← Chapters

ထိုက်ရိဆေးက အစစ်အမှန်ပဲ

Vol. 17 Ch. 252

ထိုက်ရိဆေးက အစစ်အမှန်ပဲ

Vol. 17 Ch. 252

ရှန်မို ခေါင်းငြိမ့်ပြသောအခါမှ အားလုံး စိတ်အေးသွားကြသည်။

အားလုံး ရှန်မို့အင်အားကို သိနေသောကြောင့် ထိုအုပ်စုလေးကို ထောက်ပံ့စေချင်ပါသည်။

ရှန်မိုသာ မပူးပေါင်းချင်လျှင် လျှိုရူယွန်းတစ်ယောက် ဆက်သွယ်ရေးကျောက်စိမ်းပြားများ ထုတ်ပေးမည် မဟုတ်ပါ။

ဟီထျန်းချောင် ရှန်မို့ကိုလှမ်းကြည့်ရင်း ကျေနပ်နေသည်။

သူရောက်လာ၍သာ အားလုံး ပြောင်းလဲသွားနိုင်၏။

“ဟေ့ ဂျူနီယာလေး… အဆောင်သခင်ဟီ… အားလုံး ရောက်နေကြတာလား”

အသံလာရာဘက်မှ ခပ်ကြမ်းကြမ်းလူတစ်ယောက် လျှောက်လာပြီး ရှန်မို့ပုခုံးကို လာဖက်သည်။

ရှန်မို လှည့်ကြည့်စရာမလိုဘဲ တန်းသိပါသည်။

“အကြီးအကဲလု တွေ့ရတာ ဝမ်းသာတယ်ဗျာ… မီးတောက်ဆေးတိုက်ထဲ အတူဝင်မလို့လား”

ဟီထျန်းချောင် အံ့ဩကာ လှမ်းမေးလိုက်သည်။

လုတုံရွှမ် ခေါင်းငြိမ့်ပြ၍

“အဘိုးကြီးက သွားခိုင်းလို့လေ”

ဟီထျန်းချောင်တို့အားလုံး ခေါင်းငြိမ့်ပြ၏။

လျှိုရူယွန်း မျက်လုံးအရောင်လေးများ လက်၍ ကျောက်စိမ်းပြားတစ်ခု ထုတ်ပေးကာ အချက်အလက်များ ရှင်းပြလေသည်။

နောက်ဆုံးမှ

“အကြီးအကဲရှန်လည်း ပူးပေါင်းမယ်လို့ သဘောတူပြီးပြီ… အကြီးအကဲလုကရော”

လုတုံရွှမ် ကျောက်စိမ်းပြားကို လှမ်းယူ၍

“ဂျူနီယာလေးကတောင် လက်ခံမှတော့ ကျွန်တော်လည်း သဘောတူပါတယ်ဗျာ… သူ့ကိုယုံတယ်”

ဟီထျန်းချောင်တို့အားလုံး ပျော်သွားကြပြန်သည်။

သူတို့စိတ်ထဲတွင် လုတုံရွှမ်၏အင်အားမှာ ရှန်မိုထက် သာလွန်သည်ဟု တွေးထား၏။

ထို့ကြောင့် လုတုံရွှမ်သာပါလျှင် သူတို့အဖွဲ့အတွက် ယုံကြည်ချက်ပိုရှိသွားလေပြီ။

“… မီးတောက်ဆေးတိုက်ထဲမှာ ကောင်းကင်အဆင့် ခန္ဓာကိုယ်ကို သူတော်စင်အဆင့် ဖြစ်စေတဲ့ ထိုက်ရိဆေး ရှိတယ်လို့ကြားတယ်… တကယ်လားမသိဘူးနော်”

လျှိုရူယွန်းမှ သက်ပြင်းချ၍ ပြော၏။

ဟီထျန်းချောင် ရယ်မော၍

“အကြီးအကဲလျှိုရယ် အတွေးလွန်နေပါပြီ… ထိုက်ရိဆေးဆိုတာ အရမ်းရှားပြီး (၃) လုံးပဲ ရှိတာလေ… ကျွန်တော်သိသလောက်တော့ နောက်ဆုံးတစ်ခုက ကျင်းနိုင်ငံ တော်ဝင်မျိုးနွယ်ဆီမှာတဲ့”

ဝူယန်ဝေ့ ရယ်မောကာ

“အမှန်ပဲ… အကြီးအကဲလျှို ဒီလိုမဟုတ်တာတွေမှာ တွေးမနေပါနဲ့… ပြောရရင် ထိုက်ရိဆေးသာ ရှာတွေ့ရင် ဒီဓားကို ဝါးစားပြမယ်ဗျာ”

ဘေးမှ အကြီးအကဲများပါ ဝိုင်းရယ်ကြ၏။

ရှန်မိုလည်း ပြုံးနေသည်။

သူကိုယ်တိုင်လည်း ထိုသတင်းကြားထားပြီး မယုံကြည်သည့်ထဲ ပါလေ၏။

တကယ်သာရှိလျှင် ဟိုးအရင်တည်းက တွေ့ပေမည်။ ဒီအချိန်အထိ စောင့်နေမည်မဟုတ်။

ထိုစဉ် ဝူယန်ဝေ့မှ ရုတ်တရက် အသံတိုးတိုးဖြင့်

“အားလုံးပဲ… တောင်ထိပ် (၂) နဲ့ (၄) ကအကြီးအကဲတွေ ရောက်လာပါပြီ”

အားလုံး လှမ်းကြည့်မိ၏။

ကျောက်စိမ်းဂိုဏ်းတွင် တောင်ထိပ် (၂) နှင့် (၄) တို့မှာ အင်အားအကြီးဆုံးဖြစ်ကြောင်း လူတိုင်း သိကြသည်။

သူတို့ပြီးလျှင် တောင်ထိပ် (၁) နှင့် (၃) ဖြစ်၏။

တောင်ထိပ် (၁၀) မှာလည်း အင်အားကြီးသည့်ထဲ ပါသော်လည်း အရေအတွက် အလွန်နည်း၏။ သို့ရာတွင် ကျောက်ယောင်လုနှင့် လုတုံရွှမ်တို့ကိုပင် မည်သူမျှ ရန်မစရဲကြ။

ရှန်မိုလည်း လှမ်းကြည့်လိုက်ပြီး ရယ်မောစကားပြောလာသော အုပ်စု (၂) စုကို တွေ့ရ၏။

တောင်ထိပ် (၂) ကို ဦးဆောင်လာသူမှာ (၂) ယောက်ဖြစ်၏။ တစ်ဦးမှာ သက်လတ်ပိုင်းအရွယ်နှင့် နောက်တစ်ဦးမှာ ဝတ်ရုံနီဖြင့် လူငယ်လေးပင်။

ကျန်အကြီးအကဲများသည် သူတို့ကို မကျော်ရဲဘဲ အနောက် ခပ်နီးနီးမှ ဝန်းရံကာ လာကြသည်။

“ယန်ချီယဲ့က သူ့သားကို မီးတောက်ဆေးတိုက်ထဲ ဝင်ဖို့ ခေါ်လာတာပဲ”

ဟီထျန်းချောင် အံ့ဩကာ ရေရွတ်၏။

“အဲ့ဒါ ယန်ချီယဲ့ရဲ့သား ယန်ဝမ်ယွမ်မလား… သူ့အောင်မြင်မှုတွေတော့ ကြားဖူးပေမဲ့ တစ်ခါမှ မတွေ့ဖူးသေးဘူး”

လျှိုရူယွန်း ငေးကြည့်ရင်း ပြောသည်။

ရှန်မိုလည်း မမြင်ဖူး၍ လှမ်းကြည့်နေမိသည်။

တစ်ဖက်မှ ယဲ့ယန်သည် ရှန်မို့အား အေးစက်စက် ကြည့်နေပြီး ယန်ဝမ်ယွမ်မှာတော့ သူ့အနောက်မှ လုတုံရွှမ်အား ကျော်ကြည့်၏။

ရှန်မိုမှ

“စီနီယာ သူ့ကိုသိလား”

လုတုံရွှမ် ခေါင်းငြိမ့်ပြ၍

“ဒါပေါ့… သူ ဂိုဏ်းထဲမှာ ရှိတုန်းက တောင်ထိပ် (၂) ကို နေ့တိုင်းသွားပြီး အချိန်ဖြုန်းကြလေ့ ရှိတယ်လေ… အချိန်တိုင်း ငါပဲနိုင်နေတော့ နောက်ဆုံး သူ သည်းမခံနိုင်ဘဲ ဂိုဏ်းထဲကထွက်ပြီး ထိုက်ရှန်ဒေသ မြောက်ဖျားပိုင်းရဲ့ အဆောင်သခင်အနေနဲ့ သွားနေတာ”

ရှန်မို နားထောင်ပြီးနောက် ရယ်မောမိသည်။

လုတုံရွှမ်တို့အချင်းချင်း စိုက်ကြည့်ရင်း မကြာမီ နှာခေါင်းရှုံ့ကာ အကြည့်လွှဲလိုက်ကြ၏။

“သူ့ပုံစံကိုကြည့်ပြီး အထင်မသေးလိုက်နဲ့… အဲ့လူက အဆိပ်စွမ်းအင်မှာ ကျွမ်းကျင်အဆင့်ပဲ”

“ဒီတစ်ခါ သူကြည့်နေတဲ့ပုံက လုံးဝမကြောက်သလိုပဲ… ရန်စမယ့်အရိပ်အယောင်တောင် ပါသေးတယ်”

“သူ သေချာပြင်ဆင်လာတယ် ထင်တယ်… ငါကတော့ သူ့အဆိပ်ကို မကြောက်ပေမဲ့ မင်း သတိထားနော်… သူ မင်းကို ပစ်မှတ်ထားနိုင်တယ်”

ရှန်မို ရင်ထဲနွေးထွေးသွား၏။

“နားလည်ပါပြီ… သတိပေးတာ ကျေးဇူးတင်ပါတယ် စီနီယာ”

ထို့နောက် ယဲ့ယန်၏ ကံကြမ္မာကို လှမ်းကြည့်လိုက်သည်။

[လတ်တလောအခွင့်အရေး: အဂ္ဂိရက် (၉) သွယ်ဂိုဏ်း အကြီးအကဲ၏တိုကင်ကို ရှာနိုင်ပြီး မီးဖို (၄) ကို တွေ့မည်။

မီးဖို (၅) အနီးတွင် မီးဝံပုလွေကိုရှာကာ အခြားဝံပုလွေ အားလုံးကို သတ်ဖြတ်မည်။ သားကောင်အမြုတေများ ရရှိမည်။

လျှို့ဝှက်လိုဏ်ဂူကိုရှာပြီး မီးဖို (၈) အောက်တွင် လွန်ခဲ့သော နှစ် (၅၀) က အကြီအကဲတစ်ဦး မြှုပ်နှံထားသည့် သိုလှောင်လက်စွပ် တွေ့မည်။

မီးဖို (၉) တွင် အကာအကွယ်အန္တရာယ်ထဲ ကျရောက်သော်လည်း အကြီးအကဲ၏ တိုကင်ဖြင့် လွတ်မြောက်မည်။ အကာအကွယ်ကိုကျော်လျှင် သန့်စင်သော ခြေတည်ဝိညာဉ်ဆေးနည်းကို မီးဖို အောက်ခြေ၌ တွေ့ရမည်။

လိုဏ်ဂူထဲ ဆက်သွားရင်း မြေအောက် ချော်ရည်ကန် တွေ့မည်။ ရှောင်ဖန်နှင့်တွေ့ကာ ပြင်းထန်စွာတိုက်ခိုက်ကြရင်း ထိုက်ရိဆေးနည်းကို ယူမည်။

ထို့နောက် အန္တရာယ်ရှိသည်ကို ခံစားမိပြီး ရှောင်ဖန်နှင့်အတူ မီးတောင်မပေါက်မီ လျှို့ဝှက်လမ်းမှ ထွက်ပြေးကြမည်။

ရှန်မို ဖတ်ပြီးနောက် သေချာတွေးနေ၏။

အချက်အလက်များ အလွန်များလွန်း၍ နားလည်ရန် အချိန်ယူရပါသည်။

“အဲ့တော့ ထိုက်ရိဆေးနည်းက တကယ်ရှိတာပေါ့”

“နောက်ပြီး မီးတောက်ဆေးတိုက်ရဲ့ မြေအောက် မီးတွေ ပေါက်ကွဲလာမှာလား… ဒါဆို ဝင်တဲ့ အကြီးအကဲတွေ အများကြီး ထိမှာပေါ့… သွေးနွယ်ဂူတုန်းက ကိစ္စလိုပဲ”

တစ်ဖက်တွင် ယန်ဝမ်ယွမ်နှင့် ယဲ့ယန်တို့လည်း တစ်ခုခုကို သေချာ ဆွေးနွေးနေကြသည်။

“စီနီယာ… ကျွန်တော်သိသလောက်တော့ ရှန်မို့အင်အားက လုတုံရွှမ်နဲ့တောင် ယှဉ်နိုင်တယ်… သူ့ကို အထင်သေးလို့တော့ မရဘူးနော်”

ယဲ့ယန်မှ သတိပေး၏။

ယန်ဝမ်ယွမ် လက်ယမ်းပြကာ

“မစိုးရိမ်ပါနဲ့… ငါ့အဖေလည်း ပြောထားတယ်… ရှန်မို့ကို အရင်ရှင်းမှာ”

“သူ့ကိုပြီးမှ လုတုံရွှမ်နဲ့ စာရင်းရှင်းရမယ်… ငါ အားလုံး တွေးထားပြီးသားပါ… ဒီတစ်ခါ အကြီးအကဲ (၄) ရဲ့လူတွေလည်း ငါတို့ဘက်မှာပဲ… မင်းကလည်း ကံကောင်းတာနဲ့ဆိုရင် သန့်စင်တဲ့ ခြေတည်ဝိညာဉ်ဆေးနည်းကို သေချာပေါက် ရမှာပဲ”

ယဲ့ယန် ခေါင်းတငြိမ့်ငြိမ့်ဖြင့် ယုံကြည်ချက် ပိုရှိလာ၏။

ယန်ချီယဲ့ ပြောသလို သူသည် အလွန်ကံကောင်းသူ ဖြစ်လေသည်။

All Chapters