← Chapters

အရက်ရှာတွေ့ရင် သိမ်းထားပေးပါ

Vol. 17 Ch. 253

အရက်ရှာတွေ့ရင် သိမ်းထားပေးပါ

Vol. 17 Ch. 253

ဝှစ်!

အလင်းရောင်များ ကောင်းကင်မှ ကျရောက်လာပြီး လေ့ကျင့်ရေးကွင်းအလယ်တွင် သက်ဆင်း၏။

ရောက်ရှိလာသူများမှာ စည်းကမ်းထိန်းသိမ်းရေးဌာနမှ အကြီးအကဲချုပ်၊ အဂ္ဂိရက်ဌာနမှ အကြီးအကဲ (၃) နှင့် အကြီးအကဲ (၇)။

အကြီးအကဲချုပ်မှာ ကွင်းထဲကို ဝေ့ဝဲကြည့်၍

“အားလုံးပဲ မီးတောက်ဆေးတိုက် ပွင့်ပါပြီ… ဝင်ခွင့် ရှိထားတဲ့ အကြီးအကဲတွေအားလုံး အခု ကျွန်တော့်နောက် လိုက်ခဲ့ပေးကြပါ”

ထိုလူမှာ မြောက်ဘက်ပိုင်းသို့ ထွက်သွားပြီး လူအုပ်ကြီးလည်း လိုက်သွားကြ၏။

…

မီးတောက်ဆေးတိုက်မှာ ထိုက်ရှန်ဒေသတွင် မဟုတ်ဘဲ မိုင်ရှန်ဒေသအနီး၌ ရှိသည်။

အလွန်လျင်မြန်စွာ သွားလျှင် ခြေတည်ဝိညာဉ်များအတွက် (၃) ရက်မျှ ကြာ၏။

မြုတေဖွဲ့စည်းခြင်းအတွက်မူ အနည်းဆုံး လဝက်ခန့် ကြာလေသည်။

ဤသို့ဖြင့် မကြာမီ ရှန်မိုတို့အုပ်စုမှာ အနီရောင် နန်းတော်ကြီးရှေ့ ရောက်လာကြ၏။

နန်းတော်ကြီးအလယ်နားတွင် မီးတောက်များ ပူပြင်းစွာ လောင်မြိုက်နေလေသည်။

အပူချိန်ခံနိုင်ရည်ရှိသော နတ်ဆိုးသားကောင်များ အပင်များ အနည်းငယ်သာ ထိုကဲ့သို့ ကြမ်းတမ်းသော ပတ်ဝန်းကျင်တွင် အသက်ရှင်နိုင်၏။

သူတို့ ရောက်သောအခါ လူ (၃) ယောက် နန်းတော်ရှေ့မှ စောင့်၍ နှုတ်ဆက်လေသည်။

အကြီးအကဲချုပ်မှ

“လျှိုချန်း မီးတောက်ဆေးတိုက်ရဲ့ တာဝန်ရှိသူအနေနဲ့ စောင့်ကြည့်ရင်း ဒီ (၁၀) နှစ်အတွင်း ထူးခြားတာတွေ ဘာရှိလဲ”

သွေးနွယ်ဂူ၌ အကြီးအကဲကျန်းဖုန် သစ္စာဖောက်သည့် ကိစ္စဖြစ်ပြီးနောက် အကြီးအကဲချုပ်မှာ ပိုစိုးရိမ်လာ၏။

အကြီးအကဲလျှိုချန်းမှာတော့ စည်းကမ်းထိန်းသိမ်းရေးဌာနမှ လျှို့ဝှက် စစ်ဆေးမှုများအားလုံး အောင်မြင်၍ ကျောက်စိမ်းဂိုဏ်းအပေါ် သစ္စာရှိသည်ဟု ယုံကြည်ရပါသည်။

လျှိုချန်းမှ

“မင်္ဂလာပါ အကြီးအကဲချုပ်… လွန်ခဲ့တဲ့ နှစ် (၃၀) လောက်ကစပြီး အထဲက မီးတောက် စိတ်ဝိညာဉ်စွမ်းအင်တွေတော့ ပိုပြီး တိုးလာပါတယ်”

“မြေအောက်က မီးတောင်ရှင် နိုးထလာတော့မယ့် အရိပ်အယောင်လို့ ထင်ပါတယ်”

“ဒါပေမဲ့ ပြင်ပဖိအားတစ်ခုခု မရှိရင်တော့ မီးတောင် ပေါက်ကွဲဖို့က အနည်းဆုံး (၅) နှစ်လောက် လိုသေးတာ သေချာပါတယ်… စိတ်ချပါ အကြီးအကဲချုပ်”

သူ ခေါင်းငြိမ့်ပြ၍

“ဒီနှစ်တွေအတွင်း ပြင်ဆင်ထားတဲ့ တိုကင်တွေအကုန် ထုတ်လိုက်ပါ”

“ဟုတ်ကဲ့”

သူ့သိုလှောင်လက်စွပ်ထဲမှထုတ်ကာ အားလုံးကို ဝေလိုက်သည်။

ကျောက်ပြားတစ်ဖက်တွင် (၉) သွယ်နှင့် တစ်ဖက်၌ အတွင်းဂိုဏ်းတပည့်ဟု ရေးထား၏။

အဂ္ဂိရက် (၉) သွယ်ဂိုဏ်းမှ အတွင်းဂိုဏ်းတပည့်များ အတွက် တိုကင်ဖြစ်ပြီး အထဲဝင်ခွင့်ရရန် အဓိက လိုအပ်ပါသည်။

တိုကင်အဆင့်မြင့်လေ အထဲတွင် သွားနိုင်သော ဧရိယာ ပိုကျယ်လေဖြစ်၏။

ယဲ့ယန်မှာ ဝင်ဝင်ချင်း အကြီးအကဲအဆင့် တိုကင်တွေ့၍ အခြားရတနာများ ဆက်ရှာနိုင်ခဲ့သည့် ကံကြမ္မာကို သတိရသွားသည်။

အကြီးအကဲချုပ်မှာ အားလုံးကို ဝေ့ကြည့်ပြီးနောက်

“မီးတောက်ဆေးတိုက်က တစ်နှစ်ကြာအောင် ပွင့်လိမ့်မယ်… အချိန်ပြည့်ရင် ငါ လာခေါ်ပေးမယ်”

“အားလုံးပဲ အခုဝင်လို့ရပါပြီ”

လျှိုချန်းမှ ပြုံး၍ ပြောလိုက်၏။

ရှန်မိုတို့အားလုံး တက်ကြွစွာဖြင့် မြေအောက်လှေကားများကို ဆင်းသွားကြသည်။

အောက်ရောက်လေ အပူချိန်မြင့်လာလေဖြစ်ကာ အချို့ အကြီးအကဲများ အတော်လေး နေရခက်နေ၏။

သို့သော် ရှန်မိုမှာတော့ မီးခန္ဓာကိုယ်ဖွဲ့စည်းပုံကြောင့် သူ့အတွက်တော့ မထူးဆန်းပေ။

အားလုံး အောက်သို့ ဆက်ဆင်းလာရင်း မီတာ (၁၀၀) ဝန်းကျင်ရောက်သောအခါ လှေကားဆုံးသွားလေသည်။

အရှေ့၌ ပျက်စီးယိုယွင်းနေသော မြင်ကွင်းသာ ရှိ၏။

အပေါ်ဘက်၌ ညကောင်းကင်ကဲ့သို့ မီးခိုးမှုန်များဖြင့် မှောင်မိုက်နေသည်။

လေထုမှာလည်း ပူပြင်းနေပြီး အသက်ရှူကြပ်စေ၏။

မြေပြင်မှာမူ အက်ကွဲကြောင်းများ၊ အပျက်အစီးများ ပြည့်နေတော့သည်။

ထိုကဲ့သို့မြေမျိုးတွင် မည်သည့်အပင်မှ ဖြစ်ထွန်းနိုင်မည် မဟုတ်ပါ။

တခါတရံ နတ်ဆိုးသားကောင်အချို့၏ ဟိန်းဟောက်သံများကိုတော့ ကြားရသည်။

ဤသည်မှာ မြေအောက် မီးတောက်ဆေးတိုက်၏ ပုံစံအမှန်ဖြစ်၏။

ကြည့်နေရင်း အံ့ဩတုန်လှုပ်ရပါသည်။

အကြီးအကဲ (၃) နှင့် (၇) မှာ လမ်းခွဲ၍ မြေမီးဖိုများထံသို့ ဦးတည်လာကြသည်။

သူတို့၏ ရည်ရွယ်ချက်မှာ (၁၀) နှစ်တစ်ကြိမ်သာ ပွင့်သည့် ရှားပါးအခွင့်အရေး၌ ဆေးမွမ်းမံခြင်း ပြီးမြောက်ရန် ဖြစ်သည်။

“အတူတူ သွားနေတာက အချိန်ကြာလိမ့်မယ်… လမ်းခွဲပြီး သွားတာပေါ့… ဂရုစိုက်ပါ ဂျူနီယာ”

လုတုံရွှမ် ရှန်မို့ပုခုံးအား ပုတ်၍ ပြောပြီး အပျက်အစီးများကြား ပြေးဝင်သွားတော့သည်။

သို့သော် မကြာမီ အနောက်ပြန်ဆုတ်လာ၍ ဟီထျန်းချောင်တို့ နားမလည်နိုင်ဖြစ်သွား၏။

လုတုံရွှမ် ရယ်မောလျက်

“ဪ ဟုတ်သားပဲ… တစ်ခု မှတ်မိပြီ… အဂ္ဂိရက် (၉) သွယ်ဂိုဏ်းမှာ မီးတောက်ဝိုင်လို့ခေါ်တဲ့ အရက်ရှိတယ်… အဲ့ဒါကို သောက်ရင် မီးတောက်ကို မျိုချရသလိုပဲတဲ့… အဲ့ဒါ ဒီမှာလုပ်ခဲ့တာလေ”

“ဂျူနီယာလေးရော အားလုံးပဲ… အဲ့အရက် တွေ့မိရင် သိမ်းပေးထားပါဦးနော်… နောက်မှ ဈေးပြန်ညှိပေးပါမယ်”

ရှန်မိုပြုံး၍ ခေါင်းငြိမ့်ကာ

“စိတ်မပူပါနဲ့ စီနီယာရယ်… သေချာ သိမ်းပေးထားမယ်နော်”

ဟီထျန်းချောင်တို့ အားလုံးလည်း သဘောတူကာ ခေါင်းငြိမ့်ပြ၏။

ထို့နောက်မှ လုတုံရွှမ် ကျေနပ်သွားပြီး ပြန်ထွက်သွားလေသည်။

ယဲ့ယန်လည်း အခြားတစ်ဖက်သို့ အမြန်ထွက်သွားသည်ကို တွေ့ရ၏။

ထို့နောက် အခြားအကြီးအကဲများလည်း အသီးသီး လမ်းခွဲကာ ယုံကြည်ချက်ရှိသူများက တစ်ယောက်ချင်း၊ အားနည်းသူများက နှစ်ယောက်၊ သုံးယောက်တစ်စုဖြင့် သွားကြသည်။

ရှန်မိုလည်း တစ်ယောက်တည်းသာ မီးဖို (၄) ရှိရာသို့ တန်းထွက်လာခဲ့သည်။

အထဲတွင် မြေအဆင့်မီးဖို (၁၅) ခုရှိပြီး အစဉ်လိုက် အမည်ပေးထားလေသည်။ သို့သော် အရင်က ဖြစ်ပွါးခဲ့သော စစ်ပွဲကြောင့် မီးဖို (၁၂) ခု ပျက်စီး၍ (၃) ခုသာ သုံးနိုင်တော့၏။

မီးဖို (၄) သို့ သွားသောလမ်းမှာ မဖြောင့်ဖြူးလှပေ။

မီးတောက်ဆေးတိုက်သည် အလွန်ကျယ်ဝန်းပြီး အကာအကွယ်များစွာကြောင့် ခြေတည်ဝိညာဉ်အဆင့်များအတွက်ပင် ပျံသန်းနှုန်း ကျစေသည်။

ရှန်မို သွားနေသည့်လမ်းတစ်လျှောက်၌ နတ်ဆိုးသားကောင်များ၏ တိုက်ခိုက်မှုများကို ဖြေရှင်းရသည်လည်း ရှိ၏။

ထို့ကြောင့် (၂) ရက်ခန့် အချိန်ကြာသွားသည်။

“ဒီမှာပဲ”

ရှန်မို လှမ်းကြည့်ရင်း ပျော်သွားသည်။

ပေ (၅၀) မျှမြင့်သော ကျောက်မီးဖိုကြီးမှာ နံရံထဲတွင် တစ်ဝက်နစ်မြုပ်နေ၏။

မီးဖိုမှာ နှစ်ပေါင်းထောင်ချီ ကြာပြီဖြစ်၍ အက်ကွဲပျက်စီးမှုများ ရှိလေသည်။

မီးဖိုအောက်ခြေတွင် မည်းနက်၍ မီးကျွမ်းထားသော နေရာဖြစ်သည်။

All Chapters