အခန်း (၂၈၆၅-၂၈၆၈)
Vol. 123 Ch. 2865-2868
အပိုင်း (၂၈၆၅)
ဘာသာပြန်သူ_တိမ်တိုက်
ရန်ကိုင်တို့စခန်းချထားသည့် နတ်ဆိုးလိုဏ်ဂူအပြင်ဘက်တွင် တိုက်ပွဲများ မကြာခဏ ဖြစ်ပွားလေ့ရှိပေသည်။
ရှယသည် သူမ၏ သစ္စာဖောက်အခန်းကဏ္ဍကို ကောင်းမွန်စွာ လုပ်ဆောင်ပြနေခဲ့သည်။
ရှယသည် မိုင်တစ်သောင်းဝန်းကျင်အတွင်းတွင် ရှိနေသော နတ်ဆိုးဗိုလ်ချုပ်မှူးများကို သူမ၏စခန်း တိုက်ခိုက်ခံနေရသည်ဟု အကြောင်းကြားလျက် စစ်ကူများ ခေါ်လေသည်။ ထိုလူများမှာလည်း နတ်ဆိုးဘုရင်အား ဖားဖားယားယား လုပ်လိုသည့်အတွက်ကြောင့် သူတို့၏စစ်တပ်အလုံးစုံကို ခေါ်ကာ ရှယအား ကူညီရန် ရောက်လာခဲ့လေသည်။ သို့သော်ငြား ဤနေရာသို့ ရောက်လာပြီးသည့်နောက် ရှယ၏ ထိန်းချုပ်ခြင်း ခံရကာ ရန်ကိုင်အဖွဲ့သားများ၏ အလစ်အငိုက်ချောင်းတိုက်ခိုက်ခြင်း ခံခဲ့ရလေသည်။
သုံးလကြာအောင် ဖြစ်ပွားခဲ့သော တိုက်ပွဲများသည် ရန်ကိုင်အဖွဲ့သားများအား အကြီးအကျယ် တိုးတက်စေခဲ့လေသည်။ လူရိုင်းစစ်သည်တော်များသည်သာ တိုက်ပွဲအကူအညီဖြင့် ပိုပို၍ အားကောင်းလာကြခြင်းမဟုတ်၊ မှော်စစ်သည်တော်များနှင့် မှော်အတတ်သင်များမှာလည်း သက်ဆိုင်ရာ အဆင့်တစ်ဆို့သည့် အတားအဆီးများကို ချိုးဖြတ်၍ နောက်တစ်ဆင့်သို့ တက်ရောက်သွားကုန်ကြလေသည်။
ယခုဆိုလျှင် ရန်ကိုင်အဖွဲ့ထဲ၌ ယွဲ့နှင့်လုအပြင် မှော်သခင်အဆင့်သို့ရောက်နေသည့် နောက်ထပ် အဖွဲ့သားနှစ်ဦး ရှိနေခဲ့သည်။ ထို့အတွက်ကြောင့် ရန်ကိုင်တို့အဖွဲ့မှ ထုတ်သုံးနိုင်သည့် မှော်ပညာရပ်စွမ်းရည်မှာ သိသိသာသာကို မြင့်မားလာရတော့လေသည်။
ရန်ကိုင်၏ အဖွဲ့သားအရေအတွက်မှာလည်း သိသိသာသာကို တိုးလာခဲ့သည်။
အစပိုင်းတွင် ရန်ကိုင်အဖွဲ့၌ အဖွဲ့သားသုံးထောင်သာ ရှိခဲ့ပါသော်ငြား သုံးလကြာပြီးသည့်နောက်တွင် အဖွဲ့သားငါးထောင်နီးပါးခန့် ရှိလာခဲ့လေသည်။
ထိုထပ်တိုးလာသည့် အဖွဲ့သားများမှာ သူတို့ပြန်လည်ကယ်ဆယ်ထားခဲ့သည့် နတ်ဆိုးများလက်ထဲတွင် အဖမ်းခံထားခဲ့ကြရသော ကလန်သားများ ဖြစ်ကြပေသည်။ ထိုလူများ၏ ခန္ဓာကိုယ်ထဲမှ နတ်ဆိုးချီကို ဖယ်ထုတ်လိုက်ပြီးသည့်နောက်တွင် ထိုလူများသည် ရန်ကိုင်အဖွဲ့ထဲသို့ ဝင်ရောက်ပူးပေါင်းကာ နတ်ဆိုးများကို ပြန်လည်တိုက်ခိုက်လာကြသည်။
လွန်ခဲ့သောသုံးလအတွင်း ရန်ကိုင်တို့အဖွဲ့သည် စုစုပေါင်း တိုက်ပွဲဆယ်ပွဲကျော် တိုက်ခိုက်ခဲ့ပြီး နတ်ဆိုးပေါင်း သောင်းနှင့်ချီကို သတ်ဖြတ်ပစ်ခဲ့သည်။ ထိုနတ်ဆိုးများထဲ နတ်ဆိုးဗိုလ်ချုပ်မှူး ဆယ်ဦးမက ပါဝင်နေခဲ့လေသည်။ ဤသည်မှာ ဂုဏ်ယူစရာ အောင်မြင်တစ်ခုဖြစ်သည်။ ရှင်းရှင်းပြောရလျှင် ရန်ကိုင်၏အဖွဲ့မှလွဲ၍ အခြားမည်သည့်အဖွဲ့မှ ဤကဲ့သို့ မလုပ်နိုင်လောက်ချေ။ တကယ်တော့ နတ်ဆိုးဗိုလ်ချုပ်မှူးများသည် မှော်ဝိဇ္ဇာများနှင့် ယှဉ်ပြိုင်နိုင်သည့် နတ်ဆိုးများ မဟုတ်ကြလေလော။ အခြားမှော်ဝိဇ္ဇာများသည်သာ နတ်ဆိုးဗိုလ်ချုပ်တစ်ယောက်ကို သတ်ပစ်လိုပါက သူတို့အပါအဝင် စစ်တပ်တစ်ခုလုံးကိုပါ စတေးပစ်ရန် ပြင်ဆင်ထားရန် လိုအပ်ပေလိမ့်မည်။
သို့သော်ငြား ရန်ကိုင်အဖွဲ့မှာတော့ ထိုကဲ့သို့မဟုတ်။ ရှယသည် ထိုလူများကို မျှားခေါ်ပြီး သူမကိုယ်တိုင် ထိုနတ်ဆိုးများ၏ ခေါင်းဆောင်ကို သတ်ပစ်လိုက်ပြီးသည့်နောက် နတ်ဆိုးများအား အလင်းညှို့ယူခြင်းပညာရပ်ဖြင့် ငေးငိုင်အောင်လုပ်ကာ ရန်ကိုင်အဖွဲ့သားများမှ အလစ်ချောင်းတိုက်ခိုက်စေသည့်အတွက်ကြောင့် ရန်ကိုင်အဖွဲ့သားများမှာ ရောက်ရှိလာကြသည့် နတ်ဆိုးများအား အလွယ်တကူ အနိုင်ယူ သတ်ဖြတ်ပစ်နိုင်ခဲ့လေသည်။
ထို့အတွက်ကြောင့် သုံးလကြာပြီးသည့်နောက် ရန်ကိုင်စခန်းချထားသည့်နေရာမှ မိုင်တစ်သောင်းဝန်းကျင်အတွင်း မည်သည့်နတ်ဆိုးကိုမှ မတွေ့ရတော့ချေ။
ရှယကိုလည်း လူတိုင်းမှ စတင်၍ အသိအမှတ်ပြုလာကြတော့လေသည်။ ရှယသည် နတ်ဆိုးတစ်ကောင် ဖြစ်ပါသော်ငြား သူမသည် လူရိုင်းမျိုးနွယ်ဘက်တွင် ရှိနေမှန်း လူတိုင်း သိနေကြသည်။
တကယ်တော့ လွန်ခဲ့သောသုံးလအတွင်း ဖြစ်ပွားခဲ့သည့် တိုက်ပွဲအားလုံးကို ယွဲ့နှင့်လုတို့၏ အကူအညီဖြင့် ရှယမှ ဦးဆောင်ကာ တိုက်ခိုက်ခဲ့ခြင်း ဖြစ်လေသည်။ အဖွဲ့တစ်ခုလုံး၏ ခေါင်းဆောင်ဖြစ်သော မှော်ဆရာညိုကမူ သုံးလလုံးလုံး လူလုံးထွက်လာလေ့မရှိဘဲ သူ့လိုဏ်ဂူထဲတွင်သာ နေနေခဲ့သည်။ တစ်ယောက်ယောက်မှ ရန်ကိုင်နှင့် တွေ့ချင်လျှင်ပင် ရှယမှ တားဆီးထားခဲ့သည်။
ရှယသည်သာ နတ်ဆိုးများကို မျှားခေါ်၍ ထိုနတ်ဆိုးများ ပြန်လည်မတိုက်ခိုက်အောင် အလင်းညှို့ယူခြင်းပညာရပ်ကိုသုံးကာ သူတို့အား အလစ်အငိုက် ချောင်းတိုက်ခိုက်စေသည့်အတွက်ကြောင့်သာ မဟုတ်ပါက ရှယသည် ရန်ကိုင်အား ထိန်းချုပ်ထားပြီဟူ၍ပင် လူတိုင်း ယုံကြည်နေမိကြပေလိမ့်မည်။
သုံးလခန့်ကြာပြီးသည့်နောက် တစ်ရက်တွင် မှော်ဆရာများနှင့် ရှယတို့သည် နောက် ဘာဆက်လုပ်ရမလဲ ဆိုသည်နှင့်ပတ်သက်၍ ဆွေးနွေးနေကြစဉ် ရှယသည် ရုတ်တရက် နောက်သို့လှည့်ကြည့်၍ ဦးညွှတ်လိုက်လေ၏။ “ဆရာ…”
အခြားသောမှော်ဆရာများမှာလည်း ရုတ်တရက် ဗြုန်းစားကြီးပေါ်လာသည့် ရန်ကိုင်ကိုမြင်သော် အလျင်စလို ထရပ်၍ ဦးညွှတ်လိုက်ကြလေသည်။
ရန်ကိုင်က သူ့လက်ကိုဝှေ့ယမ်း၍ “မနက်ဖြန်ကျရင် စထွက်မယ်လို့ အကုန်လုံးကို အမိန့်ပေးလိုက်တော့…”
“ထွက်ခွာဖို့…” ယွဲ့ ကြောင်သွားခဲ့လေသည်။ “ဆရာ… ကျွန်မတို့ ဘယ်ကိုသွားမှာလဲ…”
ရန်ကိုင်က ပြန်ပြောလိုက်သည်။ “ဒီနားမှာ နတ်ဆိုးတွေမှ မရှိတော့တာ…. ဒီတော့ ဒီမှာဆက်နေလည်း အပိုပဲ… နတ်ဆိုးတွေရှိတဲ့ အခြားတစ်နေရာဆီ ထပ်သွားရမယ်…”
“ဆရာပြောချင်တာက…” ယွဲ့ အံ့အားသင့်သွားခဲ့လေသည်။
ဤနေရာတွင် အမှန်တကယ်ကို မည်သည့်နတ်ဆိုးမှ မရှိတော့ချေ။ ရှယမှ နတ်ဆိုးများကို သုံးလတိုင်တိုင် မျှားခေါ်၍ ရှင်းပစ်လိုက်ပြီးသည့်နောက်တွင် ဤနေရာမှ မိုင်တစ်သောင်းဝန်းကျင်အတွင်း၌ မည်သည့်နတ်ဆိုးမှ အသက်ရှင်ကျန်ရစ်ခြင်း မရှိတော့။
ပိုဝေးသည့်နေရာတွင် နတ်ဆိုးများ ရှိနေသေးပါသော်ငြား ထိုနတ်ဆိုးများသည် ရှယ၏လက်အောက်တွင် ရှိနေခြင်းမဟုတ်။ နတ်ဆိုးဘုရင်တစ်ပါးချင်းစီသည် ပိုင်နက်နယ်မြေအသီးသီးကို အပိုင်စားရထားကြလေသည်။ ထို့အတွက်ကြောင့် ဤနေရာမှထွက်သွားမည်ဆိုပါက အခြားနေရာတွင် ရှိနေသော နတ်ဆိုးများကို ရှယမှ ထိန်းချုပ်နိုင်တော့လိမ့်မည် မဟုတ်ချေ။ ရှယမှ စစ်ကူခေါ်မည်ဆိုလျှင်ပင် ထိုနတ်ဆိုးများသည် ရှယ၏အမိန့်ကို နာခံချင်မှ နာခံပေလိမ့်မည်။
သူတို့အနေဖြင့် အခြားတစ်နေရာသို့ သွားလျှင်ကောင်းမလား ဆိုသည်နှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြပါသော်ငြား ခေါင်းဆောင်ဖြစ်သော ရန်ကိုင် မရှိသည့်အတွက်ကြောင့် မည်သူမျှ ဆုံးဖြတ်ချက်မချနိုင်ခဲ့ပေ။
သို့သော်ငြား ယခုအချိန်တွင် ရန်ကိုင်သည် ရုတ်တရက်ကြီး ပေါ်လာပြီး အခြားတစ်နေရာသို့ သွားရန် ပေါ်လာခဲ့လေသည်။
ရန်ကိုင်က ပြောလိုက်သည်။ “ငါ ဒီတစ်ချိန်လုံး ကျင့်ကြံနေတယ်ဆိုပေမယ့် အပြင်မှာ ဘာတွေဖြစ်နေလဲဆိုတာကိုတော့ သိပြီးသား…”
ပြောနေရင်းမှ ရှယအား လှမ်းကြည့်လိုက်သည်။ ရှယသည် ရန်ကိုင်၏ ဝိဉာဉ်အမှတ်အသားဖြင့် တံဆိပ်ကပ်ခြင်း ခံလိုက်ရကာ သူ့အစေခံ ဖြစ်လာပြီ ဖြစ်သည့်အတွက်ကြောင့် သူမ၏အတွေးများကို မကြာမကြာ လှမ်းကြည့်နိုင်ပေသည်။ ထို့အတွက်ကြောင့် အပြင်ဘက်တွင် ဘာတွေဖြစ်နေသလဲဆိုသည်ကို ရန်ကိုင်သိပြီးသားပင်။
“ကောင်းပါပြီ… ဒါဆို ကျွန်မ အခုပဲ သွားပြောလိုက်ပါမယ်…” ယွဲ့မှာ စိတ်လှုပ်ရှားစွာဖြင့် ချက်ချင်း ထွက်သွားလေ၏။ အခြားသောမှော်ဆရာများသည်လည်း အသီးသီး ပြန်ထွက်သွားကြလေသည်။ လူငါးထောင်ဟူသော အရေအတွက်သည် အလွန်တရာကိုမှ များပြားခြင်း မရှိပါသော်ငြား နည်းပါးလှသည့် အရေအတွက်လည်း မဟုတ်ပေ။ ထိုမျှများပြားလှသော လူအုပ်ကြီးကို တစ်နေရာမှ တစ်နေရာသို့ ရွှေ့ပြောင်းဖို့ရာ အခြားသောကိစ္စများစွာကို ကြိုတင်စီစဉ်ထားရန်လည်း လိုအပ်ပေသေးသည်။
အခန်းထဲတွင် ရှယနှင့် ရန်ကိုင်တို့နှစ်ဦးသာ ကျန်ရစ်ခဲ့လေသည်။
သူတို့နှစ်ဦးတည်း ကျန်ရစ်ခဲ့သည့် အခါမှသာ ရှယက မျက်ခုံးပင့်လျက် ရန်ကိုင်အား အံ့အားသင့်တကြီးဖြင့် စိုက်ကြည့်ရင်း “ဆရာ… ရှင့်အရှိန်အဝါက…”
သူမတို့နှစ်ဦး မတွေ့ရသည်မှာ သုံးလသာ ရှိပါသေးသော်ငြား ဤမှော်ဆရာညိုဆိုသည့်လူ၏ အရှိန်အဝါမှာ ယခင်ကထက် အဆပေါင်းများစွာ ပိုမိုအားကောင်းလာခဲ့လေသည်။ သူမတို့နတ်ဆိုးမျိုးနွယ်စု၏ အဆင့်ခွဲပုံအရ ဤမှော်ဆရာညိုသည် နတ်ဆိုးဘုရင် ဖြစ်လုနီးပါးအဆင့်သို့ ရောက်နေပြီဖြစ်သည်။
လူရိုင်းမျိုးနွယ်စုများ၏ အဆင့်သတ်မှတ်ချက်များဆိုလျှင်တော့ ရန်ကိုင်သည် မှော်ဘုရင်တစ်ပါး ဖြစ်ခါနီးနေလေပြီ။ ရှယ ဤနေရာသို့ ရောက်လာသည်မှာ သုံးလခန့် ရှိနေလေပြီ။ ထို့အတွက်ကြောင့် လူရိုင်းမျိုးနွယ်စုများအကြောင်းကို ယခင်ကထက် ပိုသိလာခဲ့သည်။
လွန်ခဲ့သောသုံးလခန့်က ရန်ကိုင်အား တွေ့လိုက်စဉ်က ရန်ကိုင်သည် မှော်ဝိဇ္ဇာတစ်ပါးသာ ဖြစ်သေးကြောင်းကိုလည်း သိခဲ့ရသည်။ ရန်ကိုင်သည် သုံးလလုံးလုံး ဘာမှမလုပ်ပဲ တစ်ချိန်လုံး ကျင့်ကြံနေမည်ဆိုလျှင်ပင် ဤမျှ မြန်မြန်ဆန်ဆန် အဆင့်မတက်သင့်ပေ။
ရန်ကိုင်အဖွဲ့သားများကြား ပလူပျံနေသော ကောလဟာလတစ်ခုကို ရှယ ရုတ်တရက် သတိရသွားလေသည်။
ထိုကောလဟာလအရ လွန်ခဲ့သောဆောင်းရာသီမတိုင်ခင်က မှော်ဆရာညိုသည် အားနည်းလှသည့် သာမန်လူတစ်ဦးသာ ဖြစ်ခဲ့သည်။ ရှင်းရှင်းပြောရလျှင် မှော်ဆရာညိုသည် တစ်ချို့သော လူရိုင်းကလေးများထက်ပင် ပို၍အားနည်းပေသေးသည်။ သို့သော်ငြား တစ်ညတွင် လူရိုင်းနတ်ဘုရား၏ ကောင်းချီးကို ရရှိကာ ရုတ်တရက်ဆိုသလို အလွန်တရာကိုမှ အားကောင်းလာခဲ့လေသည်။
ထိုကောလဟာလများသည် မှော်ဆရာညိုနှင့် တစ်ရွာတည်းသားများဖြစ်ကြသည့် တောင်ပြာရွာသားများဆီမှ လာခြင်း ဖြစ်သည့်အတွက်ကြောင့် ကျိန်းသေဖြစ်ရပေမည်။ ပြောလိုက်သည့်လူများကလည်း သူတို့ပြောသည်မှာ အမှန်ဖြစ်ကြောင်းကို ကျိန်ဆိုပြီးတော့ကို ပြောခဲ့သည်။
အစပိုင်းတွင်တော့ ရှယမှာ ထိုလူများပြောသည်ကို အတည်မှတ်ယူခြင်းမရှိခဲ့။ သို့သော်ငြား ယခုအချိန်မှသာ ကောလဟာလများမှာ အမှန်ဖြစ်နေကြောင်း သိနားလည်သွားရတော့သည်။
အလယ်အလတ်အဆင့်မှော်ဝိဇ္ဇာအဆင့်မှ မှော်ဘုရင်ဖြစ်ခါနီးအဆင့်သို့ သုံးလအတွင်း တက်ရောက်နိုင်ခဲ့ခြင်းမှာ အလွန်ကိုမှ မြန်ဆန်လွန်းလှသည်ဟု ပြော၍ရပေသည်။
မှော်ဆရာညိုသည် အလယ်အလတ်အဆင့် မှော်ဝိဇ္ဇာတစ်ပါးဖြစ်စဉ်က သူမအား ဆိုးဆိုးရွားရွား ဒဏ်ရာရအောင် လုပ်ခဲ့ဖူးပေသည်။ ယခု သူ့ခွန်အားမှာ အဆပေါင်းများစွာ ပိုမိုအားကောင်းလာခဲ့ပြီ ဖြစ်လေရာ သူမသည်သာ ယခုနေ ရန်ကိုင်နှင့် တိုက်ခိုက်မည်ဆိုပါက ယခင်တစ်ကြိမ်ကကဲ့သို့ အသက်ရှင်လျက် ထွက်ပြေးနိုင်တော့လိမ့်မည်မဟုတ်ဟု ရှယစိတ်ထဲ ခံစားလိုက်ရသည်။
ရန်ကိုင်ကမူ ရှယအံ့အားသင့်နေသည်ကို ဂရုမစိုက်ဘဲ ဆက်၍ပြောလိုက်သည်။ “အနီးဆုံးနတ်ဆိုးဘုရင် ဘယ်မှာရှိလဲ ငါ့ကိုပြော…”
ရန်ကိုင်၏အစေခံတစ်ပါး ဖြစ်သည့်အတွက်ကြောင့် ရှယမှာ ရန်ကိုင်ဘာလုပ်ချင်နေသလဲဆိုသည်ကို နားလည်ကာ ချက်ချင်းပဲ ပြန်ပြောလိုက်လေသည်။ “အနီးဆုံးနတ်ဆိုးကတော့ ပေါင်ချီပဲ… သူဘယ်မှာရှိလဲ ကျွန်မသိတယ်…”
ရန်ကိုင်သည် ရှယကိုကြည့်၍ ပြောလိုက်လေ၏။ “ခင်ဗျား သူနဲ့ ရန်ငြိုးရှိတာလား…”
ရှယ၏မျက်နှာ မဆိုစလောက်ကလေး မဲ့သွားခဲ့လေသည်။ သို့သော်ငြား အမှန်အတိုင်းပင် ဝန်ခံလိုက်လေသည်။ “အရင်တုန်းက သူ ကျွန်မကို အရှက်ခွဲခဲ့တယ်… ဒါပေမယ့် တကယ်မှားတာက သူပဲ… အဲ့ဒါကို တမင်သက်သက် ကျွန်မကို လာပြဿရှာသွားတာ… သူနဲ့ကျွန်မကြား ရန်ငြိုးရှိတယ်ဆိုတာမှန်တယ်။ ဒါပေမယ့် အခု ဒီစခန်းနဲ့အနီးဆုံးက သူ့နေရာပဲ… ဒါကြောင့်…”
“ကောင်းပြီလေ…” ရန်ကိုင်က လက်ဝှေ့ယမ်းလျက် ခေါင်းညိတ်ကာ ပြောလိုက်လေသည်။ “ဒီသုံးလလုံးလုံး ခင်ဗျားဘက်က ကြိုးစားပေးခဲ့မှတော့ ခင်ဗျားနဲ့သူ့ကြား ရန်ငြိုးရှိနေတာကို ကျုပ်က ဒီတိုင်း ရပ်ကြည့်နေလို့ ဘယ်ဖြစ်ပါ့မလဲ… ခင်ဗျား သူ့ကို သင်ခန်းစာပေးချင်နေတယ်ဆိုမှတော့လည်း သူ့ကို သင်ခန်းစာပေးကြတာပေါ့…”
“ဟုတ်ကဲ့…” ရှယ၏မျက်လုံးလေးများ တောက်ပသွားခဲ့လေသည်။
နောက်တစ်နေ့မနက်ပိုင်းတွင် ရန်ကိုင်တို့အဖွဲ့သားများသည် စခန်းချထားရာ နတ်ဆိုးလိုဏ်ဂူဆီမှ ထွက်ခွာ၍ ပိုမိုကျယ်ဝန်းအန္တရာယ်များသည် စစ်မြေပြင်ဆီသို့ ချီတက်လာခဲ့ကြသည်။ အဖွဲ့သားငါးထောင်သည် အစီအစဉ်တကျဖြင့် တအိအိ ချီတက်လာကြတော့လေသည်။ သုံးလကြာအောင် စစ်ပွဲများ တောက်လျှောက်ဆင်နွှဲလာပြီးသည့်နောက်တွင် လူရိုင်းစစ်သည်တော်များသည် စစ်ပွဲတစ်ပွဲကို တိုက်ခိုက်ရာတွင် အားကောင်းခြင်းသည်သာ အဓိကမဟုတ်ဘဲ မိမိ၏အပေါင်းအပါများနှင့် အတူတကွ ပူးပေါင်းလုပ်ဆောင်တတ်နိုင်မှုသည်လည်း အရေးကြီးကြောင်း သိလာခဲ့ရသည်။ ထို့အတွက်ကြောင့် ယခုဆိုလျှင် လူရိုင်းစစ်သည်တော်များ ယခင်ကထက်ပို၍ စည်းလုံးညီညွှတ်လာကာ ပို၍လည်း စည်းစနစ်ကျလာကြသည်။
ဝေဟင်စစ်တပ်သည် အားလုံးထက်စောအောင် သွား၍ မြေနေရာအနေအထား၊ ရန်သူများရှိမရှိကို ကင်းထောက်စစ်ဆေးကြည့်သည်။ ထို့နောက်တွင် သူတို့တွေ့ရှိထားသည့် အကြောင်းအရာများကို ပြန်လာသတင်းပို့လေသည်။ ကျန်သည့်စစ်တပ်များမှာတော့ ဝေဟင်စစ်တပ်နောက်မှသာ တဖြည်းဖြည်းချင်း ချီတက်လာနေကြသည်။ လမ်းတစ်လျှောက်တွင် မည်သည့်နတ်ဆိုးကလန်နှင့်မှ မတွေ့ခဲ့ရပေ။
လွန်ခဲ့သောသုံးလအတွင်း ရှယ၏ကူညီပေးမှုကြောင့် အနီးအနားတွင်ရှိနေသော နတ်ဆိုးအားလုံး ရှင်းပစ်ခံလိုက်ရသည်။ အသက်ရှင်ကျန်ရစ်နေသည့် နတ်ဆိုးများ ရှိနေမည်ဆိုလျှင်ပင် လက်ရှိရန်ကိုင်စစ်တပ်အား ဘာဆိုဘာမှ လုပ်နိုင်တော့လိမ့်မည် မဟုတ်ချေ။
လဝက်ကြာပြီးသည့်နောက်တွင် ရန်ကိုင်တို့အဖွဲ့ တောအုပ်တစ်ခုဆီသို့ ရောက်လာခဲ့သည်။ သစ်ပင်ကြီးများ၏ အကာအကွယ်ကိုယူ၍ ထိုနေရာတွင် ယာယီပုန်းအောင်းနေလိုက်ကြသည်။
ရှယသည် ရှေ့တည့်တည့်သို့ ညွှန်ပြပြီးနောက် ပြောလိုက်လေ၏။ “ဆရာ… အရှေ့ဘက်မှာ နတ်ဆိုးတွေသိမ်းပိုက်ထားတဲ့ ဆရာတို့လူရိုင်းမျိုးနွယ်ရဲ့ မြို့တစ်မြို့ရှိတယ်… အခု အဲ့မြို့မှာ ပေါင်ချီက စခန်းချနေတာ…”
ရန်ကိုင်က ခေါင်းညိတ်လိုက်ပြီးသည့်နောက် ပြန်မေးလိုက်လေ၏။ “ခင်ဗျားက လိုဏ်ဂူမှာနေတယ်… သူက မြို့မှာနေတယ်… ခင်ဗျားတို့နှစ်ယောက်စလုံးက နတ်ဆိုးဘုရင်တွေပဲလေ… ဘာဖြစ်လို့ နေရာအခင်းအကျင်းတွေက ဒီလောက် ကွာကုန်ကြတာလဲ…”
ရှယက အနည်းငယ်ရှက်ရွံ့နေဟန်ဖြင့် ပြန်ပြောလိုက်သည်။ “ပေါင်ချီက ကျွန်မထက် ပိုပြီး အားကောင်းတယ်လေ… လူရိုင်းမျိုးနွယ်စုရဲ့ အဆင့်သတ်မှတ်ချက်အရဆိုရင်တော့ ကျွန်မက အဆင့်နိမ့်မှော်ဘုရင်ဆိုရင် ပေါင်ချီက အလယ်အလတ်အဆင့်မှော်ဘုရင်ပဲ…”
“ပေါင်ချီက ဘယ်ကလန်က လာတာလဲ…” ရန်ကိုင်က မေးလိုက်သည်။
ရှယ၏အမူအယာ လေးနက်တည်ကြည်သွားခဲ့လေသည်။ “သွေးနတ်ဆိုးကလန်ကပဲ… ဒီတော့ ဆရာ ပေါင်ချီနဲ့ တိုက်ခိုက်မယ်ဆိုရင် သွေးမထွက်အောင် သတိထားဖို့လိုလိမ့်မယ်… မဟုတ်ရင်တော့ ပေါင်ချီ သူ့ရဲ့ မွေးရာပါပညာရပ်ကို သုံးပြီးတော့ ဆရာရဲ့ သွေးအကုန်လုံးကို ဆွဲထုတ်သွားလိမ့်မယ်…”
“ကျုပ်သိပြီ…” ရန်ကိုင် ခေါင်းညိတ်လိုက်လေသည်။ ထို့နောက် မြို့ရှိရာဆီသို့ လှမ်းကြည့်၍ ပြောလိုက်လေ၏။ “ဒီမှာ နေ့ဝက်နားမယ်… ညရောက်တာနဲ့ လုပ်ငန်းစမယ်…”
ရှယသည် ရန်ကိုင်၏အမိန့်ကို သယ်ပြီး ပြန်ထွက်သွားလေ၏။ ရန်ကိုင်ဘာလုပ်ချင်နေသလဲဆိုသည်ကို သိထားသည့်အလျောက် ရှယမှာ အနည်းငယ်စိတ်ပူနေမိလေသည်။ ရန်ကိုင်၏အရှိန်အဝါသည် မှော်ဘုရင်အဆင့်သို့ ရောက်ခါနီးနေပြီဖြစ်သလို သူ့ခွန်အားကို သူ့အဆင့်အား သွားကြည့်၍ တိုင်းတာ၍ မရပါသော်ငြား ပေါင်ချီနှင့်ယှဉ်ပြိုင်တိုက်ခိုက်ရာတွင် ရန်ကိုင် နိုင်နိုင်မလား ဆိုသည်ကိုတော့ သူမမသိချေ။ ပေါင်ချီသည် သွေးနတ်ဆိုးတစ်ကောင် မဟုတ်လေလော။
သို့သော်ငြား လက်ရှိအချိန်တွင် သူမမှာ ရန်ကိုင်၏အစေခံ ဖြစ်နေပြီ ဖြစ်သည့်အတွက်ကြောင့် သူမသွားပြောနိုင်သည့်အရာ ဘာမှရှိမနေခဲ့ပေ။ ရန်ကိုင် မည်သို့ပင် ဆုံးဖြတ်နေစေကာမူ သူမအနေဖြင့် ရန်ကိုင်၏အမိန့်ကို မနာခံပဲ နေ၍မရ။ ရန်ကိုင်၏ဆုံးဖြတ်ချက်နှင့်ပတ်သက်၍ သူမစိတ်ထဲ၌ပင် ရန်ကိုင်အား သွား၍ မေးခွန်းမထုတ်ရဲခဲ့ပေ။ ထို့အတွက်ကြောင့် နေရာတစ်ခုရှာ၍ ညကြလျှင် ဆင်နွှဲရမည့်တိုက်ပွဲအတွက် သူမကိုယ်သူမ အကောင်းဆုံးအခြေအနေဖြစ်အောင်သာ ပြင်ဆင်ထားလိုက်လေသည်။
အချိန်သည် လျင်မြန်စွာ ကုန်ဆုံးနေခဲ့ရာ မကြာမီ ညအချိန်သို့ ရောက်လာခဲ့သည်။ ရှယ ရုတ်တရက် မျက်လုံးပွင့်လာခဲ့ပြီး တစ်နေရာဆီသို့ လှမ်းကြည့်လိုက်သည်။ ထို့နောက် စကားတစ်ခွန်းမှမပြောဘဲ ထိုအရပ်ဆီသို့ ထွက်သွားလေ၏။
ရန်ကိုင်သည် မိုင်အနည်းငယ်ခန့်အကွာတွင် ရပ်နေခဲ့လေသည်။ ရှယရောက်လာသည်ကိုမြင်သော် ခေါင်းညိတ်၍ ပြောလိုက်လေ၏။ “အခုချိန်ကစပြီး ငါက နင့်ရဲ့အစေခံပဲ… အခြားသူတွေ သတိထားမိသွားအောင် လုံးဝ မလုပ်မိစေနဲ့နော်”
ရှယက ယုံကြည်ချက်အပြည့်ဖြင့် ပြောလျက် “သရုပ်ဆောင်တယ်ဆိုတာ ကဝေနတ်ဆိုးတွေရဲ့ ပညာရပ်တစ်ခုပဲလေ… စိတ်မပူနဲ့မောင်လေး… အစ်မကြီး မောင်လေးကို ကောင်းကောင်း ဂရုစိုက်ပေးမယ်…”
ရှယသည် လေးလေးစားစားပုံစံမျိုး ဟုတ်မနေတော့ဘဲ ရန်ကိုင်နှင့် ပထမဦးဆုံးအကြိမ် စတွေ့စဉ်က ပြောင်ချော်ချော်ပုံစံမျိုး ပြန်ပြောင်းသွားခဲ့လေသည်။
ရန်ကိုင်ကမူ ရှယ၏ ပြောင်းလဲသွားသည့်ပုံစံကို ဂရုစိုက်မနေခဲ့ဘဲ ခေါင်းညိတ်၍သာ ရှယနောက်မှ လိုက်သွားခဲ့လေသည်။
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၂၈၆၆)
ဘာသာပြန်သူ_တိမ်တိုက်
ရှေးခေတ်လူရိုင်းမျိုးနွယ်စုဝင်များ၏ မြို့ပေါ်ရှိ ကောင်းကင်ထက်တွင် ရုတ်တရက်ဆိုသလို အနက်ရောင်ချီအလင်းတန်းတစ်ခုသည် လျှပ်စီးတန်းပမာ ထွက်ပေါ်လာခဲ့ပြီး သူတို့၏ အကာအရံများကို ချိုးဖြတ်၍ မြို့အတွင်းပိုင်းဆီသို့ ဝင်ရောက်လာခဲ့လေသည်။
ထိုအဖြစ်အပျက်ကြောင့် မြို့အား စောင့်ကြပ်နေကြသော နတ်ဆိုးများအားလုံး နိုးနိုးကြားကြား ဖြစ်သွားကုန်ကြလေသည်။ ချက်ချင်းပဲ နတ်ဆိုးများသည် လက်နက်များကိုကိုင်စွဲ၍ အနားယူနေကြသည့်နေရာမှ ပြေးထွက်လာကြပြီး ရောက်ရှိလာကြသည့် လူနှစ်ဦးကို လှမ်းကြည့်လိုက်လေသည်။ ထိုလူနှစ်ဦးကို မြင်လိုက်သည့်အခိုက် နတ်ဆိုးများ၏ အကြည့်ထဲ ထိတ်လန့်တုန်လှုပ်ရိပ်တို့ ဖြတ်ပြေးသွားခဲ့သည်။
ထိုလူနှစ်ဦးအနက် တစ်ဦးသည် ကျော့ရှင်းလှသည့် ကိုယ်လုံးကိုယ်ပေါက်ကို ပိုင်ဆိုင်ထားပြီး အားကောင်းလှသည့်အရှိန်အဝါကို ပိုင်ဆိုင်ထားလေသည်။ သူမသည် နတ်ဆိုးဘုရင်တစ်ပါးသာ ဖြစ်လေသည်။
ထို့အတွက်ကြောင့် အခြားသောနတ်ဆိုးများမှာ သူမနားသို့ မချဉ်းကပ်လာရဲခဲ့ကြပေ။
ရှယသည် ဘေးပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ရင်းမှ ဆည်းလည်းသံတမျှ ချိုသာလှသည့် အသံလေးဖြင့် ရယ်မောလိုက်လေသည်။
ရှယ၏ရယ်မောသံကို ကြားလိုက်သည့်အခိုက် သူမအနီးတွင်ရှိနေသော နတ်ဆိုးပေါင်းများစွာသည် ချက်ချင်း ခပ်ဝေးဝေးသို့ ဆုတ်သွားကြလေသည်။ ကဝေနတ်ဆိုးကလန် မည်မျှကြောက်မက်ဖွယ်ကောင်းကြောင်းကို သူတို့အားလုံး သိထားကြသည်။ အားကောင်းသည့်ခွန်အားကို ပိုင်ဆိုင်ထားသည့် နတ်ဆိုးဗိုလ်ချုပ်မှူးအဆင့်သို့ ရောက်နေသော နတ်ဆိုးများသည်သာ နောက်သို့မဆုတ်ဘဲ ရပ်နေနိုင်ကြလေသည်။ သို့တိုင် ထိုနတ်ဆိုးများသည်ပင်လျှင် ရှယ၏ ညှို့ငင်မှုမှ ရုန်းထွက်နိုင်ရန်အတွက် အတတ်နိုင်ဆုံး ကြိုးစားနေကြရသည်။
ရန်ကိုင်ကမူ ရှယနောက်တွင်သာ ငြိမ်ငြိမ်လေး ရပ်နေလေ၏။
“ခွေးမ… နင်ဘယ်လိုလုပ်ပြီး ဒီဘုရင်ရဲ့ ပိုင်နက်ထဲကို ကျူးကျော်လာရဲတာလဲ…” မိုးခြိမ်းသံတမျှ ကျယ်လောင်သည့် အသံတစ်သံသည် မြို့ထဲတွင်ရှိနေသော နန်းတော်တစ်လုံးဆီမှ ထွက်လာခဲ့လေသည်။ ထို့နောက်တွင် ထိုနန်းတော်ဆီမှ သွေးရောင်အလင်းတန်းတစ်ခု ပျံသန်းထွက်လာခဲ့ပြီး ရန်ကိုင်တို့ရှေ့သို့ ရောက်လာခဲ့သည်။ သွေးရောင်အလင်းတန်း ပျောက်ကွယ်သွားပြီးသည့်နောက်တွင် အကောင်ကြီးကြီးလူထွားကြီးတစ်ဦး ရန်ကိုင်တို့ရှေ့၌ ပေါ်လာခဲ့လေ၏။
ရန်ကိုင်တို့ရှေ့သို့ ရောက်လာသည်နှင့်တစ်ပြိုင်နက် ထိုနတ်ဆိုးသည် ခက်ထန်ကြမ်းကြုတ်စွာပြုံးရင်း သတ်ဖြတ်လိုစိတ်အပြည့်ဖြင့် ရှယ၏လည်ပင်းကို ဆွဲညှစ်လိုက်သည်။
ရှယကမူ အနည်းငယ်မျှပင် ရုန်းကန်ခြင်းမရှိဘဲ ထိုနတ်ဆိုးကိုသာ ကြောက်ရွံ့ခြင်းအလျဉ်းမရှိသည့် အမူအယာဖြင့် ပြန်၍ စိုက်ကြည့်လိုက်သည်။
“နင်သေချင်တာလား…” ပေါင်ချီသည် ရှယအား အေးစက်စက်အကြည့်ဖြင့် စိုက်ကြည့်နေခဲ့သည်။
“ခွင့်ပြုချက်မရဘဲ နတ်ဆိုးဘုရင်တစ်ယောက်ကိုသတ်တဲ့ကိစ္စကို နတ်ဆိုးသူတော်စင်တွေက ဘယ်လိုမှ ခွင့်လွှတ်ပေးမှာမဟုတ်ဘူးနော်…” ရှယ၏မျက်နှာ အနည်းငယ် ဖြူလျော်နေခဲ့လေသည်။ ပေါင်ချီမှ သူမလည်ပင်းအား ဆွဲညှစ်ထားသည့် အတွက်ကြောင့် စကားပြောဖို့ရာလည်း အတော်လေးကိုမှ အားစိုက်လိုက်ရသည်။ နှစ်ဦးလုံးမှာ နတ်ဆိုးဘုရင်များ ဖြစ်ကြပါသော်ငြား ပေါင်ချီရှေ့တွင် ရှယသည် အနည်းငယ်မျှပင် ခုခံနိုင်ခဲ့ခြင်း မရှိချေ။
ပေါင်ချီသည် အေးစက်စက်အမူအယာဖြင့် နှာခေါင်းရှုံ့လျက် “ဒီမှာ ငါ့လူတွေပဲရှိတာ… နင့်ကို ငါသတ်လိုက်တယ်ဆိုတာကို ဘယ်သူသိမှာလဲ… အခုလောလောဆယ် နတ်ဆိုးသူတော်စင်တွေက အားပြန်ဖြည့်နေကြတာ… ဒီကကိစ္စတွေကို သူတို့ ဂရုစိုက်အားတာမဟုတ်ဘူး…”
ရှယက လှောင်ပြုံးပြုံးလျက် “အဲ့ဒါဆိုရင် ငါ့ကိုသတ်လိုက်လေ…”
ပေါင်ချီအကြည့်မှာ ပို၍ခက်ထန်လာခဲ့သည်။ သို့သော်ငြား ရှယအား သတ်ပစ်ခဲ့ခြင်းမရှိဘဲ အဝေးတစ်နေရာဆီသို့သာ လွှင့်ပစ်လိုက်လေသည်။
မြေပြင်ပေါ်သို့ ပြုတ်ကျသွားသည့်နောက် ရှယမှာ ချောင်းတဟွတ်ဟွတ် ဆိုးတော့သည်။ အမောတကော အသက်ရှူနေရင်းမှ ဗလောင်ဆူနေသည့် သူမ၏ရင်ကို ပြန်ငြိမ်သွားအောင် ထိန်းပြီးသည့်နောက် ကောင်းကင်ပေါ်သို့မော့ကြည့်၍ အော်ပြောလိုက်လေ၏။ “ပေါင်ချီ… ငါ နင်နဲ့ပြဿနာဖြစ်ဖို့ ဒီကိုရောက်လာတာမဟုတ်ဘူး… နင်နဲ့ ဆွေးနွေးစရာရှိလို့ ဒီကိုရောက်လာတာ…”
“ငါ့မှာ နင်နဲ့ ဆွေးနွေးစရာမရှိဘူး… မြန်မြန်ထွက်သွားလိုက်ပေတော့… မဟုတ်ရင် နင့်ကို သတ်ပစ်လို့ဆိုပြီးတော့ ငါ့ကို လာအပြစ်မတင်နဲ့…” ပေါင်ချီက အေးစက်စက်အမူအယာဖြင့် နှာခေါင်းရှုံ့လိုက်သည်။
ရှယက ယဲ့ယဲ့လေးပြုံးလျက် သူမ၏နှုတ်ခမ်းကို လှုပ်လိုက်သည်။ သို့သော်ငြား ဘာအသံမှ ထွက်လာခဲ့ခြင်း မရှိချေ။
ပေါင်ချီ ကြောင်သွားခဲ့ပြီး ရှယအား အံ့အားသင့်တကြီးဖြင့် ကြည့်လျက် “နင် တကယ်ကို ခွေးမတစ်ကောင်ပဲ…” ပေါင်ချီမှာ ရှယအား ပို၍ ရွံရှာသွားခဲ့သည်။
ရှယကမူ ပေါင်ချီ၏ ဆဲရေးတိုင်းထွာစကားကို အနည်းငယ်မျှပင် ဂရုမစိုက်ဘဲ ဆက်၍သာ ပြောလိုက်လေသည်။ “ငါက ကဝေနတ်ဆိုးတစ်ကောင်ပဲ… ဒီတော့ ပြင်ပမျိုးနွယ်စုတွေနဲ့ ရင်ဆိုင်ဖို့ သိပ်အဆင်ပြေဘူး… နင်နဲ့ အတူပူးပေါင်းမှပဲ အသက်ရှင်နိုင်ချေရှိမှာ… ဒါကြောင့် နင်ကြိုက်ရာကိုပြော…”
ပေါင်ချီက လှောင်ပြုံးပြုံးလျက် “အဲ့ဒါကြောင့်ပဲ ငါ နင့်ကို ရွံတာ…”
ရှယက ဆက်ပြောလိုက်သည်။ “နင်တစ်ယောက်တည်း ငါ့ကိုရွံတာမှမဟုတ်တာ… ဒီတော့ ငါဂရုမစိုက်ဘူး… ငါဂရုစိုက်တာက နင် ငါတောင်းဆိုတာကို သဘောတူမှာလား သဘောမတူဘူးလားဆိုတာပဲ…”
ပေါင်ချီသည် တစ်ခဏမျှ စဉ်းစားနေပြီးသည့်နောက် ခေါင်းညိတ်လိုက်လေသည်။ “ကောင်းပြီလေ… နင်က ဒါကို နားလည်ထားတယ်ဆိုမှတော့ ငါက ဘာကိုကြောက်နေရဦးမှာလဲ…” ထိုသို့ပြောရင်းမှ ငုံ့ကြည့်လျက် နှုတ်ခမ်းဖြင့်လျှာကိုသပ်ရင်း ပြောလိုက်လေ၏။ “ငါ နတ်ဆိုးဘုရင်အဆင့်ရှိတဲ့ ကဝေနတ်ဆိုးနဲ့ တစ်ခါမှ မပျော်ဖူးဘူး…”
ရှယက တခစ်ခစ်ရယ်သွမ်းသွေးလျက် သူမ၏တင်ပါးဆုံကို လှုပ်ယမ်းရင်း ပေါင်ချီဆီသို့ လျှောက်သွားကာ ပြောလိုက်လေသည်။ “အဲ့ဒါဆိုလို့ရှိရင် ဒီည အတွေ့အကြုံသစ်ကို နင် ဝဝကြီး ခံစားရတော့မှာပေါ့…”
ပေါင်ချီသည် အော်ရယ်မောလျက် ရှယ၏ခါးကို လှမ်းဆွဲဖက်လိုက်သည်။ ထို့နောက် သူမ၏တင်ပါးဆုံအား အားပါပါဖြင့် ရိုက်ချလိုက်လေသည်။
ရှယက ရှက်ကိုးရှက်ကန်းဖြင့် တိုးတိုးလေး ပြောလိုက်လေ၏။ “အခုမလုပ်နဲ့လေ… ဒီမှာ လူတွေအများကြီးရှိတယ်…”
ပေါင်ချီက ချက်ချင်းပဲ ပြန်ပြောလိုက်လေသည်။ “ဒီတော့ လူတွေမြင်မှာကို နင်က ကြောက်တယ်ပေါ့…”
သို့တိုင် ရှယပြောသည့်အတိုင်း သူမအား ခေါ်ကာ သူ့နန်းတော်ဆီသို့ ပျံသန်းသွားလေသည်။
ခုနတုန်းကတော့ ထိုနှစ်ဦးသည် မီးနှင့်ရေပမာ မတည့် ဖြစ်နေကြပါသော်ငြား ယခုအချိန်တွင်တော့ နှစ်ဦး တပူးပူးတတွဲတွဲနှင့် ပေါင်ချီနေသည့် နန်းတော်ဆီသို့ ပျံသန်းသွားနေသည့်အတွက်ကြောင့် ရပ်ကြည့်နေကြသည့် နတ်ဆိုးအုပ်ကြီးမှာ ကြောင်တောင်တောင်ဖြစ်နေကြလေသည်။
ရန်ကိုင်သည် စကားတစ်ခွန်းမျှမပြောဘဲ ရှယတို့နောက်သို့ လိုက်သွားလိုက်လေ၏။
နန်းတော်ထဲသို့ ရောက်လာသည့်အခါ ပေါင်ချီသည် ရှယကို လွှတ်ပေးလိုက်ပြီး ရန်ကိုင်အားကြည့်၍ အေးစက်စက်အမူအယာဖြင့် နှာခေါင်းရှုံ့လိုက်သည်။ “နင် ဒီအစေခံကို ဘယ်ကနေဖမ်းလာတာလဲ…”
ရန်ကိုင်သည် အစစ်အမှန်နတ်ဆိုးတစ်ကောင်မဟုတ်ဘဲ နတ်ဆိုးအသွင်ပြောင်းထားခြင်း ခံရသည့် ပြင်ပမျိုးနွယ်စုမှန်း သူသိသည်။ ရန်ကိုင်ကိုယ်ထက်တွင် နတ်ဆိုးချီတို့ ရစ်သိုင်းနေပါသော်ငြား ထိုနတ်ဆိုးချီ၏ အောက်ဘက်တွင်တော့ ပြင်ပမျိုးနွယ်စု၏ အရှိန်အဝါ ရှိနေခဲ့လေသည်။ ထိုအရှိန်အဝါကို ပေါင်ချီ၏အာရုံခံစက်ကွင်းမှ မည်သည့်နည်းနှင့်မျှ ဖုံးကွယ်နိုင်လိမ့်မည်မဟုတ်။
ရှယက ပြုံးလျက် ပြန်ပြောလိုက်သည်။ “ဒီကောင်လေးက သူ့ကိုယ်သူ အရမ်းအထင်ကြီးပြီး သူ့လူတွေနဲ့ ငါ့ကိုလာတိုက်တယ်လေ… ဒီတော့ ငါလည်း သူ့ကို သူမမေ့လောက်မယ့် သင်ခန်းစာလေး ပေးလိုက်တာပေါ့… သူ့ကို စိတ်ထဲထားမနေနဲ့…”
ပေါင်ချီက ချိုးချိုးဖဲ့ဖဲ့ဖြင့် ပြန်ပြောလိုက်လေသည်။ “ခုနတုန်းကပဲ လူတွေမြင်မှာကြောက်တယ်ဆို… အခုကျတော့ သူကြည့်နေမှာကို မကြောက်တော့ဘူးလား….”
“သူက လူမဟုတ်ဘူး… အစေခံပဲ…”
ပေါင်ချီသည် ဘာမှပြောမနေတော့ဘဲ ရှယ၏ အင်္ကျီများကို ဆုတ်ဖြဲပစ်လိုက်လေသည်။ ချက်ချင်းဆိုသလို နှစ်လိုဖွယ်ကောင်းလှသည့် ကိုယ်လုံးလေးတစ်ခု အထင်းသား ပေါ်လာခဲ့လေသည်။
ပေါင်ချီမှ သူမ၏အင်္ကျီများကို အကြမ်းပတမ်း ဆုပ်ဖြဲပစ်နေသည့်အတွက်ကြောင့် ရှယမှာ တစ်ချက်ငြီးတွားလိုက်လေသည်။ ပျော့ညံ့လှသည့် မိန်းမသားတစ်ဦးအပေါ် ဤမျှ ခက်ထန်လှရလေသလားဟု အပြစ်တင်နေသည့်အလား။ သို့သော်ငြား မျက်လုံးများမှာ ယစ်မူးဖွယ်ရာ အရိပ်အယောင်တို့ဖြင့် ရွှန်းစိုတောက်ပနေခဲ့လေသည်။
ရှယသည် ပေါင်ချီ၏ ထွားထွားကျိုင်းကျိုင်းခန္ဓာကိုယ်ကြီးကို မြွေတစ်ကောင်နှယ် တင်းတင်းကြပ်ကြပ် ရစ်ပတ်ဖက်တွယ်လိုက်လေရာ သူမ၏ မို့မောက်မောက်ရင်အစုံမှာ ပေါင်ချီ၏ ရင်အုပ်အကျယ်ကြီးနှင့် ပူးကပ်သွားရတော့လေသည်။
ပေါင်ချီကိုယ်တိုင်ကလည် ရှယ၏ အရိုးမဲ့ခန္ဓာကိုယ်ကို တင်းတင်းကြပ်ကြပ်ဖက်လျက် ကျန်လက်တစ်ဖက်ဖြင့် ရှယ၏ တစ်ကိုယ်လုံးကို အားပါးတရ ပွတ်သပ်တော့လေသည်။
ထိုအခိုက်အတန့်တွင် ရန်ကိုင် ရုတ်တရက် ရှေ့သို့ တစ်လှမ်းလှမ်းလိုက်သည်။
ရန်ကိုင်၏ပုံမှန်မဟုတ်သည့် အပြုအမူသည် ပေါင်ချီအား နိုးနိုးကြားကြား ဖြစ်သွားစေခဲ့ပြီး ပေါင်ချီသည် ချက်ချင်းပဲ ရန်ကိုင်ဘက်သို့ လှည့်ကြည့်လာခဲ့သည်။
သူ ပထမဦးဆုံး မြင်လိုက်သည်မှာတော့ ထိုပြင်ပမျိုးနွယ်စု၏ ဘယ်ဘက်မျက်လုံးထဲရှိ ရွှေရောင်အလင်းသာ ဖြစ်သည်။ ထိုဒေါင်လိုက်ဖြစ်နေသော မျက်ဆံထဲ ဝိဉာဉ်ကိုပင်လျှင် ဆွဲယူပစ်နိုင်သည့် စွမ်းအားတစ်မျိုး ပါဝင်နေသည့်အလား ပေါင်ချီမှာ ထိုမျက်လုံးနှင့် အကြည့်ချင်းဆုံသွားသည့်အခိုက် ယာယီမျှ ငေးကြောင်ကြောင် ဖြစ်သွားခဲ့ရလေသည်။
“ခွေးမ…” ပေါင်ချီ ထအော်တော့လေသည်။
ရှယသည် သူနှင့် အမှန်တကယ် လက်တွဲလိမ့်မည်ဟု ပေါင်ချီ လုံးဝ မထင်ထားပေ။ သို့သော်ငြား သူ့ခွန်အားသည် သူမထက် ပိုမိုမြင့်မားသလို ဤနေရာသည် သူ့ပိုင်နက် ဖြစ်သည့်အတွက်ကြောင့် သူမကဲ့သို့သော မိန်းမချောလေးတစ်ဦးကို လက်ခံလိုက်၍လည်း ဘာကိစ္စမှမရှိဟု ထင်ကာ ရှယနှင့် ဤတစ်ညပျော်ပါးရန် ရွေးချယ်ခဲ့လေသည်။
သူတို့နှစ်ယောက် အတူ ပျော်ပါးမည်ဆိုလျှင်ပင် ရှယ သူ့အား ဘာမှထိခိုက်အောင် လုပ်နိုင်လိမ့်မည်မဟုတ်ဟု ပေါင်ချီ ယုံကြည်ပြီးသားပင်။ ကဝေနတ်ဆိုး၏ ညှို့ဓာတ်ပညာရပ်မှာ ခုခံရခက်လှပါသော်ငြား အားကောင်းလှသည့် နတ်ဆိုးဘုရင်တစ်ပါး ဖြစ်သည့်အလျောက် ပေါင်ချီတွင် ထိုကဲ့သို့သော ညှို့ဓာတ်ပညာရပ်ကို ခုခံနိုင်သည့်နည်းလမ်းများ ရှိနေပေသည်။
ရှယနှင့် တွေ့တွေ့ချင်း သူမလည်ပင်းအား ဆွဲညှစ်ခဲ့သည်မှာ ရှယမှ သူ့အပေါ် မလှိမ့်တပတ် လုပ်လာမည့် လှည့်ကွက်များကို ကြိုတင်ကာကွယ်ထားလိုသည့် အတွက်ကြောင့် ဖြစ်ပေသည်။ ရှယသည်သာ ပုံမှန်မဟုတ်သည့် အပြုအမူကို လုပ်လာမည်ဆိုပါက ပေါင်ချီအနေဖြင့် သူမလည်ပင်းကို ချက်ချင်း ချိုးချပစ်ပေလိမ့်မည်။
သို့သော်ငြား သူ့အား အလစ်ချောင်းတိုက်ခိုက်လာသည့်လူမှာ ရှယမဟုတ်ဘဲ သူမခေါ်လာသည့် အစေခံ ဖြစ်နေလိမ့်မည်ဟု ပေါင်ချီ လုံးဝထင်ထားခဲ့ခြင်း မရှိချေ။
ရှယမှ ဤနေရာသို့ ရောက်လာစဉ်က ဤပြင်ပမျိုးနွယ်၏ ခွန်အားကို ပေါင်ချီ ခံစားမိခဲ့ပေသည်။ ဤပြင်ပမျိုးနွယ်သည် အဆင့်မြင့်နတ်ဆိုးဗိုလ်ချုပ်တစ်ဦးလောက်သာ အားကောင်းသည့်အတွက်ကြောင့် ပေါင်ချီမှာ သူ့အား ထပ်၍ ဂရုစိုက်မနေတော့။
သို့သော်ငြား လက်ရှိအချိန်တွင် ပေါင်ချီသည် ရန်ကိုင်၏ အလစ်အငိုက်ချောင်းတိုက်ခိုက်မှုနှင့် ကြုံလိုက်ရလေသည်။ ဒေါသထွက်ထွက်နှင့် နတ်ဆိုးချီကို အရူးအမူးလှည့်ပတ်၍ ရှယကို သတ်ပစ်ရန် ကြိုးစားလိုက်လေသည်။ ရှယအား ခွင့်ပြုချက်မရဘဲ သတ်ပစ်လိုက်သည့်အတွက်ကြောင့် အထက်အရာရှိမှ သူ့အား အပြစ်ပေးမည်ကိုပင် ဂရုစိုက်မနေနိုင်တော့။
ရှယမှာလည်း အမှန်တကယ်ကို ကြောက်ရွံ့သွားခဲ့ရလေ၏။
ရန်ကိုင် ယခုကဲ့သို့သော အချိန်မျိုးတွင် ရုတ်တရက်ကြီး ချောင်းတိုက်ခိုက်သည့်အတွက်ကြောင့် ပေါင်ချီအား အလစ်အငိုက် ဖမ်းမိရုံသာမက ရှယသည်ပါ အံ့အားသင့်သွားခဲ့ရလေသည်။ သူမစဉ်းစားနေသည်မှာ ရန်ကိုင်အဖို့ အလစ်အငိုက် ချောင်းတိုက်ဖို့ရာမှ အကောင်းဆုံးအချိန်သည် ပေါင်ချီနှင့်သူမ ချစ်ရည်လူးနေချိန် ပေါင်ချီမှ အထွဋ်အထိပ်သို့ ရောက်ခါနီးအချိန် ဖြစ်ပေသည်။ ထိုကဲ့သို့သောအချိန်မျိုးတွင် ယောက်ျားသားများသည် သတိလက်လွတ် ဖြစ်နေလေ့ရှိကြသည်။
ထို့အတွက်ကြောင့် ရန်ကိုင် ယခုကဲ့သို့သော အချိန်မျိုးတွင် လှုပ်ရှားလာလိမ့်မည်ဟု ရှယ လုံးဝ ထင်ထားခဲ့ခြင်းမရှိချေ။ ကြိုတင်ပြင်ဆင်ထားခြင်း မရှိသည့်အတွက်ကြောင့် ရှယမှာလည်း အချိန်မီတုံ့ပြန်နိုင်ခဲ့ခြင်းမရှိ။ ပေါင်ချီ၏ကိုယ်ထဲ အရူးအမူးလှည့်ပတ်လာနေသော နတ်ဆိုးချီများကို ခံစားမိလိုက်သည့်အခိုက် ရှယမှာ ထိတ်လန့်တကြီးဖြင့် စူးရှစွာ ထအော်တော့လေသည်။
ရှယ၏ အသံလှိုင်း ရိုက်ခတ်ခြင်း ခံလိုက်ရသော် ပေါင်ချီမှာ ယာယီမျှ ငေးကြောင်ကြောင် ဖြစ်သွားခဲ့ရလေသည်။
ထို့နောက်တွင် သူ့မြင်ကွင်းထဲ ကြာဖူးတစ်ခု ပေါ်လာကြောင်း ပေါင်ချီ တွေ့လိုက်ရသည်။ ထို့နောက်တွင် ကြာဖူးမှာ စတင်၍ ပွင့်လန်းလာလေ၏။ ကြာဖူးပွင့်လန်းလာသည်နှင့်တစ်ပြိုင်နက် သူ့ခေါင်းမှာ တဆစ်ဆစ်ကို ထိုးကိုက်လာရတော့လေသည်။
ကိုယ်တွင်းမှ ဝရုန်းသုန်းကား စီးထွက်လာရန် ကြိုးစားနေသည့် နတ်ဆိုးချီများမှာလည်း ရုတ်တရက် ပျောက်ကွယ်သွားကုန်ကြလေသည်။ ပေါင်ချီမှာ အော်ဟစ်ချိန်ပင် မရသေးခင်မှာပဲ သူ့ခန္ဓာကိုယ် ထူးထူးဆန်းဆန်း လေပေါ်သို့ မြောက်တက်လာသည်ကို တွေ့ရှိလိုက်ရသည်။ သူ့ခန္ဓာကိုယ်အား ပြန်လည်ထိန်းချုပ်နိုင်သည့်အခါတွင် နန်းတော်ထဲ၌ ရှိမနေတော့ဘဲ ရှင်းပြမရသည့် နေရာတစ်ခုဆီသို့ ရောက်နေကြောင်း တွေ့လိုက်ရလေ၏။
ရှယမှာမူ သူ့လက်ထဲတွင် ရှိမနေတော့။ ခပ်လှမ်းလှမ်းတစ်နေရာ၌ ရှယမှာ ကြောက်ရွံ့တုန်လှုပ်မှုအပြည့်ဖြင့် ရပ်နေခဲ့လေသည်။
ရန်ကိုင်သည်လည်း လက်နောက်ပစ်ရင်းမှ ထိုနေရာတွင် ရပ်နေလျက် ပေါင်ချီအား စိုက်ကြည့်နေခဲ့သည်။
“ဆရာ… ရှင်ဘာလို့…” ရှယသည် ရန်ကိုင်အား မကျေမနပ်ဖြင့် ကြည့်လိုက်လေသည်။ သို့သော်ငြား လက်ရှိအခြေအနေတွင် သူမမှာ တစ်ဖက်လူ၏ အစေခံဘဝသို့ ရောက်နေပြီဖြစ်ကြောင်း သိလိုက်သည့်နောက် ချက်ချင်းပဲ တလေးတစားဖြင့် ပြန်ပြောလိုက်လေ၏။ “ဆရာလှုပ်ရှားမယ်ဆိုရင် ကျွန်မကို ကြိုပြီးတော့ ပြောထားလေ…”
“အလယ်အလတ်အဆင့် နတ်ဆိုးဘုရင်တစ်ယောက်လောက်ပဲဟာကို… ဘာဖြစ်လို့ ခင်ဗျားကို ကြိုပြောနေရဦးမှာလဲ…” ရန်ကိုင်က ရှယကိုကြည့်၍ ပြောလိုက်လေသည်။
ရှယမှာမူ ဘာမှ ပြန်မပြောရဲတော့ချေ။ ယခုတစ်ကြိမ်၌ ရှယသည် ပေါင်ချီအား သူမ၏စိတ်စွမ်းအင်ဖြင့် အချိန်မီတိုက်ခိုက်လိုက်သည့်အတွက်ကြောင့်သာ မဟုတ်ပါက ပေါင်ချီ၏တိုက်ခိုက်မှုကြောင့် သူမပါ အသက်ပျောက်သွားရလောက်သည်။
ထိုကိစ္စနှင့်ပတ်သက်၍ ထိတ်လန့်နေလင့်ကစား ရန်ကိုင်မှ ပေါင်ချီအား ဤလောကကြီးထဲသို့ ဆွဲခေါ်လာသည့်အပေါ် ရှယမှာ အံ့အားသင့်နေမိခဲ့လေသည်။ ယခင်က ရန်ကိုင်သည် သူမအား ဤကမ္ဘာထဲသို့ ဆွဲခေါ်လာရန်အတွက် သူမနတ်ဆိုးနှလုံးသားကို ဓါးဖြင့်ထိုးခဲ့သည်။ သူမ လုံးဝကို မခုခံနိုင်ခဲ့ဘဲ ဆိုးဆိုးရွားရွား ဒဏ်ရာရနေသည့် အခါမှသာလျှင် ရန်ကိုင်သည် သူမအား ဤကမ္ဘာထဲသို့ ဆွဲခေါ်လာနိုင်ခဲ့သည်။ ထိုအချက်ကိုကြည့်ရုံဖြင့်ပင်လျှင် ရန်ကိုင်သည် မည်သူ့ကိုမဆို ဤကမ္ဘာထဲသို့ ဆွဲခေါ်လာနိုင်သည်တော့ မဟုတ်ချေ။ ဤကမ္ဘာထဲသို့ ဆွဲခေါ်လာနိုင်ရန်အတွက် လိုအပ်သည့် ကန့်သတ်ချက်များကို အရင်ဦးစွာ ဖြည့်ဆည်းရပေလိမ့်မည်။ ထိုသို့မဟုတ်လျှင်လည်း သူ့အနေဖြင့် အခြားလူတစ်ဦးအား ဤကမ္ဘာထဲသို့ ဆွဲခေါ်ဖို့ရာ တန်ရာတန်ကြေးတစ်ခုကို ပေးဆပ်ရပေလိမ့်မည်။ ထိုသို့သာမဟုတ်ပါက ဤလောကကြီးထဲတွင် သူ့အား နိုင်သည့်လူ မည်သူမှ ရှိတော့လိမ့်မည်မဟုတ်ချေ။ ရန်ကိုင်သည် ဤကမ္ဘာထဲတွင် လုံးဝကို ပြိုင်ဘက်ကင်းသည့် လူတစ်ဦးဖြစ်သည်။ ထိုသို့ပြိုင်ဘက်ကင်းနေလေရာ သူ့အနေဖြင့် ဘာကြောင့်များ ကျင့်ကြံနေရဦးပါမည်နည်း။
ပေါင်ချီသည် သူမထက် အများကြီး ပိုအားကောင်းပေသည်။ ထို့အတွက်ကြောင့် ပေါင်ချီအား ဆိုးဆိုးရွားရွား ဒဏ်ရာရသွားအောင် လုပ်လိုက်ခြင်းမရှိဘဲ သူ့အား ဤကမ္ဘာထဲသို့ မည်ကဲ့သို့ ဆွဲခေါ်လာခဲ့သလဲဆိုသည်ကို ရှယ လုံးဝနားမလည်နိုင် ဖြစ်ခဲ့ရသည်။
သို့သော်ငြား လက်ရှိအခြေအနေနှင့် ပတ်သက်၍လည်း ရှယစိတ်ထဲ စိတ်သက်သာရာ ရသွားမိလေသည်။ ပေါင်ချီသည် ဤကမ္ဘာထဲသို့ ရောက်လာပြီ ဖြစ်သည့်အတွက်ကြောင့် သူ၏သေခြင်းရှင်ခြင်းသည် သူထိန်းချုပ်နိုင်သည့် အရာမျိုး မဟုတ်တော့ချေ။ ထိုသို့တွေးပြီးသည့်နောက်တွင် ရှယမှာ သည်းလှိုက်အူလှိုက်ကို ပြုံးလိုက်မိလေ၏။
“ခွေးမ… နင် ငါ့ကို အကောက်ကြံရဲတယ်ပေါ့…” ပေါင်ချီမှာ ထိတ်လန့်တုန်လှုပ်သွားခြင်းမရှိဘဲ ရှယအား အေးစက်စက်အမူအယာဖြင့် စိုက်ကြည့်နေရင်းဖြင့်သာ ဘေးပတ်ဝန်းကျင်အား တည်တည်ငြိမ်ငြိမ်ဖြင့် စစ်ဆေးကြည့်လိုက်သည်။
ရှယက ပြုံးလျက် “နင့်ကို သတိလက်လွတ်နေဖို့ ဘယ်သူကပြောလို့လဲ…”
ထိုသို့ပြောပြီးသည့်နောက်တွင် ရန်ကိုင်ဘက်သို့လှည့်၍ ပြောလိုက်လေ၏။ “ဆရာ… ကျွန်မ သူ့ကို သတ်လို့ရလား…”
“ဆရာ…” ပေါင်ချီ မျက်လုံးမှေးစင်းသွားခဲ့ပြီး ရှယအား အထင်အမြင်တသေးဖြင့် ကြည့်လျက် “နတ်ဆိုးဗိုလ်ချုပ်မှူးအဆင့်ပဲရှိတဲ့ အမှိုက်ကောင်ကို နင်က ဆရာလို့ခေါ်တယ်… ဟုတ်လား… အဲ့ဒါနဲ့များ ငါတို့လို နတ်ဆိုးဘုရင်တွေနဲ့ တစ်တန်းတည်း လာရပ်နေသေးချင်တယ်… ရှယ ရှယ… နင်က ငါတို့နတ်ဆိုးမျိုးနွယ်စုအတွက် တကယ်ကို ကျက်သရေယုတ်စရာပဲ…”
ရှယက ပြုံးလျက် “ဆရာ ဘယ်လောက်အားကောင်းလဲဆိုတာကို နင်မသိပါဘူး…”
ပေါင်ချီက ခေါင်းခါလျက် “နင် နတ်ဆိုးဘုရင်တစ်ပါး ဖြစ်ဖို့ မထိုက်တန်ဘူး…”
သူ့မျက်နှာမှာ တည်ငြိမ်နေပါသော်ငြား သူ့ရင်ထဲတွင်တော့ အတော်လေးကိုမှ ထိတ်လန့်နေခဲ့လေသည်။ အစကတော့ ရှယသည် လူရိုင်းမျိုးနွယ်ဝင်၏ သခင်ဖြစ်လိမ့်မည်ဟု ထင်ထားခဲ့ပါသော်ငြား တကယ့်တကယ်တွင်တော့ ထိုသို့မဟုတ်ဘဲ ရှယသည်သာ အစေခံဖြစ်နေခဲ့သည်။ ဤနတ်ဆိုးဗိုလ်ချုပ်မှူးအဆင့်သာ ရှိသော လူရိုင်းမျိုးနွယ်သည် မည်ကဲ့သို့သော နည်းလမ်းကိုသုံး၍ ရှယကဲ့သို့သော နတ်ဆိုးဘုရင်အား အစေခံဖြစ်အောင် လုပ်နိုင်ခဲ့သလဲ ဆိုသည်အား ပေါင်ချီ လုံးဝ နားမလည်နိုင်ခဲ့ပေ။
သို့သော်ငြား သေချာစဉ်းစားလိုက်သည့်နောက် လူရိုင်းမျိုးနွယ်သည် လုံးဝကို သာမန်မဟုတ်မှန်း ပေါင်ချီ သိသွားခဲ့ရလေသည်။ သူကိုယ်တိုင်သည်ပင်လျှင် ဤလူ၏ ဝိဉာဉ်ပညာရပ်ကို အပြည့်အဝ ခုခံနိုင်ခဲ့ခြင်း မရှိဘဲ ဤနေရာထဲသို့ ဆွဲခေါ်လာခြင်း ခံခဲ့ရသည်။
“ခင်ဗျားရဲ့ အဝတ်တွေကို အရင်ပြန်ဝတ်ထားလိုက်…” ရန်ကိုင်က ရှယကို ကြည့်၍ ပြောလိုက်သည်။
“ဟုတ်ကဲ့…” ရှယသည် ရန်ကိုင်၏အမိန့်အတိုင်း အဝတ်အစားအသစ်တစ်စုံကို ထုတ်ဝတ်လိုက်လေသည်။ အဝတ်အစားများကို ဝတ်ပြီးသည့်တိုင် သူမခန္ဓာကိုယ်အစိတ်အပိုင်းများမှာ လှစ်ဟာနေသေးပါသော်ငြား ဘာမှမဝတ်ဘဲ ကိုယ်လုံးတီးနှင့် နေနေသည်ထက်စာလျှင်တော့ ပိုအဆင်ပြေပေသေးသည်။
ထို့နောက်တွင် ရန်ကိုင်သည် ပေါင်ချီဘက်သို့လှည့်၍ ပြောလိုက်လေသည်။ “အခု ဘာတွေဖြစ်နေလဲ ခင်ဗျားလည်း သိလောက်ပြီပေါ့… ဒီတော့ ကျုပ် ရှင်းရှင်းပဲပြောမယ်… ခင်ဗျားအတွက်တော့ ရွေးချယ်စရာနှစ်ခုရှိတယ်…”
ထိုသို့ပြောပြီးသည့်နောက်တွင် ရန်ကိုင်သည် ရှယကို လက်ညှိုးထိုး၍ “တစ်ခုက သူ့လိုမျိုးပဲ အညံ့ခံလိုက်… နောက်တစ်ခုကတော့ သေဖို့ပဲ…”
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၂၈၆၇)
ဘာသာပြန်သူ_တိမ်တိုက်
ရန်ကိုင်၏စကားကိုကြားသော် နတ်ဆိုးဘုရင်နှစ်ပါးစလုံး၏ အမူအယာ အပြောင်းလဲကြီး ပြောင်းလဲသွားခဲ့လေသည်။
ရှယက ရန်ကိုင်အား အထိတ်တလန့်ဖြင့် ကြည့်၍ “ဆရာ… ဆရာ သူ့ကို အညံ့ခံအောင် လုပ်ချင်တာလား…”
အစကမူ ရန်ကိုင်မှ ပေါင်ချီအား သတ်မည်ဟု ထင်သဖြင့် သူမကိုယ်တိုင်ပင် အားတက်သရော ဝင်ရောက်ကြိုးစားကူညီပေးခဲ့သည်။ ကဝေနတ်ဆိုးကလန်သည် အလွန်ကိုမှ အငြိုးကြီးသည်ဟု ပြောခြင်းမှာ အမှားတော့မဟုတ်ပေ။ ကဝေနတ်ဆိုးကလန်သားတိုင်းသည် သူတို့ခံစားခဲ့ရသည့် မကျေနပ်ချက်များ၊ သူတို့အပေါ် အရှက်ခွဲပြဿနာရှာသွားသည့် လူတိုင်းကို သေသေချာချာ မှတ်ထားကြသည်။ ရှယဆိုလျှင်လည်း ပေါင်ချီမှ သူမအား တစ်ကြိမ်သာ အရှက်ခွဲခဲ့သည့်တိုင် ထိုတစ်ကြိမ်ကို မသေမချင်း မှတ်ထားခဲ့လေသည်။ ထိုအကြောင်းကြောင့်ပင်လျှင် ရန်ကိုင်မှ အနီးအနားတွင်ရှိနေသော နတ်ဆိုးဘုရင်များအကြောင်းကို မေးလာသည့်အခါ ပေါင်ချီအား ချက်ချင်း ထုတ်ပြောခဲ့ခြင်း ဖြစ်လေသည်။
ရန်ကိုင်မှ ပေါင်ချီအား ဤကမ္ဘာထဲသို့ ဆွဲခေါ်လာပြီးသည့်နောက် ပေါင်ချီသေပြီဟုတွေးကာ ရှယမှာ အတော်လေးကိုမှ ဝမ်းသာအားရ ဖြစ်နေခဲ့လေသည်။ သို့သော်ငြား ရန်ကိုင်ပြောလာသည့်စကားကို ကြားပြီးသည့်နောက် သူမထင်ထားသလို ဖြစ်လာတော့လိမ့်မည်မဟုတ်မှန်း ရှယသိလိုက်သည်။
ပေါင်ချီသည်သာ ရန်ကိုင်၏လက်အောက်သို့ ရောက်သွားမည်ဆိုပါက ရှယအနေဖြင့် နောက်နောင်တွင် ပေါင်ချီနှင့် အလုပ်အတူတူ တွဲလုပ်ရပေလိမ့်မည်။ ထိုကဲ့သို့သော အဖြစ်အပျက်မျိုးကို ရှယ လက်မခံနိုင်ပေ။
“မင်းက ငါ့ကို မင်းလက်အောက်ထဲ ခိုဝင်စေချင်တယ် ဟုတ်လား…” ပေါင်ချီသည် ရန်ကိုင်အား လှောင်ပြုံးပြုံးကာ စိုက်ကြည့်လိုက်သည်။ ဤပြင်ပမျိုးနွယ်သည် အလွန်ကိုမှ ရယ်စရာကောင်းသည်ဟု ပြောရမည်။ သူ၏ခွန်အားသည် နတ်ဆိုးဗိုလ်ချုပ်မှူးအဆင့်သာ ရှိပါသော်ငြား သူကဲ့သို့သော နတ်ဆိုးဘုရင်အား လက်အောက်ငယ်သား လုပ်စေချင်နေလေသည်။ နောက်ဆုံးတွင် မအောင့်အည်းနိုင်တော့သည့်အဆုံး ပေါင်ချီသည် ဝါးလုံးကွဲအော်ရယ်မော၍ အထင်အမြင်တသေးဖြင့် ပြန်ပြောလိုက်လေသည်။ “မင်းတို့ပြင်ပမျိုးနွယ်က ကောင်တွေကလည်း တကယ်ကို ရူးကြတာပဲနော်… ဒီခွေးမကို ဘယ်လို အစေခံဖြစ်အောင် လုပ်လိုက်သလဲတော့ ငါမသိပေမယ့် ငါက အဲ့ခွေးမနဲ့ မတူဘူးကွ… ဒီခွေးမလိုမျိုး ဒီဘုရင်က မင်းကို အညံ့ခံမယ် ထင်နေတာလား…”
ရှယက အေးစက်စက်မျက်နှာထားဖြင့် “နင့်ပါးစပ်က တကယ်ကို ရွံစရာကောင်းတာပဲ…”
ပေါင်ချီသည် ရှယအား အေးစက်စက်အမူအယာဖြင့် တစ်ချက် စိုက်ကြည့်လိုက်ပါသော်ငြား ပြန်လည်ငြင်းခုံခဲ့ခြင်းမရှိဘဲ ရန်ကိုင်ကိုသာ သတိထား၍ ကြည့်နေခဲ့လေသည်။
ဤပြင်ပမျိုးနွယ်ရှေ့ မည်သည့်အခါမှ ဦးညွှတ်မည်မဟုတ်ဟု သူ့စိတ်ထဲ ယတိပြတ်ဆုံးဖြတ်ခဲ့ပါသော်ငြား သူရောက်ရှိနေသည့် ဤလောကကြီးသည် သူ့အား ထူးဆန်းပြီး စိတ်မသက်မသာဖြစ်စေသည့် ခံစားချက်ကို ပေးစွမ်းနေခဲ့သည်။ ထို့အတွက်ကြောင့် တစ်ဖက်လူ၏ထောင်ချောက်ထဲ ရောက်မသွားဖို့ရာ သူ့အနေဖြင့် သေချာ သတိထားရပေလိမ့်မည်။ လတ်တလောတွင်တော့ ပေါင်ချီ၏ ပထမဦးစားပေးမှာ သူမည်သည့်နေရာသို့ ရောက်နေသလဲဆိုသည်ကို ဦးစွာ ရှာဖွေရန် ဖြစ်လေသည်။ နောက်မှသာ နောက်နောင်အတွက် အစီအစဉ်ချရပေလိမ့်မည်။
“ရှယ… သူက အမြဲတမ်း ဒီတိုင်းပဲ ခေါင်းမာတာလား…” ရန်ကိုင်က ရှယဘက်သို့လှည့်၍ မေးလိုက်သည်။
ရှယက ချက်ချင်းပြန်ပြောလိုက်သည်။ “အရမ်းကိုခေါင်းမာတယ်… ဘယ်လောက်တောင်ခေါင်းမာလဲဆိုရင် နတ်ဆိုးသူတော်စင်တွေကိုတောင် ပြန်ခံပြီးတော့ပြောတဲ့အထိပဲ…”
ပေါင်ချီကမူ ထိုအရာသည် သူ့အတွက် ဂုဏ်ယူစရာတစ်ခုဖြစ်သည့်အလား ခေါင်းကိုမော့ ရင်ကိုကော့ပြလိုက်သည်။
ရှယက ဆက်၍ပြောလိုက်သည်။ “ဒါကြောင့်မလို့ ဆရာ့ကိုပြောတာ… သူ့ကို ဆရာ့လက်အောက်ထဲ အချိန်ကုန်ခံပြီး ခေါ်သွင်းမနေနဲ့… တစ်ခါတည်းသာ သတ်ပစ်လိုက်… အဲ့ဒါ အလုပ်ရှုပ်လည်း သက်သာတယ်…”
ရှယသည် ပေါင်ချီအား ခက်ထန်ကြမ်းကြုတ်သည့် အမူအယာဖြင့် စိုက်ကြည့်ရင်းမှ ရန်ကိုင်အား အကြံပေးလိုက်လေသည်။ ပေါင်ချီနှင့် အလုပ်အတူတူ တွဲမလုပ်ချင်သည့် ကိစ္စအပြင် ပေါင်ချီသည် သူမထက် ပို၍အားကောင်းပေသည်။ ထို့အတွက်ကြောင့် ရန်ကိုင်သည်သာ ပေါင်ချီအား သူ့လက်အောက်ငယ်သားအဖြစ် လက်ခံလိုက်မည်ဆိုပါက ရန်ကိုင်စိတ်ထဲရှိ သူမ၏အဆင့်အတန်းမှာ ယခင်ထက် နိမ့်ကျသွားရပေလိမ့်မည်။ ထိုအကြောင်းကြောင့်ပင်လျှင် ပေါင်ချီအား မြန်နိုင်သမျှမြန်မြန် သေစေလိုခြင်းဖြစ်သည်။
“အဲ့ဒါဆိုရင်လည်း ငါ့မှာ ရွေးချယ်စရာမရှိတော့ဘူးပေါ့…” ရန်ကိုင်က ခေါင်းညိတ်၍ ပြတ်ပြတ်သားသားဆုံးဖြတ်ရန် စဉ်းစားလိုက်လေသည်။ ထိုသို့ပြောပြီးသည့်နောက် ပေါင်ချီထံသို့ သူ့လက်ကို ရွယ်လိုက်လေသည်။
ထိုအချင်းအရာကိုမြင်သော် ရှယ၏မျက်လုံးလေးများ ဝင်းလက်တောက်ပသွားခဲ့လေသည်။
ပေါင်ချီမှာ နတ်ဆိုးချီကို အရူးအမူးလှည့်ပတ်ရင်း ရန်ကိုင်ဆီသို့ ခုန်ဝင်လာခဲ့လေသည်။
ရန်ကိုင်မှ သူ့လက်အား အသာအယာ ဝှေ့ယမ်းချလိုက်ရာ သူ့ခန္ဓာကိုယ်တစ်ခုလုံးအား အလွန်တရာကိုမှ အားကောင်းလွန်းလှသည့် စွမ်းအားတစ်ရပ်မှ လာရောက်ချုပ်နှောင်သည်ကို ခံစားမိလိုက်သည့်အတွက်ကြောင့် ပေါင်ချီ ရုတ်တရက် မှင်တက်သွားခဲ့ရသည်။ သူသည် နတ်ဆိုးဘုရင်တစ်ပါး ဖြစ်ပါသော်ငြား လက်ရှိအချိန်တွင်တော့ မွေးခါစကလေးတစ်ဦးနှယ် လုံးဝကို ကူကယ်ရာမဲ့နေခဲ့ရသည်။ သူ့အား ချုပ်နှောင်ထားသည့် စွမ်းအားအောက်မှ မည်သည့်နည်းနှင့်မျှ ရုန်းထွက်နိုင်ခဲ့ခြင်းမရှိပေ။
ပေါင်ချီ၏မျက်လုံးများ ပြင်းပြင်းထန်ထန် တုန်ခါလာခဲ့ပြီး သူ့ကိုယ်ထဲရှိ စီးဆင်းနေသည့် သွေးများသည်ပင်လျှင် ရပ်တန့်သွားခဲ့ရသည်။ သွေးများသာလျှင်မဟုတ် တိုက်ခိုက်ရန်အတွက် ပေါင်ချီမှ စုဝေးထားသော နတ်ဆိုးချီများသည်ပင်လျှင် ထိုမမြင်နိုင်သည့် စွမ်းအားအောက်ဝယ် သူ့ကိုယ်ထဲ ဖိနှိပ်ထားခြင်း ခံလိုက်ရလေသည်။
သူ့ဘဝတွင် နတ်ဆိုးတစ်ကောင် ဖြစ်လာသည့်အချိန်မှစ၍ ယခုအချိန်အထိ ဤကဲ့သို့သော အခြေအနေမျိုးနှင့် ပေါင်ချီ တစ်ခါမျှ မကြုံခဲ့ရဖူးပေ။
ထိုမြင်ကွင်းကိုကြည့်ရင်း ရှယက အကျယ်ကြီးအော်ရယ်မော၍ “ဆရာက ဒီနေရာတစ်ခုလုံးရဲ့ သခင်ပဲ… နတ်ဆိုးသူတော်စင်တစ်ယောက်တောင် ဒီနေရာထဲရောက်လာမယ်ဆိုရင် ဆရာ့ရဲ့ပြိုင်ဘက် ဖြစ်နိုင်တော့မှာမဟုတ်တာ… နင့်လိုမလောက်လေးမလောက်စား ဆိုရင်တော့ ပြောနေစရာတောင်မလိုဘူး…”
လွန်ခဲ့သောသုံးလခန့်က ရန်ကိုင်သည် အလားတူစကားကိုသုံး၍ သူမအား အညံ့ခံအောင် လုပ်ခဲ့သည်။ ထိုစဉ်က ရှယသည် ရန်ကိုင်၏စကားကို အရေးမထားခဲ့ပေ။ ရန်ကိုင် အလကားသက်သက် လျှောက်ကြွားနေခြင်း ဖြစ်သည်ဟုသာ မှတ်ယူခဲ့သည်။ သို့သော်ငြား လက်တွေ့အမှန်တရားသည် ရန်ကိုင်သည် ဤနေရာတစ်ခုလုံး၏ အရှင်သခင်ဖြစ်ကြောင်းကို သက်သေပြလာခဲ့လေသည်။
ယခုဆိုလျှင် ရန်ကိုင်မပြောရသေးခင်မှာပင် ရှယသည် ရန်ကိုင်ပြောသွားခဲ့သည့် အလားတူစကားများကို ပေါင်ချီအား ပြန်ပြောကာ ဩဝါဒဆုံးမစကား ခြွေတော့လေ၏။
ပေါင်ချီ၏မျက်နှာကြီး မှုန်ကုပ်သွားခဲ့လေသည်။ သူ့စိတ်ထဲ ခုခံကြည့်ရန် အတတ်နိုင်ဆုံး ကြိုးစားကြည့်လိုက်ပါသော်ငြား ထူးဆန်းလှသည့် စွမ်းအားအောက်ဝယ် နတ်ဆိုးဘုရင်၏ ရုန်းကန်မှုမှာ ပုရွတ်ဆိတ်တစ်ကောင်မှ သစ်ပင်အား ကိုင်လှုပ်ရန် ကြိုးစားနေသည့်နှယ် အချည်းအနှီးသာ ဖြစ်နေလေသည်။
ရန်ကိုင်ဘယ်ဘက်မျက်လုံး၏အရောင် ရုတ်တရက် ပြောင်းလဲသွားခဲ့ပြီး ရွှေရောင်အလင်းတို့ ဖြာထွက်လာခဲ့သည်။
ရန်ကိုင်သည် ပေါင်ချီ၏မျက်လုံးတည့်တည့်သို့ စိုက်ကြည့်၍ စိတ်စွမ်းအင်ကို အရူးအမူးလှည့်ပတ်၍ ပေါင်ချီ၏ဝိဉာဉ်အား ဖျက်ဆီးရန် ကြိုးစားလိုက်လေသည်။
သူ့ဝိဉာဉ်တစ်ခုလုံး အလွန်တရာကိုမှ နာကျင်လာသည့်အတွက်ကြောင့် ပေါင်ချီမှာ စူးစူးဝါးဝါးကို ထအော်တော့လေသည်။ နာကျင်စွာ အော်ဟစ်နေသည့် ပေါင်ချီကိုကြည့်ရင်း ရှယမှာ အလွန်တရာကိုမှ ဝမ်းသာပီတိ ဂွမ်းဆီထိ ဖြစ်နေခဲ့လေသည်။ ပေါင်ချီ ဒုက္ခရောက်နေသည်ကို ကြည့်နေရသည်မှာ သူမအတွက် အလွန်တရာကိုမှ ပျော်ရွှင်စရာ ကောင်းလှသည့်အလား။
ရန်ကိုင်၏ စိတ်စွမ်းအင် ပေါင်ချီ၏အသိစိတ်ပင်လယ်ထဲသို့ ထိုးဖောက်ဝင်ရောက်သွားသည့်နောက်တွင် ပေါင်ချီမှာ နာကျင်လွန်းလှသည့်ဒဏ်ကို မခံနိုင်တော့ဘဲ မျက်ဖြူဆိုက်သွားခဲ့လေသည်။ တစ်ချိန်တည်းတွင် သူ့တစ်ကိုယ်လုံးမှာလည်း ပြင်းပြင်းထန်ထန် တုန်ရီလာခဲ့ပြီး တစ်ကိုယ်လုံး ချွေးများဖြင့် စိုရွှဲသွားခဲ့လေ၏။
တစ်ခဏအကြာတွင် ရန်ကိုင်မျက်လုံးထဲရှိ ရွှေရောင်အလင်း ပျောက်ကွယ်သွားခဲ့လေသည်။
ပေါင်ချီသည် ခွေးကျဝက်ကျသည့်နှယ် မြေပြင်ပေါ်သို့ ပြုတ်ကျလာခဲ့သည်။ မသိသည့်လူသာဆိုလျှင် ပေါင်ချီအား လူသေကောင်တစ်ဦးနှင့် မှားသွားနိုင်ပေသည်။
ထိုမြင်ကွင်းကိုကြည့်ရင်း ရှယ မျက်မှောင်ကြုတ်သွားခဲ့သည်။
ဤပေါင်ချီမှာ အလွန်တရာကိုမှ အားနည်းနေပါသော်ငြား သေတော့ မသေသေးပေ။ ရန်ကိုင်သည် ပေါင်ချီအား သူမ မျှော်လင့်ထားသလို သတ်မပစ်ခဲ့ဘဲ ပေါင်ချီ၏အသိစိတ်ပင်လယ်ထဲ သူ၏ ဝိဉာဉ်အမှတ်အသားကို အတင်းအကြပ် ထည့်သွင်းခဲ့လေသည်။ ရန်ကိုင် ယခုကဲ့သို့လုပ်သွားသည်မှာ သူမအား လုပ်ခဲ့သည့်ပုံစံမျိုးနှင့် အတူတူသာ ဖြစ်လေသည်။ သို့သော်ငြား ရှယအလှည့်တုန်းကမူ ရှယသည် သူမ၏အသိစိတ်ပင်လယ်ကို လိုလိုလားလား ဖွင့်ပေးခဲ့လေသည်။ ပေါင်ချီကမူ ဖွင့်မပေးခဲ့ဘဲ ရန်ကိုင်၏စိတ်စွမ်းအင်ကို အသည်းအသန်ခုခံရန် ကြိုးစားခဲ့သည်။ သို့သော်ငြား မအောင်မြင်ခဲ့ဘဲ သူ့စိတ်စွမ်းအင်အတားအဆီးများသာ ပျက်စီးခဲ့ရပြီး ယခုကဲ့သို့သောဘဝမျိုး ရောက်သွားခဲ့ရလေ၏။
သို့သော်ငြား မည်သို့ပင်ဖြစ်ခဲ့စေကာမူ နောက်ဆုံးရလဒ်မှာ အတူတူသာ ဖြစ်လေသည်။ ကြည့်ရသလောက် သူမအနေဖြင့် ဆန္ဒမရှိလျှင်ပင် နောက်ပိုင်းတွင် ပေါင်ချီနှင့် အတူတူ အလုပ်တွဲလုပ်ရမည့်ပုံပင်။
အချိန်အတော်ကြာအောင် စောင့်နေပြီးသည့်နောက် ပေါင်ချီ ဖြည်းဖြည်းချင်း ပြန်ထလာခဲ့ပြီး ရန်ကိုင်အား ဒွိဟဖြစ်နေသည့် အမူအယာဖြင့် ကြည့်လိုက်လေသည်။ နတ်ဆိုးဘုရင်တစ်ပါး ဖြစ်ပါသော်ငြား နတ်ဆိုးဗိုလ်ချုပ်အဆင့်သာရှိသေးသော ပြင်ပမျိုးနွယ်တစ်ဦး၏ အစေခံဘဝသို့ ရောက်ခဲ့ရသည်။ တစ်ဖက်လူ၏ဝိဉာဉ်အမှတ်အသား သူ့အသိစိတ်ပင်လယ်ထဲ၌ ရှိနေသည်ကို ပေါင်ချီ အတိုင်းသား ခံစားနေမိလေသည်။ ထိုဝိဉာဉ်အမှတ်အသားသည် သူ၏ သေခြင်းရှင်ခြင်းကိုပင် ထိန်းချုပ်နိုင်မှန်း ပေါင်ချီသိနေခဲ့သည်။
ယခင်ကတော့ ရှယအား သစ္စာဖောက် မိန်းမပျက်မတစ်ယောက် ဖြစ်သည်ဟု အော်ဟစ်လှောင်ပြောင်ခဲ့ပါသော်ငြား ယခုအချိန်တွင်တော့ သူကိုယ်တိုင်သည်လည်း ရှယနည်းတူ ဖြစ်သွားခဲ့ရလေပြီ။
ရန်ကိုင်သည် ပေါင်ချီအား ကြည့်ရင်းမှ ပြောလိုက်လေ၏။ “မင်း မကျေနပ်ဘူးဆိုရင် ကိုယ့်ကိုယ်ကို သတ်သေပစ်လို့ ရတယ်နော်…”
ပေါင်ချီ၏မျက်လုံးများ တဖျတ်ဖျတ်လက်သွားခဲ့သည်။ သို့သော်ငြား ကိုယ့်ကိုယ်ကို သတ်သေမည့် အရိပ်အယောင်တော့မပြ။ သူ့အနေဖြင့် နတ်ဆိုးဘုရင်အဆင့်သို့ ရောက်အောင် ခက်ခက်ခဲခဲ ကြိုးစားကျင့်ကြံလာခဲ့ရသည်။ ထိုသို့ဖြစ်လေရာ ဤအဆင့်သို့ ရောက်လာပြီးသည့်နောက်မှ ဘာကြောင့်များ ကိုယ့်ကိုယ်ကို သတ်သေရမည်နည်း။ ဤလောကကြီးထဲတွင် လူအချို့သည် တစ်ဖက်လူအပေါ် အညံ့ခံရမည့်အစား ကိုယ့်ကိုယ်သာ သတ်သေပစ်လိမ့်မည် ဖြစ်ပါသော်ငြား ပေါင်ချီကတော့ ထိုကဲ့သို့သော လူစားမျိုး မဟုတ်ပေ။
“အဲ့ဒါမှပေါ့…” ရန်ကိုင်၏နှုတ်ခမ်း ကွေးတက်သွားခဲ့လေသည်။ “ကဲ… ဒါဆိုရင် အခုကနေစပြီးတော့ မင်းက ငါ့လက်အောက်ငယ်သား ဖြစ်သွားခဲ့ပြီ…”
ရှယ၏မျက်နှာ သုန်မှုန်သွားတော့လေသည်။
ခက်ခက်ခဲခဲဖြင့် ပေါင်ချီက ပြန်မေးလိုက်သည်။ “ဆရာ… ကျုပ် ဆရာ့အတွက် ဘာလုပ်ပေးရမှာလဲ…” ပထမဦးဆုံးအကြိမ်အဖြစ် ပေါင်ချီသည် သူ့ထက်အားနည်းသည့်လူတစ်ဦးအား ဆရာဟု ခေါ်လိုက်ရလေပြီ။ သူ့ထက်အားနည်းသည့်လူတစ်ဦးအား ဆရာဟု ခေါ်လိုက်ရသည့်အပေါ် ပေါင်ချီစိတ်ထဲ အတော်လေးကိုမှ မသက်မသာ ဖြစ်နေရလေသည်။
“ဒါကိုအရင်စားလိုက်…” ရန်ကိုင်သည် ပေါင်ချီဆီသို့ ပုလင်းတစ်လုံး ပစ်ပေးလိုက်လေသည်။
ထိုပုလင်းကိုမြင်သော ရှရာ၏မျက်လုံးလေးများ တဖျတ်ဖျတ်တောက်ပသွားခဲ့သည်။
ပေါင်ချီသည် ရန်ကိုင်ပစ်ပေးလာသည့်ပုလင်းကို ဖမ်းယူ၍ မယုံသင်္ကာဖြင့် မေးလိုက်သည်။ “ဒါ ဘာကြီးလဲ…”
ရှယက နှာခေါင်းရှုံ့လျက် “ဆရာက စားဆိုရင်စားပေါ့… ဘာတွေလာပြန်မေးနေသေးတာလဲ… မစားချင်ရင် ငါ့ကိုပေးလိုက်…”
ထိုဆေးလုံး၏အရသာကို ရှရာ ဤတစ်သက် မေ့နိုင်တော့လိမ့်မည်မဟုတ်ချေ။ သူမအလှည့်တုန်းကလည်း ရန်ကိုင်ဆီမှ ဤကဲ့သို့သော ဆေးပုလင်းတစ်ပုလင်းကို ရခဲ့သည်။ ထိုဆေးပုလင်းထဲရှိ ဆေးလုံးကို စားပြီးသည့်နောက်တွင် ဤလောကကြီးထဲ ဤမျှ ဆန်းကြယ်သည့်အရာ ရှိနေပါလားဟု တွေးသွားရသည်အထိပင်။ သို့သော်ငြား ဤအရူးကောင်ပေါင်ချီကမူ ဆရာမှ ပေးလာသည့် အဖိုးတန်ဆေးလုံးကို မယုံသင်္ကာဖြင့် ကြည့်နေခဲ့လေသည်။
သူ့လိုလူတစ်ယောက်ကို ဆရာက အဆိပ်ခတ်သတ်စရာ လိုဦးမည်လား။ သူ၏သေခြင်းရှင်ခြင်းသည် ဆရာ့လက်ထဲတွင် ရှိနေပြီဖြစ်လေရာ ဆရာ့အနေဖြင့် ဘာကြောင့်များ အလကားသက်သက် အလုပ်ရှုပ်ခံနေရဦးမည်နည်း။
ရှယ၏စကားကို ကြားပြီးသည့်နောက် ပုလင်းထဲတွင် ရှိနေသည့် အရာသည် အဖိုးတန်သည့်အရာတစ်ခုဖြစ်ကြောင်း ပေါင်ချီ ချက်ချင်း နားလည်သွားခဲ့ရသည်။ ထို့ကြောင့် လှောင်ပြုံးပြုံးလျက် ဆေးပုလင်းအဖုံးကိုဖွင့်ကာ ပုလင်းထဲရှိဆေးလုံးကို သူ့ပါးစပ်ထဲသို့ မော့ချလိုက်လေ၏။ ချက်ချင်းဆိုသလို ထိတ်လန့်တုန်လှုပ်နေသည့် အမူအယာတို့ ပေါင်ချီ၏မျက်နှာထက် ထွက်ပေါ်လာတော့လေသည်။ ထို့နောက်တွင် ချက်ချင်း တင်ပလင်ခွေ ထိုင်ချလိုက်လေ၏။ အစောပိုင်းက သူ့ဝိဉာဉ် ထိခိုက်သွားရသည့်အတွက်ကြောင့် ခံစားနေရသည့် နာကျင်မှုတို့မှာ ပိန်းကြာရွက်ပေါ် ရေမတင်သည့်အလား ဆေးကိုသောက်ပြီးသည့်နောက် တမုဟုတ်ချည်း ပျောက်ကွယ်သွားခဲ့ရလေသည်။ မကြာမီ ဝမ်းသာအားရသည့် အရိပ်အယောင်တို့ ပေါင်ချီ၏မျက်နှာထက် ထွက်ပေါ်လာခဲ့လေသည်။
ရှယမှာ စိတ်ပျက်သွားခဲ့ပြီး ရန်ကိုင်အား မျှော်လင့်နေသည့်အကြည့်ဖြင့် လှမ်းကြည့်လိုက်လေသည်။
ထိုစဉ် ရှယဆီသို့ ပုလင်းတစ်လုံး ရောက်လာခဲ့လေသည်။ ရှယသည် ပုလင်းအား အံ့အားသင့်နေသည့် အမူအယာဖြင့် လှမ်းဖမ်း၍ အပြုံးကြီးပြုံးရင်းမှ ပြောလိုက်လေ၏။ “ကျေးဇူးအများကြီးတင်ပါတယ်ဆရာ… ရှယ နောက်ပိုင်း ပိုပြီးအလုပ်ကြိုးစားပါ့မယ်…”
နာရီဝက်ကြာပြီးသည့်နောက်တွင် ပေါင်ချီ မျက်လုံးပြန်ဖွင့်လာခဲ့လေသည်။ အစောပိုင်းက သူ ပုလင်းထဲမှ ထုတ်သောက်လိုက်သည့်အရာသည် အလွန်တရာကိုမှ အဖိုးတန်လှသည့် ရတနာတစ်ခု ဖြစ်ပေသည်။ ထိုအရာသည် ဒဏ်ရာရထားသည့် သူ့ဝိဉာဉ်ကိုပင် အကောင်းအတိုင်း ဖြစ်ခါနီးဖြစ်သွားအောင် ပြန်ကုပေးနိုင်ခဲ့သည်။ ပေါင်ချီမှာ လုံးဝအပြည့်အဝ ပြန်ကောင်းလာခဲ့ခြင်း မရှိသေးပါသော်ငြား သူ့ဝိဉာဉ်မှာတော့ အကောင်းအတိုင်း ပြန်ဖြစ်နေပြီဖြစ်ကာ ဒဏ်ရာများကို တစ်လနှစ်လလောက် အနားယူလိုက်ရုံဖြင့် ပြန်လည်ကုသနိုင်ပေသည်။
(ဒီဆေးပုလင်းထဲကဟာကြီးက ဘာကြီးလဲ… ပြင်ပမျိုးနွယ်မှာ အဲ့လိုအရာမျိုးရှိတယ်လို့ ငါ ဘာဖြစ်လို့ တစ်ခါမှမကြားဖူးရတာလဲ…)
ပေါင်ချီစိတ်ထဲ အတွေးနက်နေစဉ်မှာပင် ရန်ကိုင်မှ သူ့ကိုယ်သူ မိတ်ဆက်လာသည်ကို ကြားလိုက်ရလေသည်။ “ကျုပ်နာမည်က မှော်ဆရာညိုပဲ… ခင်ဗျားကြိုက်သလို ခေါ်လို့ရတယ်…”
“ဟုတ်ကဲ့ပါ မှော်ဆရာညို…” ပေါင်ချီက တလေးတစားဖြင့် ပြန်ပြောလိုက်လေသည်။
“ကဲ… အခု ခင်ဗျားအဖွဲ့သားတွေအကြောင်း ကျုပ်ကိုပြောပြ…”
ထိုစကားကိုကြားလိုက်သည့်နောက် မှော်ဆရာညို ဘာလုပ်ချင်နေမှန်း ပေါင်ချီ ချက်ချင်းနားလည်သွားခဲ့သည်။ အစပိုင်းတွင်တော့ တုံ့ဆိုင်းနေခဲ့ပါသော်ငြား နောက်ဆုံးတွင်တော့ သက်ပြင်းချ၍ သူ့အဖွဲ့သားများအကြောင်းကို ဘာကိုမှ ဖုံးကွယ်ထားခြင်းမရှိဘဲ အကြောင်းစုံ ရှင်းပြလိုက်လေ၏။
သူ့ဘက်မှ ဖုံးကွယ်နေ၍လည်း အကျိုးထူးလိမ့်မည်မဟုတ်မှန်း ပေါင်ချီ သိနေခဲ့လေသည်။
ပေါင်ချီရှင်းပြသည်ကို ကြားပြီးသည့်နောက် ရန်ကိုင်က မျက်မှောင်ကြုတ်လျက် “လူတော်တော်များတာပဲ…”
လက်ရှိ ပေါင်ချီ၏ လက်အောက်တွင် နတ်ဆိုးအဖွဲ့သားပေါင်း ခုနှစ်ထောင်ခန့် ရှိနေခဲ့သည်။ ထိုပမာဏသည် လက်ရှိ ရန်ကိုင်အဖွဲ့ထက် နှစ်ထောင်ခန့် ပိုမိုများပြားနေကာ ရှယအဖွဲ့ထက်ဆိုလျှင် နှစ်ဆနီးပါး ပိုများပေသည်။
သုံးလလုံးလုံး လူစုလာခဲ့သည့်တိုင် ရန်ကိုင်အဖွဲ့သည် လူငါးထောင်လောက်ကိုသာ စုဆောင်းနိုင်ခဲ့သည်။
လူငါးထောင်အရေအတွက်ဖြင့် ပေါင်ချီ၏စစ်တပ်ကိုသာ ထိပ်တိုက်ရင်ဆိုင်မည်ဆိုပါက မှော်ပညာရပ်များ၏ အကူအညီရနေသည့်တိုင် ရန်ကိုင်တို့အဖွဲ့အတွက် အလွန်ကိုမှ အကျအဆုံး များရပေလိမ့်မည်။ တစ်ခဏမျှ စဉ်းစားနေပြီးသည့်နောက် ရန်ကိုင်က ဆက်ပြောလိုက်လေသည်။ “အခု ကျုပ်ပြောမှာကို သေချာမှတ်ထား… ကျုပ်ပြောသွားမှာတွေက ကျုပ် ဒီနေရာကနေ ထွက်သွားတာနဲ့ လုပ်ရမယ့် ဟာတွေပဲ…”
အမိန့်ပေးပြီးသည့်နောက် ရန်ကိုင်သည် ပေါင်ချီနှင့် ရှယကို လောကဓာတ်လုံးထဲမှ ပြန်ခေါ်ထုတ်လာခဲ့သည်။
အခန်းထဲသို့ ပြန်ရောက်လာပြီးသည့်နောက်တွင် ရှယသည် ပေါင်ချီအား လှောင်ပြုံးပြုံးကာ စိုက်ကြည့်လျက် “အပိုတွေလုပ်ဖို့ ကြိုးစားမနေနဲ့နော်… မဟုတ်ရင် အဆုံးသတ်ကောင်းမှာမဟုတ်ဘူး…”
ရန်ကိုင်လက်အောက်သို့ ခိုဝင်ခဲ့သည့် ပထမဦးဆုံးသော နတ်ဆိုးဘုရင်တစ်ဦး ဖြစ်သည်နှင့်အညီ ရှယသည် ပေါင်ချီလောက်အားကောင်းခြင်း မရှိပါသော်ငြား သူမ၏စွမ်းဆောင်ရည်သည် ရန်ကိုင်၏ရင်ထဲတွင်တော့ ပေါင်ချီထက် ပိုအဆင့်မြင့်နေပေသေးသည်။
ရှယသည်သာ သူ့အား ယခင်က ဤကဲ့သို့ လာပြောမည်ဆိုပါက ပေါင်ချီသည် ချက်ချင်း ရှယနှင့် ထသတ်ပေလိမ့်မည်။ သို့သော်ငြား ယခုအချိန်တွင်တော့ ရှယနှင့် ပြိုင်ငြင်းနေလိုစိတ်မရှိတော့ချေ။ ခေါင်းညိတ်၍သာ ပြန်ပြောလိုက်၏။ “စိတ်မပူပါနဲ့ ဆရာ…”
“ကောင်းပြီလေ… ဒါဆိုရင် ကျုပ် သတင်းကောင်းကို စောင့်နေမယ်…” ထိုသို့ပြောပြီးသည့်နောက် ရန်ကိုင်သည် ရှယအား အချက်ပြလိုက်လေသည်။ ထို့နောက်တွင် ရန်ကိုင်တို့နှစ်ဦးသည် အလင်းတန်းနှစ်ခုအသွင်သို့ ပြောင်း၍ နန်းတော်ထဲမှ ပြန်ထွက်သွားလေ၏။
ရန်ကိုင်တို့နှစ်ဦး ထွက်လာပြီးသည့်နောက် နတ်ဆိုးဗိုလ်ချုပ်မှူးများစွာ ပေါင်ချီရှေ့သို့ ရောက်လာကြပြီးနောက် မေးလိုက်လေ၏။ “ဆရာ… အဲ့ခွေးမ ဘာဖြစ်လို့ ဒီကိုရောက်လာတာလဲ…”
ပေါင်ချီက အလေးအနက်အမူအယာဖြင့် ပြန်ပြောလိုက်လေသည်။ “ဘာမှမဟုတ်ဘူး… စစ်ကူလာတောင်းတာ…”
“စစ်ကူ…” နတ်ဆိုးဗိုလ်ချုပ်များ မင်သက်သွားကုန်ကြလေသည်။
ပေါင်ချီက ဆက်ပြောလိုက်သည်။ “လူရိုင်းမျိုးနွယ် အဖွဲ့တစ်ဖွဲ့က သူ့ကို ပစ်မှတ်ထားနေတယ်လေ… အဲ့ဒါကြောင့် ငါ့ဆီကနေ လာအကူအညီတောင်းနေတာ…” ထိုသို့ပြောနေရင်းမှ မျက်နှာလေးထောင့်ကျသော နတ်ဆိုးဗိုလ်ချုပ်မှူးဘက်သို့ လှည့်၍ ပြောလိုက်လေ၏။ “လူနှစ်ထောင်ကို ခေါ်သွားပြီးတော့ အခြေအနေကို တစ်ချက် သွားစစ်ဆေးကြည့်လိုက်…”
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၂၈၆၈)
ဘာသာပြန်သူ_တိမ်တိုက်
လေးထောင့်မျက်နှာနှင့် နတ်ဆိုးဗိုလ်ချုပ်မှူးသည် နတ်ဆိုးသားရဲကြီးတစ်ကောင်ကို စီးနင်းလျက် လက်အောက်ငယ်သားအယောက်နှစ်ထောင်ကို ခေါ်ကာ ချီတက်လာခဲ့သည်။ ထိုအယောက်နှစ်ထောင်အနက် အချို့မှာ နတ်ဆိုးအသွင်ပြောင်းလဲသွားကြသည့် လူရိုင်းများ ဖြစ်ကြသည်။ ကျန်လူများမှာတော့ နတ်ဆိုးမျိုးနွယ်စုထဲရှိ ကလန်အသီးသီးမှ ဖြစ်ကြလေသည်။ ဤသည်မှာ သူထိန်းချုပ်နိုင်သည့် လူအင်အားပမာဏ ဖြစ်ပေသည်။
လေးထောင့်မျက်နှာနှင့် နတ်ဆိုးဗိုလ်ချုပ်မှူး ဦးဆောင်၍ ချီတက်လာနေသည့်စစ်တပ်မှာ လျင်လျင်မြန်မြန်နှင့် သွားနေခြင်းမရှိ။ တိုက်ပွဲသို့သွားရမည့်အစား အကြမ်းဖျင်း လာရောက်စစ်ဆေးခြင်းသာ ဖြစ်သည့်အတွက်ကြောင့် ဖြည်းဖြည်းနှင့်မှန်မှန်သာ သွားနေခဲ့သည်။
ထို့အပြင် သူ၏ဆရာ ပေါင်ချီသည် ရှယ၏လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရန်အတွက် လူခေါ်သွားရန်သာ အမိန့်ပေးထားသည့်အတွက်ကြောင့် လေးထောင့်မျက်နှာနှင့် နတ်ဆိုးဗိုလ်ချုပ်မှူးမှာ အလျင်လိုနေခြင်း မရှိခဲ့။ သူ့အနေဖြင့် လူများခေါ်သွားပေးမည် ဖြစ်ပါသော်ငြား ရှယအား အမှန်တကယ် ကူညီနိုင်မလား ဆိုသည်မှာတော့ သူမပြောနိုင်ချေ။ သူ့အတွက် အကျိုးမရှိဘဲ အခြားသူအတွက် ဘာကြောင့်များ အစွမ်းကုန် ကြိုးစားပေးရပါမည်နည်း။
ထို့အပြင် လေးထောင့်မျက်နှာနှင့် နတ်ဆိုးဗိုလ်ချုပ်မှူးသည် ထိုမိန်းမပျက်မ ကဝေနတ်ဆိုးအား အနည်းငယ်မျှပင် လေးစားမှုမရှိပေ။ ထိုသို့ဖြစ်ရသည့် အဓိကအကြောင်းအရင်းမှာ မနာလိုဝန်တိုမှုသာ ဖြစ်လေသည်။ ထို့အပြင် တစ်ဖက်မှ အကူအညီလာတောင်းသည်နှင့် တစ်ပြိုင်နက် လူနှစ်ထောင်ကို ချက်ချင်းလွှတ်ပေးလိုက်သော ပေါင်ချီကိုလည်း စိတ်ထဲမှ ကြိတ်၍ ဝေဖန်အပြစ်တင်နေလေသည်။ တစ်ဖက်မှ အကူအညီတောင်းမည်ဆိုလျှင်ပင် လူနည်းနည်းလောက် ပို့ပေးလျှင် အဆင်ပြေပါသော်ငြား လူနှစ်ထောင်ကြီးကို စေလွှတ်ခဲ့သည်။
ထိုခွေးမ ကဝေနတ်ဆိုးသည် ဆရာပေါင်ချီအား စိတ်ကျေနပ်သွားအောင် ကောင်းကောင်းပြုစုပေးလိုက်သည့် အတွက်ကြောင့်သာ ဖြစ်ရပေလိမ့်မည်။
ထိုအချက်ကို စဉ်းစားမိလိုက်သော် လေးထောင့်မျက်နှာနှင့် နတ်ဆိုးဗိုလ်ချုပ်မှူး၏မျက်နှာထက် ယစ်မူးသည့်အရိပ်အယောင်တို့ ထွက်ပေါ်လာခဲ့လေသည်။ သူကိုယ်တိုင်သည်လည်း ကဝေနတ်ဆိုးနှင့် ပျော်ပါးခဲ့ဖူးပေသည်။ ကဝေနတ်ဆိုးများသည် အခြားသောမိန်းမများနှင့် လုံးဝကို မတူပေ။ ကဝေနတ်ဆိုးများကြား နတ်ဆိုးဘုရင်တစ်ပါးဖြစ်သော ရှယသည် အခြားသောကဝေနတ်ဆိုးနှင့် လုံးဝကိုတူလိမ့်မည်မဟုတ်။
သူသည်လည်း တစ်နေ့ နတ်ဆိုးဘုရင်အဆင့်သို့ ရောက်လျှင် ထိုခွေးမနှင့် ပျော်ပါးကြည့်လျှင် ကောင်းမလားဟုပင် တွေးနေမိလေသည်။
လေးထောင့်မျက်နှာနှင့်နတ်ဆိုးဗိုလ်ချုပ်မှူး အတွေးရေယျာဉ်ကြောထဲ နစ်မျောနေစဉ် ပုံမှန်မဟုတ်သည့် လှုပ်ရှားမှုများကို ရုတ်တရက် သတိထားမိသွားသည်။
လေးထောင့်မျက်နှာနှင့်နတ်ဆိုးဗိုလ်ချုပ်မှူး ရုတ်ချည်း အသိပြန်ဝင်လာခဲ့ပြီး ရှေ့တည့်တည့်သို့ သတိကြီးကြီးထားကာ စောင့်ကြည့်လိုက်သည်။ သူ့ရှေ့တွင်ရပ်နေသည့်လူကို မြင်ပြီးသည့်နောက် လေးထောင့်မျက်နှာနှင့် နတ်ဆိုးဗိုလ်ချုပ်မှူးက အလန့်တကြားဖြင့် ထအော်လေသည်။ “သခင်မရှယလား…”
လွန်ခဲ့သောနေ့ဝက်ခန့်က ထွက်သွားခဲ့သော ရှယသည် သူ့အား ဤနေရာတွင် လာစောင့်နေခဲ့လေသည်။ ဤအမျိုးသမီး ထွက်သွားပြီးသည့်နောက် ဘာကြောင့် ပြန်လှည့်လာသလဲဆိုသည်ကို လေးထောင့်မျက်နှာနှင့်နတ်ဆိုးဗိုလ်ချုပ်မှူး နားမလည်နိုင်ဖြစ်နေရသည်။ သူ့စိတ်ထဲ ရှယအား အထင်အမြင်သေးပါသော်ငြား ရှယသည် နတ်ဆိုးဘုရင်တစ်ပါး ဖြစ်သည့်အတွက်ကြောင့် အနည်းဆုံးတော့ လေးထောင့်မျက်နှာနှင့် နတ်ဆိုးဗိုလ်ချုပ်မှူးမှာ တစ်ဖက်လူအား လေးစားသမှုတော့ ပြရပေလိမ့်မည်။
သူစီးနင်းလာသည့် နတ်ဆိုးသားရဲ ရပ်သွားခဲ့ပြီး သူ့နောက်တွင် လိုက်ပါလာသည့် လူနှစ်ထောင်မှာလည်း ရပ်သွားကြလေသည်။
“ပေါင်ချီက တကယ်ကို နာခံတာပဲ…” ရှယက လေသံတိုးတိုးဖြင့် ရေရွတ်လိုက်ပြီးသည့်နောက် အဓိပ္ပာယ်ပါပါ ပြုံးလိုက်၏။
ရှယ၏အပြုံးကိုမြင်သော် လေးထောင့်မျက်နှာနှင့် နတ်ဆိုးဗိုလ်ချုပ်မှူး မျက်မှောင်ကျုံ့သွားခဲ့ပြီး သူ့ခေါင်းထဲ အချက်ပေးခေါင်းလောင်းသံတို့ ဆူဝေသွားခဲ့လေသည်။ ရှယ၏ ပုံစံနှင့် မျက်နှာထားသည် သူ့အား အလွန်ကိုမှ စိတ်မသက်မသာ ဖြစ်စေသည်။ ထို့အတွက်ကြောင့် ဘေးပတ်ဝန်းကျင်အား သတိထား၍ လှည့်ပတ်ကြည့်မိလိုက်ရာ ရင်တဒုန်းဒုန်း ခုန်သွားခဲ့ရလေသည်။
ဤနေရာတစ်ခုလုံးသည် ခြုံခိုတိုက်ခိုက်လို့ကောင်းသည့် နေရာတစ်ခုဖြစ်ကြောင်း နားလည်သွားခဲ့သည်။ ဘေးပတ်ဝန်းကျင်တစ်ခုလုံးကို မိုးယံထိတိုင် မြင့်မားလှသော တောင်စဉ်တောင်တန်းများမှ ဝန်းရံထားခဲ့ပြီး ဤနေရာမှထွက်သွားလိုပါက နောက်ပြန်ဆုတ်လျှင်ဆုတ် မဆုတ်လျှင် ရှေ့ဆက်သွားရုံသာ ရှိပေလိမ့်မည်။ ဘေးဘက်သို့ထွက်ပြေး၍ မရပေ။
ကြည့်ရသလောက် တစ်ခုခုသည် သူတို့အား ဘက်ပေါင်းစုံမှ ဝန်းရံထားသည့်ပုံပင်။ ရုတ်တရက်ဆိုသလို မြေပြင်မှာ တုန်ခါလာခဲ့လေသည်။ ထိုတုန်ခါမှုကို လေးထောင့်မျက်နှာနှင့်နတ်ဆိုးဗိုလ်ချုပ်မှူးသာလျှင်မဟုတ် သာမန်နတ်ဆိုးများပင်လျှင် သတိထားမိနိုင်သည်။
သေသေချာချာ နားထောင်ကြည့်လိုက်သည့်နောက် လေးထောင့်မျက်နှာနှင့်နတ်ဆိုးဗိုလ်ချုပ်မှူး၏ အမူအယာ အပြောင်းလဲကြီး ပြောင်းလဲသွားခဲ့ပြီး အလန့်တကြား ထအော်လေ၏။ “တိုက်ပွဲအတွက် ပြင်ကြပေတော့…”
သူ့စကားဆုံးသွားသည်နှင့် တစ်ပြိုင်နက် ဧရာမအရိပ်ကြီးများ ဘယ်ကမှန်းမသိ ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။ နတ်ဆိုးများမှာ ထိုအရိပ်ကြီးများအား မော့ကြည့်လိုက်ရာ သိမ်းငှက်ကြီးများ ဖြစ်နေကြောင်း တွေ့လိုက်ရလေသည်။
မကြာမီ မြားများ တစ်စင်းပြီးတစ်စင်း မိုးသီးမိုးပေါက်များနှယ် နတ်ဆိုးများပေါ်သို့ ကြွေဆင်းကျလာခဲ့ကာ နတ်ဆိုးပေါင်းများစွာမှာ တမုဟုတ်ချည်း အသက်ငင်ကုန်ကြရလေသည်။
(ငါတို့ ခြုံခိုတိုက်ခိုက်ခံရပြီ…) ထိုအတွေး လေးထောင့်မျက်နှာနှင့်နတ်ဆိုးဗိုလ်ချုပ်မှူး၏ ခေါင်းထဲ ချက်ချင်းပေါ်လာခဲ့သည်။ သို့သော်ငြား သူ့အား မည်သူမှ ခြုံခိုတိုက်ခိုက်သလဲ၊ နတ်ဆိုးဘုရင်ရှယ ဘာကြောင့် ဤနေရာ၌ ရှိနေရသလဲဆိုသည်ကို လုံးဝနားမလည်သေးပေ။
သူသည် နတ်ဆိုးဘုရင်ရှယအား စစ်ကူလာပေးခြင်း မဟုတ်ပေလော။ ဘာကြောင့်များ ခြုံခိုတိုက်ခိုက်ခံရလေသနည်း။
နတ်ဆိုးမျိုးနွယ်၏ တုံ့ပြန်နှုန်းမှာ မြန်ပါသော်ငြား ရန်သူမှာ ပို၍ မြန်နေခဲ့လေသည်။
မြားများ ကြွေဆင်းကျလာပြီးသည့်နောက်တွင် မျက်စိကျိန်းမတတ် အလင်းတန်းများ တောအုပ်ထဲမှ ပေါက်ကွဲထွက်လာခဲ့လေသည်။ ထိုအလင်းတန်းများ ထွက်ပေါ်လာပြီး မကြာမီမှာပင် နတ်ဆိုးသားရဲများကို စီးနင်းလာသည့် လူရိုင်းစစ်သည်တော်များသည် သတ်ဖြတ်လိုစိတ်အပြည့်ဖြင့် ပြေးထွက်လာကုန်ကြလေ၏။
“ပြင်ပမျိုးနွယ်တွေ…”
သူ၏အော်သံသည် မိုးယံထိတိုင် ပဲ့တင်ထပ်သွားခဲ့သည်။
လေးထောင့်မျက်နှာနှင့် နတ်ဆိုးဗိုလ်ချုပ်မှူးသည် သူ့လက်နက်ကိုထုတ်၍ ကောင်းကင်ပေါ်သို့ မြှောက်လိုက်သည်။ နတ်ဆိုးစစ်သည်တော်များကို တိုက်ရန် အော်ဟစ်အသိပေးတော့မည့်အပြု ရုတ်တရက်ဆိုသလို ယစ်မူးဖွယ်ရာ သင်းရနံ့ကို ရလိုက်လေ၏။
ထိုအခိုက်အတန့်တွင် တိုးတိုးလျလျအသံတစ်သံ သူ့နောက်ဘက်ဆီမှ ထွက်ပေါ်လာခဲ့လေသည်။ “ရှင့်ခေါင်းအတွက် ကျေးဇူးပဲနော်…”
ထို့နောက်တွင် လေးထောင့်မျက်နှာနှင့် နတ်ဆိုးဗိုလ်ချုပ်မှူး၏ခေါင်း လည်ထွက်သွားခဲ့လေသည်။ သူ့မြင်ကွင်းထဲ ပေါ်လာသည်မှာတော့ ရို့တို့ရဲတဲ အဝတ်အစားများကို ဝတ်စားထားသည့် နတ်ဆိုးဘုရင်ရှယသာ ဖြစ်လေသည်။ သူ့လည်ပင်း နာသလို ဖြစ်သွားသဖြင့် ငုံ့ကြည့်လိုက်ရာ နတ်ဆိုးသားရဲ၏ ကျောပြင်ထက်တွင် လဲကျနေသော ခေါင်းမပါသည့် ခန္ဓာကိုယ်တစ်ခုကို တွေ့လိုက်ရလေသည်။
လေးထောင့်မျက်နှာနှင့် နတ်ဆိုးဗိုလ်ချုပ်မှူးမှာ တိုက်ပွဲပင် မစရသေးခင်မှာပင် အသတ်ခံလိုက်ရလေပြီ။ သူ့လက်အောက်တွင်ရှိနေသော နတ်ဆိုးနှစ်ထောင်ကျော်မှာတော့ ရှယကိုသာ မင်သက်နေသည့်အမူအယာဖြင့် ကြောင်ကြည့်နေကြလေသည်။
ထို့နောက်တွင် ရှယသည် တခစ်ခစ် ရယ်သွမ်းသွေးလျက် နတ်ဆိုးချီအလင်းတန်းတစ်ခုအသွင်သို့ ပြောင်းကာ ပျံထွက်သွားလေသည်။
ထိုအချိန်တွင် အမျိုးမျိုးသောမှော်ပညာရပ်များ၏ အကူအညီကို ရရှိထားသော လူရိုင်းစစ်သည်တော်များမှာတော့ နတ်ဆိုးများအား စတင်၍ ဝိုင်းရံတိုက်ခိုက်နေကြလေပြီ။ နတ်ဆိုးသားရဲများကို စီးနင်းလာသည့် လူရိုင်းစစ်သည်တော်များမှာလည်း ရပ်တန့်မရသည့် အရှိန်အဟုန်ဖြင့် နတ်ဆိုးများ၏အသက်ကို တောက်လျှောက် ချွေယူပစ်နေခဲ့သည်။
တိုက်ပွဲမှာ ရုတ်တရက်ဆိုသလို ဗြုန်းစားကြီး ဖြစ်ပွားလာတော့လေသည်။ တစ်ဖက်တွင် လူငါးထောင်ရှိနေပြီး ကျန်တစ်ဖက်တွင် လူနှစ်ထောင် ရှိနေခဲ့သည်။ ထို့အပြင် တစ်ဖက်သည် အလစ်အငိုက် ချောင်းတိုက်ခံလိုက်ရခြင်း ဖြစ်လေရာ တိုက်ပွဲမှာ မည်ကဲ့သို့ အဆုံးသတ်မလဲ ဆိုသည်ကို အလွယ်တကူ ခန့်မှန်းနိုင်ပေသည်။
ရှယသည် လေထဲတွင် ပြန်ပေါ်လာပြီး လေးထောင့်မျက်နှာနှင့် နတ်ဆိုးဗိုလ်ချုပ်မှူး၏ ခေါင်းကို ကိုင်ရင်းမှ တင်ပြလိုက်လေ၏။ “ဆရာ… ကျွန်မတာဝန် ပြီးသွားပြီနော်…”
ရန်ကိုင်လည်း ခေါင်းညိတ်၍ အောက်သို့ ငုံ့ကြည့်လိုက်လေသည်။ တီယာသည် ရန်ကိုင်နောက်တွင် အရိပ်ပမာ ရပ်နေခဲ့လေ၏။
တိုက်ပွဲသည် အရှိန်အဟုန်ပြင်းပြင်းနှင့် ဆက်သွားနေခဲ့သည်။ ရန်ကိုင်တို့အဖွဲ့သားများသည် နတ်ဆိုးမျိုးနွယ်စုအား အလစ်အငိုက် ချောင်း၍ တိုက်ခိုက်နိုင်ခဲ့သလို နတ်ဆိုးခေါင်းဆောင်ဖြစ်သော လေးထောင့်မျက်နှာနှင့် နတ်ဆိုးဗိုလ်ချုပ်မှူးကိုလည်း တိုက်ပွဲမစခင်ကတည်းက သတ်ပစ်နိုင်ခဲ့သည့်တိုင် နတ်ဆိုးများမှာ သေချာ လေ့ကျင့်ထားကြသူများ ဖြစ်သည့်အတွက်ကြောင့် ရန်ကိုင်အဖွဲ့သားများ၏ အလစ်ချောင်းတိုက်ခိုက်မှုကို သေချာပြန်လည်ခုခံနေခဲ့လေသည်။ တစ်ချိန်တည်းတွင်လည်း ထွက်ပြေးနိုင်မည့် နည်းလမ်းများကို ရှာဖွေနေကြသေး၏။
အော်သံများ စစ်မြေပြင်အနှံ့ ပဲ့တင်ထပ်နေခဲ့သည်။ သွေးစွန်းနေသည့် ခန္ဓာကိုယ်များ မြေပြင်ပေါ်သို့ တစ်ခုပြီးတစ်ခု လဲပြိုကျနေလေသည်။ အပိုင်းပိုင်း အစစ ဖြစ်နေသော ခြေပြတ်လက်ပြတ်များကိုလည်း နေရာအနှံ့တွင် မြင်တွေ့နေခဲ့ရသည်။ နတ်ဆိုးမျိုးနွယ်စုများမှာတော့ အဆုံးအရှုံးကြီးကြီးမားမားနှင့် ရင်ဆိုင်နေခဲ့ရသည့်တိုင် ရန်ကိုင်အဖွဲ့သားများမှာတော့ အကျအဆုံးအနည်းငယ်သာ ကြုံခဲ့ရလေသည်။
သုံးလကြာအောင် အဆက်မပြတ် တိုက်ခိုက်လာပြီးသည့်နောက်တွင် ရန်ကိုင်၏အဖွဲ့သားများမှာ စစ်ဖြစ်နေစဉ်အတောအတွင်း တစ်ဦးနှင့်တစ်ဦး မည်ကဲ့သို့ အတူပူးပေါင်းလုပ်ဆောင်ရမလဲဆိုသည်ကို ကောင်းကောင်းသိလာကြပြီ။ လက်ရှိအချိန်တွင် ရန်ကိုင်တို့အဖွဲ့ကြီးသည် မြေနေရာအနေအထားသာသလို လူအင်အားလည်း သာပါသော်ငြား မည်သူမျှ ရှေ့သို့ မဆင်မခြင် ပြေးဝင်သွားခြင်းမရှိကြ။ အကုန်လုံးသည် နတ်ဆိုးမျိုးနွယ်များအား တတိတိနှင့် ဖိအားပေးရင်း တိုက်ခိုက်နေခဲ့ကြလေသည်။
ရန်ကိုင်သည် တိုက်ပွဲအား လက်ဖက်ရည်တစ်ခွက်စာကြာအောင် အပေါ်စီးမှ ငုံ့ကြည့်နေပြီးသည့်နောက် သူ့အကြည့်ကို ပြန်ရုတ်သိမ်းလိုက်လေသည်။ သူ့အနေဖြင့် ဤတိုက်ပွဲအား ဆက်လက်စိုးရိမ်နေစရာ မလိုတော့ချေ။
ရှင်းရှင်းပြောရလျှင် ရန်ကိုင်သည် ဤတိုက်ပွဲအား အစကတည်းက ဂရုမစိုက်ဟု ပြောလျှင်ပင် ပိုမှန်ပေလိမ့်မည်။ ပေါင်ချီအား လူနှစ်ထောင်ကို ဤနေရာသို့ လွှတ်ပေးရန် ပြောခဲ့သည်။ ထို့နောက်တွင် ရှယအား လေးထောင့်မျက်နှာနှင့် နတ်ဆိုးဗိုလ်ချုပ်မှူးကို သတ်ပစ်ရန် အမိန့်ပေးလိုက်လေ၏။ ကျန်သည့်ကိစ္စများကို သူ့အဖွဲ့သားများက ဆက်လုပ်သွားပေလိမ့်မည်။
ရှယမှာ နတ်ဆိုးဗိုလ်ချုပ်မှူး၏ခေါင်းကို ကိုင်ထားရင်းမှ ပျင်းလာသော် ထိုခေါင်းကို လွှင့်ပစ်လိုက်လေ၏။
တစ်နာရီခန့်ကြာသော် စစ်ပွဲမှာ ပြီးသွားခဲ့လေပြီ။
ရန်ကိုင်မှ အမိန့်ပေးစရာပင်မလိုခဲ့။ အဖွဲ့အသီးသီး၏ ခေါင်းဆောင်များသည် အဆုံးအရှုံးများကို စတင်ရေတွက်ကြပြီး မှော်ဆရာများမှာ ဒဏ်ရာရသူများကို စတင်ကုသပေးကြတော့သည်။
နေ့ဝက်ခန့်ကြာအောင် အနားယူပြီးသည့်နောက် ရန်ကိုင်တို့အဖွဲ့သည် စစ်မြေပြင်မှ ပြန်ထွက်လာကာ မိုင်သုံးဆယ်ခန့်အကွာတွင် ရှိနေသော နေရာတစ်ခုတွင် သွားရောက်စခန်းချလေသည်။
သုံးရက်ကြာပြီးသည့်နောက်တွင် လူနှစ်ထောင်ခန့်ရှိနေသော ပေါင်ချီမှ စီစဉ်ပေးထားသည့် နောက်ထပ်စစ်တပ်တစ်တပ် ဤနေရာသို့ ထပ်မံရောက်ရှိလာပြန်လေသည်။ တိုက်ပွဲမှာ ပထမအကြိမ်က တိုက်ပွဲကဲ့သို့ပင် ရန်ကိုင်တို့အဖွဲ့ကသာ အသာစီးဖြင့် အနိုင်ရခဲ့လေသည်။ ရန်ကိုင်တို့အဖွဲ့သားငါးထောင်၏ အလစ်ချောင်းတိုက်ခိုက်မှုအောက်တွင် ပေါင်ချီမှစေလွှတ်လိုက်သည့် အဖွဲ့သားနှစ်ထောင်ကျော်မှာ လုံးဝခုခံနိုင်ခဲ့ခြင်း မရှိဘဲ တပ်ရပ်းတစ်ခုလုံး အမြစ်ပြတ် ရှင်းလင်းခြင်း ခံလိုက်ရလေသည်။
တိုက်ပွဲတိုင်းတွင် ရန်ကိုင်တို့အဖွဲ့ဘက်၌ အကျအဆုံး အနည်းငယ် ရှိခဲ့ပါသော်ငြား အကျအဆုံးနဲ့စာလျှင် ပြန်ရသည့် လူအရေအတွက်မှာ ပို၍များပေသည်။
အကြောင်းမှာ နတ်ဆိုးမျိုးနွယ်သည် နတ်ဆိုးအသွင်ပြောင်းသွားသော လူရိုင်းများစွာကို တိုက်ပွဲတွင် အသေခံတပ်သားအဖြစ် အသုံးပြုသည့် အတွက်ကြောင့်ပင် ဖြစ်လေသည်။ သုံးလကြာအောင် သုတေသနလုပ်ပြီးသည့်နောက်တွင် အမွှာနှစ်ဦးမှာ နတ်ဆိုးအသွင်ပြောင်းသွားသည့် လူရိုင်းများကို ကောင်းကောင်းကုသနိုင်မည့် နည်းလမ်းအချို့ကို ရှာတွေ့သွားခဲ့သည်။ ထို့အတွက်ကြောင့် အချိန်ကြာလာသည်နှင့်အမျှ နတ်ဆိုးအသွင်ပြောင်းသွားသည့် လူရိုင်းများကို ကယ်တင်နိုင်သည့်အခွင့်အရေးမှာ ပိုပို၍ များပြားလာခဲ့ရကာ အောင်မြင်နိုင်ချေမှာလည်း ပိုမြင့်လာခဲ့လေသည်။
ဤသည်မှာ ရန်ကိုင်တို့အတွက်တော့ သတင်းကောင်းတစ်ခုပင် ဖြစ်လေသည်။
သုံးရက်ကြာအောင် အနားယူပြီးသည့်နောက်တွင် ရန်ကိုင်သည် သူ့စစ်တပ်ကို ဦးဆောင်၍ နတ်ဆိုးမြို့တော်ဆီသို့ အုံလိုက်ကျင်းလိုက် ချီတက်စေလေသည်။
မူလက ပေါင်ချီ၏လက်အောက်တွင် နတ်ဆိုးစစ်သည်ခုနှစ်ထောင် ရှိခဲ့သည်။ ယခု တောင်ကြားတိုက်ပွဲတွင် လေးထောင်ကို ဆုံးရှုံးလိုက်ရသည့်အတွက်ကြောင့် သုံးထောင်သာ ကျန်ရစ်တော့သည်။ ထိုသုံးထောင်ဟူသောပမာဏမှာ ရန်ကိုင်တို့အတွက်တော့ စိတ်ပူစရာမဟုတ်ပေ။
ရန်ကိုင်တို့အဖွဲ့ နတ်ဆိုးမြို့တော်ဆီသို့ ရောက်လာသော် နတ်ဆိုးမြို့တော်တစ်ခုလုံး အုတ်အုတ်ကျက်ကျက် ဖြစ်သွားခဲ့လေသည်။ ပြင်ပမျိုးနွယ်စုသည် သူတို့၏ နတ်ဆိုးမြို့တော်ကိုပင် လာရောက်တိုက်ခိုက်ရဲကြလိမ့်မည်ဟု လုံးဝ မထင်ထားသည့်ပုံပင်။ ပြင်ပမျိုးနွယ်စုတွင် လူအင်အား ပိုသာပါသော်ငြား နတ်ဆိုးများကတော့ အရေးမစိုက်ပေ။
သူတို့တွင် နတ်ဆိုးဘုရင် ရှိနေလေသည်။ ထို့အတွက်ကြောင့် နတ်ဆိုးပေါင်းများစွာသည် မြို့နံရံထက်တွင် ရပ်ရင်းမှ ရန်ကိုင်တို့အဖွဲ့အား လှောင်ပြောင်ပျက်ရယ်ပြုနေကြလေသည်။ ပေါင်ချီသာ လှုပ်ရှားမည်ဆိုပါက ထိုလူငါးထောင်လည်း သူတို့အား ဘာမှလုပ်နိုင်လိမ့်မည်မဟုတ်ဟု နတ်ဆိုးများ ယုံကြည်နေကြသည့်ပုံပင်။
သို့သော်ငြား နောက်ဖြစ်သွားသည့်ကိစ္စမှာ နတ်ဆိုးအားလုံးကို ပါးစပ်အဟောင်းသား ဖြစ်သွားစေခဲ့လေ၏။
ပေါင်ချီမှာ နတ်ဆိုးများ မျှော်လင့်နေသည့်အတိုင်း ပေါ်လာခဲ့လေသည်။ သို့သော်ငြား ရန်သူများကို တိုက်ခိုက်သတ်ဖြတ်ခဲ့ခြင်းမဟုတ်ဘဲ မြို့တံခါးကိုပင် ဖွင့်ပေးကာ ရန်သူများအား မြို့ထဲသို့ အလွယ်တကူ ဝင်စေခဲ့သည်။ ထိုအဖြစ်အပျက်ကြောင့် နတ်ဆိုးများအားလုံးမှာ ထွက်သက်ကို ရှူရှိုက်သွားရသည့်တိုင် ဘာတွေဖြစ်လို့ ဖြစ်နေမှန်းကို နားမလည်နိုင်အောင် ဖြစ်သွားခဲ့ရသည်။
မြို့တံခါးရှေ့ပေါက်တွင် သူတို့ အလွန်ကိုမှ လေးစားခဲ့ရသည့် ပေါင်ချီသည် လက်ရှိအချိန်တွင် နတ်ဆိုးချီတို့ လွှမ်းခြုံနေသော လူငယ်လေးတစ်ဦးအား ခေါင်းငုံ့၍ စကားပြောနေလေသည်။
လူတော်တော်များများမှာ ထိုလူငယ်လေးအား မှတ်မိကြပေသည်။ ထိုလူငယ်လေးသည် လွန်ခဲ့သော ရက်အနည်းငယ်ခန့်က နတ်ဆိုးဘုရင်ရှယနှင့်အတူ ရောက်လာခဲ့သည့် လူငယ်လေးသာ ဖြစ်ပေသည်။ ထိုစဉ်က သူတို့ထင်ခဲ့သည်မှာတော့ ထိုလူငယ်လေးသည် ရှယ၏အစေခံ ဖြစ်သည်ဟူ၍ပင်။
သို့သော်ငြား လက်ရှိအခြေအနေကို ကြည့်ရသလောက် ထိုသို့မဟုတ်သည့်ပုံပင်။ ရှယသည်ပင်လျှင် ထိုလူငယ်လေး၏ နောက်တွင် ရိုရိုကျိုးကျိုးဖြင့် ရပ်နေခဲ့လေသည်။
သွေးသံတရဲရဲတိုက်ပွဲတွင် ပေါင်ချီမှ သူတို့အား အစမှအဆုံး အနည်းငယ်မျှပင် မကူညီခဲ့သည့်အပေါ် နတ်ဆိုးမျိုးနွယ်စုမှာ အံ့အားသင့်ခဲ့ကြရသည်။
တစ်နာရီခန့်အတွင်း မြို့ထဲတွင်ရှိနေသည့် နတ်ဆိုးအားလုံး ရှင်းပစ်ခံလိုက်ရလေသည်။ ထွက်ပြေးရာတွင် ကျွမ်းကျင်ကြသော သဲနတ်ဆိုးများသည်ပင်လျှင် လွတ်မြောက်နိုင်ခဲ့ခြင်းမရှိ။ အလောင်းများမှာတော့ မြို့တစ်ခုလုံးအနှံ့ တောင်နှယ်ပုံထပ်နေခဲ့လေသည်။
စစ်ပွဲပြီးသွားသည့်နောက် ရန်ကိုင်အဖွဲ့သားများမှာ စစ်မြေပြင်ကို ရှင်းလင်းနေချိန် ရန်ကိုင်နှင့်ပေါင်ချီမှာတော့ မြို့အလယ်ရှိ နန်းတော်ဆီသို့ သွားလေ၏။
“နောက် ဘာဆက်လုပ်မလဲဆိုတာကို ရှယ ခင်ဗျားကို ပြောလိမ့်မယ်… အခုလောလောဆယ် ကျုပ် သွားကျင့်ကြံလိုက်ဦးမယ်… အရေးကြီးတဲ့ကိစ္စ မရှိဘဲနဲ့ ကျုပ်ကို လာမနှောင့်ယှက်နဲ့…” ထိုသို့ညွှန်ကြားပြီးသည့်နောက် ရန်ကိုင်သည် အခန်းတစ်ခုရွေးကာ အခန်းတွင်း စအောင်းတော့လေ၏။
ရှယနှင့် ပေါင်ချီတို့သည်သာ မျက်နှာကြီးမဲ့လျက် ကျန်ရစ်ခဲ့ရလေသည်။
ရှယက ပြုံးလျက် ပြောလိုက်လေ၏။ “ကြည့်ရတာ နောက်နောင် ငါတို့နှစ်ယောက် အတူတူ အလုပ်လုပ်ရတော့မယ်နဲ့တူတယ်…”
ပေါင်ချီ၏မျက်နှာ သုန်မှုန်သွားခဲ့သည်။ ရှယမှာ ပျော်နေပါသော်ငြား သူကတော့ ပျော်မနေခဲ့ပေ။ အကြောင်းမှာ သူသည် ရှယ၏ အမိန့်များကို နာခံရတော့မည် ဖြစ်သည့်အတွက်ကြောင့်ပင်။ သို့သော်ငြား ရန်ကိုင်၏အမိန့်ကို မလွန်ဆန်ရဲသည့်အတွက်ကြောင့် သူ့စိတ်ထဲ အလွန်ကိုမှ မကျေမနပ်ဖြစ်နေသည့်တိုင် ရှယပြောသည့်အတိုင်း လုပ်ရုံသာ တတ်နိုင်ခဲ့လေသည်။