← Chapters

ဒီနေ့ စိတ်တက်ကြွလာပြီ

Vol. 17 Ch. 241

ဒီနေ့ စိတ်တက်ကြွလာပြီ

Vol. 17 Ch. 241

မီးနဂါးကြီးမှာ သူ့ကိုသေချာကြည့်၍

“ပြောကြည့်ပါဦး… ခြေတည်ဝိညာဉ်အဆင့်တွေတောင် မိုးပေါ်မြေအောက်မကျန် ရှာပြီးပြီ… မင်းက မြုတေဖွဲ့စည်းခြင်းအဆင့်လောက်နဲ့ ဘယ်လိုလုပ် အဲ့ဥကို ရှာမှာလဲ”

ရှန်မို ပြန်မပြောဘဲ ပြုံးသာပြုံးနေသည်။

မီးနဂါးကြီးမှ မနေနိုင်ဘဲ ဆက်၍

“ကောင်းပြီလေ… မင်းသာ ငါ့နဂါးဥကို ရှာပေးနိုင်ရင် မင်းလိုချင်တာ အားလုံးပေးမယ်”

ရှန်မို ရယ်မော၍

“တစ်နှစ်ပဲ အချိန်ပေး… ကျွန်တော် ယူလာပြမယ်”

“ဟုတ်ပြီ… မင်းရှုံးရင် မင်းကို စားပစ်… ထားပါတော့… မင်းကို ခြိမ်းခြောက်လို့မှ မရတာ… မယူလာနိုင်လည်း မတတ်နိုင်ဘူးပေါ့”

“ဘယ်အချိန် ပြန်ယူလာလာ ရပါတယ်… နှစ်ပေါင်း ရာနဲ့ချီပြီးတောင် စောင့်ခဲ့ပြီးပြီပဲ… နည်းနည်းလောက် ထပ်ကြာလည်း ကိစ္စမရှိပါဘူး”

“မင်းက စိတ်ဝင်စားစရာကောင်းတဲ့ကောင်ပဲ… ငါ့ကိုလည်း မကြောက်ဘူး… နောက်လည်း စကားလေးဘာလေး မကြာခဏ လာပြောပေါ့”

“ဟုတ်ကဲ့ပါ… နောက်တစ်ခါလာရင် စားစရာတွေပါ ယူလာပါ့မယ်”

ရှန်မိုပြုံး၍ နှုတ်ဆက်ကာ ထပြန်လေသည်။

ရှန်မို ထွက်သွားသောအခါ ဝင်ပေါက်မဗ အစောင့် (၂) ဦး လှမ်းကြည့်၍ လေးစားအားကျနေ၏။

လီကျန်ထောင်းနှင့် ယဲ့ယန်တို့ နဂါးကြီးကို လာတွေ့သည့် အမူအရာကို တွေ့ဖူးခဲ့ပါသည်။ နှစ်ယောက်လုံး ကြောက်ရွံ့မှုအနည်းငယ်တော့ မြင်ရ၏။

မည်သို့ပင်ဖြစ်စေ အဆင့် (၆) ထိပ်ဆုံးသားကောင်နှင့် ဆုံရခြင်းပင်။

ထို့ကြောင့် ရှန်မို့အပြုအမူသည် အထင်ကြီးစရာ ဖြစ်နေ၏။

နဂါးကြီးမှ မည်မျှဒေါသထွက်ပြပါစေ၊ သွားစွယ်များ ထုတ်ပြပါစေ တုန်လှုပ်မှု လုံးဝ မရှိပေ။

မီးနဂါးကြီးသည် သူ့အပေါ် လုံးဝ မထိခိုက်စေမှန်း သိနေသလိုပင်။

“အစောင့်အရှောက်ကို ဂရုစိုက်ပေးလိုက်ပါဦး… သူ စားချင်တာရှိရင်လည်း ချက်ချင်း ကျွေးလိုက်”

ရှန်မိုမှ မှာနေသည်။

“ဟုတ်ကဲ့ ကျွန်တော်တို့ ဂရုစိုက်ပါ့မယ်”

အစောင့် (၂) ဦး ပြန်ဖြေလိုက်သည်။

ရှန်မိုလည်း မီးနဂါးကြီးနှင့် စကားပြောလိုက်ရ၍ စိတ််တက်ကြွနေသည်။

“အခုတော့ ကျင့်ကြံမှုကိုပဲ သေချာအာရုံစိုက်ရင်း နောက် (၆) လရောက်ဖို့ စောင့်ရတော့မှာပေါ့”

“နောက် (၆) လဆိုရင် နတ်ဆိုးတစ်သောင်းနယ်မြေက သူလျှိုတွေလာပြီး နတ်ဆိုးဧကရာဇ်သွေးနဲ့ မီးနဂါးကြီးကို ထိန်းချုပ်တော့မယ်… ဒါလည်း ငါ့အတွက် အခွင့်အရေးပါပဲ”

ထို့နောက် သူ မြွေနဂါးတောင်သို့ ပြန်လာခဲ့လေသည်။

…

လဝက်ခန့်အကြာတွင်။

ယဲ့ယန်တစ်ယောက် ဂူတစ်ခုရှေ့ ဆင်းသက်လာ၏။ သူ့အမူအရာမှာ အရင်အတိုင်း တည်ငြိမ်နေသည်။

အစောင့်များမှာ ယဲ့ယန်ကိုတွေ့ပြီး ဦးညွှတ်နှုတ်ဆက်လေ၏။

“မင်္ဂလာပါ အကြီးအကဲယဲ့”

ယဲ့ယန် ခေါင်းငြိမ့်ပြ၍

“ဒီတစ်လော အစောင့်အရှောက် အခြေအနေ ဘယ်လိုလဲ”

အစောင့်တစ်ဦးမှ

“ဟုတ်ကဲ့… အခုတလောတော့ စိတ်ကြည်နေပါတယ်… အကြီးအကဲတစ်ယောက်က ခဏခဏလာပြီး စကားပြောပေး… အစာတွေလည်း အများကြီး ကျွေးပါတယ်”

ယဲ့ယန် မျက်မှောင်ကြုတ်သွားပြီး

“ဘယ်သူလဲ”

အစောင့်လေးမှာ

“ကျွန်တော်တို့က သာမာန်အလုပ်သမားဆိုတော့ အကြီးအကဲရဲ့နာမည်ကိုတော့ ပြန်မမေးဝံ့ခဲ့ပါဘူး”

“သူ့ပုံစံ ဘယ်လိုမျိုးလဲ ပြောပြ”

နောက်အစောင့်တစ်ဦးမှ ခဏစဉ်းစား၍

“အင်း… သူ့ရင်ဘက်မှာ တံဆိပ် (၃) ခု ရှိတယ်ဆိုတော့ တတိယအဆင့် အကြီးအကဲပါ”

ညာဘက်မှ အစောင့်ကလည်း ဝင်၍

“ဪ… သူက အရမ်းလည်း ချောတယ်… အကြီးအကဲယဲ့ထက် ငယ်မယ် ထင်တယ်”

ယဲ့ယန် အကြည့်များစူးရှသွား၏။

ကျောက်စိမ်းဂိုဏ်းတွင် ထိုအခြေအနေနှင့် ကိုက်ညီသည်မှာ တစ်ဦးတည်းရှိသည်။

ရှန်မို။

“သူက မီးနဂါးနဲ့တွေ့ခွင့် တိုကင်ကို ဘယ်လိုရတာလဲ… ဘာလို့ ခဏခဏ လာနေတာလဲ”

“ငါတို့အကြံကိုကြိုသိပြီး လက်ဦးမှု ရချင်နေတာလား”

ယဲ့ယန် နှာခေါင်းရှုံ့ကာ ဆက်တွေးမိ၏။

“အဆင့် (၆) နတ်ဆိုးသားကောင်ကိုများ စကားလေးပြောပေး၊ မုန့်လေးတွေ ယူလာပေးတာနဲ့ အပိုင်သိမ်းနိုင်မယ် ထင်နေတာလား… ရယ်ရတယ်”

ယဲ့ယန် ဆက်မတွေးတော့ဘဲ ဂူထဲ တန်းဝင်သွားလိုက်သည်။

အစောင့်များမှာ အချင်းချင်းကြည့်၍ အံ့ဩကာ ကျန်ခဲ့သည်။

ယဲ့ယန်ရေရွတ်သော စကားများအရ အကြီးအကဲများ အချင်းချင်း ရန်ငြှိုးရှိသည်မှာ သိသာ၏။

ယဲ့ယန် ဂူအလယ်အထိ တန်းတန်းမတ်မတ် လျှောက်လာသည်။

မီးနဂါးကြီးမှာ တိတ်ဆိတ်စွာ လဲလျောင်းမှေးစက်နေပြီး သူ့ဘေး၌ ဝက်ကင်များ၊ အမဲကင်များ တောင်လိုပုံနေ၏။

“အစောင့်အရှောက်အတွက် ကျွန်တော် တစ်ခု ယူလာပါတယ်”

ယဲ့ယန် ဦးညွှတ်ကာ တလေးတစား ပြောသည်။

မီးနဂါးကြီး၏ မျက်လုံးများ ပျင်းရိပျင်းတွဲဖြင့် ပွင့်လာပြီး လှမ်းကြည့်၍

“ဪ မင်းကိုး ယဲ့ယန်… မတွေ့တာ ကြာပြီနော်… ဒီတလော ဘယ်တွေ ရောက်နေတာလဲ”

ယဲ့ယန်မှ ဂရုတစိုက်ဖြင့်

“ကျွန်တော် အပြင်မှာ အလုပ်ကိစ္စရှိလို့ပါ… ကျွန်တော် ဘာယူလာလဲလို့ မှန်းကြည့်ပါလား”

မီးနဂါးကြီး အားရပါးရ ရယ်မော၍

“ငါ့နဂါးဥတော့ မဟုတ်ဘူးမလား”

ယဲ့ယန် နေရခက်စွာပြုံး၍

“နဂါးဥတော့ မဟုတ်ပေမဲ့ ရေစပါးကြီးမြွေကြီး ရှာလာပါတယ်”

မီးနဂါးမှာ မျက်လုံးပြူး၍ အံ့ဩသွားပြီး

“တကယ်လား”

ယဲ့ယန် ခေါင်းငြိမ့်ပြ၍ သားကောင်အိတ် လှမ်းပေးသည်။

သားကောင်အိတ်ဆိုသည်မှာ သိုလှောင်လက်စွပ်ကဲ့သို့ပင် ဖြစ်ပြီး သားကောင်များကို အရှင်သိမ်းဆည်းထားသော နေရာဖြစ်သည်။

သိုလှောင်လက်စွပ်နှင့် တူညီစွာပင် အဆင့်များ ခွဲခြားထားသေး၏။ အဆင့်နိမ့်အိတ်မှာ (၁၀) ကုဗမီတာရှိပြီး သားကောင်မှာ နေစရာနေရာသာရ၍ စိတ်ဝိညာဉ်စွမ်းအင် မရှိပေ။

အလယ်အဆင့်တွင် (၂၀-၅၀) ကုဗမီတာ ဆံ့ပြီး စိတ်ဝိညာဉ်စွမ်းအင်ပါ ရရှိနိုင်သည်။

အဆင့်မြင့်များ၌မူ အနည်းဆုံး (၁၀၀) ကုဗမီတာ ပါဝင်ကာ သားကောင်များ လွတ်လွတ်လပ်လပ် လှုပ်ရှားသွားလာ၍ စွမ်းအင်လည်း ရလေ၏။

ထိပ်တန်းအဆင့်များမှာ အပင်များပါ ထပ်စိုက်နိုင်သော်လည်း အလွန်ရှားပါး၍ ကျင်းနိုင်ငံ တော်ဝင်မိသားစု၌ တစ်ခုသာ ရှိ၏။

ကျောက်စိမ်းဂိုဏ်းတပည့်များ၌လည်း သားကောင်အိတ် မျိုးစုံရှိကြပြီး အဆင့်နိမ့်များပါသည်။

အကြီးအကဲအချို့သာ အလယ်အဆင့်ဖြင့် လဲထား၏။

ယဲ့ယန်တွင်လည်း အလယ်အဆင့် သားကောင်အိတ် ရှိပါသည်။

ထိုထဲတွင် ရေစပါးကြီးမြွေကို လုံခြုံစွာ သိမ်းဆည်း၍ ယူလာ၏။

ယဲ့ယန်မှ အိတ်ကိုဖွင့်ပြ၍

“အစောင့်အရှောက် ကြည့်ကြည့်ပါဦး”

အိတ်ထဲမှ အလင်းရောင်အချို့လက်၍ မြေပြင်ပေါ် တစ်ခုခု ကျလာသည်။

မီတာ (၃၀) မျှ ရှည်လျားသော သတ္တဝါသည် အပြာရောင် အကြေးခွံများဖြင့် တောက်ပနေ၏။

ရေစပါးကြီးမြွေသည် ပတ်ဝန်းကျင်ကို ကြည့်ပြီးမှ အရှေ့ကို မော့ကြည့်လိုက်သည်။

မီးနဂါးကြီးမှာ သူ့ကို ငုံ့စိုက်ကြည့်ရင်း

“တကယ့် ရေစပါးကြီးမြွေပဲ”

မီးနဂါးမှာ အလွန်ဝမ်းသာသွားသည်။

ချက်ချင်းပင် လွန်ခဲ့သော ရာစုနှစ်က အမှတ်တရများလည်း ပြန်ပေါ်လာ၏။

ဂိုဏ်းတည်ထောင်သူမှာ ရေစပါးကြီးမြွေတစ်ကောင် ခေါ်လာပြီး သူ့အတွက် မျိုးပွါးစေခဲ့ဖူးသည်။

ယခုတော့ နောက်တစ်ကြိမ် ထပ်တွေ့ရလေပြီ။

သူ့အတွေးများ ဗလောင်ဆူကာ စိတ်လှုပ်ရှားနေမိ၏။

All Chapters