အခန်း (၄၀)
Vol. 4 Ch. 40
"ဒါပေမဲ့ ပစ္စည်းကုန်ကျစရိတ်ကိုတော့ မင်းကိုယ်တိုင် ကျခံမယ်လို့ သဘောတူထားတယ်နော်"
နူကိုင်က သူ့လက်ချောင်းတွေနဲ့ရေတွက်ရင်း "နှစ်ငါးဆယ်ရှိတဲ့ ခရမ်းရွှေဝါးအပြင် တခြားရှားပါးပစ္စည်းတွေပါ ဆိုရင် အနည်းဆုံး ငွေငါးဆယ်တေး ကုန်ကျမယ်"
"ဘယ်လောက်?"
ချန်ဆန်းရှီက အံ့ဩတုန်လှုပ်စွာ အသက်ရှူသွင်းမိလိုက်သည်။
"ပြောင်းလဲသွားတဲ့ ခရမ်းရွှေဝါးကို ရှာရတာ လွယ်တယ်လို့ ထင်နေတာလား"
နူကိုင်က တည့်တိုး ပြောလိုက်သည် "တကယ်တော့ ငါ့ကို မေးရင် ခြောက်ပိသာဒါမှမဟုတ် ခုနစ်ပိသာလေးက လုံလောက်ပါတယ် တကယ်လို့ စစ်ပွဲဖြစ်လာရင် မင်းမှာ လေးဘီးပါတဲ့ လေးကြီးရှိနေဦးတော့ ဘာလို့ ပိုကြီးတာကို လုပ်နေဦးမှာလဲ"
"ကျားရိုးကိုတော့ ဒီမှာ ခဏ သိမ်းထားပေးပါဦး"
ချန်ဆန်းရှီကသူ့ဆုံးဖြတ်ချက်ကို ပြောင်းလဲရန် စိတ်ကူးမရှိပေ"ကျွန်တော် ထူးဆန်းတဲ့သားရဲရဲ့ အရွတ်ကို ရတဲ့အခါ လေးကို ပြုလုပ်ပေးပါ"
ထိုသို့ဆိုလျှင် ထိုသမင်ဖြူကို ရအောင် ရှာဖွေဖို့ သူ တကယ် လိုအပ်ပုံရသည်။
ထူးဆန်းသော သားရဲများက ရှားပါးပြီး ဈေးကြီးသည် သမင်ဖြူကို ရရှိပါက ပစ္စည်းများအတွက် လိုအပ်သော ငွေငါးဆယ်တေးကို သူ လုံးဝ မပူပန်ရတော့ပေ။
ပန်းပဲဆရာနှင့် လမ်းခွဲပြီးနောက် ချန်ဆန်းရှီက တပ်စခန်းသို့ ပြန်လာသည်။
နံနက်ပိုင်း လေ့ကျင့်ခန်းများ ပြီးဆုံးပြီးနောက် သူက နေ့လယ်ပိုင်းတွင် မြို့ကို ပုံမှန် ကင်းလှည့်ရမည်။
အနားယူချိန်တွင် သူ ဆေးဝါးများ ဝယ်ရန် သွားခဲ့ရာ ဆေးဆိုင်ရဲ့ဆိုင်းဘုတ်ကို ဖြုတ်ချပြီး 'ယွန်ဟဲ'အမည်ကိုပြန် အစားထိုးထားသည်ကို တွေ့လိုက်ရသည်။
ဒါက သခင်လေးကို သူ့ဦးလေးက လုံးဝဖျက်ဆီးလိုက်တာလားဒါမှမဟုတ် ဘာတွေ ဖြစ်နေတာလဲ။
"ဆရာ မင်း မနေ့က ဒီမှာ မရှိလို့ မသိသေးတာ"
လူများ စုရုံးနေသည့်နေရာသို့ ရောက်လာသောရွီဝမ်ချိုင် ကသူ၏ရှုပ်ထွေးမှုကို မြင်သောအခါ "ယွန်ဟဲသိုင်းပညာခန်းမက သခင်လေးကအရိုးဖွဲ့စည်းခြင်း အဆင့်ကို တက်လှမ်းခဲ့ပြီး မနေ့ညက သူ့ဦးလေးကို ချုံခိုတိုက်ခိုက် သတ်ဖြတ်ပြီးမိသားစု ပိုင်ဆိုင်မှုကို ပြန်လည်ရယူခဲ့တယ်"
"အဆင့်တက်ခဲ့တယ်"
ချန်ဆန်းရှီ၏ မှတ်ဉာဏ်ထဲတွင် ယွန်ဟဲ သခင်လေးသည် အရည်အချင်း အလယ်အလတ်သာ ရှိပြီး အရိုးဖွဲ့စည်းခြင်းအဆင့်တွင် တစ်သက်လုံး ပိတ်မိနေနိုင်သည်ဟု ပြောဆိုခဲ့သည် မဟုတ်ပါလား။
သူ့ရဲ့ဦးလေးက မိသားစု ပိုင်ဆိုင်မှုကို လုယူပြီးနောက် ဘယ်လောက်ကြာသေးလို့လဲ ဘာလို့ရုတ်တရက် အဆင့်တက်သွားခဲ့တာလဲ။
သူ အစကတည်းက သူ့စွမ်းရည်တွေကို ဖုံးကွယ်ထားတာလားဒါမှမဟုတ် တခြား အကြောင်းပြချက် ရှိသေးသလား။
ကံကောင်းစွာဖြင့်ယွန်ဟဲဆေးဆိုင်ကပုံမှန် လည်ပတ်မှု ပြန်စတင်ခဲ့ပြီး သူ့ရဲ့မိသားစု ပိုင်ဆိုင်မှုကို အောင်မြင်စွာ ပြန်လည်ရယူခဲ့သော်လည်း ဈေးနှုန်းများကို မမြှင့်တင်ခဲ့ပေ ၈၀% လျှော့စျေး ကို ဆက်လက် ထိန်းသိမ်းထားသည်။
"ကိုးကြိမ်သွေးအားဖြည့်ဆေးရည်နှစ်ထုပ်"
ကြိုးဖြင့် ချည်ထားသော စက္ကူထုပ်နှစ်ထုပ်ကို လက်ထဲ ထည့်ပေးခဲ့ရာ ငွေ ငါးဆယ်တေး ကုန်ကျသည်။
ကျားဆီမှ သူ ရခဲ့သော ငွေများ မနွေးသေးခင်မှာပင် အများစု ကုန်သွားခဲ့ပြီ။
သိုင်းသင်တနကျောင်းတွင် လေ့ကျင့်ရေးကတကယ်ကို... အမြတ်ထုတ်ခြင်း ဖြစ်သည်
သို့သော်လည်း နောက်ဆုံးတွင် မိမိကိုယ်ကို ရင်းနှီးမြှုပ်နှံခြင်း ဖြစ်
သောကြောင့် သူ နှမြောတွန့်တို၍ မရနိုင်ပေ။
ဆေးဝါးများ ဝယ်ယူပြီးနောက် အလှည့်ကျ ကင်းပြောင်းကာ တပ်စခန်းသို့ ပြန်ရမည့် အချိန်လည်း ဖြစ်သည်။
"မစ္စတာ ရွှီ"
ချန်ဆန်းရှီက "မင်းမှာ ထူးဆန်းပြီး ရှားပါးတဲ့ သားရဲတွေကို မှတ်တမ်းတင်ထားတဲ့ စာအုပ်တွေ ရှိပါလား"
"ရှိပါတယ်"
ရွီဝမ်ချိုင်ကစာအုပ်ကို အလျင်အမြန် ရှာဖွေလိုက်သည်။
သူ့ရဲ့သစ်သား ကုတင်ကမကြီးမားသော်လည်း တစ်ဝက်ကျော်ကို စာအုပ်များဖြင့် ဖုံးအုပ်ထားပြီး အိပ်ရန်အတွက် နေရာ အနည်းငယ်သာ ကျန်တော့သည်။
ရွီဝမ်ချိုင်က ထူးဆန်းပြီး ရှားပါးတဲ့ သားရဲများကို မှတ်တမ်းတင်ထားသည့် စာအုပ်ကို တိတိကျကျ ဆွဲထုတ်လိုက်သည်။
"အရင်က ယူထားတဲ့ စာအုပ်က မပြီးသေးဘူး နောက်မှ အတူတူ ပြန်ပေးမယ်"
ချန်ဆန်းရှီက ကျေးဇူးတင်စကား ပြောလိုက်သည် "ကျေးဇူးတင်ပါတယ် "
"ဘာလို့ ဒီလောက် ယဥ်ကျေးနေရတာလဲ ဆရာစာဖတ်ချင်ရင် လာယူရုံပဲလေ"
ရွီဝမ်ချိုင်ကအတော်လေး ကြိုးစားသူ ဖြစ်သည်။
"..."
ချန်ဆန်းရှီသိသည် ဒီလူက အသုံးမကျဘူးလို့ သတ်မှတ်ခံရပြီး အထုတ်ခံရမှာ ကြောက်နေပြီးမကြာသေးခင်မှသူ့ကို "ဆရာ" လို့ စေားစွာ ခေါ်ဝေါ်နေခဲ့ကာ တားလို့မရနိုင်တဲ့ အထိဖြစ်နေပြီး တကယ်တော့ လုံးဝ မလိုအပ်ပါဘူး။
သူကစာအုပ်ကို အိမ်သို့ ယူဆောင်လာပြီး ညစာ စားရန် စောင့်ဆိုင်းနေစဉ် စာအုပ်ကို လှန်လှောဖတ်ရှုနေသည်။
"တောင်တန်းနှင့် မြစ်ချောင်းများ ခရီးစဉ်" ဟု အမည်ရသည့် ထိုစာအုပ်ကို လွန်ခဲ့သော နှစ်ပေါင်း တစ်ထောင်ကျော်က တောင်တန်းနှင့် မြစ်ချောင်းများ စူးစမ်းရှာဖွေမှုကို နှစ်သက်သော ခရီးသွားတစ်ဦးက ရေးသားခဲ့ပြီး သူ၏ အတွေ့အကြုံများကို မှတ်တမ်းတင်ထားခြင်း ဖြစ်သည်။
"နောက်ထပ် အရှေ့ဘက် လီသုံးရာတွင် ထွက်ရပ်တောင်ဟု ခေါ်ပြီး ရေပေါများကာ သစ်ပင် မြက်ပင်များကင်းမဲ့နေသည်ငါးတစ်ကောငိနေထိုင်ပြီး ၎င်းရဲ့ပုံသဏ္ဌာန် ကနွားနှင့် ဆင်တူသည်..."
စာအုပ်ထဲတွင် ပါဝင်သောအကြောင်းအရာများကို မှတ်တမ်းတင်သည့် နည်းလမ်းကချန်ဆန်းရှီအရင်က ဖတ်ဖူးသည့် "တောင်တန်းနှင့် ပင်လယ်များ ဂန္တဝင်" နှင့် ဆင်တူပြီး သတ္တဝါအချို့ပင် တူညီနေသည်။
"နောက်ထပ် အနောက်ဘက် လီသုံးရာတွင်နတ်တောင် ၌... ၎င်းတွင် မြွေများနှင့် ဆင်တူပြီးအတောင်လေးချောင်းပါသောမြွေများ ပေါများသည်။ ခေါက်သံကဲ့သို့ အသံများ ထုတ်လွှတ်ပြီး ၎င်းတို့ကို မြင်ပါက ထိုဒေသတွင် ပြင်းထန်သော မိုးခေါင်မှုကို ကြိုဟောပေးသကဲ့သို့ဖြစ်သည်"
"အားလုံးကငွေတွေဘဲ"
ချန်ဆန်းရှီက စာဖတ်ရင်း စိတ်ဝင်စားနေသည်။
သူ စာမျက်နှာအချို့ကို ထပ်လှန်ကြည့်ပြီးနောက် သူ ရှာဖွေနေသည့်အရာကို နောက်ဆုံးတွင် တွေ့လိုက်ရသည်။
"နောက်ထပ် တောင်ဘက် လီတစ်ရာတွင် ဟူတောင်ဟု ခေါ်ပြီးထိုနေရာတွင် သမင်ဖြူ တစ်ကောင် နေထိုင်သည်၎င်းရဲ့ဦးခေါင်းတွင် ချိုလေးချောင်း ပါရှိပြီး နားများကအရပ်မျက်နှာ အားလုံးကို ကြားနိုင်သည် အဖိုးတန် မှိုကို စားသုံးပြီး အသားသည် အနည်းငယ် ချဉ်သော်လည်း အာဟာရ အလွန်ပြည့်ဝသည်"
'သမင်ဖြူ'
ဟူတောင်တန်းတွင် တကယ်ပဲ တစ်ကောင် ရှိပုံရသည်။
"ပထမဆုံး ငါ့ရဲ့ လေ့ကျင့်မှုကို မြှင့်တင်မယ် သွေးသန့်စင်ခြင်းသေးစားအောင်မြင်မူ့အဆင့်ကိုရောက်တဲ့အခါ သမင်ဖြူကို ရှာဖို့ ဟူတောင်တန်းကို သွားမယ်"
ချန်ဆန်းရှီ စာအုပ်ကို ပိတ်လိုက်သည်။
အချိန်သည် လျင်မြန်စွာ ကုန်ဆုံးသွားပြီး မျက်စိတစ်မှိတ်အတွင်း အောက်တိုဘာလ သို့ ရောက်ရှိလာသည်။
မြောက်ပိုင်းဒေသတွင် ရာသီဥတုကပို၍ ပို၍ အေးလာသည်။
ဆယ်ရက်ဆက်တိုက် ချန်ဆန်းရှီကသူ့ရဲ့ပုံမှန်လုပ်ငန်းများကို လုံ့လဝီရိယဖြင့် ဆက်လက် လုပ်ဆောင်သည်။
သိုင်းပညာ လေ့ကျင့်ခြင်း၊ စားသောက်ခြင်း၊ မြို့ကို ကင်းလှည့်ခြင်း။
မိစ္စာဂိုဏ်းနှင့် ပတ်သက်၍ ဖမ်းဆီးရမိသူသည် အလွန် ခေါင်းမာပြီးခုနစ်ရက် ဆက်တိုက် နှိပ်စက်ခံရသော်လည်း စကားတစ်လုံးမှ ဝန်ခံခြင်းမရှိဘဲ လျှာကို ကိုက်ဖြတ်ကာ ကိုယ့်ကိုယ်ကိုယ် သတ်သေခဲ့သည်ဟု ဆိုသည်။
ထို့ကြောင့် သဲလွန်စ ပျောက်ဆုံးသွားပြီး မြို့ကို ဆက်လက် ရှာဖွေနေကြသည်။
ချန်ဆန်းရှီကတော့ အလျင်စလို မဖြစ်ပေ။
ကိစ္စတွေ နောက်ကျလေလေ သူ့အတွက် ပိုပြီး အကျိုးရှိလေလေ ဖြစ်သည်။
သိုင်းကွင်း ၌
ကိုးကြိမ်သွေးအားဖြည့်ဆေးရည်တစ်ပန်းကန်ကို သောက်သုံးပြီးနောက် ချန်ဆန်းရှီကသူ့ရဲ့ ခန္ဓာကိုယ်ရှိ ချွေးပေါက်တိုင်း ပူနွေးလာသည်ကို ခံစားလိုက်ရသည်။
ကိုးကြိမ်သွေးအားဖြည့်ဆေးရည်၏ အာနိသင်သည် သွေးအားဖြည့်ဆေးရည်ရဲ့နှစ်ဆ ဖြစ်သည်။
သူကလက်သီးစုပ်ပြီး "အလံငယ်ရွှီ ဒီနေ့ ခင်ဗျားရဲ့ ခွန်အားအပြည့်ကို ထုတ်သုံးဖို့ ကျွန်တော် တောင်းဆိုချင်ပါတယ်"
"ခွန်အားအပြည့်လား"
ဓားကို ကိုင်ထားသော ရွှီဘင်က ခဏတာ ထိတ်လန့်သွားသည် "သေချာလား"
"သေချာပါတယ်"
ချန်ဆန်းရှီခေါင်းညိတ်လိုက်သည်။
တူညီသော လေ့ကျင့်မှုအဆင့်တွင် ပြိုင်ဘက်သည် သူ့အပေါ် ဖိအားပေးနိုင်ခြင်း မရှိတော့သည်မှာ ကြာပြီဖြစ်သည်။
"ကောင်းပြီ"
ရွှီဘင် ငြင်းဆန်ခြင်း မရှိပေ။
သူကသူ့အစွမ်းကုန် ထုတ်ပြချင်နေသည်မှာ အတန်ကြာပြီ။
သူ အနိုင်ရချင်လို့ မဟုတ်ဘဲ တူညီသော ချီ-သွေး အဆင့်တွင် ဤလူငယ်သည် အလွန် ကြောက်မက်ဖွယ် ကောင်းသောကြောင့် ဖြစ်သည်။
လူငယ်ရှေ့တွင် သူကလေ့ကျင့်ရေး ရုပ်တုတစ်ခုနှင့် တူနေပြီး မည်သည့် ခြိမ်းခြောက်မှုမှ မဖြစ်စေဘဲ နှစ်ပေါင်းများစွာ ဓားသိုင်းပညာကိုသာ အားကိုး၍ လုံးဝ ရှက်စရာမကောင်းအောင် ရှောင်ရှားနေရသည်။
"ဓားကို ကြည့်"
ရွှီဘင်က အသံကျယ်ကျယ်ဖြင့် အော်ဟစ်လိုက်ပြီး သူ့ရဲ့အသေးစားအောင်မြင်မူ့အဆင့်ရှိသော ချီ-သွေးသည် ရုတ်တရက် ပေါက်ကွဲလာကာ ရှေ့သို့ ပြေးဝင်ပြီး တောဝံပုလွေတစ်ကောင် ကောင်းကင်မှ ဆင်းသက်လာသကဲ့သို့ ဓားဖြင့် ခုတ်ချလိုက်သည်။
ချန်ဆန်းရှီကလည်း ခွန်အားအပြည့် ထုတ်သုံးပြီး ချီ-သွေး နှစ်ကြောကသူရဲ့လက်မောင်းများပေါ်တွင် စုစည်းလာကာ သူ၏ ကျူရွက်လှံရှည် ကို အရိပ်အယောင်များအဖြစ် ပြောင်းလဲသွားသည်။
"ချွင် ချွင် ချွင် ....."
ရွှီဘင်က အံ့အားသင့်စွာ သ်ိလိုက်သည်။
သူ့ရဲ့ခွန်အားအပြည့်ဖြင့်ပင် လူငယ်ကို ဖိနှိပ်နိုင်ခြင်း မရှိတော့ပေ။ ပြိုင်ဘက်ရဲ့ သွေးသန့်စင်ခြင်းကျွမ်းကျင်မှု့အဆင့်က စွမ်းအားသက်သက်အရ သူ့ထက် မနိမ့်ကျတော့ပေ
ဆယ်ကြိမ် တိုက်ခိုက်မှုအတွင်း ရွှီဘင်ရဲ့ဓားကိုင်ထားသော လက်သည် ထုံကျင်သွားပြီး သူ့ရဲ့အမြင်အာရုံက ဝေဝါးလာပြီး ပြိုင်ဘက်၏ လှံရှည်သည် မည်သည့် ဦးတည်ရာမှ ထိုးသွင်းလာမည်ကို ခန့်မှန်းနိုင်ခြင်း မရှိတော့ဘဲ သူ၏ ကိုယ်နေဟန်ထားသည် ပို၍ ပို၍ မတည်မငြိမ်နှင့် ရှုပ်ထွေးလာသည်အထိပင် နောက်ဆုံးတွင် သူ မြေပြင်ပေါ် လဲကျသွားသည်။
"ရပ် ရပ် ရပ် မတိုက်တော့ဘူး"
သူ အလျင်အမြန် အော်ဟစ်လိုက်သည်။
"ချလပ်"
ချန်ဆန်းရှီကသူ့ရဲ့လှံကို ပြန်ရုပ်ပြီး သူ့ကို ကူညီရန် ရှေ့တိုးလိုက်
သည်"ကျေးဇူးတင်ပါတယ် အစ်ကိုရွီ"
အသက်ရှူခြင်း ကျွမ်းကျင်မှု လက်နက်ရှည်များ၏ အားသာချက် လှံလှုပ်ရှားမှု လျင်မြန်ခြင်း ချီ-သွေး ခိုင်မာခြင်း...
အားသာချက် တစ်ခုပြီးတစ်ခု စုစည်းလာသောကြောင့် သူကသွေးသန့်စင်
ခြင်း အသေးစားအောင်မြင်မူ့အဆင့်ရရှိသူကို အလွယ်တကူ အနိုင်ယူနိုင်ခဲ့သည်။
"မင်း... အသေးစားအောင်မြင်မှု့အဆင့်ကိုရောက်တော့မယ် မဟုတ်လား"
ရွှီဘင်က တစ်ခုခု လွဲနေသည်ကို သတိပြုမိသည် "ဘယ်နှစ်ရက် ရှိသေးလို့လဲ"
"ကျွန်တော် အားဖြည့်ဆေးတွေ အများကြီး သောက်ထားလို့ ဖြစ်မယ်"
ချန်ဆန်းရှီကစနစ်မျက်နှာပြင်ကို ကြည့်လိုက်သည်။
[လေ့ကျင့်မှု-စစ်တပ်အခြေခံလှံပညာ (ကျွမ်းကျင်မူ့အဆင့်)]
[တိုးတက်မှု- (၉၁၀/၁၀၀၀)]
[စွမ်းဆောင်ရည်- လှံလှုပ်ရှားမှု လျင်မြန်ခြင်း၊ အံ့ဖွယ် ခံနိုင်ရည်၊ ချီ-သွေး ခိုင်မာခြင်း]
သူ ခန့်မှန်းထားသည့်အတိုင်းပင် လဝက်အတွင်းတွင် သူကအောင်မြင်မှု အနည်းငယ်ကို ထိုးဖောက်နိုင်မည်ဖြစ်သည်။
ငွေတေး ဒါဇင်ပေါင်းများစွာကအလဟသ ကုန်ဆုံးသွားခြင်း မဟုတ်ပေ။
"ငါ မင်းနဲ့ လေ့ကျင့်ပေးနိုင်တော့မှာ မဟုတ်ဘူး"
ရွှီဘင်က ချွေးများ သုတ်လိုက်သည်။
ဒါက အရမ်း ကြောက်စရာကောင်းလွန်းသည်။
ဒါက အားဖြည့်ဆေးတွေကြောင့် လုံးဝ မဟုတ်ပေ။
သူသာဆိုရင် ဘယ်လောက်ပဲ အားဖြည့်ဆေးတွေ သောက်သောက် ဒီနှုန်းနဲ့ တိုးတက်နိုင်မှာ မဟုတ်ဘူး အဲဒီအစား အဆိပ်သင့်သွားနိုင်တယ်။
ဒီလူငယ်လေးက သူ့ဘဝမှာ သေချာပေါက် အင်္ဂါအစိတ်အပိုင်း သန့်စင်ခြင်း သိုင်းပညာရှင် ဒါမှမဟုတ် ပိုမြင့်တဲ့ အဆင့် ဖြစ်လာနိုင်တယ်။
"အစ်ကိုရွီခင်ဗျား ပင်ပန်းခဲ့ပြီ ဒီည ခင်ဗျားကို အဖျော်ယမကာနဲ့ ဧည့်ခံပါ့မယ်"
ချန်ဆန်းရှီက အတူလေ့ကျင့်ပေးရသည်မှာ မလွယ်ကူကြောင်း ကောင်းကောင်း သိသည်။
"သောက်မယ်" ရွှီပင်း ငြင်းဆန်ခြင်း မရှိပေ။
"ဗုံ ..ဗုံ.."
သူတို့နှစ်ဦး ထွက်ခွာရန် ပြင်ဆင်နေစဉ်တွင် စုဝေးသံသည် မမျှော်လင့်ဘဲ မြည်လာသည်။
အမိန့်ပေးအရာရှိတစ်ဦးက မြင်းတစ်ကောင်ကို စီးနင်းကာ စစ်တပ်စခန်းနှင့် တပ်စခန်းကြားတွင် ပြေးလွှားနေပြီး သူ့ရဲ့အသံကကျယ်လောင်ပြီး ကြည်လင်နေသည်။
"စစ်သား သုံးရာ စုဝေးမယ်"
"ပိုယန်နယ်မြေ မြို့ထဲမှာ မိစ္စာဂိုဏ်းရဲ့ ခြေရာတွေကို တွေ့ရှိထားတယ်
ဝိုင်းရံဖို့နဲ့ နှိမ်နင်းဖို့ စုဝေးကြ ဝိုင်းရံဖို့နဲ့ နှိမ်နင်းဖို့ စုဝေးကြ—"