← Chapters

ငါကိုယ်တိုင် ဖျက်ဆီးပစ်မယ်

Vol. 17 Ch. 245

ငါကိုယ်တိုင် ဖျက်ဆီးပစ်မယ်

Vol. 17 Ch. 245

ရှန်မို တည်ငြိမ်စွာရပ်နေ၏။

မီးနဂါးကြီးမှာ ခေါင်းကုတ်ရင်း

“ရှန်မိုက လူကောင်းပါ… ငါ သူ့ကို မသတ်ချင်ဘူး”

အရပ်ရှည်ရှည်လူ စွံ့အသွားသည်။

ရှန်မို ပြုံး၍

“မင်းတို့ ပြီးပြီလား… ဒါဆို ငါပြောရမယ့် အလှည့်ပေါ့”

“ဒီနတ်ဆိုးဧကရာဇ်သွေးက တကယ် အဖိုးတန်တာပါ… ဒါပေမဲ့ မသန့်စင်ဘူး… အစောင့်အရှောက် သေချာကြည့်ကြည့်နော်”

မီးနဂါးမှာ တွေဝေသွားပြီး သူ့ အဆင့် (၆) ထိပ်တန်း အရှိန်အဝါဖြင့် သွေးစက်ကို လွှမ်းခြုံကြည့်၏။

မကြာမီ မျက်နှာပျက်သွားသည်ကို တွေ့ရသည်။

ထို့နောက် အစောင့် (၂) ဦးအား ဒေါသတကြီး စိုက်ကြည့်နေ၏။

“သွေးထဲမှာ ဝိညာဉ်စာချုပ် လျှို့ဝှက်ပြီး ထည့်ထားတာလား… ငါ့ကို သူ့အစေခံ လုပ်ခိုင်းနေတာပဲ”

ကြောက်စရာအရှိန်အဝါမှာ ရုတ်တရက် ပေါက်ကွဲထွက်လာသည်။

အစောင့် (၂) ဦးလည်း ကြောက်လန့်တကြားဖြင့် တုန်ရီစွာ ဒူးထောက်လျက် ရှိသည်။

ထို့နောက် အော်ဟစ်သံများ ဆူညံသွား၏။

မီးနဂါးကြီး၏အကြည့်မှာ ပို၍အေးစက်လာပြီး မမြင်ရသော အင်အားများ နေရာအရပ်ရပ်မှ တိုးဝင်ကာ အစောင့် (၂) ဦးအား ညှစ်ထားသည်။

သူတို့၏မျက်နှာများ နီရဲလာပြီး သွေးကြောများထောင်ကာ နောက်ဆုံး လေတင်းနေသော ပူဖောင်းများကဲ့သို့ ပေါက်ထွက်ကာ အသွေးအသားများ လွင့်စင်ကုန်တော့၏။

ရှန်မိုမှာ လက်နောက်ပစ်လျက် စိတ်ဝိညာဉ်စွမ်းအင် အကာအကွယ်ချကာ အေးအေးဆေးဆေး ကြည့်နေသည်။ သွေးတစ်စက်ပင် သူ့ကို မစင်လိုက်ချေ။

မီးနဂါးကြီးမှ ဒေါသထွက်စွာဖြင့်

“တကယ်ပဲ… နတ်ဆိုးဧကရာဇ်က ရာရာစစ ငါ့ကို ကျွန်ခံခိုင်းမယ်ပေါ့လေ”

သူခဏငြိမ်နေပြီးမှ

“မင်းရောက်လာတာ တော်သေးတယ်… မဟုတ်ရင် သူတို့ရဲ့ ထောင်ချောက်မှာ မိသွားတော့မယ်”

ရှန်မိုပြုံးလျက်

“အချိန်မီ ရောက်လာတာပေါ့… သူတို့ စကားတွေ ကြီးကြီးကျယ်ကျယ် ပြောနေတည်းက တစ်ခုခု မှားနေပြီလို့ သိလိုက်တယ်”

“ကျောက်စိမ်းဂိုဏ်း စထောင်တည်းက နတ်ဆိုးပေါင်းများစွာကို သုတ်သင်ခဲ့တာလေ… အခုမှ ပြီးခဲ့တာတွေ ပြီးပါစေလို့ သဘောထားမှာတဲ့လား”

မီးနဂါးကြီးမှ

“မင်းပြောတာ အမှန်ပဲ”

“ဒါပေမဲ့ ဒီခြင်ဆီသွေးက…”

သူ သွေးစက်အား လှမ်းကြည့်နေမိသည်။

နတ်ဆိုးသားကောင်တစ်ဦးအား ဆွဲဆောင်နေဆဲပင်။

သို့သော် အစေခံဖြစ်စေမည့်အခြေအနေလည်း ဖြစ်၏။

ရှန်မို ပြုံးကာ

“ကျွန်တော့်မှာ အဖြေရှိတယ်”

မီးနဂါးကြီးမှာ မျက်ခုံးပင့်၍

“ဒါက နတ်ဆိုးဧကရာဇ်ရဲ့ အမိန့်စာလေ… မင်းလို မြုတေဖွဲ့စည်းခြင်းအဆင့်လောက်က ဘာလုပ်နိုင်မှာလဲ”

ရှန်မို ရယ်မော၍

“ကျွန်တော့်ကို ယုံတယ်ဆို အဲ့သွေးစက် ပေးထားလိုက်… ကျွန်တော် ကိုင်တွယ်နိုင်တဲ့အခါ အတူတူ မွမ်းမံကြမယ်… ဘယ်လိုလဲ”

မီးနဂါးကြီး ရုတ်တရက် အံ့ဩနေပြီးမှ ရယ်မောကာ ခေါင်းငြိမ့်လိုက်သည်။

သူကိုယ်တိုင်လည်း မသုံးရဲသည့်အတူတူ ရှန်မို့ကို ဖြေရှင်းခိုင်းသည်က ပိုကောင်းလိမ့်မည်။

“ကောင်းပါပြီ… ကျွန်တော် ရက်ပိုင်းလောက်နေရင် ပြန်လာခဲ့ပါမယ်”

ရှန်မိုမှ ပြော၏။

မီးနဂါးလည်း နှုတ်ဆက်ရင်း ကျန်ခဲ့လေသည်။

ဖြစ်ခဲ့သော အကြောင်းအရာကိုတော့ ဂိုဏ်းကို ပြန်မပြောဘဲ လျှို့ဝှက်ထားရန် သဘောတူလိုက်ကြသည်။ သူလျှိုများ၏ လှည့်ကွက်တွင်မိ၍ နတ်ဆိုးဧကရာဇ် အစေခံ ဖြစ်လုဆဲ အခြေအနေမှာ သူ့အတွက် အရှက်ရစရာပင်။

အားလုံး မဖြစ်ခဲ့သလို မြှုပ်နှံလိုက်သည်က ပိုကောင်းပါသည်။

မြွေနဂါးတောင်။

ရှန်မို သူ့အဆောင်သို့ ချက်ချင်း ပြန်လာခဲ့သည်။

သူ မိုင်ဟေးဟီနှင့် ဟွမ်ပါရီကိုခေါ်၍ လိုအပ်သော ပစ္စည်းများ ပြင်ဆင်ခိုင်း၏။

အားလုံး အသင့်ဖြစ်သောအခါ ရှန်မိုတစ်ယောက် ခြင်ဆီသွေးထဲမှ ဝိညာဉ်စာချုပ်ကို ခွဲထုတ်ရန် ကြိုးစားလေသည်။

သူ့သားကောင်ထိန်းချုပ်ကျင့်စဉ်အား ယုံကြည်ချက် ရှိပါသည်။

ကျင့်စဉ်အစစ်တွင် ဝိညာဉ်စာချုပ် ပယ်ဖျက်နည်းလည်း ပါ၏။

မစတင်ရသေးသော ဝိညာဉ်စာချုပ်များမှာ ပယ်ဖျက်ရန် ပိုလွယ်လေသည်။

သို့သော် တစ်ဖက်မှ သခင်မှာ နတ်ဆိုးဧကရာဇ် ဖြစ်နေသောကြောင့် အနည်းဆုံး ခြေတည်ဝိညာဉ်အဆင့် ထိပ်ဆုံးရှိသူသာ စိန်ခေါ်နိုင်လိမ့်မည်။

“ဝိညာဉ်အပိုင်းအစဆေး၊ ဝိညာဉ်စုစည်းအရည်၊ အရိပ်ပန်း…”

“ရပြီ”

ရှန်မို ပြင်ဆင်ထားသော ဆေးရွက်များထဲသို့ သွေးစက်အား ချလိုက်သည်။

စစချင်းတွင် သွေးမှာ ချက်ချင်း မတုံ့ပြန်ဘဲ ရေပေါ်တွင် ပေါ်နေ၏။

ရှန်မို စိတ်ရှည်ရှည် စောင့်နေရသည်။

တစ်ရက်၊ နှစ်ရက် ထို့နောက် သုံးရက်။

(၄) ရက်မြောက်နေ့တွင် သွေးထဲမှ အနက်ရောင်အမျှင်များ ထွက်လာ၏။

ထို့နောက် အငွေ့အဖြစ် တက်လာကာ (၁၀) ပေခန့်မြင့်သော အရိပ်နက်ကြီး ဖြစ်လာသည်။

ပုံစံမှာလူနှင့် တူသော်လည်း အနီးကပ်သေချာကြည့်လျှင် လူမျက်နှာမဟုတ်ပေ။

ထိုအရိပ်သည် လက်နောက်ပစ်လျက် မျက်တွင်းနီနီများမှာ စူးရှနေသည်။

ရှန်မိုသာ ထိုနေ့က အချိန်မီ မရောက်ခဲ့လျှင် မီးနဂါးအား ထိန်းချုပ်ပြီးလေပြီ။

မြွေနဂါးတောင်တစ်ခုလုံး တိတ်ဆိတ်၍ အားလုံး အိပ်မောကျနေကြသည်။

အရိပ်နက်မှာ ရှန်မို့ကို လှမ်းကြည့်သည်။

ထိုအချိန်တွင် သားကောင်ကြီးမှ သူ့ကို တိုက်ခိုက်တော့မလို ရှန်မို ခံစားရ၏။

သို့သော် ခဏအကြာတွင် တင်းကြပ်မှုများ လျော့သွားပြန်သည်။

“စိတ်ဝင်စားစရာပဲ… ငါ့ဝိညာဉ်စာချုပ် ကျိုးပေါက်သွားပြီ”

အရိပ်နက်မှ တည်ငြိမ်စွာ ပြော၏။

“ဘာမဟုတ်တဲ့ သေမျိုးက ကံကြမ္မာအသစ် ဖန်တီးနေတာပဲ”

“မင်းကို ဝေးနေလို့ အခု မသတ်နိုင်ပေမဲ့ အချိန်ကျရင် မြို့ (၅) ခုလုံး ငါကိုယ်တိုင် ရှင်းပစ်မယ်… သတိပေးလိုက်တာနော်”

ထို့နောက် အရိပ်နက်မှာ လုံးဝ ပျောက်ကွယ်သွားပြီး သွေးစက်မှာလည်း ကြည်လင်သန့်စင်သွား၏။

ရှန်မို မျက်နှာတော့ ပျက်သွားသည်။

ငါ့ကို မသတ်နိုင်တာနဲ့ မြို့ (၅) ခုကို ရှင်းမယ်လား။

ရက်စက်တာပဲ။

“ဘာပဲဖြစ်ဖြစ် ခြင်ဆီသွေးမှာ ဝိညာဉ်စာချုပ် ဖယ်လိုက်ပြီ”

“မီးနဂါးကြီးဆီ သွားဦးမှပဲ”

ရှန်မို ချက်ချင်း မီးနဂါးရှိရာဂူသို့ ထွက်လာခဲ့သည်။

နတ်ဆိုးဧကရာဇ်မှာ အသက်ရှိနေသေး၍ သူ့သွေးမှာလည်း လတ်ဆတ်လွန်း၏။

ရှန်မိုတစ်ယောက်တည်း သုံးလျှင်လည်း ခန္ဓာကိုယ်မှ လက်မခံနိုင်သောကြောင့် တန်ပြန်ထိခိုက်နိုင်ပါသည်။

မီးနဂါးကြီးမှာ ရှန်မို့ကို တွေ့သည်နှင့် ရယ်မော၍

“မြန်လှချည်လား… ဘယ်လိုဖျက်ရမလဲ မသိတော့လို့လား”

ရှန်မိုပြုံးကာ သန့်စင်သော သွေးစက်အား ပြလိုက်သည်။

မီးနဂါးကြီးမှာ ကြည့်ရင်း မျက်လုံးပြူးကာ မယုံကြည်နိုင် ဖြစ်နေ၏။

“ဘယ်လို… မင်း ဘယ်လိုလုပ်လိုက်တာလဲ”

All Chapters