အခန်း (၄၃)
Vol. 4 Ch. 43
"ရပ်လိုက်"
မျက်နှာဖုံးစွပ် အဖွဲ့ခေါင်းဆောင်ရဲ့ ဓားကထိုသူကို ချိန်ရွယ်လိုက်ပြီး "မိစ္စာဂိုဏ်း သားလား?"
"အော်မီထော်ဖော်..."
နှုတ်သီးချွန် ဘုန်းကြီးက လက်အုပ်ချီလိုက်ပြီး "ဆရာသခင်များမဟုတ်မမှန် ပြောဆိုခြင်း မပြုပါနဲ့ ဒီရဟန်းက ရွှေခေါင်းလောင်းကျောင်းက ဘုန်းကြီးပါ"
"ဘုန်းကြီး ဒါဆို ဘာလို့ ဒီလို ထိတ်လန့်တကြား ပြေးလွှားနေရတာလဲ"
မျက်နှာဖုံးစွပ် အမျိုးသားက အေးစက်စက် မေးလိုက်တယ် "ဗျာများမနေနဲ့အဲဒီမျက်နှာနဲ့ ဘယ်သူ့ကို လှည့်စားလို့ရမှာလဲ သေဖို့ ပြင်ထား"
'စကားပိုတွေ မပြောတော့ဘူး'
သူတို့ လေးယောက်စလုံးဟာ တစ်ပြိုင်နက်တည်း လှုပ်ရှားလိုက်ကြတယ်
ဘုန်းကြီးလည်း ချီတုံချတုံ မဖြစ်တော့ပေ သူ့လက်တွေက ဘယ်အချိန်
ကတည်းကလဲ မသိဘဲ သံကြိုးတွေ ပတ်ထားတဲ့ လက်အိတ်တစ်စုံကို အသင့် ဝတ်ဆင်ပြီးသား ဖြစ်နေတယ် ဓားသွားနဲ့ တိုက်ရိုက် ရိုက်ခတ်မိရာကနေ မီးပွားတွေ ချက်ချင်း ထွက်ပေါ်လာတယ်
"ဒီဘုန်းကြီးနဲ့ မျက်နှာဖုံးခေါင်းဆောင် နှစ်ယောက်လုံးဟာ အရိုးဖွဲ့ုစည်းမှု့အဆင့် မှာ ရှိနေကြတာပဲ"
ချန်ဆန်းရှီကသူတို့ရဲ့ စွမ်းအားတွေဟာ သွေးသန့်စင်မှုအဆင့် စစ်သည်တွေထက် သာလွန်နေတာကို သိလိုက်တယ် သူတို့ နှစ်ဦးစလုံးဟာ အရိုးဖွဲ့စည်းမှု့အဆင့်မှ ကျွမ်းကျင်သူတွေ ဖြစ်ကြတယ်။
အထူးသဖြင့် နှုတ်သီးချွန် ဘုန်းကြီးဟာ အားနည်းပုံရပေမယ့် တကယ်တမ်း လှုပ်ရှားတဲ့အခါမှာ ဒုတိယအလွှာတောင်ပေါ်က ကျားရဲကြီးလို ကြမ်းတမ်းပြီး ဖျတ်လတ်နေတယ်။
မျက်နှာဖုံးခေါင်းဆောင်ကလွဲပြီး တခြားသူတွေက ယှဉ်လို့မရဘူး။ အကြိမ်အနည်းငယ် တိုက်ခိုက်လိုက်ရုံနဲ့ သူတို့အားလုံး ဒဏ်ရာတွေ ရသွားကြတယ် ဓားတွေကို ကိုင်ထားပြီး အနားကို မချဉ်းကပ်ရဲဘဲ အဝေးကနေပဲ ကာကွယ်နေရတယ်။
မျက်နှာဖုံးခေါင်းဆောင်နဲ့ ဘုန်းကြီးက ပြင်းထန်တဲ့ တိုက်ပွဲထဲမှာ ပိတ်မိနေကြပြီ။
တိုက်ပွဲက အကျပ်အတည်း ဖြစ်နေချိန်မှာ နောက်ထပ် ပုံရိပ်တစ်ခုဟာ တိတ်တဆိတ် ပေါ်လာပြီး နောက်ကွယ်ကနေ အံ့အားသင့်ဖွယ် တိုက်ခိုက်မှုတစ်ခုကို စတင်လိုက်တယ်။
ဒါကလည်း အရိုးဖွဲ့စည်းမှု့အဆင့်ပညာရှင် တစ်ဦးပဲ ဖြစ်ပြန်တယ်။
နှစ်ဦးက တစ်ဦးကို ယှဉ်တဲ့အခါမှာ ဘုန်းကြီးဟာ နောက်ဆုံးမှာ အားနည်းလာတော့တယ်။
"ဟစ်—"
မျက်နှာဖုံးခေါင်းဆောင်ဟာ အခွင့်အရေးရပြီး ဘုန်းကြီးရဲ့ ပခုံးပေါ်ကို ဓားနဲ့ ခုတ်ချလိုက်တယ်။
ဓားဟာ ထင်ထားသလို လက်တစ်ချောင်းလုံးကို ပြတ်အောင် မဖြတ်နိုင်ခဲ့ဘဲ အရိုးကို ထက်ပိုင်းခွဲပြီးနောက် အလယ်မှာ တင်နေခဲ့တယ်။ လုံးလုံးလျားလျား ဖြတ်တောက်ဖို့ မစွမ်းသာဘူး ဖြစ်နေတယ်။
'ဒါက အရိုးဖွဲ့စည်းမှု့အဆင့်လား?'
'အရိုးတွေက ဓားနဲ့ ဖြတ်ဖို့တောင် ခက်ခဲလောက်အောင် တကယ်ကို မာကျောနေတာလား'
'ငါ့ရဲ့ နှစ်စတုံလေးနဲ့ဆိုရင်တောင် အရိုးဖွဲ့စည်းမှု့အဆင့် သိုင်းပညာရှင်ကို တိုက်ရိုက်သတ်နိုင်မှာ မဟုတ်ဘူးထင်တယ်'
'ဆယ်ပိသာလေးကို ရအောင်ယူဖို့က အရေးကြီးတယ်နဲ့ တူတယ်'
ချန်ဆန်းရှီကတိုက်ပွဲကို ဆက်လက် စောင့်ကြည့်နေခဲ့တယ် သူ့အဆင့်ထက် ပိုမြင့်တဲ့ တိုက်ပွဲတိုင်းဟာ အတွေ့အကြုံ ရရှိဖို့အတွက် အထောက်အကူ ဖြစ်စေတယ်။
စစ်မြေပြင်မှာ အခြေအနေက တဖြည်းဖြည်း ရှင်းလင်းလာတယ်
နောက်ဆုံးမှာတော့ လက်နှစ်ဖက်ကို အသုံးပြုတဲ့ ဘုန်းကြီးတစ်ပါးကလက်လေးဖက်ကို ယှဉ်ဖို့ မလွယ်ကူတော့ဘူး ဓားနဲ့ အခုတ်ခံလိုက်ရပြီးနောက် သူ့ရဲ့ အားနည်းချက်က လျင်မြန်စွာ ကျယ်ပြန့်လာတယ် အဝေးကနေသာ ကြည့်ရဲတဲ့ သွေးသန့်စင်မှု စစ်သည်တွေဟာလည်း အဆုံးသတ် ထိုးနှက်ချက်ကို ပေးဖို့ အခွင့်အရေးကို ရှာဖွေရင်း ချဉ်းကပ်လာကြတယ်။
"ဟစ်၊ ဟစ်၊ ဟစ်—"
အဝတ်အစားတွေ ဆုတ်ဖြဲသွားတဲ့ ဓားသံတွေဟာ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာတယ်။
ဘုန်းကြီးအယောင်ဆောင်ထားသူက အနီရောင်ဆေးတွေ ပက်ဖြန်းခံထားရသလို ဖြစ်နေတယ် အရိုးတွေက ကျိုးဖို့ ခက်ပေမယ့် အသားတွေက နေရာအတော်များများမှာ ကွာကျနေပြီ။ အချို့က သူ့ခန္ဓာကိုယ်မှာ တွဲလွဲကျနေပြီး ဘယ်အချိန်မဆို ပြုတ်ကျနိုင်သလို တုန်ခါနေတာကြောင့် အလွန်အမင်း ထိတ်လန့်စရာ ကောင်းနေတယ်။
နောက်ဆုံးမှာတော့ မျက်နှာဖုံးခေါင်းဆောင်ဟာ အခွင့်အရေးကို ရှာတွေ့ပြီး မိစ္စာဂိုဏ်းသားရဲ့ လည်ပင်းသွေးလွှတ်ကြော ထဲကို ဓားနဲ့ ထိုးသွင်းလိုက်တယ်။
သွေးတွေက ရေပန်းလို ပန်းထွက်လာတယ် သူ့ရဲ့ခန္ဓာကိုယ်က တောင့်တင်းစွာနဲ့ မြေပြင်ပေါ် လဲကျသွားပြီး မျက်လုံးတွေ ကျယ်ပြန့်စွာ ပွင့်လျက် သေဆုံးသွားခဲ့တယ်။
"ရှာ"
မျက်နှာဖုံးစွပ် အမျိုးသားတွေက အလောင်းကို အမြန် ရှာဖွေကြပေမယ့် ဘာမှ မတွေ့ရဘူး။
"ဘာမှ မရှိဘူး နတ်ဘုရားရတနာက သူ့မှာ မရှိဘူး"
"သခင်လေးအနေနဲ့ တောင်ပေါ်ကို တက်ဖို့ စဉ်းစားထားလား"
"အဲဒီ ပစ္စည်းက ရှန်ထင်ချွန်လက်ထဲ ရောက်နေလောက်ပြီ"
"သွားကြစို့ ငါတို့ ဒီကို လာတာက အကြွင်းအကျန် လိုက်လံရှာဖွေဖို့ပဲ ဘာမှ မတွေ့ရင်လည်း ပြီးတာပဲ ရှန်တင်ချွန်လက်ထဲ အမိခံရရင် ငါတို့အတွက် အဆုံးသတ်ပဲ ဒီနောက်ဆက်တွဲအတွက် ကြီးမားတဲ့ တန်ဖိုး ပေးရတော့မယ်နဲ့ တူတယ်"
"အလောင်းကို ယူပြီး ဆုတ်ခွာ"
သူတို့ရဲ့ စကားပြောဆိုမှုကို နားထောင်ရင်း ချန်ဆန်းရှီက သူ့ရဲ့စိတ်ထဲက ထင်မြင်ချက်ကို အတည်ပြုလိုက်တယ်။
အဲဒီ မျက်နှာဖုံးစွပ် အမျိုးသားတွေက လျိုကျန်း နဲ့ အဲဒီ အစေခံအိုကြီး ပဲ
ဒီသခင်လေးက ပြည့်တန်ဆာရုံတွေမှာ အချိန်ဖြုန်းတယ်ဆိုတဲ့ ကောလာဟလတွေ ရှိပေမယ့် သိုင်းပညာ လေ့ကျင့်ရာမှာ နောက်ကျန်ခဲ့ခြင်း မရှိခဲ့ဘူး အသက် ၂၅ နှစ်၊ ၂၆ နှစ် အရွယ်မှာ ဆယ်နှစ်ကြာ သိုင်းလေ့ကျင့်ခဲ့တယ်ဆိုရင်တောင် အရိုးဖွဲ့စည်းမှု့အဆင့်ကို ရောက်ရှိတာက ပိုယန်ခရိုင်မှာ ထူးချွန်သူ ဖြစ်နေတုန်းပဲ။
"သူ့ကို သတ်ဖို့အတွက် ငါ့ရဲ့ ခွန်အားကို မြှင့်တင်ဖို့ လိုနေသေးတယ်"
လျိုကျန်းက သူ့ကို ရှာနေတာကို မမေ့သေးဘူး ဝမ်ကျီ ရှိနေလို့သာ အသက်အန္တရာယ် မရှိတာ ဖြစ်ပေမယ့် ပျော်စရာတော့ မကောင်းခဲ့ဘူး။
အခြားသူတွေရဲ့ ထိန်းချုပ်မှုကို ခံနေရတာက တကယ်ကို မခံမရပ်နိုင်စရာပဲ။
သူကအချိန်ဆွဲမနေဘဲ သူလာခဲ့တဲ့ လမ်းအတိုင်း ပြန်လှည့်လာခဲ့တယ်။
"ရှန်ထင်ချွန်က တကယ်ပဲ နတ်ဘုရားရတနာကို ရသွားတာလား"
ချန်ဆန်းရှီကနောင်တရနေမိတယ်။
ဒါပေမဲ့ တစ်ခုခုတော့ မမှန်ဘူးလို့ သူ အမြဲ ခံစားနေရတယ်
ဂရုတစိုက် စဉ်းစားကြည့်တဲ့အခါ မိစ္စာဂိုဏ်းသားတွေကသာမန်ပြည်သူတွေနဲ့ ရောနှောပြီး ထွက်ပြေးဖို့ ကြိုးစားတာက တကယ်တော့ ကောင်းမွန်တဲ့ နည်းလမ်း မဟုတ်ဘူး။
စစ်တပ်က ရောက်ရှိနေပြီဖြစ်ပြီး တကယ်လို့ သူတို့က သာမန်လူတွေ ဖြစ်ခဲ့ရင်တောင် ပြဿနာမရှိဘူးလို့ အတည်မပြုခင် သူတို့ရဲ့ အဘိုးအဘွား ၁၈ ဆက်အထိ စေ့စေ့စပ်စပ် စစ်ဆေးပြီးမှ လွှတ်ပေးမှာ ဖြစ်တယ်။
သတိမပြုမိဘဲ ထွက်ပြေးတာထက် သူတို့ဟာ အာရုံစိုက်မှုကို ဆွဲဆောင်ဖို့ ကြိုးစားနေတာနဲ့ ပိုတူနေတယ်။
ချန်ဆန်းရှီသာမရှိခဲ့ရင် ကိုက် ဒါဇင်ပေါင်းများစွာ အကွာက သစ်ကိုင်းတွေ ကျိုးတဲ့အသံကိုတောင် ရှင်းရှင်းလင်းလင်း ကြားနိုင်တဲ့ ဒီလို ပရမ်းပတာ မြင်ကွင်းမှာ ဘုန်းကြီးအယောင်ဆောင်သူကို ဘယ်သူမှ သတိထားမိမှာ မဟုတ်ဘူး။
ဒါပေမဲ့ သူ့မှာ ဘာမှ မရှိဘူး။
ဝှက်ထားတာလား?
ချန်ဆန်းရှီကလင်လုံ ကျောက်စိမ်းသေတ္တာကို ပထမဆုံး ရခဲ့တဲ့ မြင်ကွင်းကို မဆီမဆိုင် ပြန်အမှတ်ရမိတယ်။
စမ်းသပ်ကြည့်မယ်ဆိုတဲ့ သဘောထားနဲ့ သူ ပြန်လာတဲ့ လမ်းတစ်လျှောက်မှာ လိုက်ရှာကြည့်ပေမယ့် မြေကြီး မွှေနှောက်ထားတဲ့ လက္ခဏာ တစ်စုံတစ်ရာမှ မတွေ့ရဘူး။
"ငါ အလွန်အကျွံ စဉ်းစားနေမိတာလား"
"ခဏလေး"
သူ့အပေါ်က ငှက်တစ်ကောင်ရဲ့ အော်သံဟာ ထင်းရှူးပင်ရဲ့ အခေါက်ဆီကို သူ့ရဲ့ အာရုံကို ဆွဲဆောင်လိုက်တယ် အခေါက်မှာ အသစ်အခေါက်ခွာထားတဲ့ လက္ခဏာတွေ ရှိနေတယ်။
ချန်ဆန်းရှီကချက်ချင်း တက်လိုက်ပြီး သစ်ပင်စည်ရဲ့ အမြင့်ဆုံးနေရာမှာ လက်သီးဆုပ်အရွယ် သစ်ခေါင်းပေါက်တစ်ခုကို တွေ့လိုက်တယ်။
"မြွေ ရှိတယ်"
မျက်စိလျင်ပြီး လက်သွက်စွာနဲ့ သူ မြွေရဲ့ ခေါင်းကို ဖိထားပြီး ဆွဲထုတ်လိုက်တယ်။
အဆိပ်ရှိတဲ့ မြွေစိမ်းတစ်ကောင်ပဲ။
အပေါက်ထဲကို ကြည့်လိုက်တော့ တခြား ဘာမှ မရှိဘူး။
ဒါပေမဲ့ မြွေရဲ့ မေးရိုးအောက်ပိုင်းမှာ သွေးစွန်းနေတဲ့ အစက်အပြောက်တွေ ရှိနေတယ်။ တစ်စုံတစ်ယောက်က ဆွဲဖြဲထားသလိုမျိုး ဖြစ်နေပြီး သူ့ခန္ဓာကိုယ်က အကြေးခွံတွေ ပျောက်ဆုံးနေတယ်။
"ဖြစ်နိုင်တာက..."
ချန်ဆန်းစီးဟာ တုံ့ဆိုင်းမနေဘဲ လက်နှစ်ဖက်စလုံးကို အသုံးပြုပြီး မြွေရဲ့ မေးရိုးတွေကို ဖြဲလိုက်တယ် ဘေးနှစ်ဖက်ကို ဆွဲလိုက်ပြီး မြွေကို ထက်ပိုင်း ပိုင်းလိုက်တယ်အထဲမှာ အစိမ်းရောင် ကျောက်စိမ်းတုံးတစ်တုံး "တာ့ရှန်
ကျမ်း " မှာ မှတ်တမ်းတင်ထားတဲ့ ကျောက်စိမ်းသော့ ဖြစ်နေတယ်။
"မြွေရဲ့ ဝမ်းဗိုက်ထဲ ပစ္စည်းထည့်ထားတယ် ဒါ တော်တော် ပါးနပ်တဲ့ လုပ်ရပ်ပဲ"
ဒီလို လုပ်ခဲ့တဲ့သူရဲ့ တီထွင်ဖန်တီးနိုင်စွမ်းကို သူ ချီးကျူးမိတယ်။
မြွေပေါ်မှာ အမှတ်အသားတစ်ခု လုပ်ထားရင်တောင် နောက်မှ ပြန်ရှာဖို့ မဖြစ်နိုင်ဘူး။
မိစ္စာဂိုဏ်းဟာ ဒီပစ္စည်းကို သူများလက်ထဲ ရောက်သွားမယ့်အစား ဆုံးရှုံးသွားတာကို ပိုလိုလားပုံရတယ်။
ဒီနည်းလမ်းက တကယ်ကို ထိရောက်တယ်လို့ ပြောရမှာပဲ
ဘယ်လို သာမန်လူမှ ဒီလောက် သေးငယ်တဲ့ ခြေရာတွေကို ဘယ်တော့မှ ရှာတွေ့မှာ မဟုတ်ဘူး။
ဒါပေမဲ့ သူကတော့ မတော်တဆ တွေ့ခဲ့ရတာ ဖြစ်တယ်။
ချန်ဆန်းရှီက ကျောက်စိမ်းတုံးကို သိမ်းဆည်းလိုက်ပြီး မြွေရဲ့ သည်းခြေအိတ်ကို ဆွဲထုတ်လိုက်တယ်
မြွေစိမ်းက တန်ဖိုး သိပ်မရှိပေမယ့် နည်းနည်းချင်းစီ စုဆောင်းတာက အကျိုးရှိတယ်။
အရာအားလုံး ပြီးသွားတဲ့အခါ မြွေရဲ့ အသေကောင်ကို အပေါက်ထဲ ပြန်ပစ်ချလိုက်တယ်။ မကြာခင်မှာပဲ တခြား တိရစ္ဆာန်တွေဟာ သွေးနံ့ကြောင့် ရောက်လာပြီး ရှင်းလင်းသွားလိမ့်မယ်။
"ဒီတစ်ခါတော့ တပ်မှူး ရှန်ခရီးပန်းပြီး အကျိုးမရှိ ဖြစ်သွားရပြီနဲ့ တူတယ်"
ချန်ဆန်းရှီက တောင်ခြေရင်းကို ပြန်လာခဲ့တယ် ရှုပ်ထွေးမှုတွေက မပြီးဆုံးသေးဘူး။
မိစ္စာဂိုဏ်းသားတွေကခေါင်းမာစွာ ခုခံနေကြတယ် ကျန်ရှိတဲ့ နှစ်ယောက် သုံးယောက်ကတောင် အရပ်သားတွေကို လူသားဒိုင်းအဖြစ် အသုံးပြုပြီး အရပ်မျက်နှာ အမျိုးမျိုးကို ပြေးကြတယ်။
တကယ်တော့ သူတို့က ဘုန်းကြီးအယောင်ဆောင်သူအတွက် အကာအကွယ်ပေးနေတာ ဖြစ်တယ်။
ဘုန်းကြီးအယောင်ဆောင်သူ ထွက်သွားပြီးနောက်မှာမှ မိစ္စာဂိုဏ်းသားတွေသူတို့ကိုယ်သူတို့ ကယ်တင်ဖို့ နည်းလမ်းရှာလာကြတာ ဖြစ်တယ်။
စစ်တန်းလျားက လူတွေဟာ လိုက်လံ ရှာဖွေဖို့ ပြန့်ကျဲနေကြပြီး သူတို့ရဲ့ အဆင့်အတန်းက တော်တော် နိမ့်နေတယ် ဘယ်သူမှ ချန်ဆန်းရှီရဲ့ လှုပ်ရှားမှုတွေကို သတိမထားမိကြဘူး။
နေဝင်ရီတရောရောက်မှ နောက်ဆုံး မိစ္စာဂိုဏ်းသားကို ဖမ်းမိပြီး စစ်မြေပြင်ကို ရှင်းလင်းမှုတွေ စတင်ကြတယ်။
ထိခိုက်ကျဆုံးမှုအရ စစ်သား သုံးဦး သေဆုံးပြီး နှစ်ဦး ဒဏ်ရာရရှိခဲ့တယ်။ သေဆုံးသူ နှစ်ဦးထဲမှာ စစ်တပ်က စစ်သားတစ်ဦးသာ ပါဝင်ပြီး ကျန်တာက စစ်ကြောင်းစစ်သားတွေ ဖြစ်ကြတယ်။
ဒါပေမဲ့ သူတို့ဟာ မိစ္စာဂိုဏ်းဝင် ခုနစ်ဦးကို သတ်နိုင်ခဲ့ပြီး တစ်ဦးကို အရှင်
ဖမ်းမိခဲ့တယ်သူတို့အားလုံး သွေးသန့်စင်မှုအဆင့် စစ်သည်များ ဖြစ်ကြတယ်။
တကယ်တော့ အင်အားစုပေါင်းတာက ခွန်အားပဲ။
ဘယ်လိုပဲ ဖြစ်ဖြစ် သူတို့ဘက်မှာ တပ်ဖွဲ့ခေါင်းဆောင် တစ်ဦးနဲ့ အဖွဲ့ငယ် ငါးဖွဲ့ ရှိခဲ့တယ် အကယ်၍ မြင်ကွင်းက ဒီလောက် ရှုပ်ထွေးမနေခဲ့ရင် မြားပစ်သမားတွေ အများကြီး အသုံးမဝင်စေခဲ့ရင် အခုထက် ပိုနည်းတဲ့ ထိခိုက်မှုနဲ့ ပြီးနိုင်မှာ ဖြစ်တယ်။
"ငါ သွေးသန့်စင်မှု ကျွမ်းကျင်သူတစ်ဦးနဲ့ အသေးစားအောင်မြင်မှု့အဆင့်တစ်ဦးကို သတ်ခဲ့တယ်၊ သွေးအားဖြည့်ဆေးရည် အနည်းငယ်နဲ့ လဲလှယ်နိုင်မယ် ထင်တယ်"
ချန်ဆန်းရှီကတွက်ချက်နေတယ်။
သူ့လက်အောက်ငယ်သားတွေလည်း တဖြည်းဖြည်း ပြန်ရောက်လာကြတယ် ထိခိုက်ကျဆုံးမှု မရှိခဲ့ဘဲ လူနှစ်ဦးကို ပူးပေါင်း သတ်နိုင်ခဲ့တယ်။
"တော်ပြီ၊ ငါ့ကို မပွေ့နဲ့တော့"
ကျူထုံက ရွီဝင်ချိုင်ကို စိတ်မရှည်စွာ တွန်းထုတ်လိုက်တယ် "အားလုံး ပြီးသွားပြီ မင်းကို ကြည့်စမ်း ဒီလောက် ကြောက်တတ်တဲ့လူ"
"ဝှီး—"
အချက်ပေးမြားကို ထပ်မံ ပစ်လွှတ်လိုက်တယ်။
စစ်တန်းလျားက စစ်သား သုံးရာဟာ ရွှေခေါင်းလောင်းကျောင်းရှေ့မှာ စုဝေးဖို့ အမိန့်ပေးခံရတယ်။
ရှန်ထင်ချွန်ကသွေးစွန်းနေတဲ့ အဝတ်အစားတွေနဲ့ ကျောင်းတံခါးဝကနေ ဖြည်းညှင်းစွာ ထွက်လာတယ် သူ့ရဲ့ ဟေမြောင်ဓားက ကျိုးပဲ့နေပြီး သူ့နှုတ်ခမ်းထောင့်မှာ သွေးတွေ ရှိနေတယ် ဒါပေမဲ့ သူ့လက်ထဲမှာ ကိုင်ထားတဲ့ လူရဲ့ ခေါင်းကတော့ ဒီသတ်ဖြတ်မှုတိုက်ပွဲမှာ သူ အနိုင်ရခဲ့ကြောင်း ကြေညာနေတယ်။