အခန်း (၃၆)
Vol. 4 Ch. 36
"အိုး ဟိုမှာ မစ္စတာ လျို မဟုတ်ဘူးလား"
ချန်ဆန်းရှီလှုပ်ရှားမှု တစ်စုံတစ်ရာ မလုပ်ရသေးခင်မှာပင် ထက်ရှသော အသံတစ်ခု ပေါ်ထွက်လာသည်။
ဝမ်ကျီက အစေခံအိုကြီးရှေ့တွင် ရပ်နေကာ ပျော်ရွှင်စွာဖြင့် "ဘယ်လိုလေကောင်းလေသန့်ကများ ဒီလို ဂုဏ်သရေရှိ ဧည့်သည်တော်ကြီးကို ကျွန်တော်တို့ဆီ မျောပါလာစေတာလဲ မသိလို့ မကြိုဆိုမိတာ ခွင့်လွှတ်ပါ မစ္စတာ လျိုဘယ်ကိစ္စနဲ့များ ရောက်လာပါသလဲဗျာ" ဟု မေးလိုက်သည်။
ချန်ဆန်းရှီက ဖြတ်ပြောလိုက်တယ် "မစ္စတာ လျိုက ကျွန်တော့်ကို နွေဦးဆောင် ကို ဖိတ်ဖို့ စဉ်းစားနေတာပါ"
"တကယ်လား"
ထိုစကားကြားရသောအခါ ဝမ်ကျီက ဝမ်းသာအားရ ဖြစ်ကာ သူ့မျက်လုံးသေးသေးလေးများမှာ အရေးအကြောင်းများဖြင့် ကျဉ်းမြောင်းသွားပြီး "မစ္စတာ လျို မတရားဘူးဗျာ ဘာလို့ ဆန်းရှီကိုပဲ ဖိတ်ပြီး ကျွန်တော့်ကို မဖိတ်တာလဲ အတူတူသွားကြမယ်လေ"
တောက်...
လျိုကျန့်က အလျင်အမြန် နောက်ဆုတ်လိုက်ပြီး အဆင်မပြေသော အပြုံးတစ်ပွင့်ကို ညှစ်ထုတ်ကာ "ရာစုမှူး ဝမ် တကယ်တော့ ကျွန်တော် တစ်ခုခု စုံစမ်းချင်လို့ပါ ချန်ရှီလည်း အလုပ်များနေပုံရတော့ နောက်မှ ရက်ချိန်းယူတာ ပိုကောင်းမယ်ထင်ပါတယ်" ဟု ပြောလိုက်သည်။
ထို့နောက် သူ ထွက်သွားရန် ကြိုးစားလိုက်သည်။
ဝမ်ကျီက ရှေ့တိုးလာပြီး သူ့ပခုံးကို လှမ်းဆွဲကိုင်လိုက်ကာ "သူက အလုပ်များနေတာပါ ကျွန်တော်ကတော့ အလုပ်မများပါဘူး သွားကြစို့ နွေဦးဆောင်မှာ အသစ်ရောက်တဲ့ မိန်းကလေးတွေ ရှိတယ် အရမ်းနုဖတ်
တယ်လို့လည်း ကြားထားတယ်ဗျာ"
"ရာစုမှူး ဝမ်"
လျိုကျန်းက သူ့ကိုယ်သူ လွှတ်မြောက်ရန် ကြိုးစားရင်း "အာ ကျွန်တော် ခုမှ သတိရတယ် ကျွန်တော့်မှာလည်း အရေးတကြီး ကိစ္စရှိလို့ သွားမှဖြစ်မယ်"
"ဟင်..."
ဝမ်ကျီ၏ မျက်နှာသည် တင်းမာသွားသည် "မစ္စတာ လျိုကကျွန်တော့်ကို ခပ်ကင်းကင်းနေနေတာလား"
"လုံးဝ မဟုတ်ပါဘူး"
လျိုကျန်းက သူ့လက်မောင်းအိတ်ထဲမှ ငါးတေးရှိသော ငွေတုံးတစ်တုံးကို ထုတ်လိုက်ပြီး "တကယ်ပါပဲ ကျွန်တော့်မှာ အရေးတကြီး ကိစ္စတွေ ရှိနေလို့ပါ ဒါပေမဲ့ နောက်တစ်ခါတော့ သေချာပေါက်သွားပါ့မယ်"
ထိုငွေကို ဝမ်ကျီ၏ လက်ထဲသို့ ထိုးထည့်ပေးလိုက်ပြီးနောက် သူ့အစေခံကို အလျင်အမြန် ဆွဲကာ ထွက်ပြေးသွားတော့သည်။
"ငွေတေး နှစ်ဆယ်နီးပါး ဆုံးရှုံးလုနီးပါးပဲ"
နောက်ကနေ ဘယ်သူမှ လိုက်မလာကြောင်း သေချာမှ လျိုကျန်းသက်ပြင်းချလိုက်သည်။
အရက်ဆိုင်မှာဆိုရင် ဒီ ဖက်တီးဝမ်ကြီးက ချုပ်တည်းမှာ မဟုတ်ဘူး ဈေးအကြီးဆုံးတွေကို အကုန်မှာမှာ သေချာတယ် မိသားစု စီးပွားရေးက ကြီးပေမဲ့ မလိုအပ်ဘဲ ငွေဖြုန်းဖို့တော့ မစ္စတာ လျို မတတ်နိုင်ပေ။
"သခင်လေး"
အစေခံအိုကြီးက "ကျွန်တော်တို့ ဒါကို ဒီအတိုင်း လွှတ်ထားလိုက်မှာလား"
"ငါ ခုလေးတင် ဘာမြင်လိုက်တယ် ထင်လဲ"
လျိုကျန်းကသူ့လည်ပင်းကို လက်ညှိုးထိုးပြရင်း "ချင်ဖုန်းရဲ့ အသက်
ရှည်ကြိုးက ဖက်တီးဝမ်ကြီးရဲ့ လည်ပင်းမှာ ရောက်နေပြီ ဒီကိစ္စက ချင်မိသားစုနဲ့ လုံးဝမသက်ဆိုင်တော့ဘူး"
"အိုး"
အစေခံအိုကြီးက အံ့ဩစွာဖြင့် "ရာစုမှူး ဝမ်က နတ်ဘုရားရတနာနဲ့ ထိတွေ့ခဲ့တာများလား"
"မဟုတ်ဘူး"
လျိုကျန်းက "သူသာ နတ်ဘုရားရတနာကို ရခဲ့ရင် အသက်ရှည်ကြိုးကို ဒီလောက် ပေါ်ပေါ်ထင်ထင် ကြွားဝံ့ပါ့မလား"
"ငါ့ရဲ့ အရင်စိုးရိမ်မှုတွေက အခြေအမြစ်မရှိဘူး ထင်ပါတယ် နတ်ဘုရားရတနာကို တကယ်ပဲ မိစ္စာဂိုဏ်းက လူတွေ ခိုးသွားတာပဲ ဦးလေး ဝူ ငါတို့ မြန်မြန်လုပ်ရမယ်ရှန်ထင်းချွန်ထက် အရင် နတ်ဘုရားရတနာကို ရှာတွေ့ဖို့ နည်းလမ်းပေါင်းစုံကို အသုံးပြုရမယ် မဟုတ်ရင်တော့ ဈေးကြီးပေးပြီး ဝယ်ရလိမ့်မယ်"
"စိတ်မပူပါနဲ့ သခင်လေး"
အစေခံအိုကြီးက ခါးညွတ်အရိုအသေပေးလိုက်ကာ "သစ္စာရှိတဲ့ တပည့်တွေကို အကုန်လုံး စေလွှတ်ထားပြီးပါပြီ"
"ဒီ မစ္စတာ လျိုက ငွေကို ပိုပြီး ချွေတာနေတာဘဲ ဒီငွေ မင်းယူလိုက်"
ဝမ်ကျီက ငွေတုံးကို ချန်ဆန်းရှီဆီ ပစ်ပေးရန် အလုပ်တွင် တစ်ဝက်တစ်ပျက် ရပ်လိုက်ပြီး ငွေနှစ်တေးကို အကြွေလေးများဖြင့် လဲလိုက်သည် "ငါးဆယ်ငါးဆယ် ခွဲယူလိုက်"
"..."
ချန်ဆန်းရှီကထိုငွေကို သူ့အိတ်ထဲ ထည့်လိုက်သည်။
"သူ မင်းဆီက ဘာလိုချင်တာလဲ"
ဝမ်ကျီ၏ မျက်လုံးကျဉ်းလေးများ တောက်ပနေပြီး သူ့လည်ပင်းမှ ရွှေသော့ကို ဆုပ်ကိုင်ထားပြီး "အဲ့ဒီ ကလေး ဘာချင်လဲ ချင်... ချင်ဖုန်းလား?"
"ကျွန်တော် မသိဘူး"
ချန်ဆန်းရှီက နားမလည်ဟန် ဆောင်လိုက်သည်။
ထိုရွှေသော့သည် ချင်ဖုန်း၏ ပစ္စည်းဖြစ်မည်ဟု သူ မမျှော်လင့်ခဲ့ အံ့ဩစရာ မရှိပါ လျိုကျန်းခုနက အကြိမ်ကြိမ် ကြည့်သွားခဲ့ခြင်းမှာ အကြောင်းရှိသည်။
ချင်ဖုန်း သေဆုံးသွားခြင်းကို အကြာကြီး ဖုံးကွယ်ထားနိုင်တော့မည် မဟုတ်ပေ။
သို့သော် တကယ်တမ်းတွင် နတ်ဘုရားရတနာနှင့် မသက်ဆိုင်သရွေ့တော့ချင်ဖုန်းသေဆုံးမှုကြောင့် သူ့ကို ဘယ်သူမှ လာပြီး အနှောင့်အယှက်ပေးမည် မဟုတ်ပေ။
"ဟား ဟား..မင်း ငါ့ကို မယုံဘူးပေါ့"
ဝမ်ကျီက ရယ်စရာကောင်းသည်ဟု ထင်မိသည်"ငါ မင်းကို အရင်တုန်းက ဘာပြောခဲ့လဲ မှတ်မိလား ဒီလို ကိစ္စတွေမှာ သိပ်ပြီး သတိထားနေစရာ မလိုဘူး လူသတ်ရင် သတ်လိုက်တယ် ဘာကြောက်စရာ ရှိလဲ ငါ ဒီမှာရှိနေသရွေ့ ဘယ်သူမှ မင်းကို လာထိရဲမှာ မဟုတ်ဘူး"
ချန်ဆန်းရှီက မပြောင်းလဲဘဲ "ကျွန်တော် တကယ် မသိဘူး"
အချို့ကိစ္စများသည် နှစ်ဦးနှစ်ဖက် ကောင်းကောင်းနားလည်ထားသော်လည်း ပါးစပ်က ဖွင့်မပြောဘဲ နေခြင်းက အကောင်းဆုံးဖြစ်သည်။
"မင်း သူများတွေကို ကာကွယ်နေတာကို ကြည့်ပါဦး
"ကောင်းပြီ ငါတို့ ဘာမှ မဖုံးကွယ်ကြတော့နဲ့ မဟုတ်ရင် မင်းက ငါ့ကို မင်းအပေါ် မကောင်းကြံနေတယ်လို့ အမြဲ သံသယဝင်နေလိမ့်မယ်"
ဝမ်ကျီကရုတ်တရက် တည်ကြည်သွားပြီး "ပိုယန်နယ်မြေမှာ မင်း ဘယ်သူ့ကို စော်ကားစော်ကား ငါ မင်းကို ကူညီမယ် ထောင်စုမှူး ရှန် ဖြစ်နေရင်တောင်မှဘဲ
"ငါ မင်းကို တောင်းဆိုချင်တာ တစ်ခုပဲ ရှိတယ်
မင်းသာတပ်စခန်းရှစ်ခု ထဲ ဝင်ပြီး ကြီးကြပ်ရေးမှုးရဲ့ ကိုယ်ပိုင်တပည့် ဖြစ်လာနိုင်မယ့် တစ်နေ့ ရောက်လာခဲ့ရင် ငါ့အတွက် သတင်းစကားလေး တစ်ခုပဲ ပြောပေးပါ။
"ကြီးကြပ်ရေးမှုးကို ပြောပေးပါ ငါဝမ်ကျီဟာ ကုသိုလ်နဲ့ အပြစ်ဖြေချင်တယ် လို့
"ကြီးကြပ်ရေးမှုးဆီက အခွင့်အရေး တစ်ခုပဲ တောင်းပေးပါ မြင်းထိန်းပဲ လုပ်ရလုပ်ရ အသက်နဲ့လဲရလဲရ ကျွန်တော် တပ်စခန်းရှစ်ခုမှာ သေချင်တယ်"
ချန်ဆန်ရှီက စစ်တပ်စခန်းထဲတွင် ကောလာဟလအချို့ကို ကြားဖူးခဲ့သည်။
ဥပမာအားဖြင့် ဝမ်ကျီသည် တပ်စခန်းရှစ်ခုမှ လာခဲ့ပြီး ထိုနေရာမှ အကြီးအကဲအချို့ကိုပင် သိကျွမ်းသည်ဟု...
သို့သော် 'ကုသိုလ်နဲ့ အပြစ်ဖြေချင်တယ်' ဟူသော စကားစုသည် အတော်လေး ပြင်းထန်ပုံရသည်။
ဝမ်ကျီက ရာစုမှူး တစ်ဦးဖြစ်သောကြောင့် သူ့ရဲ့အဆင့်သည် အရိုးဖွဲ့စည်းခြင်းအဆင့်ကို ကျော်လွန်မည်မဟုတ်ပေ။
အရိုးဖွဲ့စည်းထားသော သိုင်းပညာရှင်တစ်ဦးသည် 'ကုသိုလ်နဲ့ အပြစ်ဖြေခြင်း' အကြောင်း ပြောဆိုရလောက်အောင် မည်မျှ ပြင်းထန်သော ရာဇဝတ်မှု ကျူးလွန်ခဲ့ပါသနည်း သူအရင်တုန်းက ကြီးကြပ်ရေးမှုးဆွန်နှင့် အတော်လေး ရင်းနှီးခဲ့ပုံရသည်။
အင်း...
တစ်ဖက်လူက ဒီလောက်ထိ ဖွင့်ပြောလာပြီဆိုတော့ ချန်ဆန်းရှီလည်း သူ့သဘောထားကို ထုတ်ဖော်ရမည်။
သူက လေးလေးနက်နက် ပြောလိုက်တယ် "ရာစုမှူး ဝမ် စိတ်ချပါကျွန်တော်သာ တကယ်ပဲ မျှော်လင့်ချက်အတိုင်း တပ်စခန်းရှစ်ခုထဲ ဝင်ပြီး ကြပ်ရေးမှုးဆွန်နဲ့ တွေ့ခဲ့မယ်ဆိုရင် ဘာပဲဖြစ်ဖြစ် ဒီသတင်းစကားကို ပေးပို့ပေးမှာပါ"
"ကောင်းပြီ ကောင်းပြီ"
ဝမ်ကျီကခေါင်းကို အကြိမ်ကြိမ် ညိတ်ပြီး "ဒီနေ့ကစပြီး ရာစုမှူးလို့ မခေါ်ပါနဲ့တော့ ငါတို့က ညီအစ်ကိုတွေလို ဖြစ်နေပြီမို့ ဖက်တီးဝမ်လို့ပဲ ခေါ်ပါတော့"
"သင့်တော်ပါ့မလား" ဟု ချန်ဆန်းရှီက မေးသည်။
" ဘာလို့ မသင့်တော်ရမှာလဲ"
ဝမ်ကျီက ဆဲဆိုလိုက်ပြီး သူ့လက်မောင်းအိတ်ကို ဝှေ့ယမ်းကာ ထွက်သွားလိုက်သည် "လျိုမိသားစုက တစ်ခုခု လာရှာရင် ငါ့ကို ပြောလိုက် ငါ ညဘက် မျက်နှာဖုံးစွပ်ပြီး မင်းအတွက် ရှင်းပေးမယ်"
"..."
ထိုအချိန်တွင် ချန်ဆန်းရှီက ဖက်တီးဝမ်၏ကြီးမားသော ကျောပြင်ကို ကြည့်ရင်း "အသက်လောက် လောဘကြီးသူ" နှင့် "ကောက်ကျစ်စဉ်းလဲသော လူယုတ်မာ" ဆိုသည့် စကားစုများသည် သူ့အပေါ်တွင် သုံးနှုန်းရန် တစ်စုံတစ်ရာ မသင့်လျော်သလို ခံစားရသည်။
သို့သော်လည်း
စာအုပ်ကို အဖုံးနဲ့ မဆုံးဖြတ်ရသလို သူများတွေ အပေါ်ယံ ပြောတာကိုလည်း လွယ်လွယ်နဲ့ မယုံသင့်ပေ အမှန်တကယ် အရေးပါသည်မှာ လုပ်ရပ်များသာ ဖြစ်သည်။
သူ ဆက်မစဉ်းစားတော့ဘဲ မနက်ဖြန် အမဲလိုက်မည့် ကိစ္စကို စဉ်းစားရင်းအိမ်ပြန်ခဲ့သည်။
သူ့ခွန်အားကို မြှင့်တင်ရန် အရေးတကြီး လိုအပ်နေသည်။
ဒီလို အိမ်အရောက် ခြမ်းခြောက်ခံရတာမျိုးကို ချန်ဆန်းရှီနောက်ထပ် မခံစားချင်တော့ပေ။
'ကျား'
ကျားတစ်ကောင်ကိုသာ အမဲလိုက်နိုင်ရင် အချိန်ကြာမြင့်စွာ အသုံးဝင်ပေလိမ့်မည်
မနက်ဖြန် ယန်ဘင်းရွာကို ပြန်သွားပြီး ဦးလေး ကျောက်ကို မေးကြည့်ရမယ်
သူတို့မှာ ကျားကို အမဲလိုက်နိုင်တဲ့ အင်အား မရှိပေမဲ့ နှစ်ပေါင်းများစွာ တောင်ပေါ်မှာ လှည့်လည်ခဲ့ဖူးတာမို့ ကျားကို ဘယ်မှာ ရှာတွေ့နိုင်မလဲဆိုတာ သူတို့ သိမှာ သေချာသည်။
သူ့မှာ ခြေရာခံခြင်းစွမ်းရည် ရှိသော်လည်း အကြမ်းဖျင်း ဧရိယာတစ်ခု လိုအပ်နေသေးသည် မဟုတ်လျှင် ကျားခေါင်းတောင်တန်းကြီးထဲမှာ ရှာဖွေဖို့ အချိန် ဘယ်လောက်ကြာမလဲ။
ညစာစားပြီးနောက် ချန်ဆန်းရှီကသွေးဖြည့်ဟင်းချို အချို့ကို ပြင်ဆင်ပြီး သောက်ကာ ညနက်သန်းခေါင်အထိ လေ့ကျင့်ပြီးမှ အိပ်စက်အနားယူခဲ့သည်။
နောက်တစ်နေ့။
ချန်ဆန်းရှီ စောစောထလိုက်ပြီး
ယန်ဘင်းသို့ သွားရန် မနီးသောကြောင့် အချိန်ကုန်သက်သာစေရန် မြင်းစီးသွားရန် စဉ်းစားလိုက်တယ်
သူ နောက်တစ်ကြိမ် မအောင်မြင်ပြန်
ထိုမြင်းသည် ခက်ထန်စွာ ဆန့်ကျင်ပုန်ကန်နေပြီး လုံးဝ အညံ့ခံခြင်း မရှိဘဲ ဆက်လက် ရုန်းကန်နေသည်။
ကံကောင်းစွာဘဲသူရဲ့ကျွမ်းကျင်မှု့က အတော်လေး တိုးတက်လာသည်။
[ကျွမ်းကျင်မှု- မြင်းထိန်းချုပ်ခြင်း (အခြေခံအဆင့်)]
[တိုးတက်မှု- (၇၅/၁၀၀)]
[စွမ်းဆောင်ရည်- မရှိ]
နောက်ထပ် တစ်ကြိမ် နှစ်ကြိမ် ကြိုးစားပြီးပါက သူသည် မြင်းထိန်းချုပ်
ခြင်းကျွမ်းကျင်မှု၏ အခြေခံအဆင့်သို့ ရောက်ရှိမည်ဖြစ်ပြီး၊ ထိုအခါ သေချာပေါက် မြင်းကို အောင်နိုင်မည်ဖြစ်သည်
သွားရေးလာရေးအတွက် တစ်ခုခု ရှိခြင်းက အရေးကြီးသည်။
စစ်တပ်စခန်းမှ ထွက်ခွာပြီးနောက် သူကယန်ဘင်းရွာသို့ တိုက်ရိုက်သွားသည်။
"မင်း ကျားလိုက်ချင်တယ်ပေါ့"
ကျောက်ချောင် ဝူဒါ နှင့် ကျွမ်းယိ တို့အားလုံး ထိုနေရာတွင် ရှိနေကြပြီး ဝံပုလွေများကို အမဲလိုက်ရန် အဖွဲ့ဖွဲ့နေကြသည်။
"ဟုတ်ပါတယ်"
ချန်ဆန်းရှီခေါင်းညိတ်လိုက်သည် "ဦးလေး ကျောက်က အတွေ့အကြုံရှိတဲ့ မုဆိုးတစ်ဦးဆိုတော့ သေချာပေါက် သိမှာပါ"
"ကောင်းပြီ တောင်ပေါ်ကို အတူတူ တက်ကြတာပေါ့"
လူလေးဦးသည် ကျားခေါင်းတောင်တန်း၏ မြောက်ပိုင်းနှင့် တောင်ပိုင်း တောင်ထိပ်များ နယ်နိမိတ်ရှိ ချောင်းကမ်းနားသို့ ရောက်လာကြသည်။
ကျောက်ချောင်ကအနောက်တောင်ဘက်သို့ လက်ညှိုးထိုးပြပြီး၊ "လွန်ခဲ့တဲ့ ငါးနှစ်က ရွာက ဦးလေး လျူက ဒီဘက် မိုင်နှစ်ဆယ်အကွာမှာရှိတဲ့ ဂူတစ်ခုထဲမှာ ကျားကြီး ကို မြင်ခဲ့ရတယ် သူ အရမ်းကြောက်လန့်သွားပြီး အဲ့ဒီနေရာမှာပဲ ကျင်ငယ်ရေပါထွက်ကျခဲ့တယ်ကံကောင်းလို့ သူ့ကိုမတွေ့သွားလို့ ထွက်ပြေးနိုင်ခဲ့တယ် ဒါပေမဲ့ အခုတော့ ကျားကြီး ရှိသေးလား မရှိဘူးလားတော့ မသေချာဘူး"
"ကျေးဇူးတင်ပါတယ် ဦးလေး ကျောက်"
ချန်ဆန်းရှီုလက်သီးစုပ်အရိုအသေပေးပြီး ချောင်းကို ဖြတ်ကျော်ရန် ပြင်ဆင်လိုက်သည်။
အဝေးကနေပင် တစ်ဖက်ခြမ်းရှိ တောထဲတွင် တိရစ္ဆာန်များ ချန်ထားခဲ့သော ခြေရာများကို သူ မြင်နေရသည်။
အားလုံး ကငွေတွေဘဲ
ကျောက်ချောင်နှင့် ကျန်နှစ်ဦးသည် ထိုနေရာတွင် ရပ်နေကြပြီး သူ့ကို စိတ်အားထက်သန်စွာ စောင့်ကြည့်နေကြသည်။
"ဦးလေး ကျောက်"
ချန်ဆန်းရှီကသူတို့ အခက်အခဲကြုံနေရသည်ကို သိလို့ "ကျွန်တော်တို့ အတူတူ လုပ်ကြမလား"
"လုံးဝ မလုပ်ပါနဲ့ လုံးဝ မလုပ်ပါနဲ့"
ကျောက်ချောင်ကသူ့ရဲ့လက်တွေကို အကြိမ်ကြိမ် ဝှေ့ယမ်းပြသည် "ဝက်ဝံမည်းတောင် ငါတို့အသက်ကို သတ်လုနီးပါး ဖြစ်ခဲ့တာ ကျားကြီးဆို ပိုတောင် ဆိုးသေး ငါတို့က မင်းကို ဆွဲချရုံပဲ ရှိမယ် မသွားရဲဘူးကျောက်စိမ်းလေးမင်းလည်း ဂရုစိုက်နော် ကျားကြီးက ဝက်ဝံမည်းထက်တောင် ပိုအန္တရာယ် များတယ်"
"ဦးလေး ကျောက်"
ဝူဒါသည် တစ်ဖက်က စိမ်းစိုနေသော တောအုပ်ကို တောင့်တစွာ ကြည့်
နေပြီး"ကျွန်တော်တို့လည်း ဟိုဘက်ကို သွားရင် မကောင်းဘူးလား ကျားလိုက်ဖို့ မဟုတ်ပါဘူး ဆိတ်ရိုင်းလေးတစ်ကောင်လောက် လိုက်ရရင်တောင် ကောင်းပါတယ်"
"မင်း ရူးနေတာလား"
ကျောက်ချောင်က "ဦးလေး လျူ ဘယ်လိုသေသွားလဲ မေ့နေပြီလား"
"လွန်ခဲ့တဲ့သုံးနှစ်က ဟိုဘက်ကို သွားပြီး အမဲလိုက်တာနောက်ဆုံး သမင်
တစ်ကောင်ကို ပစ်မိတယ် ဒါပေမဲ့ ကိုယ်ခံပညာခန်းမကတပည့်တွေက လောဘတက်ပြီး လုယူဖို့ ကြိုးစားခဲ့တယ် အဲ့ဒီလူတွေက ပိုက်ဆံမပေးချင်တော့ သူ့ကို မြှားတွေနဲ့ ပစ်သတ်လိုက်ကြတာ ငါ အသက်စွန့်ပြီး မသွားခဲ့ရင် မင်း သူ့အလောင်းကိုတောင် မြင်ရမှာ မဟုတ်ဘူး"
"..."
အသက်ရှင်သန်ရန်အတွက်ခက်ခဲ၍ တစ်ဖက်သို့ သွားပြီး အမဲလိုက်ရုံနှင့် သေသည်ဟု ဆိုလိုပါလား။
ချန်ဆန်းရှီစိတ်မကောင်း ဖြစ်မိသည်။
သူ ထပ်ပြီး မတိုက်တွန်းတော့ဘဲ သူကိုယ်တိုင် တစ်ဖက်ကို သွားဖို့ ပြဿနာမရှိပေမဲ့ ရာထူးကြီးကြီးမားမား မရှိတာကြောင့် ဦးလေး ကျောက်နဲ့ တခြားသူတွေကို တစ်ခုခု ဖြစ်သွားရင် မတန်ဘူး။
လူသုံးဦးကို နှုတ်ဆက်ပြီးနောက်
ချန်ဆန်းရှီက လေးနှင့်မြှားကို လွယ်လျက် လှံကို ကိုင်ပြီးချောင်းကို ခုန်ကျော်ကာ ထူထပ်သော တောနက်ထဲသို့ ဝင်ရောက်သွားတော့သည်။