← Chapters

အခန်း (၁၄၁၆-၁၄၂၀)

Vol. 74 Ch. 1416-1420

အခန်း (၁၄၁၆-၁၄၂၀)

Vol. 74 Ch. 1416-1420

Chapter 1416

အဖိုးအိုတစ်ယောက်အသွင်ရှိသော သရဲတစ္တေတစ်ကောင်က လေဟာနယ်အတွင်း၌ မတ်တတ်ရပ်နေသည်။သူ့ထံ၌ ထူးဆန်းပြီးကြောက်မက်ဖွယ်ကောင်းသော မျက်နှာသွင်ပြင်ရှိသည်။

ထိုအဖိုးအိုသည် အသက်ရှင်နေစဥ်အတွင်း၌ ကျင့်ကြံဆင့်မြင့်မားခဲ့ပုံရသည်။သူ၏စိတ်ဝိညာဥ်သည် ဘေးပတ်ဝန်းကျင်ရှိ သရဲတစ္တေများထက် များစွာပို၍ကျစ်လျစ်သိပ်သည်းသည့်အပြင် ပို၍လည်းကြီးမားသည်။

ပတ်ဝန်းကျင်ရှိသရဲတစ္ဆေများသည် အဖိုးအိုထွက်ပေါ်လာမှုကြောင့် လွင့်ထွက်သွားပြီး အားနည်းသောသရဲတစ္ဆေအမြောက်အများ ကြေမွပျက်စီးသွားသည်။

"လာခဲ့...မင်းရဲ့ခန္ဓာကိုယ်ကို လွှဲပြောင်းပေးစမ်း"

အဖိုးအိုက အပြုံးနှင့်ပြောဆိုသည်။

သူထံသို့တဟုန်ထိုး ပြေးဝင်လာသည့် သရဲတစ္ဆေများကိုကြည့်ပြီး လုယွီက မျက်လုံးစုံမှိတ်ကာ မြေအောက်လောကနတ်ဘုရားပုံရိပ်ယောင်ကို ထုတ်ဖော်လိုက်သည်။

သူ၏နောက်၌ ဧရာမမြေအောက်လောကနတ်ဘုရားပုံရိပ်ယောင်ကြီးသည် လက်ကြီးတစ်ဖက်ကို ဝှေ့ယမ်း၍ အဖိုးအို၏စိတ်ဝိညာဥ်အား ဖမ်းဆုပ်လိုက်၏။

"ဒါက ဘာကြီးလဲ...မလုပ်နဲ့...မလုပ်ပါနဲ့"

အဖိုးအိုသည် ကြောက်လန့်တကြားအော်ဟစ်ပြီး ထွက်ပြေးရန်ပြင်ဆင်လေသည်။

လုယွီက အေးစက်စက်နှာမှုတ်ပြီး သူ၏လက်ဖြင့် ညင်သာစွာထိတွေ့လိုက်မှုနှင့်အတူ အဖိုးအို၏စိတ်ဝိညာဥ်အား ဖျက်ဆီးလိုက်တော့သည်။

အဝါရောင်စမ်းချောင်းမြစ်၏အထက်တွင် မြေအောက်လောကနတ်ဘုရားပုံရိပ်ယောင်ကြီးသည် လက်ရှစ်ဖက်လုံးအား ဖြန့်ကားထားပြီး သူ၏ဧရာမခန္ဓာကိုယ်ကြီးသည် သရဲတစ္ဆေများအားလုံး၏မြင်ကွင်းကို အပိုင်စီးထားပေ၏။

ဘုန်း...ဘုန်း...ဘုန်း..

လက်ဝါးချက်အနည်းငယ် ကျဆင်းလာပြီးနောက် လုယွီ၏အနီးပတ်ဝန်းကျင်ရှိ သရဲတစ္ဆေများအားလုံး အနက်ရောင်အခိုးအငွေ့များအဖြစ် ပြောင်းလဲသွားပြီး လေထုအတွင်း၌ ပျောက်ကွယ်သွားတော့သည်။

လုယွီက လေးနက်တည်ကြည်သောအသံဖြင့် ပြောဆိုသည်။

"ငါ့ကိုတားဆီးဝံ့တဲ့ဘယ်သူမဆို သေရမယ်"

လုယွီနှင့်မလှမ်းမကမ်းနေရာ၌ ရောက်ရှိနေသော သရဲတစ္ဆေများသည် ထိုခြိမ်းခြောက်စကားကိုကြားသည်နှင့် အလျင်စလိုထွက်ပြေးကြသည်။

သို့ရာတွင် အဆုံးသတ်၌ သရဲတစ္ဆေအနည်းစုသာ ကျန်ရှိတော့၏။သူတို့သည် သေဆုံးပြီးနောက် အဝါရောင်စမ်းချောင်းမြစ်အတွင်း၌ ပိတ်မိနေပြီး မည်သို့မျှ ပြန်ထွက်နိုင်ခြင်းမရှိတော့ချေ။ယင်လော့ဂိုဏ်းသားများသာလျှင် ပြန်လည်ဝင်စားရန်အခွင့်အရေး ရရှိကြသည်။

ယခုလက်ရှိချိန်၌ လုယွီကဲ့သို့ သက်ရှိလူသားတစ်ယောက် ဤနေရာသို့ရောက်ရှိလာလေရာ သူတို့၏စိတ်ဆန္ဒများကို မည်သို့မျှချိုးနှိမ်ထား၍မရချေ။လုယွီ၏ခန္ဓာကိုယ်အား အပိုင်စီးနိုင်သည်နှင့် သူတို့သည် အဝါရောင်စမ်းချောင်းမြစ်အတွင်းမှ လွတ်မြောက်နိုင်ပြီး ပြန်လည်မွေးဖွားရန်အခွင့်အရေးရရှိပေမည်။

ဤနေရာ၌ အသက်ရှင်ခြင်းသည် သေဆုံးခြင်းထက် ပို၍ဆိုးရွားပေ၏။အကယ်၍ သူတို့ အသက်ရှင်လွတ်မြောက်နိုင်မည့် အခွင့်အရေးဖြင့်ကြုံတွေ့ရပါက မလွဲမသွေကြိုးစားကြည့်ရပေမည်။

တစ်ချိန်တည်းမှာပင် အဝါရောင်စမ်းချောင်းမြစ်၏အောက်ခြေမှနေ၍ ရုတ်တရက်တုန်ခါသွားသည်။မြစ်ပြင်တုန်ခါလာမှုနှင့်အတူ ကြီးမားသောလှိုင်းလုံးကြီးများသည် ရေအောက်မှနေ၍ အထက်သို့ တလိမ့်လိမ့်ထိုးတက်လာသည်။

ဘုန်း..

မိုးကြိုးပစ်သံကဲ့သို့ ကျယ်လောင်သောဆူညံသံနှင့်အတူ တစ်နေရာတည်း၌စုဝေးနေသော သရဲတစ္ဆေများသည် လှိုင်းလုံးကြီးများကြောင့် ကျွမ်းထိုးမှောက်ခုံဖြစ်သွားကြသည်။

ကြီးမားသောပုံရိပ်တစ်ခုသည် ရေအောက်မှနေ၍ ရုတ်တရက်ထွက်ပေါ်လာသည်။

ပတ်ဝန်းကျင်နေရာတစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်မှုများ လွှမ်းမိုးသွားသည်။ထို့နောက် သရဲတစ္ဆေများသည် သူတို့၏သဘာဝရန်သူအား တွေ့လိုက်ရသကဲ့သို့ စူးရှကျယ်လောင်စွာအော်ဟစ်ပြီး ထွက်ပြေးကြ၏။

ဝုန်း...

ရေမျက်နှာပြင် ပြန့်ကားစပြုလာပြီးနောက် မြောက်များစွာသောအရိုးများပြုတ်ကျနေသည့် အရိုးနဂါးကြီးတစ်ကောင်သည် ရေအောက်မှနေ၍ တိုးထွက်လာသည်။

အရိုးနဂါးကြီး၏ဦးခေါင်းတွင် မှိန်ပျပျအလင်းရောင် တောက်ပနေသည့် အနက်ရောင်မျက်လုံးတစ်စုံရှိနေသည်။

"မဟုတ်သေးဘူး...ဒါက တောင်ပင်လယ်ရဲ့နဂါးဘုရင်မဟုတ်လား"

"အဲ့ဒီကောင်က သေပြီးတာတောင် ဒီနေရာကိုကြီးစိုးနေတုန်းပဲ"

သရဲတစ္ဆေတစ်စုသည် ထိတ်လန့်ကြောက်ရွံစွာဖြင့် နံဘေးဘက်သို့ ထွက်ပြေးတိမ်းရှောင်ကြသည်။

"ဝေါင်း..."

အရိုးနဂါးကြီးသည် လုယွီကိုဝါးမြိုရန်အတွက် သူ၏ပါးစပ်ကြီးကို ဖွင့်ဟလိုက်၏။

လုယွီ၏မျက်နှာ တင်းမာခက်ထန်နေပြီး သူက ဒေါသတကြီး အော်ငေါက်သည်။

"မင်း အသက်ရှင်နေတုန်းကဆိုရင်တောင် ငါ့ရဲ့ပြိုင်ဘက်မဖြစ်နိုင်ဘူး...အခုဒီလိုအခြေအနေမျိုးမှာတောင် မင်းက ငါ့ရှေ့မှာလာပြီး ရိုင်းပျဝံ့သေးတာလား"

လုယွီ၏လက် ညင်သာစွာမြှောက်တင်လိုက်မှုနှင့်အတူ မှော်စွမ်းအင်လှိုင်းများက သူ၏လက်ဖဝါးအတွင်းမှ ထွက်ပေါ်လာသည်။

ဘုန်း...

သူ၏လက်ဝါးတစ်ချက် ရိုက်ထုတ်လိုက်မှုနှင့်အတူ သူရှေ့ရှိလေဟာနယ် တွန့်လိမ်သွားသည်။

ပြင်းထန်သောမှော်စွမ်းအင်လှိုင်းများသည် အရိုးနဂါး၏ခန္ဓာကိုယ်မှ အရိုးများအား ရိုက်ခတ်မိပြီး ပတ်ဝန်းကျင်နေရာအနှံ့အပြားသို့ လွင့်စင်သွားစေသည်။

လုယွီသည် မြေအောက်လောကနတ်ဘုရားပုံရိပ်ယောင်ကြီးကို ထိန်းချုပ်ပြီး အရိုးနဂါးအား ကြေမွပျက်စီးစေကာ သူက ခြေလှမ်းကျဲကြီးများဖြင့် မြစ်တစ်ဖက်ကမ်းသို့ဦးတည်၍ လျှောက်လှမ်းသွားသည်။

အဝါရောင်စမ်းချောင်းမြစ်အတွင်းရှိ မည်သည့်သရဲတစ္တေကမျှ လုယွီအား မဟန့်တားဝံ့တော့ချေ။

လုယွီက အဝါရောင်စမ်းချောင်းမြစ်တစ်ဖက်ကမ်းဆီသို့ ခြေလှမ်းတစ်လှမ်းပြီးတစ်လှမ်း ချဥ်းကပ်သွားသည်။သူ့ရှေ့၌ မြို့တစ်မြို့ရှိနေသည်ကို တွေ့မြင်လိုက်ရသည်။

မြို့တံခါး၏ရှေ့၌ ဧရာမလူပုံသဏ္ဍာန်ရုပ်ထုနှစ်ခုရှိနေသည်။ထိုရုပ်ထုတစ်ခုစီ၏မျက်နှာသည် ရက်စက်ကြမ်းကြုတ်သော အသွင်အပြင်ရှိပြီး ရှည်လျားသောလျှာကြီးကိုဆန့်ထုတ်ထားသည်။သူတို့၏ကြီးမားသောလက်သည်းစွယ်များဖြင့် မြို့တံခါးအား ဆုပ်ကိုင်ထားရာ သူတို့၏အသွင်သဏ္ဍာန်သည် အလွန်အမင်းတုန်လှုပ်ချောက်ချားဖွယ်ရာပင်။

Chapter 1417

ဤမြို့သည် ငရဲနယ်မြေ၏အလယ်ဗဟိုတွင်တည်ရှိသော ယင်လော့ဂိုဏ်း၏မေ့လျော့ခံကောင်းကင်မြို့တော်ဖြစ်သည်။

ဤအချိန်တွင် ယင်လော့ဂိုဏ်းသည် လုယွီအား အချိန်အတော်ကြာကတည်းက တွေ့ရှိပြီးဖြစ်ပုံရသည်။မြို့တံခါးကြီးအား တင်းတင်းကြပ်ကြပ်ပိတ်ထားပြီး မြို့ရိုးအနီးရှိ ဝင်္ကပါများကို အသက်သွင်းထားသည်။

ထိုဝင်္ကပါများမှနေ၍ မြောက်မြားစွာသောအလင်းတန်းများ ဖြာထွက်နေပြီး အလင်းတိုင်လုံးများဖြင့် မြို့တစ်မြို့လုံးအား လွှမ်းခြုံထားပေ၏။

"မြေအောက်လောကနတ်ဘုရား၏ အမျက်ဒေါသ"

လုယွီက ရုတ်တရက်ခြေလှမ်းရှေ့တိုးပြီးနောက် မြေအောက်လောကနတ်ဘုရားပုံရိပ်ယောင်ကြီးသည် ဓားရှည်တစ်လက်အားဆွဲထုတ်ကာ ရှေ့ရှိမြို့တံခါးအား ပြင်းပြင်းထန်ထန်ခုတ်ပိုင်းလိုက်သည်။

ကျယ်လောင်သောမြည်ဟီးသံနှင့်အတူ မေ့လျော့ခံကောင်းကင်မြို့တော်၏မြို့တံခါးသည် အကြိမ်အနည်းငယ်တုန်ခါသွားသော်လည်း တံခါးမှအလင်းတန်းများလူးလွန့်ထွက်ပေါ်လာခြင်းနှင့်အတူ ထိုခုတ်ပိုင်းချက်အား ဟန့်တားထားလေသည်။

အမ်..

လုယွီက ထိုဝင်္ကပါအား ကြည့်ရှုပြီးနောက် သူ၏မျက်လုံးအတွင်း၌ အနည်းငယ်အံ့အားသင့်သွားသောအရိပ်အယောင်များ ဖြတ်ပြေးသွားသည်။

"ကိုးကွေ့ကောင်းကင်ဘုံဘုရင် ဝင်္ကပါလား...ဒါက ယဲ့ရွှယ်လန် ဖန်တီးခဲ့တဲ့ ဝင်္ကပါမဟုတ်လား..."

လုယွီက အံ့အားတသင့် ရေရွတ်လိုက်၏။

သူ၏အတိတ်ဘဝမှ မိန်းကလေးမိတ်ဆွေတစ်ယောက်ဖြစ်သော ယဲ့ရွှယ်လန်သည် သူ၏မိတ်ဆွေဖြစ်သည့်အပြင် သူ၏ဆရာတစ်ယောက်လည်းဖြစ်သည်။ယဲ့ရွှယ်လန် တက်ကျွမ်းသောနည်းစနစ်တိုင်းအား သူ ကောင်းစွာသိရှိထားသည်။

ဤဝင်္ကပါကိုမူကား သူ အလွန်အမင်း ရင်းနှီးကျွမ်းဝင်ပေ၏။

အတိတ်ကို​ပြန်ပြောင်းတွေးကြည့်ပါက သူသည် ရှန်လင်းလုံအား ကူညီရန်အတွက် နတ်ဘုရားဆေးလုံးကို ခိုးယူခဲ့စဥ်တွင် အစွမ်းထက်ပုဂ္ဂိုလ်အမြောက်အများအား ရန်စမိမည်ဟု သူ မျှော်လင့်မထားမိချေ။

ထိုအချိန်တွင် ရှန်လင်းလုံသည် အကြောင်းပြချက်တစ်ခုဖြင့် ရှောင်ထွက်သွားခဲ့သည်။သူ မျှော်လင့်မထားသော ယဲ့ရွှယ်လန်ကသာ သူ့အား ဝိုင်းဝန်းတိုက်ခိုက်သည့် အစွမ်းထက်ကျင့်ကြံသူများအား ကူညီ၍ဟန့်တားပေးခဲ့၏။

ယခုလက်ရှိအချိန်၌ လုယွီသည် ယခင်က ရှန်လင်းလုံ၏လိမ်လည်လှည့်ဖျားမှုများ ခံခဲ့ရခြင်းကို ကွက်ကွက်ကွင်းကွင်း သိရှိလာခဲ့သည်။

ရှန်လင်းလုံသည် သူ့အတွက်ဖြင့် အန္တရာယ်နှင့်ရင်ဆိုင်လိုခြင်းမရှိဘဲ အဝေးသို့စောစီးစွာ ရှောင်ပြေးသွားခဲ့သည်။နောက်ဆုံးချိန်ထိ သူနှင့်အတူ အခက်အခဲများအား မျှဝေခံစားပေးခဲ့သူမှာ ယဲ့ရွှယ်လန်ဖြစ်နေသည်။

အတိတ်ဘဝ၌ သူ ယဲ့ရွှယ်လန်အပေါ်တွင် အကြွေးများစွာတင်ခဲ့ပေ၏။

"အဲ့ဒီအချိန်တုန်းက ရွှယ်လန်ရဲ့နည်းစနစ်တွေကို လူနည်းစုကိုပဲ လက်ဆင့်ကမ်းသင်ကြားပေးခဲ့တာ...မင်း ဘယ်သူလဲဆိုတာ ငါ တကယ်သိချင်မိတယ်"

လုယွီ၏မျက်လုံးအတွင်း၌ အေးစက်စက်အလင်းရောင်များ ဖြတ်ပြေးသွားသည်။

ကိုးကွေ့ကောင်းကင်ဘုံဝင်္ကပါသည် အလွန်အစွမ်းထက်ပြီး အပြောင်းအလဲကိုးခုပါဝင်သည်။တိုက်ခိုက်မှုနှင့်ကြုံတွေ့ရချိန်တိုင်း ထိုဝင်္ကပါသည် တိုက်ခိုက်မှုအသစ်အားခုခံရန် တခြားပုံစံတစ်ခုသို့အလိုအလျောက်ပြောင်းလဲသွားပေမည်။

အစွမ်းထက်ကျင့်ကြံသူများသည် သူတို့၏ကျင့်ကြံဆင့် မိုးထိမြင့်မားနေသည့်တိုင် ကိုးကွေ့ကောင်းကင်ဘုံဘုရင်ဝင်္ကပါအား ချိုးဖျက်နိုင်မည်မဟုတ်ချေ။

သို့ရာတွင် ဤဝင်္ကပါ၌ အားနည်းချက်ကြီးတစ်ခုရှိသည်။ထိုအရာသည် ဝင်္ကပါ၏ဗဟိုချက်ပင်။

ကိုးကွေ့ကောင်းကင်ဘုံဘုရင်ဝင်္ကပါတွင် ဝင်္ကပါဗဟိုချက်ကိုးခုရှိသည်။ဝင်္ကပါ၏စွမ်းအားအလုံးစုံကို အလင်းတန်းအကာအကွယ်အတွက် အသုံးပြုရသဖြင့် ဝင်္ကပါ၏ဗဟိုချက်သည် အလွန်အမင်းထိရှလွယ်ပြီး ညင်သာစွာတစ်ချက်ထိတွေ့ရုံဖြင့်ပင် လွယ်လင့်တကူပျက်စီးသွားနိုင်သည်။

"မြေအောက်လောကနတ်ဘုရားမျက်လုံး..ပွင့်စမ်း"

လုယွီက အော်ငေါက်ပြီးနောက် သူ၏မျက်လုံးအတွင်းမှ စူးရှသောအေးစက်စက်အလင်းတန်းများ ထွက်ပေါ်လာသည်။

သူ၏အကြည့်အောက်တွင် အရာအားလုံး ပြောင်းလဲသွားသည်။ဝင်္ကပါအားခင်းကျင်းထားသည့် စိတ်ဝိညာဥ်စွမ်းအင်လမ်းကြောင်းများအားလုံး လုယွီ၏ရှေ့၌ ထွက်ပေါ်လာပေ၏။

အမွှေးတိုင်တစ်တိုင်လောင်ကျွမ်းချိန်စာ မတိုင်မီမှာပင် လုယွီသည် ပထမဆုံးဝင်္ကပါဗဟိုချက်၏တည်နေရာကို တွေ့ရှိသွားသည်။

ထိုဝင်္ကပါဗဟိုချက်အား တောင်ကြီးတစ်လုံးအတွင်း၌ မြှုပ်နှံထားပြီး ကြီးမားသောကျောက်တုံးကြီးတစ်တုံးနှင့် ဖိနှိပ်ထားသည်။

လုယွီ၏လက်ချောင်းများ လှုပ်ခတ်လိုက်မှုနှင့်အတူ မှော်စွမ်းအင်လှိုင်းတစ်လှိုင်း ထွက်ပေါ်လာပြီး ကျောက်တုံးကြီးပေါ်သို့ ကျရောက်သွားပေ၏။

ဝုန်းခနဲအသံနှင့်အတူ ကျောက်တုံးကြီးအက်ကွဲသွားပြီး ကျောက်စကျောက်နများ မြေပြင်ပေါ်သို့ပြန့်ကျဲသွားသည်။ထို့နောက် အနက်ရောင်လှိုဏ်ဂူတစ်လုံး ရုတ်တရက်ထွက်ပေါ်လာပေ၏။

လှိုဏ်ဂူအတွင်း၌ စိတ်ဝိညာဥ်စွမ်းအင်များဖြာထွက်နေသော ဝင်္ကပါဗဟိုချက်တစ်ခုရှိနေသည်။

"ပျက်စီးစမ်း"

လုယွီက အေးစက်စက်အော်ငေါက်ပြီး သူ၏လက်ညှိုးဖြင့် လှိုဏ်ဂူထံသို့ ချိန်ရွယ်လိုက်သည်။

အဆက်မပြတ်ထွက်ပေါ်လာသော ပေါက်ကွဲသံများနှင့်အတူ လှိုဏ်ဂူအတွင်းရှိ ဝင်္ကပါဗဟိုချက် ပျက်စီးသွားပြီး ထိုအရာမှထုတ်လွှက်နေသော စိတ်ဝိညာဥ်စွမ်းအင်များလည်း အေးခဲသွားသည်။

ဒုတိယဝင်္ကပါဗဟိုချက်သည် ရေတွင်းတစ်ခုအတွင်း၌ တည်ရှိနေသည်။

တတိယဝင်္ကပါဗဟိုချက်...စတုတ္ထ....

လုယွီသည် ဝင်္ကပါဗဟိုချက်တစ်ခုပြီးတစ်ခုအား ဖျက်ဆီးနေရာ မေ့လျော့ခံကောင်းကင်မြို့အား လွှမ်းခြုံထားသော အလင်းတန်းအကာအကွယ် တစတစအားနည်းလာသည်။

နောက်ဆုံးဝင်္ကပါဗဟိုချက် ပျက်စီးသွားချိန်တွင် ဘုန်းခနဲမြည်ဟီးသံကြီးနှင့်အတူ မေ့လျော့ခံကောင်းကင်မြို့တော်၏မြို့တံခါး ကျိုးပဲ့ပျက်စီးသွားသည်။

"သူ့ကို ဟန့်တားထားကြစမ်း"

မေ့လျော့ခံကောင်းကင်မြို့တော်၏ နက်ရှိုင်းသောနေရာမှနေ၍ အသံတစ်သံထွက်ပေါ်လာသည်။

Chapter 1418

"မင်းတို့ ငါ့ကိုတားဆီးနိုင်မယ်လို့ ထင်နေကြတာလား"

လုယွီက အေးစက်စက်အော်ငေါက်ပြီး မေ့လျော့ခံကောင်းကင်မြို့တော်အတွင်းသို့ ခြေချလိုက်သည်။

သူ မြို့အတွင်းသို့ဝင်ရောက်လိုက်သည်နှင့် သရဲတစ္တေတစ်စုသည် သူ့ရှေ့၌ထွက်ပေါ်လာသည်။သူတို့၏အစွယ်များကိုဖြဲဟပြီး လက်သည်းစွယ်များအား ဝှေ့ယမ်းကာ လုယွီထံသို့ ပြေးဝင်လာကြ၏။

လုယွီက ထိုသရဲတစ္ဆေများကို လျစ်လျှူရှုပြီး ကျီးချန်ယွီ၏အငွေ့အသက်ကို အာရုံခံလိုက်သည်။သူမ၏စိတ်ဝိညာဥ်အငွေ့အသက်သည် မေ့လျော့ခံကောင်းကင်မြို့တော်၏ အနက်ရှိုင်းဆုံးနေရာတစ်နေရာ၌ ရှိနေသည်။

လုယွီက ရုတ်တရက် အသက်ပြင်းပြင်းတစ်ချက် ရှိုက်လိုက်သည်။သူ၏ရင်ဘတ်အတွင်း၌ ဖုံးကွယ်ထားသော သမာဓိချီအရှိန်အဝါများ ပွင့်အံထွက်လာပေ၏။

လုယွီကိုဗဟိုပြု၍ ဟိန်းဟောက်သံတစ်သံ ထွက်ပေါ်လာသည်။ထိုဟိန်းဟောက်သည် ဧရာမဝံပုလွေကြီးတစ်ကောင်၏အသံနှင့်တူညီပြီး ရှည်လျားသောလမ်းတလျှောက် တဟုန်ထိုးမြည်ဟီးသွားသည်။

မြောက်များစွာသော တုန်ခါသံများ လမ်းတလျှောက်လုံး၌ ထွက်ပေါ်လာပြီး အဆောက်အအုံတချို့ ပြိုကျသွားသည်။လုယွီထံ ပြေးဝင်လာသော သရဲတစ္ဆေများအားလုံးသည် စူးရှနာကျင်စွာအော်ဟစ်ပြီး ပြာမှုန့်များအဖြစ်သို့ပြောင်းလဲ၍ လေထုအတွင်းသို့ လွင့်စင်သွားတော့သည်။

သေဆုံးသွားသောသရဲတစ္ဆေများကို လျစ်လျှူရှု၍ လုယွီသည် မေ့လျော့ခံကောင်းကင်းမြို့တော်၏ အနက်ရှိုင်းဆုံးနေရာဆီသို့ ဦးတည်သွားလေ၏။

ဤနေရာတွင် ခမ်းနားထည်ဝါသောအဆောက်အအုံများ တည်ဆောက်ထားပြီး သက်ရှိလောကမှမြို့တစ်မြို့နှင့် များစွာကွဲပြားခြားနားမှုမရှိချေ။

သို့ရာတွင် အဆောက်အအုံများ ခမ်းနားထည်ဝါနေသည့်တိုင် ထိုအရာများ၏အောက်မှစိမ့်ထွက်နေသော သေဆုံးခြင်းအရှိန်အဝါများကို ဖုံးကွယ်ရန် လွန်စွာခက်ခဲလှ၏။

လုယွီ လျှောက်လှမ်းနေသောခြေလှမ်းတိုင်းတွင် အလွန်ကြီးမားသောအားလှိုင်းတစ်ရပ် ပါဝင်နေပုံရပြီး အဘက်ဘက်သို့ပျံ့နှံ့သွားကာ ပတ်ဝန်းကျင်ရှိ အဆောက်အအုံများအားလုံး ပြိုလဲကျသွားသည်။ထိုအဆောက်အအုံများ၏အောက်တွင် မြောက်များစွာသောသရဲတစ္ဆေများ၏ အလွန်ဆိုးရွားသောပုံပန်းသဏ္ဍာန်များကို မြင်တွေ့နေရသည်မှာ တုန်လှုပ်ချောက်ချားဖွယ်ကောင်းပေ၏။

ယင်လော့ဂိုဏ်းသည် ငရဲနယ်မြေကို အုပ်စိုးခဲ့ပြီး ဤနေရာကို သူတို့၏အနောက်ဘက်ခြံဝန်းအဖြစ် ပြောင်းလဲခဲ့သည်။ဤနေရာတွင် ပြင်ပကမ္ဘာလောကအတွင်း၌သာ ဖြစ်ပွါးခဲ့ပါက နားလည်ရခက်ခဲမည်ဖြစ်သော ကိစ္စများအားလုံး မြင်တွေ့နိုင်ပေ၏။

"မင်းတို့ဖမ်းထားတဲ့ မိန်းကလေးရဲ့စိတ်ဝိညာဥ်ကို အခုချက်ချင်းပြန်ပေးစမ်း"

လုယွီ၏အသံသည် လေထုအတွင်း၌ ပဲ့တင်ထပ်နေသည်။

"မဟုတ်ရင် သေရမယ်"

ဝုန်း....

လုယွီ၏အသံ ထပ်မံထွက်ပေါ်လာခြင်းနှင့်အတူ အသံလှိုင်းများတွင် မမြင်နိုင်သောအားလှိုင်းတစ်ရပ် ပါဝင်နေပုံရပြီး အဘက်ဘက်သို့ ပျံ့နှံ့သွားသည်။

မျက်တောင်တစ်ခတ်စာအချိန်အတွင်းမှာပင် မြောက်များစွာသောအဆောက်အအုံများ လုယွီကြောင့်ပြိုလဲသွားပြီး မေ့လျော့ခံကောင်းကင်မြို့တော်တစ်ခုလုံး အပျက်အယွင်းများဖြစ်စပြုလာသည်။

မေ့လျော့ခံကောင်းကင်မြို့တော်၏ နက်ရှိုင်းသောနေရာမှနေ၍ အံ့ကြိတ်၍ပြောဆိုလိုက်သော အသံတစ်သံ ထပ်မံထွက်ပေါ်လာပေ၏။

"သူ့ကို ဟန့်တားထားကြစမ်း...သူ့ကို ရှေ့ဆက်သွားခွင့်မပြုနဲ့...ဟန့်တားထားကြစမ်း"

လုယွီ၏မျက်လုံးအတွင်း၌ သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများထင်ဟပ်နေသည်။

"သေလမ်းရှာနေတာလား"

ထိုအချိန်မှာပင် အလွန်ကြီးမားသောပုံရိပ်ယောင်တစ်ခုက လုယွီ၏ရှေ့သို့ ရောက်ရှိလာသည်။ထိုပုံရိပ်သည် အလွန်လျှင်မြန်စွာရွေ့လျားနေပြီး လုယွီ၏မျက်ခုံးနှစ်ခုကြားကို သူ၏လက်သီးဖြင့် ထိုးနှက်လိုက်၏။

လုယွီက အလွန်လျှင်မြန်စွာ တုံ့ပြန်လိုက်ပြီး ထိုလက်သီးချက်ကျရောက်လာသည့် တစ်ချိန်တည်းမှာပင် တန်ပြန်ထိုးနှက်လိုက်ရာ နှစ်ဖက်လုံး နောက်သို့တပြိုင်နက်တည်း ဆုတ်လိုက်ရသည်။

လုယွီ၏ခန္ဓာကိုယ်မှနေ၍ အလွန်ပြင်းထန်သော တန်ပြန်အားလှိုင်းကို ထုတ်လွှက်လိုက်သည်။သူက မျက်မှောင်အနည်းငယ် ကြုတ်လိုက်၏။သူ့အားတိုက်ခိုက်သူ၏ ခွန်အားမှာလည်း အလွန်ကြီးမားနေသည်။

"အချိန်အတော်ကြာသွားပြီ...ဧကရာဇ်ရဲ့ခွန်အားက ခုထိ အပြည့်အဝပြန်မကောင်းသေးဘူးပဲ"

လှောင်ပြောင်သရော်မှုများ ရောယှက်နေသော အက်ရှရှအသံတစ်သံ ထွက်ပေါ်လာသည်။

ထိုအသံကိုကြားချိန်တွင် လုယွီက အနည်းငယ်အံ့အားသင့်သွားသည်။

သူ၏ရှေ့၌ လူခန္ဓာကိုယ်နှင့်နွားဦးခေါင်းရှိပြီး သုံးမီတာခန့်အရပ်မြင့်မားသည့် တစ္ဆေတစ်ကောင်ရှိနေသည်။ထိုနွားခေါင်းတစ္ဆေ အသက်ရှုလိုက်ချိန်တိုင်းတွင် အဖြူရောင်လေစီးကြောင်းတစ်ခု၏ သူ၏နှာခေါင်းအနီး၌ အဆက်မပြတ်လှည့်ပတ်နေပေ၏။

ထိုအရာသည် ချူအိမ်တော်မှ လွတ်မြောက်သွားခဲ့သော နွားခေါင်းတစ္ဆေဖြစ်နေသည်။ထိုအချိန်တုန်းက လုယွီသည် နွားခေါင်းတစ္ဆေစစ်ဗိုလ်ချုပ်ကို သတ်ဖြတ်ရန် ကြံရွယ်ခဲ့သော်လည်း မမျှော်လင့်ဘဲ ကြားဖြတ်နှောက်ယှက်ခံရသဖြင့် သူ ထွက်ပြေးလွတ်မြောက်သွားခဲ့သည်။

"မင်းက ငါ့ကို ဟန့်တားဝံ့တာလား"

လုယွီ၏အသံက အေးစက်တင်းမာနေသည်။

ဂျွတ်...ဂျွတ်...

နွားခေါင်းတစ္ဆေသည် သူ၏ဇက်ကိုဘယ်ညာချိုးပြီး သရော်တော်တော်အပြုံးနှင့်​ ပြောဆိုသည်။

"မြေအောက်လောက...မင်းက အရင်တုန်းကလို မြေအောက်လောကတာအိုသခင် မဟုတ်တော့ဘူးလေ...အခုချိန်မှာ မင်းကိုယ်မင်း ဘာနဲ့တူနေလဲဆိုတာ ပြန်ကြည့်အုံး...ဘာကောင်မှမဟုတ်ဘူး"

"မင်းက ငါတို့ဖမ်းခေါ်လာတဲ့ မိန်းကလေးကိုလိုချင်တာလား...ဟား ဟား...ငါ တောင်းပန်ပါတယ်...ငါ မင်းကို ပြောဖို့တစ်ခုမေ့နေတယ်...အဲ့ဒီမိန်းကလေးကို ကောင်းကင်ဘုံနယ်မြေကအစွမ်းထက်ပုဂ္ဂိုလ်တစ်ယောက်အတွက် ယဇ်ပူဇော်မှာ...အဲ့ဒီပုဂ္ဂိုလ်က လောကကြီးတခွင်လုံးမှာရှိတဲ့ အထူးခန္ဓာကိုယ်ဖွဲ့စည်းတည်ဆောက်ပုံပိုင်ရှင် မိန်းကလေးတွေကို ရှာဖွေပြီး သူတို့ကို သေရွာကိုပို့ပေးနေတာ"

Chapter 1419

"မင်းက စိတ်ဆိုးဒေါသထွက်ပြီးတော့ ငါ့ကိုသတ်ချင်နေတာလား...သနားဖို့ကောင်းတာက မင်းရဲ့အခုလက်ရှိခွန်အားနဲ့ဆိုရင် ငါ့ကိုသတ်နိုင်ဖို့ အလှမ်းဝေးနေတယ်"

နွားခေါင်းတစ္ဆေသည် စကားပို၍ကြာကြာပြောလေလေ လုယွီကိုကြည့်နေသော သူ၏မျက်နှာအမူအယာက ပို၍မထီလေးစားဟန်ပေါက်လာလေလေပင်။

အတိတ်ဘဝတွင် သူကဲ့သို့ အဆင့်နိမ့်သရဲတစ္ဆေစစ်ဗိုလ်ချုပ်အနေဖြင့် လုယွီအား မြင်တွေ့နိုင်ရန် အလွန်ခက်ခဲ့သည့်အပြင် မလေးမစားမဆက်ဆံဝံ့ချေ။

သို့ရာတွင် ယခုလက်ရှိအချိန်သည် အတိတ်နှင့်အလွန်ကွာခြားသွားလေပြီ။သူသည် လုယွီ၏ရှေ့၌ မားမားမတ်မတ်နေနိုင်ပြီး အလွန်မောက်မာသောအပြုအမူနှင့် နေနိုင်သည့်အပြင် လွှမ်းမိုးချုပ်ကိုင်နိုင်မှုပါရှိနေသည်။

နွားခေါင်းတစ္ဆေသည် သူ၏လက်ကောက်ဝတ်ကို ကွေးချည်ဆန့်ချည်လုပ်ပြီး အပြုံးနှင့်ပြောဆိုလိုက်၏။

"မြေအောက်လောက...မင်းစိတ်ဝိညာဥ်ရဲ့စွမ်းအားတွေကို ဖြုန်းတီးမပစ်သင့်ဘူးလို့ ငါထင်တယ်....မင်းနဲ့ငါ နှစ်ကြိမ်တွေ့ဆုံခဲ့တာက မင်းက ငါ့ရဲ့ပြိုင်ဘက်မဖြစ်နိုင်ဘူးလို့ ဆိုလိုတာပဲ...မင်းက အတိတ်ဘဝမှာတုန်းကတော့ ကြီးကြီးမားမားအောင်မြင်မှုတွေ ရရှိခဲ့တယ်...အခုချိန်က ငါ ထိပ်ဆုံးကိုတက်လှမ်းရတော့မယ့်အချိန်ပဲ"

လုယွီက တည်ငြိမ်စွာပြောဆိုသည်။

"အဓိပ္ပါယ်မဲ့တဲ့စကားတွေ အများကြီးပြောနေစရာမလိုဘူး...မင်းက ငါ့ကိုဟန့်တားဝံ့တယ်ဆိုမှတော့ မင်း သေလိုက်တော့"

ထိုစကားနှင့်အတူ လုယွီ၏လက်ဖဝါးအတွင်းမှ စူးရှချွန်ထက်သော ဓားချီတစ်လှိုင်းထွက်ပေါ်လာပြီး နွားခေါင်းတစ္ဆေထံသို့ ဦးတည်၍ခုတ်ပိုင်းလိုက်သည်။

လုယွီ၏နောက်ရှိ မြေအောက်လောကနတ်ဘုရားပုံရိပ်ယောင်ကြီး၏လက်အတွင်း၌ ကိုင်ဆောင်ထားသော ခေါင်းဖြတ်ဓားကလည်း နွားခေါင်းတစ္ဆေထံသို့ ချက်ချင်းဆိုသလို ကျဆင်းသွားပေ၏။

နွားခေါင်းတစ္ဆေသည် ကျယ်လောင်စွာ အော်ဟစ်ရယ်မောလေ၏။ရုတ်ချည်းဆိုသလိုပင် သူ၏ခန္ဓာကိုယ်အား အနက်ရောင်အခိုးအငွေ့များက လွှမ်းခြုံသွားသည်။မျက်တောင်တစ်ခတ်စာအချိန်အတွင်းမှာပင် သူ၏ခန္ဓာကိုယ်သည် ယခင်ထက်အဆပေါင်းများစွာ ပြန့်ကားသွားပြီး သူက လုယွီအား သူ၏လက်ဝါးဖြင့် အကြိမ်ပေါင်းများစွာ ရိုက်နှက်လိုက်၏။

ဘုန်း...ဘုန်း...ဘုန်း..

လက်ဝါးချက်သုံးချက် ကျဆင်းသွားချိန်တွင် မြေအောက်လောကနတ်ဘုရားထံမှ ဓားချီသည် ထိုလက်ဝါးချက်များကြောင့် လေထုအတွင်းမှာပင် ပျက်ပြယ်သွားခဲ့သည်။

"တကယ်လို့ မင်းဆီမှာ အတိတ်ဘဝခွန်အားရဲ့ တစ်ဝက်ပဲရှိတယ်ဆိုရင်တောင်...ငါ မင်းကို လေးလေးစားစားနဲ့ ဧကရာဇ်လို့ ဆက်ခေါ်အုံးမှာပဲ...စိတ်ပျက်ဖို့ကောင်းတာကတော့ မင်းက ငါ့ရဲ့ခုခံမှုကိုတောင် မချိုးဖျက်နိုင်ဘူး...မြေအောက်လောက မင်း သေသွားတာ ပိုကောင်းလိမ့်မယ်...မင်းက ငါ့အတွက်တော့ ခြေနင်းခံကျောက်တုံးတစ်တုံးပဲ"

နွားခေါင်းတစ္ဆေသည် ကျယ်လောင်စွာအော်ဟစ်ရယ်မောပြီး ရှေ့သို့တဟုန်ထိုးပြေးတက်ကာ လုယွီထံသို့ လက်သီးတစ်ချက် ပစ်သွင်းလေ၏။

နောက်ဆုံးတစ်ကြိမ်၌ သူ၏ရုပ်ပိုင်းဆိုင်ရာခန္ဓာကိုယ်သည် လုယွီကြောင့် ပျက်စီးသွားခဲ့ပြီး စိတ်ဝိညာဥ်အဖြစ်သာ လွတ်မြောက်ခဲ့သည်။

သို့ရာတွင် ယခုလက်ရှိအချိန်၌ သူထံတွင် ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်အသစ်ရှိနေပြီး သူ၏ခွန်အားမှာ အလွန်အမင်း တုန်လှုပ်ချောက်ချားဖွယ်ကောင်းနေသည်။

ဤလက်သီးထိုးချက်အောက်၌ အရာရာတိုင်းသည် နွားခေါင်းတစ္ဆေ၏ထိန်းချုပ်မှုအောက်တွင်သာရှိနေပြီး လုယွီက ခုခံနိုင်ရုံမျှသာရှိသည်။

ဘုန်း...

လုယွီသည် ထိုလက်သီးချက်အား ခုခံနိုင်ခဲ့သော်လည်း နောက်သို့ခြေလှမ်းများစွာ ဆုတ်လိုက်ရသည်။ထို့နောက် သူ၏ခန္ဓာကိုယ်မှ စွမ်းအားများအားလုံးကို ထုတ်လွှက်လိုက်တော့၏။

"မင်းက ငါ့ကို အရမ်းစိတ်ပျက်စေတယ်...မင်း ဒီလောက်ထိ အားနည်းနေမှတော့ ငါ့ကိုသတ်ခွင့်ပြုလိုက်ပါလား...မင်းရဲ့ကြင်နာမှုအတွက် ငါ အရမ်းကျေးဇူးတင်နေမိမှာပါ"

နွားခေါင်းတစ္ဆေက မောက်မာသောလေသံဖြင့် ပြောဆိုသည်။

စကားဆုံးသည်နှင့် သူက မြေပြင်ပေါ်သို့ ခြေတစ်ချက်ဆောင့်နင်းပြီး လုယွီအား အသေသတ်ရန် တဟုန်ထိုးပြေးဝင်လာသည်။သူ၏ခန္ဓာကိုယ်သည် ယခုလက်ရှိအချိန်၌ အလွန်အမင်းကြီးမားနေပြီး လူ့ဘီလူးကြီးအသွင် ပေါက်နေသည်။

လုယွီက ထိုမြင်ကွင်းကို မြင်တွေ့သော်လည်း သူ၏မျက်နှာအမူအယာ ပြောင်းလဲသွားခြင်းမရှိချေ။သူ၏ခန္ဓာကိုယ်တစ်ခုလုံးမှ မှော်စွမ်းအားများကို တဖြည်းဖြည်း ထုတ်လွှက်လိုက်သည်။သူ၏အစိမ်းရောင်ဝတ်စုံသည် စုတ်ပြဲသွားပြီး တောင့်တင်းသန်မာသောကြွက်သားများ ထွက်ပေါ်လာပေ၏။

လုယွီ၏ရင်ဘက်မှနေ၍ ရှေးဟောင်းအရှိန်အဝါတစ်ခု မြင့်တက်လာသည်။ထို့နောက် သူ၏နောက်မှနေ၍ ရှေးဟောင်းစည်းတံဆိပ်အက္ခရာလေးခု ထွက်ပေါ်လာပေ၏။

"တာအိုအင်မော်တယ်ရဲ့ ရွှေခန္ဓာကိုယ်"

လုယွီက မြေပြင်ပေါ်သို့ ခြေဆောင့်နင်းလိုက်သည်။သူ၏နံဘေးတွင် မီတာသောင်းချီ၍မြင့်မားသော ရွှေရောင်ဓမ္မရုပ်ထုကြီး ထွက်ပေါ်လာပေ၏။ထို့နောက် သူက နွားခေါင်းတစ္ဆေအား လက်သီးဖြင့် ထိုးနှက်လိုက်သည်။

ဘုန်း....

လက်သီးတစ်ချက်နှင့်အတူ နွားခေါင်းတစ္ဆေသည် နောက်သို့ခြေနှစ်လှမ်းဆုတ်လိုက်ရပြီး လုယွီကို အံ့အားသင့်တုန်လှုပ်စွာ စူးစိုက်ကြည့်နေသည်။

"ဒါက မဖြစ်နိုင်ဘူး...သိုင်းသူတော်စင်နယ်ပယ်ကျင့်ကြံသူတစ်ယောက်မှာ ဒီလိုဓမ္မရုပ်ထုမျိုး ဘယ်လိုလုပ်ပြီးရှိနေတာလဲ"

နွားခေါင်းတစ္ဆေက အံ့အားတသင့် ရေရွတ်လိုက်သည်။

သူသည် သူ၏ရုပ်ပိုင်းဆိုင်ရာခန္ဓာကိုယ်အား လောကီအင်မော်တယ်အဆင့်သို့ရောက်စေရန် နည်းလမ်းတချို့ကို အသုံးပြုခဲ့ရသည်။

ထိုသို့ဆိုလျှင်ပင် သူ့အား မိုးကောင်းကင်တာအိုတွေ့ရှိသွားပြီး ကောင်းကင်ဘုံမိုးကြိုးဆင်းသက်လာခြင်းမှ ကာကွယ်နိုင်ရန် သူက ငရဲနယ်မြေတွင်သာ အစဥ်အမြဲပုန်းအောင်းနေရ၏။

Chapter 1420

လုယွီ၏ ရွှေရောင်ဓမ္မရုပ်ထုကြီးသည် မေ့လျော့ခံကောင်းကင်မြို့တော်၏မိုးကောင်းကင်ယံတခွင်လုံးအား လွှမ်းခြုံသွားသည်။

ယခင်က နွားခေါင်းတစ္ဆေ၏ခန္ဓာကိုယ်သည် ကြီးမားသော်လည်း ယခုလက်ရှိအချိန်၌ ရွှေရောင်ဓမ္မရုပ်ထုကြီးက ပို၍ပင်ကြီးမားနေသည်။

ဤသည်က အမတ်ကြီးချွယ် လုယွီအား လက်ဆင့်ကမ်းသင်ကြားပေးခဲ့သော နည်းစနစ်တစ်ခုပင်။

ထိုနည်းစနစ်ကြောင့် လုယွီသည် မြင့်မြတ်ဧကရာဇ်၏ရွှေခန္ဓာကိုယ်အသွင်သို့ ပြောင်းလဲနိုင်ပြီး သူ၏စွမ်းအားများသည် ယခင်ထက်အဆများစွာ တိုးတက်လာသည်။

ဘုန်း...

လုယွီက သူ၏လက်သီးဖြင့် နွားခေါင်းတစ္ဆေအား ထိုးနှက်လိုက်၏။

နွားခေါင်းတစ္ဆေ၏ကြီးမားသော ခန္ဓာကိုယ်ကြီးသည် ထိုလက်သီးချက်ကြောင့် မီတာရာပေါင်းများစွာ အကွာအဝေးသို့လွင့်ထွက်သွားသည်။

သူ၏ကြီးမားသောခန္ဓာကိုယ်ကြီး​ဖြင့် ရိုက်ခတ်မိသောကြောင့် အဆောက်အအုံများ ကြေမွပျက်စီးသွားလေရာ အုတ်စအုတ်နများနှင့်ဖုန်မှုန့်များ တထောင်းထောင်းထသွားသည်။

"မြေအောက်လောက...မင်း ဒီနေ့ ငါ့လက်ထဲမှာ သေကိုသေရမယ်...မင်း အဲ့ဒီကိစ္စကနေ ရှောင်လွှဲလို့မရဘူး"

နွားခေါင်းတစ္ဆေက အော်ဟစ်ကြုံးဝါးသည်။

သူက ရုန်းကန်၍မတ်တတ်ထရပ်လိုက်သော်လည်း သူ မလှုပ်ရှားနိုင်မီမှာပင် လုယွီက သူ၏ခန္ဓာကိုယ်ပေါ်သို့ ခြေဆောင့်နင်းလိုက်သည်။

ဘုန်း...

ရုတ်ချည်းဆိုသလိုပင် မြေပြင်ပေါ်၌ အက်ကွဲကြောင်းများ ထွက်ပေါ်လာသည်။ထို့နောက် လုယွီ၏ကန်ချက်ကြောင့် နွားခေါင်းတစ္ဆေစစ်ဗိုလ်ချုပ် ထပ်မံ၍လွင့်ထွက်သွားပြန်သည်။

လုယွီ သူ့အား အေးစက်တင်းမာစွာ တစ်ချက်ကြည့်လိုက်၏။ထို့နောက် သူက နွားခေါင်းတစ္ဆေအား ထပ်မံ၍အာရုံစိုက်ခြင်းမပြုတော့ဘဲ မေ့လျော့ခံကောင်းကင်မြို့တော်၏အနက်ရှိုင်းဆုံးနေရာထံသို့ စူးစိုက်ကြည့်နေလေသည်။

သူသည် ထိုနေရာ၌ အားနည်းသထက် ပို၍အားနည်းလာသော ကျီးချန်ယွီ၏အရှိန်အဝါကို ခံစားမိပေ၏။

အချိန်က သူ့အား စောင့်ဆိုင်းမည်မဟုတ်ချေ။ယခုလက်ရှိအချိန်၌ သူ ကျီးချန်ယွီအား တက်နိုင်သမျှ မြန်မြန်ကယ်တင်နိုင်ရန် အရေးကြီးသည်။

"မင်းက အမှိုက်ပဲ...မြန်မြန်ထပြီး အဲ့ဒီကောင်ကိုဟန့်တားထားစမ်း...ငါက ကောင်းကင်ဘုံနယ်မြေကပုဂ္ဂိုလ်နဲ့ ဆက်သွယ်နေတာ"

ထူးဆန်းသည့်အသံက ထပ်မံ၍ ထွက်ပေါ်လာပြန်၏။

လုယွီက ခြေတစ်လှမ်းရှေ့တိုးလိုက်ချိန်တွင် သူ၏နောက်ကျောမှနေ၍ လေပြင်းတစ်ချက် တိုးဝင်လာသည်ကို ရုတ်တရက် ခံစားမိသည်။

သူက နောက်သို့လှည့်ကြည့်ပြီး လက်ဝါးတစ်ချက်ရိုက်ထုတ်လိုက်ရာ သူထံတိုးဝင်လာသော နွားခေါင်းတစ္ဆေ၏လက်ဝါးရိုက်ချက်နှင့် ထိပ်တိုက်တွေ့ဆုံသည်။နွားခေါင်းတစ္ဆေသည် နောက်သို့ခြေတစ်လှမ်း ဆုတ်လိုက်ရ၏။

"အမ်..."

လုယွီက မျက်မှောင်ကြုတ်လိုက်သည်။နွားခေါင်းတစ္ဆေ၏ခွန်အား ရုတ်တရက် ယခက်ထက်ပို၍အားကောင်းလာသည်ကို သူ ခံစားမိ၏။

ဂျွတ်...ဂျွတ်..

နွားခေါင်းတစ္ဆေသည် သူ၏အရိုးအဆစ်များကို ကွေးချည်ဆန့်ချည်လုပ်ပြီး ယုတ်မာကောက်ကျစ်သောအပြုံးမျိုးပြုံးကာ ပြောဆိုသည်။

"မင်း ဘယ်လိုမှော်နည်းစနစ်မျိုး အသုံးပြုလိုက်တယ်ဆိုတာ ငါ မသိပေမယ့်...မြေအောက်လောက ဒါက မင်းရဲ့ခေတ်မဟုတ်တော့ဘူး"

ထူထပ်သိပ်သည်းသောအနက်ရောင်အခိုးအငွေ့များသည် နွားခေါင်းတစ္ဆေ၏ခန္ဓာကိုယ်တစ်ခုလုံးအား လွှမ်းခြုံသွားသည်။

အချိန်တခဏကြာပြီးနောက် အနက်ရောင်အခိုးအငွေ့များ လွှမ်းခြုံပြီးနောက်တွင် နွားခေါင်းတစ္ဆေ၏ခန္ဓာကိုယ်ပေါ်မှ ဒဏ်ရါများ ပြန်လည်ကောင်းမွန်သွားတော့သည်။

လုယွီက မျက်မှောင်ကြုတ်ပြီး ပြောဆိုလေ၏။

"ရုပ်အလောင်းဖြတ်တောက်ခြင်း နည်းစနစ်လား"

"အဆင့်နိမ့်နယ်မြေတွေမှာ အစွမ်းထက်ဆုံးမှော်သားရဲရဲ့ခန္ဓာကိုယ်ကတောင် ငါ့ရဲ့စိတ်ဝိညာဥ်ကို တောင့်မခံနိုင်ဘူး...ကံကောင်းထောက်မပြီးတော့ မင်းက အချိန်မီ ငါ့ရှေ့ကို ရောက်လာခဲ့တယ်...မင်းရဲ့စိတ်ဝိညာဥ်ကို ဝါးမြိုလိုက်တာနဲ့ ငါက ကောင်းကင်ဘုံနယ်မြေကို တက်လှမ်းနိုင်ပြီးတော့ ပိုကောင်းတဲ့ရုပ်ခန္ဓာကိုယ်ကိုရှာဖွေပြီး ​ငရဲနယ်မြေရဲ့အရှင်သခင်အသစ် ဖြစ်လာလိမ့်မယ်"

နွားခေါင်းတစ္ဆေက ခြေလှမ်းတစ်လှမ်းခြင်း လုယွီထံ လျှောက်လှမ်းလာသည်။

သူ၏ခန္ဓာကိုယ်သည် အလွန်ကြီးမားပြီးအားကောင်းပုံရသော်လည်း သူ၏အပိုင်မဟုတ်ချေ။သူသည် အလွန်အစွမ်းထက်သည့် မှော်သားရဲများ၏ရုပ်အလောင်းများကို ပေါင်းစပ်နိုင်သည့် ရှေးဟောင်းမန္တန်တစ်ခုအား အသုံးပြုထားခြင်းဖြစ်သည်။ဤမှော်မန္တန်ဖြင့် ဖွဲ့စည်းထားသော ခန္ဓာကိုယ်သည် ရုပ်အလောင်းများပိုင်ဆိုင်ခဲ့သည် စွမ်းအားများကိုလည်း ရရှိသည်။

သို့ရာတွင် ထိုနည်းစနစ်သည် မိုးကောင်းကင်အား ဖီဆန်နေသဖြင့် မိုးကောင်းကင်တာအို၏အပြစ်ပေးခံရမည်ကို စိုးရွံသဖြင့် နွားခေါင်းတစ္ဆေသည် ငရဲနယ်မြေအတွင်း၌သာ ပုန်းအောင်း၍နေခဲ့ရသည်။

သူ ပြင်ပသို့ထွက်သည်နှင့် ကောင်းကင်ဘုံကပ်ဘေးမိုးကြိုးများ၏ ရိုက်ခတ်ခြင်းခံရသည့်အပြင် ရောင်စဥ်ငါးသွယ်မိုးကြိုးကိုပင် ရင်ဆိုင်ခဲ့ရ၏။

သို့ရာတွင် သူက လုယွီ၏စိတ်ဝိညာဥ်အား ဝါးမြိုနိုင်သည်နှင့် ပြင်ပသို့ လွယ်လင့်တကူ ထွက်နိုင်ပေမည်။

တာအိုသခင်၏စိတ်ဝိညာဥ်ကိုသာ သူ ဝါးမြိုပြီးပါက ဤကမ္ဘာလောက၏ကန့်သတ်ချက်များကို ချိုးဖျက်ပြီး ကောင်းကင်ဘုံနယ်မြေသို့ တက်လှမ်းနိုင်ပေမည်။

"မြေအောက်လောက...ငါတို့နှစ်ယောက်ထဲကတစ်ယောက်ကတော့ ဒီနေ့သေရမယ်"

နွားခေါင်းတစ္ဆေသည် ရူးသွပ်လုနီးပါးဖြစ်နေပြီး သူ ၏ကြီးမားသောခန္ဓာကိုယ်ကြီးမှနေ၍ ပြင်းထန်သောအရှိန်အဝါများ ထုတ်လွှက်ထားသည်။သူ၏လက်ဝါးတစ်ဖက်သည် မိုးကောင်းကင်ယံအား ဖုံးလွှမ်းလုမတတ်ကြီးမားလာပြီး လုယွီထံဦးတည်၍ ဖိနှိပ်လိုက်သည်။

ဧရာမလက်ဝါးကြီးကိုမြင်သည်နှင့် လုယွီက သူ၏ညာခြေထောက်ကိုအားယူ၍ မြေပြင်ပေါ်ခြေဆောင့်နင်းပြီး နောက်သို့ဆုတ်လိုက်၏။ထို့နောက် သူ၏လက်ဖဝါးအတွင်း၌ သိုဝှက်ထားသော မှော်စွမ်းအားများကို တွန်းထုတ်လိုက်သည်။

ဘန်းခနဲအသံနှင့်အတူ လုယွီ၏လက်ဝါးမှ ထွက်ပေါ်လာသည့် ပြင်းထန်သောအားလှိုင်းကြောင့် နွားခေါင်းတစ္ဆေ၏ရင်ဘတ် ကျိုးကြေသွားပေ၏။

All Chapters