အခန်း (၁၄၀၁-၁၄၀၅)
Vol. 73 Ch. 1401-1405
Chapter 1401:စိတ်ဝိညာဥ်မိုး ရွာသွန်းခြင်း
လူအားလုံး၏အကြည့်များအောက်တွင် လုယွီသည် နတ်ဘုရားတစ်ပါးကဲ့သို့ ကောင်းကင်ယံမှ ဖြည်းဖြည်းချင်းဆင်းသက်လာသည်။
ကျင့်ကြံသူများအားလုံးသည် လုယွီနှင့်အနီးကပ်မနေဝံ့ဘဲ လမ်းရှင်းပေးလိုက်ကြသည်။လုယွီထံမှနေ၍ မှန်းဆ၍မရနိုင်သော ဖိအားအရှိန်အဝါကို သူတို့အားလုံး ခံစားနေရ၏။
"မဟာအကြီးအကဲကို ကြိုဆိုပါတယ်"
အကြီးအကဲတစ်ယောက်က ရိုသေလေးစားစွာ ပြောဆိုသည်။
ထိုအကြီးအကဲ နှုတ်ဆက်ပြီးသည်နှင့် လုယွီအား သိရှိသူအားလုံးသည် ရိုလေလေးစားစွာဖြင့် သူ့အား လာရောက်၍နှုတ်ဆက်ကြသည်။
ဤလူငယ်လေးသည် လင်ရှောင်းဂိုဏ်း၏မဟာအကြီးအကဲတစ်ယောက် ဖြစ်နေသလော။
မကြာမီကမှ ဂိုဏ်းသို့ဝင်ရောက်ခဲ့ကြသူတချို့ကမူ လုယွီကို မသိကြသဖြင့် ကြက်သေသေနေကြသည်။
သို့ရာတွင် လုယွီ၏အံ့အားသင့်တုန်လှုပ်ဖွယ်စွမ်းအားကို သူတို့မြင်တွေ့ပြီးဖြစ်သဖြင့် ထိုကိစ္စရပ်အား ချွင်းချက်မရှိ လက်ခံမိလေသည်။
ဤကဲ့သို့ ကြောက်မယ်ဖွယ်ကောင်းသော ကျင့်ကြံသူမျိုးသည် မဟာအကြီးအကဲတစ်ယောက်ဖြစ်နေသဖြင့် လင်ရှောင်းဂိုဏ်း၏အနေအထားသည် ပို၍တည်ငြိမ်လာမည်ဖြစ်ပြီး ဂိုဏ်းဝင်များအားလုံး၏အခြေအနေသည်လည်း များစွာပို၍ တိုးတက်လာနိုင်သည်။
လုယွီက ခေါင်းညိမ့်ပြလိုက်သည်။အစောပိုင်းက သူလုပ်ခဲ့သမျှသည် သာမာန်ကာလျှံကာကိစ္စတစ်ခုအား လုပ်လိုက်သကဲ့သို့ သူ၏မျက်နှာက အမူအယာကင်းမဲ့နေသည်။
သူက ပိုင်ဆုချင်ထံသို့လျှောက်လှမ်းသွားပြီး ဆေးလုံးတစ်လုံးကိုထုတ်ယူကာ သူမ၏လက်အတွင်းသို့ ထည့်ပေးလိုက်၏။
"မင်း အခုချိန်မှာ ဒီမှော်နည်းစနစ်ကို အသုံးပြုမယ်ဆိုရင် တန်ပြန်ဒဏ်ခံစားရလိမ့်မယ်....သေရေးရှင်ရေးကိစ္စမဟုတ်ဘဲ ဒါကိုအသုံးမပြုနဲ့အုံး"
စကားလုံးရှစ်လုံးမန္တန်သည် မြောက်များစွာသောရှေးဟောင်းတာအိုအက္ခရာများကို လေ့လာခြင်းမှနတ်ဆိုးချိပ်ပိတ်သူနှင့်တာအိုသခင်တို့ နားလည်သဘောပေါက်မှုများကို စုစည်းထားသောမန္တန်ဖြစ်သည်။
အကယ်၍ ပိုင်ဆုချင်ထံ၌သာ နတ်ဆိုးချိပ်ပိတ်သူ၏သွေးမျိုးဆက်ရှိမနေပါက ဤမှော်မန္တန်အားအသုံးပြုရန် လွန်စွာခက်ခဲပေမည်။
ပိုင်ဆုချင်၏ပါးပြင် ရုတ်တရက် ရှက်သွေးဖြာနီမြန်းသွားပြီး လုယွီထံမှဆေးလုံးကိုယူကာ သူမ၏အနီရောင်နှုတ်ခမ်းလေးကိုဖွင့်ဟ၍ ဆေးလုံးကို သောက်သုံးလိုက်၏။
ထိုဆေးလုံး သူမ၏ခန္ဓာကိုယိအတွင်းရောက်ရှိသည်နှင့် ပိုင်ဆုချင်၏မျက်လုံး ချက်ချင်းတောက်ပသွားသည်။သူမ၏မရီးဒါန်းများအားလုံး ပူနွေးလာသည်ကို ခံစားမိပေ၏။သူမကုန်ဆုံးသွားခဲ့သော စွမ်းအားများသည်လည်း ပြန်လည်ပြည့်ဖြိုးလာသည်။
လုယွီသည် သူ၏နံဘေးပတ်ဝန်းကျင်မှ မောပန်းနွမ်းနယ်နေပုံရသော လင်ရှောင်းဂိုဏ်းမှတပည့်များကို ကြည့်လိုက်သည်။ထို့နောက် သူက မိုးကောင်းကင်ကို လက်ညှိုးညွှန်လိုက်ပြီးနောက် သူ၏သိုလှောင်အိတ်အတွင်းမှနေ၍ ဆေးလုံးတစ်လုံးက ပျံဝဲထွက်လာသည်။
လုယွီ၏မှော်စွမ်းအားများ ဆေးလုံးအတွင်းသို့ဝင်သွားသည်နှင့် ဆေးလုံး၏မျက်နှာပြင်အက်ကွဲသွားပြီး အလင်းတန်းများအဖြစ်သို့ ပြောင်းလဲကာ တိမ်များအတွင်းသို့ တိုးဝင်သွားသည်။
ဖြောက်...ဖြောက်...
မိုးစက်များ စတင်ကျဆင်းလာပြီးနောက် အချိန်တိုအတွင်းမှာပင် မိုးဖွဲလေးများ ရွာချလာသည်။
ထိုမိုးစက်များသည် လူများ၏ခန္ဓာကိုယ်များပေါ်သို့ ကျရောက်သည်နှင့် သူတို့၏နံဘေးပတ်ဝန်းကျင်တွင် ထူထပ်သောစိတ်ဝိညာဥ်စွမ်းအားများ ဝန်းရံထားသည်ကို ခံစားမိကြပြီး သူတို့၏ဒဏ်ရာများသည်လည်း အလျှင်အမြန်ပြန်လည်ကောင်းမွန်လာပေ၏။
"ဒါက...စိတ်ဝိညာဥ်မိုးလား"
"နှစ်တစ်ရာအတွင်းမှာ တစ်ကြိမ်ပဲ ဖြစ်ပွားလေ့ရှိတဲ့ သဘာဝလွန်ပုံရိပ်မျိုးကို ဆေးလုံးတစ်လုံးတည်းနဲ့ ဆင့်ခေါ်နိုင်တာလား...ဒီဆေးလုံးက ဘယ်လိုအဆင့်မျိုးပါလိမ့်"
လူတိုင်း အံ့အားသင့်တုန်လှုပ်နေကြပြီး သူတို့၏ကိုယ်ပိုင်အတွေးအခေါ်များပင် ပြောင်းလဲသွားကြ၏။
သူတို့၏ခန္ဓာကိုယ်များမှ ဒဏ်ရာများပျောက်ကင်းသွားသည့်အပြင် သူတို့ကြုံတွေ့နေရသည့် ကျင့်ကြံမှုအတားအဆီးများလည်း အနည်းငယ်ပြေလျော့သွားသည်။
မြောက်များစွာသောလူတို့သည် ထိုအခြေအနေကို အခွင့်ကောင်းယူ၍ မိုးရေများအတွင်း၌ ပလ္လင်ခွေထိုင်ကာ စတင်၍ကျင့်ကြံနေကြတော့သည်။
တစ်စုံတစ်ယောက်က အဆင့်ချိုးဖျက်လိုက်သည့် အသံကိုကြားရပြီးနောက် အချိန်တခဏအတွင်းမှာပင် လူအများ အဆင့်ချိုးဖျက်သည့်အသံများကို အဆက်မပြတ်ကြားနေရ၏။
"အကြီးအကဲလုက ရောက်ရောက်ချင်းမှာပဲ ငါတို့လင်ရှောင်းဂိုဏ်းကို လက်ဆောင်ကြီးပေးလိုက်တာပဲ....ငါက ဂိုဏ်းတစ်ဂိုဏ်းလုံးကိုယ်စား အကြီးအကဲလုကိုကျေးဇူးတင်ပါတယ်"
လင်ရှောင်းဂိုဏ်းချုပ်နှင့်အကြီးအကဲများက လုယွီကို ကျေးဇူးတင်ကြောင်း ပြောဆိုလိုက်ကြ၏။
အကယ်၍ လုယွီသာ ထွက်ပေါ်လာခြင်းမရှိပါက လင်ရှောင်းမြို့သည် ပျက်သုဥ်းရမည့်ဘေးမှ လွတ်မြောက်နိုင်မည်မဟုတ်ချေ။
"ဂိုဏ်းခေါင်းဆောင်...အကြီးအကဲရှင်း...နတ်ဘုရားအဆင့်ဝင်္ကပါပညာရှင်"
လုယွီကလည်း အကြီးအကဲများအား တုံ့ပြန်နှုတ်ဆက်လိုက်သည်။ထိုလူများသည် ယခင်က သူ့အား များစွာကူညီပေးခဲ့ဖူး၏။
"သခင်လေး...ဟိုလူတွေ ထွက်ပြေးသွားပြီ"
လုထျန်းကန်က လုယွီ၏နောက်၌ ထွက်ပေါ်လာသည်။
လုထျန်းကန်ကိုမြင်သည်နှင့် လင်ရှောင်းဂိုဏ်းချုပ်သည် သူ၏မသိစိတ်မှနေ၍ တုန်လှုပ်ချောက်ချားသွားသည်။သူသည် လုယွီ၏ကျင့်ကြံဆင့်ကို ထွင်းဖောက်၍ မမြင်နိုင်သော်လည်း လုထျန်းကန်သည် သိုင်းသူတော်စင်နယ်ပယ်နှောင်းပိုင်းအဆင့် ကျင့်ကြံသူဖြစ်သူဟု သူ အတိအကျပြောနိုင်ပေ၏။
ဤကဲ့သို့ အစွမ်းထက်ကျင့်ကြံသူပင်လျှင် လုယွီအား အလွန်လေးလေးစားစား ဆက်ဆံနေလေရာ ယခုလက်ရှိချိန်၌ လုယွီ၏ကျင့်ကြံဆင့် မည်မျှထိမြင့်မားနေသနည်း။
လုယွီက ခေါင်းညိတ်ပြပြီးနောက် အကြီးအကဲရှင်းအားကြည့်၍ သူသိလိုသောအရာကို တဲ့တိုးပင်မေးမြန်းလိုက်သည်။
"အကြီးအကဲရှင်း...ကျီးချန်ယွီ အခုဘယ်မှာလဲ"
Chapter 1402:ကျီးချန်ယွီ ဘယ်နေရာမှာလဲ
လုယွီ၏အမေးအား အကြီးအကဲရှင်းက အံ့အားသင့်သွားခြင်းမရှိချေ။
အကြီးအကဲရှင်း၏မျက်နှာပေါ်၌ ရှက်ရွံသွားသောအရိပ်အယောင် ထင်ဟပ်လာသည်။
"လွန်ခဲ့တဲ့ရက်အနည်းငယ်လောက်တုန်းက...ငါက ဝင်္ကပါပညာရပ်ကို တံခါးပိတ်လေ့လာနေပြီး မိန်းကလေးချန်ယွီကို ဂရုစိုက်ဖို့ မေ့လျော့သွားခဲ့တယ်...သူက ငါမသိအောင် အပြင်ကိုခိုးထွက်သွားခဲ့တယ်...ဆရာတစ်ယောက်ဖြစ်နေပြီးတော့ ငါ သူ ဘယ်သွားတယ်ဆိုတာ မသိခဲ့ရဘူး"
လုယွီက မျက်မှောင်ကြုတ်လိုက်သည်။
"သူက ခိုးထွက်သွားတာလား"
"တစ်ယောက်ယောက်က ဂျူနီယာညီမလေးချန်ယွီကို ပစ်မှတ်ထားနေမှာကို ငါ စိုးရိမ်မိတယ်"
ပိုင်ဆုချင်က ရုတ်တရက် ဝင်ရောက်ပြောဆိုပြီး ဖြစ်စဥ်တစ်ခုလုံးကို လုယွီအား ရှင်းပြလေ၏။
ကျီးချန်ယွီသည် တိုက်ရိုက်တပည့်တစ်ယောက်ဖြစ်သဖြင့် ဂိုဏ်းမှထွက်ခွါခြင်း မထွက်ခွါခြင်းသည် သူမ၏လွတ်လပ်ခွင့်သာဖြစ်သည်။သို့ရာတွင် လွန်ခဲ့သောရက်အနည်းငယ်ခန့်က လင်ရှောင်းဂိုဏ်းအတွင်းရှိ ကျီးချန်ယွီ၏အသက်မီးအိမ်သည် ရုတ်တရက် မှေးမှိန်လာသည်။ထိုကိစ္စသည် လင်ရှောင်းဂိုဏ်းတစ်ဂိုဏ်းလုံး၏အာရုံကို ဆွဲဆောင်နိုင်ရုံသာမက အကြီးအကဲရှင်းပင်လျှင် သတိပြုမိသွားပြီး တံခါးပိတ်လေ့လာနေရာမှ ထွက်လာခဲ့ရ၏။
လင်ရှောင်းဂိုဏ်းသည် နည်းလမ်းများစွာကို အသုံးပြုခဲ့သော်လည်း ကျီးချန်ယွီသည် လောကကြီးနှင့် အဆက်အသွယ်ပြတ်တောက်နေပုံရသည်။ယခုချိန်၌ သူမ မည်သည့်နေရာ၌ရှိနေသည်ကို ရှာဖွေနိုင်ခြင်းမရှိချေ။
မကြာသေးမီက အစေခံတစ်ယောက်သည် ကျီးချန်ယွီ၏အခန်းအား ဝင်ရောက်၍သန့်ရှင်းရေးလုပ်ရာတွင် အိပ်ယာအောက်၌ဝှက်ထားသည့် စာတစ်စောင်ကို ရှာဖွေတွေ့ရှိခဲ့သည်။
ထိုစာအတွင်း၌ ကျီးချန်ယွီ၏ဖခင်သည် အသက်ရှင်ရက်ရှိနေပြီး အနောက်ပိုင်းခြင်္သေ့နယ်မြေ၏တစ်နေရာ၌ ပုန်းအောင်းနေကြောင်းပါရှိသည်။
ထိုစာနှင့်အတူ ကျီးချန်ယွီဖခင်၏တံဆိပ်ပြားပါဝင်ပုံရသော်လည်း စာအိတ်အတွင်း၌ မတွေ့ရတော့ချေ။ကြည့်ရသည်မှာ သူမက ထိုအရာအား ယူဆောင်သွားပုံရသည်။
လုယွီက အကြီးအကဲရှင်းအား ကြည့်၍မေးမြန်းသည်။
"အကြီးအကဲရှင်း...ကျီးချန်ယွီရဲ့ဖခင်က အသက်ရှင်နေသေးတာလား"
အကြီးအကဲရှင်းက သက်ပြင်းတစ်ချက်ရှိုက်လိုက်သည်။
"ပြန်တွေးကြည့်ရင် အဲ့ဒီအချိန်တုန်းက ကျီးချန်ယွီက ငယ်သေးတော့ သူက ဘာမှမသိသေးဘူး....ညီအကိုကျီးက လုံဝူကျီးရဲ့ဖမ်းဆီးတာကိုခံရပြီး မကြာမီမှာပဲ ကွပ်မျက်ခံခဲ့ရတာ...လုံဝူကျီးက စိတ်သဘောထားသေးသိမ်တဲ့သူ...ဘယ်လိုလုပ်ပြီး ညီအကိုကျီးကို လောကကြီးထဲမှာ အသက်ရှင်ရက် ထားထားမှာလဲ"
လုံဝူကျီးဟုဆိုသလော...။
လုယွီ၏မျက်လုံးအတွင်း၌ အေးစက်စက်အလင်းရောင်များ ဖြတ်ပြေးသွားသည်။
ပြန်တွေးကြည့်ပါက လုံဝူကျီးသည် လုယွီနောက်သို့ လိုက်လံ၍ဖမ်းဆီးခဲ့ဖူးသည်။အကယ်၍ သူကြောင့်သာမဟုတ်ပါက လုယွီသည် အလွန်အန္တရာယ်များသော လေဟာနယိအက်ကြောင်းအတွင်းသို့ဝင်ရောက်ပြီး မြောက်ပိုင်းနယ်မြေသို့ ရောက်ရှိသွားမည်မဟုတ်ချေ။
သို့ရာတွင် ယခုလက်ရှိချိန်၌ ကျီးချန်ယွီကိုရှာဖွေရန်ကသာ အရေးအကြီးဆုံးကိစ္စဖြစ်သည်။သူနှင့်လုံဝူကျီးကြားမှ ရန်ငြှိုးအတွက်ကမူ သူ အချိန်အတိုင်းအတာတစ်ခုထိ ဘေးဖယ်ထားရပေမည်။
လုယွီက လေးနက်သောလေသံဖြင့် ပြောဆိုသည်။
"ဒါဆို...သူက အနောက်ပိုင်းခြင်္သေ့နယ်မြေထဲမှာ ရှိနေနိုင်တာလား"
ပိုင်ဆုချင်က ခေါင်းညိတ်ပြပြီး စိုးရိမ်ပူပန်တကြီးပြောဆိုလေ၏။
"ငါတို့က သူ့ကိုသွားရှာဖို့စီစဥ်ထားပေမယ့် အနောက်ပိုင်းခြင်္သေ့နယ်မြေကလူတွေက ရုတ်တရက်ကြီး ငါတို့ကို ဝင်ရောက်တိုက်ခိုက်ခဲ့တယ်...ငါတို့မှာလည်း ရွေးချယ်စရာမရှိတော့ဘဲနဲ့ တိုက်ခိုက်မှုကို အရင်ဆုံးရင်ဆိုင်ခဲ့ရတယ်"
အနောက်ပိုင်းခြင်္သေ့နယ်မြေ....
လုယွီသည် ကျိုးပဲ့နေသောကျောက်စိမ်းအဆောင်လက်ဖွဲ့ကို သူ၏လက်ပေါ်၌ တင်ထားပြီးနောက် သူ၏စိတ်ဝိညာဥ်စွမ်းအားကို အမြင့်ဆုံးအခြေအနေထိထုတ်လွှက်ကာ ကျီးချန်ယွီ၏အကြွင်းအကျန်အရှိန်အဝါကို အာရုံခံလိုက်သည်။
အနောက်ပိုင်းခြင်္သေ့နယ်မြေသည် လင်ရှောင်းမြို့နှင့် မိုင်ပေါင်းထောင်ချီကွာဝေးသောနေရာ၌ တည်ရှိသည်။
အဆင့်နိမ့်နယ်မြေ၏'မိုးကောင်းကင်တာအို'၏ လွှမ်းမိုးမှုကြောင့် လုယွီ၏နတ်ဘုရားစ်တ်အာရုံသည် အလွန်ကွာဝေးသောနေရာအထိ မရောက်နိုင်ချေ။
"ကြည့်ရတာတော့ အလယ်ပိုင်းကုန်းမြေကို ငါ ခရီးတစ်ခေါက်ထွက်ရအုံးမယ်ထင်တယ်"
လုယွီက မတ်တတ်ထရပ်ပြီး သူ၏လက်ချောင်းများဖြင့် လက်သင်္ကေတတစ်ခုကို ဖွဲ့စည်းလိုက်သည်။သူ၏လက်အတွင်း၌ ရွှေရောင်အဆောင်လက်ဖွဲ့တစ်ခု သိပ်သည်းလာပေ၏။
ထိုအဆောင်လက်ဖွဲ့မှနေ၍ မြောက်မြားစွာသော ရွှေရောင်အလင်းတန်းများ ဖြာထွက်နေသည်။လုယွီက လက်ဆန့်ထုတ်ပြီး ရွှေရောင်အဆောင်လက်ဖွဲ့ကို လင်ရှောင်းမြို့နံရံပေါ်သို့ ခတ်နှိပ်လိုက်သည်။
ဝီ....
တိုးညှင်းသောအသံတစ်သံနှင့်အတူ လင်ရှောင်းမြို့ရိုးတစ်ခုလုံး အနည်းငယ်တုန်ခါသွားသည်။
မြို့ရိုး၏အုတ်ချပ်နှင့်ကျောက်တုံးတိုင်း၏ မျက်နှာပြင်ပေါ်တွင် အလွန်မျက်စိပသာဒဖြစ်ဖွယ် သင်္ကေတပုံစံတစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်။
ရွှေရောင်သင်္ကေတထွက်ပေါ်လာမှုနှင့်အတူ မူလက ပျက်စီးပြိုလဲလုမတက်ဖြစ်နေသော မြို့ရိုးပြန်လည်ကောင်းမွန်လာပြီး ပို၍ပင်တောင့်တင်းခိုင်မာသွားပေ၏။
"လင်ရှောင်းမြို့ရိုးကို ဘိုးဘေးလီသောက်ရီနဲ့ လေလွင့်အင်မော်တယ်တွေအများကြီး အတူပူးပေါင်းပြီး ပြုလုပ်ခဲ့ကြတာ...တစ်ယောက်ယောက်က လက်တစ်ဖက်တည်းနဲ့ ပြုပြင်နိုင်မယ်လို့ မျှော်လင့်မထားမိဘူး"
လူအများက တုန်လှုပ်ချောက်ချားနေသည်။
တည်ဆောက်ခြင်းသည် လွယ်ကူသော်လည်း ပြန်လည်ပြုပြင်ရန်မှာ အလွန်ခက်ခဲသည်။
ထို့ပြင် ဤသည်က ရိုးရှင်းသောမြို့ရိုးမဟုတ်ချေ။မြို့ရိုးအတွင်း၌ ဝင်္ကပါကြီးနှင့်ဝင်္ကပါငယ်တချို့ကို ထည့်သွင်းတည်ဆောက်ထားသည်။အကယ်၍ တစ်စုံတစ်ယောက်သည် သတိလက်လွတ်ပြုမူမိပါက မြို့ရိုးတစ်ခုလုံး ပြိုလဲကျသွားပေမည်။
သို့ရာတွင် ယခုလက်ရှိချိန်၌ လုယွီသည် လက်တစ်ဖက်ဝှေ့ယမ်းလိုက်ရုံဖြင့် မြို့ရိုးအား ပြန်လည်ပြုပြင်ပြီးဖြစ်သွားသည်။
"လုထျန်းကန်...မင်းက လင်ရှောင်းမြို့ကိုစောင့်ကြပ်ပြီးနေခဲ့"
လူအားလုံး၏အသိစိတ် ပြန်မဝင်လာသေးမီမှာပင် လုယွီ၏ပုံရိပ်က အဝေးသို့ပျံဝဲကာ ပျောက်ကွယ်သွားတော့သည်။
Chapter 1403:စစ်ကူရှာဖွေခြင်း
ဤအချိန်တွင် အလယ်ပိုင်းကုန်းမြေ၏နေရာတစ်နေရာ၌ ကျင့်ကြံသူနှစ်ယောက်သည် မှော်ပညာများဖြင့် တိုက်ခိုက်နေကြ၏။သူတို့နှစ်ယောက်လုံးသည် မှော်ရတနာများဖြင့် တိုက်ခိုက်နေကြရာ ပတ်ဝန်းကျင်နေရာတစ်ခုလုံး မီးများဖြင့်ပူပြင်းလောင်ကျွမ်းနေသည်။
ရုတ်တရက် မူလက တိတ်ဆိတ်ငြိမ်သက်နေသောမြေပြင်ပေါ်တွင် နတ်ဆိုးသားရဲများ၏ကျယ်လောင်သောဟိန်းဟောက်သံကြီးများ မြည်ဟီးလာသည်။
မူလကတိုက်ခိုက်နေကြသော ကျင့်ကြံသူနှစ်ယောက်သည် အသံလာရာဘက်သို့ တပြိုင်နက်တည်း လှည့်ကြည့်လိုက်ကြ၏။
သူတို့လှည့်ကြည့်လိုက်စဥ်တွင် အမှုမဲ့အမှတ်မဲ့သာဖြစ်သော်လည်း သူတို့နှစ်ယောက်လုံး၏မျက်နှာများ တပြိုင်နက်တည်း ပျက်ယွင်းသွားသည်။
"ရပ်ကြရအောင်"
"ကောင်းပြီလေ"
သူတို့သည် ယခင်က သူတို့နှစ်ယောက်ကြားမှ ရန်ငြှိုးများကို စွန့်လွှက်၍ သဲခုံတစ်ခု၏နောက်၌ အလျှင်အမြန် ပုန်းအောင်းလိုက်ကြသည်။
ပတ်ဝန်းကျင်နေရာတစ်ခုလုံးသည် သဲကန္တရကွင်းပြင်ကျယ်ကြီးဖြစ်သဖြင့် သူတို့က ပုန်းအောင်းရန်အလျင်စလို နေရာရှာခဲ့ရသည်။သူတို့က ပုန်းအောင်းပြီးသည့်တိုင် လစ်ဟာနေသောနေရာများ ရှိနေဆဲပင်။
ဘုန်း...ဘုန်း...ဘုန်း...
နတ်ဆိုးသားရဲအုပ်စုတစ်စုသည် မိုးကုပ်စက်ဝိုင်းအတွင်း၌ ရုတ်တရက်ထွက်ပေါ်လာသည်။ထိုနတ်ဆိုးသားရဲတစ်ကောင်စီ၏နောက်ကျောပေါ်တွင် ကျင့်ကြံသူတစ်ယောက် လိုက်ပါလာကြ၏။
ထိုလူစု၏နောက်တွင် အနောက်ပိုင်းခြင်္သေ့နယ်မြေ တော်ဝင်မိသားစု၏ အထိမ်းအမှတ်င်္သေတဖြစ်သော ဝံပုလွေအလံတံခွန်က လေထုအတွင်း လူးလွန့်နေသည်။
"ဒါက အနောက်ပိုင်းခြင်္သေ့နယ်မြေက လူတွေပဲ"
"ဆိုးလိုက်တာ...ငါ ဒီနေ့ အပြင်ထွက်မလာခင် ဘာလို့ကံကြမ္မာကို မစစ်ဆေးခဲ့မိတာလဲ...ဒီလိုလူတွေနဲ့များ လာတွေ့ရတယ်လို့ကွာ"
ကျင့်ကြံသူနှစ်ယောက်သည် အဆက်မပြတ် ညည်းတွားပြောဆိုနေကြ၏။
ယခုလက်ရှိချိန်၌ အနောက်ပိုင်းခြင်္သေ့နယ်မြေစစ်တပ်သည် အလယ်ပိုင်းကုန်းမြေ၏ ဂိုဏ်းကြီးများစွာကို အနိုင်ယူခဲ့ပြီးဖြစ်သည်။နာမည်ကျော်ကြားသော ဂိုဏ်းကြီးတချို့ပင်လျှင် အနောက်ပိုင်းခြင်္သေ့နယ်မြေ၏သံမဏိစစ်တပ်အောက်တွင် အမှုန်အမွှားများဖြစ်သွားခဲ့ရပြီး လေလွင့်ကျင့်ကြံသူများသာလျှင် ကျန်ရှိတော့သည်။
အကယ်၍ သူတို့သည် အနောက်ပိုင်းခြင်္သေ့နယ်မြေကျင့်ကြံသူများနှင့် ရင်ဆိုင်ရပါက သေဆုံးခြင်းကသာ အကောင်းဆုံးရလဒ်ဖြစ်ပေမည်။
ထိုသို့မဟုတ်လျှင် အကယ်၍ သူတို့သာ အနောက်ပိုင်းခြင်္သေ့နယ်မြေမှလူများ၏ ဖမ်းဆီးခြင်းခံရပါက စစ်ကျွန်အဖြစ် ဆက်ဆံခံရမည်ဖြစ်ပြီး သေသည်အထိ နှိပ်စက်ညှင်းပန်းခံရပေမည်။
အနောက်ပိုင်းခြင်္သေ့နယ်မြေစစ်တပ်မှ နတ်ဆိုးသားရဲများ၏ ခြေသံများ နီးကပ်သထက်ပို၍ နီးကပ်လာသည်။ထိုသားရဲထံမှ တုန်လှုပ်ချောက်ချားဖွယ်အရှိန်အဝါများကိုပင် သူတို့ ခံစားနေရ၏။
ထိုကျင့်ကြံသူနှစ်ယောက်သည် စိတ်ဝိညာဥ်ပြိုလဲလုမတက် အလွန်အမင်း ထိတ်လန့်ကြောက်ရွံနေကြသည်။သူတို့က ထွက်ပြေးရန်ဟန်ပြင်နေသော်လည်း အနောက်ပိုင်းခြင်္သေ့နယ်မြေစစ်တပ်သည် သူတို့နံဘေးမှဖြတ်သွားသည့်တိုင် သူတို့အား စောင်းငဲ့၍ကြည့်သွားခြင်းပင်မရှိချေ။
"သူတို့က ဂိုဏ်းတစ်ခုကိုသွားပြီးတိုက်ခိုက်မှာမလို့များလား...သူတို့ ဘာလို့ ဒီလောက်ထိ အလျင်လိုနေပါလိမ့်"
ကျင့်ကြံသူတစ်ယောက်က အံ့အားသင့်စွာဖြင့် ပြောဆိုသည်။
"ပါးစပ်ပိတ်ထားပြီး ပြေးတော့လေ...မင်းက ဒီနေရာမှာပဲဆက်နေပြီး အသတ်ခံချင်နေတာလား"
တခြားကျင့်ကြံသူသည် အော်ငေါက်ပြီး အစောပိုင်းက သူတို့နှစ်ယောက်ကြား တိုက်ခိုက်ခဲ့သည့်ကိစ္စကို အပြည့်အဝ လျစ်လျှူရှုလိုက်တော့သည်။
အမှန်အားဖြင့် စစ်တပ်ဖွဲ့စည်းပုံ၏ အလယ်ဗဟို၌ရှိနေသော ပဥ္စမမင်းသားသည် လေလွင့်ကျင့်ကြံသူ နှစ်ယောက်ကို အာရုံစိုက်ရန် အချိန်မရှိချေ။
လုယွီ၏ ခြိမ်းခြောက်ခြင်းခံရပြီးနောက် ပဥ္စမမင်းသားသည် သူ၏ စစ်တပ်ကို ခေါ်ဆောင်၍ လင်းရှောင် ဂိုဏ်းနှင့် မိုင်ရာချီ ကွာဝေးသော အရပ်အထိ ထွက်ပြေးခဲ့သည်။
"အရှင့်သား...ကျွန်တော်တို့ ဒီထက်ပိုပြီး ဆက်မသွားနိုင်တော့ဘူး"
တပ်မှူးတစ်ယောက်က လေသံယဲ့ယဲ့ဖြင့် ပြောဆိုသည်။
ယခု လက်ရှိအချိန်၌ ပဥ္စမမင်းသားသည် ကြောက်ရွံ့မှု့များ ဖိစီးနေသဖြင့် သူက ကျယ်လောင်စါာ အော်ငေါက်လိုက်၏။
"ဘာလို့ မင်းတို့က ဆက်မသွားနိုင်တာလဲ...မင်းတို့ကိုလာသတ်မဲ့လူကို စောင့်နေချင်တာလား"
"အဲ့ဒီလူက ဒီလောက်ထိကြီးမားတဲ့ ဓမ္မရုပ်ထုကိုတောင် ပုံဖော်နိုင်တယ်...သူက လေလွင့်အင်မော်တယ်နယ်ပယ်ကျင့်ကြံသူပဲဖြစ်မယ်...အဲ့ဒီလိုလူမျိုးက ငါတို့ခုခံတိုက်ခိုက်နိုင်မယ့်သူမျိုးမဟုတ်ဘူး"
"ဒါပေမယ့် ကျွန်တော်တို့ အလယ်ပိုင်းကုန်းမြေကို ဝင်ရောက်လာကတည်းက ဘယ်သူကိုမှ ရှောင်မပြေးဖူးဘူး...အခုချိန်မှာ ကျွန်တော်တို့က စစ်တပ်ကိုခေါ်ဆောင်ပြီး ပြန်သွားမယ်ဆိုရင် ကျွန်တော်တို့စစ်ရှုံးနိမ့်ပြီးပြန်လာတယ်လို့ တခြားသူတွေက ထင်ကြလိမ့်မယ်"
ပဥ္စမမင်းသား၏မျက်နှာသည် ချက်ခြင်းဆိုသလို တည်ငြိမ်စပြုလာသည်။
ကျင့်ကြံခြင်းနိုင်ငံတစ်နိုင်ငံဖြစ်သဖြင့် အနောက်ပိုင်းခြင်္သေ့နယ်မြေတော်ဝင်မိသားစုတွင် မင်းသားတစ်ပါးမကရှိနေသည်။မင်းသားအားလုံးသည် နန်းမွေကိုဆက်ခံနိုင်ရန် တိုက်ပွဲအတွင်းပါဝင်ကြရ၏။အကယ်၍ သူသာ ဤနေရာမှထွက်ပြေးလာရကြောင်း သတင်းရသွားပါက သူ့အားတစ်စုံတစ်ယောက်မှ ဖမ်းချုပ်ပြီး နန်းမွေဆက်ခံရန်ပင် အခွင့်အရေးရမည်မဟုတ်ချေ။
"ဒါဆို မင်းပြောပါအုံး...ငါတို့ ဘာလုပ်သင့်လဲ"
ပဥ္စမမင်းသားက စိတ်လှုပ်ရှားစွာဖြင့် မေးမြန်းသည်။
တပ်မှူးက ပြောဆိုလေ၏။
"ဒီနေရာမှာပဲ ကျွန်တော်တို့စစ်တပ်ကို ဆက်ပြီးစခန်းချထားမယ်...ပြီးတော့ ကူးပြောင်းရေးဝင်္ကပါကို ခင်းကျင်းပြီး အရှင်မင်းကြီးထံကို အမှန်အတိုင်း သတင်းပို့ကြရအောင်...ဒါဆိုရင် အရှင်မင်းကြီးက ထိပ်သီးကျင့်ကြံသူတွေ စေလွှက်လိုက်လိမ့်မယ်...လင်ရှောင်းဂိုဏ်းက အစွမ်းထက်ကျင့်ကြံသူ ထွက်သွားတာနဲ့ ကျွန်တော်တို့က အခြေအနေကိုအခွင့်ကောင်းယူပြီး တိုက်ခိုက်ကြရအောင်"
သူတို့ ဤမျှထိ ခေါင်းမာနေရသည့်အကြောင်းအရင်းမှာ လင်ရှောင်းဂိုဏ်းအား တက်နိုင်သမျှမြန်မြန် သိမ်းပိုက်လိုသောကြောင့်ဖြစ်သည်။
အလယ်ပိုင်း ကုန်းမြေ၏ အင်အားအကောင်းဆုံး ဂိုဏ်းဖြစ်သော လင်ရှောင်းဂိုဏ်းကိုသာ သူတို့ ဖျက်စီးနိုင်ပါက ကြီးမားသော အောင်မြင်မှု့ကြီး ဖြစ်ပေမည်။ထိုအောင်မြင်မှု့ကြောင့် ပဥ္စမမင်းသား နန်းမွေဆက်ခံနိုင်သည့် အခွင့်အရေးမှာလည်း အကြီးအကျယ် တိုးမြင့် လာနိုင်ပေ၏။
ပဥ္စမမင်းသား၏ မျက်လုံးများ တောက်ပသွားသည်။
"မင်းပြောသလို လုပ်ကြရအောင်"
Chapter 1404:တော်ဝင်နန်းတော်သို့အပြန်
ထိုနောက် ဝင်္ကဘာ ပညာရှင်တစ်ယောက်သည် ပဥ္စမမင်းသားအတွက် ကူးပြောင်းရေး ဝင်္ကဘာတစ်ခုအား ချက်ခြင်းပင် ခင်းကျင်းပေးခဲ့၏။ထိုဝင်္ကဘာပညာရှင်သည် မူလက နတ်ဘုရားအဆင့် ဝင်္ကဘာပညာရှင်အား ရင်ဆိုင်ရန် လိုက်ပါလာခဲ့ခြင်း ဖြစ်သည်။
သို့ရာတွင် ယခုလက်ရှိအချိန်၌ သူ၏ပြိုင်ဘက်ဖြစ်သူနှင့် ရင်ဆိုင်တွေ့ဆုံရခြင်းမရှိသေးမီမှာပင် နောက်ဆုတ်၍ထွက်ပြေးခဲ့ရသည်။
ဤနေရာသည် အနောက်ပိုင်းခြင်္သေ့နယ်မြေနှင့် အလွန်ကွာဝေးသောအရပ်တွင်တည်ရှိပြီး နယ်စပ်နှစ်ခုကြားတွင် လေဟာနယ်အက်ကွဲကြောင်းများလည်းရှိနေသည်။
အထီးကျန် နတ်ဘုရားလှေ မရှိသဖြင့် ဝင်္ကဘာပညာရှင်၏ ကူးပြောင်းရေး ဝင်္ကဘာအကန့်အသတ်သည် ပဥ္စမမင်းသား တစ်ယောက်တည်းအား ကူးပြောင်း ပို့ဆောင် ပေးနိုင်ယုံသာ ရှိသည်။
"အရှင့်သား...တော်ဝင်နန်းတော်ကိုပြန်ရောက်တာနဲ့ ဒီအကြောင်းတွေကို ဘယ်မင်းသားကိုမှမပြောပါနဲ့...အရှင်မင်းကြီးဆီကိုသာ ထိပ်သီးကျင့်ကြံသူတွေ စစ်ကူပို့ပေးဖို့ တိုက်ရိုက်အကူအညီတောင်းခံပါ...လျှို့ဝှက်ဆန်းကြယ်တဲ့ပုဂ္ဂိုလ်အကြောင်းကိုလည်း အရှင့်သားက အထူးအလေးပေးပြီး ပြောဆိုရမယ်...မဟုတ်ရင် အရှင်မင်းကြီးက စစ်ကူပို့ပေးမှာမဟုတ်ဘူး"
ပဥ္စမမင်းသား မထွက်ခွာမှီ တပ်မှူးက ထပ်တလဲလဲ မှာကြားနေသည်။
ပဥ္စမမင်းသားက စိတ်မရှည်သေည လေသံဖြင့် ပြန်လည်ပြောဆိုသည်။
"ကောင်းပြီလေ...ငါ သိပြီ"
မြောက်များစွာသော အလင်းတန်းများ ထွက်ပေါ်လာပြီးနောက် ပါတ်ဝန်းကျင်ရှိ လောဟာနယ်သည် တွန့်လိမ်စပြုလာသည်။ထို့နောက် ပဥ္စမမင်းသား၏ ပုံရိပ်သည် ကူးပြောင်းရေး ဝင်္ကဘာအတွင်းမှနေ၍ ပျောက်ကွယ်သွားတော့သည်။
အမွှေးတိုင် တစ်တိုင် လောင်ကျွမ်းချိန်ခန့် ကြာပြီးနောက် ပဥ္စမမင်းသားသည် အနောက်ပိုင်း ခြင်္သေ့နယ်မြေ၏ နယ်စပ်၌ ထွက်ပေါ်လာသည်။
"ငါတို့နယ်မြေထဲကို ဘယ်ကောင်က ကျူးကျော်ဝင်လာတာလဲ"
နယ်စပ်အားစောင့်ကြပ်နေသောစစ်သားများသည် ချုံပုတ်များအတွင်းမှထွက်လာပြီး ဒေါသတကြီးအော်ဟစ်လိုက်ကြ၏။
သို့ရာတွင် သူတို့က ပဥ္စမမင်းသားကိုမြင်သည်နှင့် ချက်ခြင်းဆိုသလိုပင် ဒူးဌောက်ပြီး အရိုအသေ ပြုလိုက်ကြသည်။
"အရှင့်သားကို ဂါရဝပြုပါတယ်"
ပဥ္စမမင်းသားက သူ၏လက်ကို ဝှေ့ရမ်းလိုက်သည်။
"ဒီနေ့...မင်းတို့ထဲက ဘယ်သူမှ ငါ့ကိုမမြင်ဘူး...ငါ ပြောတာ နားလည်ကြလား"
"အမိန့်အတိုင်းပါ"
အစောင့်စစ်သားများအားလုံး ထွက်ခွာသွားမှသာ ပဥ္စမမင်းသားက စိတ်သက်သာရာ ရသွားသည်။
လင်ရှောင်းမြို့ရိုးရှေ့၌ ထွက်ပေါ်လာသော ရွှေရောင်လူဘီလူးကြီးသည် အလွန်အစွမ်းထက်သော်လည်း ဤနေရာ၌ ထိုပုဂ္ဂိုလ်၏ခွန်အားမှာ အကန့်အသတ်ရှိပေမည်။
သူသည် အနောက်ပိုင်းခြင်္သေ့နယ်မြေ၏မြေပြင်ပေါ်၌ မတ်တတ်ရပ်နေခြင်းဖြစ်သည်။အနောက်ပိုင်းခြင်္သေ့နယ်မြေ၏တော်ဝင်နန်းတွင်းသည် ရပ်တည်နေသည်မှာ အချိန်အတော်ကြာမြင့်နေပြီဖြစ်ပြီး နောက်ကွယ်၌ မရေမတွက်နိုင်သော ထိပ်သီးကျင့်ကြံသူများ ရှိနေသည်။အကယ်၍ ထိုအစွမ်းထက်ကျင့်ကြံသူ ဤနေရာသို့ရောက်လာခဲ့လျှင်ပင် အသက်ရှင်ရက်ပြန်လည်ထွက်ခွါနိုင်မည်မဟုတ်ချေ။
အနောက်ပိုင်းခြင်္သေ့နယ်မြေ၏တော်ဝင်နန်းတော်၌...
နဝမမင်းသားသည် သူ၏ဖခမည်းတော်ကိုတွေ့ဆုံရန် နန်းတွင်းသို့ ခိုးကြောင်ခိုးဝှက်ဝင်ရောက်ခဲ့သည်။
"အရှင့်သား...အရှင်မင်းကြီးက ဒီမနက်မှာပဲ ယဇ်ပလ္လင်ဆီကို ထွက်ခွါသွားတယ်...နန်းတွင်းမှာမရှိပါဘူး"
နန်းတော်အတွင်းမှ မိန်းမစိုးတစ်ယောက်က တီးတိုးပြောဆိုလိုက်သည်။
ယဇ်ပလ္လင်ဟု ဆိုသလော...
ပဥ္စမမင်းသားက မျက်မှောင်ကြုတ်လိုက်၏။
"ဒီနေ့က နေ့ထူးနေ့မြတ်လည်း မဟုတ်ဘူးလေ...ဖခမည်းတော်က ဘာလို့ယဇ်ပလ္လင်ကို သွားတာလဲ"
အဓိကပွဲတော်တချို့ကိုသာ အနောက်ပိုင်းခြင်္သေ့နယ်မြေ၏ဘုရင်သည် တော်ဝင်မိသားစုကို ခေါ်ဆောင်၍ ဝန်ကြီးများနှင့်အတူ ဝတ်ပြုကိုးကွယ်ရန် ယဇ်ပလ္လင်ထံသို့သွားရောက်သည်။
မိန်းမစိုးက တီးတိုးပြောဆိုသည်။
"အရှင်မင်းကြီးက အလယ်ပိုင်းကုန်းမြေကမိန်းကလေးတစ်ယောက်ကို ဖမ်းထားတယ်လို့ ကျွန်တော်ကြားထားတယ်...အဲ့ဒီမိန်းကလေးမှာ အထူးခန္ဓာကိုယ်ဖွဲ့စည်းတည်ဆောက်ပုံရှိနေတယ်...ပုရောဟိတ်ကြီးက အဲ့ဒီမိန်းကလေးကို နတ်ဘုရားတွေဆီ ယဇ်ပူဇော်မယ်ဆိုရင် ကောင်းချီးပေးခံရမယ်တဲ့"
ပဥ္စမမင်းသားသည် သူ၏ စိတ်နှလ့ုးသား အတွင်းမှနေ၍ လှောင်ပြောင် သရော်နေပေ၏။
"အဲ့ဒီနတ်ဆရာအုပ်စုကတော့ တကယ်ကို သူတို့လုပ်ချင်တာမှန်သမျှ လုပ်နေကြတာပဲ"
သူသည် နတ်ဘုရားများအား တစ်စိုးတစိမျှယုံကြည်ခြင်းမရှိချေ။သို့ရာတွင် အနောက်ပိုင်းခြင်္သေ့နယ်မြေမှလူအများစုသည် နတ်ဘုရားများအား သက်ဝင်ယုံကြည်ကြပြီး သူ၏ဖခမည်းတော်ပင်လျှင် နတ်ဘုရားများ၏သစ္စာရှိယုံကြည်ကိုးကွယ်သူဖြစ်သည်။
ပဥ္စမမင်းသားသည် သူ၏စိတ်နှလုံးသားအတွင်းမှ လှောင်ပြောင်သရော်နေသော်လည်း အပေါ်ယံတွင်မူ သူ ထိုကိစ္စအား မပြသဝံ့ချေ။
မြို့တော်၏အနောက်ဘက်၌...
တောင်စောင်းပေါ်၌ စေတီတစ်ဆူ ရှိနေသည်။ထိုစေတီသို့သွားရောက်ရန် ရှည်လျားသောတောင်တက်လမ်းရှိပြီး ယခုလက်ရှိအချိန်၌ လမ်းတလျှောက်လုံးအား နန်းတော်စောင့်များက စောင့်ကြပ်နေပေ၏။စေတီထံမှ မန္တန်ရွတ်ဆိုသံထွက်ပေါ်နေပြီး ပတ်ဝန်းကျင်နေရာအနီးတဝိုက်၌ အနက်ရောင်အခိုးအငွေ့များ ပို၍ပို၍ များပြားလာသည်။
စေတီ၏ပထမထပ်ရှိ ပင်မခန်းမအတွင်းတွင် အမှောင်ထုက အပြည့်အဝလွှမ်းခြုံထားပြီး ညလင်းပုလဲတချို့သာလျှင် မှိန်ပျပျတောက်ပနေသည်။
ဤအချိန်တွင် ခန်းမ၏အလယ်ဗဟိုရှိ ယဇ်ပလ္လင်ပေါ်၌ ကြီးမားသောအနက်ရောင်ခေါင်းတလားတစ်လုံး ရှိနေပေ၏။
ထိုအနက်ရောင်ခေါင်းတလားအတွင်းတွင် မိန်းကလေးတစ်ယောက်က ငြိမ်သက်စွာ လဲလျောင်းနေသည်။ထိုမိန်းကလေး၏မျက်လုံးများက ပိတ်နေပြီး သူမ၏ရှည်လျားသောမျက်တောင်များက စင်းကျနေပေ၏။သူမ၏လှပသောမျက်နှာလေးကို ကြည့်ရသည်မှာ နှစ်ခြိုက်စွာအိပ်မောကျနေပုံရသည်။
သူမသည် လင်ရှောင်းဂိုဏ်းမှပျောက်ဆုံးနေသော ကျီးချန်ယွီပင်။
"ပုရောဟိတ်ကြီး...နတ်ဘုရားတွေကို ဆက်သွယ်နိုင်ဖို့ အချိန်ဘယ်လောက်ကြာအုံးမှာလဲ"
ယဇ်ပလ္လင်၏အောက်တွင်ထိုင်နေသော အနောက်ပိုင်းခြင်္သေ့နယ်မြေ၏ဘုရင်က လေးလေးစားစား မေးမြန်းလေသည်။
Chapter 1405:ယဇ်ပူဇော်ခြင်း
အနက်ရောင်ခေါင်းတလား၏နံဘေးမှနေ၍ ပုရောဟိတ်ကြီးက ဖြည်းညှင်းစွာထွက်လာပြီး အက်ရှရှအသံဖြင့် ပြောဆိုသည်။
"ငါက နတ်ဘုရားတွေနဲ့ဆက်သွယ်ပြီးပြီ...ဘာမှမစိုးရိမ်ပါနဲ့...နတ်ဘုရားတွေက အရှင်မင်းကြီးရဲ့ယဇ်ပူဇော်မှုကို အရမ်းစိတ်ဝင်စားနေကြတယ်...ဒီတစ်ကြိမ်တော့ ထိပ်တန်းဆေးဝါးတွေရရှိပြီး အရှင်မင်းကြီး လေလွင့်အင်မော်တယ်နယ်ပယ်ကိုရောက်နိုင်မှာ သေချာတယ်"
ပုရောဟိတ်ကြီးသည် အနက်ရောင်ဝတ်ရုံရှည်ကိုဝတ်ဆင်ထားပြီး သူ၏ခန္ဓာကိုယ်ပတ်လည်၌ အနက်ရောင်အခိုးအငွေ့များ လွှမ်းခြုံနေသည်။သူ့ကိုကြည့်ရသည်မှာ သရဲတစ္တေတစ်ကောင်နှင့် တူညီပေ၏။
သို့ရာတွင် အနောက်ပိုင်းခြင်္သေ့နယ်မြေ၏ဘုရင်က ဂရုစိုက်ခြင်းမရှိချေ။သူက စိတ်လှုပ်ရှားစွာဖြင့် ပြောဆိုလေသည်။
"ဒါဆို ကိစ္စအားလုံး ပုရောဟိတ်ကြီးကိုပဲ လွှဲအပ်ထားပါရစေ"
ကျင့်ကြံသူတစ်ယောက်ဖြစ်သဖြင့် သူသည် သာမာန်လူများကဲ့သို့ နတ်ဘုရားများအား မျက်စိစုံမှိတ်၍ ယုံကြည်ခြင်းမရှိချေ။သူ အလွန်စိတ်အားထက်သန်နေရသည့်အကြောင်းအရင်းမှာ သူ ယဇ်ပူဇော်မှုတစ်ခုပြုလုပ်ပြီးတိုင်း ဆုလာဘ်ရရှိခြင်းကြောင့်ဖြစ်သည်။
အဆင့်မြင့်ကျင့်ကြံနည်းစနစ်များမှသည် ထိပ်တန်းမှော်ရတနာများအထိ သူ လုံလောက်သောယဇ်ပူဇော်မှုလုပ်ပေးနိုင်သရွေ့ ထိုအရာများအားလုံးကို ကောင်းကင်ဘုံနယ်မြေရှိနတ်ဘုရားများထံမှ ရရှိခဲ့သည်။
ဤသည်က အပေးအယူသက်သက်ပင်။
"ဖခမည်းတော်ကို ဂုဏ်ပြုပါတယ်...မကြာမီမှာ ခမည်းတော်က လေလွင့်အင်မော်တယ်တစ်ယောက် ဖြစ်လာတော့မှာပဲ"
နံဘေး၌မတ်တတ်ရပ်နေသော နဝမမင်းသားက စိတ်လှုပ်ရှားစွာပြောဆိုသည်။
အနောက်ပိုင်းခြင်္သေ့နယ်မြေဘုရင်သည် စိတ်အခြေအနေကောင်းမွန်နေသဖြင့် သူက နဝမမင်းသား၏နောက်ကျောကိုပုတ်ပြီး ပြောဆိုလိုက်၏။
"ဒီတစ်ကြိမ်တော့ မင်းက အလုပ်ကောင်းကောင်းလုပ်ခဲ့တာပဲ...မင်းရဲ့အကိုတော်နဲ့အမတော်တွေက အသုံးမကျဘူး...ဒီခမည်းတော်ရဲ့ရည်မှန်းချက်ကို ဘယ်သူမှနားမလည်ကြဘူး"
နဝမမင်းသားသည် အငယ်ဆုံးသားတော်ဖြစ်ပြီး အနောက်ပိုင်းခြင်္သေ့နယ်မြေဘုရင်၏ နက်နက်ရှိုင်းရှိုင်းချစ်မြတ်နိုးခြင်းကိုခံရသူလည်းဖြစ်သည်။
ဤတစ်ကြိမ်တွင် နတ်ဘုရားများသည် အထူးခန္ဓာကိုယ်ဖွဲ့စည်းတည်ဆောက်ပုံရှိသော မိန်းကလေးတစ်ယောက်ကို အလိုရှိခဲ့သည်။အနောက်ပိုင်းခြင်္သေ့နယ်မြေဘုရင်သည် နယ်မြေများအားလုံးသို့ လူများစေလွှက်၍ ရှာဖွေခဲ့သော်လည်း တစ်ဦးတစ်ယောက်ကိုမျှ တွေ့ရှိခဲ့ခြင်းမရှိချေ။
ကံကောင်းထောက်မစွာဖြင့် သူ၏အငယ်ဆုံးသားတော်သည် ယင်ဘေးကပ်ဆိုးခန္ဓာကိုယ်ပိုင်ရှင် မိန်းကလေးတစ်ယောက်ကို သူ့ထံသို့ ခေါ်ဆောင်လာနိုင်ခဲ့၏။
အကယ်၍ ထိုမိန်းကလေးအား ယဇ်ပူဇော်ပြီးပါက သူ၏အနောက်ပိုင်းခြင်္သေ့နယ်မြေအတွက် မည်သည့်ဆုံးရှုံးနစ်နာမှုမျှ မရှိရုံသာမက ထိပ်တန်းအဆင့်ဆေးဝါးကိုလည်း ဆုလာဘ်အဖြစ်ရရှိနိုင်သည်။
ထိုသတင်းကိုကြားသည်နှင့် အနောက်ပိုင်းခြင်္သေ့နယ်မြေဘုရင်သည် အပျော်လွန်သွားပြီး သူ၏အငယ်ဆုံးသားတော်အပေါ်တွင် အလွန်စိတ်ကျေနပ်သွားသည်။
နဝမမင်းသား၏စွမ်းအား ရည်မှန်းချက်နှင့် လိမ္မာပါးနပ်မှုတို့သည် သူ၏ဆက်ခံသူဖြစ်ရန် လုံလောက်ပေ၏။
"ယင်နတ်ဘုရား လှည့်ပတ်ခြင်း...မြေအောက်လောကကနေ ဝိညာဥ်ပြန်လာစေ...."
ပုရောဟိတ်ကြီးသည် လျှို့ဝှက်ဆန်းကြယ်သော ရှေးဟောင်းမန္တန်တစ်ပုဒ်ကို ရွတ်ဆိုနေသည်။
ကျီးချန်ယွီ၏နံဘေးပတ်ဝန်းကျင်၌ အနက်ရောင်အခိုးအငွေ့များ စတင်၍ရစ်သိုင်းလာပြီး သူမ၏စိတ်ဝိညာဥ်အား သူမခန္ဓာကိုယ်မှ အပြည့်အဝခွဲထုတ်ရန် ကြံရွယ်နေသည်။
ထိုအချိန်မှာပင် ခန်းမတံခါးအားခေါက်လိုက်သံ ရုတ်တရက်ထွက်ပေါ်လာသဖြင့် ပုရောဟိတ်ကြီး၏မန္တန်ရွတ်ဆိုမှု ရပ်တန့်သွားသည်။
အနောက်ပိုင်းခြင်္သေ့နယ်မြေဘုရင်သည် အလွန်ဒေါသထွက်သွားပြီး ခန်းမတံခါးအားကြည့်လိုက်သည်။
"ဘယ်သူကိုမှ နှောက်ယှက်ခွင့်မပြုဘူးလို့ ငါ မှာထားတယ်မဟုတ်ဘူးလား"
အနောက်ပိုင်းခြင်္သေ့နယ်မြေဘုရင်က ဒေါသတကြီး အော်ငေါက်လိုက်သည်။
ဤသည်က သူ လေလွင့်အင်မော်တယ်ဖြစ်ရန် အရေးအကြီးဆုံး သော့ချက်ဖြစ်သည်။သူကိုယ်တိုင်ပင် အနှောက်အယှက်မဖြစ်စေရန် သတိထားနေနေပေရာ ဤနေရာသို့ လာရောက်နှောက်ယှက်ဝံ့သူ ရှိနေသေးသလော။
"ခမည်းတော်...ကျွန်တော်ပါ...ကျွန်တော် ခမည်းတော်ကို အရေးကြီးတဲ့ကိစ္စတစ်ခု သတင်းပို့စရာရှိလို့ပါ"
ပဥ္စမမင်းသားက ခြေလှမ်းကျဲကြီးများဖြင့် ခမ်းမအတွင်းသို့ ဝင်ရောက်လာသည်။
သို့ရာတွင် သူ ခန်းမအတွင်းသို့ ဝင်ရောက်လိုက်သည်နှင့် သူ၏နံဘေးပတ်ဝန်းကျင်ရှိ အခြေအနေ တစ်စုံတစ်ခု မှားယွင်းနေသည်ကို ပဥ္စမမင်းသားက ချက်ခြင်း သတိပြုမိသွားသည်။
အနောက်ပိုင်းခြင်္သေ့နယ်မြေဘုရင်က အံ့တင်းတင်းကြိတ်၍ အော်ငေါက်လိုက်သည်။
"ခွေးမသား...မင်းက ရှေ့တန်းကို သွားနေတာမဟုတ်ဘူးလား...မင်းက ခိုးကြောင်ခိုးဝှက် ပြန်လာဝံ့တယ်ပေါ့လေ...မင်း ပုန်ကန်ချင်တာလား"
အနောက်ပိုင်းခြင်္သေ့နယ်မြေဘုရင်၏ဒေါသသည် အထွတ်အထိပ်သို့ ရောက်ရှိနေပေ၏။ဤကဲ့သို့ အရေးကြီးအချိန်ကာလမျိုးတွင် မည်သည့်လှုပ်ရှားမှုမဆို နတ်ဘုရားများအား စိတ်ဆိုးဒေါသထွက်စေနိုင်သည်။အကယ်၍ နတ်ဘုရားများ၏အမျက်သင့်ခြင်းကိုသာ ခံရပါက ဤတစ်ကြိမ်၌ သူ မည်သည့်အကျိုးအမြတ်မျှ ရရှိတော့မည်မဟုတ်ချေ။
ပဥ္စမမင်းသားသည် အလျင်စလို ဒူးထောက်ပြီး တုန်ရီနေသောအသံဖြင့် ပြောဆိုသည်။
"ဒီသားတော်က အလယ်ပိုင်းကုန်းမြေမှာ အရမ်းအစွမ်းထက်တဲ့လူတစ်ယောက်နဲ့ တွေ့ဆုံခဲ့ရပါတယ်..သားတော်ရဲ့စစ်သားတွေအားလုံး သေကြေသွားလုနီးပါးပဲ...ကျေးဇူးပြုပြီး ထိပ်သီးကျင့်ကြံသူတွေကို စစ်ကူစေလွှက်ပေးပါ"
ထို့နောက် သူက လင်ရှောင်းမြို့ပြင်၌ ကြုံတွေ့ခဲ့သမျှ ကိစ္စအားလုံးကို အလျှင်အမြန်ပြောဆိုလိုက်၏။
ပဥ္စမမင်းသားသည် စကားဆုံးသည်နှင့် အနောက်ပိုင်း ခြင်္သေ့နယ်မြေဘုရင်အား ခိုးကြည့်လိုက်ရာ သူ့ ဖခမည်းတော်၏ မျက်နှာပေါ်မှ ဒေသ အရိပ်အယောင်များ ပျောက်ကွယ်သွားခြင်းမရှိပဲ ပို၍တိုးလာသည်ကို သူ တွေ့လိုက်ရသည်။
ရုတ်တရက် နဝမမင်းသားထံမှ လှောင်ရယ်သံတစ်ချက်ထွက်လာပြီး သူက ပြောဆိုသည်။
"အကိုတော်...တကယ်လို့ မင်း စစ်ရှုံးနိမ့်လာတယ်ဆိုရင်လည်း ခမည်းတော်ကို ဒီလိုမျိုးမလှည့်စားသင့်ဘူးလေ...တော်ဝင်ခမည်းတော်က အရမ်းဥာဏ်ပညာရှိပြီးထက်မြက်တာ...အကိုတော်လိမ်တာကို သူ မသိဘဲနေမှာလား"
Thank For Reading.