← Chapters

အခန်း (၃၅)

Vol. 4 Ch. 35

အခန်း (၃၅)

Vol. 4 Ch. 35

'ပုံမှန်အားဖြင့်တော့ သွေးစွမ်းအား ရဲ့ တစ်မျှင်လောက်ကို ထုတ်ဖော်နိုင်တာက အခြေခံအဆင့်လို့ သတ်မှတ်တယ်'

'ဒုတိယမြောက်မျှင်ကို ကျွမ်းကျင်ပိုင်နိုင်ပြီဆိုရင်တော့...'

'သာမန် သိုင်းပညာရှင် တစ်ယောက်အတွက် သွေးစွမ်းအားဟာ ကြိုးမျှင်သေးသေးလေး တစ်ချောင်းလောက်ပဲ အထူရှိတယ်'

'ချန်ဆန်းရှီကျင့်ကြံထားတဲ့ သွေးစွမ်းအားကတော့ ကြိုးမျှင်သေးသေးလေး အတော်များများကို လိမ်ထားသလိုမျိုး ဖြစ်နေပြီး၊ သာမန်လူတွေထက် နှစ်ဆ၊ သုံးဆလောက် ပိုများနေတယ်'

'ဒီအတွက်ကို ဟောက်ရန် အသက်ရှူနည်း ကို ချီးကျူးရမှာဖြစ်ပေမဲ့ သံသယဖြစ်စရာမလိုဘဲ စနစ်ရဲ့ အခန်းကဏ္ဍကလည်း ပါဝင်နေတာပဲ'

'သူ့ရဲ့ ခံနိုင်ရည်က အရင်ကတည်းက အထင်ကြီးစရာကောင်းပြီးသား အခုလို သွေးစွမ်းအားက ပိုမိုခိုင်မာလာတဲ့အခါ စစ်မြေပြင် အတွက်ဆို ပိုပြီးတော့တောင် အံဝင်ခွင်ကျ ဖြစ်လာပြီ'

'စစ်မြေပြင်ဆိုတာက တစ်ဦးချင်း ယှဉ်ပြိုင်တိုက်ခိုက်ပြီး ပြိုင်ဘက်ကို သတ်လိုက်တာနဲ့ တိုက်ပွဲပြီးဆုံးသွားတာမျိုး မဟုတ်ဘူး။ အဲဒီအစား ရန်သူ အမြောက်အမြားနဲ့ ရင်ဆိုင်ရပြီး ခံနိုင်ရည်ကုန်တဲ့အထိ ကြာကြာတိုက်ရတဲ့ စစ်ပွဲတွေ များတယ်'

'ဒီနေရာမှာပဲ စစ်ခင်းကျင်းမှုပုံစံတွေက အရေးပါလာတာ'

'သွေးသန့်စင်ခြင်းအဆင့်ရှိတဲ့ သိုင်းပညာရှင်တစ်ယောက် ကစစ်မြေပြင်မှာ ကောင်းကောင်း လေ့ကျင့်ထားတဲ့ တပ်သားဖွဲ့စည်းပုံတွေရဲ့ ဝိုင်းရံဖမ်းဆီးခြင်းကို ခံရတဲ့အခါ ပုံမှန်အားဖြင့် ရန်သူ အယောက်နှစ်ဆယ်လောက်ကို သတ်ပြီးတာနဲ့ သူ့ရဲ့ သွေးစွမ်းအားတွေ ကုန်ခန်းသွားပြီး လဲကျသွားကာ အဲဒီနောက်မှာ ရမ်းသတ်နေတဲ့ ဓားချက်တွေအောက်မှာ အသတ်ခံရလေ့ရှိတယ်'

'ဒါက အဲဒီသိုင်းပညာရှင်က အားနည်းလို့ မဟုတ်ဘူး စစ်ခင်းကျင်းမှုပုံစံတွေက အားကောင်းလွန်းလို့ပဲ'

'အရင်က လေ့ကျင့်မှုတွေမှာ ချန်ဆန်းရှီကတခြားသူတွေနဲ့အတူ သင်ယူဖို့ အထူးဂရုစိုက်ခဲ့တယ်'

'လူတစ်ရာပါတဲ့ စစ်ဖွဲ့စည်းပုံငယ် ကို ဥပမာအနေနဲ့ ကြည့်ရအောင်'

'ဓားချင်း ရင်ဆိုင်တိုက်ခိုက်ခြင်း မပြုလုပ်ခင်မှာ၊ လေးသမားတွေနဲ့ မြှားပစ်သမားတွေ က မြှားမိုးရွာသွန်းတယ် အဲဒီနောက်မှာ လှံကိုင်တပ်သားတွေ က ထိုးစိုက်ကြတယ် ပြီးမှ ဒိုင်းနဲ့ ဓားကိုင်တပ်သားတွေက ဝိုင်းရံပိတ်ဆို့ပြီး နောက်ဆုံးမှာမှ ကိုယ်တိုင်တိုက်ခိုက်တာတွေ လုပ်ကြတယ်'

'ရန်သူဘက်မှာလည်း ဗိုလ်ချုပ်တွေရှိတယ်ဆိုတာ မမေ့ပါနဲ့။ ကိုယ့်ဘက်က စစ်အရာရှိတစ်ယောက်တည်း ရှိတာ မဟုတ်ဘူး'

'ဒီလို အခြေအနေမျိုးမှာ ကိုယ့်ရဲ့ သိုင်းပညာ အဆင့်အတန်း ဘယ်လောက်ပဲ မြင့်နေပါစေ ကိုယ့်ရဲ့ တပ်သားအင်အား ကုန်သွားပြီဆိုတာနဲ့ အင်အားချေမှုန်းခံရပြီး သေဆုံးသွားမှာပဲ'

'သွေးစွမ်းအားကတကယ်ကို ခံနိုင်ရည်ရှိလွန်းတဲ့သူက လွဲလို့ပေါ့'

'ဒါပေမဲ့ ဒီကိစ္စတွေအားလုံးက ချန်စန်းရှီ စိုးရိမ်ပူပန်ဖို့အတွက်တော့ စောလွန်းနေပါသေးတယ် မကြာခင်အကချိန်တွင်း စစ်မြေပြင်ကို သွားရဦးမှာ မဟုတ်သေးဘူးလေ'

"မင်းရဲ့ သွေးစွမ်းအားကို ကျွမ်းကျင်ပိုင်နိုင်သွားပြီလား"

ရွှီဘင်ကအကြာကြီး အဲ့ဒီနေရာမှာပဲ ငုတ်တုတ်မေ့ပြီး ရပ်နေမိတယ်

"ဒါ ဘယ်နှစ်ရက်ပဲ ရှိသေးလဲ"

"ဒီအတိုင်းသာ ဆက်သွားနေရင် မင်းငါ့ကို ကျော်တက်ဖို့ မကြာတော့ဘူး ထင်တယ်"

"ဒါတွေအားလုံးဟာ အလံငယ်ရွီက ကျွန်တော့်ကို လက်ရည်စမ်းပေးခဲ့လို့ပါ မဟုတ်ရင် ဒီလောက်မြန်မြန် ဖြစ်လာမှာ မဟုတ်ဘူး"

အဆင့်တက်ပြီးတဲ့နောက် ချန်ဆန်းရှီကစိတ်ရောကိုယ်ပါ လန်းဆန်းတက်ကြွနေပေမဲ့ စိတ်ပိုင်းဆိုင်ရာအရတော့ ပေါ့ဆမှုမရှိအောင် ထိန်းထားခဲ့တယ်။

'ဒီရက်ပိုင်းအတွင်း တင်ယွမ်သိုင်းပညာခန်းမက သူ့ကို ဖိတ်ကြားဖို့ လူလွှတ်တာ အကြိမ်ကြိမ်ရှိခဲ့ပေမဲ့ အားလုံးကို ငြင်းပယ်ခဲ့တယ် ဒီလို အမြဲတမ်း ငြင်းနေလို့မရဘူး ဒီကိစ္စကို စောစောစီးစီး ဖြေရှင်းဖို့ လိုတယ်ဆိုတာ သူသိတယ်'

'တင်ယွမ်က လူငယ်သခင် လျိုကျန်းကအရိုးဖွဲ့စည်းခြင်းအဆင့် မှာ ရှိနေပြီး၊ သိုင်းပညာခန်းမရဲ့ ခန်းမသခင်ကဆိုရင် အရိုးဖဲ့စည်းခြင်း အောင်မြင်ပြီးအဆင့် မှာတောင် ရှိနေတာ'

'သွေးသန့်စင်ခြင်း က သိုင်းပညာရှင်တွေရဲ့ အနိမ့်ဆုံးအဆင့်မှာပဲ ရှိနေသေးတာ ပြောပလောက်တဲ့ အဆင့်တောင် မဟုတ်ဘူး'

'ရှန်ထင်ချွန် လိုမျိုး အတွင်းအားသန့်စင်ခြင်းအဆင့် သိုင်းပညာရှင် ဖြစ်သွားရင်တော့ပိုယန်ခရိုင် ထဲမှာ သူ့ကို ဘယ်သူကများ ရန်စရဲဦးမလဲ'

"အလုပ်ချိန်ရောက်ပြီ"

မြို့လှည့်ဖို့ အချိန်နီးလာပြီ ချန်ဆန်းရှီကသူ့ရဲ့ ကျူရွက်လှံ ကို သိမ်းပြီး သူ့လူတွေကို ခေါ်လိုက်တယ်

သူတစ်ယောက်တည်း အဆင့်တက်ခဲ့တာ မဟုတ်ဘူး၊ သူ့ရဲ့ တပ်သားတွေလည်း တိုးတက်လာခဲ့တယ်

"ကျူထုံ ကဒီနှစ်ရက်အတွင်း သွေးစွမ်းအားကို ကျင့်ကြံနိုင်ခဲ့ပြီးဝမ်လီဆိုတဲ့ စစ်သည်တစ်ယောက်လည်း မကြာခင်မှာ အဆင့်တက်တော့မှာ ကျန်တဲ့ အဖွဲ့ထဲက လူငါးယောက်ကလည်း လှံပညာကို သင်ယူပြီး စစ်ဖွဲ့စည်းပုံတွေ လေ့ကျင့်နေကြပြီ"

ရွှီဝမ်ချိုင်တစ်ယောက်တည်း သာဘာမှ မလုပ်နိုင်သေးတာ

လွန်ခဲ့တဲ့ ရက်က မြင်းတွေကို အစာကျွေးရင်း သူ့ကို မြင်းကန်လိုက်တာကြောင့် မြင်းခွာအောက်မှာ သေသွားမှာကို စိုးရိမ်လို့ နောက်တစ်ခါ ထပ်မသွားခိုင်းတော့ဘူး

"သွားကြစို့မြို့ကိုလှည့်လည် စစ်ဆေးမယ်"

မိစ္စာဂိုဏ်း ကိစ္စဖြစ်ပြီးတဲ့နောက် မြို့တွင်းရော မြို့ပြင်မှာပါ လူတွေ နေ့စဉ် သေဆုံးနေကြတယ်

ကောလာဟလတွေက မိစ္စာဂိုဏ်းဟာ သဘာဝအားဖြင့် သွေးဆာနေတဲ့ ဂိုဏ်းလို့ ဆိုတယ်

ဒါကြောင့် မကြာသေးခင်က နှိမ်နင်းမှုတွေဟာ အလွန်တင်းကျပ်နေခဲ့တယ်။

ဒီလိုဖြစ်နေပေမဲ့၊ ဘယ်သိုင်းပညာခန်းမက တပည့်ကိုမှ ပါဝင်ခွင့် မပေးဘူး

ဒါက အရှင်ထောင်စုမှူးက သိုင်းပညာခန်းမတွေထက် အရင် နတ်ဘုရားရတနာကို သိမ်းပိုက်ပြီးတော့ အဲဒီရတနာကို အသုံးပြုပြီး ပိုယန်ခရိုင်က သိုင်းပညာခန်းမ အားလုံးကို ခြိမ်းခြောက် ချုပ်ကိုင်ချင်တာ အရှင်းသားပဲ။

ချန်ဆန်းရှီကမြို့လှည့်လည် စစ်ဆေးတဲ့ ကိစ္စကို အလွန်အလေးထားပြီး၊ မိစ္စာဂိုဏ်း နောက်လိုက်တွေရဲ့ ခြေရာကို ရှာဖွေဖို့ ကြိုးစားခဲ့တယ် ကံမကောင်းစွာပဲ၊ အခုထိတော့ ဘာသဲလွန်စမှ မတွေ့သေးဘူး တွေ့ခဲ့ရင်တောင် သူ့ရဲ့ လက်ရှိ ခွန်အားက ပစ္စည်းတွေကို သိမ်းယူနိုင်ဖို့ လုံလောက်မှာ မဟုတ်ဘူး၊ ဒါကြောင့် ကျင့်ကြံမှုဟာ အရေးအကြီးဆုံးပဲ။

သူ့ရဲ့ သွေးစွမ်းအားကို နှစ်မျှင်အဆင့်အထိ တိုးမြှင့်ပြီးတဲ့နောက် သုံးရက်တစ်ခါ သောက်ရတဲ့ သွေးဖြည့်အားဆေးရည် တစ်ပန်းကန်က လုံလောက်မှာ မဟုတ်တော့ဘူး

မြို့လှည့်လည် စစ်ဆေးနေစဉ် အနားယူချိန်မှာ ချန်ဆန်းရှီကဆေးဝါးတွေ ဝယ်ယူဖို့အတွက် သိုင်းပညာကျောင်းကို သွားခဲ့တယ်။

ကျူထုံလည်း သူ့နောက်လိုက်ပါခဲ့တယ်

အိမ်မှာ ဝက်သတ်ပြီး စုဆောင်းထားတဲ့ ငွေကြေးအချို့ ရှိတဲ့အတွက် သူလည်းပဲ သွေးသန့်စင်ခြင်း မြန်စေဖို့ ဆေးဝယ်ဖို့ ပိုက်ဆံ စုလာခဲ့တယ်။

အကြီးဆုံး သိုင်းပညာခန်းမကြီးလေးခု ထဲမှာ ယွန်ဟဲသိုင်းခန်းမ နဲ့ ကျောက်သိုင်းပညာခန်းမ တို့က ဆေးဝါးရောင်းဝယ်ရေးမှာ စီးပွားအကြီးဆုံးဖြစ်ပြီး ပိုယန်ခရိုင်ရဲ့ အရောင်းအဝယ် သုံးပုံနှစ်ပုံလောက် ရှိတယ်။

အဲဒီထဲမှာမှ ယွန်ဟဲသိုင်းခန်းမရဲ့ ဆေးဝါးတွေက အရည်အသွေး အကောင်းဆုံး ဖြစ်တယ်။

ကွေ့ရှန်လမ်း ကို ရောက်တော့ ချန်ဆန်းရှီက ယွန်ဟဲဆေးဆိုင်နှစ်ခုကို တွေ့လိုက်ရတယ်။

တိတိကျကျပြောရရင် တစ်ခုက 'ယွန်ဟဲဆေးဆိုင် 'ဖြစ်တယ်။

မကြာသေးခင်က မြို့လှည့်လည်နေရင်း သူကသိုင်းခန်းမတွေနဲ့ ပတ်သက်တဲ့ သတင်းတွေကို မကြာခဏ ကြားခဲ့ရတယ်။

ခရိုင်ဝန် ကွယ်လွန်ပြီးတဲ့နောက် လူသတ်သမားတွေက ယွန်ဟဲသိုင်းခန်းမရဲ့ ဆရာကြီးကို သတ်ခဲ့တဲ့အတွက် နှစ်ဖွဲ့ကွဲသွား ခဲ့တယ်။

ယွန်ဟဲသိုင်းခန်းမရဲ့ သခင်လေးမှာ အရည်အချင်း သာမန်ပဲရှိပြီး အသက်သုံးဆယ်နီးပါး ရှိနေပေမဲ့ အရိုးဖွဲ့စည်းခြင်းအဆင့်ကို မရောက်သေးဘူးလို့ ဆိုတယ် သူ့ရဲ့ ဦးလေးကတော့ အဲဒီအဆင့်မှာ အောင်မြင်မှုသေးသေးလေး ရထားသူဖြစ်တယ်။ ဆရာကြီး ကွယ်လွန်ပြီးတဲ့နောက်မှာ သူဟာ တူဖြစ်သူရဲ့ အရိုက်အရာ ဆက်ခံပိုင်ခွင့်ကို လုယူပြီး ဆရာကြီးအသစ် ဖြစ်လာခဲ့တယ်။

ဒါတင်မကသေးဘဲ သူကသူ့ရဲ့တူကို တစ်ချက်ကန်ထုတ်လိုက်ပြီး အရေးမပါတဲ့ ကျွန်တပည့်အုပ်စု နဲ့ ဆေးဆိုင်တစ်ဆိုင်ပဲ ချန်ထားခဲ့တယ် မူရင်းနာမည်ကို အသုံးပြုခွင့် မပြုတာကြောင့် 'ကျန်းကွမ်' ဆိုတဲ့ နာမည်ကိုပဲ အသုံးပြုခဲ့ရတယ်။

ယှဉ်ပြိုင်နိုင်ဖို့အတွက် ကျန်းကွမ် ဆေးဆိုင်က ဈေးနှုန်းတွေ လျှော့ချ ရောင်းချခဲ့တယ် ပုံမှန်အားဖြင့် ဆယ်တေးပေးရတဲ့ သွေးဖြည့်အားဆေးရည်ကို ရှစ်တေးနဲ့ပဲ ရောင်းချခဲ့တယ်။

သွေးဖြည့်အားဆေးရည်ထက် ပိုအဆင့်မြင့်တဲ့ ကိုးကြိမ်အဆီအနှစ်

ဖြည့်ဆေးရည် နဲ့ အရိုးဖွဲ့စည်းခြင်းအဆင့်အတွက် လိုအပ်တဲ့ ဆေးစိမ်

ရေချိုးခြင်း တွေကလည်း မူရင်းဈေးရဲ့ ခုနစ်ဆယ် ရာခိုင်နှုန်း သို့မဟုတ် ရှစ်ဆယ် ရာခိုင်နှုန်းအထိ လျှော့ချထားပေမဲ့ ဈေးနှုန်းကတော့ အဆမတန် မြင့်မားနေဆဲပဲ။

ကိုးကြိမ်အဆီအနှစ်ဖြည့်ဆေးရည် တစ်ခွက်အတွက်ဆိုရင် နှစ်

ဆယ့်ငါးတေး ကုန်ကျမှာ။

ချန်ဆန်းရှီက ဒီလောက်အထိ တတ်နိုင်စွမ်း မရှိဘူး။

သူက ဝက်ဝံမဲ ကိုအမဲလိုက်ပြီးငွေနှစ်ဆယ် စုဆောင်းခဲ့ပြီး ချင်ဖုန်းကို သတ်ရာကနေ ဆယ်တေးရခဲ့တယ် ဒါပေမဲ့ သူ့ရဲ့ နေ့စဉ်အသုံးစရိတ်တွေကလည်း များတယ် အမျိုးမျိုးသော ထူးဆန်းတဲ့ သားရဲသားများ မပါဘဲ မရဘူး၊ ဒါကြောင့် သူ့မှာ ငွေအနည်းငယ်ပဲ ကျန်တော့တယ်။

နောက်ဆုံးမှာ ချန်ဆန်းရှီကဆေးနှစ်ခွက် ဝယ်လိုက်ပြီး တစ်ဆယ့်ခြောက်

တေး ကုန်ကျသွားခဲ့တယ်။

"ငါ့ရဲ့ စုဆောင်းငွေတွေ ကုန်သွားပြီ"

ချန်ဆန်းရှီက ရင်ဘတ်ထဲက သွေးထွက်သလို ခံစားလိုက်ရတယ်။

အဲဒီ ဆေးနှစ်ခွက်က တစ်ပတ်လောက်ပဲ အသုံးပြုလို့ ရမှာ။

ပိုက်ဆံအများကြီး ရဖို့အတွက် အမဲလိုက်တဲ့ သူ့ရဲ့ ကျွမ်းကျင်မှု ကိုပဲ အားကိုးရဦးမယ် ထင်တယ်။

ကံကောင်းစွာနဲ့ပဲ အလံငယ်တစ်ယောက်အနေနဲ့ သူကဒုတိယအလွှာတောင် ရဲ့ အနက်ပိုင်းကို လွတ်လပ်စွာ ဝင်ရောက်နိုင်တယ် တန်ဖိုးရှိတဲ့ အရာတစ်ခုခုကို လိုက်လံရှာဖွေတာက သိပ်ခက်ခဲမှာ မဟုတ်ဘူး။

ဒါက သူ့ရဲ့ သိုင်းပညာ လေ့ကျင့်မှု့ကို အနည်းငယ် ကြန့်ကြာနိုင်ပေမဲ့ဒါက မဖြစ်မနေ ပေးဆပ်ရမယ့် အရာပဲ။

ကျားတစ်ကောင်ကို ငွေတစ်ရာတေးနဲ့ ရောင်းလို့ရတယ် လို့ သူကြားဖူးတယ်။ ထူးဆန်းတဲ့ သားရဲ ဆိုရင်တော့ ပိုတောင် ဈေးကြီးလိမ့်မယ်။

ထူးဆန်းတဲ့ သားရဲတွေက ရှားပါးပေမဲ့ ဒုတိယအလွှာတောင်ပေါ်မှာ ကြီးမားတဲ့ မြွေပါကြီးတွေ အကြောင်း ပြောဆိုကြတာက မကြာခဏပဲ။

သူ စုံစမ်းကြည့်ပြီး ကျားတစ်ကောင်ကို အမဲလိုက်နိုင်ခဲ့ရင် ရရှိတဲ့ငွေဟာ အသေးစားအောင်မြင်မှုအဆင့်ကို မြန်မြန်ရောက်ဖို့ လုံလောက်လိမ့်မယ်။

စစ်တပ်စခန်းကို ပြန်ရောက်တော့၊ ချန်စန်းရှီကရက်အနည်းငယ်ကြာ ပျောက်ကွယ်နေတဲ့ ရာစုမှူးဝမ်ကို တွေ့လိုက်ရတယ် သူက မြို့တော်ကို ဆွေမျိုးတွေ သွားလည်တာလို့ ပြောပြီး ချန်ဆန်းရှီရဲ့ ကျွမ်းကျင်မှုအဆင့်တက်လာတာ ကြားသိရတော့ အလွန်ဝမ်းသာအားရ ဖြစ်နေခဲ့တယ်။

"ကောင်းတယ် ကောင်းတယ် ကောင်းတယ် မင်းတော်တယ်ကွာ မင်းမှာ ငါ့အရင်တုန်းက ဟန်ပန်မျိုး ရှိတယ်"

ဝမ်ကျီက သူ့ရင်ဘတ်ထဲကနေ ရွှေသော့တစ်ခုကို ဆွဲထုတ်လိုက်ပြီး "ဒီဟာက မင်းရဲ့ ကြိုးစားအားထုတ်မှုအတွက် ဆုလပ်အနေနဲ့ ပေးတာပါ"

"အသက်ရှည် ရွှေသော့"

ချန်ဆန်းရှီက ဒီပစ္စည်းအကြောင်း သိပါတယ် ပုံမှန်အားဖြင့် မိသားစုထဲက အကြီးအကဲတွေက ကလေးငယ်တွေကို ပေးလေ့ရှိတယ် ဝမ်ကျီက ဒါကို ပေးဖို့ ဆန္ဒရှိတယ်ဆိုတာက ဒါဟာ သူ့ကိုယ်ပိုင်မဟုတ်ဘဲ တခြားတစ်ယောက်ဆီက လိမ်ယူထားတာ ဖြစ်နိုင်ခြေ အလွန်များတယ်။

"အရှင်ရဲ့ စေတနာကို ကျေးဇူးတင်ပါတယ် ဒါပေမဲ့ ကျွန်တော် လက်မခံတော့ပါဘူး"

သူ ငြင်းဆိုလိုက်တယ်

"မလိုချင်ရင် ထားလိုက်တော့ ငါလိုမျိုး လက်အောက်ငယ်သားတွေအတွက် ရွှေဝယ်ပေးချင်တဲ့ အထက်အရာရှိကောင်းမျိုး ဘယ်မှာရှိလို့လဲ"

ရာစုမှူးဝမ်က အဲဒီသော့ကို သူ့ရဲ့လည်ပင်းမှာ ပြန်ဆွဲလိုက်ပြီး "မင်း မနက်ဖြန် တောင်ပေါ်တက်ဖို့ ခွင့်တောင်းထားတယ် ဟုတ်လားသွား သွား"

"ကျေးဇူးတင်ပါတယ် အရှင်"

ချန်ဆန်းရှီ ထွက်ခွာလာပြီး သူ့ရဲ့တံခါးဝနား ရောက်ခါနီးမှာပဲ

ရုတ်တရက် လူနှစ်ယောက် ထွက်ပေါ်လာပြီး ရှေ့လမ်းကို ပိတ်ဆို့လိုက်

တယ် တစ်ယောက်က ရှေ့မှာ တစ်ယောက်က နောက်မှာ အသက်ကြီးတဲ့သူနဲ့ လူငယ်ဖြစ်ပြီး သခင်နဲ့ကျွန် ဆက်ဆံရေးလိုမျိုး ဖြစ်ပုံရတယ်

"အလံမှူးချန်ကျွန်တော် ခင်ဗျားကို အကြိမ်ပေါင်းများစွာ ဖိတ်ခဲ့ပေမဲ့ မအောင်မြင်ခဲ့ဘူး ဒါကြောင့် ကိုယ့်ဘာသာ လာရောက်လည်ပတ်တာပါ" လို့ လျိုကျန်း က ခေါက်ချိုးယပ်တောင်ကို ကိုင်ပြီး လက်သီးစုပ်ကာအရိုအသေပေးလိုက်တယ် "လှပတဲ့ အမျိုးသမီးတွေနဲ့ ဝိုင်တွေ အများကြီးရှိတဲ့ နွေဦးအဆောင်မှာ တွေ့ဆုံပြီးဂုဏ်ပြုပေးပါဦး"

"မင်းတော်တော် ရဲတင်းတာပဲ"

ချန်ဆန်းရှီက လျစ်လျူရှုဟန်နဲ့ ပြောလိုက်တယ် "ကျွန်တော့်မှာ အရေးကိစ္စတွေ ရှိနေတဲ့အတွက် မစ္စတာ လျိုကို အနှောင့်အယှက် မပေးတော့ပါဘူး"

"ကျွန်တော့်မှာ မကောင်းတဲ့ ရည်ရွယ်ချက် မရှိပါဘူး"

လျိုကျန်းက ရှေ့ကို တိုးလာပြီး အသံကို လျှော့ကာ ပြောတယ်"စိတ်ချပါချင်ညီအစ်ကိုတို့ရဲ့ ကိစ္စကို တင်ယွမ် သိုင်းပညာကျောင်းက ဆက်လက် ဆောင်ရွက်မှာ မဟုတ်ပါဘူး"

"ဘယ်ချင်ညီအစ်ကိုတွေလဲ"

ချန်ဆန်းရှီက ဘာမှ မသိသလို မျက်နှာပေးနဲ့ ပြောလိုက်တယ် "ကျွန်တော် နားမလည်ပါဘူး"

တစ်ဖက်လူက ချင်ဖုန်းကိစ္စကို တကယ်ပဲ ဆက်လက် မလုပ်ဆောင်ဘဲ နေနိုင်တယ်။

ဒါပေမဲ့ သူတို့ဟာ ဒီကိစ္စကို အသုံးပြုပြီး ချန်ဆန်းရှီကို စကားပြောစေဖို့ အဲဒီညက မြို့ပြင် ထွက်ခဲ့သလား နတ်ဘုရားရတနာနဲ့ ထိတွေ့ဖို့ အခွင့်အရေး ရှိခဲ့သလားဆိုတာ သိချင်တာက ပိုများတယ်။

'အလံငယ်ချန်က ဟန်ဆောင်ကောင်းလွန်းပါတယ်'

လျိုကျန်းရဲ့ အပြုံးက သူ့မျက်လုံးတွေဆီကို မရောက်စေဘဲ သူ နောက်က အစေခံအိုကြီးကို အချက်ပြလိုက်တယ် "ဒါပေမဲ့ ခင်ဗျားကို ထမင်းတစ်

နပ်လောက် စားသုံးပေးဖို့ ကျွန်တော် မျှော်လင့်နေတုန်းပါပဲ"

"ကျေးဇူးပြုပြီးတော့"

အစေခံအိုကြီးဟာ သစ်ခြောက်ပင်ရဲ့ အကိုင်းအခက်တွေနဲ့တူတဲ့ သူ့ရဲ့ လက်တစ်စုံကို ဆန့်ထုတ်လိုက်ပြီး သူ့ကို ဖမ်းဆုပ်ဖို့ ရောက်လာတော့တယ်

ချန်ဆန်းရှီရဲ့ မျက်ခုံးတွေ တွန့်သွားပြီး သူ့လှံကို ပိုပြီး ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်လိုက်တော့တယ်။

All Chapters