အခန်း (၄၁)
Vol. 4 Ch. 41
"မြန်မြန် စုဝေးကြ"
"ဘာတွေ တွေးတောနေကြတာလဲ"
"စစ်အမိန့်က တောင်လို မြင့်မားတယ် မင်းတို့ အသက်တွေကို အရေးမစိုက်တော့ဘူးလား"
အမိန့်ပေးအရာရှိ၏ တိုက်တွန်းမှုအောက်တွင် လက်ဖက်ရည်တစ်ခွက်သောက်ချိန် အတွင်း တပ်သားသုံးရာလုံး စုဝေးခဲ့ကြသည်။
ချန်ဆန်းရှီသည်လည်း ၎င်းတို့ထဲတွင် ပါဝင်သည်။
အဖွဲ့ကို ဦးဆောင်သူများမှာ ရာစုမှူး ကျုံးနှင့် ရာစုမှူး လျူ ဖြစ်ပြီး၊ ရှန်
ထင်ချွန်၏ အရိပ်အယောင် မတွေ့ရပေ။
"ထွက်ခွာမယ်"
အမိန့်ပေးလိုက်သည်နှင့် စစ်တပ်တစ်ခုလုံး ထွက်ခွာခဲ့သည်။
"ဒါက တကယ်ပဲ ရုတ်တရက်ပါပဲ"
ချန်ဆန်းရှီအတွက် ရန်သူနှင့် ပထမဆုံးအကြိမ် မျက်နှာချင်းဆိုင် တိုက်ခိုက်ရမည့် မစ်ရှင် ဖြစ်သည် "ရာစုမှူး ဝမ် ဘယ်မှာလဲ"
"သူ ဒီမှာ မရှိဘူး"
ရာစုမှူး လျူက "ဒီမနက်မှာ ထောင်စုမှူးကြီး က ဧည့်ခံပွဲဟန်ဆောင်ပြီး သိုင်းပညာခန်းမကြီးလေးခုက ဆရာကြီးအားလုံးကို ရတနာရှစ်ပါးစားသောက်ဆိုင် မှာ စုရုံးခဲ့တယ် အဲဒီနောက် ရာစုမှူး ဝမ် နဲ့ ရာစုမှူး လော် တို့ကို လူနှစ်ရာနဲ့အတူ လိုက်ပါဖို့ ခေါ်ခဲ့တယ် သူတို့ မပြန်လာသေးဘူး"
ဧည့်ခံတာလား?
ဒါဟာ သိုင်းပညာခန်းမတွေကို ဒီစစ်ဆင်ရေးမှာ ဝင်ရောက်မစွက်ဖက်နိုင်အောင် အိမ်အကျယ်ချုပ် ထားတာမျိုး ဖြစ်နိုင်တယ်။
ဒီနေ့မှာ သူတို့ မိစ္စာဂိုဏ်းရဲ့ ပုန်းအောင်းရာနေရာကို တကယ်တွေ့ပြီး ရှန်ထင်ချွန်က နတ်ဘုရားရတနာကို ရဖို့ သေချာပေါက် လုပ်ဆောင်နေပုံရသည်။
"ငါ့ရဲ့ ခွန်အားကို မြှင့်တင်ဖို့ အချိန်မရှိတော့ဘူး ထင်တယ်"
"အခြေအနေပေါ် မူတည်ပြီး လိုက်လျောညီထွေအောင် လုပ်ရတော့မယ်"
သို့သော်လည်း အမြဲတမ်းလိုလို ချန်ဆန်းရှီသည် ရတနာတစ်ခုအတွက် အန္တရာယ် မယူလိုပေ။
ရှန်ထင်ချွန် ကိုယ်တိုင် ပါဝင်နေပြီး ၎င်းသည် အတွင်းအားသန့်စင်
ခြင်းအဆင့် သိုင်းပညာရှင် များအတွက် သင့်တော်သည့် တိုက်ခိုက်မှု အဆင့်သို့ ရောက်နေပြီ သူ ပါဝင်ချင်ရင်တောင် ဝင်လို့မရနိုင်ပေ။
သူ အခွင့်အရေးကို စောင့်ကြည့်ပြီး လုပ်ဆောင်ရလိမ့်မည်။
တကယ်လို့ အခွင့်အရေးရှိရင် ကြိုးစားကြည့်မယ် မရှိရင်တော့ ဒီအတိုင်း လွှတ်ထားလိုက်မယ်။
"ထောင်စုမှူးကြီးက လူတွေကို ဖမ်းပဲဖမ်းတာ ဒါပေမဲ့ သိုင်းပညာခန်းမတွေကို ဘာလို့အကျယ်ချုပ်ထားရတာလဲ"
ရာစုမှူး လျူနဲ့ ရာစုမှူး ကျုံးတို့လည်း တစ်ခုခု မှားနေတယ်လို့ ခံစားရသည်။
ဒါပေမဲ့ တိကျတဲ့ အကြောင်းပြချက်ကို အထက်အရာရှိတွေက မပြောရင် သူတို့ မမေးကြပေ
အချို့အရာတွေကို မသိတာက ပိုကောင်းတယ်။
"ဆန်းရှီ"
ရာစုမှူး လျူ သူ့ပခုံးကို ပုတ်လိုက်ပြီး "အဲ့နေရာရောက်ရင် မင်း ရှေ့ကို အလျင်စလို ပြေးတိုက်ဖို့ မလိုဘူး မင်းလူတွေကို ဦးဆောင်ပြီး နောက်ဖက်ကို ပိတ်ဆို့ထားလိုက်ရုံပဲ"
"ဝမ်ဝမ် က မင်းကိုကောင်းကောင်း ဆက်ဆံတာပဲ"
တိုက်ပွဲပုဆိန်ကို သယ်ဆောင်ထားသော ရာစုမှူး ကျုံးက ထပ်ဖြည့်သည် "ဒီကိစ္စအတွက် သူ နွေဦးဆောင် ကို ဖိတ်ဖို့တောင် ထူးထူးခြားခြား သဘောတူခဲ့တယ်"
"ကျေးဇူးတင်ပါတယ် ရာစုမှူး နှစ်ယောက်စလုံး"
ချန်ဆန်းရှီက သူ့ရဲ့လူများကို ရှာရန် နောက်သို့ ဆုတ်လိုက်သည်။
"ဟားဟား"
ကျူတုံကအနည်းငယ် စိတ်လှုပ်ရှားနေပုံရသည်။
သူသည် လွန်ခဲ့သော ရက်အနည်းငယ်က သွေးသန့်စင်ခြင်း အဆင့်ရောက်ခဲ့ပြီး သူ့ရဲ့ သိုင်းပညာကို အသုံးချဖို့ နေရာမရှိလို့ စိုးရိမ်နေခဲ့တာဖြစ်သည်"လူရိုင်းတွေကို သွားသတ်ရအောင်"
ရွီဝမ်ချိုင်က သိသိသာသာ တုန်ယင်နေပြီး လှံကို တုတ်ကောက်တစ်ခုလို ဆုပ်ကိုင်ထားပြီး ထစ်ငေါ့စွာဖြင့် "ဆရာ မိစ္စာဂိုဏ်းက နောက်လိုက်တွေက မျက်တောင်မခတ်ဘဲ လူသတ် တယ်လို့ ကျွန်တော် ကြားတယ် ကျွန်တော် တကယ်သိုင်းပညာ မသိဘူး"
"အသုံးမကျဘူး မင်း ပြေးတာ ပိုကောင်းမယ်"
ကျူတုံက အမြဲတမ်းလိုလို သူ့ကို ကြိမ်းမောင်းပြောဆိုသည် "မင်းက ကြောက်တတ်တဲ့သူဘဲ"
"ငါ ရွီဝမ်ချိုင်ကသေရမှာ မကြောက်ဘူး"
ရွီဝမ်ချိုင်ကသူ့ရဲ့လှံကို ဆွဲကိုင်ကာ ကျယ်လောင်စွာ ကြေညာလိုက်သည် "ငါက လူရုပ်မပေါ်ဘဲ သေရမှာကိုပဲ ကြောက်တာ"
"ချီး" ကျူတုံကစိတ်ဝင်စားစွာ ဆက်ဆံခြင်း မပြုတော့ပေ။
ဝမ်လိကအတော်လေး စိတ်တည်ငြိမ်သည် "အလံငယ်ဆရာ နောက်မှာဘာလုပ်ရမလဲ"
"ရာစုမှူးတွေရဲ့ အမိန့်ကို လိုက်နာပါ"
ချန်ဆန်းရှီကသူ့ရဲ့ လူများကို ကြည့်လိုက်ပြီး "မကြောက်ပါနဲ့ ဒါက ဝိုင်းရံတာသက်သက်ပဲ တကယ့် ကျွမ်းကျင်သူတွေကို ထောင်စုမှူး ရှန်က ကိုင်တွယ်
လိမ့်မယ် ငါတို့က လမ်းကို ပိတ်ဆို့ရုံသာ ဖြစ်နိုင်တယ်။ ဒါ့အပြင် ငါတို့ စစ်မှုထမ်းတဲ့နေ့ကတည်းက ဒီလိုနေ့မျိုး ရောက်လာမယ်ဆိုတာ သိထားပြီးသားပဲ"
"ဆရာ ပြောတာ မှန်ပါတယ်"
ဝမ်လိက သဘောတူသည် "တစ်နေ့ကျရင် တကယ်တမ်း တိုက်ပွဲဝင်ရတဲ့အခါ ဘာလုပ်ရမှန်းမသိ ဖြစ်နေမယ့်အစား ဒီအခွင့်အရေးကို စမ်းသပ်မှုအဖြစ် ယူတာ ပိုကောင်းတယ်"
အဖွဲ့သည် တပ်သားများနှင့် ပူးပေါင်းလိုက်သည်။
လူသုံးရာက ပိုယန်မြို့ဘက်သို့ အင်အားကြီးမားစွာ ချီတက်ကြသည်။
ဒါပေမဲ့ သူတို့ရဲ့ ဦးတည်ရာက မြို့တွင်း မဟုတ်ပါဘူး။
ပိုယန်မြို့ရဲ့ တောင်ဘက်တံခါးအပြင်ဘက် ငါးမိုင်အကွာမှာ ရွှေခေါင်းလောင်းဘုရားကျောင်း လို့ လူသိများတဲ့ ဘုရားကျောင်းတစ်ခု ရှိပြီး အဲဒီမှာ မိစ္စာဂိုဏ်းက နောက်လိုက်တွေ ပုန်းအောင်းနေခဲ့ကြတယ်။ မနေ့က ဘုရားရှိခိုးဖို့ သွားတဲ့ ဒေသခံ စစ်သားတစ်ဦးက သံသယဖြစ်ဖွယ် တစ်ခုခုကို တွေ့ရှိပြီး အမိန့်ပေးအရာရှိကို အစီရင်ခံခဲ့တာ ဖြစ်သည်။
တောင်ဘက်မြို့တံခါးအပြင်ဘက်တွင် တောင်ကုန်းငယ်လေးတစ်ခု ရှိသည်။
တောင်ကုန်းခြေရင်းတွင် ကျောက်ပြားနှစ်ထပ် မြင့်သော ကျောက်စာတိုင်
တစ်ခု စိုက်ထူထားပြီး "ရွှေခေါင်းလောင်းဘုရားကျောင်း" ဟူသော စကားလုံးများကို ထွင်းထုထားသည်။
ကျောက်စာတိုင်ဘေးတွင် ကွေ့ကောက်နေသော လှေကားသည် တစ်ဆင့်ပြီးတစ်ဆင့် တက်သွားသည်။ ထိုနေရာတွင် ဘုရားဖူးသူများ အတန်းလိုက် တန်းစီကာ တောင်စောင်းအလယ်တွင် တည်ရှိသော အနီရောင် ဘုရားကျောင်းသို့ သွားရောက်ကြသည်။ လူများ များပြားသော်လည်း နေရာသည် အလွန်တိတ်ဆိတ်နေသည်။ ရှေးဟောင်းထင်းရှူးပင်များ ဖုံးကွယ်ထားသော အဆောက်အအုံများမှသာ ခေါင်းလောင်းသံနှင့် မီးခိုးငွေ့အချို့ ထွက်ပေါ်လာသည်။
ဘုရားကျောင်းအပြင်ဘက်တွင် ဘုရားဖူးများ နားနေနိုင်သည့် လက်ဖက်ရည်ဆိုင်တစ်ခု ရှိသည်။
ရှန်ထင်ချွန်သည် သာမန်အရပ်သား အဝတ်အစားများ ဝတ်ဆင်ကာ ခုံရှည်တစ်ခုပေါ်တွင် ထိုင်လျက် လက်ဖက်ရည်ကို အေးဆေးစွာ သောက်နေသည်။
သူ၏ ဘေးတွင်လည်း အလားတူ အဝတ်အစားများ ဝတ်ဆင်ထားသော စစ်သားနှစ်ဦး ထိုင်နေသည်။
တစ်ဦးက ဖုန်း အမည်ရှိပြီး ကျန်တစ်ဦးက ကျောက် အမည်ရှိသည်။
ရာစုမှူး ဖုန်းက ခေါင်းငုံ့ကာ တီးတိုးပြောသည် "အရှင်စစ်တပ်က အမွှေးတိုင်တစ်ဝက်စာ အချိန် အတွင်း ရောက်လာပြီး ရွှေခေါင်းလောင်းဘုရားကျောင်းကို ဝိုင်းရံပါလိမ့်မယ် ဒါပေမဲ့... အရပ်သားတွေကို ရွှေ့ပြောင်းပေးဖို့ မလိုဘူးလား"
"ရွှေ့ပြောင်းရမယ်?"
ရှန်ထင်ချွန်က မျက်နှာအမူအရာ မပြောင်းလဲဘဲ သူ့ရဲ့လက်ဖက်ရည်ခွက်ကို ကစားနေသည် "သူတို့ကို ရွှေ့ပြောင်းလိုက်ရင် မိစ္စာဂိုဏ်းက နောက်လိုက်တွေကို အချက်ပြလိုက်သလို ဖြစ်မသွားဘူးလား"
"ဒါပေမဲ့..."
ရာစုစုမှူး ဖုန်းက စိတ်သောက ရောက်နေသော အမူအရာဖြင့် ပြောသည်"စုန်းနတ်ဂိုဏ်းက လူနှစ်ဆယ်လောက် ရှိတယ် ကြီးမားတဲ့ ဆူပူမှု ဖြစ်လာမှာ သေချာတယ် ရွှေ့ပြောင်းမပေးရင် အပြစ်မဲ့တဲ့ ဘုရားဖူးတွေ ဒဏ်ရာရမှာကို စိုးရိမ်မိပါတယ်"
ရှန်ထင်ချွန်ရဲ့ အသံကအေးစက်နေသည် "ရွာသား အနည်းငယ် သေသွားရင် ဘာဖြစ်လဲ"
"ထောင်စုမှူးကြီး... ခင်ဗျား..."
ဖုန်းနှင့် ကျောက် ရာစုမှူး နှစ်ဦးစလုံး ပြောစရာ စကားလုံး မတွေ့တော့ပေ
"တစ်ခုခုကို အောင်မြင်ဖို့ဆိုရင် အမြဲတမ်း ပေးဆပ်ရမယ့် တန်ဖိုးတစ်ခု ရှိတယ် မဟုတ်လား"
ရှန်ထင်ချွန်ကသူ့ရဲ့လက်ဖက်ရည်ခွက်ကို ညင်သာစွာ ချလိုက်ပြီး လေးနက်သော အသံဖြင့် "လူတစ်ဦး အောင်မြင်ဖို့အတွက် ထောင်ပေါင်းများစွာ ပျက်စီးရမယ် ဒါက လောကဓမ္မတာပဲ"
"ဒါပေမဲ့ သူတို့က အရပ်သားတွေပါ" ရာစုမှူး ဖုန်းကသူ့ရဲ့သတ္တိကို မွေးကာ"ကျွန်တော် ထင်ပါတယ်... "
"တော်ပြီ"
ရှန်းထင်ချွန်းက စကားဖြတ်လိုက်သည် "ဖုန်းယုန် ကျောက်ကန် ငါ့အမိန့်ကို နားထောင်
"မင်းတို့နှစ်ယောက် ဘုရားဖူးအယောင်ဆောင်ပြီး အထူးတပ်ဖွဲ့ကို ဦးဆောင်ပြီး ငါနဲ့အတူ ဘုရားကျောင်းထဲကို ခိုးဝင်မယ် ပြီးတော့ လျူကျင်းကွေ့ နဲ့ ကျုံးချျိုးအန်း တို့က တောင်ပေါ်က ဆင်းတဲ့ လမ်းကြောင်းတိုင်းကို ပိတ်ဆို့ထားဖို့ သေချာပါစေ တစ်ယောက် လွတ်သွားရင် မင်းတို့ တာဝန်ခံရမယ်"
"ဟုတ်ကဲ့"
ဖုန်းနှင့် ကျောက်တို့ကထပ်မံ ပြောဝံ့ခြင်းမရှိဘဲ အမိန့်များ ပေးပို့ရန် လျင်မြန်စွာ ထွက်ခွာသွားကြသည်။
စစ်သား သုံးရာသည် မြို့ထဲမှ ထွက်ခွာပြီးနောက် စစ်ဖက်အရာရှိ အမျိုးမျိုး၏ အမိန့်အောက်တွင် ကွဲထွက်ကာ ရွှေခေါင်းလောင်းဘုရားကျောင်း တည်ရှိရာ တောင်ကုန်းငယ်ကို ပတ်လည် လေးဘက်လေးရံမှ ဝိုင်းရံလိုက်သည်။ လုပ်ငန်းစဉ်တစ်ခုလုံးသည် လျင်မြန်ပြီး တိတ်ဆိတ်နေခဲ့သည်။
ချန်ဆန်းရှီနှင့် ဖန်ကျုံးချီတို့သည် လူငါးဆယ်နှင့်အတူ တောင်စောင်းမှ ဆင်းသော လမ်းကြောင်းတစ်ခုတွင် နေရာယူထားသည်။ နှစ်ဖက်စလုံးရှိ ထူထပ်သော သစ်ရွက်များထဲတွင် ချုံခိုစောင့်ဆိုင်းနေကြပြီး ထွက်ပြေးရန် ကြိုးစားသူတိုင်းကို ပိတ်ဆို့ရန် တာဝန်ပေးထားသည်။
ဖန်ကျုံးချီကလူတိုင်း ရှင်းရှင်းလင်းလင်း ကြားနိုင်လောက်သည့် အသံဖြင့် အမိန့်များ ထုတ်ပြန်ခဲ့သည်-
"လှံစစ်သားတွေက လမ်းကို ပိတ်ဖို့ တာဝန်ယူရမယ် လေးသမားတွေက မြင်ကွင်းရှင်းတဲ့ နေရာရှာ ဒိုင်းနှင့် ဓားစစ်သားတွေက လှံသမားတွေကို ကာကွယ်ပေး၊ ပြီးတော့ ချဉ်းကပ်လာသူတိုင်းကို သတ်ဖို့ အသင့်ပြင်ထား
"မိစ္စာဂိုဏ်းက နောက်လိုက် တစ်ဦးရဲ့ ခေါင်းအတွက် စစ်သားတွေကို သွေးဖြည့်ဟင်းချို တစ်ပန်းကန် ဆုချမယ် ရာထူးပိုမြင့်သူတွေကို သီးခြား ဆုချမယ်
"တောင်ပေါ်ကနေ လေချွန်မြှား တစ်စင်း ပစ်လိုက်ရင် တိုက်ပွဲ စတင်ပြီလို့ အဓိပ္ပာယ်ရတယ်
"ထောင်စုမှူးကြီးရဲ့ အမိန့်၊ ဘယ်သူ့ကိုမှ အရှင်မထားရဘူး"
ဤအမိန့်များနောက်တွင် လူငါးဆယ်နီးပါးကသူတို့၏ နေရာများတွင် နေရာယူလိုက်ကြသည်။
"ဆရာ... ဆရာ"
ရွီဝမ်ချိုင်၏ ဦးထုပ်နီသည် စောင်းနေပြီး သူသည် လှံကို ခိုင်မြဲစွာ မကိုင်
နိုင်ပေ "ကျွန်တော် တကယ်ပဲ သိုင်းပညာ မသိဘူး"
" ကျူထုံ"
ချန်ဆန်းရှီက "တိုက်ပွဲ တကယ် စတဲ့အခါ သူ့ကို သတိထားကြည့်ပေးပါ"
"ညီလေး ချန် ဒီအဖိုးကြီးကို လွှတ်ထားလိုက်ပါ"
ကျူထုံကလှံရှည်ကို ကိုင်ထားပြီး ကျောဘက်တွင် သံမည်းတူကြီး ကို ချည်ထားသည်။ သူ လေ့ကျင့်သော ပညာရပ်နှင့် ကိုက်ညီသော်လည်း စံထုတ် လှံရှည်ကိုလည်း ကိုင်ထားသည်။
စစ်ဖက်အရာရှိ မဖြစ်မီကပင် သိုင်းစစ်သားများသည် တိုက်ခိုက်ရေးဧရိယာတွင် စစ်ရေးဖွဲ့စည်းမှုထဲတွင် ဝင်ရောက် လုပ်ဆောင်ရန် လိုအပ်သည်၊ ဖွဲ့စည်းမှုကို မဖျက်ဆီးဘဲ၊ စစ်ဖက်အရာရှိများသာ လိုအပ်သလို အမိန့်ပေးရန်နှင့် လှုပ်ရှားရန် လွတ်လပ်မှု ရှိသည်။
"ဒီကို လာ"
ကျူထုံက ကြက်ဖမ်းသကဲ့သို့ ရွီဝမ်ချိုင်ကို သူ့ဘေးသို့ ဆွဲခေါ်လိုက်သည်။
လူအုပ်ကြီး တိတ်ဆိတ်သွားပြီး သစ်တောထဲမှ လေထုသည် တင်းမာမှုဖြင့် ပြည့်နှက်နေသည်။
သူတို့ထဲမှ တော်တော်များများက တကယ့် ဓားများနှင့် လှံများဖြင့် တစ်ခါမှ တိုက်ခိုက်ဖူးခြင်း မရှိသေးပေ ထို့ကြောင့် စိုးရိမ်ပူပန်မှု မရှိဘဲ ဘယ်လိုနေနိုင်မည်နည်း ကံကောင်းစွာဖြင့် သူတို့ လူအလုံအလောက် ရှိသောကြောင့် အရမ်း ကြောက်စရာ မကောင်းပေ။
"ချူး—"
အချိန် ဘယ်လောက်ကြာသွားမှန်း မသိ၊ ကြောက်မက်ဖွယ် တိတ်ဆိတ်မှုကို ဖြိုခွဲလိုက်သည့် ချွန်ထက်သော အော်ဟစ်သံတစ်ခု ထွက်ပေါ်လာသည်။