမယ်"

ပဥ္စမမင်းသားက တုန်လှုပ် ခြောက်ခြားစွာဖြင့် အမိန့်ပေးလိုက်သည်။

မည်သို့ ဖြစ်ပျက်သွားသနည်း။ဤကဲ့သို့ ထိတ်လန့်ဖွယ်စွမ်းအားမျိုးသည် သူတို့ယှဥ်ပြိုင်တိုက်ခိုက်နိုင်သည့် အရာမျိုးမဟုတ်ချေ။

"လင်ရှောင်းဂိုဏ်းမှာ ဒီလိုအစွမ်းထက်တဲ့ကျင့်ကြံသူမျိုး ဘယ်ချိန်ကစပြီးရှိသွားတာလဲ"

ပဥ္စမမင်းသား အချိန်မမှီမည်ကို စိုးရိမ်သဖြင့် သူ၏န်ဆိုးသားရဲမှ တောင်ပံများကို ဖြန့်ကျက်၍ အဝေးသို့ ပျံဝဲကာ ထွက်ပြေးသွားတာ့သည်။

အနောက်ပိုင်းခြင်္သေ့နယ်မြေစစ်တပ်သည် ရုတ်တရက်ဖြစ်ပေါ်လာသော အခြေအနေကြောင့် ကြက်သေသေနေကြသည်။သူတို့သည် နေရာမှာပင် အမြှစ်ချထားသကဲ့သို့ မတ်တတ်ရပ်နေကြပြီး မည်သို့ဆက်လုပ်ရမည်မှန်း မသိကြတော့ချေ။

သူတို့သည် အားပြည့်အင်ပြည့် ချီတက်လာခြင်းဖြစ်သော်လည်း ယခုအချိန်၌ ဖရိုဖရဲအခြေအနေမျိုးဖြင့် ထွက်ပြေးနေရသည်။အနောက်ပိုင်းခြင်္သေ့နယ်မြေစစ်တပ် ဆုတ်ခွါသွားချိန်တွင် တိုက်ပွဲကွင်းပြင်၌ ရှုပ်ထွေးမှုများသာ ကျန်ရစ်ပေ၏။

ဤစစ်ပွဲအတွင်း နှစ်ဖက်စလုံးသည် ထိခိုက်နစ်နာမှုများစွာ ခံစားခဲ့ရသည်။လင်ရှောင်းဂိုဏ်းသည် မြို့ကိုထိန်းသိမ်းနိုင်ခဲ့သော်လည်း စိတ်ဝိညာဥ်အမြှောက်များအတွက် စိတ်ဝိညာဥ်ကျောက်တုံးများ သန်းရာချီ၍ စံချိန်တင်ကုန်ဆုံးခဲ့ရသည်။

အသက်ရှင်ကျန်ရစ်သော ကျင့်ကြံသူများသည် လေထုအတွင်းရှိ ဓမ္မရုပ်ထုကြီးအား ငေးမော၍ကြည့်နေကြ၏။

ထိုလူသည် ရန်သူလော...သို့မဟုတ် မိတ်ဆွေတစ်ယောက်လော....

ထိုအချိန်မှာပင် လူဘီလူးကြီးထံမှရွှေရောင်အလင်းတန်းများ တဖြည်းဖြည်းနှင့် ပျက်ပြယ်စပြုလာသည်။

လူတစ်ယောက်သည် လေထုအတွင်းမှဆင်းသက်လာပြီး ပိုင်ဆုချင်ထံသို့ လျှောက်လှမ်းသွားသည်။

ငယ်ရွယ်သောပုံရိပ်အားကြည့်ပြီး လင်ရှောင်းဂိုဏ်းမှလူအများစုသည် အံ့အားသင့်နေကြသော်လည်း ဂိုဏ်းရှိ အကြီးအကဲတချို့မှာမူ သူတို့၏စိတ်နှလုံးသားအတွင်းမှနေ၍ တုန်လှုပ်ချောက်ချားသွားကြသည်။

"ဒါက သူပါလား"

လင်ရှောင်းဂိုဏ်းခေါင်းဆောင်သည် လုယွီကိုကြည့်ပြီး တီးတိုးရေရွတ်လိုက်သည်။

"သူ ထွက်ခွါသွားတဲ့အချိန်တုန်းက လောကီအင်မော်တယ်တောင် သူ့ကိုမသတ်နိုင်ဘူး...အခု သူ ပြန်လာတဲ့အချိန်မှာ သူ့ရဲ့အစစ်အမှန်ခွန်အား ဘယ်လောက်တောင်ရှိနေပြီလဲဆိုတာ ငါ သိချင်မိတယ်"

All Chapters