← Chapters

အခန်း (၃၄)

Vol. 4 Ch. 34

အခန်း (၃၄)

Vol. 4 Ch. 34

ရွီဘင်က လက်နက်ကို မလိုအပ်ပေမယ့် အလဟဿတော့ အဖြစ်မခံနိုင်ပါပြောရရင်ချန်ဆန်းရှီလက်ထဲက မေဟွာလှံဟာ သာမန်ဖြစ်လွန်းနေတယ်သူ့ရဲ့ စွမ်းရည်တွေကို မထိခိုက်စေပေမယ့် ဘာအားဖြည့်မှုမှလည်း မပေးနိုင်ပါဘူး။

လက်နက်တိုက်ထဲမှာတော့ အမျိုးမျိုးသော လက်နက်တွေ ကစင်တွေပေါ်မှာ ပြည့်နေခဲ့တယ်။

အများစုက စံထုတ်လုပ်ထားတာတွေဖြစ်ပြီး နည်းနည်းပါးပါးကတော့ စစ်ဘက်အရာရှိတွေ ပြုလုပ်တဲ့ လက်နက်ကောင်းတွေပါ အဲဒီအထဲမှာ လှံတွေက အရှားပါးဆုံးဖြစ်ပြီး နှစ်မျိုး သုံးမျိုးသာ ရှိပါတယ်။

ချန်ဆန်းရှီ ရဲ့ အကြည့်က နောက်ဆုံးတန်းရဲ့ အလယ်ဗဟိုက လှံရှည်တစ်လက်ပေါ်ကို ကျရောက်သွားပါတယ်။

ဒီလှံကတော့ လေးမီတာခန့်ရှည်ပြီး ပိန်သွယ်တဲ့ ကျူရွက်ပုံသဏ္ဌာန် လှံသွား၊ ဓားသွားနောက်မှာ အနီရောင် တပ်ဆင်ထားတဲ့ တန်ဆာပလာ၊ မေဟွာလှံထက် အနည်းငယ် ပိုထူတဲ့ ကိုယ်ထည်ရှိပါတယ် ဒီကိုယ်ထည်ကိုလည်း ဖယောင်းဖြူသားနဲ့ လုပ်ထားပေမယ့် ဆီသုတ်ပြီးနောက် ဝါးတွေနဲ့ ရစ်ပတ်ကာ အနက်ရောင်ဆေးသုတ်ထားပြီး အဆုံးမှာတော့ ပုံစံမျိုးစုံ လှံပိတ်ပါရှိပါတယ်။

"ဒီလှံကို ကျူရွက်လှံ လို့ ခေါ်ပါတယ်"

လက်နက်တိုက်မှူးက မိတ်ဆက်ပေးပါတယ် "ဒါက အရင်က တပ်စုမှူး တစ်ဦး ချန်ထားခဲ့တာပါ ဒီမှာ ဖုန်တက်နေတာ ကြာပြီ ချန်းရှီနှစ်သက်

တယ်ဆိုရင် ယူသွားလို့ရပါတယ်ခင်ဗျာ"

"ကျေးဇူးတင်ပါတယ်"

ချန်ဆန်းရှီက လှံရှည်ကို ယူပြီး အလေးချိန်ချိန်ကြည့်တော့ ပေါင်နှစ်ဆယ် (သို့မဟုတ်) သုံးဆယ်ခန့် ရှိပါတယ် ချက်ချင်းပဲ လက်နက်တိုက်အပြင်ဘက်မှာ ကျင့်ကြံတော့တာပေါ့။

စစ်တပ်လေ့ကျင့်ရေးနဲ့အတူ ပါလာတဲ့ လှံပညာဟာ မူလအားဖြင့်တော့ လက်နက်ရှည် ပုံစံဖြစ်ပါတယ်။

ကျူရွက်လှံကို ကိုင်ပြီးနောက် သူ့ရဲ့ လှံပညာဟာ ပိုပြီး ကျွမ်းကျင်လာပါတယ်။

နာရီဝက်ခန့် လေ့ကျင့်ပြီးနောက်မှာတော့ သွေး-စွမ်းအင် ကုန်ဆုံးမှု လက္ခဏာတွေ ပေါ်လာပါတယ်။

"ကိုယ်ခံပညာဆိုတာ တကယ်ကို အဆုံးမရှိတဲ့ တွင်းနက်ကြီးပဲ"

လှံကို သယ်ဆောင်ရင်းချန်ဆန်းရှီ ထွက်ခွာသွားပါတယ်

လက်နက်တိုက်နဲ့ မလှမ်းမကမ်းမှာ ဆေးဆိုင်တစ်ခု ရှိပါတယ်

အဝေးကနေတောင် ဆေးဖက်ဝင်အပင်တွေရဲ့ အနံ့ကို ရနိုင်ပါတယ်

ဆေးဆိုင်က တိတ်ဆိတ်နေပြီး သက်ကြီးရွယ်အိုတစ်ဦး အလုပ်သင်လေးနှစ်ဦး နဲ့ ဆေးအိုးအချို့သာ ရှိပါတယ်

"အဘ သွေးအားဖြည့်ဆေးရည် လာယူတာပါ"

ချန်ဆန်းရှီ က ဆေးညွှန်းစာရွက်ကို ပေးလိုက်ပါတယ်

အဘိုးကြီးက စာရွက်ကိုယူပြီး "မင်း သွေး-စွမ်းအင်ကို လေ့ကျင့်ပြီးပြီလား သွေး-စွမ်းအင်ကို ထုတ်မထားဘူးဆိုရင် သွေးအားဖြည့်ဆေးရည်ကို မသောက်သင့်ဘူး"

အားဖြည့်ဆေးဝါးကို တစ်ခါမှ မကြုံဖူးတဲ့ ချန်ဆန်းရှီ က မသိမသာနဲ့ "ဒီလိုလားဗျာ"

"ဟုတ်တာပေါ့"

အဘိုးကြီးက သူ့မုတ်ဆိတ်ကို သပ်ပြီး ရှင်းပြပါတယ် "ဆေးဝါးတိုင်းမှာ အနည်းငယ် အဆိပ်အတောက် ပါဝင်တယ် ကိုယ်ခံပညာရှင်တွေထဲမှာ သွေး-စွမ်းအင်ကို လေ့ကျင့်ပြီးသူတွေသာ လေ့ကျင့်ချိန်မှာ ချွေးကနေ အဆိပ်တွေကို ဖယ်ရှားနိုင်မှာပါ မဟုတ်ရင် အရမ်းသောက်မိရင် အဆိပ်သင့်ပြီး နောက်ဆုံးမှာ အတွင်းအင်္ဂါတွေ ပုပ်သိုးကာ အသုံးမကျတဲ့သူ ဖြစ်သွားလိမ့်

မယ်"

ချန်ဆန်းရှီက သူ သွေး-စွမ်းအင်ကို လေ့ကျင့်ပြီးပြီဆိုတာကို ခေါင်းညိတ်ပြပါတယ်။

"ဒါဆို ကောင်းပြီ"

အဲဒီအခါမှ အဘိုးကြီးက ဆေးညွှန်းကို လက်ခံပြီး ဆေးကို ချက်ချင်း ဖော်စပ်ဖို့ သင့်တော်တဲ့ ဆေးပင်တွေကို ရွေးဖို့ ထသွားပါတယ်

စောင့်နေတုန်းမှာ သူတို့နှစ်ဦးက အချင်းချင်း မိတ်ဆက်ကြပါတယ်

ဒီအဘိုးကြီးရဲ့ အမည်ကဂျီယန် ဖြစ်ပြီး တပ်စခန်းရဲ့ အမွေဆက်ခံ ဆေးဘက်ဆိုင်ရာအရာရှိ ဖြစ်ပေမယ့် ဘာရာထူးမှ မရှိပါဘူး။

နာရီဝက်ခန့် တိတ်တိတ်ဆိတ်ဆိတ် စောင့်ပြီးနောက် ချန်ဆန်းရှီ ရဲ့ လက်ထဲမှာ အမည်းရောင် ဆေးရည်တစ်ပန်းကန် ရှိနေပါပြီ။

သူ တစ်ငုံသောက်လိုက်ပြီး အဲဒီနေရာမှာတင် အန်တော့မလို ဖြစ်သွားတယ်

အရသာက ခါးပြီး ဖန်တာအပြင် မိလ္လာမြောင်းအနံ့တောင် သင်းနေတယ် ဒီလောက်ဆိုးတာတောင် အဆိပ်အတောက် ပါနေတယ်ဆိုတာ အံ့သြစရာမရှိပါဘူး

သောက်ပြီးနောက်မှာ ဝက်ဝံနှလုံး စားသလို သွေး-စွမ်းအင်က ချက်ချင်း ဆူပွက်မလာဘဲ ဗိုက်ထဲမှာ ပြင်ပအရာဝတ္ထုတစ်ခု ရှိနေသလို နည်းနည်း မသက်မသာ ဖြစ်နေပါတယ်။

ဒါက ဆေးစွမ်းဖြစ်ရမှာ ဒီဆေးစွမ်းကို စုပ်ယူဖို့ လေ့ကျင့်မှု လိုအပ်မှာပါ။

ဆေးဘက်ဆိုင်ရာအရာရှိ ဂျီယန်က "နောက်တစ်ခါ သွေးအားဖြည့်ဆေးရည် သောက်ချင်ရင် ကြိုပြောထားပါ ဒါမှ ရောက်လာရင် မစောင့်ရတော့မှာပေါ့" လို့ ပြောပါတယ်။

"ကောင်းပါပြီ"

ချန်ဆန်းရှီက သုံးရက်တစ်ကြိမ် သွေးအားဖြည့်ဆေးရည် တစ်ပန်းကန်ရမှာဖြစ်ပါတယ် သူ သိချင်စိတ်နဲ့ "ဆေးဘက်ဆိုင်ရာအရာရှိ ဂျီယန်ကျွန်တော့် ခွင့်ပြုချက် ပြည့်သွားရင် တခြားနည်းနဲ့ ဆေးဝါးရနိုင်မလားခင်ဗျ" လို့ မေးလိုက်ပါတယ်။

"ဝယ်ရမှာပေါ့"

ယပ်တောင်ကို အသုံးပြုပြီး အပူကို ထိန်းချုပ်နေတဲ့ ဆေးဘက်ဆိုင်ရာအရာရှိ ဂျီယန်က ရှင်းပြပါတယ် "ဒါပေမယ့် မင်း ငါ့ဆီက ဝယ်ရမှာ မဟုတ်ဘူး အပြင်က ကိုယ်ခံပညာခန်းမတွေဖွင့်ထားတဲ့ ဆေးဆိုင်ကို သွားဝယ်ရမှာ သွေးအားဖြည့်ဆေးရည် တစ်ကြိမ်စာအတွက် ဆေးဖက်ဝင်ပစ္စည်းတွေက ငွေ ဆယ်တေးတန်တယ် အဲဒီကနေ ဆေးရည် နှစ်ပန်းကန်လောက် ဖော်စပ်နိုင်မှာ"

"စျေးကြီးလိုက်တာ"

ချန်ဆန်းရှီ တုန်လှုပ်သွားတယ်။

ဝက်ဝံနှလုံးတစ်လုံးက ငွေ ၂၀တေးလောက် တန်ပါတယ်။

ငွေ ဆယ်တေးဆိုတာ အသီးအနှံတွေ ကောင်းတဲ့နှစ်မှာ သာမန်မိသားစုတစ်ခုကို တစ်နှစ်လုံး ထောက်ပံ့နိုင်တဲ့ ပမာဏဖြစ်ပြီး ဆေးရည်နှစ်ပန်းကန်စာ အတွက်ပဲ လဲလှယ်နိုင်တယ်ဆိုတာက

"ကျင့်ကြံမှု့ကို အားကောင်းစေတဲ့ ဘယ်အရာမှ သာမန်ဆေးပင်တွေနဲ့ လုပ်ထားတာ မဟုတ်ဘူး ပုံမှန်အားဖြင့် ဆယ်နှစ် ရှစ်နှစ်လောက် အချိန်ယူပြီး ရှားပါးတယ် ဈေးမကြီးဘဲ နေမလား ဒါပေမယ့် ဒါက တစ်စိတ်တစ်ပိုင်းပဲရှိသေးတယ်"

ဆေးဘက်ဆိုင်ရာအရာရှိ ဂျင်ယန်က စိတ်ရှည်လက်ရှည် ဆက်ပြောပါတယ်။ "အဓိက အကြောင်းရင်းကတော့ လက်ဝါးကြီးအုပ်မှု ကြောင့်ပါ"

"လက်ဝါးကြီးအုပ်မှု"

ချန်ဆန်းရှီက "ကိုယ်ခံပညာခန်းမတွေကို ပြောတာလား"

"မှန်တယ်"

ဆေးဘက်ဆိုင်ရာအရာရှိ ဂျင်ယန်က ရှိုက်ထုတ်လိုက်ပြီး "ကျင့်ကြံမှုကို မြှင့်တင်ဖို့ အထူးပြုပြီးသုံးတဲ့ ဆေးဖက်ဝင်အပင်တွေက စိုက်ပျိုးဖို့အတွက် အခြေအနေတွေ အလွန်လိုအပ်တယ် သင့်တော်တဲ့ ဆေးဥယျာဉ်မြေက နည်းနည်းလေးပဲ ရှိပြီး အများစုကို ကိုယ်ခံပညာကျောင်းတွေဆီ ရောင်းချလိုက်ပြီ ဈေးမကြီးဘဲ နေမလား" လို့ အေးအေးဆေးဆေး ပြောပြပါတယ်

"ဘာဖြစ်လို့ ရောင်းတာလဲ"

ချန်ဆန်းရှီ နည်းနည်း အံ့ဩသွားပါတယ် ဒါက လုံးဝကို မဟာဗျူဟာမြောက် အရင်းအမြစ်တစ်ခုပဲလေ။

ဆေးဆရာ ဂျင်ယန်က ရယ်မောရင်း ပြောပါတယ် "ဘာဖြစ်လို့လဲဆိုတော့ - အစိုးရ အရာရှိတွေမှာ ပိုက်ဆံမရှိလို့ ပေါ့"

"ကျွန်တော့်အဖေ ပြောပြတာက သူ ငယ်ငယ်တုန်းက ကျွန်တော်တို့ တပ်

စခန်းရဲ့ ဆေးဥယျာဉ်မှာ နေရာကွက်ပေါင်း နှစ်ရာကျော် ရှိခဲ့တာတဲ့ အဲဒီနောက် မြို့စားကြီး အပြောင်းအလဲ ဖြစ်ပြီး မြေရဲ့ တစ်စိတ်တစ်ပိုင်းကို ရောင်းချလိုက်တယ် ဆယ်စုနှစ်များစွာ ကြာပြီးနောက်မှာ အားလုံးကုန်သွားပြီ မဟုတ်လား"

"ကောင်လေး မင်းက အသစ်ဖြစ်လို့ သိမှာမဟုတ်ဘူး အရင်တုန်းက လစာတင်မက ဆေးဝါးတွေပါ အကြွေးတင်ခဲ့တာ လူတော်တော်များများက ထွက်သွားကြပြီး ပြည်နယ်တွေ ခရိုင်တွေက ဂိုဏ်းကြီးတွေဆီမှာ သူတို့ရဲ့ ကိုယ်ရေးအချက်အလက်တွေကို ဝှက်ပြီး ကျွန်အဖြစ် နေရတာကိုတောင် တပ်စခန်းမှာ နေရတာထက် ပို နှစ်သက်ကြတယ်"

"အဘ ယန် ရဲ့ ပြုပြင်ပြောင်းလဲမှုတွေ မြေအချို့ကို ပြန်လည်သိမ်းယူတာတွေ မရှိခဲ့ဘူးဆိုရင် မင်း သောက်စရာ ဆေးဝါးတောင် ရမှာမဟုတ်ဘူး"

"ဒါပေမယ့် အများစုက ကိုယ်ခံပညာခန်းမတွေရဲ့ လက်ထဲမှာပဲ ခိုင်ခိုင်မာမာ ရှိနေတုန်းပဲ တပ်စုမှူးအရာရှိတွေတောင် သူတို့လိုချင်သလောက် လိုချင်တဲ့အချိန်တိုင်း မရနိုင်ဘူး"

"အရမ်းစျေးကြီးတယ်"

ချန်ဆန်းရှီ က စကားလုံးနှစ်လုံးနဲ့ အကျဉ်းချုပ်လိုက်တယ်

အကျင့်ပျက်ခြစားမှုက ဒီအဆင့်အထိ ရောက်နေတာကြောင့် သူဟာ တရားရုံးက ဘယ်လောက်ကြာကြာ ခံမလဲဆိုတာ သံသယဝင်မိတယ်။

ရှန်ထန်ချွန် က တစ်ခုခု လုပ်ချင်ပေမယ့် အနိုင်ကျင့် အဓမ္မတောင်းဆိုတဲ့ နည်းလမ်းကို အသုံးပြုရတာ အံ့သြစရာ မရှိပါဘူး ဒါတောင် အောင်မြင်မယ်လို့ အာမခံနိုင်ခြင်း မရှိပါဘူး။

သူ နှုတ်ဆက်ပြီး ကိုယ်ခံပညာကွင်းကို ပြန်လာခဲ့တယ်။

ကျူရွက်လှံက လှုပ်ရှားမှုအောက်မှာ လည်ပတ်နေပါတယ်။

တိုင်ကျင့်လှံပညာ၊ အသက်ရှူကျင့်စဉ်တွေနဲ့အတူ သွေး-စွမ်းအင် လည်ပတ်မှု ပေါင်းစပ်လိုက်တော့ သူ့ခန္ဓာကိုယ်ဟာ ဖိစီးမှုမြင့်မားစွာ လည်ပတ်လာပါတယ်။

ဒီလိုအချိန်မျိုးမှာ ဆေးရဲ့ အာနိသင်က အထင်ရှားဆုံးပါပဲ။

သွေး-စွမ်းအင် ကုန်ခမ်းလုနီးပါး လေ့ကျင့်လိုက်တိုင်း ဆေးက စတင်ပြောင်းလဲလာပြီး ခန္ဓာကိုယ်ထဲက အင်္ဂါအစိတ်အပိုင်းတိုင်းကို လှုံ့ဆော်ပေးတယ် သွေး-စွမ်းအင်ကို စဉ်ဆက်မပြတ် သန့်စင်မှုကို အရှိန်မြှင့်တင်ပေးကာ ဒုတိယမြောက် သွေး-စွမ်းအင် ကြိုးမျှင် မပေါ်မချင်း ဆက်တိုက် လည်ပတ်နေပါတယ် အဲဒါက သွေး သန့်စင်ခြင်းအဆင့်ထဲကို ဝင်ရောက်ခြင်းပါပဲ။

လှံပညာ အကြိမ်များစွာ လေ့ကျင့်ပြီးနောက် ချန်ဆန်းရှီက ပုပ်အဲ့အဲ့ ချွေးတွေ ရွှဲနေပေမယ့် သူ့ရဲ့ ကျွမ်းကျင်မှုက အကြီးအကျယ် တိုးတက်လာပါတယ် ဒီနှုန်းနဲ့ဆိုရင် လှံပညာကို ကျွမ်းကျင်ဖို့ မကြာတော့ပါဘူး။

ဒါ့အပြင် အဲဒီဆေးရည်တစ်ပန်းကန်ရဲ့ စွမ်းအားက အပြည့်အဝ အသုံးမပြုရသေးဘဲ ရှိနေတုန်းပဲ အနည်းဆုံး နောက်ထပ် နှစ်ရက်လောက် လေ့ကျင့်ဖို့ လုံလောက်ပါလိမ့်မယ်။

"ငါ့ရဲ့ ကျင့်ကြံမှု အဆင့်က နိမ့်နေသေးတယ် သုံးရက်တစ်ကြိမ် ဆေးရည်

တစ်ပန်းကန်က အခုလောလောဆယ်အတွက် လုံလောက်ပါတယ် ပိုက်ဆံသုံးပြီး ထပ်ဝယ်ဖို့လည်း မလိုအပ်သေးဘူး"

"ပြီးတော့ ကြားထဲမှာ သားရဲအသားနည်းနည်းဝယ်မယ်ဆိုရင် ငါ့ရဲ့ လေ့ကျင့်မှုကို အဆုံးစွန်ထိ တွန်းပို့နိုင်မှာပဲ"

"စားဖို့ အချိန်တန်ပြီ"

မှောင်စပြုလာပြီဖြစ်လို့ ချန်ဆန်းရှီက ပစ္စည်းတွေကို သိမ်းဆည်းပြီး အိမ်ပြန်လာခဲ့ပါတယ်။

အိမ်မှာ စောစောစီးစီး ချက်ပြုတ်ထားပါတယ် သူ ဝင်လာတာနဲ့ အမလန်က သူ့သံချပ်ကာကို ချွတ်ပေးကာ ရေယူပေးပြီး စားပြီးရင်ခြေဆေးဖို့ ရေနွေးတည်ပေးပါတယ် သက်သောင့်သက်သာနဲ့ သာယာတဲ့အချိန်ပါဘဲ

"ဟုတ်သားပဲ"

ဂူချင်းလန် က သစ်သားဇလားကို ကိုင်ထားပြီး "ဒီနေ့ တစ်ယောက်ယောက် လာတွေ့တယ် မနက်ဖြန် ဧည့်ခံဖို့ ဖိတ်ချင်တယ်တဲ့"

ချန်ဆန်းရှီ က "ဘယ်သူလဲ" လို့ မေးလိုက်ပါတယ်။

"တင်ယွမ်ကိုယ်ခံပညာခန်းမကပါ"

ခြေဆေးရေကို သွန်ပြီးနောက် ဂူရှင်းလန်က ချန်ဆန်းရှီကို နှိပ်နယ်ပေးပါတော့တယ် "အဲဒါကနွေဦးဆောင် လိုမျိုး ခမ်းနားတဲ့နေရာလို့ ကြားတယ်

ချင်ရှုံးရဲ့ ညီလေးက တင်ယွမ်ကိုယ်ခံပညာခန်းမမှာ လေ့ကျင့်နေတယ် မဟုတ်လား"

ချန်ဆန်းရှီက ကုတင်ပေါ်မှာ လှဲလျောင်းရင်း တင်ယွမ်ကိုယ်ခံပညာခန်းမက သူ့ကို ဘာကြောင့် ရှာနေရတာလဲဆိုတာ စဉ်းစားနေပါတယ်။

ချင်းဖန်ကိစ္စဖြစ်နိုင်ပေမယ့် အရမ်းတော့ မဖြစ်နိုင်ပါဘူး။

သူဟာ အခု အလံငယ်အရာရှိဖြစ်နေတဲ့အတွက် သူ့ရဲ့ အချက်အလက်တွေကို အုပ်ချုပ်ရေးမှူးရုံး မှာ တိုက်ရိုက် မှတ်တမ်းတင်ထားမှာပါ မဟုတ်ရင်...

ဒါဟာ နတ်ဘုရားရတနာ ကြောင့်လည်း ဖြစ်နိုင်ပါတယ်။

နတ်ဘုရားရတနာနဲ့ ပတ်သက်တဲ့ ဖြစ်ရပ်က လုံးဝကို မတော်တဆ ဖြစ်ခဲ့တာပါ။

ချင်းဖန်ကို သွားသတ်ဖို့ မထွက်ခင်မှာ လူရိုင်းနဲ့ တိုက်တိုက်ဆိုင်ဆိုင်တွေ့မယ်လို့ သူ လုံးဝ မမျှော်လင့်ခဲ့ပါဘူး။

လျိုမိသားစုရဲ့ သခင်လေးက သူ နတ်ဘုရားရတနာကို ရရှိခဲ့တယ်လို့ သံသယ ရှိနေနိုင်ပါတယ်။

ကံကောင်းစွာနဲ့ပဲ တခြားတစ်ဖက်ကလည်း ခန့်မှန်းနေတာဖြစ်ပြီး ခိုင်မာတဲ့ သက်သေအထောက်အထား မရှိသေးပါဘူး ဒါ့အပြင် ကိုယ်ခံပညာကျောင်းနဲ့ စစ်တပ်တို့ အဆင်မပြေတဲ့အတွက် ဒီအချိန်မှာ သူ့ကို ဘာမှ လုပ်ဖို့ မရဲပါဘူး။

သို့သော်လည်း

သူ့ရဲ့ စွမ်းအားကို တိုးတက်အောင် အရှိန်မြှင့်ဖို့တော့ လိုအပ်ပါတယ်။

"နောက်ဆို သူတို့ ထပ်လာရင် တိုက်ရိုက် ငြင်းပယ်လိုက်ပါ"

...

နောက်ရက်တွေမှာ မြို့လှည့်ကင်းလှည့်တာကလွဲရင် ချန်ဆန်းရှီက ကျန်တဲ့ အချိန်အားလုံးကို ကိုယ်ခံပညာ လေ့ကျင့်ရေးမှာ မြှုပ်နှံထားပါတယ်။

သွေးအားဖြည့်ဆေးရည်၊ သားရဲအသားတွေနဲ့အတူ ရွီဘင်ရဲ့ စိန်ခေါ်မှုတွေက သူ့ရဲ့ မျှော်မှန်းချက်ထက် ကျော်လွန်ခဲ့ပါတယ် ခြောက်ရက် ကြာပြီးနောက် သူ အောင်မြင်စွာ အဆင့်တက်နိုင်ခဲ့ပါတယ်။

"ဟူး--"

ပင်ပန်းနွမ်းနယ်နေတဲ့ ချန်ဆန်းရှီကလှံပြောင်းပြန်လှန်ပြီး မြေကြီးထဲ စိုက်လိုက်ပြီး သူ့အတွင်းမှာ ဒုတိယအကြိမ် ပူနွေးတဲ့သွေး လှိုင်းလုံး စီးဆင်းနေတာကို ခံစားလိုက်ရပါတယ်။

မဟုတ်ဘူး၊ တခြားသူတွေနဲ့ မတူဘူး။

သူ့ခန္ဓာကိုယ်ထဲက သွေး-စွမ်းအင်က "ကြိုးမျှင် " မဟုတ်ဘဲ "စမ်းချောင်း" ကဲ့သိူ့ဖြစ်နေပါတယ်။

[ကျင့်ကြံမှု- အခြေခံစစ်သားလှံပညာ (ကျွမ်းကျင်အဆင့်)]

[တိုးတက်မှု - (၀/၁၀၀၀)]

[စွမ်းဆောင်ရည်- လှံလှုပ်ရှားမှု လျင်မြန်ခြင်း၊ အံ့ဖွယ် ခံနိုင်ရည်၊ သန်မာသော သွေး-စွမ်းအင်]

All Chapters