ကျောက်စိမ်းဂိုဏ်း ထိခိုက်ရန် စောင့်ဆိုင်းခြင်း
Vol. 17 Ch. 250
ယုကျောက်ဒေသမှ ရုံးတော်။
အကြီးအကဲတစ်ဦးမှာ သစ်သားခုံရှေ့တွင် အရှိန်အဝါကြီးစွာ ထိုင်နေသည်။
သူ့အရှေ့၌ မြူခိုးဒေသစစ်ရေးအကြောင်း တင်ပြချက် ရှိနေပြီး မျက်နှာမှာလည်း မှုန်ရီနေ၏။
ယုကျောက်ဒေသ မြို့စားမင်း ဖြစ်လာပြီးနောက် ထိုအမူအရာ မတွေ့ရသည်မှာ အတော်လေး ကြာလေပြီ။
သူ့ဘေးတွင် ယုံကြည်ရသော စစ်သူကြီး ဝမ်ရန်ယင် တိတ်ဆိတ်စွာ ရပ်နေပြီး သူ့အမူအရာမှာလည်း အေးစက်နေသည်။
“နတ်ဆိုးဧကရာဇ်ကိုယ်တိုင် တိုက်ခိုက်လာတာပဲ”
မြို့စားမင်းမှ ရေရွတ်လိုက်၏။
“လူသားကစပြီး ကျွဲ၊ ဝက်၊ ခွေးတွေပါမကျန်ဘူး”
“မြူခိုးဒေသ မြို့စားမင်းနဲ့ ဂိုဏ်းကြီး (၂) ခုကလည်း နတ်ဆိုးဧကရာဇ် ဝင်လာတာကို သတိတောင် မထားမိဘူးတဲ့”
ဝူရန်ယင် စာရွက်စာတမ်းများကို သေချာကြည့်နေ၏။
“မင်းရော ဘယ်လိုထင်လဲ”
“အရှင်… ကျွန်တော့်အထင်တော့ သူတို့တွေ ဆက်တောင့်ခံနိုင်မှာမဟုတ်ဘူး… ကျွန်တော်တို့ ဝင်မပါရင် ကျန်တဲ့မြို့တွေပါ ကျသွားလိမ့်မယ်… အချိန်က အနည်းဆုံး (၃) နှစ်၊ အများဆုံး (၁၀) နှစ်ပါပဲ”
မြို့စားမင်း သက်ပြင်းချ၍
“မင်းက သေချာသိမှာပေါ့… သူတို့တွေ နတ်ဆိုးတစ်သောင်းနယ်မြေကို အထင်သေးကြတာပဲ”
ဝူရန်ယင် ခေါင်းငြိမ့်ပြ၏။
“နတ်ဆိုးတစ်သောင်းနယ်မြေက နှစ် (၅၀၀) လောက် ငြိမ်ပြီး အင်အားဖြည့်နေကြတာ… အခုတော့ တိုက်ခိုက်ရမယ့်အချိန်ပေါ့… မြို့ကြီးပေါ်မှာ အေးဆေး နေခဲ့ကြတဲ့သူတွေကတော့ နားလည်နိုင်မှာမဟုတ်ဘူး”
မြို့စားမင်း ခေါင်းယမ်းပြကာ
“ယုကျောက်ဒေသက ငါ့ထိန်းချုပ်မှုအောက်မှာပဲ ရှိသေးတယ်… မြူခိုးဒေသကို စစ်ချီတက်ဖို့ ပြောရမှာပဲ”
ဝူရန်ယင်မှလည်း
“အရမ်းနောက်မကျသေးပါဘူး… ကျောက်စိမ်းဂိုဏ်းက မြို့စားမင်းရဲ့ အစီအစဉ်အတိုင်း အားနည်းလာပါပြီ… မီးတောက်ဆေးတိုက်ဖွင့်ဖို့ တစ်နှစ်လိုသေးတဲ့ အချိန်မှာ နောက်ထပ် ကြိုးစားရင် သူတို့ ပိုအားနည်းသွားမှာ… အချိန်တန်ရင် ဂိုဏ်းကို လွယ်လွယ် ထိန်းချုပ်လို့ ရပါပြီ… အဲ့အခါမှ သူတို့ကို မြူခိုးဒေသမှာ သွားတိုက်ခိုက်ခိုင်းလည်း ရတယ်”
မြို့စားမင်း ခေါင်းယမ်းပြ၍ စာရွက်စာတမ်း ထိုးပေးရင်း
“ကျောက်စိမ်းဂိုဏ်းက ချက်ချင်းတော့ အားနည်းမှာ မဟုတ်ဘူး… ဒီစာရွက်ကို ကြည့်ဦး”
ဝူရန်ယင် ယူဖတ်ကြည့်လိုက်ရာ ရုံးတော်နှင့် ကျောက်စိမ်းဂိုဏ်းတို့ကြား အရောင်းအဝယ် မှတ်တမ်းဖြစ်၏။
အရင်က ကျောက်စိမ်းဂိုဏ်းမှာ စိတ်ဝိညာဉ်သားကောင်၊ နတ်ဆိုးသားကောင်များစွာ ဝယ်ယူလေ့ရှိသော်လည်း လွန်ခဲ့သော (၂) နှစ်အတွင်း အခြေအနေ ပြောင်းလဲသွားပြီး ရုံးတော်ဘက်မှ ပြန်ဝယ်နေရ၏။
စာရွက်အဆုံးတွင် မှတ်ချက်အနေဖြင့် ရှန်ချင်းဂိုဏ်းနှင့် ဆေးမြစ်ဂိုဏ်းတို့လည်း ကျောက်စိမ်းဂိုဏ်းမှ ပစ္စည်းများ ဝယ်ယူနေရလေသည်။
ဝူရန်ယင် မျက်နှာပျက်လျက်
“မြွေနဂါးတောင်ကြောင့်လား”
မြို့စားမင်း ခေါင်းငြိမ့်ပြ၍
“အမှန်ပဲပေါ့… ကျောက်စိမ်းဂိုဏ်းရဲ့ သားကောင် ထိန်းချုပ်ရေးဌာနက ရုတ်တရက် တိုးတက်လာတယ်… သူတို့ အမြတ်နည်းတဲ့နှစ်မှာတောင် ငါတို့ကို ကျော်သေးတယ်… အဲ့လိုနဲ့ သူတို့ဆီက ဝယ်လိုက်တာက ကိုယ်တိုင်ထုတ်လုပ်တာထက် သက်သာနေတယ်လေ”
ဝူရန်ယင် ငြိမ်နေ၏။
ကျောက်စိမ်းဂိုဏ်း၏ ရုတ်တရက် အင်အားတောင့်တင်းလာမှုကို သူကိုယ်တိုင် ကြိုမတွေးထားမိပေ။
မြို့စားမင်းစကားကြောင့် ပြန်တွေးမိလာ၏။
ခြေတည်ဝိညာဉ်အကြီးအကဲ (၂၁) ဦး သေဆုံးသွားသော်လည်း ဂိုဏ်းမှာ အားမလျော့သေးချေ။
ရုတ်တရက် မြို့စားမင်းမှ
“နတ်ဆိုးတစ်သောင်းနယ်မြေက လွှတ်လိုက်တဲ့ လူသား သူလျှိုတွေရော… မီးနဂါးကြီး စိတ်ယိုင်သွားပြီလား”
ဝူရန်ယင် နေရခက်စွာဖြင့်
“မရပါဘူး… ဘာမှ လှုပ်ရှားမှု မရှိသေးဘူး”
မြို့စားမင်း မျက်မှောင်ကြုတ်ကာ
“ဘာဖြစ်တာလဲ… အသေးစိတ် ပြောစမ်း”
ဝူရန်ယင် အသံတိုးတိုးဖြင့်
“ကျွန်တော့်သတင်းပေး ပြောတာတော့ အစောင့်တွေ နေရာမှာ သူလျှိုတွေနဲ့ အစားထိုးပြီးပြီတဲ့… ဒါပေမဲ့ သူတို့ ဂူထဲဝင်သွားပြီးတော့ လုံးဝ ပြန်မထွက်လာတော့ဘူးတဲ့”
မြို့စားမင်း ပို၍ မျက်မှောင်ကြုတ်သွား၏။
သူ ရှန်မိုနှင့် မီးနဂါးတို့ကြား ပတ်သက်မှုကို သိထားပါသည်။
ထို့ကြောင့် ရှန်မို့လုပ်ရပ်မှန်း ခန့်မှန်းမိလိုက်၏။
မီးနဂါးကြီးမှာ နှစ်ပေါင်းများစွာ ရှင်သန်ခဲ့ပြီး ယုံကြည်မှုရစေရန် တော်ရုံနည်းဖြင့် မပြုလုပ်နိုင်ပါ။
တစ်ခုတည်းသော နည်းလမ်းမှာ နဂါးဥရှာပေးရန်သာ ရှိ၏။
သို့သော် ကျောက်စိမ်းဂိုဏ်းမှ နှစ်ပေါင်းများစွာ ကျရှုံးပြီးသည်ကို ရှန်မိုမှ အောင်မြင်မည်လား။
ထို့ကြောင့် ထိုကိစ္စကို သူတို့ စိတ်ထဲအရမ်းမထားပေ။
မြို့စားမင်းမှ
“ရှန်မို ဝင်ပါလို့ တာဝန်ကျရှုံးတာ ဖြစ်မယ်”
ဝူရန်ယင်လည်း ခေါင်းငြိမ့်ပြ၍
“ကျွန်တော်လည်း အဲ့လိုပဲ ထင်ပါတယ်”
မြို့စားမင်းသည် မတ်တပ်ထရပ်ကာ အခန်းထဲ ခဏပတ်လျှောက်ပြီးနောက်
“ဒါနဲ့ မီးတောက်ဆေးတိုက်ထဲ စီစဉ်နေတာတွေရော အခြေအနေ ဘယ်လိုလဲ”
“ဟုတ်ကဲ့ အားလုံး အဆင်သင့်ပါပဲ… နှစ်ပေါင်း (၃၀) လောက် ပြင်ဆင်လာတာဆိုတော့ မြေအောက်မီးတောက်ကလည်း တော်တော် ပြင်းထန်နေပြီ… တစ်ချက်ထိခိုက်ရုံနဲ့ ပေါက်ကွဲသွားတော့မှာ… အဲ့အခါ အထဲကလူအကုန်လုံး ပျက်စီးမှာ အသေအချာပဲ… သူတို့ စစ်ဆေးကြည့်တဲ့အခါမှာက ဆေးမြစ်ဂိုဏ်းရဲ့သူလျှို အဆင့် (၄) အကြီးအကဲဖြစ်နေကြောင်း တွေ့လိမ့်မယ်… အဲ့အခါ ဂိုဏ်းနှစ်ခုကြား တင်းမာပြီး ကျွန်တော်တို့ အခွင့်အရေး ရပါပြီ”
မြို့စားမင်း ခေါင်းငြိမ့်ပြ၏။
“ဒီတစ်ခါ ပြီးပြည့်စုံအောင် လုပ်နော်… နောက်ကွယ်မှာ ငါတို့ရှိနေမှန်း ဘယ်သူမှ သိလို့မဖြစ်ဘူး… မဟုတ်ရင် အမုန်းတွေက ငါတို့ဆီ ရောက်လာလိမ့်မယ်”
ဝူရန်ယင် ခေါင်းငြိမ့်လျက်
“စိတ်သာချပါ အရှင်… ကျွန်တော် သေချာ စီစဉ်ထားပါတယ်… ကျောက်စိမ်းဂိုဏ်းက ဘယ်လောက် စစ်ဆေးစစ်ဆေး ကျွန်တော်တို့ဆီ မရောက်ဘူး”
“ကောင်းပါပြီ… သွားတော့လေ… ဒီကိစ္စက အချိန်ဆွဲလို့ မရဘူး”
“ဟုတ်ကဲ့ပါ”
ထို့နောက် ဝူရန်ယင် နှုတ်ဆက်ကာ ထွက်သွားလေ၏။
“ဒီအတိုင်းဆို ကျောက်စိမ်းဂိုဏ်း တော်တော် ထိခိုက်မှာပါ…”
မြို့စားမင်း သက်ပြင်းချကာ ရေရွတ်မိသည်။
တစ်နှစ်အကြာ၊ မြွေနဂါးတောင်။
ကွင်းပြင်ကျယ်ကြီးတွင် အစိမ်းရောင်ဝတ်ရုံဖြင့် လူတစ်ယောက် ဓားသိုင်း လေ့ကျင့်နေ၏။
ဓားချီများ လေထဲတွင် ပျံ့နှံ့၍ ဟင်းလင်းပြင်အထိ ထိုးဖောက်တော့မလို ထင်ရသည်။
မီးကဲ့သို့ ပြင်းထန်သော ယန်ဓားချီမှာ အေးစက်သော ယင်ဓားချီနှင့် ပေါင်းစပ်နေသော်လည်း အချင်းချင်း တွန်းကန်ခြင်း မရှိပေ။
ရှန်မိုမှာ ဓားကို ဖြည်းဖြည်းချင်းချရင်း ပြုံးရွှင်နေ၏။
“ဟူး… ဓားသိုင်းစွမ်းအင် တော်တော် တိုးတက်လာပြီပဲ”
“အဓိကကတော့ တတိယအဆင့်ကို မကျွမ်းသေးတာတောင် ယင်-ယန် ပေါင်းစည်းခြင်းလည်း အဆင်ပြေလာပြီ”