← Chapters

ကျွန်တော် ယူတာများရင်လည်း မပြောနဲ့နော်

Vol. 17 Ch. 246

ကျွန်တော် ယူတာများရင်လည်း မပြောနဲ့နော်

Vol. 17 Ch. 246

မီးနဂါးကြီး မျက်လုံးပြူးနေသည်။

သူ မည်သို့တွေးတောပါစေ ရှန်မိုမှ ဝိညာဉ်စာချုပ် ပယ်ဖျက်ရုံသာမက နတ်ဆိုးဧကရာဇ်၏ ခြင်ဆီသွေးကို မထိခိုက်စေခဲ့သည်မှာ (၄) ရက်သာ ကြာခဲ့ခြင်းကို နားမလည်နိုင်ပေ။

အရမ်းမြန်တာပဲ။

ခြေတည်ဝိညာဉ်အဆင့်တောင် မလုပ်နိုင်လောက်ဘူး။

“ကျွန်တော်တို့ သဘောတူထားတဲ့အတိုင်း ဒီသွေးစက်ကို အတူတူမျှပြီး သုံးကြမယ်နော်… အဆင်ပြေတယ်မလား”

ရှန်မို ပြုံး၍ ပြော၏။

မီးနဂါးကြီး ခေါင်းကုတ်ရင်း ကြောင်တောင်တောင်ဖြင့်

“ဒါပေါ့… ငါက ကတိတည်တဲ့ နဂါးပါ”

“ဟင်းဟင်း ဒါပေမဲ့ ငါယူတာများသွားရင်တော့ အပြစ်မတင်နဲ့ပေါ့… ငါက မွမ်းမံတဲ့အခါ မြန်တယ်လေ… မင်းလည်း သိပါတယ်”

ရှန်မို ရယ်မောမိ၏။

“မစိုးရိမ်ပါနဲ့… ကျွန်တော် အဲ့လိုမလုပ်ပါဘူး”

“ဒါပေမဲ့ ကျွန်တော်လည်း အများကြီး ယူမိရင် အစောင့်အရှောက်အနေနဲ့ စိတ်မခုဖို့ မျှော်လင့်ပါတယ်”

သူ့စကားကြောင့် မီးနဂါးမှာ အားရပါးရ ရယ်မောလေသည်။

“ရှန်မို ရှန်မို မင်းစကားက တော်တော် ရယ်ရတာပဲ”

“မင်းက အလွန်ဆုံး ခြေတည်ဝိညာဉ်အဆင့်ပဲ ရှိမှာလေ… ဘယ်လိုလုပ် ငါ့လို အဆင့် (၆) ထိပ်တန်း နတ်ဆိုးသားကောင်ကို လာပြိုင်နိုင်မှာလဲ… လူသားအနေနဲ့ဆိုရင် နတ်ဘုရားပြောင်းလဲအဆင့်နဲ့ အတူတူပဲလေ”

“နောက်ပြီး ဒီခြင်ဆီသွေးက နတ်ဆိုးသားကောင်တွေအတွက် ပိုသင့်တော်ပြီး စုပ်ယူနိုင်မှာ”

“မင်းလို လူသားအနေနဲ့က စွမ်းအင် ထိန်းချုပ်ဖို့ ခက်လိမ့်မယ်”

ရှန်မို ပြုံး၍

“ကိစ္စမရှိပါဘူး အစောင့်အရှောက် ကျွန်တော့် အတိုင်းအတာကို သိပါတယ်”

မီးနဂါးကြီးလည်း ရယ်မောလျက်

“ဟုတ်ပါပြီ အခု စလိုက်ကြရအောင်”

ထိုအခါ စိတ်ဝိညာဉ်စွမ်းအင်များ ချက်ချင်း စိမ့်ထွက်၍ နတ်ဆိုးဧကရာဇ်၏သွေးကို တိုက်မိကာ စွမ်းအင် (၂) ခု ခွဲထွက်လာပြီး တစ်ခုမှာ မီးနဂါးနှင့် တစ်ခုမှာ ရှန်မို့ထံ စီးဝင်သွားသည်။

မီးနဂါးကြီး ပါးစပ်ကျယ်ကျယ် ဟထားကာ သွေးများစွာ စီးဝင်နေသည်။

ရှန်မို့ကိုပင် ကြွားသည့်အနေဖြင့် မျက်လုံးတစ်ဖက် လှမ်းမှိတ်ပြသေး၏။

“တွေ့လား… ငါစွမ်းအင်တွေ အများကြီး စုပ်ယူနေပေမဲ့ ဘာမှ မထိခိုက်ဘူး”

ရှန်မိုမှာတော့ တိတ်ဆိတ်လျက် ပြုံး၍သာ နေသည်။

ရုတ်တရက် သူ့စိတ်ဝိညာဉ်စွမ်းအင်ကို သွေးမျှင်အဖြစ် သုံးလိုက်သည်။ သွေးမျှင်သည် မြွေကဲ့သို့ခွေ၍ ရှန်မို့ မွမ််းမံအရှိန်ကို တားဆီးလေသည်။

ဤသည်မှာ ဘေးထွက်ဆိုးကျိုးဖြစ်၏။

မည်သို့ပင်ဖြစ်စေ ထိုသွေးစက်၏ မူလပိုင်ရှင် နတ်ဆိုးဧကရာဇ်မှာ အသက်ရှိနေဆဲဖြစ်၍ ရှန်မိုတစ်ယောက် စွမ်းအင်တိုက်ရိုက် မရနိုင်ဘဲ ဖြစ်နေသည်။

ထိုအချိန်တွင် မီးနဂါးကြီးမှာ သွေးမျှင် (၃) ချောင်းအား စုပ်ယူပြီးလေပြီ။

နှစ်ယောက်သား၏ စုပ်ယူမှုအရှိန်မှာ အလွန်ကွာခြား၏။

ထိုအချိန်တွင် ရှန်မို့အနီးမှ သွေးမျှင်သည် သူ့စိတ်ဝိညာဉ်စွမ်းအင်မှ ထိုးဖောက်၍ သွေးစက်ထံ ပြန်သွားသည်။

“ငါ့လက်ထဲရောက်ပြီးရင် ပြန်မလွတ်စေရဘူး”

သူ လက်တစ်ချက် ယမ်းလိုက်သောအခါ အစိမ်းရောင် မီးများတောက်ပလာ၏။

ဂျစ် ဂျစ် ဂျစ်!

ခုနက မရလိုက်သော သွေးမျှင်မှာ တီကောင်ထိသကဲ့သို့ တွန့်၍ အသံတိတ် အော်ဟစ်လေ၏။

မီးနဂါးကြီးမှာ အစိမ်းရောင်မီးတောက်ကိုကြည့်ကာ မျက်လုံးပြူးသွားသည်။

သူ ကျောက်စိမ်းဂိုဏ်းတွင် ကြာမြင့်စွာ နေလာခဲ့ပြီး အတွေ့အကြုံများစွာလည်း ရှိ၏။

တစ််ချက်ကြည့်ရုံဖြင့် ချက်ချင်းသိပါသည်။

အနန္တမီးတောက်။

ထို့အပြင် အလွန်ပူပြင်းသော စွမ်းအင်ကြောင့် နာမည်ကြီးသည့် ကြာနီမီးတောက်လည်း ဖြစ်သည်။

မီးတောက်မှာ ပြင်းထန်လွန်း၍ ကျောက်တုံးကိုပင် အရည်ပျော်စေလောက်သည်။

မျက်စိတစ်မှိတ်အတွင်း ခုနက တင်းခံနေသော သွေးမျှင်သည် သွေးမှုန်များအဖြစ် ပြောင်းသွားပြီး ရှန်မို အလွယ်တကူ ရှူရှိုက်စုပ်ယူလိုက်၏။

ထိုအခါ ချက်ချင်းပင် သူ့အရိုး၊ အကြောနှင့် အသားများအားလုံး၌ တိုးတက်မှုများရှိသည်ကို တွေ့ရသည်။

ရှန်မို့အရိုးများ ပိုခိုင်မာကာ အကြောများ သန်မာလာ၏။ ကြွက်သားများလည်း တောင့်တင်းလာသည်။

စက္ကန့်ပိုင်းအတွင်း သူ့ပုံရိပ်ငယ်သည် စိတ်ဝိညာဉ်စွမ်းအင်များစွာကို စုပ်ယူထိန်းသိမ်းနိုင်လာ၏။

“သွေးမျှင်တစ်ခုနဲ့တောင် ဒီလောက်သက်ရောက်မှု ရှိတာပဲ… နတ်ဆိုးဧကရာဇ်ရဲ့သွေးဆိုတဲ့အတိုင်းပဲ တန်ပါတယ်”

ရှန်မို ရင်ခုန်သံမြန်လာပြီး တုံ့ဆိုင်းမနေဘဲ ချက်ချင်း နောက်ထပ် သွေးမျှင် (၂) ခု စုပ်ယူကာ မွမ်းမံလေသည်။

ပထမစုပ်ယူပြီးသော သွေးမျှင်မှာ မြက်ခြောက်ကဲ့သို့ ရှုံ့တွနေသည်။

မကြာမီ နောက်ထပ် သွေးမျှင် (၂) ခုလည်း မွမ်းမံပြီးကာ ခန္ဓာကိုယ်တွင် စုပ်ယူလိုက်၏။

ထိုအခါ တစ်ကိုယ်လုံး အင်အားများ ပိုတိုးလာမှန်း သိသာလေသည်။

ယခုတစ်ခေါက်တွင်တော့ နောက်ထပ် သွေးမျှင် (၄) ခုကို တစ်ပြိုင်တည်းယူ၍ ဆက်တိုက် မွမ်းမံလေသည်။

ထိုကဲ့သို့အရှိန်ကြောင့် မီးနဂါးကြီး မှင်တက်နေ၏။

“တကယ်ပဲ”

“ကောင်းကင်မီးတောက်က အင်အားကြီးတာ သိပေမဲ့ ဒီလောက်တောင် ကောင်းမယ်လို့ မထင်ထားဘူး”

“ငါ့ထက်တောင် မြန်နေတာပဲ… မယုံနိုင်စရာ”

မီးနဂါးကြီး အံကြိတ်ကာ ရေရွတ်နေသည်။ လူသား ခြေတည်ဝိညာဉ်အဆင့်အား သူ အရှုံးမခံနိုင်ပေ။

ထို့နောက် စိတ်ပိုင်းဖြတ်၍ သွေးစွမ်းအင် (၄) ခုအား စုပ်ယူလိုက်၏။

သို့သော် စွမ်းအင်များကို အကုန် မမွမ်းမံနိုင်ဘဲ နင်သလို ဖြစ်နေသည်။

အချိန်များ တဖြည်းဖြည်း ကုန်ဆုံး၍ မျက်စိတစ်မှိတ်အတွင်း (၇) ရက် ကုန်သွားလေသည်။

နတ်ဆိုးဧကရာဇ်သွေးမှာလည်း လက်သည်းခွံမျှသာ ကျန်တော့၏။

မီးနဂါးကြီးမှာ ဆက်မွမ်းမံရန် လက်လျှော့လိုက်လေပြီ။

သူ လဲလျောင်း၍ ရှန်မို့ကိုသာ ငေးကြည့်နေသည်။

ရှန်မို့အရှိန်ကို လိုက်မမှီတော့သောကြောင့်ပင်။

မီးနဂါးကြီးမှာ သူထင်ထားသည့်ပမာဏ၏ တစ်ဝက်မျှသာ စုပ်ယူနိုင်ခဲ့သည်။

အနည်းဆုံး ၈၀% ခန့်သည် ရှန်မို့ထံ ရောက်သွား၏။

“ဒီကောင်လေး ကျောက်စိမ်းဂိုဏ်းထဲ မရောက်ခင်တည်းက ကြာနီမီးတောက်ကို ရခဲ့တာထင်တယ်”

“အံ့ဩစရာပဲ… ငါ့အရင်သခင်ရဲ့ အကောင်းဆုံးအချိန်ကိုတောင် မှီလောက်တယ်”

မီးနဂါးကြီး လှမ်းကြည့်ရင်း လေးစားနေ၏။

သူ နှစ်ပေါင်းတစ်ထောင်ကျော်အောင် နေခဲ့ဖူးပြီး အနန္တမီးတောက်ပိုင်ရှင် ကျင့်ကြံသူကိုတော့ အနည်းငယ်သာ တွေ့ဖူး၏။

ရှန်မိုမှာတော့ အလွန်ထူးခြားလေသည်။

“အရည်အချင်းအရတော့ ရှန်မိုက ယဲ့ယန်ထက် မနိမ့်ဘူး”

သူ အရင်က ယဲ့ယန်ကို လီကျန်ထောင်းနောက်တက်မည့် ခေါင်းဆောင်ဟု မျှော်မှန်းထားခဲ့သော်လည်း ယခုတော့ ရှန်မိုမှာ အခွင့်အရေး ပိုများသည်။

“ဟင် ဒီအရှိန်အဝါက… ခြေတည်ဝိညာဉ်အဆင့် နောက်ဆုံး ရောက်သွားတာလား”

မီးနဂါးကြီး ပို၍ မှင်တက်နေသည်။

“နတ်ဆိုးဧကရာဇ်ရဲ့သွေးက ခန္ဓာကိုယ်စွမ်းအင်တင်မကဘဲ ပုံရိပ်ငယ်အထိ အင်အားကြီးစေတာပဲ”

သူ ခေါင်းတငြိမ့်ငြိမ့်ဖြင့်ကြည့်နေရင်း ရှန်မို အဆင့်တက်နေသည်အား သူ့အရှိန်အဝါများဖြင့် လွှမ်းခြုံကာ စောင့်ရှောက်ပေးလေသည်။

All Chapters