အခန်း (၄၄)
Vol. 4 Ch. 44
တပ်မှူးတွေက စစ်ဆင်ရေး အကျဉ်းချုပ်ကို တင်ပြဖို့ ရှေ့သို့ တက်လာခဲ့တယ်။
လွန်ခဲ့တဲ့ တစ်လလောက်က မိစ္စာဂိုဏ်းသာတွေဟာ ပိုယန်ခရိုင်ထဲကို ခိုးဝင်လာပြီး ကိုယ့်ကိုကိုယ်ဖုံးကွယ်ဖို့ ရွှေခေါင်းလောင်းကျောင်းတော်က ကျောင်းထိုင်ဘုန်းကြီးကို ခြိမ်းခြောက် ခေါ်ယူခဲ့ကြတယ် တိကျတဲ့ အကြောင်းရင်းတွေကတော့ ရှင်းရှင်းလင်းလင်း မရှိသေးဘူး။
"အရှင် ဒီနှိမ်နင်းမှုမှာ စုစုပေါင်းမိစ္စာဂိုဏ်းသားနှစ်ဆယ့်ရှစ်ဦးကို သတ်ဖြတ်နိုင်ခဲ့ပါတယ် အဲဒီထဲမှာ အရိုးဖွဲ့စည်းမှု့အဆင့် ခြောက်ဦးနဲ့ သွေးသန့်စင်မှုအဆင့် တစ်ဆယ့်ငါးဦး ပါဝင်ပါတယ်"
"အရေအတွက်အရ ပြောရရင် အရင်တစ်ကြိမ် ဖမ်းဆီးမှုနဲ့ ဆင်တူပါတယ်"
"ကျွန်တော်တို့က ကျောင်းကို လာရောက်လည်ပတ်သူတွေနဲ့ တောင်ပေါ်က ဒေသခံတွေကို အသေးစိတ် မေးမြန်းစစ်ဆေးပြီး ပတ်သက်မှု မရှိဘူးဆိုတာ အတည်ပြုပြီးမှ လွှတ်ပေးခဲ့ပါတယ်။ ချက်ချင်း ဖော်ထုတ်လို့ မရတဲ့သူတွေကိုတော့ ခရိုင်အစိုးရရဲ့ ထောင်ထဲမှာ အကျဉ်းချထားပြီးပါပြီ"
လျူကျင်းကွေ့ က လက်သီးဆုပ်ရင်း ပြောလိုက်တယ် "သီအိုရီအရ ပြောရရင် ဘယ်သူမှ ထွက်ပြေးဖို့ အလွန်ခက်ခဲပါတယ်"
"အလွန်ခက်ခဲတယ်?"
ရှန်တင်ချွန်းရဲ့ မျက်လုံးတွေက လင်းယုန်လို စူးရှနေပြီး သူတို့ကို စိုက်
ကြည့်နေတယ်"ဒါဆို တစ်ယောက်ယောက် လွတ်သွားတယ်လို့ ဆိုလိုတာလား"
"ကျွန်တော်တို့ကို ခွင့်လွှတ်ပါ အရှင်"
လျူကျင်းကွေ့ကဒူးတစ်ဖက် ထောက်လိုက်ပြီး "မိစ္စာဂိုဏ်းက လှည့်စားပြီး ကောက်ကျစ်ပါတယ် အရပ်သားတွေကို လူသားဒိုင်းအဖြစ် အသုံးပြုခဲ့လို့ အခြေအနေက တကယ်ပဲ ရှုပ်ထွေးလွန်းနေခဲ့ပါတယ်ဒါပေမဲ့ တစ်ချို့ လွတ်သွားရင်တောင် သူတို့က အောက်ခြေလူတွေသာ ဖြစ်ပြီး နောက်တစ်ကြိမ် ပြဿနာဖြစ်အောင် လုပ်ရဲတော့မှာ မဟုတ်ပါဘူး"
ရှန်ထင်ချွန်က တချို့အရာတွေကို ပွင့်ပွင့်လင်းလင်း ပြောလို့မရဘူး။
သူ ခဏတာ တိတ်ဆိတ်နေပြီးမှ ထပ်မံ ပြောလိုက်တယ်"ရွှေခေါင်းလောင်းကျောင်းတော်ကို ရှင်းလင်းပါ မိစ္စာဂိုဏ်းသားတွေကို သေသည်ဖြစ်စေ ရှင်သည်ဖြစ်စေ အကုန် စုစည်းထားပါ ငါ ကိုယ်တိုင် သေချာ စစ်ဆေးမယ်"
"ဟုတ်ကဲ့ပါ အရှင်"
သွေးထွက်သံယို တိုက်ပွဲဟာ လုံးဝ ပြီးဆုံးသွားခဲ့တယ် ဒါပေမဲ့ အဲဒီသွေးတွေရဲ့ အများစုက အရပ်သားတွေရဲ့ သွေးတွေ ဖြစ်တယ် အကြမ်းဖျင်း ခန့်မှန်းခြေအားဖြင့် အနည်းဆုံး လေးဆယ်မှ ငါးဆယ်ခန့် သေဆုံးခဲ့တယ်။
"ဒီလောက်ကြီးတဲ့ အပြစ်"
တောင်ပေါ်ကနေ ဆင်းလာတဲ့လမ်းမှာ ရွီဝင်ချိုင်က တီးတိုး ရေရွတ်နေတယ် "ငါသာ အမိန့်ပေးခဲ့မယ်ဆိုရင် ဒီလောက်များတဲ့ လူတွေ အချည်းနှီး သေရမှာ မဟုတ်ဘူး"
"ဆက်ပြီး အိပ်မက်မက်နေလိုက်"
ကျူထုံလည်း ဒီနေ့ဖြစ်ရပ်တွေအတွက် အလွန် မကျေမနပ် ဖြစ်နေတယ် "ကဲကွာ ရှန်ထင်ချွန်က တစ်ခုခု ထူးခြားတယ်လို့ ငါထင်ခဲ့တာ တကယ်တော့ သူ့ ရည်မှန်းချက်တွေ အောင်မြင်ဖို့အတွက် ဘယ်နည်းလမ်းကိုမဆို အသုံးပြုဖို့ ဆန္ဒရှိတဲ့ ရက်စက်တဲ့ လူတစ်ဦး ပါပဲ"
"မင်းတို့ နှစ်ယောက် လျှာတွေကို ထိန်းချင်သေးလား"
ဖန်ကျုံချီက သူတို့ကို သတိပေးတဲ့ အကြည့်နဲ့ ကြည့်လိုက်တယ်။
"အရှင် ကျွန်တော်က စတာပါ တပ်မှူး ရှန်ရဲ့ ဦးဆောင်မှုက အလွန် ကောင်းမွန်ပါတယ်"
ရွီဝင်ချိုင်ကချက်ချင်း စကား ပြောင်းလိုက်တယ်
ကျူထုံကတော့ နှာခေါင်းရှုံ့လိုက်ပြီး ဘာမှ ထပ်မပြောတော့ဘူး။
"အင်း..."
ဖန်ကျုံချီ ခေါင်းခါလိုက်ပေမယ့် အဲဒီကိစ္စကို ဆက်မပြောတော့ဘူး
"အနည်းဆုံး မိစ္စာဂိုဏ်းသားတွေကိုတော့ ရှင်းလင်းနိုင်ခဲ့ပြီ သူတို့ကြောင့် နောက်ထပ် လူတွေ သေရတော့မှာ မဟုတ်ဘူး"
မကြာသေးမီက ပိုယန်ခရိုင်တစ်ဝိုက်မှာ လျှို့ဝှက်စွာ ပျောက်ဆုံးမှုတွေ မနည်းလှဘူး။
ချန်ဆန်းရှီက အနားမှာ တိတ်ဆိတ်စွာ လျှောက်နေတယ်။
ရှေးခေတ် ပဒေသရာဇ်မင်းဆက်ရဲ့ အရာရှိတွေအတွက် သာမန်ပြည်သူတွေဆိုတာ ဘာလဲ?
သူတို့က လုံ့လဝီရိယအတွက် ဖန်တီးထားတဲ့ သူတို့ရဲ့ စမ်းသပ်မှုဂိမ်းထဲက NPC များ သာ ဖြစ်တယ် အဖြစ်အပျက်တစ်ခုကနေ ပိုကြီးမားတဲ့ အကျိုးကျေးဇူးတွေ ရနိုင်မယ်ဆိုရင် NPC အများအပြား ဆုံးရှုံးသွားတာဟာ သူတို့အတွက် ဂဏန်းတစ်ခုမျှသာ ဖြစ်တယ်။
ရှန်တင်ချွန်က လက်ဗလာနဲ့ ပြန်လာရတာကသူ့အတွက် သင့်တော်ပါတယ်
ဒါ့အပြင် သူကဒီကိစ္စကို ပွင့်ပွင့်လင်းလင်း စုံစမ်းလို့မရပါဘူး ဘာပဲဖြစ်ဖြစ် ဒါကို တရားရုံးနောက်ကွယ်မှာ လျှို့ဝှက်လုပ်ဆောင်ခဲ့တာပဲ။
"ကျောက်စိမ်းသေတ္တာနဲ့ သော့က လက်ထဲ ရောက်နေပြီ"
ချန်ဆန်းရှီကခြေလှမ်းကို မြန်လိုက်တယ် "သူတို့ ဒီလောက် ပြင်းပြင်းထန်ထန် တိုက်ခိုက်ခဲ့ရတဲ့ ပစ္စည်းဟာ ဘာလဲဆိုတာ ငါ ကိုယ်တိုင် ကြည့်ချင်တယ်"
အမိန့်တစ်ချက်နဲ့ ရွှေခေါင်းလောင်းကျောင်းက ဘုန်းကြီး ရှစ်ဆယ်ကျော်ကထောင်ထဲ ပစ်ထည့်ခံလိုက်ရပြီး ကျောင်းတစ်ခုလုံးကို ရှင်းလင်းကာ ပိတ်
ပစ်လိုက်တယ် ခွင့်ပြုချက်မရှိဘဲ တောင်ပေါ်ကို ဘယ်သူမှ တက်ခွင့်မရှိဘူး။
ခန်းမကြီး အတွင်းမှာ
မိစ္စာဂိုဏ်း နောက်လိုက် အလောင်းပေါင်း နှစ်ဆယ်ကျော်ကဗုဒ္ဓရုပ်ပွားတော်ရဲ့ ရွှေကိုယ်ထည်အောက်မှာ သပ်ရပ်စွာ တန်းစီထားတယ် ရှန်
တင်ချွန်က ဓားတိုကို ကိုင်ပြီး သူတို့ရဲ့ တစ်ဦးချင်းစီရဲ့ဝမ်းဗိုက်တွေကို ဓားနဲ့ ခွဲလိုက်တယ် သွေးတွေနဲ့ အူတွေကကြမ်းပြင်ပေါ် အနှံ့အပြား ဖိတ်စင် ကျလာတယ်။
ပစ္စည်းက ဘယ်မှာလဲ တပ်ဖွဲ့ခေါင်းဆောင်က သေသွားပြီ နောက်လိုက်တွေကလည်း ဖမ်းဆီးခံရတယ်။
ဒီအတွက် ရှန်ထင်ချွန်လည်း အသေးအမွှား ဒဏ်ရာရခဲ့တယ် ဒါပေမဲ့ သူ ရှာနေတဲ့အရာကို မတွေ့ခဲ့ဘူး သူကရွှေခေါင်းလောင်းကျောင်းတစ်ခုလုံးကို အောက်ခြေအထိ ဇောက်ထိုးလှန်ပစ်ခဲ့ပြီ။
ခန်းမအပြင်ဘက်ကနေ ခြေသံတွေ ထွက်ပေါ်လာတယ်။
လော်တုန်ချွမ်က ခန်းမကြီးထဲကို ဝင်လာပြီး ကြမ်းပြင်ပေါ်က အညစ်အကြေးတွေကို မြင်တဲ့အခါ မသိစိတ်ကနေ ခြေလှမ်းဆုတ်သွားတယ် လက်သီးဆုပ်ကာအရိုအသေပြုပြီး "အရှင် ကျွန်တော် ပြန်လာပါပြီ" လို့ ပြောလိုက်တယ်။
ရှန်ထင်ချွန်ကဒေါသထွက်နေပြီး ဓားတိုကို ဘေးကို ပစ်ချလိုက်ကာ အသံနက်ကြီးနဲ့ မေးလိုက်တယ်"ဒီနေ့ ညစာစားပွဲမှာ သိုင်းပညာခန်းမက တစ်ယောက်ယောက်လမ်းတစ်ဝက်မှာ ထွက်သွားတာ ရှိလား"
"အရှင်ကို ပြန်ဖြေပါတယ်"
လော်တုန်ချွမ်က ပြန်ဖြေတယ်"ခန်းမကြီးလေးခုဖြစ်တဲ့ တင်ယွမ် ၊ ထိုက်လေ့ ၊ ကျောက် နဲ့ ယွန်ဟဲ တို့ရဲ့ ခေါင်းဆောင်တွေ အားလုံး ရတနာရှစ်ပါးစားသောက်ဆိုင် မှာ ရှိနေခဲ့ကြပါတယ် ဝမ်ကျီနဲ့ ကျွန်တော်ကသူတို့ကို အချိန်ပြည့် စောင့်ကြည့်ခဲ့ပါတယ်"
ရှန်ထင်ချွန်က ထပ်မေးတယ် "သူတို့ရဲ့ လက်အောက်ငယ်သားတွေကော"
"သူတို့လည်း ရှိပါတယ်"
လော်တုန်ချွမ် ခေါင်းငုံ့ပြီး "အရိုးဖွဲ့စည်းမှုအဆင့်အထက် သိုင်းပညာကျောင်းသားတွေကို ကျွန်တော်က ရတနာရှစ်ပါးအဆောက်အအုံကို ခေါ်
ထားခဲ့တာပါတစ်ယောက်မှ ပျောက်ဆုံးခြင်း မရှိပါဘူး"
"မင်း သေချာလား"
ရှန်တင်ချွန်က အလေးနက် မေးလိုက်တယ်။
လော်တုန်ချွမ်ရဲ့ ခေါင်းဟာ မြေကြီးနဲ့ ထိလုနီးပါးအထိ ပိုငုံ့သွားတယ်
"ကျွန်တော် သေချာပါတယ် အရှင်"
"လော်အို ဒီလောက် စိတ်လှုပ်ရှားနေစရာ မလိုပါဘူး မင်းရဲ့ အလုပ်ကို ငါ ယုံကြည်ပါတယ်"
ရှန်ထင်ချွန်က သူ့လက်တွေကို နောက်ဘက်မှာ ပိုက်ထားပြီး ခန်းမထဲမှာ ဟိုဘက်ဒီဘက် လမ်းလျှောက်နေတယ်။
သူ့ရင်ထဲမှာ ဆို့နှစ်နေသလို ခံစားနေရတယ်။
ဒီပစ္စည်းကို ပိုက်ကွန်ကြားကနေ ချော်ထွက်သွားတဲ့ တစ်စုံတစ်ယောက်က ယူသွားတာ သေချာသလောက် ရှိနေပြီ။
"အရှင်"
လော်တုန်ချွမ်က "နတ်ဘုရားရတနာကို မတွေ့ရသေးတာလား" လို့ မေးလိုက်တယ်။
ရှန်တင်ချွန် မျက်လုံးမှေးလိုက်ပြီး ခဏတာ စဉ်းစားပြီးမှ ပြောလိုက်တယ်
"လော်အို မင်း သွားပြီး ခန်းမကြီးလေးခုကို ပြောလိုက်ပါ ပစ္စည်းက ငါ့လက်ထဲမှာ ရှိတယ်လို့ ပြောလိုက်ပါ"
"သူတို့ လိုချင်ရင် ရနိုင်တယ် ဒါပေမဲ့ တစ်ခုခုနဲ့ လဲလှယ်ရမယ်"
"ပထမအချက်က ဆေးဖက်ဝင် အပင်တွေ ကို လုံလောက်အောင် ပေးရမယ် စစ်တန်းလျားက လူတိုင်းအတွက် ပမာဏကို အနည်းဆုံး နှစ်ဆ တိုးပေးရမယ်"
"ဒုတိယအချက်က ခန်းမကြီးလေးခုနဲ့ ဒေသခံ သူဌေးသူကြွယ်တွေကနောက်နွေဦးမှာ ငါ့ရဲ့ စစ်ရေးလှုပ်ရှားမှုအတွက် ထောက်ပံ့ဖို့ ငွေနဲ့ စပါးတွေကို လှူဒါန်းရမယ်"
"တတိယအချက်က မြို့ထဲက သိုင်းပညာကျောင်းတွေ အားလုံးကနေ စုစုပေါင်း လူသုံးရာ ကို ငါ့ကို ပေးရမယ် အဲဒီထဲမှာ အရိုးဖွဲ့စည်းမှုကျွမ်းကျင်သူ သုံးဦးထက် မနည်း ပါဝင်ရမယ်"
"ဒီအခြေအနေ သုံးခုကို သူတို့ ဖြည့်ဆည်းပေးနိုင်ရင် ငါ သူတို့ကို နတ်ဘုရားရတနာ ပေးမယ်"
လော်တုန်ချွမ်ဟာ မယုံနိုင်ဘူး "အရှင် ဒါက နည်းနည်း ရက်စက်လွန်းရာ မရောက်ဘူးလား"
"ရက်စက်တယ်ဟုတ်လား"
ရှန်တင်ချွန်က နှာခေါင်းရှုံ့လိုက်တယ် "အဲဒီညက လျိုအိုကြီး က ငါ့ကို ဘာပြောခဲ့လဲ မင်း သိလား သူပြောတာက နတ်ဘုရားရတနာနဲ့ဆိုရင် နှစ်ဆယ်အတွင်းမှာ ဘယ်ဘက်တပ်မတော် အုပ်ချုပ်ရေးမှူးရုံးရဲ့ ဗိုလ်ချုပ်ကြီး ရာထူးကို ရနိုင်တယ်တဲ့ ခန်းမကြီးလေးခုကလည်း မြို့တော်မှာ နေရာရပြီး ပထမတန်းစား သိုင်းပညာခန်းမတွေ အဆင့်ကို ရောက်နိုင်တယ်တဲ့"
"အဲဒါနဲ့ နှိုင်းယှဉ်ရင် ပိုက်ဆံ နည်းနည်း သုံးတာနဲ့ သွေး နည်းနည်း ဖောက်တာက ဘာများ ထိခိုက်မှု ရှိလို့လဲ"
"အရှင်က ဉာဏ်ပညာရှိပါတယ်"
လော်တုန်ချွမ်က ပြောလိုက်တယ် "ငွေနဲ့ အရင်းအမြစ်တွေနဲ့ဆိုရင် စစ်
ဘက်ဝန်ကြီးဌာနရဲ့ ခွင့်ပြုချက် ရတာနဲ့ သရှင်က လာမယ့်နှစ်မှာ ကြီးမြတ်တဲ့ အရာတွေကို လုပ်နိုင်ပါလိမ့်မယ်"
"ဒါနဲ့ လော်အို"
ရှန်ထင်ချွန် စကားပြောင်းလိုက်တယ်"မင်းကိုယ်တိုင်လည်း သန့်စင်မှုအတွင်းအဆင့်နီးနေပြီ ငါ မှတ်မိသလောက် လျိုဖုန်း မှာ ရှားပါးတဲ့ ဆေးဖက်ဝင် အပင်အနည်းငယ် ရှိတယ် အဲဒါတွေကိုပါ တောင်းဆိုလိုက်ပါ မင်းနဲ့ ငါ တစ်ဝက်စီ ခွဲမယ်"
"အရှင် ထောင်စုမှုးက ဒီလောက် စဉ်းစားပေးတာ ကျေးဇူးတင်ပါတယ် ဒီကျွန်က သူ့ဘဝနဲ့ ပြန်ဆပ်ပါ့မယ်"
လော်တုန်ချွမ်က ကျေးဇူးတင်ကြောင်း ပြောပြီး အမိန့်တွေကို ဆောင်ရွက်ဖို့ ထွက်ခွာတော့မလို့ လုပ်လိုက်တယ်။
"နောက်ထပ် တစ်ခု"
ရှန်ထင်ချွန် သူ့ကို တားလိုက်တယ် "ခဏနေရင် ခရိုင်ဝန်အသစ် ရောက်လာတော့မယ် အကြောင်းတစ်ခုခုကြောင့် အုပ်ချုပ်ရေးမှူးရုံးက ရွေးချယ်ရေးအရာရှိ ကလည်း စောပြီး ရောက်လာတော့မယ်အဲဒီအချိန်ကျရင် အရာအားလုံးကို သေချာ စီစဉ်ပါ ပြီးခဲ့တဲ့တစ်ကြိမ်က ဖြစ်ခဲ့တာမျိုး ထပ်မဖြစ်စေနဲ့"
"ဟုတ်ကဲ့"
လော်တုန်ချွမ် အမိန့်ကို လိုက်နာခဲ့တယ်။
ရှန်ထင်ချွန်က သူ့ရဲ့ ဆုတ်ခွာသွားတဲ့ ပုံရိပ်ကို စိုက်ကြည့်နေတယ် သူ့ရဲ့ အကြည့်က နက်ရှိုင်းနေတယ်။
နတ်ဘုရားရတနာ...
မိစ္စာဂိုဏ်းက အောင်မြင်စွာ ယူသွားတာ ဒါမှမဟုတ် ရွှေခေါင်းလောင်းကျောင်းအနီးမှာ ဝှက်ထားတာပဲ ဖြစ်ရမယ်။
ပထမတစ်ခုဆိုရင် ဘာမှ မတတ်နိုင်ဘူး ဒါပေမဲ့ ဒုတိယတစ်ခုဆိုရင်တော့ သူ ဖြည်းဖြည်းချင်း ဆက်ရှာလို့ ရသေးတယ်။ ဘာပဲဖြစ်ဖြစ် သူ ပိုက်ဆံရဖို့အတွက် သိုင်းပညာခန်းမတွေကို အရင် လှည့်စားသင့်တယ်အချိန်ကြာရင် နောက်ကျသွားလိမ့်မယ်။
"ဧကရာဇ်က မြောက်ပိုင်းနယ်မြေမှာ ဗိုလ်ချုပ်အသစ်အဖွဲ့တစ်ဖွဲ့ကို ပြုစုပျိုးထောင်ဖို့ စီစဉ်နေတယ် ထူးခြားတဲ့ တိုက်ပွဲတစ်ခုပဲဆိုရင်တောင် အာရုံစိုက်မှုကို ဆွဲဆောင်နိုင်ပါလိမ့်မယ်"
"ကြီးကြပ်ရေးမှူး ဆင်းသွားတာနဲ့ ငါ အသစ်ရောက်လာမယ့် ကြီးကြပ်ရေးမှူးရဲ့ လက်အောက်ကို ရောက်မှာ သေချာပါတယ်"
ရှန်မိသားစုဟာ ပိုယန်ခရိုင်ရဲ့ နယ်မြေမှာ သုံးဆက်တိုင် ပိတ်မိနေခဲ့တယ်။
သူ့ဘဝမှာ ရှန်ထင်ချွန်ကဘာပဲဖြစ်ဖြစ် အပြင်ထွက်ဖို့ ဆုံးဖြတ်ထားတယ်။ ပိုယန်က လူတွေကို ခြေနင်းခုံအဖြစ် အသုံးပြုရရင်တောင် ကိစ္စမရှိပါဘူး။
စစ်တန်းလျား။
လူစာရင်း ကောက်ခံရာမှာ အကူအညီပေးပြီးနောက် ချန်ဆန်းရှီက သူ့အိမ်ကို အမြန် ပြန်လာခဲ့တယ် အိမ်နောက်ဖေးကမြေအောက်ထဲကနေ လင်လုံ ကျောက်စိမ်းသေတ္တာကို တူးဖော်ပြီး သူ့အိပ်ခန်းဆီ ပြန်လာခဲ့ကာ တံခါးကို လော့ခ်ချလိုက်ပြီးသူ့အိတ်ကပ်ထဲက သော့ကို ဆွဲထုတ်လိုက်တယ်
သော့ကို စစ်မှန်တဲ့ ကျောက်စိမ်း နဲ့ ပြုလုပ်ထားတယ် ရှုပ်ထွေးစွာ တည်ဆောက်ထားပြီး ပုံစံက ရှုပ်ထွေးရုံသာမက အစွန်းဖျားက ပုံသဏ္ဌာန် မှန်တဲ့အတွက် သေတ္တာရဲ့သော့နဲ့ အံဝင်ခွင်ကျ ဖြစ်နေတယ်။
မှတ်တမ်းတွေမှာ ဖော်ပြထားတဲ့အတိုင်း သေတ္တာတစ်လုံးကို ကျောက်စိမ်းသော့တစ်ချောင်း ပဲ ဖြစ်တယ် ကျောက်စိမ်းသော့ကို ဖျက်ဆီးလိုက်ရင် နတ်ဘုရားတွေတောင် သေတ္တာကို ဖွင့်နိုင်မှာ မဟုတ်ဘူး။
သူ ကျောက်စိမ်းသော့ကို ထည့်ပြီး စက်ယန္တရားကို လှည့်လိုက်တယ်။
"ကလစ်" ဆိုတဲ့ အသံနဲ့ သစ်သားသေတ္တာ ပွင့်သွားတယ်။
အတွင်းမှာ နောက်ထပ် သံသေတ္တာ တစ်လုံး ရှိနေတယ်။
ကံကောင်းစွာနဲ့ သံသေတ္တာကို ဖွင့်ဖို့အတွက် နောက်ထပ် သော့ မလိုအပ်ပါဘူး။
သူ အဖုံးကို ဖွင့်လိုက်တယ်။
အတွင်းထဲမှာ အဝါဖျော့ရောင် အရာဝတ္ထု နဲ့ ပြည့်နေတယ် ထိလိုက်တဲ့အခါ နူးညံ့ပြီး နွေးနေတယ် တိရိစ္ဆာန်အဆီ နဲ့ ဆင်တူနေတယ်။
"မီးခွက်ဆီလား"